Kan Yeik Thar Wellness Center

Kan Yeik Thar Wellness Center One Stop Service with
Specialist & GP OPD
Wellness & Health Screening Centre
Endoscopy Centre
Imaging

ဒီနေ့တော့ 𝐆𝐄𝐑𝐃 ဆိုတဲ့ရောဂါနဲ့ပတ်သက်ပြီး လူတွေ အမေးများတဲ့မေးခွန်းလေးတွေနဲ့ မှတ်သားသင့်တဲ့အချက်အလက်လေးတွေကို ပြောပြပေးပါ့...
17/01/2025

ဒီနေ့တော့ 𝐆𝐄𝐑𝐃 ဆိုတဲ့ရောဂါနဲ့ပတ်သက်ပြီး လူတွေ အမေးများတဲ့မေးခွန်းလေးတွေနဲ့ မှတ်သားသင့်တဲ့အချက်အလက်လေးတွေကို ပြောပြပေးပါ့မယ်။

𝐐 - 𝐆𝐄𝐑𝐃 ဆိုတာ ဘာရောဂါလဲ? ဘယ်လိုလက္ခဏာတွေပြလေ့ရှိလဲ ?

> 𝐆𝐄𝐑𝐃 (𝐠𝐚𝐬𝐭𝐫𝐨𝐞𝐬𝐨𝐩𝐡𝐚𝐠𝐞𝐚𝐥 𝐑𝐞𝐟𝐥𝐮𝐱 𝐝𝐢𝐬𝐞𝐚𝐬𝐞) ကို မြန်မာလို အစာအိမ်ချဥ်ပြန်ရောဂါလို့ခေါ်ပါတယ်။

📢အစာအိမ်ကနေ အစာများ၊ အစာခြေရည် အက်စစ်များက အစာရေမျိုပြွန် အထက်ကို ပြန်လျှံတက်လာတဲ့ရောဂါဖြစ်ပါတယ်။

📢အစာအိမ်အဝမှာ ထိန်းချုပ်ပေးထားတဲ့ ကြွက်သားကွင်းလေး (ရှုံ့ကြွက်သား) အားလျော့ပြီးမလုံရင်ဖြစ်နိုင်ပါတယ်။

𝐐 - ဘယ်လိုလက္ခဏာတွေခံစားရမလဲ?

> ရင်ပူခြင်း၊ လည်းချောင်တလျှောက်ထိ ပူခြင်း၊ ရင်ဘက်အောင့်ခြင်း၊ အစာ သို့မဟုတ် အစာခြေရည် အက်စစ်များပြန်တက်ခြင်း၊ လေချဥ်မကြာခဏတက်ခြင်း၊ လည်ပင်းထဲ တစ်ဆို့ဆို့ဖြစ်သလိုခံစားရခြင်း ၊ နာတာရှည်ချောင်းဆိုးခြင်း စတဲ့ လက္ခဏာများ ခံစားရနိုင်ပါတယ်။

📢အထက်ပါလက္ခဏာတွေက အစာစားပြီးချိန်မှာပိုပြီး သိသာထင်ရှားလေ့ရှိပါတယ်။ လက္ခဏာတွေက ခေတ္တ ခဏ ပေါ်ပေါက်ခြင်းမဟုတ်ဘဲ နာတာရှည်ခံစားနေရတာမျိုးဆို 𝐆𝐄𝐑𝐃 လို့မှတ်ယူနိုင်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က ရောဂါ လက္ခဏာတွေက တခြားသော ရောဂါများနဲ့ ထင်ယောင်ထင်မှားဖြစ်လွယ်သဖြင့် မိမိဘာသာ အလွယ်တကူကောက်ချက်မချပဲ သင့်တော့တဲ့ ဆရာဝန်များနဲ့တိုင်ပင်သင့်ပါတယ်။ ဒါမှသာ တခြားအရေးကြီးတဲ့ နှလုံးရောဂါ သို့မဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါများကိုပယ်ပြီးသားဖြစ်မှာဖြစ်ပါတယ်။

𝐐 - ဒီရောဂါက အဖြစ်များလား ? ဘယ်လိုလူတွေမှာဖြစ်တတ်လဲ?

> အနောက်နိုင်ငံတွေမှာဆို လူ𝟏𝟎 ယောက်မှာ 𝟑ယောက် ဖြစ်တတ်ပြီးတော့ အာဖရိကနဲ့အာရှလူမျိုးတွေမှာဆို 𝟏𝟎 ယောက်မှာ 𝟏ယောက်ဖြစ်လေ့ရှိကြောင်း မှတ်တမ်းများအရသိရှိရပါတယ်။

📢ရောဂါဖြစ်နိုင်ခြေများတဲ့သူများ

⁃ အဝလွန်သူများ
⁃ ကိုယ်ဝန်ဆောင်သည်များ
⁃ အရက်၊ဆေးလိပ်သောက်သုံးသူများ
⁃ စိတ်ဖိစီးမှုများသူများ
⁃ ဝမ်းဗိုက်နေရာ အဝတ်အစားတင်းကြပ်စွာဝတ်တတ်သူများ
⁃ အစာရည်မျို နှင့်အစာအိမ်ကြား ထိန်းချုပ်ထားသော ကြွက်သားအားနည်းသူများ
⁃ 𝐇𝐢𝐚𝐭𝐮𝐬 𝐡𝐞𝐫𝐧𝐢𝐚 - ရင်ခေါင်းကြွက်သားအပေါက်က အစာအိမ်ရဲ့ အစိတ်အပိုင်းအညှစ်ခံထားရတဲ့ ရောဂါရှိသူတွေဖြစ်ပါတယ်။

𝐐 - ဒီရောဂါက စိုးရိမ်ရလား ? ရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေရှိမလဲ?

> ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကတော့ ပြန်တက်လာတဲ့ အက်စစ်ကြောင့် အစာရည်မျို ရောင်ရမ်းခြင်း၊ အစာရည်မျိုမှာ အမာရွတ်တက်ခြင်း၊ အစာရည်မျို ကင်ဆာအဖြစ်ပြောင်းလဲခြင်း များဖြစ်နိုင်ပါတယ်။ ကင်ဆာပြောင်းနိုင်တဲ့ ရာခိုင်နှုန်းကတော့ 𝟏𝟎 % ခန့်ရှိပါတယ်။ ဒီတော့ မကုသပဲလုံးဝလစ်လျှူရှူထားလို့တော့မရပါ။ ဒါပေမယ့် ဖြစ်နိုင်ချေရာခိုင်နှုန်းနည်းတဲ့အတွက် စိုးရိမ်ပူပန်မှုများဖြစ်မနေပဲ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးသောက်ခြင်း၊ အစားအသောက်အနေအထိုင်ဆောင်ရန်ရှောင်ရန်များကို သေချာလိုက်နာရင် အဆင်ပြေနိုင်ပါတယ်။

𝐐 . ဘယ်လိုလက္ခဏာတွေပြောင်းရင် ကင်ဆာကိုသံသယဖြစ်နိုင်လဲ ? (𝐀𝐥𝐚𝐫𝐦 𝐬𝐲𝐦𝐩𝐭𝐨𝐦𝐬)

⁃ ကိုယ်အလေးချိန်ကျလာခြင်း
⁃ အစာမျိုရခက်ခြင်း
⁃ အစာမျိုလျှင်နာကျင်ခြင်း
⁃ ကတ္တရာစေးပုံစံ ဝမ်းအမည်းသွားခြင်း
⁃ သွေးအားနည်းလက္ခဏာများခံစားရခြင်းတို့ဖြစ်ပါတယ်။

𝐐. လက္ခဏာခံစားရသူတိုင်း မှန်ပြောင်းကြည့်ဖို့လိုလား?

လက္ခဏာစရှိတာနဲ့ လူတိုင်း အစာအိမ်မှန်‌ပြောင်းကြည့်ဖို့မလိုပါဘူး။

⁃ 𝐏𝐫𝐨𝐭𝐨𝐧 𝐩𝐮𝐦𝐩 𝐢𝐧𝐡𝐢𝐛𝐢𝐭𝐨𝐫 လို့ခေါ်တဲ့ သောက်ဆေးနဲ့ အနည်းဆုံး 𝟖 ပတ်ထိ ကုသကြည့်ပြီး နောက်ပိုင်းမသက်သာလျှင်
⁃ အထက်မှာဖော်ပြထားတဲ့ စိုးရိမ်လက္ခဏာများ( 𝐀𝐥𝐚𝐫𝐦 𝐬𝐲𝐦𝐩𝐭𝐨𝐦𝐬) များရှိလျှင် ကြည့်သင့်ပါတယ်။

တခြားနည်းလမ်းအနေနဲ့ ကတော့ အစာရည်မျို 𝐏𝐇 𝐋𝐞𝐯𝐞𝐥 ကိုတိုင်းတာခြင်း ပြုလုပ်နိုင်ပါတယ်။

𝐐 . ဆောင်ရန်ရှောင်ရန်လေးတွေကရော?

မတည့်တဲ့အစားအစာများ >> 𝐂𝐢𝐭𝐫𝐢𝐜 𝐀𝐜𝐢𝐝 ဓာတ်များတဲ့ သံပုရာသီး၊ ကော်ဖီ၊ ချောကလက်၊ ကြက်သွန်နီ၊ အပူအစပ်အစားအစာများ၊ အဆီများသော ထောပတ်အစရှိတဲ့ နို့ထွက်ပစ္စည်းများ (အဆီထုတ်နွားနို့သောက်သုံးနိုင်ပါသည်)

📢မိမိတစ်ဦးချင်းအလိုက်မတည့်သော အစားအစာများကို 𝐃𝐢𝐚𝐫𝐲 မှတ်တမ်း ပြုလုပ်ထားပြီးရှောင်ရှားခြင်းက ထိရောက်ပြီးအသုံးဝင်တဲ့အလေ့အကျင့်ပါ။

📢ညအိပ်ယာမဝင်ခင် အနည်းဆုံး ၃/၄ နာရီခြားပြီး အစာစားသင့်ပါတယ်။

📢 𝐏𝐏𝐈 ဆိုတဲ့ဆေးသောက်ရမယ်ဆိုရင် အစာမစားခင် မိနစ် 𝟑𝟎 ကြိုသောက်သင့်ပါတယ်။

📢ညအိပ်လျှင်ခေါင်းအုံးမြင့်မြင့် နှင့်အိပ်သင့်ပါတယ်။

𝐐. အစာအိမ်ဆေးက တသက်လုံးစွဲသောက်ရမှာလား?

⁃ ရောဂါအပြင်းအပျော့အပေါ် မူတည်ပါတယ်။ အချိန်တခုအထိသောက်ပြီး သက်သာလျှင် ဆေးရပ်လို့ရပါတယ်။ လက္ခဏာထပ်ပေါ်လာရင် လိုအပ်သလို ဆရာဝန်နဲ့တိုင်ပင်ပြီး ထပ်သောက်ရတာမျိုးရှိနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ပြည့်စုံသလောက်ရှိပြီမို့ ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်‌နော်။ အသိသတိနဲ့ ယှဥ်ပြီး စိတ်ဖိစီးမှု ကင်းစွာ နေထိုင်စားသောက်ရင်းဖြင့် ရောဂါလက္ခဏာများ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်ကြီးဖြင့်တိုင်ပင်ဆွေးနွေးလိုရင်ဖြစ်ဖြစ် အစာအိမ်မှန်ပြောင်းဖြင့်စစ်ဆေးလိုရင်ဖြစ်ဖြစ် 𝐋𝐞𝐨 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐚𝐧𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 (𝐊𝐚𝐧 𝐘𝐞𝐢𝐤 𝐓𝐡𝐚𝐫) မှာ အေးချမ်းဆိတ်ငြိမ်စွာ ဆွေးနွေးတိုင်ပင်ကုသနိုင်ပါတယ်။

✅Leo Healthcare Diagnostics and Medical Center

🏥အမှတ် ၁၅၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (Jeff Kitchen အနီး)

☎️09 977809091, 09 408932244, 09 450604041

"𝐂𝐚𝐫𝐞" ဆိုတာကို ရည်ညွှန်းတဲ့ လုပ်ဆောင်မှုလေးတစ်ခုဟာ ချစ်ခင်ကြင်နာမှုတွေ၊ မေတ္တာတရားတွေဆီကနေ မြစ်ဖျားခံပါတယ်။ မိမိရဲ့ချစ်...
15/01/2025

"𝐂𝐚𝐫𝐞" ဆိုတာကို ရည်ညွှန်းတဲ့ လုပ်ဆောင်မှုလေးတစ်ခုဟာ ချစ်ခင်ကြင်နာမှုတွေ၊ မေတ္တာတရားတွေဆီကနေ မြစ်ဖျားခံပါတယ်။ မိမိရဲ့ချစ်ခင်မြတ်နိုးကြင်နာမှုတွေကို အကောင်းဆုံး ဖော်ပြချင်တယ်ဆိုရင် "သူမ" တို့ရဲ့အဖိုးတန်ဆုံး ကျန်းမာရေးကို "သူမ" အမှတ်မထားမိချိန်မှာ ကိုယ်က "သူမ" အတွက် ဂရုစိုက်ပေးလိုက်တာမျိုးကတော့ ကိုယ့်ချစ်မေတ္တာတွေကိုအကောင်းဆုံးရည်ညွှန်းရာ ဖြစ်သွားစေမှာ သေချာပါတယ်။
ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ "သူမ" ဆိုတဲ့နမ်စားက မိခင်၊ အမ၊ ညီမ၊ အဒေါ်၊ အိမ်ထောင်ဘက်၊ လက်တွဲဖော်၊ချစ်သူ၊ ခင်သူ ဆိုပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် မေတ္တာအကြင်နာတွေနဲ့ "သူမ" တို့ရဲ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးလိုက်နိုင်တဲ့ဆိုတဲ့ ပီတိခံစားချက်ကတော့ ထပ်တူညီနေမှာပဲဖြစ်ပါတယ်။

အဲ့အတွက် မိမိတို့ချစ်မြတ်နိုးရတဲ့ "သူမ" အတွက်
" 𝐇𝐞𝐫 𝐁𝐚𝐬𝐢𝐜 𝐂𝐚𝐫𝐞 " , "𝐇𝐞𝐫 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 𝐂𝐚𝐫𝐞 " , " 𝐇𝐞𝐫 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐂𝐚𝐫𝐞 " ဆိုတဲ့ "ဂရုစိုက်ကြင်နာမှု" လေးကို ရွေးချယ်ပြီး မေတ္တာတရားတွေကိုဖော်ညွှန်းလိုက်ပါ။

ပီတိအပြုံးလေးတွေနဲ့ ‌ကြည်နူးစွာ ခံယူနေမယ့် "သူမ" တို့အတွက် အောက်ပါ " 𝐋𝐞𝐨 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐚𝐧𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 ( 𝐊𝐚𝐧 𝐘𝐞𝐢𝐤 𝐓𝐡𝐚𝐫) ရဲ့ အမျိုးသမီး သားအိမ်ခေါင်းကင်ဆာ ကျန်းမာရေးစစ်ဆေးမှု " 𝐏𝐚𝐜𝐤𝐚𝐠𝐞" များဖြင့် "သူမ"တို့ကို " 𝐂𝐚𝐫𝐞" လုပ်ပေးဖို့ အကြံပြုလိုက်ရပါတယ်။

𝐋𝐞𝐨 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐚𝐧𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫

🏥အမှတ် ၁၅၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (𝐉𝐞𝐟𝐟 𝐊𝐢𝐭𝐜𝐡𝐞𝐧 အနီး)

☎️ 𝟎𝟗 𝟗𝟕𝟕𝟖𝟎𝟗𝟎𝟗𝟏, 𝟎𝟗 𝟒𝟎𝟖𝟗𝟑𝟐𝟐𝟒𝟒, 𝟎𝟗 𝟒𝟓𝟎𝟔𝟎𝟒𝟎𝟒𝟏

🌸 သားအိမ်ခေါင်းကင်ဆာ - သင့်ကိုယ်သင် ကာကွယ်ပါ၊ သင့်အနာဂတ်ကို ကယ်တင်ပါ။ 🌸 သင်သိခဲ့ပါသလား?သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးမ...
10/01/2025

🌸 သားအိမ်ခေါင်းကင်ဆာ - သင့်ကိုယ်သင် ကာကွယ်ပါ၊ သင့်အနာဂတ်ကို ကယ်တင်ပါ။ 🌸

သင်သိခဲ့ပါသလား?
သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများအတွက် ကာကွယ်နိုင်လွယ်သော ကင်ဆာတစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အမျိုးသမီးများ ကင်ဆာကြောင့် သေဆုံးမှု၏ အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ ကျန်းမာရေးအသိ၊ ကြိုတင်ကာကွယ်မှုနှင့် စောစီးစွာသိရှိမှုတို့ဖြင့် ၎င်းအခြေအနေကို ပြောင်းလဲနိုင်ပါသည်။

✅ သားအိမ်ခေါင်းကင်ဆာကို ဘာတွေက ဖြစ်စေသလဲ?
အဓိကအကြောင်းရင်းမှာ 𝐇𝐏𝐕 (𝐇𝐮𝐦𝐚𝐧 𝐏𝐚𝐩𝐢𝐥𝐥𝐨𝐦𝐚𝐯𝐢𝐫𝐮𝐬) ဆိုသည့် ထိတွေ့မှုမှ ကူးစက်နိုင်သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါသည်။

သတင်းကောင်းက‌‌တော့ 𝐇𝐏𝐕 ရောဂါပိုးအားလုံးက ကင်ဆာမဖြစ်စေပါဘူး!သတိထားစရာက‌တော့ အန္တရာယ်ရှိသော 𝐇𝐏𝐕 အမျိုးအစားများနှင့် အချိန်ကြာရှည်ထိတွေ့မှုသည် သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေနိုင်ပါသည်။

💉 ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးဆုံးဖြစ်ပါသည်။

𝟏️⃣ 𝐇𝐏𝐕 ကာကွယ်ဆေးထိုးပါ:

𝐇𝐏𝐕 ကာကွယ်ဆေးသည် လုံခြုံပြီး ထိရောက်မှုရှိပါသည်။အသက် ၉ နှစ်မှ ၁၄ နှစ်ကြား မိန်းကလေးများ အတွက် ထိုးနှံလျှင် အကောင်းဆုံးဖြစ်ပါသည်။

𝟐️⃣ ပုံမှန်စစ်ဆေးပါ:

𝐏𝐚𝐩 𝐬𝐦𝐞𝐚𝐫 သို့မဟုတ် 𝐋𝐁𝐂 စမ်းသပ်မှုများက ကင်ဆာအဖြစ်မပြောင်းမီ ဆဲလ်ပြောင်းလဲမှုများကို သိရှိနိုင်စေသည်။
𝐇𝐏𝐕 𝐃𝐍𝐀 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 စမ်းသပ်မှုက အန္တရာယ်ရှိသော 𝐇𝐏𝐕 အမျိုးအစားများကို ရှာဖွေဖော်ထုတ်နိုင်သည်။

⚠️ သတိပြုရမည့် လက္ခဏာများ

သားအိမ်ခေါင်းကင်ဆာသည် အစောပိုင်းတွင် လက္ခဏာမပြတတ်ပါ။

သို့သော် လက္ခဏာများရှိလာပါက—

၁)ရာသီနှစ်ခုကြား၊ သွေးဆုံးပြီးချိန်နှင့် လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း။
၂)ဆီးစပ်အောင့်ခြင်း၊ လိင်ဆက်ဆံစဉ်တွင် နာကျင်ခြင်း။
၃) မိန်းမကိုယ်မှာ အနံ့ပြင်း သော၊ ပုံမှန်အရောင်မဟုတ်သောအရည်များထွက်ခြင်း တို့ဖြစ်တတ်ပါတယ်။
👩‍⚕️ ဘာကြောင့် စောစီးစွာ သိရှိဖို့ အရေးကြီးသလဲ?

သားအိမ်ခေါင်းကင်ဆာကို စောစောသိရှိလျှင် ကုသရန် အလွယ်တကူဖြစ်သည်။

𝐋𝐄𝐎 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐚𝐧𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 တွင် ယုံကြည်စိတ်ချရသော 𝐏𝐚𝐩 𝐬𝐦𝐞𝐚𝐫 / 𝐋𝐁𝐂 နှင့် 𝐇𝐏𝐕 𝐃𝐍𝐀 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 စမ်းသပ်မှုများကို အထွေထွေရောဂါကုဆရာ၀န်များ၊ 𝐎𝐆 သမားတော်ကြီးများဖြင့် တိုင်ပင်ဆွေးနွေး စစ်ဆေးပြီး သင်၏ ကျန်းမာရေးကို အချိန်မီကာကွယ်ပေးနိုင်ပါသည်။

💪 ယနေ့ကစပြီး သတိပြုပါ။

✔️ သားအိမ်ခေါင်းကင်ဆာစမ်းသပ်မှုကို စီစဉ်ပါ။
✔️ သင်ကိုယ်တိုင်နှင့် သင့်မိသားစုအတွက် 𝐇𝐏𝐕 ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။
✔️ အသိပညာများကို မျှဝေပါ။

ကျွန်ုပ်တို့အတူတူ မြန်မာအမျိုးသမီးများ၏ ကျန်းမာရေးကို ကာကွယ်ပြီး ကျန်းမာသော အနာဂတ်ကို ဖော်ဆောင်ကြပါစို့။ 💜

လတ်တလောဖြစ်ပွားနေသော 𝐇𝐮𝐦𝐚𝐧 𝐌𝐞𝐭𝐚𝐩𝐧𝐞𝐮𝐦𝐨𝐯𝐢𝐫𝐮𝐬 (𝐇𝐌𝐏𝐕) ဗိုင်းရပ်ပိုး‌အကြောင်း သိကောင်းစရာများ🦠🦠🦠 𝐇𝐮𝐦𝐚𝐧 𝐌𝐞𝐭𝐚𝐩𝐧𝐞𝐮𝐦𝐨𝐯𝐢𝐫𝐮𝐬 (𝐇𝐌𝐏𝐕)...
07/01/2025

လတ်တလောဖြစ်ပွားနေသော 𝐇𝐮𝐦𝐚𝐧 𝐌𝐞𝐭𝐚𝐩𝐧𝐞𝐮𝐦𝐨𝐯𝐢𝐫𝐮𝐬 (𝐇𝐌𝐏𝐕) ဗိုင်းရပ်ပိုး‌အကြောင်း သိကောင်းစရာများ🦠🦠🦠

𝐇𝐮𝐦𝐚𝐧 𝐌𝐞𝐭𝐚𝐩𝐧𝐞𝐮𝐦𝐨𝐯𝐢𝐫𝐮𝐬 (𝐇𝐌𝐏𝐕) သည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသောသူများတွင်ဖြစ်ပွားလွယ်ပါသည်။👶🧓🧑‍🦳

ပုံမှန်အားဖြင့် 𝐇𝐌𝐏𝐕ပိုးကူးစက်ခံရပါက ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်းနှင့် အသက်ရှုမဝခြင်းလို ကျန်းမာရေးပြဿနာများကိုသာ ဖြစ်စေတတ်ပါသည်။ ပြင်းထန်သောအခြေအနေများတွင် လည်ချောင်းနာခြင်း သို့မဟုတ် အဆုတ်ရောင်ခြင်းလို ကျန်းမာရေး ပြဿနာများထိဖြစ်ပွားစေနိုင်ပါသည်။🤧🤒😷

