DXN-Products Bago Branch

DXN-Products Bago Branch Products from DXN products

👉Are You Acidic or Alkaline? ခန္ဓာကိုယ်တွင်မှာ အက်စစ်ဓာတ်လွန်ကဲနေသလား (သို့မဟုတ်) အယ်လကာလိုင်းဓာတ်လွန်ကဲနေသလား?👉ကျန်းမာတ...
04/12/2022

👉Are You Acidic or Alkaline?
ခန္ဓာကိုယ်တွင်မှာ အက်စစ်ဓာတ်လွန်ကဲနေသလား (သို့မဟုတ်) အယ်လကာလိုင်းဓာတ်လွန်ကဲနေသလား?
👉ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်ဖို့အတွက် အဓိက အရေးအကြီးဆုံးက အစားအသောက်ကို မျှတအောင်စားဖို့ဖြစ်ပါတယ်။ စားသောက်မှုအလေ့အကျင့်က ကျန်းမာရေးနဲ့ညီညွတ်ဖို့၊ စားသမျှအစားအစာတွေက မျှတဖို့ ကျွန်တော်တို့ သိထားသင့်တဲ့အချက် (၁) ခုရှိပါတယ်။ ရိုးရိုးရှင်းရှင်းလေးပါပဲ.....
👉ဒါကတော့ ခန္ဓာကိုယ်တွင်း အက်စစ်ဓာတ် နဲ့ အယ်လကာလိုင်းဓာတ်ကို ရှိသင့်တဲ့ ပမာဏမှာရှိနေအောင် ထိန်းပေးထားရမှာပါ။ ဒီတော့ အက်စစ်ဓာတ်ဖြစ်စေမည့် အစားအစာ၊ အယ်လကာလိုင်းဓာတ်ဖြစ်စေမည့် အစားအစာတွေကို ထိန်းညှိစားသောက်ရပါမယ်။
👉(20:80) ဥပဒေသ အတိုင်းစားသောက်ရပါမယ်။
✔အက်စစ်အစားအစာ 👉(20) ရာခိုင်နှုန်း
✔အယ်လကာလိုင်းအစားအစာ 👉(80) ရာခိုင်နှုန်း စားသောက်ပေးရပါမယ်။
💕ဒီအခြေခံအချက်ကလေးကို လိုက်နာခြင်းအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရရှိမှာဖြစ်ပါတယ်။ အောက်က ပုံလေးမှာ အသေးစိတ်လေး ရေးထားပါတယ်နော်။ ❤❤အယ်လကာလိုင်း အစားအစာအတွက်ကတော့ မပူပါနဲ့နော်။ DXN မှာ မျိုးစုံရှိပါတယ်❤❤
💕ကျန်းမာ ပျော်ရွှင်တဲ့ မိသားစုဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ




💬💬💬 မိတ်ဆွေတစ်ယောက်က အသားမကြိုက်တဲ့အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အပင်ထွက်ပစ္စည်းနဲ့ ဖြည့်စွက်ဖို့ဆွေးနွေးဖြစ်ပါတယ်။ သူက ကျ...
04/12/2022

💬💬💬 မိတ်ဆွေတစ်ယောက်က အသားမကြိုက်တဲ့အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အပင်ထွက်ပစ္စည်းနဲ့ ဖြည့်စွက်ဖို့ဆွေးနွေးဖြစ်ပါတယ်။ သူက ကျန်းမာရေး ဗဟုသုတလိုက်စားတဲ့အတွက် ပရိုတင်းဆိုတာခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တယ်၊ မလုံလောက်လို့မဖြစ်ပါဘူး၊ ခန္ဓာကိုယ်ကြီးထွားဖို့၊ အင်ဇိုင်းအမျိုးမျိုး ထုတ်လုပ်ဖို့၊ ပြုပြင်ဖို့၊ ကိုယ်ခံအားစနစ်ထောက်ပံ့ဖို့ စတဲ့လုပ်ငန်းတွေမှာ ပရိုတင်းဓာတ်က အခြေခံဖြစ် နေတာကို သူသိပါတယ်။
DXN မှာ နာမည်ကျော် ပရိုတင်းအစားအစာ ရှိပါတယ်။ အပင်ထွက်ပစ္စည်းထဲမှာ ပရိုတင်းဓာတ် အကြွယ်ဝဆုံးဖြစ်ပါတယ်။ လိုချင်တာတော့ ပရိုတင်းဓာတ်ပါပဲ၊ နောက်ထပ်ဆင့်ပွား လက်ဆောင်တွေ အများကြီး ပေးတဲ့ ထုတ်ကုန်လေးကတော့ 💕DXN NutriZhi 💕လေးပဲဖြစ်ပါတယ်။ 💬💬💬
😊😊 မိတ်ဆွေကို အသေးစိပ်လေးရှင်းပြလိုက်တာကတော့ 👇👇👇
✅ DXN NutriZhi ပါဝင်ပစ္စည်းများ
✔️ ပရီမီယံအရည်အသွေးမြင့် ပဲပိစပ် (Soy) ၊ မုယောစပါး (malt)၊ DXN ဂါနိုဒါးမားအဆီအနှစ် တို့ရောစပ် ထားသည့် ပြီးပြည့်စုံသော အာဟာရပြည့် ဖျော်ရည်ဖြစ်သည်။ DXN NutriZhi တွင် သဘာဝပဲပိစပ်၏ မွတ်ညက်သော အရသာ၊ မုယောစပါး၏ သင်းပျံ့ပျံ့ရနံ့ တို့က ဆွဲဆောင်မှုအပြည့်ရှိပါတယ်။
✔️ ထုတ်ပိုးမှုစနစ်။ တစ်ဗူးလျှင် 30 g ပါ (20) ထုတ်
✅ DXN NutriZhi တွင်ပါဝင်သော အာဟာရဓာတ်များ
✔️ Lecithin၊ Isoflavones၊ အပင်ထွက်ဓာတ်ပစ္စည်းများ (Phytochemicals)
✔️ Unsaturated Fatty Acids ( Omega-3 , Omega-6)
✔️ Calcium (ကယ်လစီယမ်), Iron (သံဓာတ်), Potassium (ပိုတက်စီယမ်), Magnesium (မဂ္ဂနီစီယမ်)
✔️ Vitamin A, C , E
✅ DXN NutriZhi ကိုဘယ်လိုသောက်မလဲ
✔️ NutriZhi တစ်ထုတ်ကို ရေနွေးနွေး (150) မီလီဂရမ်နဲ့ရောမွှေပြီး သောက်သုံးနိုင်သည်။
✔️ အခြား DXN ထုတ်ကုန်များ ( ဥပမာ။ Spirulina Cereal, Lingzhi Coffee 3 in 1 ….) စသည်တို့နှင့် ကြိုက်နှစ်သက်ရာ တွဲဖက် သုံးဆောင်နိုင်ပါတယ်။
✔️ ကျန်းမာရေးကို ထိရောက်စွာစောင့်ရှောက်ရန် DXN NutriZhi ကို မကြာခဏ သောက်သုံးသင့်ပါတယ်။
✅ မုယော (Malt) အကြောင်းအနှစ်ချုပ်
✔️ မုယောဆိုတာ ဆန်၊ ဂျူံ တို့လို မြက်မျိုးရင်းဝင် ကောက်နှံတစ်ခုဖြစ်ပါတယ်။ မုယောကနေ နို့မှုန့်၊ အားဖြည့်အချိုရည်၊ ကွတ်ကီးမုန့်၊ ဘီယာ၊ ဝီစကီ စတဲ့ စားသောက်ကုန်ပစ္စည်းများ ပြုလုပ်ပါတယ်။
✔️ မုယောမှာ Vitamin B6 အထူးကြွယ်ဝပါတယ်။ ဦးနှောက်နဲ့ ကိုယ်ခံစွမ်းအားကို အကျိုးပြုပါတယ်။ သတ္တုဓာတ် များစွာပါဝင်သည့်အတွက် သိုင်းရွိုက်၊ အရိုးအဆစ်၊ သွားကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေ ပါတယ်။ Flavonoid , Antioxidant များကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ခြင်း၊ သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။
✔️ သွေးထဲက မကောင်းသော ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ဒါကတော့ မုယောရဲ့ ကျန်းမာရေးအကျိုးပြု အကျဉ်းချုပ်လေးပဲဖြစ်ပါတယ်။
✅ ပဲပိစပ် (Soybeans) အကြောင်းအနှစ်ချုပ်
✔️ ပဲပိစပ်သည် နေ့စဉ်စားသုံးသော အစားအစာများစွာမှာပါဝင်ပါတယ်။ တို့ဟူး၊ ပဲပြား၊ ပဲသွေး၊ ပုန်းရည်ကြီး၊ ပဲနို့၊ ပဲပါးပိ၊ ပဲငံပြာရည် တို့မှာ ထည့်သွင်းအသုံးပြုပါတယ်။
✔️ ပဲပိစပ်၏ဇာတိမှာ တရုတ်၊ မန်ချူရီးယားနှင့် ဂျပန်တို့ဖြစ်ကြသည်။ ပဲပိစပ်ဆီထုတ်လုပ်သော နိုင်ငံများတွင် တရုတ်နိုင်ငံက ထိပ်ဆုံးဖြစ်ပါတယ်။ ယခုအခါ အမေရိကန်၊ ဥရောပ၊ အာဖရိက၊ အီဂျစ်၊ ရုရှား၊ မြန်မာနှင့် နီပေါ နိုင်ငံတို့တွင် တွင်ကျယ်စွာ စိုက်ပျိုးနေကြပါတယ်။
✔️ ပဲပိစပ်တွင် အဓိကကြွယ်ဝသည့် အာဟာရဓာတ်မှာ ပရိုတင်းဓာတ် ဖြစ်ပါတယ်။ အခြားသောသီးနှံပင် များထဲရှိ ပရိုတင်းဓာတ်နှင့်မတူပဲ ပဲပိစပ်ရှိပရိုတင်းဓာတ်က ပထမတန်းစားပရိုတင်း ဖြစ်သည်။ ပဲပိစပ်တွင် ပါရှိသော ပရိုတင်းဓာတ်သည် အမဲသား၊ ကြက်ဥ၊ နွားနို့ တို့တွင်ပါဝင်သော ပရိုတင်းဓာတ်နှင့် အမျိုးအစား တူညီပြီး ပဲပိစပ်တွင် ပရိုတင်းပါဝင်မှုပိုများသည်။ လူ့ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်က အရေးကြီးပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ရေပြီးရင် ဒုတိယအများဆုံးက ပရိုတင်းဖြစ်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့အစားအစာ ဆိုတိုင်းမပြည့်စုံပါဘူး။ ပါဝင်တဲ့ပရိုတင်းဟာ အရည်အသွေးပြည့်ဝဖို့ လိုပါတယ်။ DXN NutriZhi မှာပါတဲ့ ပရိုတင်းကတော့ ပထမတန်းစား ပရိုတင်းဖြစ်ပါတယ်။
✔️ ပဲပိစပ်တွင် မပြည့်ဝဖက်တီးအက်စစ်များ ပါဝင်ပါတယ်။ ဖက်တီးအက်စစ်တွေကို ခန္ဓာကိုယ်က လိုအပ်ပါတယ်။ ဖက်တီးအက်စစ်တို့သည် ဦးနှောက်လုပ်ဆောင်မှုများနှင့် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများအတွက် အဓိကလိုအပ်ပါတယ်။ လူ့ဦးနှောက်မှာ OMEGA ဖက်တီးအက်စစ်တွေနဲ့ အများဆုံးဖွဲ့စည်းထားပြီး အထူးသဖြင့် OMEGA-3 ဖက်တီးအက်စစ်တွေ ကြွယ်ဝလို့ ကမ္ဘာပေါ်မှာ ဥာဏ်ရည်အမြင့်ဆုံး ဖြစ်နေတာပါ။ DXN NutriZhi သောက်သုံးခြင်းဖြင့် ဉာဏ်ကောင်းစေတဲ့ အကျိုးကို ရစေပါတယ်။
✅ DXN NutriZhi သောက်သုံးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
✔️ 🔷သွေးဆုံးကိုင်ခြင်းကိုသက်သာစေ၊ ရင်သားကင်ဆာရောဂါအန္တရာယ်လျော့ကျ🔷
ပဲပိစပ်တွင် ပါဝင်သော Isoflavonesဓာတ်တွေဟာ သွေးဆုံးကိုင်အမျိုးသမီးများ ဟိုမုန်းပြဿနာကို ကူညီ ထိန်းသိမ်းပေးပါတယ်။ အမျိုးသမီးများ စိတ်အတက်အကျမြန်ခြင်းကို တားဆီးပေးပါတယ်။ အသက်ကြီး သူများ၊ သွေးဆုံးကိုင်သူများ အဖြစ်များတဲ့ အရိုးပွရောဂါ၊ ကယ်လဆီယမ်ချို့တဲ့ရောဂါတို့ကို သက်သာစေ ပါတယ်။ အမျိုးသမီးများ ဟိုမုန်းမညီညွတ်လို့ ဖြစ်ရတဲ့ ရင်သားကင်ဆာအန္တရာယ်ကို လျော့ကျစေပါတယ်။
✔️ 🔷ပြီးပြည့်စုံသော ပရိုတင်းပါဝင်သည့် ထုတ်ကုန်တစ်ခု🔷
ပဲပိစပ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ်များ (Essential Amino Acids) ကြွယ်ဝ၍ ပြီးပြည့်စုံသော ပရိုတင်းပါဝင်သည့် တစ်ခုတည်းသော အပင်ထွက်ပစ္စည်းဖြစ်သည်။
