20/08/2021
Stay at Homeကာလမှာ လေဖြန်း၊လေဖြတ်ဝေဒနာများကို ကုသဖို့ ဆေးရုံဆေးခန်းသို့ သွားရန် အခက်အခဲဖြစ်နေပါသလား???
ဒါဆိုရင်တော့ မပူပါနဲ့တော့ ✨
Hope Physio Care သည် သင်နှင့် သင့်မိသားစု၏ လေဖြန်း၊လေဖြတ်ခြင်း အပါအဝင် အရိုးအကြောအဆစ်နှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အိမ်တိုင်ရာရောက် လာရောက်ကုသပေးလျက်ရှိပါသည် ❣️
လေဖြန်း၊ လေဖြတ်ခြင်းဆိုတာ ဘာလဲ? 🤔
ကိုယ်ခန္ဓာအတွင်းရှိ ဇီဝကမ္မဖြစ်ပျက်မှုများအား အထောက်အပံ့ပေးသော အောက်စီဂျင်ကို ဦးနှောက်ဆီသို့ သယ်ယူပို့ဆောင်ပေးသော သွေးကြောမျှင်လေးများ ရုတ်တရက်ပေါက်ထွက်သွား၍၎င်း (သို့) ဦးနှောက်သွေးကြောကျဉ်း၍ ဦးနှောက်ဆီသို့ လုံလောက်သော အောက်စီဂျင်ပမာဏ မရရှိတော့ပဲ ဦးနှောက်တစ်သျှူးများ ပုပ်သွား၍၎င်း လေဖြန်း၊ လေဖြတ်ရောဂါ ခံစားရနိုင်ပါသည်။
လေဖြန်းခြင်းဆိုသည်မှာ လေဖြတ်ခြင်း၏ ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်သောကြောင့် မပေါ့ဆသင့်ပါ။
တစ်ကြိမ်လေဖြန်းထားသူသည် အချိန်မရွေး လေဖြတ်ရောဂါဖြစ်နိုင်ချေ အလွန်များပါသည်။
ထို့ကြောင့် အထူးဂရုစိုက်၍ ကုသသင့်ပါသည်။
လေဖြန်း/လေဖြတ်ခြင်းကို ဘယ်လိုလူတွေမှာ ဖြစ်နိုင်ခြေရှိသလဲ? 🤔
- သွေးတိုးရောဂါရှိသူများ
- ဆီးချိုရောဂါရှိသူများ
- နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
- နှလုံးခုန်နှုန်းမမှန်သူများ
- သွေးတွင်းအဆီဓာတ်များနေသူများ
- အဝလွန်သူများ
- သွေးပျစ်ရောဂါရှိသူများ
- ဆေးလိပ် (သို့) အရက် အလွန်အကျွံသောက်သူများ
- ကွမ်း အလွန်အကျွံစားသူများ
- အိပ်ပျော်နေစဉ် အသက်ရှု ခေတ္တရပ်သွားတတ်သူများ
- လေဖြန်း/လေဖြတ်မျိုးရိုး ရှိသူများ
လေဖြန်း/လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်၍
ရနိုင်ပါသလား? 👩🦼
🌈 အောက်ပါနည်းလမ်းများဖြင့် ကြိုတင်ကာကွယ်၍ ရနိုင်ပါသည်။
- ကျန်းမာရေးနှင့်ညီညွှတ်သော အစာအာဟာရများ နေ့စဉ်စားသုံးပေးခြင်း
- ကိုယ်အလေးချိန်ပုံမှန်ထိန်းခြင်း
- နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်း
- စိတ်ဖိစီးမှုများ လျော့ချခြင်း
- တရားထိုင်ခြင်း
- သန့်ရှင်းသော ပတ်ဝန်းကျင်တွင်နေထိုင်ခြင်း
- အသက်ရှုလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
- သွေးပေါင်ချိန် ပုံမှန်ရှိရန် ထိန်းခြင်း
- သွေးတိုး၊ ဆီးချို ရောဂါများရှိပါက စနစ်တကျ ကုသမှု ခံယူခြင်း
- ကွမ်း၊ ဆေးလိပ် နှင့် အရက်ဘီယာ သောက်စားခြင်းများ လျော့ချခြင်းဖြင့် လေဖြန်း/လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါသည်။
လေဖြန်း/လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေက
ဘာတွေလဲ? 👨⚕️
- ခန္ဓာကိုယ်တစ်ခြမ်း (သို့) ခါးအောက်ပိုင်းရှိ ကြွက်သားများ အားနည်းလာခြင်း ၊ ထုံခြင်း လေးခြင်း များ ဖြစ်လာခြင်း
- မျက်နှာကြွက်သားများအားနည်းလာပြီး မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း
- လျှာလေးလံ၍ စကားကောင်းစွာ ပီပီသသ မပြောနိုင်တော့ခြင်း
- ခြေလက်များ ကောင်းစွာ မလှုပ်ရှားနိုင်တော့ခြင်း
- အမြင်အာရုံဝေဝါးကာ မူးဝေလာခြင်း
- ခန္ဓာကိုယ် ဟန်ချက်ပျက်၍ ကောင်းစွာ မတ်တပ်မရပ်နိုင်၊ လမ်းမလျှောက်နိုင်တော့ခြင်း စသည့် ရောဂါလက္ခဏာများ စတင်ခံစားရလာနိုင်ပါသည်။
အထက်ဖော်ပြပါ လေဖြန်း၊ လေဖြတ်ရောဂါလက္ခဏာများ စတင်ခံစားနေရပြီ ဆိုလျှင် Hope physio care မှ ကျွမ်းကျင်သော အရိုးအကြောအဆစ်ပညာရှင်( Physiotherapist) များမှ
Electrotherapy & Exercise therapy ကုထုံးများဖြင့်
ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် လာရောက်ကုသပေးနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ❣️
Home Service Package အတွက် ဆက်သွယ်လိုပါက
📞📞09976187727
📞📞09977101471
viber (or) messenger ကနေလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်
❤❤❤နယ်သမားတွေအတွက်လည်း online အစီအစဥ်ရှိပါတယ်❤❤❤