Shwe Nu Pyo - ရွှေနုပျို

Shwe Nu Pyo - ရွှေနုပျို U.S.A မှ တိုက်ရိုက်တင်သွင်းသော Vitamins နဲ့ ဖ?

16/05/2023

Collagen 🌿🌿🌿

🌿 Collagen ဆိုတာ ပရိုတိန်း တမျိုး ဖြစ်ပါတယ်၊ အရိုးပြုတ်ရည်မှာ အများဆုံး ပါတယ်၊ ကြက်ဥအကာ၊ ကြက်သား၊ ငါး နဲ့ အချို့ ပရိုတိန်းအမှုန့်တွေမှာ ပါပါတယ်

🌿 အသက် 25 နှစ် ကျော်လာတဲ့အခါ ခန္ဓာကိုယ်က ကော်လဂျင် ထုတ်လုပ်မှု လျော့နည်းလာပြီး အရေပြားတွန့်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ ကြွက်သား နာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

🌿 ကော်လဂျင်က အရေပြား နှင့် ဆံပင် ကောင်းမွန်စေတယ်၊ ပါးရေတွန့်တာ သက်သာစေတယ်၊ လက်သည်း၊ ခြေသည်း သန်မာစေပါတယ်၊ အရေပြားမှာ လှိုင်းတွန့်တွေလို အဆီပြင်တွေ ဖြစ်ခြင်း (cellulite) ကို လျော့ချပေးတယ်၊ အဆစ်အမြစ် နာကျင်ခြင်းတွေကို သက်သာနိုင်တယ်၊ အရိုးပွခြင်းကို သက်သာစေတယ်၊ ကြွက်သားကြီးထွားစေပါတယ်၊ အူနံရံကို ပြန်တည်ဆောက်ပေးတယ်၊ ဟိုမုန်းကို မျှတစေပြီး ဝက်ခြံကို ပျောက်ကင်းစေတယ်၊ အရွယ်တင် နုပျိုစေတယ်၊ အနာကျက်စေတယ်၊ ကိုယ်အလေးချိန်ကျစေတယ်။

🌿 ဒူးနာ ခါးနာ ကျီးပေါင်း ဆေးစုံပြီး မပျောက်သူတွေ ကော်လာဂျင်နဲ့ ပျောက်သွားတာ တွေ့ဖူးပါတယ်၊

🌿 ကော်လာဂျင်ကို Glycine, Buffered C နဲ့ ရောသောက်ရင် အာနိသင် ပိုထက်ပါတယ်၊

🌿 အမဲအရိုးက ထုတ်တာ ရှိသလို ရေသတ္တဝါက ထုတ်တဲ့ ကော်လာဂျင်လဲ ရှိပါတယ်

🌿 ကော်လဂျင်ဆေး‌တောင့်တွေက များသောအားဖြင့် serving size (6) ဖြစ်ပါတယ်၊ တနေ့ 6 လုံး သောက်ရပါတယ်၊ တခါတည်း သောက်လို့ ရသလို ခွဲသောက်လည်း ရပါတယ်၊

🌿 ကော်လာဂျင် အမှုန့်တွေက ဘူးထဲမှာ ဇွန်း ပါပါတယ်၊ တနေ့ တဇွန်း တကြိမ် ရေ၊ ကော်ဖီ၊ လ္ဘက်ရည်၊ အအေး နဲ့ ဖျော်သောက်လို့ ရပါတယ်၊

🌿 Glycine, Collagen စ သောက်နေတဲ့သူများထံမှ

🌿 “ဆရာမကြီးရေ
Glycine ရယ် collagen ရယ် vitamin C ရယ် ရောဖျော်ပြီး ဆရာမကြီးပြောတဲ့အတိုင်းသောက်ပါတယ်
ဒူးက ဧရာမကြီး ရောင်ပြီး ကွေးဆန့်ခက်နေတာ ၂ရက်ထဲ သောက်ရသေးတာ အရောင်တွေကျလို့ အနာလဲ အရမ်းသက်သာသွားပါတယ်
ဆရာမကြီးကို ကျေးဇူးတင်မဆုံးပါ ရင်ထဲကနေ ဆရာမကြီး ကျန်းမာ စိတ်ချမ်းသာပါစေ”

🌿 “ဆရာမရေ
Glycine က တရက်ပဲ သောက်ရသေးတယ် စာရင်းတွက်ရတာ ခေါင်း တအားကြည်တာပဲ၊ တနေ့ 3 ခါ သောက်တာ
အိပ်လို့လည်း ကောင်းတယ်
လချုပ်စာရင်းကို ခါတိုင်းဆို မလုပ်ချင်လို့ ထားထားတာ လုပ်ရကြာလို့၊ ခုလုပ်တာမြန်နေရောပဲ၊ ခေါင်းကြည်နေလို့
ဆရာမကျေးဇူးတွေ များလှပါတယ်”

🌿 ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ဓာတ်ကို ပြန်ဖြည့်ပေးလိုက်တာပါဘဲ။

🌿 လိုအပ်နေတဲ့ ဓာတ်တွေကို ပြန်ဖြည့်ပေးလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကြီးက သူ့အလုပ် သူလုပ်ပါလိမ့်မယ်။

🌿 ပတ်ဝန်းကျင် အဆိပ်တွေ ဝိုင်းနှိပ်စက် ခံနေကြရသူများပါ။
credit:to a better health.

16/05/2023

🏵သမာဓိကြောင့် ခန္ဓာကိုယ်မှာ🏵
ဓာတ်တစ်မျိုးထွက်လာတယ် 🙏
=

🏵တော်တော်ကို သမာဓိကောင်းလာတဲ့
အချိန်ကျရင်တော့ ဝေဒနာ လုံးလုံး
ပျောက်သွားတာလည်း ရှိတယ်။ 🙏

🏵အဲလို ဝေဒနာပျောက်သွားရတဲ့ အကြောင်းတွေထဲမှာ အကြောင်းအများကြီး ရှိနိူင်တယ်။🙏

🏵သတိ သမာဓိကောင်းလာရင်
ဝေဒနာပျောက်သွားတယ်ဆိုတာ
သတိကြောင့် သမာဓိကြောင့်
ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်။ 🙏

🏵ဒါကိုတော့ ဗမာပြည်မှာ သိပ်ပြော
လေ့ မရှိဘူး။ အနောက်နိူင်ငံတွေမှာတော့
သူတို့တွေက အမျိုးမျိုးစမ်းသပ်တတ်တဲ့
အလေ့အကျင့်ရှိတာကိုး။🙏

🏵တရားအားထုတ်လို့ သမာဓိကောင်းလာတဲ့လူရဲ့
ဒီသမာဓိ အားကောင်းနေတုန်းမှာ ဦးနှောက်ကနေပြန်ထွက်လာတဲ့ သွေးကို ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဲဒီသွေးထဲမှာ🙏
' Endophin ' အင်ဒိုဖင်း ဆိုတဲ့ဓာတ်
တော်တော်များနေတာ တွေ့ရတယ်။
ဦးနှောက်က ဒီEndophinဓာတ်ကို
ထုတ်ပေးတယ်။🙏

🏵သာမန်လူတွေမှာလည်း
' အင်ဒိုဖင်း ' ဆိုတဲ့ ဓါတ်က ရှိတယ်။
အဲဒီ ' အင်ဒိုဖင်း ' ဓာတ် မထွက်လို့ရှိရင်
ဒီခန္ဓာကိုယ်ဟာ အချိန်ပြည့်
နာကျင်ကိုက်ခဲနေတောမှာပဲ။ 🙏

🏵အင်ဒိုဖင်းဆိုတာ
' Endogenenous Morphine ' ကို ပြောတာ။
' Endogenenous ' ဆိုတာ ခန္ဓာကိုယ် ကိုယ်တွင်းမှာဖြစ်တာ။
' Morphine ' ဆိုတာ
ဟော်မုန်းဓာတ်တစ်မျိုးရဲ့ နာမည်ပဲ။🙏

🏵ပြင်ပကလုပ်ထားတဲ့ Morphine နဲ့ မတူဘူး။
ပြင်ပက လူတွေလုပ်ထားတဲ့ မော်ဖင်း
' Morphine ' က ထိုင်းမှိုင်းတယ်၊
ငိုက်မြည်းတယ်။ 🙏

🏵ခန္ဓာကိုယ်တွင်းက သူ့အလိုလိုဖြစ်လာတာက
ထိုင်းမှိုင်းမှု ငိုက်မြည်းမှု မဖြစ်ဘူး။ 🙏

🏵နာကျင်မှုတွေ ပျောက်ပြီးတော့
ကြည်လင်ပြီးတော့
အေးချမ်းနေတဲ့ သဘောရှိတယ်။
ခန္ဓာကိုယ်ရော စိတ်ရော နှစ်ခုလုံးကို
ကြည်လင်ငြိမ်းချမ်းစေတယ်။🙏

🌳တရားအားထုတ်ရင် ဒီဓာတ်က ထွက်လာတာ။ 🙏

🌳ဒါတွေကအခု အနောက်နိူင်ငံမှာ
တရားအားထုတ်တဲ့သူတွေနဲ့ တွေ့ပြီးတော့ 🙏
Research တွေအများကြီးလုပ်လို့
တွေ့ရှိတဲ့အချက်တွေပါ။

🌳ဒီ Research တွေလည်း America မှာတော့ အမြဲတမ်းလိုလို လုပ်နေတယ်။

🌳ဒါရဲ့တန်ဖိုးကိုလည်း သူတို့သိလာတယ်။🙏

' 🌳အင်ဒိုဖင်း ' များများထွက်အောင် လုပ်လို့ရရင် ခန္ဓာကိုယ်မှာ အများကြီးအကျိုးရှိတယ်။ 🙏
စိတ်နဲ့ပက်သက်လို့လည်း
အကျိုးအများကြီးရှိတယ်ဆိုတာ သူတို့သိတယ်။ ခန္ဓာကိုယ်ရော စိတ်ရော
နှစ်ခုလုံးငြိမ်းချမ်းနေတဲ့ အတွက်ကြောင့်
ခန္ဓာကိုယ်မှာ (Stress) စိတ်ဖိစီးမှုတွေနည်းပြီး
(immunity) ခုခံစွမ်းအား ကောင်းလာတယ်။🙏

🌳ဒီ အင်ဒိုဖင်းထွက်တဲ့အချိန်မှာ
စိတ်ပင်ပန်းတာလုံးဝ မရှိတော့ဘူး။
တရားထိုင်လိုက်လို့ အင်ဒိုဖင်း ထွက်လာရင်
စိတ်ကျရောဂါ(depression) ပျောက်သွားရော။
အလွယ်ဆုံးပဲ။
ဆေးဝယ်သောက်စရာ မလိုဘူး။
အဲဒီ အင်ဒိုဖင်း level မြင့်လာတဲ့အခါ
ညောင်းတာ နာတာ လျော့သွားတယ်။

🌳အဲဒီ အင်ဒိုဖင်း level မြင့်လာဖို့ဆိုတာလည်းပဲ သမာဓိအား အတော်လေးကောင်းတဲ့အထိကို အားထုတ်ရမှာ။ 🙏

🌳ဝေဒနာပြင်းထန်လာလို့ သမာဓိမရဘူးလို့
ဒီလိုပြောပြီးတော့ ရပ်ထားလို့ မရဘူးနော်။🙏

🌳ဝေဒနာဖြစ်နေတာကိုပဲ
သိ သိ သိပြီးတော့ ဆက်သွားရမှာပဲ။ 🙏

🌳တကယ်ပဲ မခံနိူင်တဲ့အဆင့်ကို ရောက်ရင်တော့ သိပြီးတော့ ဖြည်းဖြည်း ပြင်ပါ။ 🙏

🌳ပြင်နေတုန်းမှာ ဝေဒနာရဲ့သဘာဝ
ပြောင်းသွားနေတာကို သိနေပါ ...🙏.. ။

Credit.. ..
🙏⚘ဆရာတော်ဦးဇောတိက🙏⚘
🙏⚘အချေခံဝိပသာနာ🙏⚘

07/08/2022

အော်တိုအင်မြူးရောဂါဆိုတာဘာကိုဆိုလိုတာပါလဲ?
ခန္ဓာကိုယ်ခုခံအားတွေကစဉ့်ကလျားဖြစ်ကုန်ပီးမိမိခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုရန်သူထင်ပီးဖျက်ဆီးခံရသည့်ရောဂါဖြစ်ပါတယ်.

အော်တိုအင်မြူးရောဂါတွေဖြစ်ကျတဲ့အခါ...
၁ .ခန္ဓာကိုယ်နေရာမျိုးစုံမှာရောင်ကိုင်းနေတာကြောင့်အရိုး အဆစ် အသား နာဗ်ကြောတွေနာနေတတ်ပါတယ်.
၂ .နွမ်းလျ အားလျော့ ဦးနှောက်မကြည်
မအီမသာဖြစ်နေတတ်ပါတယ်.
၃. ရောဂါကိုကုတဲ့ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်ကိုယ်အလေးချိန်တိုး ခြေထောက်တွေရောင် မျက်နှာတွေအမ်း မကြာခနနေမကောင်းဖြစ်နေတတ်ပါတယ်.

ဒီရောဂါကိုကုသတဲ့နေရာမှာအဓိကကျတဲ့အချက်တွေကတော့...
၁. အစားအသောက် အနေအထိုင်ပြုပြင်ရပါမယ်.
၂. ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်ရပါမယ်.
၃.အချိန်အကန့်အသတ်အပိုင်းအခြားဖြင့်အစာစားခြင်း (intermittent fasting)လုပ်ခြင်း.

စားသုံးသင့်သည့်အစားအစာများ.

ကလီစာဟင်း (ဖြစ်နိုင်ရင်တစ်ပတ်နှစ်ကြိမ်လောက်)
ဗီတာမင်မျိုးစုံ (b1 b2 b6 folate b12)
အမဲသား ကြက်သား ဝက်သား ငါး ပုဇွန် ဟင်းရွက်မျိုးစုံစားပါ (အသီးအနှံလျော့စားပါ fructose သကြားလျော့နိုင်သမျှလျော့ပါ)
အရိုးပြုတ်ရည်သောက်ပါ
တစောင်းလက်ပတ်စားပေးပါ.

ရှောင်သင့်သည့်အစာများ.

စပါး ဂျုံ အတုအယောင်အစေ့အဆန်များ ပြောင်းဖူး ရွှေကြည် ပဲမျိုးစုံ နွားနို့ ပဲနို့ သကြား အာလူး ခရမ်းချဉ်သီး ခရမ်းသီး ပဲဆီ ဟင်းသီးဟင်းရွက်ဆီ သေရည်သေရက် ပြုပြင်ပီးအစားအစာများ

👇👇👇👇👇
အာဟာရဓာတ်တွေဖြည့်တင်းပေးရန်ရောင်ကိုင်းခြင်းနှင့် ခန္ဓာကိုယ်နာကျင်ခြင်းမှသက်သာလာစေရန် ဗီတာမင်နှင့်ဖြည့်စွက်စာများဟာ သောက်သုံးရန်သင့်တော်လှပါပေတယ်.

ခန္ဓာကိုယ်နာကျင်နေသူများသောက်သုံးသင့်သောဖြည့်စွက်စာများ.
Vit c
Vit d3
Zinc
Vit B12
Vit b1
Coq10
Magnesium
Glucosamine MSM
Omega 3 EPA / DHA

ခန္ဓာကိုယ်ရောင်ကိုင်းခြင်းအတွက်..

NAC
R lipoic acid
Coq10
Magnesium
Vit C
Uni E

သဘာဝအနာပျောက်ဆေးများ..

နနွင်းကိုဆီနဲ့ဖျော်သောက်ပါ
ဂျင်း
ကြက်သွန်ဖြူ
Enzy (အစာချေဆေး)
Probiotic

ဒီအော်တိုအင်မြူးရောဂါကြီးကို အစားအသောက် အနေအထိုင် ဖြည့်စွက်စာများနဲ့ပြုပြင်ထိန်းသိမ်းနိုင်မယ်ဆ်ိုရင် အော်တိုအင်မြူးသာမက တစ်ခြားရောဂါများပါသက်သာလာစေမှာဖြစ်ပါတယ်.

Credit #
ဆရာမကြီး Dr Daw Khin Nwe Win ရဲ့ Autoimmune Diseases လက်ကမ်းစာစောင်မှကောက်နှူတ်ပီးရေးသားပေးထားပါတယ်.

14/07/2022

Dribose အကြောင်းလေးတင်ပါရစေနော် 😊

နှလုံးအတွက် ဒုတိယအားဆေးတစ်ခွက်
D-Ribose Powder အစွမ်း အံ့မခန်း

ဆေးမရောင်းပါ။ ဆေးဆိုင်မဟုတ်ပါ။ နှလုံးကျန်းမာရေးအတွက် ဝေမျှခြင်းသာ ဖြစ်ပါသည်။ ဆေးမှန်၊ ဈေးမှန်ဆိုင်များကိုတော့ သိပါသည်။ မေးလာက ဖြေကြားပေးပါမည်။

D-Ribose Powder သည်US မှ ထုတ်လုပ်သော ဖြည့်စွက်စာ အားဆေးတစ်မျိုး ဖြစ်ပါသည်။ အထူးသဖြင့် နှလုံးရောဂါ ဖြစ်နေသူများအတွက် အားထားရသော ဒုတိယနတ်ဆေးတစ်ခွက်ဟု ပင် ဆိုချင်ပါသည်။

သည်သို့ နတ်ဆေးပမာ အစွမ်းထက်လှသော D-Ribose ဗဟုသုတများကို ဝေမျှပေးသော US မှ ဆရာမကြီး ဒေါက်တာ‌ဒေါ်ခင်နွယ်ဝင်းကို ဂါရဝ ပြုပါသည်။

D-Ribose Powder သည် သကြားပမာ အမှုန့်ဖြစ်ပြီး သကြားလို မချိုပါ၊ သကြားနှင့် ဓာတုဖွဲ့စည်းပုံ မတူပါ။ သည့်အတွက် ချောင်းမဆိုးပါ။ အချိုမဟုတ်ပါ။

ရင်ဘတ်အောင့်ခြင်း(ဘယ်ဘက်၊ အလယ်၊ ညာဘက်) နောက်ကျောအောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ပုံမှန်ထက်ပို၍ မောပမ်းခြင်းတို့ ဖြစ်လာလျှင် မဖြစ်မနေ နှလုံးကို စစ်ဆေးရတော့မည် ဖြစ်ပါသည်။

နှလုံးသွေးကြောကျဉ်းသည် ဖြစ်စေ၊ နှလုံးကောင်းသည် ဖြစ်စေ D-Ribose ကို သောက်နိုင်ပါသည်။

D-Ribose သည် ခန္ဓာကိုယ် စွမ်းအင်အတွက် အလွန် အသုံးဝင်ပါသည်။ အမောအပမ်း ခံနိုင်သည်။ အထူးသဖြင့် ကုန်ဆုံးသွားသော စွမ်းအင်တွေကို အမြန်ဆုံး ပြန်လည် ဖြည့်ဆည်းပေးပါသည်။
နှလုံးအတွက်သာမက
ကင်ဆာ၊
ဦးနှောက်နှင့် အာရုံကြော၊
ကျောက်ကပ်အားနည်းသူများ၊ ကြွက်သားတွေကို အလွန်အမင်း အသုံးပြုရသော အားကစားသမားများ အတွက် သောက်သုံးနိုင်ပါသည်။

ဆရာမကြီး ဒေါက်တာဒေါ်ခင်နွယ်ဝင်း အညွှန်း
“ Heart Attack ရလိုက်စဉ်က နှလုံး၏ ကလာပ်စည်း စွမ်းအင်တွေ အလွန်အမင်း ကျဆင်းသွားပါတယ်။ နှလုံးကို ပုံမှန် အလုပ်ပြန်လုပ်နိုင်စေဖို့ နှလုံး၏ ကလာပ်စည်းစွမ်းအင်တွေကို ပြန်လည် ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။

10-15Grams ခွဲပြီး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် သောက်သင့်ပါတယ်။ 1 teaspoon (လ္ဘက်ရည်ဇွန်း ၁ဇွန်း 5Grams)
1 teaspoon တစ်နေ့ ၂ကြိမ် မှ ၃ကြိမ် သောက်နိုင်ပါသည်။” ဟု ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းမှ ရေးသားထားပါသည်။

အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေအတွက် ပုံမှန်မှီဝဲသင့်သော ဆေးစွမ်းကောင်း ဖြစ်ပါသည်။

ဖြည့်စွက်စာကို ယုံကြည်သူများ ဂရုမှ ကိုအောင်ကို ရေးသည့် D-Ribose Powder အကြောင်း။

ကိုအောင်ကို ရေးသားထားသည့် ဖြည့်စွက်စာ တစ်မျိုးခြင်း အကြောင်း စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

နှလုံးသွေးကြော ပိတ်ပြီး heart attack ရတဲ့အခါ အောက်စီဂျင်ဓာတ်နည်းနေပြီ ဖြစ်တဲ့အတွက် နှလုံးကြွက်သားများဆက်လက် အလုပ်လုပ်ရန် D-Ribose ကို အရေးပေါ်အနေနဲ့ ဖျော်သောက်မယ်ဆိုရင် နှလုံး ကြွက်သားများ ပျက်စီးခြင်းမှ အတော်လေး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(Damage to the heart muscle will be limited)

Stent ထည့်ထားသူတွေ၊
နှလုံးရောဂါသမားတွေ၊
ဥနှောက်နှင့် အာရုံကြောရောဂါသမားတွေ၊
ကျောက်ကပ်အားနည်းနေသူတွေ၊
ကင်ဆာဝေဒနာရှင်တွေ၊
အားကစားသမားတွေ၊
ကြွက်သားတွေကို အလွန်အသုံးပြုနေရသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ တကယ့်ကို မှီဝဲသင့်ပါတယ်။
တစ်ခါသောက်ရင် လ္ဘက်ရည်ဇွန်း တဇွန်း တနေ့ ၁ ကြိမ်မှ ၃ ကြိမ်အထိ သောက်ကြပါတယ်။ ဆီးချိုရှိသူများလည်း သောက်လို့ ရပါတယ်။
Cread-To a better health and Original Writer

Heart Attack
ဘယ်ဘက် ရင်ဘတ်အောင့်လျှင်တော့ နှလုံး ကို စစ်ဆေးသင့်ပါသည်။ ရင်ဘတ် အလယ်က ဆိုလျှင် နှလုံး နှင့် အစာအိမ်လေတက်တာကြောင့် ဖြစ်နိုင်ပါသည်။ ညာဘက်ရင်ဘတ်အောင့်လျှင် နှလုံးနှင့် ကျီးပေါင်း မဖြစ်မနေ စစ်ဆေးသင့်ပါသည်။

"ကျနော် ဖြစ်ခဲ့စဉ်က ညာဘက်ရင်ဘတ်အောင့်ကာ စတင် ဖြစ်ခဲ့တာပါ၊ လည်ပင်း ကျီးပေါင်းကြောင့် ညာဘက် ရင်ဘတ်အောင့်တာ ထင်ပြီး ကျီးပေါင်း ကုရင်းနဲ့ အချိန်တွေ ကြာကာ နှလုံး Stent နှစ်ချောင်း ထည့်ရသည့် အဆင့်အထိ ရောက်သွားခဲ့တာပါ။”

နှလုံးအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နောက်ကျော အောင့်ခြင်းတို့ ဖြစ်လာလျှင် မဖြစ်မနေ ကျန်းမာရေး စစ်ဆေးမှု လုပ်ရတော့မည် ဖြစ်ပါသည်။

ခက်တာက ငွေရေးကြေးရေး။ ပုဂ္ဂလိက ဆေးရုံမှာ Stent ထည့်မည် ဆိုလျှင် အနည်းဆုံး သိန်း ၅၀ အထက် ကုန်မည့်အရေးကလည်း စိတ်ကို ဖိစီးပါသည်။

သည့်အတွက် စောင့်ကြည့်ရင်းနှင့် အခြေအနေဆိုးကာ Heart Attack ရမှ ဆေးရုံသို့ ရောက်လာတတ်ပါသည်။
သည်အခါ ဆရာဝန်များအနေနှင့် အသက်လုရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရပါသည်။ Stent ထည့်ပြီးမှ လေးငါးရက်အကြာ အသက်ဆုံးပါးရသည့် လူနာများလည်း ရှိပါသည်။ အများအားဖြင့် Heart Attack ရကာ ရောက်လာသော လူနာများသာ အသက်ဆုံးပါးရတာ များပါသည်။

သည့်အတွက် တတ်နိုင်သမျှ ငွေကြေးမနှမြောဘဲ ဖြည့်စွက်စာ ဆေးဝါးများ သောက်သင့်သည်ဟု ယူဆပါသည်။

Heart Attack ရခဲ့လျှင်
Heart Attack ရလျှင်D-Ribose ကို 5Grams လောက် တိုက်လိုက်လျှင် နာရီဝက် တစ်နာရီအထိ အသက်ဆက်နိုင်ကာ ဆေးရုံသို့ အသက်ကယ်ဖို့ အမှီ ရောက်သွားနိုင်ပါသည်။

သည်လောက်ဆိုလျှင်D-Ribose ၏ အစွမ်းကို သိလောက်ပါသည်။

ခွဲစိတ်ခန်းဝင်မည့် လူနာများ
“ခွဲစိတ်ခန်းဝင်မည့် လူနာများ နှစ်ပတ်ကြိုတင်၍ ဖြတ်ထားသင့်ကြောင်း” ဒေါက်တာဖြိုးမောင်မောင် ရေးသည်ကို မှတ်သားဖူးပါသည်။

D-Ribose သောက်တော့မည်ဆိုလျှင်
D-Ribose ကို ရေနှင့်ဖျော်၍ သောက်နိုင်ပါသည်။ ဖျော်ရည်များထဲထည့်ကာလည်း သောက်နိုင်ပါသည်။
စတင်သောက်လျှင်တော့ လ္ဘက်ရည်ဇွန်း တစ်ဝက် (2.5Grams) လောက်မှ စတင်သောက်သင့်ပါသည်။
များများ သောက်လျှင်တော့ 10-15Grams အထိ သောက်နိုင်ပြီး တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခွဲ၍ သောက်ရမည် ဖြစ်ပါသည်။

အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် သောက်သင့်သော ဆေးစွမ်းကောင်း ဖြစ်ပါသည်။ ယခုခေတ်မှာတော့ အစားသောက်များ၏ ဘေးဒုက္ခကြောင့်

အသက် ၄၅ ကျော်လာပြီဆိုလျှင် နှလုံးနှင့်တကွ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းလာရပြီ ဖြစ်ပါသည်။ သည့်အတွက် ဖြည့်စွက်စာများဖြင့် ကြိုတင်ကာကွယ်သင့်ပါသည်။

ထုတ်လုပ်သူမတူသောD-Ribose ဖြည့်စွက်စာဆေးများ

D-Ribose Power ကိုHealthy Origins မှ300Grams ဘူး အဖြစ် ထုတ်လုပ်ပါသည်။ ဈေးနှုန်းက 37,000Kyats ဝန်းကျင် ရှိပါသည်။

Life Extension က150Grams ဘူး အဖြစ် ထုတ်လုပ်ပြီး ဈေးနှုန်းက 27,000Kyats ဝန်းကျင် ရှိပါသည်။ မိမိနှစ်သက်ရာကို ဈေးနှုန်းချိန်ဆကာ သောက်နိုင်ပါသည်။

ကျွန်တော်ကတော့Health Origins တစ်နေ့2.5-5Grams အထိသာ သောက်ပါသည်။ ဆေးတစ်ဘူးကို တစ်လခွဲလောက် သောက်နိုင်သည့်အတွက် ငွေကြေးအရ တွက်ချက်လျှင် များသည်ဟု မဆိုနိုင်ပါ။

ပုံမှန် ဆေးရုံ၊ ဆေးခန်း သွားနေရသူများပင် သည်ဖြည့်စွက်စာဆေးများသောက်ပြီး အများကြီး သက်သာလာကာ ဆေးရုံ၊ ဆေးခန်းသို့ မသွားရတော့ဘဲ နေထိုင်ကောင်းမွန်လာသူအများကြီး ရှိနေပြီ ဖြစ်ပါသည်။

မပေါ့ဆပါနှင့်
“နှလုံးရောဂါလက္ခဏာများ ပြသလာပြီ ဆိုလျှင် ဖြည့်စွက်စာများသောက်၍ အိမ်တွင် နေပါ” ဟု မဆိုလိုပါ။
ဖြည့်စွက်စာများလည်း သောက်ပါ။ ဆေးရုံ၊ ဆေးခန်းများသို့လည်း အမြန်ဆုံးသွားရောက်ကာ ပြသပါ။ တတ်နိုင်လျှင် ပုဂ္ဂလိက ဆေးရုံများတွင် ပြပါ။ မတတ်နိုင်ပါက အစိုးရ ဆေးရုံများတွင် ပြပါ။

***နှလုံး သွေးကြောကျဉ်းတိုင်း Stent ထည့်ရမည် ဟု မစွဲပါနှင့်။ သက်ဆိုင်ရာ ဆရာဝန်များကသာ ဆုံးဖြတ်ပါလိမ့်မည်။***

နှလုံး ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေ။
အေးကိုကို
၂၀၂၀ နိုဝင်ဘာ ၂၂
စာရေးသူအား credit ပါရှင်.

သတိထားစရာပါ
27/06/2022

သတိထားစရာပါ

ဟိုက်ပိုလား...?...ဟိုက်ပါလား....?..ဟာရှီမိုတိုလား...?(Hypothyroidism/Hyperthyroidis/Hashimoto Thyroiditis)ဆရာမကြီးဒေါက်တ...
24/06/2022

ဟိုက်ပိုလား...?...ဟိုက်ပါလား....?..ဟာရှီမိုတိုလား...?
(Hypothyroidism/Hyperthyroidis/Hashimoto Thyroiditis)

ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းကမိတ်ဆွေများကိုစစ်ကြည့်ဖို့တိုက်တွန်းသည့်(၇)မျိုးကဘာလဲ...?...ဘယ်လိုစစ်ရမလဲ...?..ဘယ်လောက်ကုန်မလဲ...?...ဘယ်လိုဖတ်ရမလဲ...?...ဘာဆက်လုပ်ရမလဲ.....?

ကျွန်တော် မိတ်ဆွေများစွာကိုဖြည့်စွက်စာဖြင့်ကုသခြင်းနည်းစနစ်ဖြင့်အကြံပြုတဲ့အခါမှာယေဘူယျအားဖြင့်အခြေခံတွေပေးပီးD level မြှင့်ပေးကြည့်ပါတယ်.....သိသိသာသာမတိုးတက်သူများကိုဒီ၇မျိုးစစ်ကြည့်ရပါတယ်...ဒီ၇မျိုးအဖြေတွေကိုကြည့်ပီးဖြည့်စွက်စာကိုသေသေချာချာသောက်သည့်အခါကျန်းမာရေးတိုးတက်ကောင်းမွန်လာသူများစွာတွေ့ရပါတယ်.....သိုင်းရွိုက် ဂလင်းပြဿနာကြောင့်ခုခံအားတွေကစဥ့်ကလျားဖြစ်နေသူများစွာတွေ့ရပါတယ်....ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်း၏စာအုပ်အမှတ်(2)တွင်
အကျယ်တဝင့်ရေးသားထားပါတယ်....ဓမ္မဗျူဟာတွင်ဝယ်ယူဖတ်ရှု့ကြပါ...
ကျွန်တော် သတိပြုမိတာလေးကိုမိတ်ဆွေများလွယ်ကူစွာသိရှိနိူင်စေရန်မျှဝေပေးတာပါ....ဘာဖြစ်လို့လဲဆိုတော့ရောဂါဖြစ်သူအများစုသည်အမျိုးသမီးများဖြစ်ကြပီးရုံးအလုပ်လုပ်နေရသူများ၊မိဘတာဝန်၊ယောကျားတာဝန်၊သားသမီးတာဝန်၊အိမ်ရှင်မတာဝန်များ၊စီးပွားရှာနေရသူများဖြင့်အနားမရကြဘဲစာအုပ်မဖတ်နိူင်သူများစွာတွေ့ရပါတယ်....ကျမခန္ဓာကိုယ်မှာခံစားနေရတာကျမဘဲသိတယ်..မိသားစုကမြင်ယင်လူကောင်းလို့ဘဲထင်နေတာ....ကျမဖြစ်သလောက်မိသားစုမသိဘူး...ဆိုသူများစွာရှိပေသည်။

ဆရာမကြီးကတိုက်တွန်းသည့်မိတ်ဆွေများစစ်သင့်သည့် ၇မျိုး ကဘာလဲ...?

ခန္ဓာကိုယ် တွင်D3 level ဘယ်လောက်ရှိလဲသိရအောင်...
(1)Vitamin D( 25 OH)

Thyroidအခြေအနေသိရအောင်....
(2)free T3
(3)free T4
(4)TSH

Autoimmune/Hashimotoသိရအောင်......
(5)Anti TPO
(6)Anti TSHR
(7)Anti thyroglobulin
အဲ ၇မျိုးပါဘဲ.....

ဘာလို့စစ်သင့်ပါသလဲ...?
Antibodyတွေတက်နေတယ်ဆိုယင်Autoimmuneပြဿနာပါလက်တွဲနေဘီလေ...Autoimmuneဆိုတာခုခံအားတွေကစဥ့်ကလျားဖြစ်နေဘီဆိုတော့ရန်သူကိုဘယ်လိုထိထိရောက်ရောက်ချေမှုန်းနိုင်တော့မှာပါလဲ.....
အဖြေသိထားတော့အစောကြီးကြိုတင်ပီးဒီပြဿနာကိုဖြေရှင်းထားဖို့အခွင့်အရေးရလိုက်တာပါဘဲ။
ဆရာမကြီးရဲ့အကြံပြုချက်ပါ။

ဘယ်လိုစစ်ရမလဲ.....?
ကျွန်တော် ကတော့ ဂျင်မခါနာရှေ့က
နီနီဓာတ်ခွဲခန်းမှာဒီ၇မျိုးစစ်ချင်တယ်လို့ပြလိုက်တော့ဘောက်ချာဖြတ်၊သွေးဖောက်ရပါတယ်...နောက်နေ့မနက်အဖြေလွှာသွားယူရုံပါဘဲ...ဓာတ်ခွဲစက်ကအဲမှာရှိတာပါ....
မိမိတို့နဲ့နီးစပ်ရာဓာတ်ခွဲခန်းများတွင်လဲစစ်နိူင်ပါတယ်....

ဘယ်လောက်ကုန်သလဲ.....?
ကျွန်တော်...11လပိုင်း2021နေ့ကစစ်ထားတဲ့ကျသင့်ငွေဘောက်ချာပြထားပါတယ်..စျေးအနဲငယ်တက်ချင်တက်နိူင်ပါတယ်...

(1)Vitamin D.......30000ကျပ်

(2)free T3......10500ကျပ်

(3)free T4.....10500ကျပ်

(4)TSH....9500ကျပ်

(5)Anti TPO....20500ကျပ်

(6)Anti TSHR....33000ကျပ်

(7)Anti Thyroglobulin....28000ကျပ်
ကျွန်တော် ကဘာရောဂါမှမရှိပါ...ဘာမှလဲမဖြစ်ပါ...တတိယလှိုင်းတုန်းကHigh Doseသောက်ထားလို့စစ်တာပါ....

ဘယ်လိုဖတ်ရမလဲ.....?

(1)Vitamin D( 25 OH)

(a)nmol/l...
(b)ng/ml
ယူနစ်၂မျိုးနဲ့ဖော်ပြတတ်ကြပါတယ်.....
nmol/l....မှ...ng/mlသို့သိချင်ယင်ပြောင်းလိုပါက..0.4နှင့်မြှောက်ပါ......
ng/ml...မှ...nmol/l...သို့သိချင်ယင်ပြောင်းလိုပါက 2.5 နှင့်မြှောက်ပါ.......
အကောင်းဆုံးD3 Level ကတော့...70ng/ml (175nmol/l)....~....100ng/ml (250nmol/l)ဖြစ်ပါတယ်...D level လျော့နဲလေလေရောဂါဖြစ်ဖို့များလေလေပါ။

(2)free T3
Reference Range က (3.10~6.80)pmol/l
မိမိရဲ့Result ကအဲဒီကြားထဲရှိယင်ပုံမှန်ပါ...low/highပြသူလဲရှိပါတယ်...

(3)free T4
Reference Range က (12.00...~....22.00)pmol/l
မိမိရဲ့Resultကအဲဒီကြားထဲရှိယင်ပုံမှန်ပါ...low/high...ပြသူလဲရှိပါတယ်..

(4)TSH
Reference Range က (0.270....~....4.200uIU/ml
မိမိရဲ့Result ကအဲဒီကြားထဲမှာရှိယင်ပုံမှန်ပါ...low/highပြသူလဲရှိပါတယ်...

(5)Anti TPO
Reference Range က

22/06/2022

★ ဗီတာမင် K2
Vitamin k2 ဟာ အဓိကအားဖြင့် အသားမှ လာပါတယ် ၊၊ ကျန်းမာနေတဲ့ အူမှ ထုတ်လုပ်ပါတယ် ၊၊
K2 ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်လည်းဖြစ်ပါတယ် ၊၊
K2 နည်းနေလျှင် ကယ်စိယမ်ဟာ “ အရိုး ". နဲ့ “ သွား " ထဲကို ရောက်ဖို့ မဖြစ်နိုင်ပါ ၊၊
မရောက်နိုင်ရင် မလိုအပ်တဲ့ နေရာတွေမှာ ကယ်စိယမ်တွေ စုပုံတတ်ပါတယ် ၊၊
အရိုးမှာ ကယ်စိယမ်ဓာတ်တွေနည်းလာတာနဲ့အမျှ အရိုးပါးခြင်းလည်း ဖြစ်လာနိုင်ပါတယ် ၊၊ သွားတွေလည်းသန်စွမ်းမှုချို့တဲ့ လာမှာ ဖြစ်ပါတယ် ၊၊
ကျောက်ကပ်ကျောက်တည်ခြင်း ၊ သွေးကြောနံရံများမှာကပ်ခြင်းဖြင့် သွေးကြောတွေကိစ်လစ်လာစေတာကြောင့် သွေးတိုးရောဂါဖြစ်ခြင်းရဲ့ အကြောင်းတစ်ခုလည်းဖြစ်ပါတယ် ၊၊ နှလုံးအစို့တွေ့မှာ သွားပိတ်ပြန်ရင်လည်း ဒုက္ခဖြစ်တတ်ပြန်ပါတယ် ၊၊
ဗိတာမင် K2 ပါတဲ့ အစားအသောက်တွေကတော့
*အသည်း ၊ ကြက်ဥနှစ် ၊ အသား ၊ (k2 mk4 ) ၊၊
*ရှမ်းတို့ဖူးချဥ် ၊ ဂေါ်ဖီထုပ်ချဥ် ၊ ကင်ချိ ( k2 mk7 )
ဖြစ်ပါတယ် ၊၊

★ ဗီတာမင် D
အဓိကကတော့ နေရောင် အရေပြားမှာရှိတဲ့ -
Cholesterol ကို vitamin D အသွင်ပြောင်းပေးတာ ဖြစ်ပါတယ် ၊၊
အစားအသောက်အနေနဲ့ကတော့ အဆီများတဲ့ ငါးမှာ ပါပါတယ် ၊၊ နွားနိူ့ နဲ့ ထောပတ်မှာလည်းပါပါတယ်၊၊
ဟင်းသီးဟင်းရွက်တွင် မရှိပါ ၊၊ ဗီတာမင် D အကြောင်း အလွန်အရေးကြီးကြောင်း ပြောပြပြီးပြီမို့ ထပ်မပြောလိုတော့ပါ ၊၊

★ Zinc. ဇင့်
ဇင့်ဟာ ခန္ဓာကိုယ်အတွက် အလွန်အသုံးဝင်တဲ့ သတ္တုဓာတ် တစ်မျိုးဖြစ်ပါတယ် ၊၊
ရာပေါင်းများစွာသော ဓာတုဖြစ်စဥ်တွေအတွက် မရှိမဖြစ် သတ္တုဓာတ်ဖြစ်ပါတယ် ၊၊
အသား ၊ အထူးသဖြင့် ငါး ၊ ပုဇွန် ၊ ဂဏန်းစတဲ့ ရေသတ္တဝါတွေမှာ အများဆုံးပါပါတယ် ၊၊
အသည်းနဲ့အသားမှာလည်းပါပါတယ် ၊၊ ဟင်းသီးဟင်းရွက်တွေမှာ မပါသလောက်ပါပဲ ၊၊

ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်မျိုးစုံဟာ အသားတွေထဲမှာ ပါနေတာကို တွေ့ရပါတယ် ၊၊ အထူးသဖြင့် အသည်းဖြစ်ပါတယ် ၊၊
အခုလို ဗဟုသုတတွေ ရသွားပြီဆိုရင် မိမိတို့ ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးနည်းကို ရွေးချယ်ပြီး ကျန်းမာလာအောင် နေထိုင်စားသောက်လို့ ရပါတယ် ၊၊
ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်အသိဆုံးဖြစ်တာကြောင့် ကိုယ်နဲ့ သင့်တော်မဲ့နည်းကို စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ် ၊၊
ကျန်းမာချမ်းသာကြပါစေ

Dr. Daw Khin Nwe Win.
To A Better Health.

ဆေးအမျိုး ၃၇ မျိုးလုံးအတွက် Promotion ချပေးနေပါပြီ။ငွေဈေး ဆီဈေး နဲ့ သယ်ယူစားရိတ်တွေ များနေပေမယ့်လည်း ဈေးမတင်ထားတဲ့အပြင် ...
03/05/2022

ဆေးအမျိုး ၃၇ မျိုးလုံးအတွက် Promotion ချပေးနေပါပြီ။
ငွေဈေး ဆီဈေး နဲ့ သယ်ယူစားရိတ်တွေ များနေပေမယ့်လည်း ဈေးမတင်ထားတဲ့အပြင် 5% Off Promotion ထပ်ပေးသွားမှာဖြစ်လို့ ဝယ်ယူလိုသူများအတွက် အရမ်းတန်နေပြီနော်။ (3.5.22 မှ 10. 5.22 ထိ)

Shwe Nu Pyo - ရွှေနုပျို U.S.A Vitamins and Supplement Shop တွင် ဆေးများအား ပါကင်ဘူးလိုက်ဝယ်ယူနိုင်သလို ၁လ Package အနေနဲ့ အလုံးပြေများလဲ ဝယ်ယူနိုင်ပါတယ်။ ခြွင်းချက်အနေဖြင့် 5% Off Promotion တွင် အလုံးပြေဝယ်ယူခြင်းကတော့ မပါဝင်တာဖြစ်လို့ သည်းခံပေးကြပါနော်။

Supplement သို့ Vitamin တွေက တကယ် သောက်ဖို့လိုအပ်လို့လား? အပိုအလုပ်တွေများလား?

ဒီအဖြေအတွက်ကတော့ ရှင်းပါတယ်။
Stage 3 ခု နဲ့ပဲ တွက်ကြည့်ကြရအောင်

Stage 1 - ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်, အတွင်းအပြင် လက္ခဏာ အားလုံးအဆင်ပြေပြီး Supplement မလိုအပ်တဲ့ stage (ယေဘုယျ အသက် ၂၅ နှစ် နှင့် အစောပိုင်း အရွယ်)

Stage 2 - ကျန်းမာရေးကတော့ အပြင်ပိုင်းကကြည့်ရင် အဆင်ပြေတယ်၊ ဆေးစစ်ချက်တွေအရ ဟိုဓာတ်လို ဒီဓာတ်လို Stage (ယေဘူယျ အသက် ၂၅ နှစ် မှ လူလတ်ပိုင်း အရွယ်)

Stage 3 - ရောဂါလက္ခဏာတွေကပြလာပြီ၊ ဆေးကလည်း မသောက်မနေရ ၊ ဆေးရုံဆေးခန်းဆိုတာ မသွားချင်လဲ သွားနေရတဲ့ Stage (အသက် ၅၀ နှင့် အထက်)

ဒီ Stage ၃ ခုမှာ လူတွေအကုန်လုံးက နောက်ဆုံး Stage 3 ရောက်မှ မဖြစ်မနေသောက်ရမယ့် အချိန်ကျမှ ဆေးစသောက်တော့ ဆေးတွေက သောက်ရတာ များလိုက်တာ, လိုအပ်ချက်တွေက များလိုက်တာ စသဖြင့် ငြီးငြူလာကြတယ်။

မေး- ဒါဆို Stage 1, ဘာမှ မလိုတည်းက သောက်ရမှာလား?
ဖြေ-သာမာန် ကျန်းမာသော သူတစ်ယောက် အသက် ၂၅ နှစ် အရွယ်ထိက ခန္ဓာကိုယ်က လိုအပ်တဲ့ ဓာတ်ပမာဏလုံလောက်စွာ ထုတ်လုပ်ပေးနိုင်တဲ့အတွက် Supplement မသောက်လည်းရပါတယ်
ဒါပေမယ့် ၂၅ နှစ်နောက်ပိုင်း နဲ့ ၃၀ ကျော် နောက်ပိုင်း တို့မှာ တော့ လိုအပ်လာပြီ ဖြစ်တာမလို့ Yearly Medical Check up ယူပြီး ဖြည့်စွက်အာဟာရကို သောက်သုံးသင့်ပါတယ်။

လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတာမလို့ Supplement နဲ့ Vitamin လိုအပ်သူများအနေနဲ့ မှီဝဲသင့်သလို တန်ဆေးလွန်ဘေးဆိုတာ ရှိတာမလို့ မိမိသောက်မယ့် ဆေးအတွက် လိုအပ်သော လေ့လာမှု သို့ ဆရာဝန် ညွှန်ကြားချက်လိုအပ်ပါတယ်။
(ဥပမာ - Collagen သောက်ရင် အသားဖြူတယ်ဆိုတဲ့ အသိထက် Collagen သောက်ရင် အသားအရည် ကြည်မယ်, အရိုးအဆစ်ကြံ့ခိုင်မယ် ဆိုတဲ့ အသိမျိုးရှိဖို့ လေ့လာဖို့လိုအပ်ပါတယ်။)

Supplement နဲ့ Vitamin များကို စိတ်ဝင်စားပြီး လိုအပ်ပါက ရွှေနုပျို တွင် တိုက်ရိုက် ဝယ်ယူနိုင်သလို သိလိုတဲ့ အကြောင်းအရာများရှိပါကလည်း CB မှာ အသေးစိတ် လာရောက်မေးမြန်းနိုင်ပါတယ်။

ရွှေနုပျိုမှ ရရှိနိုင်သော ဆေးများမှာ-
1.Vitamin E (Kirkland) - 22,000 MMK
2.D3 1000iu (Puritan's Pride) (200 soft gels) - 18,000 MMK
3.D3 5000iu (Dr.Best) (720 soft gels) - 43,000 MMK
4.D3 5000iu (Dr.Best) (180 soft gels) - 16,000 MMK
5.D3 5000iu (Nature Bounty) (400 soft gels) - 35,000 MMK
6.D3+K2 (Brosnson) (120 capsules) - 30,000 MMK
7.Calcium+D3 (Kirkland) (500 tablets) - 29,000 MMK
8.B12 5000meg (Kirkland) (300 tablets) - 39,000 MMK
9.Fish Oil 1000mg (Kirkland) (400 soft gels) - 35,000 MMK
10.Melatonin 5mg (Natrol) (250 tables) - 27,000 MMK
11.Daily Multi (Kirkland) (500 tablets) - 42,000 MMK
12.Mature Multi (Kirkland) (400 tablets) - 38,000 MMK
13.Glucosamin MSM (Kirkland) (375 tablets) - 41,000 MMK
14.Calcium+ Magnesium + Zinc (Kirkland) (500 tablets) - 35,000 MMK
15.Probiotics 20 (Nature Bounty) (70 Capsules) - 45,000 MMK
16.Probiotics 50 billion (Broson) (60 Capsules) - 35,000 MMK
17.Centrum Silver Men 50+ (275 tablets) - 55,000 MMK
18.Centrum Silver Women 50+ (275 tablets) - 55,000 MMK
19.Centrrum Silver Adults 50+ (325 tablets) - 55,000 MMK
20.Zinc 50 mg (Now) (250 tablets) - 25,000 MMK
21.Zinc 50 mg (Nature Bounty) (400 Capsules) - 27,000 MMK
22.K2 45mcg MK-7 (Life Extension) (90 softgels) - 20,000 MMK
23.Joint Health (Kirkland) (110 tablets) - 44,000 MMK
24.Collengen 70g (Neocell) - 33,000 MMK
25.Collagen (youtheory) (390 tablets) - 44,000 MMK
26.Super C (Natrue Made) (200 tablets) - 40,000 MMK
27.Ginko Biloba (Turenature) (340 soft gels) - 36,000 MMK
28.Biotin (Natrol) (250 tablets) -26,000 MMK
29.Magnesium Malate (90 tablets) - 30,000 MMK
30.Magnesium Caps (Life Extension) (100 capsules) - 19,000 MMK
31.COQ10 (Qunol) 100mg (120 tablets) - 67,000 MMK
32.COQ10 (Healthy Origins) 100mg (150 tablets) - 45,000 MMK
33.COQ10 (Doctor's best) (360 tablets) - 76,000 MMK
34.EPA/DHA (Life Extension) (120 softgels) - 28,000 MMK
35. Metabolic Advantage (180 Capsules) - 37,000 MMK
36.D-Ribose (Life Extension) (100 tablets) - 35,000 MMK
37.Triple Action Thyriod (Life Extension) (60 Capsules) - 37,000 MMK တို့ဖြစ်ပါတယ်။

အခြား သိလိုသည်များနှင့် ပစ္စည်းမှာယူလိုပါက

Fb - Shwe Nu Pyo - ရွှေနုပျို ၏ Chat Box (သို့)
Ph - 095024016, 09790566370 (သို့)
Viber - +959790566370 တို့ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်။

ကျန်းမာခြင်းလာဘ်တစ်ပါးကို အမြဲရှေးရှုလျက်
ရွှေနုပျို မိသားစု

Copy ပါ။အမှန်တရားလေးမို့ကော်ပီလေးယူလာပေးတာပါ.မြန်မာပြည်ရဲ့လက်ရှိအမှန်တရား••••••••••••••••••••••••••••••••••••• #ငါတို့.....
01/05/2022

Copy ပါ။
အမှန်တရားလေးမို့ကော်ပီလေးယူလာပေးတာပါ.

မြန်မာပြည်ရဲ့လက်ရှိအမှန်တရား
•••••••••••••••••••••••••••••••••••••
#ငါတို့..သိန်းတစ်ထောင်လောက်ကုန်ခံပြီး အိမ်ဆောက်တယ် >> ဒါကပုံမှန်ကိစ္စလေးပါဘဲ

#ငါတို့သိန်းတစ်ရာလောက်ကုန်ခံပြီး ကားတွေဝယ်ကြတယ် ဒါလေးပုံမှန်ကိစ္စလေးပါဘဲ

#ငါတို့ သိန်း 20 လောက်ကုန်ခံပြီး ဖုန်းဝယ်တာလဲ ပုံမှန်လေးပါဘဲ

#ငါတို့ သိန်းချီလောက်ကုန်ခံပြီး အဝတ်အစားတွေဝယ်ရင်လဲ ပုံမှန်ကိစ္စဖြစ်နေတုန်းပါ

#ပိုက်ဆံဘယ်လောက်ထိကုန်သွားခဲ့တာလဲ အစားအသောက်အပျော်အပါးတွေနဲ့ အရက် ဘီယာ ဆေးလိပ် ထီ အလောင်းကစားတွေနဲ့ ဒါတွေအားလုံးက ပုံမှန်ကိစ္စလေးပါ .................

ဒါပယ်မဲ့ ထူးဆန်းဒါကတော့
#အကယ်လို့သာကိုယ့်ကျန်းမာရေးအတွက် သိန်းချီလောက်ကုန်ရမယ်ဆိုရင်
#ဘာကြောင့် စျေးများလိုက်တာ?
ငွေကုန်တာ?
နောက်မှလဲရတယ်?
အချိန်မတန်သေးဘူး ?
လို့ပြောကြတာလဲ

မြန်မာပြည်ရဲ့လက်ရှိအမှန်တရားတွေထဲကတခု
အစားအသောက်အဝတ်အထည် အသုံးအဆောင် အလှအပ တွေအတွက် ငွေကို ရေလိုသုံးနေကြပေမယ် ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်သောက်ရမယ်ဆေး ရောဂါ အတွက်သောက်ရမယ်ဆေးတွေ အတွက်သုံးရမယ်ငွေကြွေးကို မသုံးချင်ကြဖူး (50ကျပ် ၁၀၀ကျပ်ကအစ အပိုကုန်တယ်ထင်နေတတ်တဲ့အစွဲ)
စျေးပေါတာ စျေးသက်သာတာ ရွေးဝယ်သုံးစွဲနေကြ ဆေးပတ်လည်အောင်ဝယ်မသောက်ကြဘူး

#ယုံကြလားမသိပါဘူး
အသုဘသွားတဲ့ချိန်
သူများတွေက ဘာကြောင့်သေတာလဲလို့ဘဲ မေးကြတာပါ
ဘာနဲ့သယ်သွားပြီး မီးရှို့တာလဲ?
အခေါင်းစျေး ဘယ်လောက်လဲ?
လူသေ ဘာ BRAND အင်္ကျီ ဝတ်တာလဲ ?
ဖုန်း ဘယ်လောက်တန် သုံးတာလဲ ?
လို့ ဘယ်တော့မှ မမေးပါဘူး

#အရာအားလုံးကိုနိဂုံးချုပ်လိုက်ရင် ငါတို့ရဲ့တန်ဖိုးက ကား အိမ် ဖုန်း အဝတ်အစား တို့ထက်တန်ဖိုးနည်းတာလား? ဒါမှမဟုတ် "ကျန်းမာရေး" က ပိုပြီး အရာရာအားလုံးထက်အရေးကြီးတာလား???

#ဘယ်လိုထင်ကြလဲနော် #နောက်ဆုံး (STEVE JOBS) ရဲ့စကားတစ်ခွန်း
"ပိုက်ဆံက အရာရာအားလုံးနီးပါးကို ဝယ်နိုင်ပေမဲ့
ကိုယ့်ရဲ့ ကျန်းမာရေးကိုတော့ မဝယ်နိုင်ပါ ကိုယ့်ကျန်းမာရေးကို သိပ်ပြီး ဂရုမစိုက်ဘူးလို့ ဘယ်ချိန်မှာ သိကြတတ်လဲဆိုတာ နောက်ကျသွားတဲ့ အချိန်မှာပါဘဲ

#ကိုယ့်ကျန်းမာရေးကိုလဲဂရုစိုက်ဖို့မမေ့ကြပါနဲ့
#ကိုယ်ကိုယ်ကိုလဲတန်ဖိုးထားပါ

AUNG ZAW MYINT

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ။ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ မေးကြသူတွေအတွက် ၂၀၂၀ ၊ ဇွန်လအထိ မှ...
29/04/2022

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ။

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ မေးကြသူတွေအတွက် ၂၀၂၀ ၊ ဇွန်လအထိ မှတ်သားမိသမျှ ရေးပါတယ်။

1. ဗိုက်တာမင် D3 ကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။
2. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို တစ်လုံးတည်းသောက်တဲ့အခါ ညဘက်သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
3. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၂ လုံးသောက်ရမည်ဆိုလျှင် မနက် နှင့် ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
4. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၃ လုံးသောက်ဖို့လိုလျှင် မနက်၊ နေ့လည်၊ ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
5. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၄ လုံးသောက်ရမည်ဆိုလျှင် မနက် ၂ လုံး နှင့် ည ၂ လုံးသောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
6. ဇင့် ( Zinc ) ကို 30 mg ကနေ 50 mg ထိ ညစာစားပြီးသောက်နိုင်ပါတယ်။ ဇင့်သောက်တဲ့အခါ တစ်ချို့လူများမှာ ပျို့အန်ချင်စိတ်ပေါ်လာတတ်ပါတယ်။
7. ဆယ်လီနီယမ်ကို တစ်ချို့က အစာမစားမီသောက်တဲ့အခါ အဆင်မပြေတတ်ပါ။ အစာမစားမီသောက်လို့ အဆင်မပြေတဲ့အခါ အစာစားပြီးသောက်ပါ။
8. ဗိုက်တာမင် K2 ဖြည့်စွက်စာများကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။
9. ပရိုဘိုင်အိုတစ်ကို အစာစားပြီးသောက်နိုင်ပါတယ်။ တစ်ချို့က အစာစားပြီးသောက်တဲ့အခါ လေပွတတ်ပါတယ်။ ပရိုဘိုင်အိုတစ် အစာစားပြီးသောက်တဲ့အခါ လေပွတတ်သူတွေအတွက် အစာမစားမီ မိနစ် ၃၀ ကြိုပြီး သောက်လို့ရပါတယ်။
10. Ox bile & digestive enzymes ဖြည့်စွက်စာကို အစာမစားမီ ၁၅ မိနစ် ကြိုသောက်ပါ။
11. Betaine HCl ကို အစာစားပြီး ၁၅ မိနစ်အတွင်းသောက်သင့်ပါတယ်။
12. Betaine HCl , Ox bile & digestive enzymes ပေါင်းထားတဲ့ ဖြည့်စွက်စာကို အစာစားပြီးမှသောက်ပါ။
13. Cold pressed virgin coconut oil ကို အစာစားပြီး သောက်ကြပါတယ်။ ဝမ်းသွားဖို့ သောက်ချင်သူတွေက မနက်စစောစောစီးစီး အစာမစားမီသောက်ကြပါတယ်။ မနက်စစောစောစီးစီး အစားမစားမီသောက်တဲ့အခါ ဗိုက်နာတတ်ပါတယ်။
14. MCT oil ကို ထမင်းစားပြီး 2 နာရီကျော်မှသောက်ပါ။
15. ဆီကို နနွင်းထည့်သောက်တဲ့အခါ အစာစားပြီးမှသောက်ပါ။
16. N acetyl cystiene ( NAC ) , L carnitine & L glutamine တွေ ကို အစာမစားခင် 2 နာရီ၊ အစာစားပြီး 2 နာရီကျော်မှ သောက်ပါ။
17. Melatonin , GABA & L theanine တွေကို တွေ ကို ညစာစားပြီး ၂ နာရီကျော်မှ သောက်ပါ။ ညအိပ်ချိန်မရောက်ခင် ၁ နာရီကြိုသောက်သင့်ပါတယ်။
18. Vitamin C နှင့် ငါးကြီးဆီကို အစာစားပြီးမှသောက်ပါ။ ငါးကြီးဆီးကို ညစာ နှင့် သောက်တဲ့ အချို့လူတွေမှာ အိပ်မပျော်ဖြစ်တတ်ပါတယ်။
19. ဗိုက်တာမင် B များ ( B1, niacin, B5, B2, B6, B12, folate ) ကို အစာနှင့်အတူ သောက်ပါ။ တသ်ချို့လူတွေ သောက်လို့မရပါ။
20. CoQ 10 ကို မနက်စာစားပြီးသောက်တာပိုအဆင်ပြေပါတယ်။ ကျောက်ကပ်အစားထိုးထားသူတွေကို CoQ10 (30 mg ) ကို တစ်နေ့ သုံးကြိမ်သောက်ခိုင်းပါတယ်။
21. R lipolic acid ကို အစာစားပြီး ၁ နာရီကျော်မှ သောက်သင့်ပါတယ်။
22. D ribose တွေကို အစာစားပြီးမှ သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်၊ သံပုရာရည် ၊ အသီးဖော်ရည်များထဲ ထည့်သောက်နိုင်ပါတယ်။
23. Cod liver oil မှာ omega 3 အပြင် ဗိုက်တာမင် D နှင့် A အနည်းငယ်ပါဝင်ပါတယ်။ အစားစာပြီးမှသောက်ပါ။ နနွင်းနဲ့လည်း တွဲသောက်လို့ရပါတယ်။
24. Milk thistle ကို အစာစားပြီးသောက်ပါ။ Selenium နှင့် ဗိုက်တာမင် B တွေနဲ့ တွဲသောက်နိုင်ပါတယ်။

Brand name နှင့် ဖြည့်စွက်စာတွေအတွက်

1. Jarrow က ထုတ်တဲ့ collagen type -1 ကို အစားမစားမီ ၁ နာရီမှာ ၆ လုံးသောက်ရပါတယ်။ ကျွန်တော်ကတော့ မနက်စာ မစားမီ ၃ လုံး နေ့လည်စားမစားမီ ၃ လုံး ခွဲသောက်ပါတယ်။
2. CanPrev တံဆိပ်နဲ့ antioxidant network supplements ကို ကျွန်တော်သောက်တုန်းက တစ်ရက် နှစ်လုံးသောက်ပါတယ်။ အစာစားပြီးသောက်ရတာပါ။ နောက်ပိုင်း CanPrev antioxidant network supplement အစား Jarrow က ထုတ်တဲ့ S acetyl L glutathione ကို ပြောင်းသောက်ပါတယ်။
3. Jarrow က ထုတ်တဲ့ S acetyl L glutathione မှာ glutathione 100 mg ပါဝင်ပါတယ်။ Glutathione 100 mg ဆိုတော့ ပမာဏနည်းပါတယ်။ နေ့စဉ်အဆိပ်ထုတ်လုပ်ငန်းကို ဆိုးကျိုးမရှိစေဘဲ လုပ်ဆောင်နိုင်အောင် glutathione 100 mg လောက်ကိုသာ ထည့်ထားတယ်လို့ပြောပါတယ်။ ကျွန်တော်က မနက်စာစားပြီးသောက်ပါတယ်။
4. Allergy Research Group ကထုတ်တဲ့ 200 mg of zen ကိုတော့ ညအိပ်ယာမဝင်ခင် တစ်နာရီမှာ ၁ လုံး သို့မဟုတ် ၂ လုံးသောက်ပါ။
5. Allergy Research Group ကထုတ်တဲ့ Thyroid glandular supplement ကို မနက်စာစားပြီးသောက်ပါ။ ကျွန်တော်ကိုယ်တိုင်သောက်နေတာပါ။
6. D ribose အနေနဲ့ ကျွန်တော်အသုံးပြုနေတာ PowerfulHealth တံဆိပ်ပါ။ စျေးသက်သာတာကြောင့်သုံးတာတော့ မဟုတ်ပါ။ အနံ၊ အရသာမပါဝင်လို့ လိုသလို သုံးလို့ရတာပါ။ အခြားဓာတုပစ္စည်းမပါတာကြောင့် ခဲတတ်သော သဘောရှိပါတယ်။ မနက် ကော်ဖီသောက်တိုင်း ထမင်းစားဇွန်းနဲ့ကို ထည့်သောက်တာပါ။
7. Bio Tech တံဆိပ် D3 plus မှာ ဗိုက်တာမင် D3 အပြင် D3 ရဲ့ cofactors တွေပါပါတယ်။Serving size က နှစ်လုံးပါ။ D 3 (5000 iu) ပြည့်ဖို့ ၂ လုံးသောက်ရပါမည်။ သာမန်လူတွေအတွက်ပြသနာမရှိပါ။ ကျောက်ကပ်လုပ်ဆောင်မှု လွန်စွာနည်းသူ နှင့် ဇင့်သောက်ပြီး အန်ချင်သူတွေနဲ့ မတည့်ပါ။
8. Garlum တံဆိပ်နဲ့ ကြက်သွန်ဖြူဆေးကို ကျွန်တော်အမြဲသောက်ပါတယ်။ အန္တရာယ်ပြုမည့် အဆီပိုတွေလျော့ချပေးဖို့ ရည်ရွယ်ပါတယ်။ အစာစားပြီး နာရီဝက်လောက်ငုံပြီး ဝါးစားပါတယ်။ အရသာမကောင်းပါ။
9. Allmeric တံဆိပ်နဲ့ နနွင်းဆေးကို ငုံလို့ရပါတယ်။ ဝက်ခြံ၊ သွားကိုက်ခြင်းအတွက် ကောင်းပါတယ်။
10. Jarrow Magnesium optimizer ကို မနက်စာစားပြီး 1 ကြိမ် & ညစာစားပြီး 1 ကြိမ်သောက်ပါ။

ဒေါက်တာ ဖြိုးမောင်မောင် ( Dr.PHYO MAUNG )

Address

No 886 (A) , Thumana 4th Street , 16/4 Ward , Thingungyun Township
Yangon
11071

Opening Hours

Monday 06:00 - 00:00
Tuesday 06:00 - 00:00
Wednesday 06:00 - 00:00
Thursday 06:00 - 00:00
Friday 06:00 - 00:00
Saturday 06:00 - 00:00
Sunday 06:00 - 00:00

Telephone

+9595024016

Website

Alerts

Be the first to know and let us send you an email when Shwe Nu Pyo - ရွှေနုပျို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram