04/03/2026
ကျောက်တည်ခြင်းကို မှန်မှန်ကန်ကန် နားလည်ပါ၊ ဆေးဝါးကုထုံးကို ပိုမိုသိပ္ပံနည်းကျစွာ အသုံးပြုပါ။
ကျောက်တည်ခြင်းသည် ကျောက်ကပ်ကျောက်၊ ဆီးပြွန်ကျောက်၊ ဆီးအိမ်ကျောက် အပါအဝင် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများထဲက အဖြစ်များသော တစ်မျိုးဖြစ်သည်။ အစားအသောက် အလေ့အထ၊ ရေဓာတ်လုံလောက်စွာ မသောက်သုံးခြင်း၊ ဇီဝဖြစ်စဉ်ပြဿနာများ အစရှိသည့် အကြောင်းရင်းများကြောင့် ဆီးထဲရှိ အစိုင်အခဲအမှုန်များ စုပုံပြီး ကျောက်များ ဖြစ်ပေါ်လာနိုင်သည်။ ကျောက်တည်သည့်အခါ ခါးနာခြင်း၊ ဆီးထဲသွေးပါခြင်း၊ ပျို့အန်ခြင်းနှင့် ဆီးသွားရခက်ခြင်း အစရှိသည့် လက္ခဏာများ ခဏခဏ ပေါ်လာပြီး နေ့စဉ်ဘဝအရည်အသွေးကို သိသိသာသာ ထိခိုက်စေနိုင်ပါသည်။
၁။ ကျောက်တည်ခြင်းကို အဘယ်ကြောင့် အချိန်မီကုသသင့်သနည်း။
• ပြင်းထန်သောနာကျင်မှုကို ရှောင်ရှားရန် - ကျောက်တည်ခြင်းကြောင့်ဖြစ်သော ကျောက်ကပ်အောင့်ခြင်းသည် ရုတ်တရက်ဖြစ်ပေါ်တတ်ပြီး အလွန်ပြင်းထန်တတ်ပါသည်။
• ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်ရန် - ကျောက်များကြာရှည်ပိတ်ဆို့နေပါက ကျောက်ကပ်ရေစုခြင်း နှင့် ကျောက်ကပ်လုံးဝအလုပ်မလုပ်တော့ခြင်း အထိဖြစ်နိုင်ပါသည်။
• ကြိမ်ဖန်များစွာပြန်ဖြစ်ခြင်းကို လျှော့ချရန် - ကျောက်တစ်ခါဖြစ်ပြီးပါက အကြောင်းရင်းကို မထိန်းချုပ်နိုင်လျှင် သို့မဟုတ် အချိန်မကုသပါက ပြန်ဖြစ်လွယ်ပါသည်။
၂။ ဆေးဝါးကုထုံးသည် အဓိကထားရွေးချယ်ရန် ကုထုံးတစ်ခုဖြစ်ပါသည်
***အရွယ်အစားသေးငယ်ပြီး နေရာသင့်တော်သော ကျောက်များအတွက် ဆေးဝါးကုထုံးသည် စိတ်ချရပြီး ထိရောက်မှုရှိသော ရွေးချယ်မှုတစ်ခု ဖြစ်ပါသည် -
(က) ကျောက်ကျဆေးများ - ဆီးပြွန်ကိုကျယ်စေခြင်း၊ ဆီးသွားစေခြင်းဖြင့် ကျောက်ငယ်များကို သဘာဝအတိုင်းကိုယ်ခန္ဓာမှ ထွက်စေရန် ကူညီပေးသည်။
(ခ) ကျောက်ပျော်ဆေးများ - ကျောက်အချို့ (ဥပမာ - ယူရစ်အက်ဆစ်ကျောက်) အား ဆီး၏အချဉ်အငန်ဓာတ်ကို ဆေးဝါးများဖြင့်ညှိပေးခြင်းဖြင့် တဖြည်းဖြည်းပျော်ဝင်သွားစေနိုင်ပါသည်။
(ဂ) နာကျင်မှုသက်သာဆေးများ - ကျောက်ကြောင့်ဖြစ်သော ပြင်းထန်သည့် ခါးနာခြင်းကို သက်သာစေပြီး ကျောက်ကျသည့်ဖြစ်စဉ်ကို လွယ်ကူစေပါသည်။
(ဃ) ပြန်မဖြစ်အောင်ကာကွယ်သောဆေးများ - ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေခြင်း၊ ဆီးထဲရှိ အမှုန်အဝါးပစ္စည်းများ၏ပမာဏကိုလျှော့ချပေးခြင်းဖြင့် ကျောက်ပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်။
၃။ ဆေးဝါးကုထုံး၏ သာလွန်ချက်များ
• ခန္ဓာကိုယ်ကို အနည်းငယ်သာ ထိခိုက်မှုရှိခြင်း - ခွဲစိတ်ရန် မလိုအပ်ပါ။
• စရိတ်သက်သာခြင်း - ခွဲစိတ်ကုသမှု သို့မဟုတ် လေဆာကျောက်ချေကုထုံးထက် ကုန်ကျစရိတ် သက်ပါသာသည်။
• အဆင်ပြေလွယ်ကူခြင်း - ဆေးသောက်ရန် ရိုးရှင်းပြီး ပြန်လည်စစ်ဆေးရန် လွယ်ကူသည်။
၄။ နှိုးဆော်ချက်
• ဆေးဝါးကုထုံးကို ကျွမ်းကျင်သောဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ကျောက်၏ဖွဲ့စည်းပုံ၊ အရွယ်အစားနှင့် တည်နေရာအလိုက် သင့်တော်သော ကုသမှုပုံစံရွေးချယ်၍ ခံယူသင့်ပါသည်။
• ဆေးဝါးကုသမှုနှင့်အတူ ရေများများသောက်ခြင်း၊ အစားအသောက်ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေးပါက ကျောက်ကျဆင်းရန်နှင့် ပြန်မဖြစ်အောင်ကာကွယ်ရန် ပိုမိုထိရောက်စေပါမည်။
• အကယ်၍ ကျောက်အရွယ်အစားကြီးမားပြီး ဆီးလမ်းကြောင်းပိတ်ဆို့မှုပြင်းထန်ကာ ရောဂါပိုးဝင်သည့် လက္ခဏာရှိပါက ခွဲစိတ်ကုသမှု သို့မဟုတ် ခေတ်မီခွဲစိတ်နည်းများဖြင့် အမြန်ဆုံးကုသသင့်ပါသည်။
✅ ကျောက်တည်ခြင်းအား သိပ္ပံနည်းကျကုသခြင်းဖြင့် ဆေးဝါးကုထုံးသည် စိတ်ချရပြီး ထိရောက်ကာ ဦးစားပေးစဉ်းစားထိုက်သော ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါသည်။ အထက်ပါရောဂါလက္ခဏာများဖြစ်ပေါ်ပါက ဆရာဝန်ထံအမြန်သွားရောက်ပြသပြီး မိမိနှင့်သင့်တော်သော ကုသမှုနည်းလမ်းကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ရွေးချယ်ကုသပါ။ နောက်ကျပါက ကျောက်ကပ်ထိခိုက်မှု ပိုမိုဆိုးရွားလာနိုင်သည်ကို သတိရပါ။
#ဆီးကျောက်တည်ခြင်း ၊ #ကျောက်ကပ်ကျောက်တည်ခြင်း ၊ #သည်းခြေအိတ်ကျောက်တည်ခြင်း ၊ ဘယ်နေရာပဲကျောက်တည်တည် #မြတ်ရတနာဆေးကုခန်း သို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။
ဖုန်းနံပတ် - 09785487666
လိပ်စာ - အမှတ်(၅၄)၊ Eastern Business Center ပထမထပ်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နှင့် BOC မှတ်တိုင်နှစ်ခုကြား၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
Google map - https://maps.app.goo.gl/28Z3zHcQgoVDNFgR9
ဆေးခန်းဖွင့်ချိန်လေးကတော့ မနက်(၉)နာရီမှ ညနေ(၃)နာရီထိ၊ ပိတ်ရက်မရှိနေ့တိုင်းဖွင့်ပါတယ်ရှင်။