ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ

  • Home
  • Myanmar
  • Yangon
  • ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ

ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ ဒူးနာ ခါးနာအဆစ်အမြစ်ယောင်ခြင်း၊ကျီးပေါင်းအမျိုးမျိုး၊​ညောင်ညာကိုက်ခဲမှုတိုင်းတွက်ဟန်နုမာန်ရှိတယ်

ဆရာကြီးဦးရန်အောင်၏ အသုံးဝင်ဆေးနည်းများ🌹🌹🌹🌹🌹 ၁ -  ရေချိုးနည်း၂ - နှာခေါင်းပိတ်သလိပ်ထွက်အသားယားခြင်း၃ - အပူထုတ်ရေချိုးနည်း...
19/02/2026

ဆရာကြီးဦးရန်အောင်၏ အသုံးဝင်ဆေးနည်းများ
🌹🌹🌹🌹🌹

၁ - ရေချိုးနည်း
၂ - နှာခေါင်းပိတ်သလိပ်ထွက်အသားယားခြင်း
၃ - အပူထုတ်ရေချိုးနည်း
၄ - ညအိပ်ရာဝင်လေရှူ
၅ - ဓာတ်ညီအောင်နေထိုင်နည်း
၆ - လက်တုန်ခြင်း
၇ - ခါးနာခြင်း
၈ - ရေဖျဉ်း
၉ - အဆစ်နာ - အဆစ်များကိုက်
၁၀ - ဆရာကြီးဆေးခန်းလိပ်စာ

🌹၁။ရေချိုးနည်း

● ရေမချိုးမီ ရေတစ်ခွက်ကြိုတင်သောက်ပါ။
● ရေမချိုးမီ ဆီးအရင်သွားထားပါ။
● ရေမချိုးမီ ခြေဖဝါးကို ဆားပွတ်ပါ။
● ရေချိုးသည့်အခါရေကိုအစွန်းအဖျားမှစ၍လောင်းပါ။
● သိပ်အေးတဲ့ရေကို မချိုးရ ။
● သိပ်ပူတဲ့ရေကိုလည်းမချိုးသင့် ။
● နွေရာသီမှာ မနက်၇နာရီကစပြီး နေပြထားတဲ့ရေနဲ့ နံနက် ၁၁ နာရီမှာ ချိုးပေးပါ။
● အကယ်၍ သိပ်အေးရင် အခါးရွက်ပြုတ်ရည်ကို ကိုယ်အပူချိန်နဲ့မျှရုံချိုးသင့်ပါတယ်။
● ဆပ်ပြာကိုလည်း ရှားစောင်းလက်ပတ် မန်ကျည်းတို့ပါဝင်တဲ့ ဆပ်ပြာကိုသုံးပါ။
● ရေချိုးပြီးတဲ့အခါ ခြောက်အောင်သုတ်ပါ။
● သနပ်ခါးရေကျဲကို နေ့စဉ် မှန်မှန် လိမ်းပေးပါ။

••••••••••

🌹 ၂။နှာခေါင်းပိတ်ပြီးသလိပ်ထွက်ခြင်း အသားယားခြင်း နားသိပ်မကြားခြင်း

မနက်ပိုင်း နှာခေါင်းပိတ်ပြီးသလိပ်ထွက်ခြင်း အသားယား နားသိပ်မကြားရခြင်း

နေထိုင်စားသောက်ပုံ ...

ခရမ်းမှ ၈၅ နှစ်အမေအတွက်
ယားတယ်ဆိုတာ -အခါးဓာတ်နည်းတာ ရေချိုးသည့်အခါ အခါးသုံးရမယ် ။
ခရမ်းမှာ ကန့်ကလာပေါတယ် ကန့်ကလာရရင် ကန့်ကလာကိုပြုတ်ပြီးရေချိုးပေး
ကန့်ကလာကို ဟင်းချိုချက်သောက်ရင် နှာပိတ်တာ အလွယ်လေးထွက်သွားမယ်။

ဒီလိုအချိန်မှာ အားဆေးတွေများများတိုက်ရင် အရွယ်နဲ့မမျှ အစာမကြေပဲ အားမရှိ
အဲဒီလိုရောဂါဘက်ကိုယိုင်သွားတတ်။အားဆေးကိုတတ်ကြွမ်းတဲ့ဆရာညွန်သည့်အတိုင်းတိုက်ပါ - မလိုအပ်ပဲဆေးတွေတိုက်ရင် ဆေးပိတာများတယ်။

ကြိုတင်သတိထားမှာက အိပ်ရာနာ Bed Soreကိုသတိထားပါ - အသက်ကြီးလာရင်ခြေထောက်ဖော. မျက်နှာအမ်း အိပ်ရာနဲ့ထိတွေ့တာများတဲ့အပိုင်း အိပ်ရာနာ နီရဲလာရင် ကွမ်းသီးကို သွေးလိမ်းပါ ။

ခြေထောက် လက်တွေ ယောင်တာဖောတာဖြစ်ရင် ကနဖော့ရိုးနီ ( ရေကနဖော့)ကိုပြုတ်တို့ သုပ် ချဉ်ရေချက် ကျွေး (အာကာသကောင်းတာကိုကျွေးပါ)မကျည်းရည်နဲ့သုပ်စားသင့်တယ်။

- ငါကြိုက် ( ရှောင်ခိုင်းရင်မရှောင်)
- ရောဂါကြိုက် ( ချဉ်ခြင်းတပ်တာ)
- ဓာတ်ကြိုက် ( သူ့အတွက်အကျိုးပြုတာ)

● နားသိပ်မကြားရတာ - အသက်ကြီးတဲ့အခါ အာရုံကြောအားနည်းတယ်
နားအောက်ခြေတဝိုက် ပစောက်ပုံ ( နားရှေ့ကနေ နားနောက်ထိ ) ကရမက်ရည်ကျဲကျဲလေးကို လက်ဖျားမှာဆွတ်ပြီး လက်နှစ်ဖက်နဲ့ စုံပွတ်ပေးပါ ။

●တခါပွတ်ရင် ၇ ကြိမ်လောက် စုံပွတ်ပါ - ကနဖော့ကျွေးရင်လည်းပြန်ကြားလာနိုင်ပါတယ်။
သတိထားရမှာက အိပ်ရာနာမဖြစ်ဖို့ပါ။

•••••••••

🌹 ၃။ အပူထုတ် ရေချိုးနည်း

လူတွေမှာ ငုတ်လှောင်အောင်းနေတဲ့ အပူတွေ ရှိပါတယ် ။ဒီ အပူတွေကို ရေချိုးပြီး မထုတ်ရင် အန္တရာယ်ရှိပါတယ်။
အောင်းပူတွေကို စနစ်တကျမထုတ်ဘဲ ကန်ထွက်နေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။
ဒါကြောင့် ရေချိုးနည်း မှန်ဖို့လိုပါတယ်။
ရောဂါ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူတိုင်းအတွက် အောင်းပူတွေ ထွက်စေမယ့်
(အနှိပ်မခံဘဲ )အပူထုတ်နည်းကို ပြောပြပါမယ် ။

၁ - ရေမချိုးခင် အပူထုတ်နည်း..
မန်ကျည်ရေ ခပ်ကျဲကျဲ ခပ်ပါးပါးလေးခန္ဓာကိုယ်တခုလုံးကို ပွတ်ပါ ။

၂ - ဆားနည်းနည်းဖြင့် -
ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့ /ညာခြေဖဝါးကို ဘယ်လက်ဖဝါးနဲ့ အလျားလိုက်အကြိမ် ၅၀ ခန့် ပွတ်ပါ ။

၃ - ၁၀ မိနစ်ကြာမှရေချိုးပါ ။

၄ - ရေချိုးရာမှာ ဝုန်းကနဲ ရေတန်းမချိုးပါနဲ့
ခြေရေလက်ရေ ကိုဖြစ်သလို စ မလောင်းပါနဲ့။
ပေါင်အလယ် လက်မောင်းအလယ် အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ပေါင်အလယ် လက်မောင်းအလယ်က စလောင်းပြီး အစွန် အဖျားတွေကိုလောင်းပါ ။
ပြီးတော့ မျက်နှာသစ်မယ် - တစ်ကိုယ်လုံး ချိုးမယ် -
ဒီလို စိတ်ရှည်လက်ရှည် ချိုးပေးရင် အပူတွေ တစိမ့်သိမ့်ထွက်စေပါတယ်။

အထူးမှတ်သားရမှာက -
ဆားပွတ် ပြီး ရေချိးပါ -
ရေမချိုးဖြစ်ပဲ ဆားမပွတ်ပါနဲ့ -
ည အခါ ညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။
ဒီလို မဟုတ်ရင် မျက်စိနာတတ်တယ် မျက်ဝတ်တွေ ထွက်တတ်ပါတယ် ။

•••••••••••

🌹 ၄။အိပ်ရာဝင်လေရှူပြီးမှ အိပ်ပါ

ညစဉ် အိပ်ရာထဲရောက်လျှင် ပက်လကအနေအထားနဲ့ ခေါင်းအုံးမပါစေပဲခြေလက်တို့ကို ဆန့်ထားပြီး စိတ်ကိုလျှော့ထားပါ။
အသက်ကို မှန်မှန်ဖြည်းဖြည်း တဝကြီး.နှာခေါင်းဖြင့်ရှူသွင်းပါ -
ပါးစပ်မှ အကုန် ပြန်ထုတ်ပါ. - ၂၁ ကြိမ်ခန့် ပြုလုပ်ပါ ။
တစ်လခန့် ကြာလာပါက အိပ်ရာထတွင် ပေါ့ပါး ကြည်လင်လာသည်ကို တွေ့ရပါမည်။

••••••••••

🌹 ၅။ဓါတ်ညီအောင်နေထိုင်နည်း

ဓါတ်ညီအောင်နေထိုင်နည်းက
ဆီး ဝမ်း သွေး လေ မှန်အောင် နေထိုင်နည်းဖြစ်
ပါတယ် ။
ဝမ်းမှန်အောင်ကျင့်ပါ
ဝမ်းမှန်ဖို့က အချိန်မှန်မှန်စားပါ
အစားကို တစ်ကြိမ်နဲ့တစ်ကြိမ် ၃ ဂနာရီ ၄ နာရီခြားခွာစားပါ။
ပမာဏမှန်ပါစေ - ၆၅ ကျပ်သားကနေ ၉၀သားခန့်ထိသာ စားပါ။
စားတဲ့ ရသ ဓာတ်ကိုပြည့်စုံအောင်စားပါ - ချို ချဉ် စပ် ဖန် ခါး အငန် မျှတအောင်စားပါ။
စားလျှင် ညက်ညက် ဝါးစားပါ - အစားတလုပ်ကို ၁၀ ချက်ဝါးစားပါ။

ရေကိုမှန်မှန်သောက်ပါ - တစ်နေ့ကို ရေသန့်ဘူးပြီး ၂ ဘူး အနည်းဆုံးသောက်ပါ။

ဆီး မကျန်အောင် နေ့စဉ်အခါးရွက်ပြုတ်ရည် သို့မဟုတ် အခါးရွက်ဟင်းချို ၁ ခွက်ဝင်အောင် စားသောက်ပါ။
ဆေးကုလားမနဲ့ အုန်းနုရည်ကို တစ်ပတ် ၂ ခါသောက်ပေးပါ -
အာရုဏ်တက်မှာ သွားချင်တဲ့ဆီးကို အောင့်ထားလျှင် ဆီးပုပ်ပြီး ပိုးပွားစေတာမို့ မပျင်းမရိ ဆီးထသွားပါ။
လေမကျန်အောင် ပဲကတ္တီပါ (ပဲနီပြား ) ပြုတ်ကို ကြက်သွန်နီ ဆီစိမ်းသန့်သန့်. ဆားလှော်ထည့်ပြီး တပတ်အနည်းဆုံး ၃ ရက်မှ ၅ ရက် စားပေးပါ ။

မြန်မာ့ရိုးရာ တစ်နေ့ ထန်းလျက် ၁ ခဲ စားလျှင်လည်း လေမကျန်ဘူး အပေါ် အောက်
လျောလျာလျူလျူ သွားရင် လေပုပ်လေသိုးတွေ မရှိတော့တဲ့အတွက် စီပိုးကို အများကြီး ထိန်းနိုင်မယ်။

ဆီး၊ဝမ်း၊သွေး၊လေ မှန်နေရင်
အသက်ကို ထောက်ပံ့ထားမယ် အိုမင်းရင့်ရော်မူ
နှေးပြီးအရွယ်လည်းတင်မယ်။

••••••••••

🌹 ၆။လက်တုန်ခြင်း

လက်တုန်တာက လေမျိုး ၈၀ ကို ချုံ့လိုက်ရင် ၆ မျိုးပဲရှိတယ် သိရုံလေး အတွဲလိုက်ပြောချင်ပါတယ် . -
၁ - အထက်ကိုဆန်လေနဲ့ အထက်ကိုစုန်လေ
(ကြို့ထိုးမယ် သန်းမယ်. တဂေ့ဂေ့နဲ့လေတက်မယ် )ဒါတွေက အထက်ဆန်လေ။
၂ - ဝမ်း. ရာသီသွေး. သားသမီး. မီးဖွားတာတို့က အောက်ကိုစုန်တဲ့လေက လုပ်ဆောင်တယ်။
၃ - အူ ပြင်ပ ဝမ်းဗိုက်ထဲက တည်သောလေ -
( နှလုံးတုန်ခြင်း ရင်ခုန်ခြင်း မောပန်းခြင်းတို့ကို ဖြစ်စေတယ်) အဆုတ်. နှလုံး. ကျောက်ကပ် စတာတွေကို နေရာမှန်အောင် ထောက်ပံ့ပေးတယ်။
၄ - အူတွင်းခေါင်း အောင်းတဲ့လေ - ( အူတလျှောက်မှာတည်ရှိသည် )
အစာအိမ်ကနေအူသိမ် / အူသိမ်ကနေ ဝမ်းသွားလမ်းကြောင်းအထိရှိနေတဲ့လေ -
သူက လေထိုးခြင်း , လေအောင့်ခြင်း , လေပွခြင်း. , လေကျပ်ခြင်းတို့ကိုဖြစ်စေတယ်။
၅ - ဝင်လေ ထွက်လေ ( အသက်ရှူတဲ့လေဖြစ်တယ်)
၆ - အဂါင်္ကြီးငယ် သွားတဲ့လေ - အဂါင်္ကြီးငယ် အစွန်အဖျားတွေကို ပျံ့နှံ့တယ်
ကွေးခြင်း ဆန့်ခြင်းကို ပြုလုပ်စေတယ် - မြှောက်ခြင်း၊ဆန့်ခြင်း၊ထိုင်ခြင်း၊ထခြင်း တွေအတွက် အရေးကြီးတယ်။

လက်တုန်တာက အဂါင်္ကြီး ငယ်သွားတဲ့ လေ အားနည်းသွားတာ ဖြစ်တယ်။
ဘယ်ဘက်လက်တုန်တယ်ဆိုတော့ ဘယ်ဘက်ခြမ်းမှာ အားနည်းသွားတာပေါ့ -
ဒီလို အားနည်းသွားတဲ့လေ ပြန်ပြည့်အောင် အသက်ကို မှန်မှန် ရှူပေးရမယ် ။

◆ မိုးလင်းတာနဲ့ မျက်နှာသစ်ပြီး လေသန့်ရမဲ့နေရာမှာ နှာခေါင်းကလေကို ရှူသွင်းပါ
တဝကြီးရှူပါ - ၅ စက္ကန့်လောက် အောင့်ထားပါ - ပါးစပ်က ပြန်ထုတ်ပါ ။
တခါရှူရင်အကြိမ် ၂၀ လောက် ၂ နာရီကြား ၁ ခါလုပ်ဆောင်ပေးရင် သက်သာတတ်တယ်။ (အစွန် အဖျားသွားတဲ့လေကိုဖြည့်တာဖြစ်တယ်)

◆ ရေချိုးတိုင်း လက်ဝါး ၂ ဖက် ကိုရေစွတ်ပါ
- ဖြစ်တဲ့ဘယ်လက်ကို ပက်လက်လန်ပြီးအောက်ကခံမယ်
- ဆား မန်ကျည်းစေ့ ၁ စေ့ခန့်ထည့်မယ် ပြီးတော့ ညာဘက်လက်က အပေါ်မှောက်လက်မ လက်မ ခြင်း လက်ညိူးလက်ညိူးခြင်း ၂ လက်မလောက် အစွန်းထွက်အောင်ရှေ့နောက် ပွတ်မယ် အကြိမ် ၅၀ လောက်ပွတ်ပါ - ပြီးမှ ရေချိုးပါ -

- ရေချိုးပြီးရင် လက်မောင်း အလယ်လောက်မှ စပြီး ကရမက် (သို့) သနပ်ခါးကို ခြောက်သည်အထိ လိမ်းပါ - လက်နှစ်ဖက်စလုံးကို လိမ်းပါ - ကောင်းတဲ့ဖက်ကို အရင်စလိမ်းပါ ဖြစ်တဲ့ဘက်ကို နောက်မှလိမ်းပါ။

◆ လက်ကို ချိုမိုင်မိုင်လုပ်ပါ - လက်ဖဝါးဖြန့်မယ် ဆုပ်မယ် ၂ ဖက် ပြိုင်တူ လုပ်ရပါမယ်။
၁ ကြိမ်ကို ၂ နာရီကြာ ၁ ခါလုပ်ပါ - အားပါပါလုပ်ကြည့်ပါ - ၂၁လောက်အတွင်း
လက်တုန်တာ သက်သာလာပါလိမ့်မယ်။

••••••••••

🌹 ၇။ ခါးနာခြင်း

အသက်ကြီး ၇၀ကျော် ခါးနာခြင်း ခါးနာရင် အစား စာချင်စိတ်နည်းပါးတယ်။
မတန်တဆအလေးများ ခြင်း ချော်လဲပြီးဖြစ်ခြင်း ဖင်ထိုင်ရက်ကျခြင်း လမ်းကြမ်းမှာဆောင့်ခုန်မိခြင်း စက်ဘီး အမြင့်ပေါ်များမှပြုတ်ကျခြင်း...

မည်သည့် အကြောင်းကြောင်းဖြစ်စေ ဆေးပူ မလိမ်းပါနဲ့ သိပ်နာလျှင်ရေခဲကပ်ပါ ။

အကြောင်းရှာကြည့်ပါ။
သွေးစစ်ကြည့်ပါ
သွေးလေးဘက်နာ ဖြစ်ရင်လည်း အဆစ်အမြစ် ဒူးများနာတတ်သည်။
ကိုယ်ဝန်ဆောင်ချိန် ကလေးပေါင်များလျှင်လည်း ခါးနာတတ်သည်။
ခါးနာတာနဲ့ပတ်သက်သည့်လေ့ကျင့်ခဏ်းလုပ်ပါ
ရေကူးတတ်လျှင်ရေကူးပါ
ရေမကူးတတ်လျှင်လည်း လက်ကကိုင်ထားပြီး ခြေထောက်ကို ရေကူးသလို လုပ်ပေးပါ
ရေထဲမှာ ခြေခတ်ပေးပါ ။
အရိုးညှပ်နေတာဆိုရင်လည်းပြန်ပြေသွားလိမ့်မယ်။

ဒါမှမဟုတ် တန်းဘားလေးဆွဲပေးပါ
ခြေဖျားထောက်ပြီးကိုင်ပါ ဆွဲနိုင်သလောက်ဆွဲပေးပါ၊မြေနဲ့ ၁ လက်မလွတ်ရုံလောက်လေးပါ
ဆွဲလိုက်တော့ ကွာသွား ဟသွားမယ်ခြေဖျား ပြန်ချလိုက်တဲ့အခါ လွဲနေရင်ပြန်တည့်သွားမယ်။
လူ ခန္ဓာကိုယ်တည်ဆောက်ပုံက ထိုင်မတ်မတ် လမ်းလျှောက်မတ်မတ်မို့ -
လျောင်း. ထိုင်. ရပ်. သွား မှာ လျောင်းတာကလွဲလို့ ထိုင် ရပ်. သွား က မတ်မတ်သွားတာပါ ။

ခါးမှာရှိတဲ့အဆစ်ပေါင်း ၃၀ လောက်က အမြဲတမ်း ထောင်နေရတော့ ပြားသွားတာကပ်သွားတာ. ပိသွားတာ ရှိတတ်တယ် ။

အသက် ၇၀ ကျော်လို့ အမူမဲ့ အမှတ်မဲ့နေလိုက်ရင် အိပ်ရာထဲ ဘုံးဘုံးလဲနိုင်တယ်။
ပြင်လို့ရတဲ့အချိန်မှာ ပြင်စေချင်တယ် ကံကိုဦးတည်ပြောတာ။

ဆေးလိမ်းတာနဲ့ပတ်သက်ပြီး အပူလိမ်းတာကို အထူးဆင်ခြင်ပါ။
အပူလိမ်းတာက ခဏသက်သာတယ် အပူရှိန်ကုန်တဲ့အခါမှာထပ်ဆိုးလာမယ်။
လုံးချာလည်နေတတ်တယ်။
ရေခဲကပ်ကြည့်ပါ - ကရမက်လိမ်းကြည့်ပါ ။

အစာ အဟာရနဲ့ပတ်သက်လို့ အရိုးတွေဖြစ်ဖြစ် အကျိတ်တွေ. အသားပိုတွေထွက်ရင်ပဲဖြစ်ဖြစ် အဲဒါ အာကာသ ဓာတ်ဘဲ - အကြော်တွေစားမယ်ဆိုရင် အဲဒီရောဂါ မပျောက်နိုင်ဘူး ။

အရှင်းဆုံးပြောရရင် ကြက်ဥ ဘဲဥတောင်ကြော်ပြီးရင် အကြော်အတိုင်းမစားနဲ့။
မန်ကျည်းသီး ခရမ်းချဉ်သီးတို့နဲ့ ပြန်ချက်စားပါ။

အထက်အညာဒေသက ငါးရှားတယ် ငါးကြော်ထားမယ် ခရမ်းချဉ်သီး မန်ကျည့်မှည့်တို့နဲ့ ပြန်နှပ်စားပါ - ပါးစပ်က အကြော်မစားသလို နှာခေါင်းကလည်း ညှော်မိတာ အနံ့ပေါင်းစုံရှူတာမျိုးကိုလည်း ရှောင်ပါ ။
ညှော် ရှူမိရင်လည်း ခွေးတောက်ရွက်. မဲဇလီရွက်. ကြက်ဟင်းခါးရွက် (အေးခါးရွက် )များပို ခြေပြီးရှူပေးပါ။

နောက်တခုက မျက်စိအာကာသ - တီဗွီတစ်ချိန်လုံးဖွင့်ထားပြီးကြည့်တာ ကြာကြာထိုင်ကြည့်ရင် မကောင်းဘူး - အာကာသ ဓာတ်တွေကို မျက်လုံးကစားတာပေါ့.

စားတာကတော့ အအေးတွေစားပေါ့ ချို ချဉ် ခါး အေး အရသာတွေစားပေါ့

မန်ကျည်းရေလေးရေမချိုးခင်ပွတ် တကိုယ်လုံးပွတ် (၁၀မိနစ်)ကြာ - ခြေထောက် ဆားပွတ်ပြီးရေချိုး - ရေချိုးပြီး သနပ်ခါး သို့မဟုတ် ကရမက်လိမ်းပါ။

ရေထဲလမ်းလျှောက်နိုင်ရင် ရေထဲလမ်းလျှောက်ပေါ့ အဲဒါလေးတွေက ဘာမှမဟုတ်တာ
ပျောက်ချင်ရင်လည်းပျောက်သွားမှာ အနည်းနဲ့အများ အကျိုးရှိမှာပါ။

••••••••••

🌹 ၈။ရေဖျဉ်း

ရေဖျဉ်းက ရေကို လိုသလောက်ပဲသောက်ပါ
ပိုသောက်ရင် ခါးကော့ပြီးတောင့်တောင့်ကြီး ဖြစ်တတ်ပါတယ်. သင့်သလောက်ပဲသောက်ပါ။

တကယ်လိုတာက အခါးထဲမှာ ကနဖော့ရွက်ပါ
ကနေဖော့ကို များများမစားပဲ နည်းနည်းပဲစားပါ -
မြဲမြဲစား. မများနဲ့ တစ်နေ့ ၂ ပင်လောက်ပဲစားပါ။

ကနဖော့ အနီကိုစားပါ - စားတဲ့အခါမှာ တို့စား သုတ်စား ဟင်းချို. ချဉ်ရည်ဟင်းချက်စားလည်းရတယ် - နည်းနည်းနဲ့ မြဲမြဲစားရင် သက်သာပါလိမ့်မယ်။

◆ နောက်တစ်ခုက ကနဖော့ရွက်ကိုထောင်းပြီး အရည်ညှစ်မယ် ဟင်းသောက်ဇွန်း ၁ ဇွန်းစာနဲ့ ကရမက်အကြမ်းပုဂံ ၁ လုံးစာရောပါ ၂ ခုကိုမွှေပြီး လိမ်းပေးသင့်ပါတယ်။

ကနဖော့ရွက်များပေါများခဲ့ရင် ပြုတ်ပြီးရေချိုးပါ - တင်းတာတောင့်တာသက်သာမှာ သေချာပါတယ်။

ဆော်ဒါပါတဲ့အကြော်ကို လုံးဝရှောင်ရပါမယ်။
ဥပမာ - မနက် အိပ်ရာထ အီကြာကွေးစားမယ် စမူဆာစားမယ်ဆိုရင် ဆော်ဒါလည်းပါမယ်. အကြော်လည်းပါမယ် မစားသင့်ပါ။

ဝမ်းမှန်အောင်ကြိုးစားပါ - ဖီးကြမ်းငှက်ပျောသီး ဒိန်ချဉ် သီးစုံချဉ်ရည် အသီးအရွက်စားရင် ဝမ်းမှန်မယ်။

ဝမ်းမှန်မှ သက်သာမယ် ဝမ်းငုတ်ရင် နေရထိုင်ရ မသက်သာဖြစ်မယ်။

••••••••••

🌹 ၉။ အဆစ်နာ အဆစ်များကိုက်

အဆစ်နာ အဆစ်တွေကိုက်တာဟာ လေးဘက်နာ ၃ မျိုးထဲကသွေးလေးဘက်နာဖြစ်ဖို့များပါတယ်။

မိန်းကလေးတွေက အရွယ်ရောက်တာစောတယ် - ရာသီသွေးဆုံးတော့လည်း ၃၇ -၃၈
လောက်မှာသွေးဆုံးကြတယ် - ၃၉ သွေးဆုံးချိန်နီးကပ်လာတဲ့အခါ သတိထားပါ။

ဂဃနဏပြောချင်တာက
မွေးသည်မှ သေသည်အထိ စားနိုင်တာက အရသာ ၆ မျိုးပဲရှိပါတယ်။

ဆင်းရဲ ချမ်းသာစားနိုင်တာ ချို ချဉ် စပ် ဖန် ခါး အငန် အရသာ ၆ မျိုး ပဲရှိတယ် ။

၆ မျိုးအနက် ကြော် လှော် ကင်. မီးဖုတ်လိုက်ရင် ပကတိအစာကို သာမန်ထက် မာသွားတင်းသွား ကြွပ်သွား လုပ်တာနဲ့ အတူတူပဲ. ဒါကိုအာကာသ ဓာတ်လို့ခေါ်တယ်။

ရောဂါဆို အဟာရနဲ့ကုအစာလည်းဆေး ဆေးလည်းအစာ မတည့်သောအစာသည်ဘေးဆိုတဲ့အတိုင်း အဆစ်တွေ နာတာ ကိုက်တာတွေဟာ အစပ်နဲ့ အကြော်ကို လုံးဝရှောင်ရပါမယ်။
အစပ် အကြော်နေရာမှာ အစားထိုးရမှာက အချဉ်ပါ အချဉ်ကို အချိုနဲ့တွဲစားတဲ့အခါချဉ်ချို အရသာလေး မှန်မှန်စားပါ -

အခါးအေးပြီး ခါးတဲ့အခါးကို မှန်မှန်စားပါ။
အခါးနဲ့ချဉ်ချိုကို တွဲစပ်တဲ့အခါမှာ အနက်ကိုအေးခါး ညကို ချဉ်ချိုလေးစားပါ ။

ရေချိုးတိုင်း ရေချိုးတိုင်း ခံစားရတဲ့နေရာကို {၁၀ မိနစ်}စောပြီး မန်ကျည်းရည်ကျဲကျဲလေးပွတ်ပါ ပွတ်ပြီးမှ ရေချိုးပါ။ ရေချိုးပြီးရင် အပူနဲ့အအေးကိုယှဉ်လိမ်းကြည့်ပါ{ ၃ ရက်}စီလောက်ပါ ။

အပူလိမ်းရင် သက်သာမယ် မပျောက်ဘူး ပိုပိုဆိုးလာမယ် အပူမတည့်တဲ့သူပေါ့
အပူမတည့်ရင် အအေးကိုလိမ်းပါ ကရမက်နဲ့ သနပ်ခါးကိုသာ နိုင်အောင်လိမ်းရင် သည်
ဝေဒနာ ၇ ရက် ၉ ရက်လောက်မှာ တိုးတက်လာပါလိမ့်မယ်။

သွေးဆုံးကိုလည်း ဂရုစိုက်ပါ သွေးဆုံးကောင်းရင်မအိုပါ - အစပ် အကြော်တွေစားရင်တော့အန္တရာယ်ရှိပါတယ်။
#ကျန်းမာရေး
#ဟန်နုမာန်တိုင်းရင်းဆေး

 #ဒူးဆစ်ကိုက်  #ဒူးဂေါက်ကြောတင်း  #ခြေသလုံးနာတတ်သူတွေအတွက် မဖြစ်မနေ ၁ ဗူးတော့ ဆောင်ထားလိုက်ပါ 🤩 🔸Black Seasame Seeds - န...
19/02/2026

#ဒူးဆစ်ကိုက်
#ဒူးဂေါက်ကြောတင်း
#ခြေသလုံးနာတတ်သူတွေအတွက် မဖြစ်မနေ ၁ ဗူးတော့ ဆောင်ထားလိုက်ပါ 🤩

🔸Black Seasame Seeds - နှမ်းနက်စေ့ 🔸
- ကြွက်သားနာကျင်မှုတွက်ကောင်းမွန်စေတယ်
- အရိုးအဆစ် အရွတ်ကြောနယကျင်ယောင်ရမ်းမှုကို ကောင်းမွန်စေတယ်

🔸 Lemongrass - စပါးလင်မွေး 🔸
- အရေပြားတွင်မှိုစွဲခြင်း ယားယံခြင်းများတွက်ကေားင်းမွန်စေတယ်

🔸 Agar wood - သစ်မွှေးဆီ 🔸
- ရွှေနဲ့တန်ဖိုးတူပြီး နှလုံးကျန်းမာရေး ,အစာချေစနစ် နှင့်အသက်ရှူလမ်းကြောင်းစနစ်တွင်အထူးကောင်းမွန်စေတယ်

🔸 Jewel vine 🔸
- အဆစ်အမြစ်ယောင်းရမ်းမှုတွက် ကောင်းပြီး ခါးအောက်ပိုင်းနာကျင်မှုတွင်ကောင်းမွန်စေတယ်

🔸Cryptolepis dibia 🔸
- အနာကျက်လွယ်စေတယ်
- သွေးကြောတွင်းကြွက်သားများ ပြေလျော့စေတယ်

🔸Tumerio 🔸
- အရေပြားယားယံမှုကို သက်သာစေတယ်
- ကြွက်သားတောင့်တင်းမှုသက်သာစေတယ်

🔸 Black cumin 🔸
- အစာချေစနစ်တွက်အထူးကောင်းမွန်တယ်
- လေထိုး လေအောင့် အစာမကြေခြင်းများတွက်ကောင်းမွန်စေတယ်

🔸 Cinnamon 🔸
- ကြွက်သားတောင့်တင်းမှုများပြေလျော့ပြီး ပေါ့ပါးလန်းဆန်းစေတယ်

🔸 Phlai 🔸
- ယောင်ရမ်းနာကျင်မှုတွက် သက်သာစေပြီး ဘယ်ရီဘယ်ရီရောဂါကို ကာကွယ်ဟန့်တားကူတယ်

🔸 Borneo camphor,Menthol, Camphor 🔸
- ကြွက်သားနာကျင်မှုများတွက် ပြေလျော့စေပြီး ပိုးမွှားအပျော့စားများကို သေစေနိုင်တဲ့ အာနိသင်ရှိတယ်

🔸 Moringa oil 🔸
- မက္ကနီဆီယမ်, ကယ်လစီယမ် နှင့် ဗီတာမင် - ဒီ ပါဝင်ထားပြီး အရိုးအဆစ်သန်မာစေတယ်

⚜ ထိုင်းနိုင်ငံတွင် The best Creation award ရရှိထားပါသည် ⚜


18/02/2026
မနက်ခင်းရဲ့မင်္ဂလာတစ်ပါးကိုဟန်နုမာန်နဲ့အစပြု #ခါးနာတာဆေးထိုးဆေးသောက်စရာမလိုပဲနဲ့ကိုကပ်ခွာကပ်လိမ်းဆေးလိမ်းပြီးသက်သာလာမှု👉...
18/02/2026

မနက်ခင်းရဲ့မင်္ဂလာတစ်ပါးကို
ဟန်နုမာန်နဲ့အစပြု

#ခါးနာတာဆေးထိုးဆေးသောက်စရာမလိုပဲနဲ့ကိုကပ်ခွာကပ်လိမ်းဆေးလိမ်းပြီးသက်သာလာမှု
👉ဟန်နုမာန်ဆေးကပ်ခွာ တစ်လ လိမ်းဆီ တစ်လစာနဲ့တင် နှစ်ချီတဲ့အထိပြန်မနာပဲသက်သာတာ နည်းတဲ့သက်သာမှုလားနော်😍

အပြောမဟုတ်ဘူးနော်
ပုံထဲကဦးလေက ဘီးလင်းမြို့ လူမှု့ကယ်ဆယ်ရေးဥက္က ဋ္ဌပါ
ပထမတစ်ခါမှာပြီးထဲကမမှာလာတော့တာ
အခု ဒုတိယအခေါက်မှာချိန်က တစ်နှစ်ကျော်ပြီးမှပြန်မှာတာ (ခါးကြောညှပ်တာလေးအရင်မှာတာသက်သာသွားတယ်တဲ့) အခုမှပြန်ဖြစ်လို့ပါတဲ့လေ

🛑ဒီမှာပြောစရာရှိတာက ပြန်ဖြစ်ရတဲ့အကြောင်းအရင်းပါ🛑

ခါးကြောညှပ်ခြင်း ခါးနာခြင်းဆိုတာက
နာနေချိန်မှာ ဆေးပဲထိုးထိုးဆေးပဲသောက်သောက် သောက်ပြီးခဏသက်သာတတ်တဲ့အမျိုးဖြစ်ပြီး
အနေအထိုင်မှားတာနဲ့ပြန်ဖြစ်တတ်ပါတယ်

အချိန်ကြာကြာသက်သာမှုရပြီး အမြန်သက်သာဖို့က
ဝေဒနာဖြစ်သူရဲ့ နေထိုင်မှုအစားအသောက် မှန်ကန်ခြင်းရှိမရှိ
လေ့ကျင်ခန်း လုပ်ခြင်းအပေါ်သာမူတည်ပါတယ်

ဝေဒနာရှင်က အနေအထိုင်မှန် အစားအသောက်မှန် ပုံမှန်လေး
လေ့ကျင့်ခန်းလုပ်ပေးတာနဲ့ကိုရောဂါက70% သက်သာပါတယ်

ကျန်တာကတော့ ဆေးသုံးစွဲမှုကနေသက်သာမှုယူရပါမယ်
ရောဂါရဲ့အတိမ်အနက်ပေါ်မူတည်ပြီးတော့ ဆေးသုံးစွဲရမလား ဆရာဝန်ပြသင့်လားကို​တော့ သေချာလေးသတိထားပေးရပါမယ်နော်

​ဝေဒနာရှင် တစ်ဦးရဲ့အမှန်အကန်သက်သာမှုလေးကိုပြန်လည်မျှဝေပေးခြင်းမို့
ရောဂါဘယကင်းဝေးပြီး
ကျန်းမာခြင်းဆုလာဘ်ကိုပိုင်ဆိုင်နိုင်ကြပါစေ🍀
18.2.2026✅
ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ
Ei Mon

ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ် ===================ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာမ...
15/07/2025

ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
တွေကြောင့်လို့သိရပါတယ်။

ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ ရေသောက်ခြင်း

ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ တရုတ်နံနံ

တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ ဗိုစားပဲ

ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ ပန်းသီး

ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ ငှက်ပျောသီး

ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ ရှောက်သီးနဲ့ သံပရိုသီး

ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ နာနတ်သီး

ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ သင်္ဘောသီး အစိမ်း

သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

၂ - ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

၃ - မုန်လာဥနီ
- မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

၄ - ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

၅ - ရေ
- ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၆ - ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၇ - တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

၈ - ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

၉ - ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

၁၁ - ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
တားဆီးပေးနိုင်ပါတယ်။

မစားသင့်သည့်အစားအစာများ

1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Crd
#ကျန်းမာရေး
#ဗဟုသုတ
#ဂေါက်ရောဂါ

🙏ကုသိုလ်ရပါတယ် များများ ရှယ်ပေးကြပါ 🙏 #ကျီးပေါင်းရောဂါအတွက် ဆေးနည်းဘယ်ဘက်လက် မလှုပ်နိုင်အေင် ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်...
13/06/2025

🙏ကုသိုလ်ရပါတယ် များများ ရှယ်ပေးကြပါ 🙏

#ကျီးပေါင်းရောဂါအတွက် ဆေးနည်း

ဘယ်ဘက်လက် မလှုပ်နိုင်အေင် ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်း လေဖြတ်သလိုဖြစ်လာသည့် ကိုအဏ္ဏဝါလိုင်းသည် ဆရာ၀န်နှင့်ကုသသော်လည်း မပျောက်သဖြင့် မြန်မာတိုင်းရင်းဆေးနည်းဖြင့် အနှိပ်ခံကြည့်ရာ ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊ ဓါတ်မှန်ရိုက်ကြည့်ရန် အကြံပေးသဖြင့် ရိုက်ကြည့်ရာ လည်ဆစ်ရိုးတွင် ကျီးပေါင်းတက်နေကြောင်း တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့ တက်ရောက်ကုသခဲ့သည်။

အရိုးအဆစ်တို့တွင် ကျီးပေါင်းတက်လာသဖြင့် အာရုံကြောများကို ဖိထားကာ အာရုံကြောများ မလှုပ်ရှားနိုင်ပါက လေဖြတ်နိုင်သည့်အပြင် အချိန်မရွေး သေသွားနိုင်ကြောင်း သိရှိရသဖြင့် ဆေးရုံမှ ကုသနည်းအတိုင်း ကုသခဲ့သည်။ သက်သာ၍ ဆေးရုံကဆင်းပြီး မကြာခင်မှာပဲ ပြန်ဖြစ်လာ၍ မန္တလေးဆေးရုံကြီးသို့ ကုသခဲ့ပြန်သည်။ အနည်းငယ် သက်သာလာသော်လည်း မပျောက်ခဲ့ပါ။

သင်္ကြန်အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်းတွင် မိတ်ဆွေများနှင့်အတူ သင်္ကန်း၀တ်ကြရာ ကျောင်းထိုင်ဆရာတော်မှ ကျီးပေါင်းဆေးနည်းကို ညွန်ပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင် ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ သက်သာခဲ့ပြီး ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝပျောက်ကင်းခဲ့ပါသည်။

#ဆေးနည်း

(၁) ဆေးဆိုင်များမှ ဆားခါး (Epsom Salt) ကို (၂၅) ကျပ်သားခန့် ၀ယ်ယူပါ။

(၂) ဆားခါးကို အ၀တ်သန့်သန့်ဖြင့် ကြပ်ထုပ် ထုပ်ထားပါ။

(၃) ရေနွေးပူပူတည်ထား၍ ဆားခါးအထုပ်ကို ရေနွေးအိုးအဖုံးပေါ်ကို တင်ထား၍ အပူပေးကာ ကျီးပေါင်းတက်နေသည့်နေရာကို မိမိခံနိုင်သလောက် ကြပ်ထုပ်ထိုးပေးပါ။

(၄) အထုပ် ၂ ထုပ် ပြုလုပ်ထားပြီး တစ်ထုတ်ထိုးနေချိန် ကျန်တစ်ထုပ်ကို အပူပေးထားပြီး တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။

(၅) ကြပ်ထုပ်တစ်ခါထိုးလျှင် အနည်းဆုံး မိနစ်(၄၀)ခန့်ကြာအောင် ထိုးပေးပါ။

(၆) ကြပ်ထုပ်ထိုးနေစဉ် အတက်စာများကိုမစားပဲ ရှောင်နိုင်လျှင် ပိုကောင်းမည်။

၄င်းဆေးနည်းအတိုင်း စိတ်ရှည်ရှည်ဖြင့် မကြာခဏ ပြုလုပ်ပေးပါက ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ ပျောက်ကင်းသွားပါမည်။

Credit original uploader
==========×==========×==========

အရိုးကျီးပေါင်းမျိုးစုံတွက်
တကယ် သက်သာပျောက်ကင်းစေတဲ့
ဆရာ ကြည်လွင်မြင့်( မုဒြာ) ရဲ့

အကောင်းဆုံးကြပ်ထုပ် နည်းလေးပါ

ပြုလုပ်ပုံအဆင့်ဆင့် - . - . - .
နှစ်ကြာခါးနာ ၊ ဇက်ကြောတက်ဝေဒနာသည်များ ၊
ဆောင်းရာသီတွင်အအေးပတ်လျှင်ခေါင်းမူးတတ်သူများအတွက်. .. .
ရေနွေးငွေ့ဖြင့်အပူပေး၍အချိန်မရွေးကြပ်ထုပ်ထိုးပေးနိုင်ပါသည် ။ ၊ ။
အထုပ်နှစ်ထုပ်ပြုလုပ်ပြီးတစ်လှည့်စီ နာရီဝက်ခန့်ထိုးပါ ။ ၊ ။
မုံညှင်းဆီ ၊ နှမ်းဆီအရင်လိမ်းပြီးမှထိုးလျှင်ပို၍ချောမွေ့ပါသည်။
ဆေးခန်းသွား၍ငွေကုန်ခံမည့်အစားမိမိအိမ်တွင်သက်သာမည့်
နည်းလမ်းဖြစ်ပါသည်။
မိတ်သလင်တစ်မျိုးတည်းနှင့်ကျီးပေါင်းပြေ ၊ဒဏ်ကျေစေနိုင်ပါသည်။
ပရဆေးဆိုင်မှာ " မိတ်သလင်ဥ " ဝယ်ပြီး
" အမှုန့် ကြိတ် " လိုက်လျှင်ရပါသည်။
အခိုးထွက်သည့် ပိတ်စ အကြမ်းကိုအသုံးပြုပါ။
ဇက်ကျီးပေါင်း ၊ ခါးဆစ်ကျီးပေါင်းကိုမိတ်သလင် ကြပ်ထုပ်ထိုးပြီးလျှင် သင်္ဘောရွက်ကိုပျော့အောင်ရေနွေးခဏစိမ်ပြီးကပ်ပေးပါ။
ကျီးပေါင်းတဖြည်းဖြည်းပါ:သွားပါလိမ့်မည်။
❀ ဆေးပူတွေအမြဲမလိမ်းပါနှင့်။
❀ ပရုပ်ဆီမလိမ်းပါနှင့်။
❀ ပူလျှင် ယားလျှင် သနပ်ခါးမြစ်နှင့်ဆားသွေးလိမ်းပါ။

ကျေးဇူးပြုပြီး share လုပ်ပြီး ကုသိုလ်ယူပေးကြပါ။
အရိုးကျီးပေါင်း ဝေဒနာ ရှင်များ
ရောဂါ ပျောက်ကင်း စိတ်ချမ်းသာနိုင်ကြပါစေ။

 #ဒူးဆစ်ကိုက်  #ဒူးဂေါက်ကြောတင်း  #ခြေသလုံးနာတတ်သူတွေအတွက် မဖြစ်မနေ ၁ ဗူးတော့ ဆောင်ထားလိုက်ပါ 🤩 🔸Black Seasame Seeds - န...
10/06/2025

#ဒူးဆစ်ကိုက်
#ဒူးဂေါက်ကြောတင်း
#ခြေသလုံးနာတတ်သူတွေအတွက် မဖြစ်မနေ ၁ ဗူးတော့ ဆောင်ထားလိုက်ပါ 🤩

🔸Black Seasame Seeds - နှမ်းနက်စေ့ 🔸
- ကြွက်သားနာကျင်မှုတွက်ကောင်းမွန်စေတယ်
- အရိုးအဆစ် အရွတ်ကြောနယကျင်ယောင်ရမ်းမှုကို ကောင်းမွန်စေတယ်

🔸 Lemongrass - စပါးလင်မွေး 🔸
- အရေပြားတွင်မှိုစွဲခြင်း ယားယံခြင်းများတွက်ကေားင်းမွန်စေတယ်

🔸 Agar wood - သစ်မွှေးဆီ 🔸
- ရွှေနဲ့တန်ဖိုးတူပြီး နှလုံးကျန်းမာရေး ,အစာချေစနစ် နှင့်အသက်ရှူလမ်းကြောင်းစနစ်တွင်အထူးကောင်းမွန်စေတယ်

🔸 Jewel vine 🔸
- အဆစ်အမြစ်ယောင်းရမ်းမှုတွက် ကောင်းပြီး ခါးအောက်ပိုင်းနာကျင်မှုတွင်ကောင်းမွန်စေတယ်

🔸Cryptolepis dibia 🔸
- အနာကျက်လွယ်စေတယ်
- သွေးကြောတွင်းကြွက်သားများ ပြေလျော့စေတယ်

🔸Tumerio 🔸
- အရေပြားယားယံမှုကို သက်သာစေတယ်
- ကြွက်သားတောင့်တင်းမှုသက်သာစေတယ်

🔸 Black cumin 🔸
- အစာချေစနစ်တွက်အထူးကောင်းမွန်တယ်
- လေထိုး လေအောင့် အစာမကြေခြင်းများတွက်ကောင်းမွန်စေတယ်

🔸 Cinnamon 🔸
- ကြွက်သားတောင့်တင်းမှုများပြေလျော့ပြီး ပေါ့ပါးလန်းဆန်းစေတယ်

🔸 Phlai 🔸
- ယောင်ရမ်းနာကျင်မှုတွက် သက်သာစေပြီး ဘယ်ရီဘယ်ရီရောဂါကို ကာကွယ်ဟန့်တားကူတယ်

🔸 Borneo camphor,Menthol, Camphor 🔸
- ကြွက်သားနာကျင်မှုများတွက် ပြေလျော့စေပြီး ပိုးမွှားအပျော့စားများကို သေစေနိုင်တဲ့ အာနိသင်ရှိတယ်

🔸 Moringa oil 🔸
- မက္ကနီဆီယမ်, ကယ်လစီယမ် နှင့် ဗီတာမင် - ဒီ ပါဝင်ထားပြီး အရိုးအဆစ်သန်မာစေတယ်

⚜ ထိုင်းနိုင်ငံတွင် The best Creation award ရရှိထားပါသည် ⚜


ဗာဒံရွက်တွေ အကုန်ရွှေဖြစ်ပြီးနော်....။ (ဖတ်ချိန်တမိနစ်)• အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်ကို ဝဲးအပါအဝင် အရေပြား ပြဿနာတ...
18/05/2025

ဗာဒံရွက်တွေ အကုန်ရွှေဖြစ်ပြီးနော်....။ (ဖတ်ချိန်တမိနစ်)

• အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်ကို ဝဲးအပါအဝင် အရေပြား ပြဿနာတွေ အတွက် အသုံးပြုလို့ ရပါတယ်။

• အရေပြားပေါ်က ဘက်တီးရိယားတွေကို ဖယ်ရှားဖို့အတွက် အသုံးပေးလို့ ရပါတယ်။

• ရင်သား နာကျင်တာကို သက်သာစေဖို့ ဗာဒံရွက်ကို ခြေပြီး ဆီနဲ့ နယ်လို့ ရင်သားမှာ လိမ်းပေးလို့ ရပါတယ်။

• အဆစ်နာတာကို သက်သာစေဖို့ အရွက်ကို မီးကင်ပြီး ကပ်ပေးလို့ ရပါတယ်။

• ဗာဒံရွက် အဆီကို အာသီးရောင်တာ သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။

• ဝမ်းပျက်ဝမ်းလျှော သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

• နာကျင် ကို၊က်ခဲတာနဲ့ ခေါင်းကို၊က်တာကို သက်သာစေဖို့ အတွက်လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

• လေးဖက်နာ ရောဂါကြောင့် အဆစ်အမြစ်တွေ နာကျင်တာကို သက်သာစေဖို့ အတွက်လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

• အရွက်နုလေးကနေရတဲ့ သတ္တုရည်ကို ခေါင်းကို၊က်တာ သက်သာစေဖို့ နဲ့ လေနာသက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

• ဆီးရွှင်စေဖို့လည်း အသုံးပြုလို့ ရပါတယ်။

• နှလုံးကျန်းမာစေဖို့လည်း အထောက်အကူပြုပေး ပါတယ်။

• အစာမကြေတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

• ချောင်းဆိုး သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။

• ခြေလက်တွေ ထုံတာကို သက်သာစေဖို့ အရွက်ကို မီးကင်ပြီး ကပ်ပေးလို့ ရပါတယ်။

• ဝက်ခြံ၊ အနာ နဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

• ဆီးချို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

• အာရုံကြောတွေ ကျန်းမာစေဖို့နဲ့ စိတ်ကျန်းမာရေး ကောင်းစေဖို့လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

မိမိကိုယ်ကိုယ် ချစ်သလို ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေနိုင်ပါတယ် ကုသိုလ်ရချင်ရင် မျှဝေပေးကြပါနော်......။

MON SOUNG

ခံတွင်းရှင်းတာ သိသာတယ်တဲ့ရှင် 🤭🥰 သိသာမှာပေါ့ ထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေတိုင်းက ခိုကပ်မှုမရှိသလို ခံတွင်းသန့်ရှင်းမှုတွက်...
09/05/2025

ခံတွင်းရှင်းတာ သိသာတယ်တဲ့ရှင် 🤭🥰

သိသာမှာပေါ့ ထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေတိုင်းက ခိုကပ်မှုမရှိသလို ခံတွင်းသန့်ရှင်းမှုတွက်ကို ၉၉.၉ % ထိရစေပါတယ်

ခံတွင်းနံ့အတွက်ကိုလည်း ပူစီနံရွက်ပါထည့်ထားလို့ တစ်ခါတိုက်ဖူးတာနဲ့သိသာစေပါတယ်ရှင် 🥰🍀


ဂွေးတောက်ရွက်ကို  ခေါင်းအုံးထဲထည့်အိပ့်ရင်ရရှိလာမယ့်ကောင်းကျိုး အမျိုးသမီးတယောက် အဲကွန်းခန်းထဲအိပ်ပျော်သွားတယ်။ဘယ်လောက်အ...
06/05/2025

ဂွေးတောက်ရွက်ကို ခေါင်းအုံးထဲထည့်အိပ့်ရင်
ရရှိလာမယ့်ကောင်းကျိုး

အမျိုးသမီးတယောက်
အဲကွန်းခန်းထဲအိပ်ပျော်သွားတယ်။

ဘယ်လောက်အိပ်မိတာမသိပေမဲ့ အေးတာနဲ့နိုးလာတယ်။

အဲကွန်းပိတ်ပြီး ၁၀မိနစ်လောက်နှပ်နေသေးတာ ရေဆာတာနဲ့ ရေထပြီးသောက်လိုက်တာ (အိုးထဲကရေနော်)။

ကျောရိုးထဲကနေ ခေါင်းရဲ့နောက်စေ့ကို ဓားအချွန်နဲ့ထောက်ထားသလို ခံစားလိုက်ရတာ ၃နာရီလောက်နားပြီး ခေါင်းလျှော်ရေချိုးလုပ်ပေမဲ့ ဘယ်လိုမှမသက်သာပါ။

ဘာဆေးသောက်ရင်ကောင်းမလဲ
ဘာလုပ်ရင်ကောင်းမလဲပေါ့

အမျိုးသားကလည်းခေါင်းနဲ့ ဇက်ကိုနှိပ်ပေးပေမဲ့ မထူးခြားလာပါ။

နောက် အိပ်ယာဝင်ခါနီး ဆရာကြီးဦးရန်အောင်ရဲ့ပို့ချချက်ထဲကစကားကို ကြားယောင်မိလို့ ခွေးတောက်အရွက်ခြောက်လေးတွေကို ခေါင်းအုံးလေးလိုထည့်ပြီးဇက်ကြောတက်ရင်ဇက်ကို၊
ပေါင်ကိုက်ရင်ပေါင်အောက်ကို၊ လက်ကိုက်ရင်လက်အောက်ကို၊ ခေါင်းကိုက်ရင်ခေါင်းအုံးအိပ်ပါ လို့ကြားဘူးတယ်။

ဒါကိုပြန်သတိရပြီး အရိပ်ခြောက်လုပ်ထားတဲ့ဂွေးတောက်ရွက်
ကလည်း အဆင်သင့်ရှိလေတော့
ခေါင်းအုံးအိပ်လိုက်တာ ပထမတနာရီ၊ ဒုတိယတနာရီ၊ တတိယတနာရီ သိသိသာသာပျောက်ကင်းသွားပါတယ် လို့ ဖတ်လိုက်ရလို့တိုက်ဆိုင်သူများ အသုံးပြုနိုင်ရန် ပြန်လည်မျှဝေပါသည်။

မူရင်းရေးသားသူများအားလုံး
ကျန်းမာချမ်းသာကြပါစေ🙏

#ကျန်းမားရေးဗဟုသုတ
#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ

“ အမေပြောတယ် သက်သာလာတယ် အဒေါ်တွေလည်း ကြိုက်နေတာ ဆိုပဲ ” 😍“ ဒူးအကွေ့ဆန့် တိုင်းနာတာ ကို ဆေးသုံးပြီး သက်သာလို့ နောက်ထပ် ၄ ...
23/04/2025

“ အမေပြောတယ် သက်သာလာတယ် အဒေါ်တွေလည်း ကြိုက်နေတာ ဆိုပဲ ” 😍

“ ဒူးအကွေ့ဆန့် တိုင်းနာတာ ကို ဆေးသုံးပြီး သက်သာလို့ နောက်ထပ် ၄ ဗူး ထပ်ယူပါမယ် တဲ့ ” 😍

ဒီလို Feedback တွေနဲ့ သုံးစွဲသူတွေဆီ ကနေ

တစ်နေ့ထက်တစ်နေ့ လူအများဆီကို ပိုရောက်စေခဲ့သလို

၇နှစ် ကျော် ထိသက်တမ်းရှိလာပါသော“ ဟန်နုမာန် ကပ်ခွါ နဲ့ လိမ်းဆေး”

အခုဆိုရင် “ဟန်နုမာန် ” လို့ပြောလိုက်တာနဲ့ ယုံကြည်မှုအပြည့်ရတဲ့ထိဖြစ်လာလို့
တစ်ယောက်ကို တစ်ခါမှာရင် ၁၀ဗူး ဗူး၂၀တွေကြည့်
မှာသုံးကြတော့တာမျိုး 🥰

#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959448042650

Website

Alerts

Be the first to know and let us send you an email when ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ:

Share