Pediatric Specialist Advice Support

Pediatric Specialist Advice Support This page is supported by CDMer Pediatricians from Spring Doctors for Children.

The aim is to give specialist opinion in pediatric referral cases from IDP and other remoted areas which are referred by health care professionals.

Specialist Opinion ဒီမှာ ရယူပါ။▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️“Pediatric Specialist Advice Support” Page နဲ့ Telegram channel ဟာ ...
17/08/2022

Specialist Opinion ဒီမှာ ရယူပါ။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

“Pediatric Specialist Advice Support” Page နဲ့ Telegram channel ဟာ ကလေးအထူးကုဆရာဝန် မရှိတဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသ၊ စစ်ဘေးရှောင်ဒေသများ၊ သွားရေးလာရေး ခက်ခဲတဲ့ ဒေသများမှာ ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြတဲ့၊ ပြည်သူ့ဘက်မှ ရပ်တည်နေကြတဲ့ ကျန်းမာရေးနယ်ပယ်မှ ဆရာဝန်၊ သူနာပြုတွေအတွက် ရည်ရွယ်ပြီး စတင်ခဲ့ခြင်းဖြစ်ပါတယ်။

💢 ဒီ Telegram channel - https://t.me/pediatric_specialist_advice
မှတဆင့် ကလေးကျန်းမာရေးအတွက် Specialist opinion လိုအပ်လာရင် ၂၄ နာရီ အချိန်မရွေး အကြံဉာဏ်တောင်းယူနိုင်ပြီး Spring Doctors for Children မှ ကလေးအထူးကုဆရာဝန်များက အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် ဝန်ဆောင်ခပေးစရာမလိုဘဲ အခမဲ့ အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်။

မေးမြန်းလိုသောကလေး၏ အောက်ဖော်ပြပါအချက်အလက်များကို ပေးပို့မေးမြန်းစေလိုပါတယ်။

▶️ Patient ID - Age, S*x, Body weight
▶️ Current problem
▶️ Relevant physical examination findings
▶️ Relevant Pictures or videos
▶️ Already done Investigations
▶️ Current Treatment (if possible, please mention dosage given)
▶️ Relevant Past Medical history, Birth history, Development history, Immunization history
▶️ Relevant Family ​and Social history
▶️ Your Concern about patient's condition to consult
▶️ Referral township if possible

✅ ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုစေမယ့် သတင်းစကားများကို FB page နဲ့ Telegram Channel ကတဆင့် စဉ်ဆက်မပြတ်တင်ပေးသွားမှာဖြစ်တာမို့ “Pediatric Specialist Advice Support” Page ကို Like & Follow လုပ်ထားဖို့နဲ့ Telegram channel - https://t.me/+mQL06ZkhIrIxZGY9
ကို subscribe လုပ်ပေးထားဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

🔺🔺🔺 ဤဝန်ဆောင်မှုသည် ကျန်းမာရေးဝန်ထမ်းမဟုတ်သူများအတွက် မဟုတ်ပါ။

✅ မိဘများအနေနဲ့ ကလေးကျန်းမာပြဿနာများမေးမြန်းလိုပါ “Spring Doctors for Children” Page မှာ Teleconsultation ရယူနိုင်ပါတယ်။ ဒီစာမျက်နှာမှာ မေးမြန်းလို့မရပါရှင်။


⭐ Pediatric Specialist Advice Channel ⭐🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸💢 ကျွန်မတို့ Spring Doctors for Children မှ ကလေးအထူးကုဆရာဝန်များ...
01/08/2022

⭐ Pediatric Specialist Advice Channel ⭐
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

💢 ကျွန်မတို့ Spring Doctors for Children မှ ကလေးအထူးကုဆရာဝန်များအနေနဲ့ ပြည်သူလူထုကျန်းမာရေးအတွက် Teleconsultation ဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်း၊ သားသားမီးမီးတို့ ကျန်းမာရေး၊ ‌မိဘတွေရဲ့ ကောင်းမွန်တဲ့ အုပ်ထိန်းမှုနဲ့ ပတ်သက်လို့ ကျန်းမာရေး ဆောင်းပါးများ၊ သိမှတ်ဖွယ်ရာ ဗဟုသုတ အကြောင်းအရာလေးတွေကို Teleconsultation page ကနေ နေ့စဉ်နဲ့အမျှ ရေးသားဖော်ပြခဲ့တာ ခု‌ဆို (၁) နှစ်ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

💢 ဒါ့အပြင် ကျန်းမာရေးအခြေအနေချင်းတူတဲ့ ကလေးတွေရဲ့ မိဘတွေအတွက် စိတ်အားတက်ဖွယ်ရာ၊ သိမှတ်ဖွယ်ရာတွေကို မျှဝေပေးတဲ့ ကျန်းမာရေး Club တွေလည်း ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

💢 ခုတခါမှာတော့ ကလေးအထူးကုဆရာဝန် မရှိတဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသ၊ စစ်ဘေးရှောင်ဒေသများ၊ သွားရေးလာရေး ခက်ခဲတဲ့ ဒေသများမှာ ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြတဲ့၊ ပြည်သူ့ဘက်မှ ရပ်တည်နေကြတဲ့ ကျန်းမာရေးနယ်ပယ်မှ ဆရာဝန်၊ သူနာပြုတွေအတွက် ရည်ရွယ်ပြီး ဒီ “ Pediatric Specialist Advice Channel " ကို စတင်လိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြားလိုက်ပါတယ်။

💢 ဒီ Telegram channel မှတဆင့် ကလေးကျန်းမာရေးအတွက် Specialist opinion လိုအပ်လာရင် ၂၄ နာရီ အချိန်မရွေး အကြံဉာဏ်တောင်းယူနိုင်ပြီး Spring Doctors for Children မှ ကလေးအထူးကုဆရာဝန်များက အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် ဝန်ဆောင်ခပေးစရာမလိုဘဲ အခမဲ့ အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

✅ ဒီ “ Pediatric Specialist Advice Telegram Channel " ကို subscribe လုပ်ထားပေးပါနော်။ 👇👇

https://t.me/+mQL06ZkhIrIxZGY9

✅ မေးပုံ မေးနည်း အသေးစိတ်ကိုတော့ channel ကနေတဆင့် တင်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ အဆင့်ဆင့်
မရှင်းလင်းတာရှိရင် Pediatric Specialist Advice Support Page Messenger မှတဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင့်။

မိဘနဲ့ရင်သွေးတို့အတွက် ဓမ္မနဲ့အတူ ရပ်တည်နေမယ့်
Spring Doctors for Children
With Caring Hands and Courageous Hearts 💝


30/07/2022

Address

Yangon

Alerts

Be the first to know and let us send you an email when Pediatric Specialist Advice Support posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram