Tarot By Karrot

Tarot By Karrot Tarot by Karrot is a divination compass that guides your journey through life, both spiritually and practically.

Consequently, it should help you take control of your better life and give clarity to make lucid decisions. Karrot's readings may help you understand what you need to know about a particular situation. The cards might not reveal what will happen, but instead, allow you to gain wisdom and guidance of a situation and determine the best course of action based on your current path at the time of the reading. Karrot's readings is not intended to answer specific yes or no questions or make decisions for you but will guide you to make the right decision yourself. To get the most out of the tarot sessions, you need to have an open mind, come prepared and avoid lying.

ဒီနေ့တော့ အုအုရဲ့ Version အသစ် TBK Promax လေးနဲ့မိတ်ဆက်ပေးချင်လို့ပါအထူးသဖြင့် 2022တို့ 2023တို့ထဲက နှစ်ကြာရှည်သိလာတဲ့ပရ...
24/02/2026

ဒီနေ့တော့ အုအုရဲ့ Version အသစ် TBK Promax လေးနဲ့မိတ်ဆက်ပေးချင်လို့ပါ

အထူးသဖြင့် 2022တို့ 2023တို့ထဲက နှစ်ကြာရှည်သိလာတဲ့ပရိတ်သတ်ကိုလည်းဒီနေ့ထိရှိပေးလို့ကျေးဇူးတင်ရင်း Versionအသစ်လေးမိတ်ဆက်ရင်း Versionအဟောင်းမှာ အုအုမရင့်ကျက်ခဲ့တာလေးတွေအတွက် တောင်းပန်ချင်လို့ရယ်

လောကမှာလူအမျိုးမျိုးရှိတယ်
ကျွန်မအရင်က ဟိုလိုမှ မှန်တယ် ဒီလိုဆို လက်မခံဘူးဆိုတာမျိုးထဲပါတယ်
Very stubborn😁

ခုနောက်ပိုင်း သူလည်းသူ့သူမှန်နေပြီးတာပဲ
ကိုယ်က သူမှန်တာကို အမှန်ဆိုပြီး ပုဂ္ဂိုလ်ခင်လို့လိုက်မှန်စရာမလိုဘူး ဆိုတာမျိုး
ကိုယ်လက်ခံချင်မှလက်ခံမယ်
သူ့ကိုတော့သိပ်ဝေဖန်မနေတော့ဘူး

ဒီလိုပဲ ကိုယ်မှန်လို့ ကိုယ့်ကိုခင်ပြီး လိုက်မှန်တယ်ပြောပေးစရာလည်းမလိုဘူး
တဖက်က သူမှန်တယ်ထင် သူကြိုက်တာလုပ်
ကိုယ့်ကို ခဲနဲ့မပေါက်ရပြီ😁

အားလုံး ဗိုလ်၊ကျား၊သေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်ပဲ😁

ပုထုဇဉ်ဆိုသူတွေမှာ တခါတလေ သူတို့ဖြစ်စေချင်သလိုမနေပေးနိုင်ရင် မနေပေးနိုင်သူကို Disconnect လုပ်မယ်ဆိုတဲ့ Energy မျိုးရှိတတ်တယ်
နင်ငါပြောသလိုမလုပ်ရင် နင့်ငါမပေါင်းတော့ဘူးတို့ နင့်ငါဖြတ်လိုက်မယ်တို့ စသဖြင့်ပေါ့

တကယ်ကို တဖက်လူကကိုယ့်ကို နစ်နာအောင်လုပ်နေလို့Disconnect လုပ်ဖို့ လိုအပ်တာလား
ဒါမှမဟုတ်
မိမိရဲ့အတ္တနဲ့ခံစားမှုရှေ့တန်းတင်တာအားများပြီး ကိုယ်ဖြတ်ချင်လို့ဖြတ်ချတာကို မိမိအနေနဲ့ Healthy Boundary ချတာလို့ကိုယ့်ကိုယ်ကိုပြန်လှည့်စားလိုက်တာလားကျတော့ ကိုယ့်ကိုယ်ကို ရိုးသားစွာမေးခွန်းမေးပြီးအဖြေထုတ်နိုင်မှ အဖြေမှန်ကထွက်တယ်

ကျွန်မ ခုလောက်ဉာဏ်မပွင့်မီက ဒုတိယပုံစံမျိုးကျွန်မကိုယ်တိုင်ဖြစ်သွားခဲ့ဖူးတယ်
အဲဒါကိုအမှန်ထင်တာ
Healthy Boundary ထင်တာ
အမှန်က Manipulation disguised as a boundary setting ဆိုတာကို မမြင်ခဲ့တာပါ

Spiritual က တခါတလေ မာယာများတယ်
Dualityဆိုတဲ့ အလင်းနဲ့ အမှောင်တွေရှိတာကလည်းဖြစ်တတ်တဲ့သဘောကိုး

အဓိကကတော့ ကိုယ့်ကျင့်စဉ်၊ကိုယ့်စခန်း၊ ကိုယ့်ကိုယ်ကိုသစ္စာရှိဖို့ မှန်ကန်ဖို့ မှားနေရင် ပြင်ဖို့ကို တင်းခံမနေဖို့ပဲလိုပါတယ်

လွတ်လပ်ခြင်းစစ်စစ်ရှိပြီး ချမ်းမြေ့နေတာကမှ Healthy ဖြစ်တာပါ

ပုထုဇဉ်ပဲအမြဲတော့ဘယ်ပျော်နေမလဲ

ဖြစ် ဖြစ်တယ်ပေါ့
ပြီး ပြီးပြီပေါ့
Don’t take anything serious
Everything is just a moment လို့ပြောချင်ပါတယ်

ကမ်းခြေမှာပျော်နေတဲ့နဲ့ပုံလေးတင်ရင်းSelf reflection ( မိမိကိုယ်မိမိပြန်စစ်ဖို့ ) tipsလေးတွေတစေ့တစောင်းပြောပေးတာပါ

ဒီပို့စ်လေးတင်ရင်း တစ်ခုထပ်ပြောချင်တာက
ကျွန်မဉာဏ်နုစဉ်တချိန်ခါက
“ ဒါမလုပ်နဲ့နော် လုပ်ရင် ဖြတ်မှာ “ တို့
“ ဒါလုပ်ရင် ကိုယ့်ဆီမလာနဲ့ “ တို့ စသဖြင့်
Healthy Boundary စစ်စစ်မဟုတ်ပဲ ကိုယ့်ကိုချစ်ခင်တဲ့ပရိတ်သတ်ကို ဖိအားပေးမိတာမျိုး၊ ခြယ်လှယ်မိတာမျိုး၊ Manipulationလုပ်မိတာမျိုး တွေရှိရင် အဲဒါလေးတွေပြန်ရုပ်သိမ်းပါရစေ
ရင်ထဲကနေလည်းတောင်းပန်ပါရစေနော်🙏🙏🙏

ကျွန်မပရိတ်သတ်ကို လွတ်လပ်စွာချစ်ခင်တဲ့အုအုပဲဆက်ဖြစ်သွားမှာပါ

မိတ်ဆွေတို့ ဘယ်ဘာသာဖြစ်ဖြစ်၊ ဘယ်သူ့အားပေးပေး၊ ဘယ်သူနဲ့ ခင်ခင်၊ ဘယ်မုန့်စားစား၊ ဘာသောက်သောက် လူသားချင်းစာနာစိတ်ရှိသော၊ကိုယ်ချင်းစာတရားရှိသောသူဖြစ်နေသရွေ့၊သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်သောသူမဟုတ်သရွေ့ ကျွန်မခင်မင်နေမှာပါ

အမြင်မတူလို့ဝေးကြရင်တောင် အေးဆေးသောလမ်းခွဲခြင်းပဲဖြစ်မှာပါ

လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်း၊ အပြန်လှန်နားလည်ခြင်းတွေကိုပဲ စိတ်ဝင်စားပါတော့တယ်

Mind game တွေမကြိုက်ပါဘူး
ကိုယ်လဲလုပ်တော့မှာ မဟုတ်ပါဘူး
Mind game တော်ပြီး ဆရာကြီးလုပ်တာမျိုးဟာ Smart ဖြစ်တာမဟုတ်ပါဘူး
သိ၍သော်လည်းကောင်း၊ မသိ၍သော်လည်းကောင်းအကုသိုလ်စိတ်လေးတွေတစ်လုံးစီ ဖြစ်နေတာသာဖြစ်ပါတယ်
ကိုယ်လုပ်ဖူးတယ်
မကြိုက်လို့ အဲ့Version ထားခဲ့လိုက်တာပါ

