Dr4U Specialist Online Clinic

Dr4U Specialist Online Clinic အထွေထွေရောဂါများအတွက် အထူးကုဆရာဝန်

မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေအခက်အခဲဖြစ်လာရင် ရေသန့်စင်ဆေးပြားလေးတွေဆောင်ထားပြီး ရေကိုသန့်စင်ပြီး သောက်သုံးနိုင်ပါ...
14/05/2023

မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေအခက်အခဲဖြစ်လာရင် ရေသန့်စင်ဆေးပြားလေးတွေဆောင်ထားပြီး ရေကိုသန့်စင်ပြီး သောက်သုံးနိုင်ပါတယ် ရေသန့်စင်ဆေးပြား အသုံးပြုနည်းကို ဖော်ပြပေးလိုက်ပါတယ်

မုန်တိုင်းမရောက်ခင် ကြိုတင်ပြင်ဆင်မှုတွေကို မျှဝေပေးလိုက်ပါတယ်
13/05/2023

မုန်တိုင်းမရောက်ခင် ကြိုတင်ပြင်ဆင်မှုတွေကို မျှဝေပေးလိုက်ပါတယ်

❝ကြိုတင်ကာကွယ် မိုခါအန္တရာယ်❞

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်နေပါပြီ။

မေလ (၁၄)ရက်နေ့မှာ ဘင်္လားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက ShweNote ရဲ့ စာဖတ်ပရိသတ် အားလုံး
မုန်တိုင်းအန္တရာယ်ကို အသိ၊ သတိနဲ့ ကာကွယ်ကျော်လွှားနိုင်ဖို့ ShweNote ကနေ တစ်ဖက်တစ်လမ်း အကြံပေး နှိုးဆော်အပ်ပါတယ်ခင်ဗျာ။

➖➖➖➖➖➖➖➖➖➖➖➖

🚨မုန်တိုင်းမကျရောက်မီ လုပ်ဆောင်ရန်

▪️ မိုးလေဝသသတင်းတွေကို ဂရုတစိုက် နားထောင်ပါ။
▪️ မိမိနဲ့ အနီးဆုံးမှာရှိတဲ့ မုန်တိုင်းခိုအဆောက်အဦကို ကြိုတင်သတ်မှတ်ထားပြီး အဲဒီနေရာကို ဘေးအန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးရောက်နိုင်မဲ့ လမ်းကြောင်းကို ကြိုတင်ရှာဖွေထားပါ။
▪️ဓာတ်မီး၊ မီးခြစ်၊ ကတ်ကြေး/ဓား၊ ဝီစီ၊ အခြောက်အခြမ်း အစားအစာ၊ အရေးပေါ်ဆေးဝါး၊ ချည်ထည်လိုမျိုး အဝတ်အစား ၃စုံ၊ ကလေးငယ် ရှိခဲ့ပါက ကလေးအတွက် လိုအပ်တဲ့ အရေးကြီးပစ္စည်းတွေကို ကလေးတစ်အိတ်၊ လူကြီးတစ်အိတ် ခွဲခြမ်း ထည့်သွင်းထားပါ။
(အိတ်တစ်အိတ်ထဲမှာ စုဆောင်းထည့်သွင်းထားတာမျိုး မပြုလုပ်ပါနဲ့။)
▪️သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ မွေးစာရင်း စတာတွေ အပါအဝင် အရေးကြီးစာရွက်စာတမ်းတွေကို ရေလုံအောင်ထုပ်ပိုး ပြင်ဆင်ထားပါ။
(မိတ္တူစာရွက်တွေကိုပါ လိုရမယ်ရ ထည့်သွင်းထုပ်ပိုးပါ။)
▪️ဖုန်းကို အားဖြည့်သွင်းပြီး ပါဝါပိတ်ကာ ရေလုံအိတ်ထဲ ထည့်သွင်းထားပါ။
▪️ဘေးလွတ်ရာကို ရှောင်ရင်း မိသားစုဝင်တွေ ကွဲသွားနိုင်တဲ့အတွက်
ကွဲသွားတဲ့အခါ ပြန်ဆုံဖို့ စုရပ်နေရာကို ကြိုတင်တိုင်ပင် သတ်မှတ်ထားပါ။
▪️မိမိနယ်မြေအလိုက် အရေးပေါ်ဆက်သွယ်ရမဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်ရရှိနိုင်မဲ့ အဖွဲ့တွေရဲ့ ဖုန်းနံပါတ်နဲ့ ရုံးလိပ်စာတွေကို အလွယ်တကူထားရှိပါ။
▪️ကျွဲ၊ နွား၊ ခွေး၊ ကြောင်လေးတွေကို ကြိုးချည်ထားတာမျိုး၊ လှောင်အိမ်ထဲ ထည့်သွင်းထားတာမျိုး မပြုလုပ်ပါနဲ့။
(ဒါမှသာ လွတ်လွတ်လပ်လပ် ပြေးလွှားပုန်းခို နိုင်ပါလိမ့်မယ်။)

📌အရေးအကြီးဆုံး အချက်ကတော့ မခိုင်မာတဲ့ ကောလဟာလသတင်းတွေကို နားမထောင်ပါနဲ့။
➖➖➖➖➖➖➖➖➖➖➖➖

🚨မုန်တိုင်းတိုက်ခတ်နေစဉ် လုပ်ဆောင်ရန်

📍လေပြင်းတိုက်ခတ်နေတုန်း မိမိရှိနေတဲ့ အဆောက်အဦဟာ ပြိုကျနိုင်တဲ့ အနေအထားရှိနေရင် ခိုင်ခန့်တဲ့စားပွဲ/ကုတင်အောက်မှာ ခိုလှုံနေထိုင်ပါ၊ ခိုင်ခန့်တဲ့ တိုင်တစ်ခုကို တွယ်ဖက်ထားပါ။
📍ပင်မလျှပ်စစ်မီးအဝင် မိန်းခလုတ်ကို ချထားပါ။
📍လေကွယ်တဲ့အရပ်ကို ရွေးချယ် ပုန်းခိုဖို့ အရေးကြီးပါတယ်။
📍သစ်ပင်ကြီးတွေ၊ လျှပ်စစ်ပါဝါလိုင်းတွေ၊ ရေလှောင်ကန်တွေနဲ့ ဝေးတဲ့နေရာမှာ နေပါ။
📍မုန်တိုင်းကျရောက်ချိန် ကား/ဆိုင်ကယ် မောင်းနှင်နေပါက ရပ်တန့်ထားပါ။
📍သက်ဆိုင်ရာက မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေညာချက် ထုတ်ပြန်တဲ့အထိ အန္တရာယ်ကင်းတဲ့ နေရာမှာ စောင့်ဆိုင်းပါ။
➖➖➖➖➖➖➖➖➖➖➖➖

🚨မုန်တိုင်းအန္တရာယ် ကျရောက်ပြီးပါက လုပ်ဆောင်ရန်

✅သက်ဆိုင်ရာက မုန်တိုင်းအန္တရာယ် ကင်းရှင်းပြီဖြစ်ကြောင်း မကြေညာမချင်း အပြင်မထွက်ပါနဲ့။
✅မိမိအိမ်ကို ဆန္ဒစောပြီး မပြန်ပါနဲ့။ ပြန်တဲ့အခါမှာလဲ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ သွားပါ။
✅ရေစိုနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို မကိုင်တွယ်ပါနဲ့။
✅မြွေနဲ့ တခြား အဆိပ်ရှိတိရိစ္ဆာန်တွေရဲ့ အန္တရာယ်ကို အထူးသတိထားပါ။
✅ရေကို ကျိုချက်သောက်သုံးပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို ကြိုတင် ကာကွယ်ပါ။
✅ယုံကြည်ရာ ဘာသာတရားရဲ့ အဆုံးအမအတိုင်း စိတ်ကိုတည်ငြိမ်အောင် ထားပါ။

➖➖➖➖➖➖➖➖➖➖➖➖

ShweNote ရဲ့ စာဖတ်ပရိသတ်အားလုံး စိတ်ရော ကိုယ်ပါ အန္တရာယ်ကင်း၊ ဘေးရှင်းကြပါစေလို့ ShweNote Team က ဆုတောင်းမေတ္တာ ပို့သနေပါတယ်ခင်ဗျ။🙏🏼

ဆိုင်ကလုန်းမုန်တိုင်း မိုခါ အန္တရာယ်ကို “ကြိုတင်ကာကွယ်ခြင်း၊ စနစ်တကျ လိုက်နာခြင်း၊ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခြင်း" တွေနဲ့ အတူတကွ လက်တွဲကျော်ဖြတ်ကြပါစို့ခင်ဗျာ။

(မုန်တိုင်းအန္တရာယ် ကာကွယ်အကြံပေးချက်တွေကို သက်ဆိုင်ရာ အဖွဲအစည်းတွေဆီကနေ ထပ်ဆင့်ကူးယူ မျှဝေပါတယ်ခင်ဗျာ။)


#၃၀မိနစ်တက္ကသိုလ်
#မိုခါ

🎉🎉🎉မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေကြောင်းနှင့် နှစ်သစ်မှာ အခက်အခဲတွေအားလုံးမှ လွတ်မြောက်ကြပါစေကြောင်း Dr4U မိသားစုမှ ဆုမွန်...
01/01/2023

🎉🎉🎉မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေကြောင်းနှင့် နှစ်သစ်မှာ အခက်အခဲတွေအားလုံးမှ လွတ်မြောက်ကြပါစေကြောင်း Dr4U မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🎊🎊🎊

ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်နေ့လေးမှာ ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြပါစေကြောင်း Dr4U အဖွဲ့သားများမှ ဆုမွန်ကောင်းများ ...
25/12/2022

ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်နေ့လေးမှာ ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြပါစေကြောင်း Dr4U အဖွဲ့သားများမှ ဆုမွန်ကောင်းများ ပို့သအပ်ပါတယ် 🎁🎁🎁

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အရေပြားဟာလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းတခုဖြစ်ပါတယ် ကိုယ်အင်္ဂါတခုဖြစ်တာနဲ့အညီ အရေပြားဟာလည်...
15/12/2022

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အရေပြားဟာလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းတခုဖြစ်ပါတယ် ကိုယ်အင်္ဂါတခုဖြစ်တာနဲ့အညီ အရေပြားဟာလည်း ခန္ဓာကိုယ်ကြီးအတွက် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ် အရေပြားရဲ့ တာဝန်များကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်

🛡️🛡️🛡️ Defense mechanism
အရေပြားဟာ ခန္ဓာကိုယ်ရဲ့ ပထမဆုံးခံတပ်ကြီးဖြစ်ပါတယ် ပိုးမွှားများဝင်ရောက်ခြင်း အပူလောင်ခြင်း ခရမ်းလွန်ရောင်ခြည်စတဲ့ အန္တရာယ်ရှိသော အရာများထိတွေ့ခြင်းမှ ကာကွယ်ပေးပါတယ်
🦴🦴🦴 Vitamin D
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ vitamin D ရရှိဖို့ နေရောင်ခြည်မှတဆင့် ပြုလုပ်ပေးပါတယ်
🌡️🌡️🌡️ Temperature regulation
ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိခြင်း အစိုဓာတ်ထိန်းညှိခြင်းတို့ကိုလည်း ပြုလုပ်ပေးပါတယ်
🤗🤗🤗 act as sensory organ
နူးညံ့တဲ့အထိအတွေ့ အပူ အအေး စတဲ့ အာရုံခံစားလို့ရအောင် ထိတွေ့အစိတ်အပိုင်းအဖြစ် တာဝန်ယူပေးပါတယ်

အခုလိုမျိုး တာဝန်တွေအများကြီးထမ်းဆောင်နေတဲ့ အရေပြားမှာ ပြဿနာတခုခုဖြစ်ခဲ့ရင် ကျွန်တော်တို့ Dr4U မှာရှိတဲ့ အရေပြားအထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျ

ခန္ဓာကိုယ်ရဲ့အကြီးဆုံးကိုယ်အင်္ဂါအစိတ်အပိုင်း ရဲ့ အဖြေမှန်ကတော့ အောက်ကပုံလေးမှာ အဖြေပါပါတယ် အဖြေမှန်ရဲ့ စာလုံးထဲမှာ “ ရ ...
15/10/2022

ခန္ဓာကိုယ်ရဲ့အကြီးဆုံးကိုယ်အင်္ဂါအစိတ်အပိုင်း ရဲ့ အဖြေမှန်ကတော့ အောက်ကပုံလေးမှာ အဖြေပါပါတယ် အဖြေမှန်ရဲ့ စာလုံးထဲမှာ “ ရ “ ပါပါတယ် 😎😎 အဲလောက်ဆိုရင် အဖြေကို ခန့်မှန်းနိုင်ပြီထင်ပါတယ် 😜😜

အဖြေမှန်ကတော့
အရေပြား ပဲဖြစ်ပါတယ်

အရေပြား လို့မထင်ပဲ “ ရ “ ပါတဲ့တခြားအဖြေထင်တဲ့သူတွေလည်း comment မှာဝန်ခံသွားလို့ ရပါတယ်နော် 🤪
🤪

Skin လို့ခေါ်တဲ့ အရေပြား ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ကျွန်တော်တို့ရဲ့ page ကနေ ပြောပြပေးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါအုံးနော်

ဉာဏ်စမ်းမေးခွန်းလေးမေးကြည့်ပါ့မယ်ခင်ဗျခန္ဓာကိုယ်ရဲ့ အကြီးဆုံးကိုယ်အင်္ဂါအစိတ်အပိုင်းမှာ၁. ဦးနှောက် 🧠🧠၂. အရေပြား 👯‍♀️👯‍♀️...
14/10/2022

ဉာဏ်စမ်းမေးခွန်းလေးမေးကြည့်ပါ့မယ်ခင်ဗျ

ခန္ဓာကိုယ်ရဲ့ အကြီးဆုံးကိုယ်အင်္ဂါအစိတ်အပိုင်းမှာ

၁. ဦးနှောက် 🧠🧠

၂. အရေပြား 👯‍♀️👯‍♀️

၃. အဆုတ် 🫁🫁

၄. ရင်သား 👙👙

၅. နှလုံး🫀🫀

Comment မှာ အဖြေခန့်မှန်းပေးလို့ရပါတယ် စနေည ၇ နာရီမှာ အဖြေတိုက်ကြည့်ကြမယ်နော်

အားလုံးပဲ မင်္ဂလာပါရှင့်Dr4U Specialist Online Clinic ကနေ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့် 🙏🙏🙏ကျန်းမာရေးဗဟုသုတ ဘယ်လောက်ရှိလ...
11/10/2022

အားလုံးပဲ မင်္ဂလာပါရှင့်
Dr4U Specialist Online Clinic ကနေ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့် 🙏🙏🙏

ကျန်းမာရေးဗဟုသုတ ဘယ်လောက်ရှိလဲ ဆန်းစစ်ကြည့်ရအောင်ရှင့် ❓❓❓

Reaction Quizလေး ဖြေပြီးစစ်ဆေးကြမယ်နော် ✅✅✅

လိင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်သော ရောဂါများမှာ
၁. ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV/AIDS 😭
၂. ကာလသားရောဂါ (Syphilis) 👍
၃. အသည်းရောင်၊ အသားဝါရောဂါ Bပိုး၊Cပိုး (Hepatitis B,C) 😡
၄. အထက်ပါ ရောဂါအားလုံး ❤

မိမိတို့ထင်တဲ့ အဖြေကို Reactionလေးနှိပ်ပြီး ဖြေကြည့်ပေးပါရှင့် 😇😇😇


အားလုံးပဲ မင်္ဂလာပါရှင့်🙏🙏🙏သီတင်းကျွတ်လပြည့်နေ့ အချိန်ခါသမယလေးမှာ မြန်မာပြည်သူ ပြည်သားအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြ...
09/10/2022

အားလုံးပဲ မင်္ဂလာပါရှင့်🙏🙏🙏

သီတင်းကျွတ်လပြည့်နေ့ အချိန်ခါသမယလေးမှာ မြန်မာပြည်သူ ပြည်သားအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ Dr4U Specialist Online Clinicမှ ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင့် 🥰🥰🥰

အိမ်မှာနေနေရင်း အထူးကုဆရာဝန်ကြီး/ဆရာဝန်မကြီးများနှင့် မိမိသိလိုသောအကြောင်းအရာများကို ဆွေးနွေးလိုပါက page chat box သို့ နေ့စဥ် မနက် (၈) နာရီမှ ည (၈)နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် 😇😇😇

မင်္ဂလာပါCovid-19 ရောဂါပြန်အဖြစ်များလာပြီဖြစ်တဲ့အတွက် mask တပ် လက်ဆေး ခပ်ခွါခွါနေခြင်းလေးတွေကို ဂရုစိုက်ပြီးပြန်လုပ်ကြရအ...
19/09/2022

မင်္ဂလာပါ

Covid-19 ရောဂါပြန်အဖြစ်များလာပြီဖြစ်တဲ့အတွက် mask တပ် လက်ဆေး ခပ်ခွါခွါနေခြင်းလေးတွေကို ဂရုစိုက်ပြီးပြန်လုပ်ကြရအောင် သက်ကြီးရွယ်အိုတွေရှိတဲ့အိမ်တွေ ရောဂါအခံရှိတဲ့သူတွေအတွက် စောစောသိ စောစောကုနိုင်လေ အကျိုးရှိလေမို့ ဖျား ညောင်းကိုက် နှာစေး ချောင်းဆိုး လည်ချောင်းနာ ဖြစ်တာနဲ့ Covid test စစ်ကြည့်ဖို့တိုက်တွန်းပါရစေ စဖြစ်ဖြစ်ချင်း သောက်ရတဲ့သောက်ဆေးတွေလည်း မြန်မာနိုင်ငံမှာ ရနေပြီဖြစ်လို့ Covid ရောဂါလက္ခဏာရှိပြီလို့ သံသယရှိတာနဲ့ အလွယ်တကူဝယ်ယူနိုင်တဲ့ test kit လေးတွေနဲ့စစ်ကြည့်ဖို့ တိုက်တွန်းပါရစေ

မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး ကပ်သုံးပါး ကျော်လွှားနိုင်ကြပါစေ

Photo - Freepik

ဆေးလိပ်ဖြတ်လိုက်ရင် ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ
25/06/2022

ဆေးလိပ်ဖြတ်လိုက်ရင် ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ

သင် သိပါသလား?သွေးလွန်တုပ်ကွေးဟာ မနက်ပိုင်းမှာကိုက်တဲ့ Aedes ခြင်တွေကြောင့် ဖြစ်တာပါ     Photo credit : WHO👇👇👇
26/05/2022

သင် သိပါသလား?

သွေးလွန်တုပ်ကွေးဟာ မနက်ပိုင်းမှာကိုက်တဲ့ Aedes ခြင်တွေကြောင့် ဖြစ်တာပါ





Photo credit : WHO
👇👇👇

Address

Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Dr4U Specialist Online Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share