𝐇𝐌𝐏𝐕 ပိုးကူးစက်ပုံမှာ -

ချောင်းဆိုးနှာချေခြင်းမှ ထွက်သော အရည်များ၊ အမှုန်မွှားများ ဖြင့် ရောဂါပိုးကူးစက်စေနိုင်သည်။💦💨
လက်ဆွဲနှုတ်ဆက်ခြင်း၊ အနီးကပ်အတူနေထိုင်စားသောက်ခြင်းများမှလည်း ရောဂါပိုးကူးစက်နိုင်ပါသည်။
ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေသော မျက်နှာပြင်များကို ထိမိပြီး မျက်နှာကို ထိမိသောအခါ ကူးစက်နိုင်ပါသည်။🦠🦠

ကာကွယ်ရေး အကြံပြုချက်များမှာ - 📢📢📢

၁)လက်ကို ဆပ်ပြာ၊ရေသန့် တို့ဖြင့် အနည်းဆုံး စက္ကန့် ၂၀ သန့်စင်စွာဆေးကြောပါ။
၂)မဆေးရသေးသော လက်ဖြင့် မျက်နှာ၊ နှာခေါင်း ၊ ပါးစပ်ကို ထိမိခြင်းမှ ရှောင်ကြဉ်ပါ။
၃)နေမကောင်းသူများနှင့် နီးကပ်မနေပါနှင့်။
၄)ဖျားနာလျှင် အိမ်တွင်နားပါ။
၅)ချောင်းဆိုးနှာချေသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးပြီး အခြားသူများကို ကူးစက်မှုမှ ကာကွယ်ပါ။

လောလောဆယ် 𝐇𝐌𝐏𝐕 အတွက် သီးသန့်ကုသရေးနှင့် ကာကွယ်ဆေး မရှိသေးပါ။ရောဂါလက္ခဏာများ သက်သာရန် နှင့် နောက်ဆက်တွဲဆိုးကျိုးများမရှိရန် အတွက်သာ ကုသနိုင်ပါသည်။

𝐋𝐄𝐎 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 & 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 တွင် အထွေထွေရောဂါကု ဆရာ၀န်များ၊ သမားတော်များဖြင့် ပိတ်ရက်မရှိ ၀န်ဆောင်မှု ရယူနိုင်ပါသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနေရပါက ဆေးဝါးကုသမှု ချက်ချင်းဆောင်ရွက်ဖို့ အကြံပြုပါသည်။🧑‍⚕️🧑‍⚕️🧑‍⚕️

သတိပြုပါ၊ ကျန်းမာအောင်နေပါ။

𝐋𝐞𝐨 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐚𝐧𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 တွင် အောက်ပါ "သွေးရောဂါအထူးကု" ဆရာဝန်ကြီးများမှလူနာများအား တိုင်ပင်ဆွေးနွေ...
06/01/2025

𝐋𝐞𝐨 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐚𝐧𝐝 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 တွင် အောက်ပါ "သွေးရောဂါအထူးကု" ဆရာဝန်ကြီးများမှလူနာများအား တိုင်ပင်ဆွေးနွေး ကုသမှု ပေးလျှက်ရှိ ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

📢ဆရာဝန်ကြီးများ အချိန် အပြောင်းအလဲရှိနိုင်သောကြောင့်ကြိုတင် ရက်ချိန်းရယူရန် လိုအပ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

💁🏻‍♀️ရက်ချိန်းကြိုတင်ယူရန်နှင့် အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

📲 : 09 977 80 9091, 09 450 60 4041
🏨 : No(15), Kan Yeik Thar Street, Mayangone Township, Yangon.
📧 : info.kanyeikthar@leo-hms.com






🌟 သွေးအားနည်းရောဂါ နှင့် သတိပြုဆင်ခြင်ဖွယ်ရာများ🌟 သွေးအားနည်းရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ...
06/01/2025

🌟 သွေးအားနည်းရောဂါ နှင့် သတိပြုဆင်ခြင်ဖွယ်ရာများ🌟

သွေးအားနည်းရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

ကျန်းမာသော သွေးနီဥများ လုံလောက်စွာ မရှိသောအခါ သွေးအားနည်းရောဂါကို ဖြစ်ပွားစေပါတယ်။ ထိုအခါ အားနည်း မောပန်းခြင်းကို ခံစားရပါတယ်။

သွေးအားနည်းရောဂါ၏ အဖြစ်များသော လက္ခဏာများမှာ

✅ ပုံမှန်မဟုတ်သော ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
✅ အသားအရေဖြူဖျော့ခြင်း
✅ လှုပ်ရှားမှုအနည်းငယ်မျှဖြင့် အသက်ရှုကြပ်ခြင်း သို့မဟုတ် နှလုံးခုန်မြန်ခြင်း
✅ ခေါင်းမူးခြင်း
✅ မကြာခဏ ခေါင်းကိုက်ခြင်း
✅ ခြေလက်တွေ အေးနေခြင်း တို့ဖြစ်ပါတယ်။

သွေးအားနည်းရောဂါ ဘာကြောင့်ဖြစ်သလဲ

🩸 အာဟာရချို့တဲ့ခြင်း- အစားအစာထဲတွင် သံဓာတ်၊ ဖောလစ်အက်ဆစ် သို့မဟုတ် ဗီတာမင် B12 ချို့တဲ့ခြင်း။
🩸 နာတာရှည်ရောဂါများ- ဆီးချို နှင့် ကျောက်ကပ်ရောဂါတို့ရဲ့နောက်ဆက်တွဲ‌ ရောဂါများ သို့မဟုတ် ရောဂါပိုးဝင်ခြင်းကဲ့သို့သော နာတာရှည်ရောဂါများ။
🩸 သွေးဆုံးရှုံးမှု- ရာသီလာချိန်များခြင်း သို့မဟုတ် သွေးထွက်များသောအနာများ။
🩸 မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းမှုများ- သာလာဆီးမီးယား သို့မဟုတ် သွေးနီဥပုံမမှန်သော ရောဂါများ။

သွေးအားနည်းရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲ။

🌾 သံဓာတ်ကြွယ်ဝသော အစားအစာများ - ဟင်းနုနွယ်ရွက်၊ ပဲများ၊ အသည်း၊ ဥနှင့် အစေ့အဆံများစသည်တို့ကိုစားပါ။
🍊 သံဓါတ်စုပ်ယူမှု အားကောင်းစေရန် သံဓာတ်ကြွယ်ဝသော အစားအစာများကို လိမ္မော်သီး၊ သံပုရာသီး သို့မဟုတ် မာလကာကဲ့သို့ သစ်သီးများနှင့် တွဲစားပါ။
🩺 သွေးအားနည်းရောဂါကို ရိုးရှင်းသောသွေးစစ်ခြင်းဖြင့် သိရှိနိုင် သဖြင့် ပုံမှန်စစ်ဆေးပါ။
💊 လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ဖြည့်စွက်ဆေးများသောက်ပါ။
ဘာလို့ စောစီးစွာ ရောဂါရှာဖွေခြင်းက အရေးကြီးရတာလဲ။

နာတာရှည် သွေးအားနည်း‌ ရောဂါ ခံစားနေရပြီဆိုပါက ဆိုးဝါး‌ သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများစွာကို ခံစားရနိုင်ပါတယ်။ ထို့အတွက် သွေးအားနည်းရသော အကြောင်းကို စနစ်တကျရှာ‌‌ဖွေကုသရန် အရေးကြီးပါတယ်။

LEO Healthcare Diagnostics & Medical Center တွင်

✔️ သွေးအားနည်းခြင်းအတွက် သွေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်း
✔️ ထိထိရောက်ရောက် ကုသနိုင်ရန် ကျွမ်းကျင်သော ဆရာ၀န်ကြီးများ ဖြင့် တိုင်ပင်ဆွေးနွေးခြင်းများကို ၀န်ဆောင်မှုပေးနေပါတယ်။
✔️အထွေထွေရောဂါကုသမားတော်များ၊အာဟာရဆရာ၀န်များနှင့် သွေးရောဂါအထူးကုဆရာ၀န်ကြီးများဖြင့်လည်း လိုအပ်သလို တိုင်ပင်ဆွေးနွေးကုသနိုင်ပါတယ်။

Leo Healthcare Diagnostics and Medical Center
🏥အမှတ် ၁၅၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ (Jeff Kitchen အနီး)
☎️ 09 977809091, 09 408932244

31/12/2024
ချစ်ခင်လေးစားရပါသော မိဘပြည်သူများရှင့်Kan Yeik Thar Wellness Center အား ၁.၁.၂၀၂၅ မှ စတင်ပြီး LEO Healthcare Diagnostic &...
31/12/2024

ချစ်ခင်လေးစားရပါသော မိဘပြည်သူများရှင့်

Kan Yeik Thar Wellness Center အား ၁.၁.၂၀၂၅ မှ စတင်ပြီး LEO Healthcare Diagnostic & Medical Centre ( Kan Yeik Thar ) အဖြစ် အမည် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

*ရရှိနိုင်သော ကျန်းမာရေး ဝန်ဆောင်မှုများ*

(၁) Specialist OPD (အထူးကု ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင် ပြသနိုင်ခြင်း)
(၂) G.P OPD (အထွေထွေရောဂါကု ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင် ပြသနိုင်ခြင်း)
(၃) Tele Consultation Service (ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသော သူများအတွက် Online မှ တစ်ဆင့် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း)
(၄) Medical Check-up service (ကျန်းမာရေး စစ်ဆေးခြင်း ဝန်ဆောင်မှု)
Corporate/ Company Check-up
- အသင်းအဖွဲ့ ၊ ကုမ္ပဏီများအား လိုအပ်သော စစ်ဆေးမှူများအား တိုင်ပင်ဆွေးနွေးပြီး အထူးဝန်ဆောင်မှုပေးခြင်း (လိုအပ်ပါက အသင်းအဖွဲ့ ကုမ္ပဏီများ၌ သွားရောက် ဝန်ဆောင်မှုပေးခြင်း။
- Medical Check-up Package
အသက်အရွယ် ကျား/မ အမျိုးအစားအလိုက် လုပ်ဆောင်သင့်သော ကျန်းမာရေးစစ်ဆေးမှုများအတွက် အထူးနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးခြင်း။
- Customized Medical Check-up Service
ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ မိမိရောဂါဝေဒနာအလိုက် ပြုလုပ်သင့်သော စစ်ဆေးမှုများအား စစ်ဆေးနိုင်ခြင်း။
(၅) Home- visit Medical Care Service
အိမ်တိုင်ရာရောက် သွေးဖောက်ခြင်း၊ ဓာတ်မှန်၊ ECG အပါအဝင် ဆရာဝန် သူနာပြုများမှ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုပေးခြင်း။
(၆) Day Care Chemo Infusion service
-ကင်ဆာရောဂါ ခံစားနေရသော လူနာများအတွက် မိမိအိမ်ကဲ့သို့ သက်တောင့် သက်သာ နွေးထွေးစွာဖြင့် ကင်ဆာဆေးသွင်းမှုပြုလုပ်နိုင်ခြင်း။
(၇) Scopy Service ( မှန်ပြောင်းကြည့်ရှု ကုသခြင်း )
- ကျွမ်းကျင်သော ဆရာဝန်ကြီးများမှ ခေတ်မီစက်ကြီးဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်၍ ရောဂါရှာဖွေမှု ပြုလုပ်နိုင်ခြင်း။
(၈) Vaccination Service (ကာကွယ်ဆေးထိုး ဝန်ဆောင်မှု )
Cold-chain ထိန်းချုပ်သော FDA အသိအမှတ်ပြု ကာကွယ်ဆေးများဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့ ၊ ကုမ္ပဏီများအား လည်းကောင်း ကာကွယ်ဆေးထိုးနှံမှု ဝန်ဆောင်မှုပေးခြင်း။
(၉) Advanced Laboratory Service ( အဆင့်မြင့် ဓာတ်ခွဲခန်း ဝန်ဆောင်မှု)
ခေတ်မီ အဆင့်မြင့် စက်ကြီးများဖြင့် တိကျမှန်ကန်‌သော ဓာတ်ခွဲစမ်းသပ်မှု အဖြေများအား မြန်ဆန် စစ်ဆေးပေးနိုင်ခြင်း။
(၁၀) Imaging Service (ဓာတ်မှန် ဝန်ဆောင်မှု )
-ခေတ်မီ X-Ray, USG စက်ကြီးများဖြင့် ကျွမ်းကျင်သော ဓာတ်မှန်ဆိုင်ရာ ဆရာဝန်ကြီးများဖြင့် စမ်းသပ် စစ်ဆေးနိုင်ခြင်း။
(၁၁) Ambulance Service (အရေးပေါ်ကား ဝန်ဆောင်မှု)
- စက်ပစ္စည်း အစုံအလင် ပါရှိသော အရေးပေါ် Ambulance ကားဖြင့် လူနာများအား သယ်ယူပို့ဆောင် ပေးနိုင်ခြင်း။

‌အထက်ပါ ကျန်းမာရေး ဝန်ဆောင်မှုများအား နေ့စဉ်ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

*ထပ်တိုး ဝန်ဆောင်မှုများ အနေဖြင့််*

(၁) Oversea Laboratory Referral Service ( နိုင်ငံတကာသို့ အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲစမ်းသပ်မှုများကို ပို့ဆောင်စစ်ဆေးပေးသော၀န်ဆောင်မှု )
(၂) Oversea Pathology Consultation Service - Second Opinion Service (နောက်ဆုံးပေါ် ဒီဂျစ်တယ် ရောဂါဗေဒ နည်းပညာကို အသုံးပြုပြီး နိုင်ငံတကာမှ ရောဂါဗေဒဆရာ၀န်များနှင့် ရောဂါရှာဖွေစစ်ဆေးပေးနိုင်သော ၀န်ဆောင်မှု )
(၃) Oversea Patient Referral Service ( နိုင်ငံတကာမှဆေးရုံကြီးများနှင့် ကျန်းမာ၀န်ဆောင်မှုများအတွက် ချိတ်ဆက်ဆောင်ရွက်ပေးသော၀န်ဆောင်မှု )
(၄) Premium Histopathology Service ( ပရီမီယံအသားစရောဂါရှာဖွေရေး၀န်ဆောင်မှု ) တို့အား တိုးချဲ့ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေး အဖော်အဖြစ် ယုံကြည်အားပေးမှု အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။

လေးစားစွာဖြင့်
LEO Healthcare Diagnostics & Medical Center (Kan Yeik Thar)
အမှတ် (၁၅)၊ ကန်ရိပ်သာလမ်း (ချော်တွင်းကုန်းလမ်းဆုံအနီး)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း - ၀၉ ၉၇၇၈၀၉၀၉၁၊ ၀၉ ၄၅၀၆၀၄၀၄၁

🩺 HIV ဗိုင်းရပ်စ်ပိုးက ကင်ဆာဖြစ်ပွားမှု တချို့နဲ့စပ်ဆက်နေတယ်ဆိုတာသင်သိပါလား??? HIV ဗိုင်းရပ်စ်ပိုးသည် ကင်ဆာကို တိုက်ရိုက...
19/12/2024

🩺 HIV ဗိုင်းရပ်စ်ပိုးက ကင်ဆာဖြစ်ပွားမှု တချို့နဲ့စပ်ဆက်နေတယ်ဆိုတာသင်သိပါလား???

HIV ဗိုင်းရပ်စ်ပိုးသည် ကင်ဆာကို တိုက်ရိုက်မဖြစ်စေသော်လည်း ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး အမျိုးမျိုးသောကင်ဆာများ ဖြစ်နိုင်ခြေကို တိုးပွားစေပါသည်။ HIVဗိုင်းရပ်စ်ပိုးကူးစက်ခံ‌နေရသူများ (people living with HIV - PLWH) သည် ထိုကင်ဆာရောဂါများကို စောစီးစွာသိရှိနိုင်ရန် နှင့် ထိရောက်စွာကုသမှုယူရန် အရေးကြီးပါသည်။ထို့အတွက် HIV နှင့်ကင်ဆာဖြစ်နိုင်ချေတို့ရဲ့ ချိတ်ဆက်မှုကိုရှင်းပြချင်ပါတယ်။

📌 HIV က ကင်ဆာဖြစ်နိုင်ချေကို ဘယ်လိုတိုးစေနိုင်သလဲ

1️⃣ ကိုယ်ခံအားစနစ် အားနည်းလာခြင်း- အချိန်ကြာလာသည်နှင့်အမျှ HIV သည် ခုခံအားစနစ်ကို ပျက်စီးစေပြီး ကင်ဆာဆဲလ်များကို ရှာဖွေတိုက်ခိုက်နိုင်စွမ်းကို လျော့နည်းစေပါသည်။
2️⃣ ကင်ဆာဖြစ်စေသော ဗိုင်းရပ်စ်များနှင့် အတူကူးဆက်ခံရခြင်း- ကင်ဆာနှင့် ဆက်စပ်နေသည့် ဗိုင်းရပ်စ်ပိုးများဖြစ်သော HPV- ကြွက်နို့ ရောဂါဗိုင်းရပ်စ်ပိုး၊ HHV-8 -‌ ရေယုံဗိုင်းရပ်စ်ပိုး ၊ အသည်းရောင် B သို့မဟုတ် C ဗိုင်းရပ်စ်ပိုး နှင့် EBVဗိုင်းရပ်စ်ပိုး တို့အတူကူးစက်ဖြစ်ပွားနိုင်ခြေ ပိုများလာပါသည်။
3️⃣ လူနေမှုပုံစံအကြောင်းအချက်များ- သုတေသနများအရ PLWHများ တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်မားပြီး ထို့ကြောင့်လည်း ကင်ဆာအန္တရာယ်ကို တိုးစေပါသည်။

HIV နှင့်စပ်ဆက်နေသော ကင်ဆာများကို AIDS-Defining Cancers (ADCs) နှင့် Non-AIDS-Defining Cancers (NADCs) ဆိုပြီး ခွဲခြားထားပါတယ်။

📌 AIDS-Defining Cancers (ADCs)
အချို့သော ကင်ဆာများသည် PLWH တွင် အဖြစ်များပြီး ၎င်းတို့၏ ရှိနေခြင်းသည် အေအိုင်ဒီအက်စ်ရောဂါအဆင့်ကို တိုးလာခြင်းဖြစ်သောကြောင့် AIDS-Defining Cancers လို့ သတ်မှတ်ကြပါသည်။

၁) Kaposi Sarcoma : အရေပြား၊ ပါးစပ် သို့မဟုတ် အတွင်းအင်္ဂါများပေါ်တွင် ခရမ်းရောင် သို့မဟုတ် အညိုရောင်အစက်များဖြစ်ပေါ်လာတဲ့ကင်ဆာဖြစ်ပါသည်။ HHV-8 ဗိုင်းရပ်စ်ပိုးနှင့် စပ်ဆက်နေပြီး ART၊ ဓာတုကုထုံး၊ဓါတ်ရောင်ခြည်ကုထုံးတို့နှင့်ပူးတွဲကုသလေ့ရှိပါသည်။

၂) Non-Hodgkin Lymphoma (NHL) - သွေးဖြူဥများကိုထိခိုက်စေပြီး ပြန်ရည်ကျိတ်များအပါအ၀င် ဦးနှောက်ကိုပါထိခိုက်‌
စေနိုင်ပါသည်။ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အားနည်းခြင်းတို့ ဖြစ်နိုင်ပြီး ဓာတုကုထုံးများဖြင့် ကုသလေ့ရှိပါသည်။

၃) သားအိမ်ခေါင်းကင်ဆာ- HPV - ကြွက်နို့ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပြီး PLWH တွေမှာ ပိုအဖြစ်မြန်ပါတယ်။ ပုံမှန် Pap smears သို့မဟုတ် LBC စစ်ဆေးခြင်း၊ HPV ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုကိုစစ်ဆေးခြင်း နှင့် HPV ကာကွယ်ဆေးထိုးခြင်းတို့ ပြုလုပ်ပြီး ကြိုတင်ကာကွယ်ထားရပါမည်။

📌 Non-AIDS-Defining Cancers (NADCs)၊
အချို့ကင်ဆာများသည် HIV ရှိ၊မရှိ နှင့်မသက်ဆိုင်ပဲ လူတိုင်းတွင်ဖြစ်ပွားနိုင်သော်လည်း PLWH များတွင် ဖြစ်နိုင်ခြေပိုများလာသော ကင်ဆာများ ကို Non-AIDS-Defining Cancers များလို့သတ်မှတ်ကြပါတယ်။

စအိုကင်ဆာ- HPVဗိုင်းရပ်စ်ပိုး နှင့် ဆက်စပ်မှုရှိပါသည်။
အသည်းကင်ဆာ- အသည်းရောင်အသားဝါ B နှင့် C ဗိုင်းရပ်စ်များနှင့် ဆက်စပ်နေပါသည်။
အဆုတ်ကင်ဆာ- ဆေးလိပ်သောက်ခြင်းနှင့် အခြားအကြောင်းရင်းများကြောင့် ဖြစ်နိုင်ခြေ မြင့်မားသည်။
Hodgkin Lymphoma- EBV ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှင့် ဆက်စပ်နေပါသည်။
ပါးစပ်၊ လည်ချောင်းနှင့် အရေပြားကင်ဆာများ- လူနေမှုပုံစံနှင့် HIV နှင့်အတူ ကူးစက်၀င်ရောက်‌လာ‌ သော အခြားသောဗိုင်းရပ်စ်ပိုးများနှင့်ဆက်စပ်နေပါသည်။

📌 ထိုကင်ဆာဖြစ်နိုင်ချေများကို လျှော့ချရန်

✅ ART ဆေးကို ဆက်သောက်ပါ - ART ကုထုံးသည် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးသည်။
✅ ကာကွယ်ဆေးထိုးပါ- HPV နှင့် အသည်းရောင်အသားဝါ B အတွက် ကာကွယ်ဆေးများသည် ၎င်းတို့နှင့်ဆက်စပ်‌နေသော ကင်ဆာများကို ကာကွယ်နိုင်ပါသည်။
✅ ကျန်းမာသောလူနေမှုပုံစံကို ကျင့်သုံးပါ- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ၊ အရက်‌သောက်ခြင်းကိုလျော့ချပါ၊ မျှတသော အစားအစာကို စားပါ။
✅ ပုံမှန်ကျန်းမာရေးစစ်ဆေးပါ- ပုံမှန်စစ်ဆေးမှုများသည် ကင်ဆာများကို စောစီးစွာသနိုင်ပြီး အထူးသဖြင့် သားအိမ်ခေါင်းနှင့် စအိုကင်ဆာများအတွက်အရေးပါပါသည်။

💡 သတိပြုရန်- စောစီးစွာသိရှိခြင်းသည် အသက်ကို ကယ်တင်နိုင်ပါသည်။HIV နဲ့ ကင်ဆာကို တိုက်ဖျက်ဖို့ အတူတူ လက်တွဲကြပါစို့။

🏥ကန်ရိပ်သာ အထူးကုဆေးခန်းမှ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို မျှဝေပေးလျှက်ရှိပါတယ်။

🧑‍⚕️သားအိမ်ခေါင်းကင်ဆာရှိမရှိ စစ်ဆေးခြင်းများကိုလည်း OG အထူးကုသမားတော်ကြီးများဖြင့် ဆွေးနွေးကုသနိုင်ပါသည်။
🧑‍⚕️ ကင်ဆာရောဂါအထူးကုဆရာ၀န်ကြီးများ အပါအ၀င် အထွေထွေ‌ ရောဂါအထူးကုဆရာ၀န်ကြီးများနှင့် ပြသဆွေးနွေးနိုင်ပါသည်။
🧑‍⚕️ ကင်ဆာရောဂါများအတွက် ကင်ဆာဆေးသွင်းကုသခြင်း၀န်ဆောင်မှုများ အပါအ၀င် အစာအိမ်မှန်ပြောင်းဖြင့်ရောဂါရှာဖွေကုသခြင်းကိုလည်း တစ်နေရာတည်းမှာ ၀န်ဆောင်မှုရယူနိုင်ပါသည်။

🌟ဒီဇင်ဘာလသည် ဝမ်းချုပ်ခြင်းအတွက် သတိပေးကာလဖြစ်ပါသည်🌟 ဝမ်းချုပ်ခြင်းသည် အဖြစ်များဆုံး ကျန်းမာရေးပြဿနာများထဲမှ တစ်ခုဖြစ်ကြ...
10/12/2024

🌟ဒီဇင်ဘာလသည် ဝမ်းချုပ်ခြင်းအတွက် သတိပေးကာလဖြစ်ပါသည်🌟

ဝမ်းချုပ်ခြင်းသည် အဖြစ်များဆုံး ကျန်းမာရေးပြဿနာများထဲမှ တစ်ခုဖြစ်ကြောင်း သင်သိပါသလား၊ သို့သော် လူအများစုက ထိုအကြောင်းကို ပြောရန် တွန့်ဆုတ်နေတတ်ပါတယ်။ ခုဒီဇင်ဘာလမှာတော့ ခုလိုဖြစ်နေတဲ့ ကျန်းမာရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ Kan Yeik Thar Wellness Center မှမျှဝေပေးချင်ပါတယ်။ 🩺💩

💡ပုံမှန်ဝမ်းသွားတတ်တဲ့အကျင့်က ဘာကြောင့် အရေးကြီးတာလဲ။

✅ ၀မ်းပုံမှန်သွားခြင်းကခန္ဓာကိုယ်ထဲမှ အညစ်အကြေးများနှင့် အဆိပ်အတောက်များကို ထိရောက်စွာ ဖယ်ရှားပေးပါတယ်။
✅ ဝမ်းချုပ်ခြင်းနှင့် ၀မ်းညှစ်ရခြင်းက ညောင်းညာခြင်း အပါအ၀င် မသက်မသာ ခံစားရခြင်း၊ မောပန်းခြင်း နှင့် အခန့်မသင့်ပါက စအိုကွဲနာနှင့် လိပ်ခေါင်း‌ရောဂါတို့ထိ ဖြစ်စေနိုင်ပါတယ်။

💡 ရေရှည်ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲပြဿနာများ

1️⃣ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း နှင့် ဗိုက်အောင့်ခြင်း။
အဆက်မပြတ် လေပွခြင်းနှင့် ဗိုက်အောင့် ခြင်းသည် နေ့စဉ်ဘဝနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

2️⃣ လိပ်ခေါင်းရောဂါ
ဝမ်းချုပ်၍ ၀မ်းညှစ်ရခြင်းသည် စအို နှင့်အစာဟောင်းအိမ်တို့တွင် နာကျင်စေပြီး သွေးပြန်ကြောများ ရောင်ရမ်းခြင်းတို့ကိုဖြစ်စေပြီး နောက်ဆုံး လိပ်ခေါင်းရောဂါဖြစ်စေနိုင်ပါသည်။

3️⃣စအိုကွဲခြင်း။
၀မ်းအမာသွားခြင်းသည် စအိုအတွင်းသားများကို ပြဲရာငယ်လေးများ ဖြစ်ပေါ်စေပြီး နာကျင်ခြင်းနှင့် သွေးထွက်ခြင်းတို့ကို ဖြစ်စေသည်။

4️⃣ တင်ပါးဆုံတစ်၀ိုက်ရှိ ကြွက်သားများကို ထိခိုက်စေခြင်း။
ထပ်ခါထပ်ခါ ၀မ်းညှစ်ရခြင်းသည် တင်ပါးဆုံတွင်း ကြွက်သားများကို အားနည်းစေပြီး ဆီး၊၀မ်းများထိန်းချုပ်နိုင်မှုကို ထိခိုက်စေပါသည်။

5️⃣ ၀မ်းမထိန်းနိုင်ခြင်း။
နာတာရှည် ဝမ်းချုပ်ခြင်းသည် စအိုကို ကျယ်ပြန့်စေပြီး ဝမ်းများယိုစိမ့်စေနိုင်ပါသည်။

6️⃣ ဆီးကျန်ခြင်း
မစင်အပြည့်နှင့် အစာအောင်းအိမ်မှ ဆီးအိမ်အပေါ်ကို ဖိထားသောကြောင့် ဆီးသွားရာတွင်ခက်ခဲခြင်းနှင့်ဆီးကျန်ခြင်းများဖြစ်နိုင်ပါသည်။

7️⃣ အူပေါက်ခြင်း။
အလွန်ရှားပါးသောအခြေအနေတစ်ခုဖြစ်သော်လည်း အသက်အန္တရာယ်ရှိနိုင်ပါသည်။ ကာလကြာရှည်၀မ်းချုပ်ခြင်းကြောင့် မာခဲနေသော မစင်များသည် အူသိမ်အူမနံရံများကို ပွတ်တိုက်ပျက်စီးစေပြီး‌ နောက်အူပေါက်သွားကာ မစင်များနှင့် အန္တရာယ်ရှိသောရောဂါပိုးများဗိုက်ခေါင်းတစ်ခုလုံးပျံ့သွားနိုင်ပါသည်။

8️⃣ အစာဟောင်းအိမ်ကျွံခြင်း။
၀မ်းချုပ်၍၀မ်းညှစ်ရ‌ခြင်းကြောင့် အစာဟောင်းအိမ်သည်စအို၀မှကျွံထွက်သွားပြီးအရေးပေါ်ဆေးကုသမှုခံယူရနိုင်ပါသည်။

9️⃣ အူလိမ်ခြင်း
နာတာရှည် ဝမ်းချုပ်ခြင်း‌ ကြောင့် အူများအချင်းချင်း လိမ်ပြီးချည်မိသကဲ့သို့ဖြစ်ကာ အူလမ်းကြောင်းပိတ်ဆို့ခြင်းနှင့် ပြင်းထန်သော နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

🔟 ဂရင်ဂျီနာ
အမြဲတစေ ရောင်ရမ်းခြင်းသည် စအိုနှင့် အနီးတစ်ဝိုက်တွင်ပုံမှန်မဟုတ်သော လိုဏ်ခေါင်းကဲ့သို့ လမ်းကြောင်းများ ဖြစ်ပေါ်လာနိုင်ပြီး မကြာခဏ ခွဲစိတ်ရန် လိုအပ်နိုင်ပါသည်။

💡ဝမ်းချုပ်ခြင်းကို ကာကွယ်ရန် ရိုးရှင်းသော အကြံပြုချက်များ

✔️ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကိုစားပါ။
✔️ ရေများများသောက်ပါ။
✔️ တက်ကြွစွာ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
✔️ အကျင့်တစ်ခုဖြစ်စေရန် ၀မ်းသွားခြင်းအတွက်အချိန်တစ်ခုသီးသန့်ပေးပါ။
✔️ကြာရှည်စွာဝမ်းချုပ်နေပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အစာခြေစနစ်ရဲ့ ကျန်းမာရေးကို ကောင်းမွန်အောင် ဆောင်ရွက်ကြပါစို့ လို့တိုက်တွန်းရင်း Kan Yeik Thar Wellness Center မှ ကျန်းမာရေး ဗဟုသုတများမျှဝေလိုက်ရပါသည်။

⭐️သန့်ရှင်းသော ပတ်ဝန်းကျင်၊ 🍀စိတ်ငြိမ်သော ရပ်ကွက်၊ 🏥 နွေးထွေးပျူဌာသော ဝန်ဆောင်မှုနှင့် 🏡 မိမိအိမ်လိုမျိုး ခံစားရမယ့်နေရာ...
20/11/2024

⭐️သန့်ရှင်းသော ပတ်ဝန်းကျင်၊
🍀စိတ်ငြိမ်သော ရပ်ကွက်၊
🏥 နွေးထွေးပျူဌာသော ဝန်ဆောင်မှုနှင့်
🏡 မိမိအိမ်လိုမျိုး ခံစားရမယ့်နေရာမျိုးမှာ ကျွမ်းကျင် သူနာပြုနှင့် 🧑‍⚕️🩺ဆရာဝန် များမှ သေချာစွာ စောင့်‌ရှောက်မှုပေးနေတဲ့့🍃 "ကန်ရိပ်သာ အထူးကု ဆေးခန်း" 🍃မှာ ကင်ဆာဆေးသွင်း ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ 🕖မနက် 7 နာရီမှ ည 7 နာရီ 🕘အထိ ဘိုကင်ပေးပြီး ဝန်ဆောင်မှု ရရှိနိုင်ပါပြီ။

တစ်နေရာတည်းမှာပင် 🧑‍⚕️🩺ကင်ဆာအထူးကု ဆရာဝန်ကြီးများနှင့် ပြသနိုင်ခြင်း၊ ခေတ်မီ စက်ကိရိယာများ ( Infusion pump, Syringe pump ) များဖြင့် ကင်ဆာ ဆေးသွင်းပေးခြင်း၊ UV Rays ဖြင့် ပိုးသတ်ထားသော အခန်းထဲတွင် Biosafety Level II Cabinet အသုံးပြု၍ ကျွမး်ကျင် သူနာပြုများမှ ကင်ဆာ ဆေးဖျော်ခြင်းများနှင့် ဓာတ်မှန်ရိုက်ခြင်း၊ အာထရာလ်ဆောင်းရိုက်ခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်း တို့ကိုလည်း တစ်ခါတည်း ပြုလုပ်နိုင်ပါတယ်။

🍃နွေးထွေးပျူဌာ စိတ်ချမ်းမြေ့ရမှာ
Kan Yeik Thar Wellness Center 🍃

🏥ကင်ဆာဆေးသွင်း ဝန်ဆောင်မှု အကြောင်း နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သလို Kan Yeik Thar Wellness Center ( ကန်ရိပ်သာ အထူးကု ဆေးခန်း) ၏ Facebook Messenger မှာလည်း လာရောက် မေးမြန်း နိုင်ပါသည်။

📱: 09 977 80 9091, 09 450 60 4041
🏥: No(15), Kan Yeik Thar Street, Mayangone Township, Yangon.
✉️: info.kanyeikthar@leo-hms.com
Managed By LEO HMS





🩺👨‍⚕️အူမကြီးနှင့် စအိုရောဂါ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ မျိုးသက်အောင် သည် ကန်ရိပ်သာ အထူးကုဆေးခန်းတွင် လူနာများအား တ...
18/11/2024

🩺👨‍⚕️အူမကြီးနှင့် စအိုရောဂါ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ မျိုးသက်အောင် သည် ကန်ရိပ်သာ အထူးကုဆေးခန်းတွင် လူနာများအား တိုင်ပင်ဆွေးနွေး ကုသမှု ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။ 👨‍⚕️🩺

📜အသေးစိတ် စုံစမ်းမေးမြန်းခြင်း နှင့် Booking တင်ရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

📲: 09 977809091, 09450604041
🏨: အမှတ်(၁၅)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ုကုန်မြို့
📧: info.kanyeikthar@leo-hms.com
Managed by LEO HMS





🍃စိတ်ကျန်းမာရေး အထူးကု သမားတော်ကြီး Asso.Prof. Htun Sandar Linn သည် ကန်ရိပ်သာ ကျန်းမာရေး ဆေးခန်းတွင် လူနာများအား တိုင်ပင...
08/11/2024

🍃စိတ်ကျန်းမာရေး အထူးကု သမားတော်ကြီး Asso.Prof. Htun Sandar Linn သည် ကန်ရိပ်သာ ကျန်းမာရေး ဆေးခန်းတွင် လူနာများအား တိုင်ပင်ဆွေးနွေး ကုသမှု ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။🍃

🌟အသေးစိတ် စုံစမ်းမေးမြန်းခြင်း နှင့် Booking တင်ရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

📲: 09 977809091, 09450604041
🏨: အမှတ်(၁၅)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
📧: info.kanyeikthar@leo-hms.com
Managed by LEO HMS





🍃အဆုတ်နှင့် ရင်ခေါင်းခွဲစိတ် အထူးကု ဆရာဝန်ကြီး 👨‍⚕️Dr. Min Thant Naing သည် ကန်ရိပ်သာ ကျန်းမာရေး ဆေးခန်းတွင် လူနာများအား ...
14/10/2024

🍃အဆုတ်နှင့် ရင်ခေါင်းခွဲစိတ် အထူးကု ဆရာဝန်ကြီး 👨‍⚕️Dr. Min Thant Naing သည် ကန်ရိပ်သာ ကျန်းမာရေး ဆေးခန်းတွင် လူနာများအား တိုင်ပင်ဆွေးနွေး ကုသမှု ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။

အသေးစိတ် စုံစမ်းမေးမြန်းခြင်း နှင့် Booking တင်ရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်
📲: 09 977809091, 09450604041
🏨: အမှတ်(၁၅)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
📧: info.kanyeikthar@leo-hms.com
Managed by LEO HMS





🍃 အထွေထွေရောဂါ အထူးကု သမားတော်ကြီး Dr. Zar Chi Lwin သည် ကန်ရိပ်သာ ကျန်းမာရေး ဆေးခန်းတွင် လူနာများအား တိုင်ပင်ဆွေးနွေး ကု...
30/09/2024

🍃 အထွေထွေရောဂါ အထူးကု သမားတော်ကြီး Dr. Zar Chi Lwin သည် ကန်ရိပ်သာ ကျန်းမာရေး ဆေးခန်းတွင် လူနာများအား တိုင်ပင်ဆွေးနွေး ကုသမှု့ ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။🍃

🧑‍⚕️အသေးစိတ်စုံစမ်းမေးမြန်းခြင်း နှင့် Booking တင်ရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

📲: 09 977809091, 09450604041
🏥: အမှတ်(၁၅)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
📧: info.kanyeikthar@leo-hms.com






#အထွေထွေရောဂါအထူးကုဆရာဝန်ကြီး

🚩Kan Yeik Thar Wellness Center တွင် အောက်ဖော်ပြပါ နား ၊နှာခေါင်း၊ နှင့် လည်ချောင်းအထူးကု ဆရာဝန်ကြီးများမှ ရောဂါရှာဖွေ၍ လ...
27/09/2024

🚩Kan Yeik Thar Wellness Center တွင် အောက်ဖော်ပြပါ နား ၊နှာခေါင်း၊ နှင့် လည်ချောင်းအထူးကု ဆရာဝန်ကြီးများမှ ရောဂါရှာဖွေ၍ လိုအပ်သည်များအားအကြံပေး ကုသပေးလျက်ရှိပါသည်။
🚩ရက်ချိန်းကြိုတင်ယူရန်နှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို ကန်ရိပ်သာ Wellness Center ရဲ့ Facebook Messanger မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်
📲 : 09 977 80 9091, 09 450 60 4041
🏨: အမှတ် (၁၅)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
📧: info.kanyeikthar@leo-hms.com


#နား၊နှာခေါင်း၊ နှင့် လည်ချောင်းအထူးကု သမားတော်ကြီးမျာ:

Address

Kan Yeik Thar Street
Yangon

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959977809091

Website

Alerts

Be the first to know and let us send you an email when Kan Yeik Thar Wellness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kan Yeik Thar Wellness Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category