Htet Clinic and Pharmacy

Htet Clinic and Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Clinic and Pharmacy, Medical and health, Yangon.

💊အိမ်မှာလိုတဲ့ ဆေးတွေကို မိုးရေထဲ အချိန်ကုန် လူပင်ပန်းခံပြီး ထွက်ဝယ်နေရလို့ စိတ်ညစ်နေပြီလား? 🤔ဒီအတွက်တော့ စိတ်မပူပါနဲ့နေ...
22/06/2022

💊အိမ်မှာလိုတဲ့ ဆေးတွေကို မိုးရေထဲ အချိန်ကုန် လူပင်ပန်းခံပြီး ထွက်ဝယ်နေရလို့ စိတ်ညစ်နေပြီလား? 🤔

ဒီအတွက်တော့ စိတ်မပူပါနဲ့နော် 🙅🏻‍♀️

💊လူကြီးမင်းတို့ လိုအပ်တဲ့ အိမ်သုံးဆေးဝါး မှန်သမျှကို ဈေးနှုန်းမှန်ကန်စွာဖြင့် အိမ်အရောက်ပို့ဆောင်ပေးဖို့ "Htet Pharmacy" ရှိပါတယ်🙋🏻‍♀️

💊ဘိုးဘိုး၊ ဘွားဘွား၊ ဖေဖေ၊ မေမေ တို့အတွက် လစဉ်စွဲသောက်နေရတဲ့ ဆေးဝါးများကို ၁ပတ်စာ/ ၁လစာ ဝယ်ယူလိုပါကလည်း ဆရာဝန်ညွှန်ကြားထားသော ဆေးညွှန်းစာ ပြ၍လည်း ဝယ်ယူရရှိနိုင်ပါတယ်ရှင့် ☺️

📦ဆေးများကို order တင်ပြီး ၂-၃ရက်အတွင်း Deli ခ သက်သာစွာဖြင့် အိမ်အရောက်ပို့ဆောင်ပေးသွားမှာပါရှင်

💊သိလိုသမျှက်ို ဖြေကြားပေးဖို့အတွက် page chat box တွင် အသေးစိတ်လာရောက် မေးမြန်းနိုင်ပါသည်ရှင်🤗

သာယာလှပသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း "Htet Pharmacy" မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏🏻🙏🏻🙏🏻

"ဆေးဝယ်မယ်ဆ်ို Htet ရှိတယ်" 😊

17/04/2022

မြန်မာ သက္ကရာဇ် ၁၃၈၄ ကူးပြောင်းသည့် နေ့မှ စ၍ ကျန်းမာရွှင်လန်းပြီး ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း "Htet Clinic and Online Pharmacy” team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ 😊🙏🏻

📢၂၀၂၂ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ စာရင်းပေးနိုင်ပါပြီနော်။(Seasonal Influenza Vaccine 2022) FDA approved👉 ရာသီတုပ်ကွေး...
24/03/2022

📢၂၀၂၂ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ စာရင်းပေးနိုင်ပါပြီနော်။
(Seasonal Influenza Vaccine 2022) FDA approved

👉 ရာသီတုပ်ကွေးဖျားနာတွေကို ကာကွယ်ပေးမှာဖြစ်ပြီး တစ်နှစ်တစ်ခါ ကာကွယ်ဆေး ထိုးပေးရတာ ဖြစ်ပါတယ်။
ထိုးထားမယ်ဆိုရင်တော့ ဖျားနာတာရှိလျှင် တုပ်ကွေးကြောင့် တော်ရုံမဖျားတော့မှာမလို့ Covidလားဆိုတာစောစော သုံးသပ်နိုင် မှာပါ။😉 Covid ကာကွယ်ဆေးမဟုတ်ပါဘူးနော်။

🎈နှစ်စဉ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က နှစ်စဉ်ဖြစ်ပွားနိုင်တဲ့ Inflenza virus strain ကိုကြော်ငြာပြီး ကာကွယ်ဆေးတီထွင်စေကာ ကာကွယ်ဆေးထိုး၍ ရာသီတုပ်ကွေး ဖြစ်ပွားမှုနည်းပါးဖို့၊ သေဆုံးခြင်း နည်းပါးအောင် ကြိုးစားနေတာပါ။