✔️ 🔷ဆဲလ်အမြှေးပါး ဖွဲ့စည်းရာမှာလိုအပ်၊ မကောင်းတဲ့ ကိုလက်စထရောများကို လျော့ချ 🔷
ပဲပိစပ်လက်စီသင် ဆီ (Lecithin) သည် ဆဲလ်အမြှေးပါးများ ဖွဲ့စည်းရာတွင် မရှိမဖြစ်လိုအပ်သည်။ ဦးနှောက် ဖွံ့ဖြိုးမှုကိုအားပေးပြီး မှတ်ဉာဏ်ကို သိသိသာသာ တိုးတက်စေသည်။ LDL (မကောင်းသော ကိုလက်စထရော) လယ်ဗယ်ကိုကျဆင်းစေပြီး၊ HDL (ကောင်းသာကိုလက်စထရော) လယ်ဗယ်ကိုတိုးစေသည်။ ဇီဝကမ္မ ဖြစ်စဉ် များကိုဟန်ချက်ညီစေသည်။
✔️ 🔷လူကိုအင်မတန်အကျိုးပြုတဲ့ OMEGA-3 ပါဝင်🔷
၎င်းကို ခန္ဓာကိုယ်က မချက်လုပ်နိုင်တဲ့အတွက် အစားအသောက်မှ ရယူရပါတယ်။ ပင်လယ်စာများနှင့် အဆီပါ ငါးများ၊ ငါးကြီးဆီတို့မှာတွေ့ရသည်။ လေ့လာမှုများအရ OMEGA-3 ဖက်တီးအက်စစ်သည် ရောင်ရမ်းမှုကို လျော့ချပေးသည်။ နာတာရှည်ရောဂါများဖြစ်သည့် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဆစ်ရောင်ရောဂါ စသည့်တို့ကြောင့် အသက်ဆုံးရှုံးနိုင်မှုကို လျော့ချပေးပါတယ်။ မျိုးပွားခြင်းကို အားကောင်းစေသည်။ သွေးလည်ပတ်မှုကောင်းစေပြီး၊ သွေးပေါင်ချိန်မှန်စေသည်။ ခန္ဓာကိုယ်ဆဲလ်များရဲ့ နံရံအမြှေးတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ ခန္ဓာကိုယ်၏ အလိုအလျောက်ပြုပြင်မှု စနစ်ကို OMEGA-3 ဖက်တီးအက်စစ်က အားကောင်းစေသည်။ DXN NutriZhi သောက်ပေးခြင်းဖြင့် ကျန်းမာ ဉာဏ်ကောင်းစေပါမယ်။
✔️ 🔷အကျိုးပြု ဖက်တီးအက်စစ် OMEGA-6 ပါဝင်🔷
OMEGA-6 ဖက်တီးအက်စစ်ဟာလည်း အကျိုးပြုဖက်တီးအက်စစ် တစ်မျိုးဖြစ်ပါတယ်။ ၎င်းကို အသီးအရွက်အဆီများနှင့် အခွံမာသီးများတွင် တွေ့ရတတ်သည်။ ပဲပိစပ်ရှိ OMEGA-6 သည် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်များ ကောင်းမွန်အောင်ထိန်းညှိပေးသည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားခြင်း၊ အရေပြား၊ ဆံသားများနဲ့ မျိုးပွားဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေသည်။ အရိုးအဆစ်များသန်မာစေပြီး ဉီးနှောက်၊ အာရုံကြောလုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပါတယ်။
✔️ 🔷မကောင်းတဲ့ ကိုလက်စထရောများဓာတ်တိုးမှုကို လျော့ချ🔷
မကောင်းတဲ့ ကိုလက်စထရော LDL များ ဓာတ်တိုးမှုဖြစ်ပြီဆိုတာနဲ့ သွေးကြောတွေပိတ်ဆို့ပါတယ်။ ပဲပိစပ်မှာပါတဲ့ မပြည့်ဝဖက်တီးအက်စစ်တွေက သွေးတွင်း မကောင်းသော ကိုလက်စထရော ဓာတ်တိုးမှုကို ကာကွယ်ပေးပါတယ်။
✔️ 🔷အဝလွန်ခြင်း၊ ဗိုက်ပူ၊ ခါးတုတ်ခြင်းကို လျော့နည်းစေတယ်🔷
ပဲပိစပ်တွင် ကစီဓာတ်ပါဝင်မှု လွန်စွာနည်းသဖြင့် အဝလွန်သူများ၊ ဆီလွန်ရောဂါရှိသူများအတွက် ကောင်းကျိုး ပြုသည်။ လှုပ်ရှားမှုနည်းခြင်းကြောင့်ဖြစ်တဲ့ အဝလွန်ရောဂါကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ပဲပိစပ်ရဲ့ ဟိုမုန်းများအပေါ် အကျိုးသက်ရောက်နိုင်စွမ်းက ဇီဝကမ္မလုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး၊ LDL ကိုလက်စထရောကို ကျဆင်းဆေးတဲ့အတွက် ဝိတ်ကျစေတာဖြစ်ပါတယ်။
✔️ 🔷အမျှင်ဓာတ်များပါသည့်အတွက် အစာခြေစနစ်ကို အထောက်အကူပြုသည်🔷
မုယောစပါးတွင် အမျှင်ဓာတ်များပါဝင်သည့်အတွက် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကို အထောက် အကူပြုသည်။ သကြားစုပ်ယူမှုကို နှေးကွေးစေသော အမျှင်ဓာတ်များကြောင့် သွေးတွင်း သကြားဓာတ်ကို ထိရောက်စွာလျှော့ချပေးနိုင်သည်။
✅ DXN NutriZhi ကို ဘယ်သူတွေသောက်သင့်သလဲ
✔️ သွေးဆုံးကိုင်အမျိုးသမီးများ ရင်သားကင်ဆာကြိုတင်ကာကွယ်သည့်အနေဖြင့် DXN NutriZhi ကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။
✔️ အမျိုးသားတွေအနေနဲ့လည်း NutriZhi သောက်သုံးပေးခြင်းဖြင့် ဆီးကြိတ်ရောင်၊ ဆီးကြိတ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။
✔️ အဝလွန်သူများ၊ ခန္ဓာကိုယ်အလေးချိန်ထိန်းလိုသူများ ကိုလက်စထရောလယ်ဗယ်မညီမျှသူများ သောက်သုံးသင့်သည်။
✔️ ဦးနှောက်အသုံးပြုရတာများလွန်းသူများ၊ မှတ်ဉာဏ်ချို့ယွင်းသူများအနေနဲ့ NutriZhi ကို သောက်သုံး သင့်သည်။ ခန္ဓာကိုယ်ကြီးထွားမှုကို အကူအညီပေးဖို့ ဆယ်ကျော်သက်များ၊ ကျောင်းသားကျောင်းသူများ အထူးသောက်သင့်သည်။ အလုပ်များသူများ၊ စိတ်မအား လူမအားဖြစ်သူများ DXN NutriZhi ကိုသာ ဆောင်ထားလိုက်ပါ။ တစ်နေ့တာ လိုအပ်သော စွမ်းအင်ကို ပြည့်ဖြိုးစေပါတယ်။
✔️ Antioxidants (ဓာတ်ပြယ်ပစ္စည်းများ) ပါဝင်တဲ့အတွက် နာတာရှည်ရောဂါသည် (ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အဆစ်ရောင်ရောဂါ) များ သောက်သုံးသင့်သည်။ အိုမင်းရင့်ရော်မှုကို လျော့ချပေးနိုင်တဲ့အတွက် နုပျိုလှပလိုသူများ သောက်သင့်သည်။ ခရမ်းလွန်ရော်ခြည်ကြောင့် ဖြစ်သော အ‌‌ရေးအကြောင်းနှင့် ရောင်ရမ်းမှုကို သက်သာစေသည်။ ကော်လာဂျင်ကို မြှင့်တင်ပေးပြီး အရေပြားပျော့ပျောင်းမှုကို တိုးတက် စေသည်။
✔️ အရိုးပွ၊ အရိုးကြွတ်ဆတ်၊ ကယ်လဆီယမ်ချို့သူများသည် အသက်အန္တရာယ်များသည့်အတွက် DXN NutriZhi ကို သောက်သုံးသင့်သည်။ အရိုးသိပ်သည်းမှုကို အားဖြည့်ပေးတဲ့အတွက် အရိုးကျိုးအက်မှုကို အထူးသက်သာစေပါတယ်။
✔️ အားကစားသမားများ၊ ကြွက်သားပြုပြင်နေသူများ၊ ဂျင်ဆော့သူများ NutriZhi သောက်သင့်ပါသည်။
✔️ ပဲပိစပ်တွင်ပါဝင်သော Isoflavones များသည် ဆံပင်ကျွတ်ခြင်းကို သက်သာစေသည့်အတွက် ဆံပင်ကျွတ်၊ ထိပ်ပြောင်သူများ သောက်သုံးသင့်သည်။
✔️ Type-2 ဆီးချိုရောဂါသည်များတွင် သွေးတွင်းဂလူးကို့စ်ထိန်းချုပ်မှုကို တိုးတက်စေသည့်အတွက် သောက်သုံးနိုင်သည်။ ပဲပိစပ်တွင်ပါဝင်သော phytochemicals များသည် အစွမ်းထက်ဓာတ်ပြယ် ပစ္စည်းများ ဖြစ်သည့်အတွက် ဆီးချိုရောဂါကို သက်သာစေသည်။
✔️ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သန္ဓေသားကြီးထွားဖို့၊ မိခင်ရော ကလေးပါကျန်းမာဖို့ လိုအပ်သော ကယ်လဆီယမ်၊ ပရိုတင်းဓာတ်များအတွက် DXN NutriZhi သောက်သုံးသင့်သည်။
😊😊ပြောရတာလည်း ရှည်သွားတော့ ကျွန်တော်လည်းမောသွားပါတယ်။ မိတ်ဆွေလည်း အားရဝမ်းသာစွာနဲ့ ကျေကျေနပ်နပ်ကြီးကို တစ်ဗူးဝယ်သွားပါတယ်။ လိုအပ်နေတဲ့သူကို ဖြည့်ဆည်းပေးလိုက်ရတဲ့ ကျေနပ်မှုက ကျွန်တော့်မှာလည်း အဆစ်ရလိုက်ပါတယ်။ ကျေးဇူးပါ DXN 💕💕

