08/06/2023
ဖျားနာနေတဲ့ မိသားစုဝင် ကို ဘယ်လို ဂရုစိုက်ပေးမလဲ
လူတစ်ယောက်ဖျားနာရတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ကူးစက်ခံရလို့ပါ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အအေးမိတာ၊ တုပ်ကွေးမိတာကြောင့် ဖျားနာတာ အများဆုံးပါပဲ။ ခုလို ရာသီအကူးအပြောင်းကာလဆိုရင် ပိုပြီးတော့ ဖျားနာတတ်ပါတယ်။ ဒီလိုကူးစက်ရောဂါတွေကြောင့် အိမ်မှာ ဖျားနာနေတဲ့ မိသားစုဝင် တစ်ယောက်ရှိပြီဆိုရင် နောက်တစ်ယောက်ကို အလွယ်လေး ကူးစက်သွားနိုင်ပါတယ်။
ဒါကြောင့် ဖျားတဲ့သူတစ်ယောက်ယောက် ရှိပြီဆိုရင် သေချာဂရုစိုက်ပေးရပါမယ်။ သူလည်း မြန်မြန်သက်သာစေသလို သူများကို ကူးနိုင်ခြေလည်း နည်းသွားတာကြောင့်ပါ။
ဖျားနာနေတဲ့ မိသားစုဝင် ခံစားရတဲ့ လက္ခဏာတွေ သက်သာစေဖို့
အအေးမိ တုပ်ကွေးကြောင့် ဖျားနာတယ်ဆိုရင် ဖျားတာအပြင် နှာစေးနှာပိတ်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့လက္ခဏာအလိုက် ဒီလိုမျိုး ကုသပေးလို့ရပါတယ်။ ခုပြောမယ့် ဆေးတွေက ဆရာဝန်ဆေးစာမလိုတာကြောင့် အိမ်မှာတင် အနားယူပြီးကိုယ်တိုင်ကုသလို့ ရတဲ့နည်းတွေပဲ ဖြစ်ပါတယ်။
• ဖျားတဲ့အခါ − အဖျားသိပ်မကြီးရင် တစ်ကိုယ်လုံးကို ရေပတ်ဝတ်တိုက်တာ၊ ရေကျက်သီးနွေးနဲ့ ရေချိုးတာတွေ လုပ်နိုင်ပါတယ်။ အဖျားကြီးလာရင်၊ ဖျားလို့ နေလို့ထိုင်လို့ မကောင်းရင် ပါရာစီတမောသောက်နိုင်ပါတယ်။ ဆေးပတ်လည်အောင် သောက်ပေးပါ။
• ချောင်းဆိုးတဲ့အခါ − ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ ချွဲထရင် ချွဲပျော်ဆေးသောက်ပေးပါ။
• လည်ချောင်းနာတဲ့အခါ − ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။ အရည်အေးအေးလေးတွေ သောက်ပေးပါ။ နာကျင်တာ သက်သာအောင် ပါရာစီတမောလည်း သောက်ပေးနိုင်ပါတယ်။
• ခေါင်းကိုက်တာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေအတွက် − ရေနွေးနွေးနဲ့ ရေချိုးပါ။ ပါရာစီတမောသောက်ပေးပါ။
• နှာရည်ယို၊ နှာစေးတာတွေအတွက် − Chlorphenamine Maleate ပါတာတွေ သောက်ပေးနိုင်ပါတယ်။
• နှာပိတ်တာအတွက် − Phenylephrine ပါတာ သောက်ပေးနိုင်ပါတယ်။
ဖျားနာနေတဲ့ မိသားစုဝင်မှာ ဒီလက္ခဏာတွေ ပေါ်လာရင် အမြန်ဆုံးသက်သာစေဖို့ ဆေးရုံ/ဆေးခန်းပြသပေးရန်လိုအပ်ပါတယ်...
ဆေးခန်းပြရန်လိုအပ်ပါက မင်မင်တို့ Aung Clinic_အောင်ဆေးခန်းကို လာရောက်ပြသနိုင်ပါတယ်ရှင်...
လိပ်စာ ။ ။ အမှတ်(၂၄၉၂), လှော်ကား-ဝါးတစ်ရာလမ်းမကြီး, ထ/၁၆ ရပ်ကွက်, လှော်ကားအောက်ဂိတ်အနီး, ရွှေပြည်သာမြို့။
ဖုန်း ။ ။ ၀၉ ၄၂၀ ၃၁၀ ၃၅၈
၀၉ ၉၇၅ ၃၆၅ ၇၁၆
မင်မင်တို့ Aung Clinic_အောင်ဆေးခန်း pageကလည်း အခုလို ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတရစေမယ့် အကြောင်းအရာလေးများကိုလည်း အပတ်စဥ်တင်ပေး သွားမှာဖြစ်လို့ မိမိမိတ်ဆွေ သူငယ်ချင်းများကိုလည်း ပြန်လည် မျှဝေပေးရင်း page လေးကိုလည်း ဝန်းရံပေးကြပါအုန်းနော်
credit to https://hellosayarwon.com