🎈WHOအဖွဲ့အစည်းက မြန်မာနိုင်ငံကို Southern Hemisphere နယ်မြေအဖြစ် သတ်မှတ်ကာ လာမည့် မုတ်သုန်ရာသီအတွင်း ဖြစ်ပွားနိုင်မည့် Virus strain
လေးမျိုးကို ကာကွယ်ပေးနိုင်သော 2022 influenza vaccine (၂၀၂၂ ရာသီတုပ်‌‌ေကွး ကာကွယ်ဆေး) မလို့ မိဘပြည်သူများ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် သတင်းစကားပါးလိုက်ပါတယ်။
🤷‍♀️ရာသီတုပ်ကွေး ကာကွယ်ဆေးကိုဘယ်လိုလူမျိုးတွေ ထိုးဖို့လိုအပ်မလဲ?

(၁) ကိုယ်ဝန်ဆောင် မိခင်လောင်းများ
(၂) အသက် (၆၅)နှစ်အထက် လူကြီးများ
(၃) အသက် (၆)လ အထက် ကလေးသူငယ်များ
(၄) နာတာရှည်ရောဂါ အခံရှိသူများ(သွေးတိုး၊ဆီးချို၊နှလုံး၊ပန်းနာရပ်ကြပ်၊ ကူးစင်ရောဂါ သမားများ)
(၅) ကျန်းမာရေးလုပ်သားများ
တိုဖြစ်ကြပါတယ်။
🙆လူတိုင်းထိုးထားရင်တော့အကောင်းဆုံးပါ။

👆မိသားစုလိုက်ထိုးရင်ရော ဘာတွေ ပိုအကျိုးရလဲ?
ခရီးစရိတ်ကို တစ်ဦးအတွက်သာ ကျသင့်ပြီး ကျန်မိသားစုဝင်များအတွက် ဆေးဖိုးသာ ကျသင့်တော့မည်ဖြစ်သည်။

Vaxigrip Tetra ဆေးဖြစ်ပြီး အသက် (၆) လပြည့်ပြီးသည်မှ စတင် ထိုးနှံနိုင်ပါသည်။

💁‍♂️ဘယ်လိုထိုးရမလဲ?

✔အသက် ၉ နှစ်အောက်ကလေးများ ပထမဆုံးအကြိမ် ဖြစ်ပါက တစ်လခြား၍ ၂ ကြိမ် ထိုးနှံပေးရပါမယ် (0,1 month)
နောက်နှစ်တွေမှာ တစ်နှစ်ကို တစ်ကြိမ်ပဲ ထိုးရပါတယ်။
✔ကျန်တဲ့သူများကတော့ တစ်နှစ်ကို တစ်ကြိမ် ထိုးပေးရပါမယ်။

💉 Home Service

Home service လဲရှိတာမို့ ကာကွယ်ဆေးထိုးချင်သူများ တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ ဆရာဝန်များနှင့် လိုအပ်သလို တိုင်ပင်ဆွေးနွေးပြီး Covid 19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေး ထိုးပေးခြင်း၊ ကာကွယ်ဆေး မထိုးမီနှင့် ထိုးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ကျွမ်းကျင်သော အတွေ့အကြုံရှိဆရာဝန်များကိုယ်တိုင် အိမ်တိုင်ရာရောက်လိုက်လံထိုးနှံပေးသွားမှာဖြစ်ပါတယ်။

✅ တစ်ဦးချင်းစီ ရက်ချိန်းရယူပြီးအိမ်တိုင်ရာရောက် (Home Service) စီစဉ်ပေးပါတယ်။

✅ ကုမ္ပဏီများ၊ လုပ်ငန်းများအတွက်လူဦးရေ အနည်းအများပေါ်မူတည်၍ အထူးဈေးနှုန်းဖြင့် ထိုးနှံပေးပါတယ်။

✅ ဆက်သွယ်ဆောင်ရွက်လိုပါက messenger chat box (Htet clinic)သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အောက်ပါ ဓာတ်ခွဲခန်းစစ်ဆေးခြင်းများအား ဆေးခန်းတွင် ဆောင်ရွက်နိုင်ပါပြီ    https://www.facebook.com/shwelaboratory/
15/03/2022

အောက်ပါ ဓာတ်ခွဲခန်းစစ်ဆေးခြင်းများအား
ဆေးခန်းတွင် ဆောင်ရွက်နိုင်ပါပြီ



https://www.facebook.com/shwelaboratory/

12/02/2022
Admin တို့ ဆွေမျိုး မိတ်ဆွေတွေထဲမှာ က်ိုဗစ်ရောဂါ ပြန်ဖြစ်တာတွေ တွေ့နေရပြီမို့ အားလုံးပဲ ဂရုစိုက်ပြီး နေထိုင်ကြဖို့ သတိပေ...
02/02/2022

Admin တို့ ဆွေမျိုး မိတ်ဆွေတွေထဲမှာ က်ိုဗစ်ရောဂါ ပြန်ဖြစ်တာတွေ တွေ့နေရပြီမို့ အားလုံးပဲ ဂရုစိုက်ပြီး နေထိုင်ကြဖို့ သတိပေးပါရစေနော်
3rd wave တုန်းကလို ဆိုးဆိုးရွားရွားတွေမဖြစ်ရအောင် ဂရုစိုက်ကြပါရှင့်

မိမိတို့အိမ်က လူကြီးမိဘတွေကိုလည်း မလိုအပ်ပဲ အပြင်မထွက်ဖို့၊ အပြင်ထွက်ရင်လည်း Mask တပ် လက်သေချာဆေးဖို့ သတိပေးကြပါ

ကိုဗစ်ရောဂါပိုး မကူးစက်အောင်

၁။ ကိုယ်ခံအားကောင်းဖို့အရေးကြီးတဲ့အတွက် အာဟာရရှိတဲ့ အစားအသောက်များစားပါ
အိပ်ရေးဝအောင်အိပ်ပါ
၂။ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) ကို လုံခြုံစွာ တပ်ဆင်ပါ
၃။ တယောက်နဲ့တယောက် (၆)ပေ အကွာမှာနေထိုင်ပါ
၄။အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာနဲ့သေချာစွာဆေးပါ
စသည့် အခြေခံအကျဆုံး အချက်လေးတွေက်ို လိုက်နာပေးကြပါနော်

လိုအပ်တဲ့ဆေးဝါးများရှိပါကလည်း Admin တို့ရဲ့ Htet Online Pharmacyကိုလာရောက်မှာယူနိုင်ပါတယ်ရှင်။ အိမ်အရောက်ပို့ ဝန်ဆောင်မှုရှိပါတယ်။

အားလုံးပဲ ကိုဗစ်-၁၉ စတုတ္ထလှိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ကြပြီး ဘေးဘယာကင်းဝေးနိုင်ကြပါစေကြောင်း Admin Team မှ ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

Photo source Crd - Internet

09/12/2021

ရောဂါပိုးများ ကူးစက်လွယ်နေသည့် ခုလိုအချိန်ကာလကြီးတွင် မိမိသောက်နေကျ ဆေးဝါးများ ဝယ်ယူဖို့ လိုအပ်လာသည့်အခါ အပြင်ထွက်စရာမလို၊ တန်းစီစရာမလိုပဲ မိမိတို့အိမ်ရှေ့ တိုက်ရိုက်ပို့ဆောင်ပေးသော ဝန်ဆောင်မှု လိုအပ်နေပါသလား?

📌ဆေးထွက်ဝယ်ဖို့
🔹မိမိအိမ်မှာ အိမ်သားအပိုမရှိခြင်း
🔹လူကြီးတွေပဲ နေထိုင်သောအိမ်များတွင် ဆေးဝယ်ယူရန် အဆင်မပြေမှုရှိခြင်း နှင့် ရောဂါပိုးကူးစက်မှာ စိုးရိမ်ရခြင်း
🔹မိဘနဲ့ အဝေးရောက်နေသော သားသမီးများ အနေဖြင့် ကိုယ်တိုင်မဝယ်ပေးနိုင်တဲ့အခါ လူကြီးများ အပြင်ထွက်ဝယ်နေရခြင်းမှတဆင့် ရောဂါပိုးကူးမည်ကို စိုးရိမ်စိတ်ပူရခြင်း
🔹အလုပ်တဖက်နဲ့မို့ ဆေးဝယ်ဖို့ အချိန်သက်သက် မပေးနိုင်သူများ
🔹ဆေးဆိုင်မှာ တန်းစီပြီး အချိန်ကုန်ရခြင်းကို စိတ်ညစ်ရခြင်း
အစရှိသည့် ပြဿနာများအားလုံးအတွက် One stop service ပေးနိုင်ဖို့ "Htet Online Pharmacy " ရှိနေပါပြီ။

မိမိလိုအပ်သည့် ဆေးဝါးမှန်သမျှကို ဖုန်းလေး တစ်လုံးရှိရုံနဲ့ Page မှာ Order တင်ပြီး မှာယူလို့ရပါပြီရှင်

📦Online Pharmacy ဖြစ်သည့်အတွက် လူကြီးမင်းတို့ မှာယူထားသော ဆေးဝါးများကို အပတ်စဉ် "ဗုဒ္ဓဟူးနေ့" နှင့် "တနင်္ဂနွေနေ့" များတွင် လိုက်လံပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်

📦ဝန်ဆောင်မှုရရှိရန်အတွက်
စနေ၊ တနင်္ဂနွေ၊ တနင်္လာ နေ့ညအထိ မှာယူထားသော order များအတွက် ဗုဒ္ဓဟူးနေ့တွင် လည်းကောင်း
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့ညအထိ မှာယူထားသော order များအတွက် တနင်္ဂနွေနေ့တွင် လည်းကောင်း ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။

Admin တို့ company များမှ ဆေးတွေ ဝယ်တဲ့ အခါ ငွေသားနဲ့ ပြန်လည်ဝယ်ယူရသည့်အတွက် လောလောဆယ်ကာလများတွင် ရန်ကုန့်မြို့တွင်း အိမ်ရောက်ငွေချေ စနစ်သာ လက်ခံပေးနိုင်တာ နားလည်ပေးကြပါနော် 🙏🏻

Korea Red Ginseng extract Korea ကားတွေထဲမှာ မင်းသား‌ တွေ မင်းသမီးတွေ သောက်နေကျ  အမြဲတွေ့နေရတဲ့ ဂျင်ဆင်းအားဆေးလေးကို ဒီ p...
01/12/2021

Korea Red Ginseng extract

Korea ကားတွေထဲမှာ မင်းသား‌ တွေ မင်းသမီးတွေ သောက်နေကျ အမြဲတွေ့နေရတဲ့ ဂျင်ဆင်းအားဆေးလေးကို ဒီ page လေးမှာမှာလို့ရပါပြီ

အခုလို ကပ် ရောဂါ နဲ့ ရာသီ တုပ်ကွေး‌ တွေ များနေချိန် မှာ မိမိတို့ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးဖို့က အရေးကြီးပါတယ်..
နှစ်ကုန်ခါနီး ဆောင်း၀င်လို့ အေးလာပြီဆိုတော့ Korea Red Ginseng ကို သောက်သုံးဖို့သင့်ပါတယ်

ဒီဂျင်ဆင်းအနှစ်ထုပ်လေးတွေက ၆ နှစ်သားသက်တမ်းရှိတဲ့ ဂျင်ဆင်းကနေ ထုတ်ထားတာဖြစ်ပါတယ်... တစ်ခါသောက်စာအထုပ်လေးတွေဖြစ်လို့ သယ်ယူရလွယ်ကူတယ် သောက်ရတာလည်း အရမ်းကိုအဆင်ပြေလွယ်ကူစေပါတယ်..
အရသာကလဲ အရမ်းခါးမနေပဲ သောက်ရအဆင်ပြေပါတယ်

Korea Red Ginseng ရဲ့ အကျိုးကျေးဇူးတွေကတော့

💊 နှလုံးကို ကျန်းမာရေးအတွက် အထောက် အကူပြုတယ်
💊 သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်..
💊 ဆီးချိုကိုထိန်းညှိပေးတယ်..
💊 စိတ်ဖိစီးမှုကို လျော့ကျစေတယ်..
💊 ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်..
💊 အသက်အရွယ်မရွေးသောက်သုံးနိုင်ပြီးတော့ တစ်နေ့ကို တစ်ထုပ်သောက်ရုံနဲ့ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေမှာပါ.. ခန္ဓာကိုယ်ကိုလည်း နွေးထွေးစေတဲ့အတွက် အခုလိုအေးတဲ့အချိန်မှာ လူကြီးသူမတွေကို တိုက်ဖို့အတွက် အသင့်တော်ဆုံးပါပဲ..

သဘာ၀organic ingredientsတွေပဲသုံးထားလို့စိတ်ချရပါတယ်

✅သောက်သုံးနည်း

တစ်နေ့ တစ်ထုပ်
ရေနဲ့ သောက်သုံးလို့ရပါတယ်
ရေခဲသေတ္တာ ထဲ ထည့်ထားပြီး အေးအေးလေးသောက်ရင်ပိုအရသာရှိပါတယ်

🙏ကိုယ့်အိမ်က လူကြီးမိဘ ဆွေမျိုးတွေကို ကျန်းမာရေးလက်ဆောင်မွန်ပေးချင်ရင် ဒါလေးက သင့်တော်သလို မျက်နှာပန်းလည်း လှတယ်နော်.. ကိုယ်တိုင်သောက်သုံးဖို့အတွက်ဆိုလည်း စျေးနှုန်းအရရော Quality အရရော အတော်လေးကို အဆင်ပြေပါတယ်..

💵 10 pcs - 10,000 kyats
10 ထုပ်အနည်းဆုံး ယူပေးပါရန်😊

❗သွေးကျဲဆေး သောက်နေရသူတွေ
ဆေးတစ်မျိုးမျိုးကို ရေရှည်စွဲသောက်နေရသူတွေ၊ Insulin ထိုးနေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးဖို့ အကြံပြုလိုပါတယ်
ကိုယ်၀န်ဆောင်မိခင်သောက်သုံးရန်မဟုတ်ပါ


မင်္ဂလာပါရှင်အခုလို covid ရောဂါပိုးဖြစ်ပွားနေတဲ့ ကာလမှာ မိမိတို့ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ဂရုစိုက်ဖို့ အရေးကြီးပ...
17/11/2021

မင်္ဂလာပါရှင်

အခုလို covid ရောဂါပိုးဖြစ်ပွားနေတဲ့ ကာလမှာ မိမိတို့ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ဂရုစိုက်ဖို့ အရေးကြီးပါတယ်

အခု Admin တို့မိတ်ဆက်ပေးချင်တာကတော့
Korea နိုင်ငံထုတ် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော အားဆေးလေးတစ်မျိုးပဲဖြစ်ပါတယ်

Korea products တွေဟာ စားသုံးသူ မိဘပြည်သူတွေအပေါ်မှာ ဘေးဥပါဒ် နည်းနိုင်သမျှ အနည်းဆုံး ကုန်ကြမ်းတွေ သုံးပီး ထုတ်လုပ်ထားကို တွေ့ရပါတယ် 😻

Lemona Immune Booster Multivitamins supplement ကိုယ်ခံအားကောင်းစေတဲ့ multivitamin ဖြည့်စွက်အားဆေး

ဒီဆေးဟာဆိုရင် 1957 နှစ်ထဲက တည်ထောင်လာတဲ့ နာမည်ကြီး‌Korea ဆေးcompanyဖြစ်တဲ့
Kyungnam Pharma Lemona မှ ထုတ်လုပ်တဲ့
Immune booster ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတဲ့
Supplement တစ်မျိုးပဲဖြစ်ပါတယ် ✔️

✅သဘာ၀အရသာ Alovera လေးနဲ့ သံပုရာအရသာထုတ်လေးကို တစ်ရက် တစ်ထုပ်သောက်ကြည့်ပီး မိမိတို့ရဲ့ ကိုယ်ခံစွမ်းအားတွေကို မြှင့်တင်ကာ ရောဂါပိုးမွှားတွေ ကို ခံနိုင်ရည်ရှိအောင် အားမွေးထားလို့ရပါတယ်
ရှားစောင်းလက်ပတ်Aloveraက အသားအရည်လှပစေသလို အစာအိမ်အူလမ်းကြောင်းနဲ့ ကိုယ်ခံအားကိုလည်းကောင်းမွန်စေပါတယ်

✅ Vitamin C ဓါတ်လေးလဲပါ၀င်သည့်အပြင်
lactobacillus bacteria တွေ ပါ ပါ၀င်လို့ အူလမ်းကြောင်း ကောင်းမွန်ပြီး လန်းဆန်းတက်ကြွစေမှာဖြစ်ပါတယ်

Vitamin ဆေးလုံးတွေအများကြီး မသောက်ချင်တဲ့သူတွေ အတွက် အဆင်ပြေပါတယ်

မျက်လုံးအားကောင်းစေတဲ့ Vitamin A ရယ်
ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vit C , Vitamin E ,D3,Zinc နဲ့ အာရုံကြောအားကောင်းစေတဲ့ vitamin B complex, folic acid
၀မ်းမှန်စေတဲ့ fiber အမျှင်ဓါတ်နဲ့ probiotics တွေပါ၀င်ပါတယ်

Vitamin ဆေးလုံးတွေအများကြီး မသောက်ချင်တဲ့သူတွေ အတွက် အဆင်ပြေပါတယ်

✅covid ကာလ ခုလို စိတ်ဖိစီးမှုတွေများတဲ့ကာလမှာ ကိုယ်ခံအားကောင်းစေတဲ့ immune booster လေးသောက်ပီး နေ့တစ်နေ့ကိုလန်းလန်းဆန်းဆန်းနဲ့စတင်လိုက်ရအောင်ပါ🤗
အသားအရေလှပစိုပြေပီး stress ဒဏ် ရောဂါပိုးမွှားဒဏ် ခံနိုင်တဲ့ multivitamins မျိုးစုံ ပါ၀င်တာမို့ တစ်ထုပ်ထဲနဲ့ သောက်ရအဆင်ပြေပါတယ်

💚သောက်သုံးနည်း
တစ်ရက်တစ်ထုပ် ရေလေးနဲ့သောက်လို့ရသလို ချိုချဉ် အရသာလေးမို့ ဒီတိုင်း‌လဲစားလို့ရပါတယ်

👏 Covid ကာကွယ်ဆေးလည်းထိုးထားပီး ကိုယ်ခံအားကောင်းစေတဲ့ Immune booster လေးပါ သောက်ထားရင် covid infection ကိုရော တခြား ရာသီတုပ်ကွေးတွေကိုပါ တော်ရုံတိုက်ထုတ်နိုင်တဲ့ အားတွေ ရမှာမို့ အမြန်ဆုံးမှာထားလိုက်ပါနော်
ဈေးနှုန်းတန်တန်လေးနဲ့ အား‌‌ ဆေးကို အရသာကောင်းတာလေးသောက်ရမှာပါ



✅မှာယူလိုပါက page messenger မှာ ပြောထားလို့ရပါတယ်
Korea မှ တိုက်ရိုက် မှာယူထားတာဖြစ်ပြီး နာမည်ကြီး ဆေးcompany ထုတ် FDA approved ဖြစ်လို့
စိတ်ချရပါတယ်

ဈေးနှုန်း
-10 ထုပ်ပါ တစ်ထုပ်ကို 8000ကျပ်
- အထုပ် 30ပါ တစ်ဗူး ကိုမှ 23000ကျပ်




Stay Safe and Healthy 💪
အားလုံးကျန်းမာပျော်ရွှင်ပြီးသာယာလှပတဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေ ❤️💌🥰

Hello Dear customers ❤️ဒီနေ့လေးမှာ ကျန်းမာရွင်လန်း၍ ဘေးဘယာတွေ ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ကတော့ World Diabet...
14/11/2021

Hello
Dear customers ❤️

ဒီနေ့လေးမှာ ကျန်းမာရွင်လန်း၍ ဘေးဘယာတွေ ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ်

ဒီနေ့ကတော့ World Diabetes day ကမ္ဘာ့ဆီးချိုသွေးချို‌‌ ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့လေး ဖြစ်ပါတယ်ရှင်

ဆီးချိုရောဂါဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်သော Insulin (အင်ဆူလင်) hormone ကိုရှာဖွေတွေ့ရှိခဲ့တယ့် Sir Frederick Banting ရဲ့မွေးနေ့လေးကို အမှတ်တရအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်

ဆီးချိုရောဂါဟာ ကမ္ဘာတဝန်းအဖြစ်များဆုံးရောဂါများထဲမှ တစ်ခုအပါအဝင် ဖြစ်သည့်အပြင်
မြန်မာနိုင်ငံတွင်လဲ ဆီးချိုရောဂါဖြစ်ပွားသူများပြားလာတာကိုတွေ့ရှိရပါတယ်
မြန်မာ့လူဦးရေရဲ့ 11% နီးပါးဟာ ဆီးချိုရောဂါဝေဒနာရှင်များဖြစ်ပြီး 20% နီးပါးဟာ အကြိုဆီးချို ရောဂါဟု သတ်မှတ်နိုင်ကြောင်းကို တွေ့ရှိရပါတယ်

⭐သင်ဟာ ဆီးချိုရောဂါရှိသူ တစ်ဦးပါလား
⭐သို့မဟုတ် သင်၏မိသားစုဝင် တစ်ဦးဦးမှာ ဆီးချိုရောဂါ ခံစားနေရပါသလား
⭐ဆေးတွေအများကြီးသောက်ရမှာတွေးပြီး ပူပန်နေပါသလား
⭐ဆီးချို၏နောက်ဆက်တွဲရောဂါများကို ကြောက်နေမိပြီလား

ထို့ကြောင့် စိတ်ပျက်အားငယ်မှူများ ခံစားနေရပါသလား
ယခုကဲ့သို့ စိုးရိမ်စိတ်များကို မိသားစုနဲ့အတူတူ ကျွန်ုတို့နှင့်တို့နှင့်တူတူဖြေရှင်းပြီး ကျန်းမာပျော်ရွင်စွာ နေထိုင်သွားရအောင် အားပေးလိုက်ပါရစေရှင့်😊

Access to diabetes care- if not Now, when?
ယခုနှစ် World Diabetes day ရဲ့ ဆောင်ပုဒ်လေးအတိုင်း
မိမိတွင် နှင့် မိမိချစ်ခင်ရသူ တစ်ဦးဦးတွင် ဆီးချိုရောဂါ သို့မဟုတ် ဆီးချို ရောဂါ လက္ခဏာတစ်ခုခု ခံစားနေရပါက နီးစပ်ရာ ဆရာဝန်နှင့် ပြသ၍အမြန်ဆုံးကုသမှု ခံယူလိုက်ပါ

🏃🏃🏃သင့်တင့်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်ပါ
(တစ်ပတ်လျှင် အနည်းဆုံး မိနစ်ပေါင်း ၁၅၀ ခန့် လုပ်ဆောင်သင့်ပါတယ်)
🐷ကိုယ်အလေးချိန် ထိန်းပါ
🍚🥣🍤မျှတသော အစားအစာကို တွက်ချက်၍စားသုံးပါ
🥼ဆရာဝန်နှင့်ပုံမှန်ပြသ၍ လိုအပ်သောစစ်ဆေးခြင်းများပြုလုပ်ပါ
💊💊💊ဆီးချို၏ နောက်ဆက်တွဲရောဂါများ ဖြစ်မလာအောင် အရေးပါဆုံး တစ်ခုကတော့
ညွှန်းကြားထားသော ဆေးများအား ပုံမှန်သောက်သုံးရန်ပဲဖြစ်ပါတယ်ရှင့်

ယခုကဲ့သို့ရောဂါပိုးများ ကူးစက်လွယ်နေသည့်အချိန်တွင် မိမိတို့ပုံမှန်သောက်နေရသောဆေးဝါးများအား ဈေးနှုန်းမှန်ကန်စွာဖြင့် မိမိအိမ်အရောက် ပို့ဆောင်ပေးနိုင်သော ဝန်ဆောင်မှုအတွက် ကျွန်မတို့ Htet Clinic and Pharmacy ကို ဆက်သွယ်နိုင်ပါတယ်ရှင့်👪

ဆီးချိုသွေးချိုဝေဒနာရှင်များနှင့် မိသားစုဝင်များ ရောဂါများကင်းဝေး၍ မိမိတို့နေအိမ်တွင် ပျော်ရွင်စရာအချိန်များတူတူ ဖြတ်သန်းနိုင်ပါစေဆုတောင်းပေးလိုက်ပါတယ်ရှင့်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Htet Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram