02/07/2023
အခုအချိန်မှာတော့ ရာသီစက်ဝန်းကလည်း မိုးဥတုထဲဝင်ရောက်လာပြီမို့ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ မိုးရာသီအတွင်း အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေကို Care by GA ကနေ ပြောပြပေးချင်ပါတယ်ရှင့်။
မိုးရာသီအတွင်းဖြစ်ပွားလေ့ရှိပြီး အထူးသတိထား ကာကွယ်ဖို့လိုအပ်တဲ့ ရောဂါတွေကတော့ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပါတယ်။ ဒီရောဂါတွေကို သတိထား ကာကွယ်တာ၊ ဂရုတစိုက် ကုသတာမျိုးမလုပ်ဘူးဆိုရင် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူးနော်။
ဒီနေ့မှာတော့ ကျွန်မတို့ကနေ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
❗သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါကတော့ ရောဂါပိုးသယ်ဆောင်ထားတဲ့ အေးဒီး(စ်) (Aedes) ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားပါတယ်ရှင့်။ မိုးရာသီတွင် အဖြစ်များပြီး ကလေးငယ်ရှိသောမိခင်များအတွက် စိတ်ပူပန်ရသော ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်နော်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်လျှင် မပြင်းထန်သောအဆင့်မှသည် အသက်အန္တရာယ် စိုးရိမ်ရသော အဆင့်အထိ ဖြစ်ပွားနိုင်ပါတယ်ရှင့်။
အများစုမှာတော့ မပြင်းထန်သောလက္ခဏာများကိုသာ ခံစားရလေ့ရှိပါတယ်။ကလေးများမှာတော့ သာမာန်အအေးမိခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းများဖြစ်ပွားတတ်ပြီး ပြင်းထန်သည့်ရောဂါများဖြစ်ပွားဖို့ ပိုပြီးအလားအလာရှိပါတယ်။ သွေးလွန်တုပ်ကွေးရောဂါသည် ခန္ဓာကိုယ်အတွင်းရှိ သွေးမွှား(platelet) အရေအတွက်ကို ကျဆင်းစေတတ်သောကြောင့်
ဝမ်းမဲမဲသွားခြင်း၊ ကော်ဖီအနှစ်ရောင်ကဲ့သို့ ညိုညို အန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းနဲ့ အရေပြားတွင် အနီစက်များထွက်ခြင်း ကဲ့သို့သော လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံးသွားရောက်သင့်ပါတယ်နော်။
ရောဂါလက္ခဏာမပြင်းထန်သောသူများမှာတော့
ကောင်းကောင်းအနားယူစေခြင်း၊ အရည်များများသောက်သုံးစေခြင်း၊ (အညိုရောင်အစားအစာမှလွဲ၍) အာဟာရပြည့်ဝအောင် ကျွေးခြင်းနဲ့ ဓာတ်ဆားတိုက်ကျွေးခြင်းများ ပြုလုပ်ပြီး ပုံမှန်ရာသီတုပ်ကွေးကဲ့သို့ ကုသနိုင်ပါတယ်ရှင့်။
သွေးလွန်တုပ်ကွေးဟာလည်း ခြင်ကတဆင့်ဖြစ်တာကြောင့် ကာကွယ်ဖို့အတွက် ခြင်တွေမပေါက်ဖွားအောင် ဆောင်ရွက်တာ၊ ခြင်ထောင်နဲ့ အိပ်စက်တာနဲ့ ခြင်ကိုက်မခံရအောင် ဂရုစိုက်တာတို့ လုပ်ဆောင်ပေးရပါမယ်ရှင့်။
ကဲ... အပေါ်မှာ ပြောပြသွားတဲ့ မိုးရာသီမှာဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိပြီးကြပြီဆိုတော့ တတ်နိုင်သမျှ ကာကွယ်ဖို့ကိုလည်း ဂရုစိုက်လုပ်ဆောင်ကြရပါမယ်နော်။ 🙋🏻♀️
အခုအချိန်ကလည်း မိုးတွင်းကာလမို့ အားလုံးပဲ သတိထားလို့ရအောင် ဒီpost လေးကို share ပေးကြပါဦးနော်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မကြာခဏ တင်ပေးသွားမှာဖြစ်လို့ Care by GA page လေးကို Like and Follow လုပ်ထားပေးဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။
မိဘပြည်သူများအားလုံး ဘေးဘယာ ကင်းကွာလို့ ကျန်းမာချမ်းသာကြပါစေကြောင်း ကျွန်မတို့ Care by GA ကနေ အစဉ်အမြဲ ဆုမွန်ကောင်းတောင်းလျက်ပါရှင့်။