14/08/2025
ဒီရက်ပိုင်းအရမ်း Hot ဖြစ်နေတဲ့ ဗွီဒီယိုတစ်ပုဒ်။
အမျိုးသားတစ်ယောက်က
တစ်ကိုယ်ရည်အာသာဖြေနေရင်း
နောက်တစ်ယောက်က သူ့လည်ပင်းကို
အရှင်လတ်လတ် ဓားနဲ့ ခု-တ် ဖြ-တ် တာ။
ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ
အမျိုးမျိုးထွက်ကြတယ်။
တချို့ကလည်း B**M Sx လုပ်ကြရင်း
ဆေးကြောင်ပြီးဖြစ်တယ်ပြောတယ်။
တချို့ကလည်း ဒါက အခုတ်ခံရတဲ့အမျိုးသား
ကိုယ်တိုင်ကိုက သူ့ကို ဒီလိုသတ်ပေးဖို့
တောင်းဆိုပြီး ခုတ်ခိုင်းတာလို့လည်းပြောတယ်။
တချို့ကျတော့လည်း စိတ်ရောဂါတစ်မျိုးရှိလို့
ဒီလိုဖြစ်တယ်ပြောတယ်။
ဘာပဲဖြစ်ဖြစ် သေချာတာကတော့ Video ထဲက
လူ ၂ ယောက်လုံးက သာမန်စိတ်အခြေအနေ
မဟုတ်တာကတော့ လုံးဝအသေအချာပဲ။
ခုခေတ်မှာလူငယ်တွေကြား အဲ Video ထဲကလို
ထူးခြားဆန်းပြားတဲ့ လိင်ကိစ္စတွေလုပ်ကြ
တာကလည်း Virus တစ်ခုလို တဖြည်းဖြည်း
ပျံ့နှံ့လာတယ်။
B**M ဆိုတာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို
နာကျင်အောင်လုပ်ပြီးမှ လိင်စိတ်ခံစားတာ
မျိုးပေါ့။ ခန္ဓာကိုယ်က နာကျင်လေ
စိတ်ကပိုကြွလေမို့ ကိုယ့်ရဲ့ဆက်ဆံဖက်ကို
ကိုယ့်ကို နာကျင်စေအောင်လုပ်ခိုင်းပြီး
ဆက်ဆံတာမျိုး။
ခန္ဓာကိုယ်ကိုကြိုးချည်ပြီးလိင်ဆက်ဆံတာ၊
ခန္ဓာကိုယ်ပေါ် ဖယောင်းစက်ချတာမျိုး၊
တုတ်နဲ့ရိုက်တာ၊ လက်သီးနဲ့ထိုးတာ၊
ဒဏ်ရာတွေရအောင် ကြမ်းကြမ်းတမ်းတမ်း
ရိုက်နှက်နှိပ်စက်ခိုင်းတာ၊
လက်ထိပ်ခတ်ပြီး နှိပ်စက်ခံတာ၊
B**M sx အတွက် သီးသန့်ထုတ်ထားတဲ့
ကိရိယာတွေသုံးပြီး လိင်ဆက်ဆံတာ
ဒါမျိုးတွေကိုပြောတာ။
တချို့ကျ Master တို့ Slave တို့ ခေါ်တဲ့
သခင်နဲ့ကျွန် ဆက်ဆံတဲ့ပုံစံမျိုးတွေလုပ်ပြီး
လိင်ဆက်ဆံတာလည်း ရှိတယ်။
တချို့ကျ လူကို ခွေးပုံစံမျိုးလုပ်ခိုင်းပြီး
ခွေးခေါင်းအရုပ်တွေ စွပ်ထားပြီး
ဆက်ဆံတာမျိုးတွေ၊ လည်ပင်းမှာ
ကြိုးနဲ့ချည်ထားပြီး ခွေးတစ်ကောင်လို
လေးဖက်ထောက်သွားခိုင်းတာမျိုးတွေ၊
ကျင်ငယ်ရေ သောက်ခိုင်းတာမျိုးတွေ
အဲလိုတွေလုပ်ပြီးမှ လိင်ဆက်ဆံတာမျိုး
တွေလည်းရှိတယ်။
ဒီလိုအရာတွေကို ခံစားဖို့အတွက်
သဘာဝအတိုင်း နာကျင်ခံကြတာရှိသလို
နာကျင်မှုဒဏ်ပိုခံနိုင်ဖို့ ဆေးတွေသုံးပြီး
လုပ်ကြတာလည်းရှိတယ်။
ဆေးတွေသုံးရာကနေ Over Dose တွေ
ဖြစ်ပြီး လူက အသိစိတ်တွေလွတ်ကင်းပြီး
လူ-သေမှုအထိ ဖြစ်ကုန်တာတွေလည်း
အများကြီးပေါ့။
ဒီလိုနာကျင်၊ ရွံရှာစရာကောင်းတဲ့
အရာတွေကိုလုပ်ပြီး လိင်ဆက်ဆံနေကြတာ
ခံရတဲ့လူက လက်ခံနိုင်ပါ့မလားဆိုရင်
ဒါမျိုးတွေက ခံရတဲ့လူကိုယ်တိုင်က
သူ့ကိုအဲလိုလုပ်ပေးဖို့ တောင်းဆိုတာတွေ
အများကြီးရှိတယ်။ နှစ်ဦးနှစ်ဖက်
သဘောတူပြီး စိတ်တူကိုယ်တူလုပ်ကြတာမျိုး။
အဲတော့ ဒီအရာတွေက ပုံမှန်မဟုတ်တဲ့
အရာတွေမို့ ဆေးသုံးမှ ဖြစ်တာလားဆိုတော့
အဲလိုလည်းမဟုတ်ပြန်ဘူး။
တချို့လူတွေမှာ ဒီလိုလိင်စိတ်ခံယူမှုမျိုးက
မွေးရာပါအနေနဲ့ ပါလာခဲ့ကြတာ။
လူ့စိတ်ဆိုတာကလည်း
လူတစ်ယောက်နဲ့တစ်ယောက်
လိင်စိတ်ခံစားပုံတွေ မတူညီကြတော့
ဒါမျိုးတွေကလည်း နားလည်ရခက်တယ်။
တချို့ဆို တိရစ္ဆာန်နဲ့ ဆက်ဆံတာကို
ကြိုက်တာမျိုး၊
အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့
ဆက်ဆံတာကို ကြိုက်တာမျိုး၊
တချို့ကျ သေသူရဲ့ အလောင်းကောင်နဲ့
ဆက်ဆံရတာကို ကြိုက်တာမျိုး
ဒါမျိုးတွေလည်း အများကြီးရှိတယ်။
ဒီလို ထူးခြားဆန်းပြားတဲ့ B**M လိင်ကိစ္စ
တွေဆိုတာက ဒီနိုင်ငံက လူငယ်တွေမှာလည်း
အများကြီးရှိကြတယ်။ တချို့ကျ
မွေးရာပါဗီဇအရ ဖြစ်တာ။ တချို့ကျ
အသစ်အဆန်းကိုစူးစမ်း စမ်းသပ်ချင်ကြတာ။
ခေတ်ကြီးက လိင်စိတ်ကြီးစိုးမှုတွေ
အရမ်းများလာကြတော့ တယ်လီဂရမ်မှာ
မှိုလိုပေါက်အောင်ပေါများနေတဲ့
အပြာကားတင်တဲ့ Group တွေကနေရော၊
Twitter မှာပါ မြန်မာနိုင်ငံက လူငယ်တွေရဲ့
ဒါမျိုး Video တွေကို တွေ့နေရတာအများကြီး။
ဒါမျိုးတွေကို တက်သစ်စကလေးတွေက
ကြည့်မိပြီး အတုမြင်အတတ်သင်ရာကနေ
စမ်းသပ်ချင်စိတ်တွေဖြစ်လာကြပြီး
B**M သာမက Master နဲ့ Slave ဆိုတဲ့
ပုံစံမျိုးတွေနဲ့ပါ ကိုယ့်ကိုယ်ကိုယ်
ခွေးတစ်ကောင်လိုမျိုး ဆက်ဆံခိုင်းပြီး
လိင်ကိစ္စလုပ်နေကြတဲ့ ကလေးတွေလည်း
အများကြီး။ လည်ပင်းမှာ ကြိုးနဲ့ချည်တယ်။
လေးဖက်ထောက်သွားတယ်။
ခြေထောက်တွေကို ယက်တယ်။
ကျင်ငယ်ရည်နဲ့ အပန်းခံတယ်။
တချို့ဆို လူပြတ်တဲ့ Public Area မျိုးတွေမှာ
ကိုယ်တုံးလုံးနဲ့ ခွေးပုံစံသွားပြီး
လိင်ကိစ္စတွေလုပ်ကြတာမျိုးအထိရှိတယ်။
ဒီထက်ဆိုးတဲ့ ပုံစံမျိုးတွေကျ
စာဖတ်တဲ့လူတွေထဲမှာ လူကြီးတွေလည်း
အများကြီးရှိတာမို့ ရေးပြရမှာတောင်
မျက်နှာပူတယ်။ ဒါတွေအားလုံးဟာ
ပေါ်ပင်ရေးနေတာမဟုတ်ဘူးနော်။
Video file တွေကို သက်သေနဲ့တကွ
တိတိကျကျ ချပြလို့ရတယ်။
လုပ်နေတဲ့လူတွေက ဦးလေးအရွယ်
သက်လတ်ပိုင်းတွေ။
အလုပ်ခံနေတဲ့လူတွေက
ဆယ်ကျော်သက် ချာတိတ်ကောင်လေးတွေ။
ဒါတွေကလည်း သူတို့စိတ်နဲ့ သူတို့သဘော
သူတို့ရဲ့ ထူးဆန်းတဲ့ လိင်စိတ်ခံယူချက်တွေ
ဆိုတော့လည်း ဘာပြောရမှန်းကိုမသိတော့ဘူး။
ခုနောက်ပိုင်း လူငယ်တွေကြားထဲ
အရှိန်အဟုန်ကောင်းကောင်းနဲ့ ပျံ့နှံ့မှု
အများဆုံးကတော့ Chem S*x လို့ခေါ်တဲ့
ဆေးသုံးပြီး လိင်ဆက်ဆံတာနဲ့
3some / Group S*x လို့ခေါ်တဲ့
အုပ်စုဖွဲ့လိင်ဆက်ဆံတာပါပဲ။
အုပ်စုဖွဲ့လိင်ဆက်ဆံခြင်းကကျ အသိစိတ်ရှိပြီး
သတိရှိနေတဲ့အတွက် Safe s*x ဖြစ်အောင်
လုပ်ရင် ကူးစက်ရောဂါမဖြစ်အောင်
ထိန်းသိမ်းနိုင်စွမ်းရှိသေးတယ်။
Chem S*x ကကျတော့ ဆေးသုံးဆက်ဆံတာ
မို့လို့ Safe ဖြစ်ဖို့ထက် စိတ်ခံစားချက်ကိုပဲ
အဓိကအသားပေးတာကြောင့် ကူးစက်ရောဂါ
တွေဖြစ်ဖို့က လုံးဝသေချာသလောက်ပဲ။
တချို့ကျတော့ အုပ်စုလိုက် ဆေးတွေသုံးပြီး
ဆက်ဆံကြတာတွေလည်း အများကြီး။
HF လို့ခေါ်နေကြတဲ့ High Fun လုပ်တာတွေ
Slam/ Smoke လို့ခေါ်ကြတဲ့
ဓာတုပစ္စည်းတွေသုံးပြီး လိင်ဆက်ဆံတာတွေ
ဒါမျိုးတွေဟာ ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့
လူငယ်တွေကြားထဲကို ယဉ်ကျေးမှုတစ်ခုလို
တဖြည်းဖြည်း စိမ့်ဝင်လာတာ။
ဟိုတယ်တွေမှာ ညလုံးပေါက်လိင်ဆက်ဆံဖို့
အတွက် ဒီလိုဆေးတွေသုံးကြတာ။
အဲဒီကနေ တစ်ဆင့် ရောဂါတွေလည်း
ကူးစက်ပျံ့နှံ့နေကြတာ။
မသုံးဖူးတဲ့ လူငယ်တွေကို
သုံးစွဲနေကြတဲ့ လူငယ်တွေက
HF လုပ်ကြည့်မလား မိုက်တယ် ဆိုရာကနေစပြီး
၁ ခါကနေ ၂ ခါ၊ ၂ ခါကနေ ၃ ခါ
စမ်းကြည့်မယ် ဆိုတဲ့အဆင့်ကနေ တဖြည်းဖြည်း
ဖြတ်မရတဲ့အဆင့်တွေဖြစ်လာကြတယ်။
ဆေးတွေသုံးထားကြပြီး အသိစိတ်ထဲမှာ
လိင်စိတ်တွေပဲလွှမ်းမိုးနေတော့
ရောဂါတွေမဖြစ်အောင် ကာကွယ်ရမယ်
ဆိုတာထက် ဆေးရှိန်ပိုတက်အောင်
ဆေးတင်ဖို့ကိုပဲ အာရုံလာကြတော့တာ။
ဒီဆေးတွေက မူးယစ်ဆေးအပျော့စား
တွေပဲမို့ အစလုပ်ပြီးရင်
တဖြည်းဖြည်းဖြတ်မရဖြစ်လာပြီး
နောက်ပိုင်းမှာ ကိုယ့်စိတ်ကမလုပ်ချင်ရင်တောင်
ကိုယ့်အသွေးအသားတွေက တောင့်တပြီး
မလုပ်ရမနေနိုင်တာမျိုး ဖြစ်လာကြတာ။
အဲတော့ နောက်ဆုံးကျ လူတစ်ယောက်က
ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေဖို့၊
သွေးပုံမှန်စစ်ဖို့၊ ကျနိးမာရေးဂရုစိုက်ဖို့
ဆိုတာတွေထက်
နောက်တစ်ခါ ဒါမျိုးတွေထပ်ထပ်လုပ်ဖို့ကိုပဲ
စိတ်အားထက်သန်နေတော့တာ။
အဲလိုနဲ့ တဖြည်းဖြည်း လုံးပါးပါးပြီး
လူညွန့်တုံးသွားကြတာပဲ။
တချို့တွေဆိုလည်း ဒီလို Chem S*x တွေ
လုပ်ရင်းပစ္စည်းအခိုးခံရတာ၊ပိုက်ဆံအခိုးခံရတာ
ဆေးအတုတွေ လိမ်ရောင်းခံရတာ၊
ဆေးလာပို့မယ်ပြောပြီး ငွေလိမ်ခံရတာ၊
Dating App တွေမှာ အမျိုးမျိုးအလိမ်ခံရတာ
ဒါမျိုးတွေက ခုခေတ်လူငယ်တွေကြားမှာ
ပျံ့နှံနေတာမှ တကယ်ကိုပက်ပက်စက်စက်နော်။
ဒါကြောင့်မို့လည်းခုခေတ်မှာ လူငယ်တွေ
ကြားထဲ ရောဂါကူးစက်နှုန်းတွေကပါ
အဆမတန် မြင့်တက်လာနေတာ။
ဒီခေတ်ကို လက်လှမ်းမမှီတဲ့
လူကြီးတွေကသာ ဒီစာကိုဖတ်မိပြီး
ဘုရားတ,ရင် တနေကြမှာ။
တကယ်တမ်းကျ ဒီအရာတွေက
လူငယ်တွေကြားထဲမှာတော့ ဘာမဟုတ်တဲ့
သမားရိုးကျကိစ္စတစ်ခု သာသာပါပဲ။
ဒါတောင် လျှော့ရေးထားသေးတယ်ဆိုတာ
အားလုံးသိကြမှာပါ။ တကယ့် Daily Life မှာ
ဖြစ်ပျက်နေတဲ့ အရာတွေကို
အတိအကျ ကွက်ကွက်ကွင်းကွင်းသာ
ချရေးလိုက်ရရင်တော့......။
ဒါတွေဟာ Sensitive issues တွေမို့
ရေးရတာလည်း Risk အရမ်းများတယ်။
တချို့ကျ ဒါမျိုးတွေကို ရေးပြရင်
လူငယ်တွေကို အထင်အမြင်လွဲအောင်
လုပ်တယ်ဆိုပြီး တလွဲမြင်ကြတဲ့
လူ့ကန့်လန့်တွေကလည်း ရှိကြသေးတာကိုး။
ထပ်ဖြည့်ပြောစရာတစ်ခုက
ဒါတွေဟာ မသိနားမလည်သေးတဲ့
ကလေးတွေအတွက် အသိတရားရှိအောင်၊
သတိရှိအောင်၊ ဆင်ခြင်နိုင်အောင်ရေးထားတဲ့
အမှန်တရားတွေမို့လို့
မကောင်းတာတွေကို ရေးပြထားတာဟာ
မကောင်းမှန်းသိရင် လုံးဝရှောင်နိုင်ဖို့ပါပဲ။
ကိုယ်ဖတ်ဖူးတဲ့ စကားစုလေးတစ်ခုရှိတယ်။
"ဘဝမှာ သေလောက်အောင်စိတ်ညစ်နေပါစေ
ဘယ်တော့မှ ဆေးလိပ်မသောက်မိပါစေနဲ့" တဲ့။
အဲဒီ စကားစုလေးလိုပဲ
မကောင်းတဲ့အရာတွေဆိုတာ ကြားဖူးနားဝရှိရုံနဲ့
မကောင်းမှန်းသေချာသိရင် တစ်ခါလောက်
စမ်းကြည့်မယ်ဆိုပြီးတော့တောင်
လုံးဝမစမ်းသပ်ကြပါနဲ့။
လူဖြစ်ရတဲ့ အခိုက်အတန့်လေးမှာ
တက်သစ်စ လူငယ်လေးတွေအားလုံး
မူးယစ်ဆေးဝါးကျွန်၊ လိင်ကျွန်အဖြစ်မှ
ကင်းဝေးကြပါစေလို့ ဆန္ဒပြုပါတယ်။
credit
မူလတင်ပြသူရဲ့ ကုသိုလ်သာ..