21/10/2024
acid အကြောင်း သိကောင်းစရာ
acid ဆိုတာ ဘယ်က လာတာပါလဲ?
၁.ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်ပါတယ်။
ကလာပ်စည်းတွေ ချုပ်ချိန်တန်လို့ ချုပ်သည့်အခါ ဗီဇတွေမှာပါနေသည့် Purine ဓာတ်တွေမှ breakdown product အဖြစ်နဲ့ ဖြစ်ပါတယ်.
ကင်ဆာလူနာတွေ chemo / radiation နဲ့ကုသမှု ခံယူသည့်အခါ ကင်ဆာကလာပ်စည်းတွေ ပျက်စီးကုန်ပါတယ်။
Tumor cell breakdown မှ Purine ဓာတ်တွေ ထွက်လာပြန်ပါတယ်။
Uric acid က ရေမှာ ပျော်ဝင်နိုင်သည့်ဓာတ် ဖြစ်နေတာကြောင့် ကျောက်ကပ်က ဆီးထဲကနေ ထုတ်ပစ်လိုက်ပါတယ်။
ခန္ဓာကိုယ်က Uric acid ကို ပုံမှန်ထုတ်နေပါသော်လည်း ကျောက်ကပ်ရောဂါဖြစ်နေလို့ ကောင်းမွန်စွာ စွန့်မထုတ်နိုင်ပြန်ရင်လည်း Uric acid တက်လာပြန်ပါရော။
၂.Purine ဓာတ် များသည့်အစားအသောက် မှလဲ ရနိုင်ပြန်ပါတယ်။
Purine ဓာတ် များသည့် အစားအသောက်
ကလီစာ organ meats
အသားမျိုးစုံ အမဲ/ဝက်/သိုး/ဆိတ်/သမင်သား
ရေသတ္တဝါများ - ငါးမျိုးစုံ
“Shellfish such as lobster, crab, shrimp, scallops and mussels are high in purines”
Purine ဓာတ်များတာ ကလီစာတစ်မျိုးတည်းမဟုတ်ဆိုတာကို သတိပြုပါ။
၃.Dried beans ပဲမျိုးစုံ
Green peas
Asparagus
Cauliflower
Mushrooms
Spinach
Uric acid တက်လာစေနိုင်သည့် အရေးကြီးသော နောက်အကြောင်းတစ်ပါး
Fructose သကြား ဖြစ်ပါတယ်
အများဆုံးပါနေတာ အချိုရည်ဘူးမျိုးစုံ
Processed foods မျိုးစုံ
သစ်သီးဖျော်ရည်မျိုးစုံ
ပျားရည်
အသီး
“အုန်းရည် က purine ဓာတ် နည်းပါတယ်တဲ့”
Uric acid တက်လာစေသည့် နောက်အကြောင်းတစ်ခုက သေရည်သေရက် ဖြစ်ပါတယ်
Alcohol ၊ Beer ပါ။