ဒီတလော အနီးဆုံးကသူတွေက ကျွန်မအများကြီးပြောင်းလဲသွားတာသိတယ်
ပိုရီ(ရယ်) ပိုခွီလာတာ

ရှေ့ဆက်လည်း ပိုရယ်သွားဦးမှာပါ
Fake Positivity လား အစစ်လားကတော့ ကြည့်ရင်သိပါတယ် အဟိ🤭😁

2026 ကတော့ အတော်ကိုမလှုပ်နိုင်မအားတာမို့ လုပ်ချင်တာတွေလျှော့ထားရတဲ့နှစ်ပါ

ကိုယ့်ကိုယ်ကို ဂုတ်ဆွဲကယ်ထုတ်နေတဲ့နှစ်ပါ

အုအုပုံတင်ထားတဲ့ပို့စ်ဖြစ်ဖြစ်၊ အုအုပုံပါတဲ့Videoဖြစ်ဖြစ် ဘာဖြစ်ဖြစ် Share လို့ရတယ်
Ss ရိုက်လည်းရတယ်
ကြိုက်တာသာလုပ်ပါ
Public ဖြစ်နေတာမို့ ဟိုလိုလုပ် ဒီလိုလုပ်တွေလည်းပြောတော့မှာမဟုတ်ဘူးရယ်
အားနာသလို မလွတ်မလပ်ကြီးကို မကြိုက်လို့ပါ
အုအုမှာ OCD စိတ်စွဲလွန်ရောဂါရှိလို့သာ လိုက်ပြောနေမိခဲ့တာ
တခြားချေမိုးတာမျိုးမဟုတ်ပါဘူး
ဒါတွေလည်း တဖြည်းဖြည်း ဝဋ်တွေကျေအောင်ဆပ်ကျော်ဖြတ်နေပါတယ်

“ လူတစ်ယောက်ကို တကယ်ခင်တယ်ဆို သူကိုယ့်ကြောင့်လွတ်လပ်ပျော်ရွှင်ချမ်းမြေ့ပါစေ “ ဆိုတဲ့ New Version လေးနဲ့ဆက်နေသွားမှာဖြစ်ပါတယ်

ဟိုးကထဲကပရိတ်သတ်တွေဆို အုအုအရင်ပုံစံသိပါတယ်
အရမ်း fight တာ😁
This is not a power
These are just emotions and some are insecurity responseပါ

ဘာပဲဖြစ်ဖြစ် အားလုံးကိုချစ်တယ်နော်

Feel free to share
တဆင့်ကူးတင်တာလေးတော့သည်းခံပါ

ချစ်တဲ့🫶🏽
အု🐰🥕

အော် အချောသပ်တရားစခန်းဝင်ပြီးရင် မဟာပလ္လင်တွေထပ်ချိတ်ပြီးရင် ပြန်ထွက်တာနဲ့ Boxing club join မလို့ ကြိတ်စုံစမ်းတုန်း Univ...
24/02/2026

အော် အချောသပ်တရားစခန်းဝင်ပြီးရင် မဟာပလ္လင်တွေထပ်ချိတ်ပြီးရင် ပြန်ထွက်တာနဲ့ Boxing club join မလို့ ကြိတ်စုံစမ်းတုန်း Universe က “ ချစ်သမီး ဖြုတ်လော့ “တဲ့🤭😃😎

ကျွန်မ2026 တစ်နှစ်လုံးအားဘူးဆိုတာပေးသိလိုက်ပီ😎

23/02/2026

မအောင့်နိုင်လို့ ပြော့ပြဦးမယ်🤭
Mercury Retrograde ဆိုလို့

တကယ်က ဘိုးတော်နဲ့အပီဖိုက်ထားတာ ကမ်းခြေသွားပြီးနောက်တစ်ရက်ပေါ့

အရင်က သူဝုန်းကိုယ်ဝုန်းပေါ့
ခုကကျ စိုက်ကြည့်ပေးနေလိုက်တာ
( Actually that’s not my style ကျွန်မက လက်တအားမြန်တယ် တစ်မိနစ်အလုံး ၂၀ လောက်ဆဲနိုင်စွမ်းရှိတယ် Machine Gunဆွဲသလိုဆွဲတာ )

ဒီလိုနဲ့ဘာပြောကောင်းမလဲ

“ နင်များနေပြီ ရပ်လိုက် “ တို့ဘာတို့ပေါ့

ဘယ်လိုခေါ်မလဲ ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်အသွင်ပေါ့
တို့ကတ်နဲ့ဆို Queen of Swords ပေါ့ ဟဲဟဲ
အထာကျတာပေါ့😎
ပြီးတော့ ဂွပ် ဆိုဖုန်းချထလိုက်တာ😌

အမလေး
အိုက်နေ့ထဲက ကျေးဇူးရှင်က ပေါ်ကိုမလာတော့တာ😁

ဒေါင့်နားလေးမှာကြိတ်ငိုနေတဲ့ယွကျားများလားသွားမတွေးလေနဲ့

မတ်လဆန်းမှ ဝင်မဲ့၁၀ရက်အဓိဋ္ဌာန်ကို ရက်ရှေ့တိုးပြီးစောစောတရားထိုင်ပလိုက်တာတော် ကဲ😁🙏

ကျွန်မ RSမဟောပါဖူးဆိုတာအာ့တေပဲ
ကိုယ်တိုင်ကလည်း စိတ်မြန်လက်မြန်မလို့

23/02/2026

ဟောကိန်းတင်လိုက်ပြီနော်

အုအုMercury Retrograde ကြောက်လား???

ပုံထဲကအတိုင်းပဲ

အကုန်အရေဖျော်သောက်ပစ်မှာ😎🤣

DISCLAIMER: No Copyright Infringement intended. The audio and music belongs to their rightful owner.

Edit - အမလေး ဟောကိန်းရေးမယ်အလုပ် ကတ်တွေအစကနေပြန်ဖတ်ရမဲ့အနေထားရောက်သွားတယ်ပထမဟောကိန်းရတဲ့ကတ်တွေချရေးထားတာ တချို့Reversed ...
23/02/2026

Edit - အမလေး ဟောကိန်းရေးမယ်အလုပ် ကတ်တွေအစကနေပြန်ဖတ်ရမဲ့အနေထားရောက်သွားတယ်
ပထမဟောကိန်းရတဲ့ကတ်တွေချရေးထားတာ တချို့Reversed တွေ ရေးဖို့မေ့လို့
မသေချာပဲမဟောချင်လို့
အစကနေပြန်ကတ်ဆွဲရတော့မယ်😁

Retrograde အပျိုးလေးက ဆရာမတောင်စနေပြီ ဟိဟိ😁

It doesn't matter what a retrograde brings you, or what life brings you. 😎 The only thing that truly matters is how you respond.

Monday Pūjā to Mahadev တော့လုပ်ပြီးပြီ

Mercury Retrograde အတွက် ဟောကိန်းလေးထုတ်ပေးချင်လို့
Feb 26-March 20ဆိုတော့ ခုလောက်ကနေ မတ်လကုန်ထိလို့သာအကြမ်းမှတ်ထားပေး

Tarot နဲ့ကြည့်ပေးထားတယ်
Whispers of Lord Ganesha Oracle နဲ့ကြည့်ပေးထားတယ်

ခဏနေရေးတင်ပေးမယ်
ကတ်တွေကထုတ်ပြီးသွားပြီ

Mercury Retro ဆို လန့်ကြတယ်မှတ်လား

မလန့်နဲ့

ဘာလာလာဒေါင်းမယ်မှတ်လား

ဒါဆို အများ၂ ပုံအထိနှိပ်ကြည့်လို့ရတယ်

အကုန် ဘေဘီလေးတွေချည်းပဲ

မြောင်ပေါက်စ
ဝုပေါက်စ
ယုန်ပေါက်စ
နဂါးပေါက်စ

Good Luck to you all🫶🏽

ချစ်တဲ့🫶🏽
အု🐰🥕

19/02/2026
Virgo ကြောက်တယ်သာပြောခဲ့မိတာလွန်လေပြီးသောအတိတ်ကာလတွေကတကယ်က Virgo တွေက က်ိုယ့်ကိုဆို အရမ်းချစ်ကြတာသူတို့ချစ်တာ တခါတလေ နည်...
09/02/2026

Virgo ကြောက်တယ်သာပြောခဲ့မိတာလွန်လေပြီးသောအတိတ်ကာလတွေက

တကယ်က Virgo တွေက က်ိုယ့်ကိုဆို အရမ်းချစ်ကြတာ

သူတို့ချစ်တာ တခါတလေ နည်းနည်းစိုးရိမ်တတ်တာလေးပါတယ်
တခါတလေ သူတို့ရင်မှဖြစ်သောသားသမီးလို ကိုယ့်ကို ပူတာ

သူတို့က ကိုယ့်ကိုအရမ်းဖြစ်ထွန်းစေချင်တာ ဘာလုပ်လုပ်

သူတို့ချစ်တဲ့သူ အောင်မြင်ရင်သူတို့က လုံးဝ ဝင့်ထည်ပြုံးနေတာမျိုး

ကိုယ်တွေကျ အောင်မှတ်ရရင်တော်ပြီလေ တို့ မကျရင်ရပြီမှတ်လားတို့
ကျတော့လဲစာကျေတာပေါ့တို့
အဲလိုဒီဇိုင်း

ဟိုမယ်မြို့ထဲကိုဂေါ်ဇီလာကြီးဝင်လာပြီဆို ရေခဲမုန့်စားတာမကုန်သေးဘူး ထားခဲ့ရမှာနှမြောစရာကြီးဆိုပြီးဆက်စားနေတာမျိုး

ကိုယ်က သူတို့မျက်လုံးထဲပူတူတူးလေးပဲ ဘယ်တော့မှကြီးမလာတော့ဘူး

အေကွာက အလွင့်မို့ ကျားကို အတောင်လိုက်တပ်ပေးချင်တာ ဒိုင်နိုဆောကို မျက်နှာပေါင်းတင်ပေးချင်တာ လုပ်ချင်တာလျှောက်လုပ်တာ

အဲမှာ Virgo နဲ့ ကိုယ်တေAquaနဲ့တွေ့တော့ မီးတေပွင့်ကုန်တာ🤭

Virgo တွေကိုချစ်ပါတယ်နော်

ဘယ်သူတွေဘာပြောပြောVirgo တွေရဲ့ချစ်နည်းချစ်ပုံကိုသိသိလာတဲ့ဆရာမပါလို့

နောက် ၁၁ ခုလည်းရေးသွားမယ်

အကြောက်ဆုံး Virgo နဲ့ စရေးလိုက်တာ ဟီး😁

ချစ်တဲ့🫶🏽
အု🐰🥕

Share လို့ရ
တဆင့်ကူးတာလေးမရ

🥕 Tarot Message for Collective 🥕ကိုယ်အရင်ထဲကကြိုးစားလာတာတို့၊ ပြုစုပျိုးထောင်လာတာတို့ ရှိရင် အဲဒီအကျိုးရလဒ်ကို ရုတ်တရက်အ...
09/02/2026

🥕 Tarot Message for Collective 🥕

ကိုယ်အရင်ထဲကကြိုးစားလာတာတို့၊ ပြုစုပျိုးထောင်လာတာတို့ ရှိရင် အဲဒီအကျိုးရလဒ်ကို ရုတ်တရက်အားကြီးနဲ့ရတာမျိုးမြင်တယ်
ဒီလကုန်ထိအဲတာမြင်ရ

🧋ဥပမာ - ၁

အလှူလုပ်ဖို့စုလာတာနည်းနည်းချင်း၊ ရုတ်တရက်ထီပေါက်တာမျိုး သို့မဟုတ် ငွေဝင်လာတာမျိုး
အဲတော့ ဒီနှစ်ကိုယ့်စိတ်ကူးထဲကအလှူအထမြောက်တော့မှာမျိုး

🧋ဥပမာ - ၂

ဒီအပင်စိုက်လာတာကြာပြီ၊ ဒီတလောမှ တအားပွင့်

🧋ဥပမာ - ၃

ဒီကိစ္စပြင်ဆင်လာတာကြာပြီ ထူးပြီတော့
ဒီအိမ်ဆိုင်ထားတာကြာပြီး ရောင်းထွက်ပြီ
ဒီကိစ္စ အဖြေစောင့်နေတာ Approved ဖြစ်ပြီ

🧋ဥပမာ - ၄

ဒီသွားမယ်လုပ်နေတာ တကယ်သွားရတော့မယ်

🧋ဥပမာ - ၅

ကိုယ်အလုပ်ကြိုးစားတာကြာပြီ
ခုမှကိုယ်တော်တာလူသိတယ်၊ ကိုယ့်ပါရမီတွေမြင်ကြတယ်
အနုပညာတို့၊ ဗေဒင်ဟောတာတို့၊ Healer တို့၊ Coach တို့၊ ဆရာမတို့ဆို ဒီတလောအလုပ်တွေဝိုင်းအပ်ကြတာမျိုး စန်းတက်လာတာမျိုး

Aries, Leo, Sagittarius, Ta**us, Virgo, Capricorn တို့အတွက် ဒီဟောကိန်းကပိုကိုက်ညီလိမ့်မယ်

ချစ်တဲ့ 🫶🏽
အု🐰🥕

Share လို့ရ
တဆင့်ကူးတင်တာခွင့်မပြုပါ
မေးခွန်းလေးတွေမဖြေပါ

ဒီတလော Live or Video လုံးဝမလုပ်ချင်တာစိတ်မရှည်လို့စိတ်မရှည်ဘူးဆိုတာကိုယ့်ကိုတခြားသူကြည့်ရင်လောင်နေပြာနေတာမဟုတ်Appearance...
08/02/2026

ဒီတလော Live or Video လုံးဝမလုပ်ချင်တာ
စိတ်မရှည်လို့

စိတ်မရှည်ဘူးဆိုတာကိုယ့်ကိုတခြားသူကြည့်ရင်လောင်နေပြာနေတာမဟုတ်
Appearance is အငြိမ်

ရှည်ထာဟယ် ရှည်ထာဟယ် ရေးလဲရှည် ပြောလဲရှည် ရှည်နေလိုက် ဆိုပြီး ကိုယ့်ကိုယ်ကိုပြောနေတာ

ရှည်လာတဲ့ ၃ နှစ်လုံး နားထောင်ပေး ဖတ်ပေးတာတွေလည်း ကျေးဇူးအရမ်းတင်ပါတယ်

ကိုယ်၃နှစ်အတွင်း ပြောခဲ့တဲ့Live တွေဆိုတာ အရမ်းများခဲ့တာ

Facebook policyအရသာ ပျက်ကုန်တာ အကုန်

Video လုပ်ရတာအရမ်းပျင်းတာ

ခုဆို သူများဟောတာလဲ ၁ မိနစ်လောက်ပဲကြည့်နိုင်

တစ်ခုပဲ ကိုယ်အရမ်းစိတ်ဝင်စားတာဆို ကုန်သွားမှာစိုးနေတာမျိုး

ဒီတလောကိုယ့်Interest တွေ Mindset တွေ Concept တွေပြောင်းနေပါတယ်

ဟောရင်တောင် အတိုဆုံးပဲဟောမယ် ဆိုတာမျိုးဖြစ်နေတာရယ်

ဖတ်ရတာမျက်စိညောင်းသက်သာတာပေါ့ဗျာ

စာရေးခြင်းအနုပညာတွေပါ မထုတ်သုံးချင်တဲ့အထိပဲ

နဂိုထဲကမှ Mc က Aries
အလုပ်ဟူသမျှဒုံးပျံကွ ဆိုသလို Rocket Speed နဲ့လုပ်တာ

PAC Video reading ကြည့်ရင် စကားတစ်လုံးချင်းပြောရင်လုံးဝမကြည့်တော့တာမျိုး
Reader တော်တာသိရင်တောင် ဆက်မကြည့်ဖြစ်ဘူးကိုယ်မကြည့်နိုင်တော့တာ
လူကိုခင်လည်း မကြည့်တာကမကြည့်တာပဲ
၃ မိနစ်အောက်ဆို ကြည့်ကောင်းကြည့်တယ်

စာဆိုလည်း ရှည်ရင် ကျော်ချပစ်တာ

ဆိုတော့ကာ
ကိုယ်ဒီဇိုင်းပြောင်းနေတာမို့ နောင်လာလတ္တံ့တွေကတော့ လိုတိုရှင်း တွေဖြစ်ပါလိမ့်မယ်လို့ နော်လို့

မကောင်းလား နှစ်ဦးနှစ်ဖက်သက်သာတယ်😁

ချစ်🫶🏽
အု🐰🥕

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Tarot By Karrot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tarot By Karrot:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram