Royal Healthcare & Diagnostics

Royal Healthcare & Diagnostics Laboratory Services

29/04/2025

🏥 2025 ခုနှစ် အတွက်
flu vaccine (ရာသီတုပ်ကွေးကာကွယ်ဆေး)
ထိုးနှံနိုင်ပါသည်....

✅ ရာသီအကူးအ​ပြောင်းရောက်လာပြီဆိုရင်အဖျားတက်ခြင်း၊
ကိုယ်လက်ကိုက်ခဲခြင်း၊
နှာစေး ချောင်းဆိုးခြင်း၊
ခေါင်းကိုက်ခြင်း၊
လည်ချောင်းနာခြင်း၊
ပါးစပ်ပျက်ခြင်း စတဲ့တုပ်ကွေးရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။😇

✅ ဒါတွေကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ ရာသီတုပ်ကွေးကာကွယ်ဆေးကို မိုးရာသီမရောက်မီ ကြိုတင်ထိုးနှံထားဖို့လိုပါတယ် ✅

💉💉💉ရာသီတုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးနှံသင့်သူများမှာ...
-ကိုယ်၀န်ဆောင်မေမေများ
-ကိုယ်ခံအားနည်းသော အသက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ
-ဆီးချိုရောဂါရှိသူများ
-အသည်းရောဂါရှိသူများ
-ကျောက်ကပ်ရောဂါရှိသူများ
-အ၀လွန်နေသူများ
-ခုခံအားကျကူးစက်ရောဂါခံစားနေရသူများ
-ပန်းနာရင်ကျပ်ရောဂါခံစားနေရသူများ
-နာတာရှည်ရောဂါတစ်ခုခုရှိသူများ
-ကင်ဆာရောဂါခံစားနေရသူများ ကတော့မ​ဖြစ်မနေထိုးနှံသင့်ပါတယ် ✅

""ကြိုတင်ကာကွယ်ခြင်း သည်
ကုသခြင်းထက် ပိုမိုထိရောက်ပါတယ် ဆိုတဲ့အတိုင်း
2025 flu vaccines (ရာသီတုပ်ကွေးကာကွယ်ဆေး)များကို Royal Healthcare & Diagnostics တွင် ထိုးနှံနိုင်ပြီဖြစ်ကြောင်းသတင်းလေးပါးအပ်ပါတယ်

☎️ ကြိုတင်စာရင်းပေးသွင်းနိုင်ရန် ☎️

☎️ 09787589777 ☎️

အမှတ် 44/ဘီ၊ ဗဟိုလမ်း၊ ကမာရွတ်မြို့နယ်၊
ရန်ကုန်မြို့။

30/07/2024

🙏 မင်္ဂလာပါ 🙏

Royal HealthCARE & Diagnostics တွင်
ရောဂါရှာဖွေကုသခြင်း နဲ့ ကျန်းမာရေးစစ်ဆေးခြင်းများအတွက်
သွေး/ဆီး/ဝမ်း စစ်ဆေးခြင်း များကို
စျေးနှုန်းသင့်တင့်စွာဖြင့် လာရောက်ပြုလုပ်နိုင်ပါပြီ -

အဆင့်မှီစက်ကြီးများကို အသုံးပြု၍ မှန်ကန်တိကျသောအဖြေများကို အချိန်တိုအတွင်းရရှိနိုင်အောင် ဆောင်ရွက်ပေးနေပါသည်။

အဆင့်မြင့်စက်ကြီးများ၊ စိတ်ချရသော ဓါတ်ပစ္စည်းများကို အသုံးပြုပြီး ဝါရင့်ကျွမ်းကျင် ဓါတ်ခွဲပညာရှင်များမှ ဓါတ်ခွဲစစ်ဆေးပေးနေသောကြောင့် အဖြေတိကျမှန်ကန်မှုအတွက် ယုံကြည်စိတ်ချနိုင်ပါသည်။

စစ်ဆေးပြီး သွေးအဖြေများကို #၂၄နာရီအတွင်းလည်း ရရှိနိုင်ပါသည်။

ဈေးနှုန်းမှာလည်း သင့်တင့်မှန်ကန်တာမို့ ဓါတ်ခွဲစစ်ဆေးခြင်း ဝန်ဆောင်မှုများ လိုအပ်လာပါက Royal HealthCARE & Diagnostics ကို သတိရလိုက်ပါနော်....

စစ်ဆေးပေးနေသော ဓါတ်ခွဲဝန်ဆောင်မှုများ -
1. သွေးဆဲလ်များနှင့် ပတ်သက်ပြီးစစ်ဆေးခြင်း(Hematology)

2. အသည်း၊ကျောက်ကပ်နှင့် နှလုံးရောဂါများ ရှာဖွေစစ်ဆေးခြင်း (Liver, Renal and Cardiac Assessments)

3. သွေးတိုး၊ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာရောဂါများ ရှာဖွေစစ်ဆေးခြင်း (Lipid screening, Diabetes Figure and Endocrinology)

4. ကူးစက်ရောဂါများ ရှာဖွေစစ်ဆေးခြင်း (Infection Tests)

5. အရိုးအကြောအဆစ်ရောဂါများ ရှာဖွေစစ်ဆေးခြင်း (Bone and Joint Analysis)

6. ဆီးနှင့်ပတ်သက်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်း (Urine Tests)

7. ကင်ဆာဖြစ်နိုင်သော အမှတ်အသားများ ရှာဖွေစစ်ဆေးခြင်း (Tumor markers)

8. အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးနှင့် HIVပိုးများ စစ်ဆေးခြင်း (Molecular Diagnosis)

9. ရောဂါဗေဒဆိုင်ရာ စစ်ဆေးမှုများနှင့် အဏုဇီဝရောဂါပိုးများ ရှာဖွေစစ်ဆေးခြင်း (Histopathology and Microbiology)

ဓါတ်ခွဲခန်းဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Royal HealthCARE &. Diagnostics

အမှတ် (၄၄)(ဘီ)၊ ဗဟိုလမ်း၊
ခိုင်ရွှေဝါကားမှတ်တိုင်အနီး၊
(၃) ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
ရန်ကုန်မြို့။

☎️ 09 263526252
☎️ 09 669255707

Royal Healthcare & Diagnostics  အား  သက်ြန်ကာလအတွင်းတွင် လူနာများ သွေးဖောက်စစ်ဆေးမှုများ အဆင်ပြေစေရန်အတွက် မနက်(၉) နာရီ ...
08/04/2024

Royal Healthcare & Diagnostics အား

သက်ြန်ကာလအတွင်းတွင်

လူနာများ သွေးဖောက်စစ်ဆေးမှုများ

အဆင်ပြေစေရန်အတွက်

မနက်(၉) နာရီ မှ ညနေ (၆) နာရီအထိ

ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း

အသိပေးအပ်ပါသည်။ ☘️☘️☘️

⛔️သကြ်န်ကာလအတွင်း လူနာများအတွက်
အရေးကြီး၊အရေးပေါ အခြေအနေများတွင်
သွေးဖောက်စစ်ဆေးမှုများပြုလုပ်ပြီး
အချိန်မှီ ကုသမှု ခံယူနိုင်ရန်⛔️

👉သကြ်န်ကာလအတွင်း အောက်ပါစမ်းသပ်မှုများအား နေ့ချင်းပြီး အမြန်ဆောင်ရွက်ပေးနိုင်ပါသည် -

✅Hematology
CP(Auto), ESR, BT, CT, Blood Group,
PT/INR, APTT

✅Biochemistry
Urea,Creatinine, Uric Acid, Liver Function Tests, Lipid Profiles, HbA1C, ELectrolytes, CK, CK-MB, Troponin T, T&DP, Iron Study, CRP, D-Dimer.

✅Immunology
Tumour Markers,
Infectious Screening (Qunatitative)

✅Rapid Diagnostics Tests
Infectious profiles for screening
—————————————————————

✅(ပိတ်ရက်မရှိ)✅

ဆက်သွယ်ရန်ဖုန်း -

☎️09669255707, 09263526252 ☎️

No.44/B. Baho road.
Kamaryut township, Yangon

Mobile Medical Unit(နယ်လှည့်ဆေးကုသယာဉ်)Mobile​ Laboratory​ အတွက်အောက်​ဖော်ပြပါ​ ဝန်ထမ်းများ အလိုရှိပါသည် -➡️ Phlebotomis...
06/01/2024

Mobile Medical Unit
(နယ်လှည့်ဆေးကုသယာဉ်)
Mobile​ Laboratory​ အတွက်
အောက်​ဖော်ပြပါ​ ဝန်ထမ်းများ အလိုရှိပါသည် -

➡️ Phlebotomist သွေးဖောက်ကျွမ်းကျင်( ၂ )ဦး

✅တနလ်ာနေ့​ မှ​ စနေနေ့အထိ
✅ တနဂ်နွေနေ့​ နှင့်​ အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်၊

✅ လစာ​- ညှိနှိုင်း
​(လုပ်ငန်းကျွမ်းကျင်မှု​ပေါ်မူတည်ပြီး​
လစာ​ထိုက်တန်စွာပေးမည်)​

✅ နယ်တွင်​ လှည့်လည်​ တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ အဖွဲ့အစည်းနှင့်ဆောင်ရွက်တတ်မှု​ နှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်၊

✅ ကွန်ပြူတာစာရင်းသွင်းမှု ကျွမ်းကျင်ရမည်၊

✅ Excel, Word, Laboratory software အသုံးပြုတတ်ရမည်၊

✅ မိမိအလုပ်တွင် ကျွမ်းကျင်စွာ​လုပ်ကိုင်တတ်ရမည်၊

✅ အိမ်ထောင်မရှိသူဖြစ်ရမည်၊

✅ ကျား​/ မ​ မရွေးလျောက်ထားနိုင်ပါသည်၊

⚠️⚠️⚠️ နေပြည်တော်၊ ရန်ကုန်၊ ပဲခူးတိုင်းအတွင်းရှိ မြို့ကြီးများတွင် လှည့်လည်သွားလာမည် ဖြစ်သောကြောင့် ခရီးသွားလာနိုင်သူ ဖြစ်ရန်လိုအပ်ပါသည်၊ (နေ/စား ငြိမ်း)

☎️ စိတ်ဝင်စားပါက 09693323311 (Viber) သို့ CV form အပြည့်အစုံပေးပို့ လျောက်ထားနိုင်ပါသည်၊

10/08/2023
🛑 ရာသီတုပ်ကွေးရောဂါ သတိပြုပါ 🛑
22/07/2023

🛑 ရာသီတုပ်ကွေးရောဂါ သတိပြုပါ 🛑

ယခုရာသီတွင် ကလေးများ၌သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေပြီးရာသီတုပ်ကွေးနှင့် ရောနေတတ်ပါသည်။သွေးလွန်တုပ်ကွေးရောဂါ ဟုတ်မဟုတ...
21/06/2023

ယခုရာသီတွင် ကလေးများ၌
သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေပြီး
ရာသီတုပ်ကွေးနှင့် ရောနေတတ်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါ ဟုတ်မဟုတ်
စစ်ဆေးဖို့လိုပါတယ်။

✅✅✅✅✅✅

မိုးရာသီရောက်လျင် အန္တရာယ်များပီး သတိထားသင့်သော
သွေးလွန်တုပ်ကွေးရောဂါ (ခေါ် )
Dengue Haemorrhagic Fever (DHF) အကြောင်း

သွေးလွန်တုပ်ကွေး (DHF) ဆိုတာဘာလဲ ❓

☑️ သွေးလွန် ဆိုတဲ့အတိုင်း သွေးယို သွေးထွက်တတ်ပြီး
☑️ တုပ်ကွေးမိသလို ကိုယ်ပူပြီး ဖျားနာကိုက်ခဲ လို့ပါ

🔴 Aedes (အေးဒီးစ်) ခြင်🦟ဟာ

🦠 Dengue virus 🦠 ကိုသယ်လာပြီး လူကိုကိုက်ရင် ရောဂါ ဖြစ်ပါတယ် 🦟 (Aedes aegypti)🦟

🦟သွေးလွန်တုပ်ကွေး ဘယ်လိုကူးလဲ ❓

🟨သွေးလွန်တုပ်ကွေး virus ကူးစက်ခံနေရတဲ့ လူကို ခြင်ကကိုက်

🟨ခြင်ကပိုးကိုသယ်

🟨အဲ့ဒီ ခြင်က ကျန်းမာနေတဲ့လူကို ထပ်ကိုက်ပြီး အဆင့်ဆင့်ကူးတာဖြစ်ပါတယ်

❌ လူတစ်ဦးကနေတစ်ဦးကို တိုက်ရိုက် မကူးပါဘူး ❌

DHF ဘယ်သူတွေမှာဖြစ်လဲ ❓

🟣 ကျား/မ မရွေး အကုန်ဖြစ်ပါတယ် ♀️♂️
🟣ကလေး လူကြီး မရွေးဖြစ်နိုင်ပါတယ်
🟣 ဒါပေမဲ့ 15 နှစ်အောက်☑️ ကလေးတွေမှာတော့ အဖြစ်အများဆုံးပါ 👶🧒

❗ဒါကြောင့် အခုလို မိုးရာသီမှာ ကလေးတွေဖျားနာရင် Differential Dx ထဲမှာ DHF ကို ဉီးစားပေး စဥ်းစားရမှာဖြစ်ပါတယ်❗

သွေးလွန်တုပ်ကွေး DHF လက္ခဏာတွေကဘာလဲ ❓

🤒 2 to 7 days လောက်အထိ ဖျားနာတတ်ပါတယ်

Grade 1 level ဆိုရင်တော့

🟢 အဖျားကြီးမယ် (High grade fever)

🟢 ခေါင်းကိုက် မယ် (Headache)

🟢 ကြွက်သား၊ အဆစ်အမြစ်ကိုက် မယ်
(Muscle and Joint pain)

🛑 Hess's test positive (+) ဖြစ်ပါမယ်

Day 3 to Day 5 ❗ ရောက်လာရင် အရေးကြီးဆုံးအချိန်ပါ
3ရက် မြောက်နေ့မှာ အဖျားနဲ့အတူ Shock ❗ဝင်နိုင်ချေရှိလို့ သေချာ monitoring လုပ်ရပါမယ်

Grade 2 level အဆင့်ရောက်လာရင်တော့ Bleeding manifestation 🩸 တွေဖြစ်တဲ့

🟠 နှာခေါင်း၊ သွားဖုံးသွေးယိုမယ်
(Gum bleeding and Epistaxis)

🟠 ခန္ဓာကိုယ်မှာ အနီစက်‌တွေ အညိုအမဲ စွဲတာမျိုးဖြစ်မယ် (Red spots)

🟠 ကော်ဖီအရောင် ပါ‌တာတွေ အန်မယ်
(Coffee ground vomiting)

🟠 ကတ္ထရာစေးလို ဝမ်းမဲမဲ‌တွေသွားမယ် (Malena)

အဆိုးဆုံးဖြစ်လာနိုင်တာတွေကတော့

Grade 3 level ဖြစ်တဲ့

🔴ဂနာမငြိမ်ဖြစ်မယ် မှိန်းလာမယ်
(Restlessness and Drowsiness)

🔴ခြေဖျား လက်ဖျားတွေ အေးစက်လာမယ်
(Cold and clammy extremities)

🔴 သွေးပေါင်ကျမယ်
(Hypotension and Pulse pressure

10/06/2023
🔥အပူလေဖြတ်ခြင်း (Heat Stroke) 🥵Heat stroke သည် အပူကြောင့်ဖြစ်တတ်သောရောဂါများတွင် အပြင်းထန်ဆုံးသော ရောဂါဖြစ်သည်။ခန္ဓာကိုယ...
25/04/2023

🔥အပူလေဖြတ်ခြင်း (Heat Stroke) 🥵

Heat stroke သည် အပူကြောင့်ဖြစ်တတ်သောရောဂါများတွင် အပြင်းထန်ဆုံးသော ရောဂါဖြစ်သည်။
ခန္ဓာကိုယ်က အပူချိန်ကို မထိန်းနိုင်တော့တဲ့အခါ ချွေးမထွက်နိုင်တော့ဘဲခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ 106°F သို့ 10မိနစ်မှ 15မိနစ်အတွင်း မြင့်တက်လာနိုင်သည်။
အရေးပေါ်ကုသမှုမခံယူပါက Heat Stroke သည် သေဆုံးခြင်း သို့မဟုတ် နာတာရှည် မသန်မစွမ်းသည့်အထိ ဖြစ်စေနိုင်သည်။

⚠️ ရောဂါလက္ခဏာများ

အပူလေဖြတ်ခြင်း၏ လက္ခဏာများမှာ-
❗️အာရုံစူးစိုက်နိုင်မှုနည်းခြင်း၊ ဂယောင်ဂတန်းဖြစ်ခြင်း
❗️ သတိလစ်ခြင်း (coma)
❗️အရေပြား ပူပီးခြောက်သွေ့ခြင်း သို့မဟုတ် ချွေးထွက်များခြင်း။
❗️တက်ခြင်း။
❗️ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက်ခြင်း
❗️သွေးပေါင်ချိန်ကျခြင်း
❗️သွေးလန့်ခြင်း
❗️ကျောက်ကပ် ပျက်စီးခြင်း
❗️ ကုသမှု နောက်ကျရင် အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ခြင်း

👨‍⚕️ရှေးဦးသူနာပြု

အပူလေဖြတ်ခြင်းကို ကုသရန် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ။
✅ အရေးပေါ်ဆေးကုသမှုအတွက် ဆေးရုံသို့အမြန်ပို့ပါ။
✅လူနာအား အရိပ်ရ အေးမြသောနေရာတွင် ရွှေ့ပြီး အပိုအဝတ်အစားများကို ဖယ်ရှားပါ။
✅ဖြစ်နိုင်လျှင် ရေအေး သို့မဟုတ် ရေခဲရေချိုးခြင်းဖြင့် အမြန်အေးစေပါ။
✅အရေပြားကို ရေတဘတ်အေးအေးဖြင့်စိုစွတ်စေခြင်း၊ ရေအေးဖြင့် ရေချိုးပေးခြင်းများပြုလုပ်ပေးပါ။
✅အအေးမြန်စေရန် လူနာအနီး လူများဝိုင်းအုံခြင်းများရှောင်ပါ။
✅လူနာ၏ပတ်ပတ်လည်တွင် လေအဝင်အထွက်ကောင်းစေရန် လေပန်ကာဖွင့်ထားခြင်း aircon ဖွင့်ထားခြင်းများပြုလုပ်ပေးပ။
✅ခေါင်း၊ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံများပေါ်တွင် အေးသောအစိုစွတ်ထားသော အဝတ်များ သို့မဟုတ် ရေခဲကို ထားပါ။

⛔️ Heat stroke မဖြစ်ပွားစေရန် ကာကွယ်ခြင်း

(၁)အရက်သေစာအလွန်အကျွံသောက်ခြင်းမှာရှောင်ရှားခြင်း
(၂) ထူထဲသော ကြပ်သောအဝတ်အစားများဝတ်ခြင်းမှရှောင်ခြင်း
(၃) ပူပြင်းသောအချိန်များတွင် တတ်နိုင်သလောက်အပြင်ထွက်ခြင်းမှရှောင်ရှားခြင်း
(၄) အပြင်ထွက်လျှင် နေရောင်ခြည်ဒဏ်မှကာကွယ်ရန် sunscreen သုံးခြင်း ထီးဆောင်းခြင်းများ ဆောင်ရွက်ခြင်း
(၅) ရေအေးအေးဖြင့်ရေချိုးခြင်း များဆောင်ရွက်နိုင်ပါသည်။

Address

44, B, Baho Street, 3rd Quarter
Yangon
11041

Telephone

+959669255707

Website

Alerts

Be the first to know and let us send you an email when Royal Healthcare & Diagnostics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram