28/11/2025
✨ဝိတ်ကျစေသောဆေးများ (သို့) နောက်ဆုံပေါ်ဆီးချိုဆေးများ (သို့) ခေတ်ပေါ် အသည်းအဆီဖုံးကုသဆေးများ✨
🎉2023 ခုနှစ်လောက်ကစလို့ Semaglutide ဆိုတဲ့ ဆေးတစ်မျိုး ခေတ်စားလာတယ်။ သူက သောက်ဆေး (Rybelsus 3mg,7mg,14mg နေ့စဉ်သောက်) နဲ့ ထိုးဆေး (Wegovy, Ozympic တပတ်တကြိမ်ထိုး)ဆိုပီးရှိတယ်။ဒီဆေးက ဘယ်လိုအလုပ်လုပ်လဲဆိုတော့ GLP-1 agonist, အူလမ်းကြောင်းထဲမှာ GLP-1 ဆိုတဲ့ ဓါတ်တစ်ခုကို များလာစေပီး အစာစားချင်စိတ်လျှော့ချပေးတာ၊ အစာချေစနစ်နှေးကွေးစေတာ၊ Insulin အင်ဆူလင်ရဲ့ ဟော်မုန်းလုပ်ဆောင်မှုပိုကောင်းစေပါတယ်။ဒါ့အပြင် သွေးတွင်းအဆီဓါတ်လျှော့ချပေးနိုင်တာရယ်၊ အဆီတွေကို ဖြိုခွဲ ပစ်နိုင်တဲ့ အာနိသင်တွေရှိနေသေးပါတယ်။ ဒါကြောင့်ပဲ ဆီးချိုကုသမှုရဲ့ နောက်ဆုံးပေါ် Guidelines တွေမှာ အဓိကထောက်တိုင်တစ်ခုအနေနဲ့ပါဝင်လာပါတယ်။ ဆီးချိုလူနာတွေမှာ Semaglutide ပေးရင် ဆီးချိုထိန်းတာပိုကောင်လာခြင်း၊ ကျောက်ကပ်နဲ့ နှလုံးကို ကာကွယ်မှုပေးနိုင်ခြင်းတွေ အပြင် ဝိတ်ကျခြင်းဆိုတာတွေကိုပါ အပိုရရှိစေနိုင်ပါတယ်။Semaglutide ကို ဝိတ်ကျတဲ့ဆေး အနေနဲ့လည်း ဆီးချိုမရှိတဲ့ သူတွေမှာလည်း သုံးနိုင်တဲ့ Evidence တွေအများကြီးရှိလာပါတယ်။ Semaglutide သုံးတဲ့ သူတေမှာ ၃ လလောက်ကြာရင် Total Body Weight ရဲ့ 10% လောက် လျော့ချပေးနိုင်တာကိုတွေ့ရပါတယ်။ အစားအသောက်အနေအထိုင်လွဲမှားမှုကြောင့် ဖြစ်သောအသည်းအဆီဖုံးရောဂါ MASLD အရင်အခေါ် NAFLD မှာလည်း အဓိကထားသုံးဖို့ Guidelines တွေထဲပါနေပီဖြစ်ပါတယ်။ Personal အတွေ့အကြုံ အရေတော့ စျေးကြီးနေတာ တစ်ခုကလွဲရင် အရမ်းကောင်းတယ်လို့ Recommend လုပ်ပါတယ်။ ကိုယ့်လူနာတွေ ကိုလမ်းကြုံမှာရင်း တတ်နိုင်တဲ့ လူနာလေးတွေကို သေချာလေး ရှင်းပြပီး သုံးခဲ့တာ ၁ နှစ်လောက်ရှိခဲ့ပီ။ ခုတော့ Myanmar မှာလည်း သောက်ဆေးတစ်မျိုးစဝင်နေပီဆိုတော့ ရေရှည်မှာ ကျွန်တော်တို့ လူနာတွေ ပိုပီးအဆင်ပြေတော့မှာပါ။ Side effects ကင်းတဲ့ ဆေးဆိုတာမရှိပါ။ ဆရာဝန်နဲ့သေချာတိုင်ပင်ပီးမှ ထိုးသင့်ပါတယ်။ Medullary Thyroid Carcinoma နဲ့ Pancreatitis ရဖူးတဲ့သူတွေမှာတော့ လုံးဝမသုံးရပါဘူး။ DPP4 inhibitors တွေ (-glyptins) တွေနဲ့ တွဲမသုံးရပါဘူး။ Lean muscle ကြွက်သားတွေပါ လျော့သွားနိုင်လို့ ဆရာဝန်နဲ့သေချာတိုင်ပင်ပီးမှ သုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ Plan ရှိရင် ၂ လလောက်ကြိုပီးရပ်ရပါတယ်။ အခြား mild side effects တွေလည်းရှိနေသေးလို့ Risk Benefits ချိန်ပီးမှ သေချာသုံးသင့်ပါတယ်။
✨နောက်တမျိုးကတော့ Tirzepaptide ပါ။ သူကတော့ Injection ထိုးဆေး ပုံစံတစ်မျိုးပဲရှိပါတယ်။ 2.5mg, 5mg, 7.5mg, 10 mg, 15 mg ဆိုပီး ပြင်းအားတွေရှိတယ်ပေါ့နော်။ တပတ်တစ်ကြိမ်ပဲထိုးရပီး ဝိတ်ကျစေတဲ့နေရာမှာ လက်ရှိတော့ဘဘုရင်တစ်ဆူပေါ့။ Mounjaro ဆိုတဲ့ Original Brand ရှိပါတယ်။ Tirze ကတော့ GLP 1 action အပြင် GIP action ပါပိုပီးပါဝင်တာကြောင့် Sema ထက်ပိုပီး Weight Mx မှာ ပိုပီးထိရောက်ပါတယ်။ SURMOUNT ဆိုတဲ့ သုတေတနစာတမ်းမှာ Tieze ကို 36 ပတ်ကနေ 72 ပတ်လောက်ပေးကြည့်တဲ့ အခါ weight က total weight ရဲ့ 23% လောက်ထိကျလာတာတွေ့ရပါတယ်။ Personal ကတော့ Tirze ကိုပိုသဘောကျပါတယ်။ ကျွန်တော့်လူနာတွေ 8 weeks to 12 weeks လောက်ထိုးပီးတဲ့ အခါ 10 to 13% လောက်ထိ ဝိတ်ကျလာတာတွေ့ရပါတယ်။ But , life style modification နဲ့ Diet လည်းတွဲတာပေါ့နော်။
6 လလောက် consistent ဖြစ်ဖြစ်သုံးတဲ့သူမှာတော့ ဒီထက်ပိုကောင်းတဲ့ Result ကိုတွေ့ရပါတယ်။ သူကတော့ Game Changer in Obesity Management ပေါ့။
✨နောက်တစ်မျိုးကတော့ Ritatrutide, third generation
GLP1, GIP နဲ့ အတူ Glucagon action ပါတဲ့ အတွက် လွယ်လွယ်ပြောရင် ပိုကောင်းပါတယ်။ သုံးဖူးတဲ့ Experience တော့မရှိပါဘူး။ စျေးကတော့ ပိုကြီးမှာပေါ့နော်။
✨Obesity Management ရဲ့ Pipeline က စိတ်ဝင်စားဖို့ကောင်းပါတယ်။
🎉Sema ကို PYY (peptide YY)နဲ့ ပေါင်းပီး ထုတ်လာမယ့်ပုံစံ| စားချင်စိတ်တွေ ပိုလျော့ပီး ဗိုက်မဆာအောင်ပိုလုပ်မယ့် ပုံစံ
🎉Bimagrumab ဆိုတဲ့ human monoclonal antibodie ဆေး
ကျန်တဲ့ Cancer တို့ Auto- immune ရောဂါတွေမှာလို ထိရောက်တဲ့ MCA ပုံစံ ဝိတ်ကျဆေး။ တလ မှ တစ်ခါ Infusion ပုံစံနဲ့ ဖြစ်ပီး only target for fat loss နော်။ muscle mass ကို ပိုပီးတိုးစေပီး အဆီသီးသန့်ကျတာဆိုတော့ အနာဂတ်မှာပိုကောင်းတော့မှာပေါ့။
ဆေးတွေကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပီးမှ သုံးစွဲကြပါလို့ အကြံပေးရင်း…..
Dr.Kyaw Kyaw Oo