01/02/2026
အအေးမိတုပ်ကွေးရောဂါများအတွက် ခရမ်းကစော့သီး
မြန်မာအမည် -ခရမ်းကစော့သီး
အင်္ဂလိပ်အမည် - Turkey berry , prickly nightshade
ရုက္ခဗေဒအမည် - Solanum torvum
🌳ခရမ်းကစော့သီးဟာ ခြုံပုတ်သဏ္ဌာန် နှစ်ရှည်ခံပင်ဖြစ်ပြီး တောင်ပေါ်ဒေသများတွင် အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။ သူ့ရဲ့ အရွက်များဟာ ခရမ်းသီး အရွက်နဲ့တူညီပြီး လုံးဝန်းသော အသီးခိုင်လေးများ သီးကြပါတယ်။ အသီးလေးများသည် မှည့်ပါက အဝါရောင်ပြောင်းပြီး အထဲတွင်ပါဝင်သောအစေ့များသည်လည်း အမဲရောင်ပြောင်းသွားကြပါတယ်။
🤒 ခရမ်းကစော့သီးဟာ အအေးမိတုပ်ကွေးဖြစ်ခြင်းများ ကုသရာတွင် နာမည်ကြီးသော အသီးတစ်မျိုးဖြစ်ပါတယ်။
သူ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့
🟡 ခရမ်းကစော့သီးမှာ ပါဝင်သော ပိုးသတ်အာနိသင်များကြောင့် အအေးမိတုပ်ကွေးရောဂါများ မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ပန်းနာရင်ကျပ် ရောဂါများကြောင့် ချွဲ၊သလိပ်များထွက်ခြင်း ၊အဆုတ်ရောင်ခြင်းများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
🟡 ခရမ်းကစော့သီးမှာ ပါဝင်တဲ့ ဗီတာမင်စီများဟာ သံဓာတ်စုပ်ယူမှုကိုတိုးစေပြီး သွေးနီဥဖြစ်ပေါ်မှုကို အားပေးသောကြောင့် သွေးအားနည်းရောဂါများမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးထဲရှိ ဂလူးဂိုစ့်ပမာဏကို ထိန်းညှိနိုင်သောကြောင့် ဆီးချိုရောဂါများ မဖြစ်အောင်ကာကွယ်ပေးကြပါတယ်။
🟡 သူ့မှာပါဝင်သော flavonoids, alkaloids, glycoside များကြောင့် နှလုံးသွေးကြောကျဉ်းရောဂါများကို ကာကွယ်ပေးပါတယ်။
🟡 ခန္ဓာကိုယ်ထဲမှာ uric acid, urea နှင့် အခြားအဆိပ်အတောက်များကို ဆီးနှင့်အတူပါသွားစေသောကြောင့် ကျောက်ကပ်ရောဂါများကို ကာကွယ်ပေးတဲ့အပြင် ဂေါက်ရောဂါရှိသူများအတွက်လဲ ကိုယ်လက်နာကျရောင်ရမ်းမှုများကို သက်သာစေပါတယ်။
🟡 ခရမ်းကစော့သီး အမှည့်ကို စားသုံးခြင်းဖြင့်လဲ ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးစေပါတယ်။
#ကျန်းမာရေးဗဟုသုတရကြပါစေ ゚viralシ