မှာယူလိုပါက 095025357/09770266083 သို့ ဆက်သွယ် မှာယူနိုင်ပါတယ် ခင်ဗျ
ရန်ကုန် မြို့တွင်း/ နယ်ဝေး ကားဂိတ်နဲ့လဲ တင်ပေးပါတယ် ခင်ဗျ

📢📢📢 Page Messenger ကနေလဲ မှာယူနိုင်ပါတယ်။
လက်လီလက်ကားဈေးလည်း သပ်သပ်စီရှိပါတယ်။ ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်နဲ့ ရောင်းချပေးပါတယ်။
Crd




Crd
(1) https://www.facebook.com/.../dxn.../781436195242698/
(2) အာဟာရဓာတ်၊ မင်းကျော်ဝင်း
(3) အာဟာရဖြစ်အောင်စားသောက်နည်

❄️❄️❄️ ဒီနေ့ ဒီဇင်ဘာ နံနက်ခင်းမှာ ဆောင်းရနံ့လေးတွေ ရှုရှိုက်မိပါတယ်။ ဆောင်းအငွေ့အသက်လေးတွေ ခံစားမိပါတယ်။ ပတ်ဝန်းကျင်ကြီး...
03/12/2022

❄️❄️❄️ ဒီနေ့ ဒီဇင်ဘာ နံနက်ခင်းမှာ ဆောင်းရနံ့လေးတွေ ရှုရှိုက်မိပါတယ်။ ဆောင်းအငွေ့အသက်လေးတွေ ခံစားမိပါတယ်။ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးကပိုလှလာသလို အားလုံးကို လှပစေချင်တဲ့စိတ်၊ ကျန်းမာစေချင်တဲ့ စိတ်ကလေး ပေါ်လာပါတယ်။ ဒီဇင်ဘာကို ကြိုဆိုရင်း ဆောင်းနှင်းလေးလို လှပတဲ့၊ လှပအောင်လုပ်ပေးတတ်တဲ့ ထုတ်ကုန်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ❄️❄️❄️
♥️ ဒီမျှဝေမှုအတွက် လိုအပ်တဲ့ ဗဟုသုတတွေပေးတဲ့ Mr. Nixon Thavaraju, DXN အား ဦးညွတ် အထူးကျေးဇူးတင်ပါတယ်။ ♥️
💕💕 DXN PEARL POWDER💕💕
✅ ပုလဲဆိုတာ ဘာလဲ
✔️ အဆင်တန်ဆာ၊ ရတနာအနေနဲ့သာ လူသိများပါတယ်။ များသောအားဖြင့် ပုလဲသည် လူ့ကျန်းမာရေးအတွက် အကျိုးများတာကို သိပ်မသိကြပါဘူး။ သမိုင်းမှတ်တမ်းများအရတော့ လွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀) ကျော်ကတည်းက ပုလဲကို အမှုန့်လုပ်ပြီး ကျန်းမာရေးအတွက် အသုံးပြုခဲ့တဲ့ အထောက်အထားများ တွေ့ရပါတယ်။ များသောအားဖြင့် အီဂျစ်၊ တရုတ်၊ Mayan (မေယန်)၊ အိန္ဒိယ နိုင်ငံ အာယုဗေဒ ကုထုံးများတွင် အသုံးပြုခဲ့ကြပါတယ်။
✔️ ကျွန်တော်တို့ ပုံမှာတွေ့ရတဲ့ ကမာကောင်အထဲမှာရှိတဲ့ ပုလဲလုံးကို စားသုံးလို့မရပါ။ အဆင်တန်ဆာ၊ ရတနာအနေနဲ့သာ အသုံးပြုရပါတယ်။ ဘာကျန်းမာရေး အကျိုးကျေးဇူးမှ မရနိုင်ပါ။ ကုန်ကြမ်းသက်သက်ပဲဖြစ်ပါတယ်။ အဲဒီ ပုလဲလုံးကို အမှုန့်ညက်နေအောင် ကြိတ်လိုက်ပြီးတဲ့အချိန်ကျမှ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ရရှိပါတယ်။
✅ ပုလဲအကြောင်းသိကောင်းစရာ
✔️ ပုလဲမှုန့်ဆိုတာ မိတ်ဆွေတို့သိထားကြတဲ့ ရတနာအဖြစ်အသုံးပြုတဲ့ ပုလဲကနေပဲထုတ်လုပ်တာဖြစ်ပါတယ်။ သဘာဝအတိုင်းရရှိသော ပုလဲ၊ မွေးမြူပုလဲဆိုပြီး (၂) မျိုး ရှိပါတယ်။ သဘာဝအလျှောက်ဖြစ်ပေါ်ခဲ့သော မုတ်ကောင်များ သေဆုံးသောအခါ ပင်လယ်ကြမ်းပြင်တွင် ကျန်ခဲ့သောပုလဲဖြစ်သည်။ တစ်ချို့လည်း ရှင်သန်ဆဲ မုတ်ကောင်များမှ ထုတ်ယူရရှိပါတယ်။ သဘာဝအတိုင်းရှာဖွေရရှိသော ပုလဲသည် မုတ်ကောင် အကောင် (၁၀၀) ရှာမှ (၂၅) ကောင်သာ ရရှိတတ်ပါတယ်။
✔️ ပုလဲကို ရေချို၊ ရေငန် နှစ်မျိုးစလုံးတွင် မွေးမြူထုတ်လုပ်ပါတယ်။
ရေချိုပုလဲသည် မြစ်ချောင်း၊ အင်းအိုင်၊ ရေကန် များတွင် ရှင်သန်ပေါက်ဖွားသော ဂုံးကောင်တစ်မျိုးမှ ထုတ်လုပ်ပါတဘ်။ တရုတ်၊ အိန္ဒိယ တို့မှ အများဆုံးထွက်ပါတယ်။ ဈေးကွက်တွင် ဈေးသက်သာအရောင်းအဝယ် အများဆုံးဖြစ်နေသော ပုလဲမှာ ရေချိုပုလဲဖြစ်ပါတယ်။
✔️ ရေငန်ပုလဲသည် ဂျပန်၊ တဟီဟီ (တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိနိုင်ငံ)၊ ဩစတြေးလျ၊ အင်ဒိုးနီးရှားကျန်းစုများ၊ ဖိလစ်ပိုင်နိုင်ငံကျွန်းစုများနှင့် မြန်မာနိုင်ငံ မြိတ်ကျွန်းစုတို့မှ ထွက်ပါတယ်။
✅ DXN Pearl Powder ပုလဲမှုန့်ကို ဘယ်လိုထုတ်လုပ်သလဲ ?
✔️ ပုလဲကို အမှုန့်ကြိတ်ပြီးသောအခါ ကုသမှုအစွမ်းများ တိုးတက်လာပါတယ်။ အမှုန့်ပြုလုပ်ရာတွင် ပထမဦးစွာ ပိုးသတ်ရန်အတွက် ရေနွေးနှင့်ပြုတ်ရပါတယ်။ ပြီးလျှင် အမှုန့်ကြိတ်ချေရပါတယ်။ အမှုန့်ကြိတ်တဲ့အခါမှာ ခန္ဓာကိုယ်မှ စုပ်ယူနိုင်အောင် မှုန့်ညက်နေဖို့လိုပါတယ်။ ဒါမှလည်း ပုလဲမှုန့်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။
✔️ DXN ထုတ်လုပ်သော ပုလဲမှုန့်များ၊ အခြားထုတ်ကုန်များ (RG, GL, Spirulina, ….) စသည်တို့ကို နာနိုနည်းပညာနဲ့ ထုတ်လုပ်ထားပါတယ်။ နာနိုအမှုန့်ဆိုတာ အလွန်တရာမှ မှုန့်ညက်ပြီး ၎င်းတို့ကို ခန္ဓာကိုယ်မှအလွယ်တကူစုပ်ယူနိုင် ပါတယ်။ အစာအိမ်၊ အူလမ်းကြောင်းတစ်လျှောက်တွင် အလွယ်တကူစုပ်ယူ၊ အသုံးပြုနိုင်ပါတယ်။ အဆိုပါ နာနိုအမှုန့်များကို သာမန်မျက်စိဖြင့် မမြင်နိုင်ပဲ၊ မိုက်ခရိုစကုပ်ဖြင့်သာ ကွဲပြားစွာမြင်ရလောက်အောင် မှုန့်ညက်ပါတယ်။
DXN ပုလဲမှုန့်ဟာ (၁၀၀) ရာခိုင်နှုန်း စူပါအမှုန့်ဖြစ်တဲ့အတွက် အမြင့်ဆုံး ကျန်းမာရေးအကျိုးကို ရရှိစေပါတယ်။
✅ DXN Pearl Powder တွင်ပါဝင်သော အာဟာရဓာတ်များ
✔️ အမိုင်နိုအက်စစ်များ၊ trace materials (30) ကျော်၊ Calcium ၊ ပရိုတိန်း၊ မက်ဂ္ဂနီဆီယမ်
✅ DXN Pearl Powder ၏ ကျန်းမာရေးအကျိုးကျေးဇူးများ
✔️ ✨ပုလဲမှုန့်သည် ကျန်းမာရေးအာဟာရများ အလွန်ကြွယ်ဝပါတယ်။✨
ပုလဲမှုန့်တွင်သဘာဝ၊ အော်ဂဲနစ် ကယ်လစီယံ (Calcium) များကြွယ်ဝစွာပါဝင်တဲ့အတွက် ကယ်လစီယံ ချို့တဲ့အားနည်း သူများအတွက် သတင်းကောင်းပဲဖြစ်ပါတယ်။ Calcium ဆေးပြားများကို ဈေးကွက်အတွင်းမှာ brand မျိုးစုံရှိနေပါတယ်။ အဆိုပါဆေးပြားများဟာ သဘာဝအတိုင်း ထုတ်လုပ်ထားတာဖြစ်ဖို့တော့လို့ပါတယ်။ ဒါမှသာ ကျန်းမာရေးအတွက် အကျိုးရှိစေမှာပါ။ အခု DXN Pearl Powder မှာ သဘာဝ Calcium များကြွယ်ဝစွာပါရှိပါတယ်။ အရိုးပြဿနာ၊ သွားပြဿနာ၊ Calcium ချို့တဲ့ပြဿနာ စတာတွေအတွက် စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
✔️ ✨ပုလဲမှုန့်သည် အသက်ရှည်ခြင်းကို တိုးမြှင့်ပေးပါတယ်။✨
ဘာကြောင့်လဲ ဆိုတော့ ပုလဲမှုန့်မှာပါတဲ့ ပရိုတိန်းဓာတ်က ကိုယ်ခံအားစနစ်ကို တိုးတက်စေတဲ့အတွက်ပဲဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် ကောင်းနေရင် အသက်ရှည်မှာ သေချာပါတယ်။ ဒါအလွယ်ဆုံးနားလည်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီနေ့ တိုးတက်တဲ့ခေတ်ကြီးထဲမှာ ကိုယ်ခံအားစနစ် ပြဿနာပေါင်းစုံဖြစ်နေပါတယ်။ ဒီအတွက် ဖြည့်စွက်စာမျိုးစုံ၊ ဆေးမျိုးစုံသောက်သုံးနေကြရပါတယ်။ DXN Pearl Powder ကလည်း အသုံးပြုသင့်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။
✔️ ✨ပုလဲမှုန့်သည်ဘဝတစ်လျှောက်လုံးအတွက် Antioxidants(ဓာတ်ပြယ်ပစ္စည်းများ)ကိုမြှင့်တင်ပေးပါတယ်။✨
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ အသက်ရှည်ခြင်းကို အထောက်အကူပြုပါတယ်။
✔️ ✨ပုလဲမှုန့်သည် အရေပြားကျန်းမာရေးကို တိုးမြှင့်စေပြီး တောက်ပမှုကို ဖြစ်စေပါတယ်။✨
ကော်လာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အရေပြားပျော့ပျောင်း တောက်ပစေပြီး အရွယ်တင်နုပျိုစေသည်။ အရေပြားဆဲလ်များ ဖြစ်ထွန်းမှုကို မြန်ဆန်စေသည်။ နေရောင်ကြောင့် အသားအရေပျက်စီးမှုကို ပြုပြင်သည်။ မျက်နှာပြင်ရှိ အရေးကြောင်းများ၊ အသက်ကြီး၍ အရေပြားတွန့်ခြင်း တို့ကို လျှော့ချပေးသည်။
✔️ ✨ပုလဲမှုန့်သည် သွား၊ အရိုးတို့၏ ကျန်းမာရေးကို အထောက်အကူပြုပြီး အရိုးများ အားအင်ပြည့်ဖြိုး၊ သန်စွမ်းတိုးပွား စေပါတယ်။✨
ကျွန်တော်တို့ခန္ဓာကိုယ်မှာ Calcium ဓာတ်များဆုံးရှုံးခြင်းရဲ့ အဓိကအကြောင်းကတော့ ကိုယ်တွင်း အက်စစ်ဓာတ်များ တိုးမြင့်ခြင်းပဲဖြစ်ပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအစာတွေမှာ အက်စစ်ဓာတ်များစေတဲ့ အစားအစာတွေသာဖြစ်နေမယ်ဆိုရင် pH တန်းဖိုးတွေနည်းလာပြီး၊ အက်စစ်ဓာတ်မြှင့်တက်လာမှာဖြစ်ပါတယ်။ ဒီအက်စစ်ဓာတ်ကို ခြေဖျက်ဖို့ ခန္ဓာကိုယ်မှာရှိတဲ့ Calcium ကိုထုတ်သုံးရပါတယ်။ ဒါကြောင့် ကိုယ်တွင်း Calcium ဓာတ်များ ချို့တဲ့လာပါတယ်။ ဒါဆိုရင် အရိုးပြဿနာ၊ သွားပြဿနာ စတဲ့ ကျန်းမာရေးချို့တဲ့မှုတွေဖြစ်လာပါတယ်။ Calcium ဖြည့်ဆည်းမှရတော့မယ်ဆိုရင် DXN Pearl Powder ကိုသတိရလိုက်ပါ။ အရိုး၊ သွား များပြန်လည် အသစ်ဖြစ်ပေါ်ပြီး ကျန်းမာသော အခြေအနေကို ရောက်ရှိနိုင်ပါမယ်။
✔️ ✨ပုလဲမှုန့်သည် စိတ်ငြိမ်သက်မှု၊ သက်တောင့်သက်သာရှိမှုနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှုကို တိုးမြှင့်ပေးပါတယ်။✨
လူတွေဘာကြောင့်အိပ်မပျော်တာလဲ။ တစ်ချို့တွေက အိပ်ယာထဲရောက်ပြီး တော်တော်နဲ့ အိပ်မပျော်ကြပါ။ တစ်ချို့ဆိုနာရီတော်တော်ကြာကြာ အိပ်မရပဲရှိတတ်ပါတယ်။ ဒါဟာ ကိုယ်တွင်းအက်စစ်ဓာတ်တွေ မြင့်တက်နေလို့ပဲ ဖြစ်ပါတယ်။ အက်စစ်ဓာတ်မြင့်လေလေ အိပ်ဖို့ခက်လေလေပဲဖြစ်ပါတယ်။ အက်စစ်၊ အယ်လ်ကာလိုင်းနဲ့ပတ်သက်ပြီး ကျွန်တော် ရှေ့မှာတင်ခဲ့တဲ့ post လေးမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒီမြင့်တက်နေတဲ့ အက်စစ်ဓာတ်ကို ဖယ်ထုတ်ဖို့ အာဟာရ၊ အဆိပ်ဖြေတဲ့ ထုတ်ကုန်တွေလိုအပ်ပါတယ်။ ဒီလိုအပ်ချက်ကို DXN Pearl Powder ကအကောင်းဆုံးဖြည့်ဆည်းပေးပါလိမ့်မယ်။ အနားမှာ အနီးကပ်စောင့်ရှောက်ပေးမဲ့ မိတ်ဆွေက DXN Pearl Powder ပဲဖြစ်ပါတယ်။ ပုံမှန်သောက်သုံးနေရင်တော့ စိတ်အေးချမ်း၊ ငြိမ်သက်၊ နှစ်ခြိုက်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်။
✔️ ✨ပုလဲမှုန့်က နှလုံးအတွက်လည်း အကျိုးရှိပါတယ်။ သွေးလည်ပတ်မှုကို တိုးမြှင့်စေပါတယ်။✨
သွေးလည်ပတ်မှုကောင်းမွန်တဲ့အတွက် စားသောက်လိုက်သော အာဟာရများ ကိုယ်ခန္ဓာအနှံ့ရောက်ရှိနိုင်တယ်၊ ကိုယ်ခံအားတပ်သားတွေ နေရာအနှံ့သွားလာနိုင်တယ်။
✔️ ✨ပုလဲမှုန့်က အသည်းအတွက်လည်း ကူညီထောက်ပံ့ပေးပါတယ်။✨
ပုလဲမှုန့်က အဆိပ်အတောက် ခြေဖျက်ရာမှာ ကူညီပါတယ်။ အသည်းဟာ ကိုယ်ခန္ဓာတွင်းမှာ အကောင်းဆုံး အဆိပ်ဖြေအင်္ဂါတစ်ခု ဖြစ်ပါတယ်။ ကိုယ်တွင်းအဆိပ်တွေကို အသည်းကခြေဖျက်ရာမှာ ပုလဲမှုန့်က အကောင်းဆုံးကူညီ လုပ်ဆောင်ပေးပါတယ်။
✔️ ✨ပုလဲမှုန့်က မျက်စိအတွက်လည်း အထောက်အပံ့ပေးပါတယ်။✨
မျက်စိအတွက် အာဟာရများလိုအပ်ပါတယ်။ ထိုအာဟာရများထဲမှာ Calcium ကလည်း အရေးပါတယ်။ အမြင်စွမ်းအားကို တိုးမြှင့်ပေးပါတယ်။
✔️ ✨ပုလဲမှုန့်က ဦးနှောက်လုပ်ငန်းများအတွက်လည်း ကူညီထောက်ပံ့ပေးပါတယ်။✨
လူတွေမှာ သတိမေ့တတ်တဲ့ရောဂါ၊ ပါကင်ဆန်ရောဂါ စတဲ့ ရောဂါတွေဟာ လုံလောက်တဲ့အာဟာရတွေ မရလို့ပဲဖြစ်ပါတယ်။ DXN Pearl Powder က ဒီလိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးပါတယ်။
✅ DXN Pearl Powder ကအလှအပအတွက်သာ မဟုတ် တစ်ကိုယ်လုံးကျန်းမာရေးအတွက်ကောင်းပါတယ်
✔️ DXN Pearl Powder ကို ကျွန်တော်တို့သောက်သုံးရတဲ့ ရည်ရွယ်ချက်က အရေပြားလှပဖို့၊ ဆံပင်ကောင်းဖို့ အရိုးအဆစ်၊ သွား တွေခိုင်မာဖို့ …. ဒါလောက်လေးပဲမဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ လိုအပ်နေတဲ့ အာဟာရ၊ သတ္တုဓာတ်၊ ဗိုက်တာမင် တွေဖြည့်ပေးပြီး ကျန်းမာရေးကောင်းဖို့အတွက်ပါ ဖြစ်တယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။
✔️ ဈေးကွက်ထဲမှာ ပုလဲမှုန့် brand မျိုးစုံရောင်းချနေပါတယ်။ ဒီပုလဲမှုန့်တွေအကြောင်းကို ကျွန်တော်တို့တစ်တွေ ခြေခြေမြစ်မြစ် မသိနိုင်ပါဘူး။ အော်ဂဲနစ်ပစ္စည်းဟုတ်ရဲ့လား၊ သဘာဝပစ္စည်းဟုတ်ရဲ့လား၊ ကျန်းမာရေးအတွက် သင့်တော်ရဲ့လား မေးခွန်းပေါင်းများစွာ ပေါ်လာပါလိမ့်မယ်။
✔️ DXN Pearl Powder ကတော့ (100) ရာခိုင်နှုန်း အော်ဂဲနစ်ပစ္စည်းဖြစ်ပါတယ်။ (100) ရာခိုင်နှုန်း သန့်ရှင်းပါတယ်။ ထုတ်လုပ်တဲ့နေရာမှာ တင်းကြပ်တိကျ တဲ့ စနစ်တွေရှိပါတယ်။ အဆင့်မှီလက်မှတ်တွေရရှိထားပါတယ်။ ပါဝင်ပစ္စည်းမှာ (100) ရာခိုင်နှုန်း ပုလဲမှုန့်ဖြစ်ပါတယ်။ ဒါကို ဘယ်လိုသိနိုင်မလဲ ? DXN Pearl Powder မှုန့်များကို ရေထည့်ထားတဲ့ ဖန်ခွက်အတွင်း ထည့်ပြီး မွှေကြည့်လိုက်ပါ။ ရေပေါ်မှာ ပုလဲမှုန့်လေးတွေက ဝင်းလက်ဝင်းလက်နဲ့ အရောင်တောက်နေတာ ကိုတွေ့ရပါလိမ့်မယ်။ ဒါဟာ (100) ရာခိုင်နှုန်း ပုလဲမှုန့်စစ်စစ်ပဲဖြစ်ပါတယ်။
✅ DXN Pearl Powder အသုံးပြုနည်း
✔️ သောက်သုံးနိုင်သလို အရေပြားပေါ်မှာပွတ်လိမ်း အသုံးပြုနိုင်ပါတယ်။ မျက်နှာပေါင်းတင်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။
✔️ ရေနဲ့လည်းသောက်သုံးနိုင်ပါတယ်။ ဖန်ခွက်ထဲမှာ ရေထည့်ပြီး ပုလဲမှုန့်များကို သမအောင်မွှေပြီး သောက်သုံးနိုင်ပါတယ်။ ပုလဲမှုန့်နှင့် ရောနှောသောက်သုံးရန် DXN မှာ အချိုရည် Enzyme juice မျိုးစုံရှိပါတယ်။ Roselle Juice, Morinzhi Juice, Coffee စတာတွေနဲ့ တွဲဖက်သောက်သုံးနိုင်ပါတယ်။ လူတွေက ပုလဲမှုန့်ကို နေ့စဉ်သောက်ဖို့လိုသလား လို့မေးကြပါတယ်။ နေ့တိုင်း သောက်နိုင်ရင် အကောင်းဆုံးပါပဲ။ ပြဿနာမရှိပါဘူး။ အထူးသဖြင့် အထက်မှာပြောခဲ့တဲ့ ရောဂါပြဿနာတွေ ရှိတဲ့သူများအနေနဲ့ ပုံမှန်သောက်သုံးသင့်ပါတယ်။
✔️ DXN Pearl Powder က အရည်အသွေးစိတ်ချရပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများကို သယ်ဆောင်လာ ပါလိမ့်မယ်။ စိတ်ကျေနပ်မှုကို ပေးစွမ်းပါလိမ့်မယ်။ ဒီဇင်ဘာနံနက်ခင်းမှာ ဆောင်းနှင်းလေးတွေနဲ့ အပြိုင်လှနေတဲ့ DXN Pearl Powder ကို ရွေးချယ်လိုက်ပါနော်။
💕 လှပတဲ့လောကကြီးတောင် မိတ်‌ဆွေနဲ့ယှဉ်လိုက်ရင် မှေးမှိန်သွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 💕

မှာယူလိုပါက 095025357/09770266083 သို့ ဆက်သွယ် မှာယူနိုင်ပါတယ် ခင်ဗျ
ရန်ကုန် မြို့တွင်း/ နယ်ဝေး ကားဂိတ်နဲ့လဲ တင်ပေးပါတယ် ခင်ဗျ
📢📢📢 Page Messenger ကနေလဲ မှာယူနိုင်ပါတယ်။
လက်လီလက်ကားဈေးလည်း သပ်သပ်စီရှိပါတယ်။ ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်နဲ့ ရောင်းချပေးပါတယ်။
Crd





Crd:
(1) Mr. Nixon Thavaraju, DXN
(2) www.facebook.com/1832968123700636/posts/2554352108228897/

DXN GOJI BERRIES သီးလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်.....ကျန်းမာရေးအတွက် အရမ်းကောင်း၊ မရှိမဖြစ်ဆောင်ထားသင့်ပါတယ်......💕...
03/12/2022

DXN GOJI BERRIES သီးလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်.....ကျန်းမာရေးအတွက် အရမ်းကောင်း၊ မရှိမဖြစ်ဆောင်ထားသင့်ပါတယ်......💕💕💕
🍇🍇🍇 DXN Goji berries (ဂိုဂျီဘယ်ရီသီး) 🍇🍇🍇
✨ Wolfberries ဟုလည်းသိကြသော ဂိုဂျီဘယ်ရီသီးများကို လတ်လတ်ဆတ်ဆတ် အသီးများအနေနှင့်လည်းကောင်း၊ ဘယ်ရီသီခြောက်များအနေနှင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။
✨ DXN Goji Berries သီးများသည် တရုတ်နိုင်ငံ Ningxia ပြည်နယ်မှ ဘယ်ရီသီးခြောက်များဖြစ်ပါတယ်။
✅ Goji Berries တွင်ပါဝင်သော ဓာတ်များ
✔️ Vitamin A, Vitamin C
✔️ Phytochemicals and Antioxidants (Polysaccharides, Beta-carotene, Zeaxanthin)
✔️ မရှိမဖြစ်လိုအပ်သော Amino acids (အမိုင်နိုအက်စစ်) စသည်တို့ မြင့်မားစွာပါဝင်တဲ့အတွက် စူပါအစားအစာအဖြစ် သတ်မှတ်ကြပါတယ်။ ဓာတ်စုလွတ် (free radicals) တွေကြောင့် ဖြစ်ရသည့် တစ်သျှူးများပုံမှန်ကြီးထွားမှုနှင့် ပျက်စီးဆဲလ်များ သက်သာပျောက်ကင်းမှုကို တိုးမြှင့်ပေးသည်။
Goji berry သည် လိမ္မော်ရောင် (သို့) အနီရောင်တောက်တောက် ရှိပြီး ချိုချဉ်အရသာရှိပါတယ်။ တရုတ်တိုင်းရင်းဆေး များတွင် နှစ်များစွာအသုံးပြုလာခဲ့ပြီး မူလပေါက်ရောက်ရာ ဇာတိမှာ တရုတ်၊ မွန်ဂိုလီးယားနှင့် တိဗက်ဟိမဝန္တာ တောင်တန်းများ ဖြစ်ပါတယ်။
✨✨✨✨✨✨✨✨✨✨
✅ DXN Goji Berries ၏ကျန်းမာရေးအကျိုးကျေးဇူးများ
၁။ 💠ဆီးချိုရောဂါကာကွယ်သည်💠
သွေးတွင်းသကြားဓာတ်မြင့်မားခြင်းကို ကာကွယ်ပေးသည်။ ဆီးချိုရောဂါသည်များ သွေးတွင်းသကြားဓာတ် လျှော့ချရာတွင် Polysaccharides က ကောင်းစွာကူညီပေးသည်။ သွေးတွင်း sugar tolerance (သကြားအသုံးပြုနိုင်စွမ်း) ကိုတိုးမြှင့်စေပြီး၊ insulin resistance (အင်ဆူလင် မတိုးတော့ခြင်း) ကိုလျှော့ချပေးသည်။
၂။ 💠ကိုလက်စထရောလယ်ဗယ်ကို ထိန်းညှိပေးပြီး၊ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးသည်💠
ကောင်းသော ကိုလက်စထရောပမာဏကို မြှင့်တင်ပေးသည်။ မကောင်းသော ကိုလက်စထရောပမာဏကို လျှော့ကျ စေသည်။ သွေးစီးဆင်းမှုကို ကောင်းမွန်စေသည်။ နှလုံးသွေးကြောများကို ကျန်းမာစေပြီး နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်းကို ကာကွယ်ပေးသည်။
၃။ 💠Free radicals များကို ဖယ်ထုတ်ပေးသည်💠
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည်။ ဖရီးရယ်ဒီကယ် (ဓာတ်စုလွတ်) များသည် ခန္ဓာကိုယ်တွင်း ဆဲလ်များကို ပျက်စီးစေသည်။ အထူးသဖြင့် ခန္ဓာကိုယ်မှာ အဓိတန်ဖိုးရှိသော မျက်လုံးကို တိုက်ခိုက်သည့် ဓာတ်စုလွတ်များကြောင့် အမြင်အာရုံဆုံးရှုံးရခြင်းကို DXN Goji berries မှကောင်းစွာကာကွယ်ပေးသည်။ အရွယ်မတိုင်မီ အိုမင်းခြင်းကို လျော့နည်း သက်သာလာစေသည်။ DXN Goji berries တွင်ပါဝင်သော Antioxidants များသည် ဓာတ်စုလွတ်များ၊ ခရမ်းလွန်ရောင်ခြည်များ၏ ထိခိုက်မှုကို ကာကွယ်သည်။ ဓာတ်စုလွတ်နှင့် ဓာတ်ပြယ်ပစ္စည်းမျှချေကို အကောင်းဆုံး ထိန်းသိမ်းပေးသည်။ American Academy of Optometry’s Journal Optometry and Vision Science ၏လေ့လာမှုတစ်ခုတွင် Goji berries Juice ကို ရက် (၉၀) ကြာသောက်သုံးပြီးသောအခါ Zeaxanthin နှင့် အခြား ဓာတ်ပြယ်ပစ္စည်းများ သိသိသာသာ တိုးတက်လာတာကို ဖော်ပြထားပါတယ်။
၄။ 💠ကျန်းမာသောခန္ဓာကိုယ်ကို ထိန်းသိမ်းပေးသည်💠
Goji berries သီးတွင် Vitamin A, Vitamin C ကြွယ်ဝစွာပါဝင်သည့်အတွက် ကိုယ်ခံအားစနစ်ကို သဘာဝအတိုင်း မြှင့်တင်ပေးသည်။ ဖျားနာခြင်းကို ကာကွယ်ပေးသည်။ သက်အရွယ်ကြီးရင့်သူများ နေရ ထိုင်ရသက်သာသော ခံစားမှုကို ရရှိစေသည်။ ဓာတ်ပြယ်ပစ္စည်းများသည် အနာများ အကျက်မြန်စေသည်။
၅။ 💠ကင်ဆာ‌ရောဂါ ဆန့်ကျင်သည်💠
Goji berries သီးတွင် Phytochemicals (Beta-carotene) နှင့် Antioxidants များကြွယ်ဝစွာပါဝင်တဲ့အတွက် ကင်ဆာကို ဆန့်ကျင်ဆေးအဖြစ် တရုတ်တိုင်းရင်းဆေးများတွင် အသုံးပြုခဲ့ကြပါတယ်။ ကင်ဆာဆဲလ်များကို ထိရောက်စွာ ဟန့်တားသည့် Carotenoids များလည်းပါဝင်ပါတယ်။ ဓာတ်ပြယ်ပစ္စည်းများသည် ကင်ဆာအကြိတ်များ ကြီးထွားမှုကို နှေးကွေးစေသည်။ ရောင်ရမ်းမှုကို လျော့ချပေးသည်။ Drup Design, Development and Therapy Journal မှ စမ်းသပ်ချက်အရ Goji berries သီးများကျွေးသော ကြွက်များတွင် ကင်ဆာအဖုအကြိတ်များကို ဆက်မကြီးအောင် တားဆီးကာ ရောဂါကုသနိုင်စွမ်းကိုပါ မြှင့်တင်ပေးတာကို ဖော်ပြထားပါတယ်။
၆။ 💠ဦးနှောက်ဆဲလ်များကို ကာကွယ်ပေးသည်💠
Goji berries သီးတွင်ပါဝင်သော ဖရီးရယ်ဒီကယ် (ဓာတ်ပြယ်ပစ္စည်း) များကြောင့် ဦးနှောက်ဆဲလ်များ ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးသည်။ ဦးနှောက်ဆဲလ်များ၏ ကျန်းမာရေး၊ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပါတယ်။
၇။ 💠အသည်းပျက်စီးခြင်းကို ကာကွယ်သည်💠
တရုတ်တိုင်းရင်းဆေးတွင် အသည်းရောဂါများကို ကုသရာမှာ Goji berries သီးကို အသုံးပြုကြပါတယ်။ Goji berries သီးသည် အသည်းကျန်းမာရေးကို မြှင့်တင်ပေးပြီး အသည်းအဆီဖုံးမှုကို လျော့ကျစေပါတယ်။ အသည်းကင်ဆာ ရောဂါသည်တွင် ကင်ဆာကြိတ်ကြီးထွားမှုကို တားဆီးပေးသည်။
၈။ 💠အရေပြား၊ဆံပင်ကျန်းမာရေးကိုစောင့်ရှောက်သည်💠
Antioxidants (ဓာတ်ပြယ်ပစ္စည်းများ)၊ ဖက်တီးအက်စစ်များ အထူးသဖြင့် Palmitic, Oleic, Steraic တို့သည် အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး၊ ဆဲလ်အသစ်များဖြစ်ပေါ်မှုကို တိုးမြှင့်ပေးသည့်အတွက် အသားအရေ ညီညာချောမွေ့စေသည်။ လှပ ပျော့ပျောင်းစေသည်။ အခြားသော Vitamin, သတ္တုဓာတ်များ၊ အာဟာရဓာတ်များသည် ကော်လာဂျင်ထုတ်လုပ်မှုကို တိုးတက်စေပြီး ဝက်ခြံစသည့် အရေပြားရောဂါများကို သက်သာ ပျောက်ကင်းစေသည်။
Vitamin C ကြွယ်ဝစွာပါဝင်သည့်အတွက် သံဓာတ်စုပ်ယူမှုကို တိုးတက်စေပြီး ဆံပင်ကြီးထွားမှုကို အားပေးပါတယ်။ ဆံပင်အလွန်အကျွံကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။
၉။ 💠နှစ်ခြိုက်စွာအိပ်ပျော်စေသည်၊ စိတ်ဓာတ်ကျ၊ စိတ်ပူပန်မှုကို လျော့ကျစေသည်💠
Goji Berries သီးတွင် Valproic acid ပါဝင်သည့်အတွက် စိတ်တည်ငြိမ်စေသည်။ စိတ်ခံစားမှုများကို ထိန်းညှိပေးပြီး စိတ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းကို လျှော့ကျစေသည်။ နှစ်ခြိုက်စွာလည်း အိပ်ပျော်စေသည်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေပြီး အဝလွန်သူများ ခါးအရွယ်အစားလျော့ကျစေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ Goji berries သီးတွင်ပါဝင်သော ခရိုမီယမ် (Chromium) သည် ကိုယ်အလေးချိန်လျော့ကျနေစဉ်အတွင်း ကောင်းမွန်သော ကြွက်သားထုကို ထိန်းသိမ်းရန် ကူညီသည်။
၁၀။ 💠အမျိုးသား၊ အမျိုးသမီးမျိုးအောင်မှုကို တိုးမြှင့်ပေးသည်💠
ဟိုမုန်းလုပ်ငန်းများကို မျှတအောင်ထိန်းညှိပေးသည့်အတွက် အမျိုးသား၊ အမျိုးသမီများ သန္ဓေအောင်နိုင်မှုကို တိုးမြှင့်ပေးသည်။ တရုတ်တိုင်းရင်းဆေးများတွင် မျိုးအောင်ခြင်းမြှင့်တင်ရန်အတွက် အသုံးပြုကြပါတယ်။
၁၁။ 💠အမြင်စွမ်းအားကို တိုးမြှင့်ပေးသည်💠
Goji Berries သီးမှာပါတဲ့ မရှိမဖြစ် အာဟာရဓာတ် Lutein, Zeaxanthin, Meso zeaxanthin တို့သည် မြင်လွှာအတွက် အထူးအကျိုးပြုပါတယ်။ ရက် (၉၀) ကြာ အသက်ကြီးသူ (၁၅၀) ယောက်ကို လေ့လာမှုတစ်ခုအရ Goji berries စားသုံးခြင်းဖြင့် အမြင်အာရုံကို တိုးတက်ကောင်းစေတာ တွေ့ရပါတယ်။
✨✨✨✨✨✨✨✨✨✨
💕 Goji berries ကို ဟော့ပေါ့၊ ဖျော်ရည်များ၊ ဒိန်ချဉ်၊ အချိုပွဲ၊ ဆော့စ် စသည်တို့တွင် ထည့်သွင်းအသုံးပြုပါတယ်။ ရေနွေးနှင့်စိမ်သောက် ပါက ချိုချဉ်အရသာလေးက ဆွဲဆောင်မှုရှိလှပါတယ်။ DXN coffee မျိုးစုံနှင့်တွဲဖက်သောက်သုံး နိုင်ပါတယ်၊ ပြောမပြနိုင်သော အရသာ၊ ကျန်းမာရေးအကျိုးကျေးဇူးများ ချက်ချင်းရရှိစေပါတယ်။
💕 ညအိပ်ခါနီး Goji berries သောက်သုံးပြီးအိပ်၊‌ နောက်နေ့မနက်မှာ နိုးထလာတဲ့အခါ ခန္ဓာကိုယ်တွင် အားအင်များပြည့်ဝ လန်းဆန်းတက်ကြွ နေတာကို ခံစားကြည့်လိုက်ပါ။ ကိုယ်တိုင်လည်း အရသာခံစားကြည့်ပါ။ သားသားမီးမီး၊ ဖိုးဖိုးဖွားဖွား ၊ ချစ်မိတ်ဆွေများ ကိုလည်း မျှဝေပေးပါ။
💕 ဟိုမုန်းဓာတ်ကို အကောင်းဆုံးထိန်းသိမ်းပေးတဲ့အတွက် အရွယ်ရောက် ဆယ်ကျော်သက်များအတွက်လည်း မရှိမဖြစ်ပါ။ ယနေ့ခေတ်ကြီးထဲမှာ အစားအသောက်များ၏ ကျန်းမာရေးခြိမ်းခြောက်မှုကို အကောင်းဆုံးကာကွယ်နိုင်ပါတယ်။ တန်ဖိုးရှိတဲ့ ကျန်းမာရေးကို Goji berries နဲ့ စောင့်ရှောက်ကြရအောင်နော် 💕

မှာယူလိုပါက 095025357/09770266083 သို့ ဆက်သွယ် မှာယူနိုင်ပါတယ် ခင်ဗျ
ရန်ကုန် မြို့တွင်း/ နယ်ဝေး ကားဂိတ်နဲ့လဲ တင်ပေးပါတယ် ခင်ဗျ
📢📢📢 Page Messenger ကနေလဲ မှာယူနိုင်ပါတယ်။

လက်လီလက်ကားဈေးလည်း သပ်သပ်စီရှိပါတယ်။ ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်နဲ့ ရောင်းချပေးပါတယ်။
Crd





✨✨✨✨✨✨✨✨✨✨
Crd
(1) www.medicinenet.com/what_are_the_benefits_of_goji_berries/
article.htm
(2) http://www.medicalnewstoday.com/articles/322693..

DXN Spica Teaစပီကာ တီး (လက်ဖက်ခြောက်)🍵🍵🍵🍵🍵🍵🍵🍵🍵🍵လင်ဇီးနှင့် ဆေးဘက်ဝင် သဘာဝသစ်မြစ်သစ်ဖုများနှင့် ထုတ်လုပ်ထားသော လက်ဖက်ခြော...
25/09/2022

DXN Spica Tea
စပီကာ တီး (လက်ဖက်ခြောက်)
🍵🍵🍵🍵🍵🍵🍵🍵🍵🍵
လင်ဇီးနှင့် ဆေးဘက်ဝင် သဘာဝသစ်မြစ်သစ်ဖုများနှင့် ထုတ်လုပ်ထားသော လက်ဖက်ခြောက် ဖြစ်ပြီး ခန္တာကိုယ်တွင်း အပူအပုပ်၊ အညစ်အကြေး၊အဆိပ်အတောက်များကိုရှင်းလင်းပေးနိုင်ပါသည်။
🔷အကျိုးကျေးဇူးများ🔷
🔹ခန္တာကိုယ်အလေးချိန် ထိန်းညှိပေးခြင်း
🔹ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေခြင်း
🔹ဆီးချိုရောဂါ ကို ကြိုတင်ကာကွယ်နိူင်ခြင်း
🔹အမောခံနိုင်၊သက်လုံကောင်းစေခြင်း
🔹ကြွက်သားနှင့် အရေပြားများ တင်းရင်းစေခြငိး
🔹ကင်ဆာကို တိုက်ထုတ်ပေးခြင်း
🔹 အရွယ်တင်နုပျိုစေခြင်း
🔹အဆိပ်ထုတ်ပေးခြင်း
🔹ကိုလက်စထရောကိုလျော့ချပေးခြင်း
🔹ဝမ်းပုပ်လေပုပ် အပူအပုပ်များ ကင်းစင်စေခြင်း
စသည့်အကျိုးကျေးဇူးများကိုရရှိပါသည်။
စပီကာတီးတွင် ကာဖိန်းနှင့်ဓာတုပစ္စည်းများ၊ ကြာရှည်ခံဆေးများ မပါဝင်ပါ။
ကလေးလူကြီး အရွယ်သုံးပါးမရွေးသောက်သုံးနိုင်သည်။
၁ထုပ်တွင် အထုပ်သေး ၂၀ ပါဝင်သည်။
အထုပ်သေး၁ထုပ်ကို ရေ ၂ လီတာဖြင့် ၃မိနစ်ရေနွေးအိုးတွင်ထည့်ပြုတ်ပြီး သောက်သုံးနိုင်သည်။ ရေနွေးဖြင့်သော်လည်းကောင်း အအေးဖြင့်သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။🤗🤗🤗
SSS✍✍✍



ဈေးနှုန်း အပြောင်းအလဲလေးလဲရှိပါတယ် ခင်ဗျ
မှာယူလိုပါက 095025357/09770266083 သို့ ဆက်သွယ် မှာယူနိုင်ပါတယ် ခင်ဗျ
ရန်ကုန် မြို့တွင်း/ နယ်ဝေး ကားဂိတ်နဲ့လဲ တင်ပေးပါတယ် ခင်ဗျ

Benefits of DXN Ganozhi Soap : Prevents frequent infection of the skin. Maintains right balance of pH on the surface. Pr...
25/09/2022

Benefits of DXN Ganozhi Soap :
Prevents frequent infection of the skin.
Maintains right balance of pH on the surface.
Prevents Acne and Pimples.
Helps reducing damages due to Ulceration.
Reduces Allergy and Hyper-sensitivity of the skin.
Reduces Wrinkles – protects the right levels of moisture.
Suitable for all types of skins – Dry, Normal and Greasy
Vitamin E rich Palm oil, along with Ganoderma extract.
No harmful chemicals used.
⭐⭐⭐ DXN Ganozhi ဆပ်ပြာ၏ အကျိုးကျေးဇူးများ
🌷 မကြာခဏ အရေပြား ပိုးဝင်ခြင်းကို ကာကွယ်ပေးသည်။
🌷 မျက်နှာပြင်ပေါ်ရှိ pH မျှတမှုကို ထိန်းသိမ်းပေးသည်။
🌷 ဝက်ခြံဖုနှင့် ပြည်အိတ်ကလေးများကို ကာကွယ်ပေးသည်။
🌷 ၎င်းတို့ကြောင့် ဖြစ်သော နာကျင်မှုကို လျှော့ချပေးသည်။အရေပြား၏ ဓာတ်မတည့်မှုနှင့် ဆတ်ဆတ်ထိမခံ တုန့်ပြန်လွန်းခြင်းကို လျှော့ချပေးသည်။
🌷 အရေးအကြောင်းများကို လျှော့ချပေးသည် - ရှိသင့်သော အစိုဓာတ်ကို ကာကွယ်ပေးသည်။
🌷 ခြောက်သွေ့သော၊ ပုံမှန်နှင့် အဆီပြန်သော အသားအရေအမျိုးအစားအားလုံးအတွက် သင့်လျော်သည်။
🌷 ဗီတာမင် E ကြွယ်ဝသောစားအုန်းဆီ၊ ဂါနိုဒါးမားအဆီအနှစ် တို့နှင့်ထုတ်လုပ်ထားသည်။
🌷 အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများအသုံးမပြုပါ။
ဈေးနှုန်း အပြောင်းအလဲလေးလဲရှိပါတယ် ခင်ဗျ
မှာယူလိုပါက 095025357 သို့ ဆက်သွယ် မှာယူနိုင်ပါတယ် ခင်ဗျ
ရန်ကုန် မြို့တွင်း/ နယ်ဝေး ကားဂိတ်နဲ့လဲ တင်ပေးပါတယ် ခင်ဗျ

ဟိမဝန္တာဆား အကြောင်း သိကောင်းစရာ ==========================ဟိမဝန္တာဆား(ခေါ်) ပန်းရောင်ဆား (အင်္ဂလိပ်: Himalayan salt) ဆိ...
21/09/2022

ဟိမဝန္တာဆား အကြောင်း သိကောင်းစရာ
==========================
ဟိမဝန္တာဆား(ခေါ်) ပန်းရောင်ဆား
(အင်္ဂလိပ်: Himalayan salt) ဆိုသည်မှာ
ပါကစ္စတန်နိုင်ငံ၊ ပန်ချပ်ဒေသရှိ ကျောက်တုံးများမှ ရရှိသော တွင်းထွက်ဆား (Halite) တစ်မျိုးဖြစ်သည်။
အဆိုပါဆားသည် ပန်းရောင်သန်းနေသဖြင့် ပန်းရောင်ဆားဟုလည်း ခေါ်ဝေါ်သည်။
ဟိမဝန္တာဆားကို အစားအစာများ စားသောက်ရာတွင် စားပွဲတင်ဆားအဖြစ် အသုံးပြုကြသည့်အပြင် အစားအစာများကို ချက်ပြုတ်ရာနှင့် ပြင်ဆင်ရာတို့တွင်၎င်း၊ ဆားပုံဆောင်ခဲများကို အသုံးပြု၍ အခန်းတွင်း လေသန့်စင်စေရန် အလှဆင် ဆားမီးခွက်များ ပြုလုပ်ရာ၌၎င်း ခန္ဓာကိုယ်အားနှိပ်နယ်ရာ၌ ၎င်း အသုံးပြုကြသည်။
ဟိမဝန္တာဆားကို ဆားကြောရှိသော တောင်ကြောတစ်လျှောက်မှ တူးဖော်ရရှိသည်။
ဆားတောင်ကြောသည် ဟိမဝန္တာ တောင်ဘက်စွန်း ပိုသိုဟာကုန်းမြင့် တစ်လျှောက်တွင် တည်ရှိသည်။ အဆိုပါကုန်းပြင်မြင့်သည် အိန္ဒိယတိုက်နှင့် ယူရေးရှား ခေါ် ဥရောပ၊ အာရှတိုက်တို့ ထိတွေ့တိုက်မိမှုမှ တွန့်ခေါက်၍ ပေါ်ထွက်လာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသန်း ၆၀၀ မှ ၅၄၀ ကြားတွင် ဟိမဝန္တာတောင်သည် ပင်လယ်ရေပြင်အောက်၌ ရှိနေခဲ့ပြီး ကမ္ဘာ့မြေပြင်၏ ရွေ့လျားမှုကြောင့် ဟိမဝန္တာတောင်သည် ပင်လယ်ရေပြင် မြေအောက် မီတာ ၆၀၀ အောက်သို့ရောက်ရှိခဲ့သည်။
နှစ်သန်းပေါင်းများစွာ ကမ္ဘာ့မြေအောက်၏ ဖိအားနှင့် အပူချိန်ကြောင့် ပန်းရောင်ပုံဆောင်ခဲများ အသွင်သို့ ပြောင်းလဲသွားပြီး နှစ်သန်းပေါင်း ၂၀၀ ဝန်းကျင်တွင် သဘာဝဆား အဖြစ်သို့ ရောက်ရှိခဲ့သည်။
ပထမဦးဆုံး မှတ်တမ်းများအရ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ခန့်က ဂျန်ဂျူယာလူမျိုးများက စတင်တူးဖော် အသုံးပြုခဲ့ကြသည်။
ဟိမဝန္တာဆားကို အများအားဖြင့် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၊ ဂျဟီးလမ်းခရိုင်၊ ဟူရာမြို့အနီးရှိ ဟူရာဆားမိုင်းမှ အများအပြား ထုတ်လုပ်လျက် ရှိသည်။
ဟိမဝန္တာဆားသည် စားပွဲတင်ဆားနှင့် ဓာတုဗေဒအရ ဆင်တူသော်လည်း ရှေးဦးကမ္ဘာ့ပင်လယ်ရေအောက်၌ ဖြစ်ထွန်းလာသောကြောင့် သတ္တဝါအားလုံးအတွက် အလွန်တန်ဖိုးရှိလှပြီး သတ္တုဓာတ် အမျိုးပေါင်း ၈၄-မျိုး ပါဝင်ကာ ကမ္ဘာ့အသန့်စင်ဆုံး ဆားဖြစ်သည်။
ဆား၏ အရောင်မှာ အနီဖျော့ဖျော့အရောင်နှင့် နီဝါရောင်များလည်း ရှိတတ်သည်။
တစ်ခါတရံ ဆားတူးဖော်သူအချို၏ အညစ်အကြေးများ သန့်စင်မှု မရှိသောကြောင့် ဆားသုံးရန် မသင့်သည့် ဆားများလည်း ပါလာတတ်သည်။
ဟိမဝန္တာဆား၌ ဆိုရီယမ် ကလိုရိုက်၉၈%?ပါဝင်ပြီး အခြားသတ္တုဓာတ်များဖြစ်သည့် မဂ္ဂနီစီယမ်၊ ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ် ၂% ပါဝင်နေသည်။
ချက်ပြုတ်ရာတွင်၎င်း၊ ကော့တေးများ ပြင်ဆင်ရာတွင်၎င်း၊ အိမ်တွင်း Spa အနေဖြင့် ၎င်း အသုံးပြုနိုင်သည်။
အတုံးအခဲများ ဖြစ်၍ အဆိုပါဆားကို လေထုသန့်စင်နိုင်ခြင်းကြောင့် မိမိအိပ်ခန်းအတွင်းတွင်လည်း ထားရှိနိုင်သည်။
ဈေးကွက်၌ ရောင်းချနေသော မည်သည့်ဆားမဆို ပင်လယ်ရေမှသာ ထုတ်လုပ်သန့်စင်ပြီး ဆိုဒီယမ်ကလိုရိုက်နှင့် အချို့ဆားများတွင် အိုင်အိုဒင်း ထည့်ထားသည်။
ကျန်းမာရေးအတွက် အထောက်အကူပြုသည့်
မည်သည့် သတ္တုဓာတ်မှ ပါဝင်မှု မရှိပါ။
ပင်လယ်ရေတွင်လည်း အမှိုက်များ၊ ဓာတုအဆိပ်အတောက်များနှင့် ပြည့်နှက်နေသဖြင့် ပင်လယ်ရေမှ ဆားဖြူများ ဖြစ်လာအောင် ချွတ်ဆေးများ၊ ဓာတုသန့်စင်ဆေးများ၊ အစိုမပြန်အောင် ဓာတုဆေးများ စသည်တို့ဖြင့် ပြုပြင် သန့်စင်ထားသောကြောင့် ဆားကို မြောက်များစွာ
ကြာရှည်သုံးဆောင်ပါက
သွေးတိုးရောဂါ
နှလုံးရောဂါ၊
အဝလွန်ရောဂါ၊
ကျောက်ကပ်ရောဂါ၊
အရိုးပွရောဂါ၊
စိတ်ကျရောဂါ၊
ဓာတ်မတည့်ခြင်း၊
ဖောရောင်ခြင်းနှင့် အိပ်ရေးပျက်ခြင်းတို့ကို ပိုမိုဖြစ်စေသည်။
အကျိုးအာနိသင်
ဟိမဝန္တာဆားအား လက်ဖက်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခွက်နှင့် သောက်သုံးပါက စိတ်ကိုကြည်လင်ပေါ့ပါးစေသည်။
ထို့ပြင် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်၏ လုပ်ဆောင်ချက်များကို ကူညီပံ့ပိုးပေးခြင်း၊ သွေးကြောများ၏ ဆဲလ်အတွင်းရှိရှိ ရေဓာတ်ကို ထိန်းညှိပေးခြင်း၊ ရေဓာတ်စုပ်ယူမှု အားကောင်းစေခြင်း၊ အရိုးများကို သန်မာစေခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါတို့ကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေခြင်း၊ ကြွက်သားများ နာကျင်စေမှုကို လျှော့ချပေးပြီး ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်စေခြင်း၊ သွားကိုက်သွားနာခြင်းနှင့် သွားဖုံးရောဂါများကို သက်သာလျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။
ယခုအခါ ဟိမဝန္တာဆား တောင်ကြောကို နှစ်စဉ် ခရီးသွားဧည့်သည် လေးသောင်းကျော် လာရောက်လည်ပတ်နေကြပြီး ဆားမိုင်းအတွင်း၌ ဆားပုံဆောင်ခဲများဖြင့် လက်ရာမြောက်စွာ တည်ဆောက်ထားသော အဆောက်အအုံများကိုလည်း လေ့လာနိုင်သည်။ ယခုအခါ ဟိမဝန္တာဆားကို မြန်မာနိုင်ငံအတွင်း အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။
သုတဇုန်

Address

Yangon

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 05:00
Sunday 09:00 - 05:00

Telephone

+959770266083

Website

Alerts

Be the first to know and let us send you an email when DXN-Products Bago Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram