Nawaratt Medical Supply - နဝရတ် ဆေးဖြန့်ချိရေး

  • Home
  • Myanmar
  • Yangon
  • Nawaratt Medical Supply - နဝရတ် ဆေးဖြန့်ချိရေး

Nawaratt Medical Supply - နဝရတ် ဆေးဖြန့်ချိရေး လိုအပ်သောဆေးဝါးများအား လက်ကားသီးသန့်
စျေးနှုန်းချိုသာစွာဖြင့်စုံစမ်းဝယ်ယူနိုင်ပါသည်။
(1)

✔️လူတစ်ယောက် ဘယ်လိုပတ်ဝန်းကျင်၊ ဘယ်လိုမိသားစုမှာ မွေးဖွားလာတယ်ဆိုတာကို သူကိုယ်တိုင် ရွေးချယ်နိုင်ခွင့်မရှိပါဘူး 🚫✔️အချို...
15/09/2025

✔️လူတစ်ယောက် ဘယ်လိုပတ်ဝန်းကျင်၊ ဘယ်လိုမိသားစုမှာ မွေးဖွားလာတယ်ဆိုတာကို သူကိုယ်တိုင် ရွေးချယ်နိုင်ခွင့်မရှိပါဘူး 🚫

✔️အချို့က ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ မွေးဖွားလာသလို အချို့ကတော့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ ပေါက်ဖွားလာကြပါတယ် 👶

✔️ဒါဟာ ကိုယ့်ရဲ့ကံကြမ္မာလို့ ပြောနိုင်ပေမယ့်၊ ဒီအခြေအနေကို ဘယ်လိုပုံသွင်းယူမလဲဆိုတာကတော့ ကိုယ့်လက်ထဲမှာပဲ ရှိပါတယ် 💪

✔️ ဒါကြောင့် အခက်အခဲတွေကို ရင်ဆိုင်ပြီး ဆက်လက်ကြိုးစားနေဖို့ အရေးကြီးဆုံးပါပဲ 💯



Q : ​G6PD က ဘယ်အရွယ်မှာ ပျောက်တာလဲ ❓ 🤔✅ ​G6PD ချို့တဲ့ရောဂါဟာ မျိုးရိုးလိုက်တဲ့ မျိုးဗီဇဆိုင်ရာ ရောဂါဖြစ်တာကြောင့် မပျော...
12/09/2025

Q : ​G6PD က ဘယ်အရွယ်မှာ ပျောက်တာလဲ ❓ 🤔

✅ ​G6PD ချို့တဲ့ရောဂါဟာ မျိုးရိုးလိုက်တဲ့ မျိုးဗီဇဆိုင်ရာ ရောဂါဖြစ်တာကြောင့် မပျောက်နိုင်ပါဘူး။ဒါဟာ ခန္ဓာကိုယ်ထဲမှာ G6PD လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ချို့တဲ့နေတာ ဖြစ်ပါတယ်။ ဒီအင်ဇိုင်းက သွေးနီဥတွေကို ကျန်းမာနေအောင် ကူညီပေးပါတယ်🩸

Q : ​အခုခေတ်မှ ရှိတာလား ၁၉၉၀ ခုနှစ်တွေမှာ မရှိဘူးလား ❓⏳

✅ ​G6PD ချို့တဲ့ရောဂါဟာ အခုမှ ပေါ်လာတဲ့ ရောဂါမဟုတ်ပါဘူး။ ဒါဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေတဲ့ မျိုးရိုးလိုက်ရောဂါတစ်ခုပါ။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာရော၊ အဲဒီ့မတိုင်ခင်ကရော ဒီရောဂါ ရှိခဲ့ပါတယ်။ သိပ္ပံနဲ့ ဆေးပညာ တိုးတက်လာတဲ့အတွက် အခုခေတ်မှာ ဒီရောဂါကို စစ်ဆေးတာ၊ ရှာဖွေတွေ့ရှိတာတွေ ပိုမိုလွယ်ကူလာတာပဲ ရှိပါတယ် 🔎

Q : ​ရိုးရိုးမွေးတဲ့ကလေးတွေ G6PD ရှိမရှိ မသိဘဲ နေလိုက်ရင် အသက်အန္တရာယ်ရှိနိုင်လား ❓⚠️

✅ ​G6PD ချို့တဲ့ရောဂါရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ ရောဂါရှိမှန်းမသိဘဲ နေထိုင်သွားနိုင်ပါတယ်။ ဒါပေမဲ့ အောက်ပါအခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ် 👇

🚨 G6PD ချို့တဲ့ရောဂါ လက္ခဏာများ 🚨

🔎 အသားဝါခြင်း (Jaundice) - အရေပြား၊ မျက်လုံးနဲ့ ခံတွင်းပျော့အာခေါင် (soft palate) တွေဟာ ဝါလာပါတယ်

🔎 ဖြူဖတ်ဖြူရော်ဖြစ်ခြင်း (Pallor) - သွေးအားနည်းတာကြောင့် အရေပြား၊ လက်သည်းခွံတွေနဲ့ မျက်ခွံအတွင်းပိုင်းတွေဟာ ဖြူဖတ်ဖြူရော် ဖြစ်နေတတ်ပါတယ်

🔎 ဆီးအရောင် ရင့်လာခြင်း - သွေးနီဥတွေ ပျက်စီးတဲ့အခါ ဆီးအရောင်ဟာ အညိုရောင်၊ နီညိုရောင် ဒါမှမဟုတ် လိမ္မော်ရောင် ရင့်ရင့် ဖြစ်နေနိုင်ပါတယ်

🔎 အားနည်းခြင်းနှင့် မောပန်းလွယ်ခြင်း-သွေးအားနည်းတာကြောင့် အားမရှိသလို ခံစားရပြီး ပုံမှန်ထက် ပိုမောပန်းနေတတ်ပါတယ်

🔎 အသက်ရှူမြန်ခြင်းနှင့် ရင်တုန်ခြင်း - ခန္ဓာကိုယ်ထဲက သွေးအားနည်းတဲ့အခါ အောက်ဆီဂျင် လုံလောက်စွာ မရတာကြောင့် အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်း မြန်လာတတ်ပါတယ်

🔎 ခေါင်းမူးခြင်းနှင့် ခေါင်းကိုက်ခြင်း - အောက်ဆီဂျင် မလုံလောက်မှုကြောင့် ခေါင်းမူးတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်

🔎 ဖျားခြင်း - ရောဂါပိုးဝင်တာ ဒါမှမဟုတ် တခြားအကြောင်းအရင်းတွေကြောင့် သွေးနီဥတွေ ပျက်စီးတဲ့အခါ ဖျားတာမျိုးလည်း ဖြစ်နိုင်ပါတယ်

✅​ဒီရောဂါကို ကြိုတင်သိထားရင် ရှောင်သင့်တဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို ရှောင်ရှားနိုင်ပြီး အသက်အန္တရာယ်ကို ကာကွယ်နိုင်ပါတယ် 💯

👶 မွေးကင်းစကလေးငယ်တွေမှာတော့ G6PD ချို့တဲ့ရင် အပေါ်က လက္ခဏာတွေအပြင် အဓိကအားဖြင့် ပြင်းထန်တဲ့ အသားဝါရောဂါနဲ့ နို့စို့ချင်စိတ်မရှိဘဲ တက်ကြွမှုမရှိတာ စတဲ့လက္ခဏာတွေ တွေ့ရနိုင်ပါတယ် 🚨

ဒါကြောင့် မွေးစကလေးတွေကို G6PD ရှိမရှိ စစ်ဆေးလေ့ရှိပါတယ် 🔎

✅ G6PD ချို့တဲ့ရောဂါကို သိရှိနိုင်ဖို့ အတိကျဆုံးနဲ့ အသုံးအများဆုံးနည်းလမ်းကတော့ သွေးစစ်ဆေးခြင်းပဲ ဖြစ်ပါတယ် ။ ဒီသွေးစစ်နည်းကို "G6PD Screen" ဒါမှမဟုတ် "G6PD Assay" လို့လည်း ခေါ်ပါတယ်။ ကလေးရဲ့ သွေးနမူနာ အနည်းငယ်ယူပြီး G6PD အင်ဇိုင်းပမာဏ လုံလောက်မှုရှိမရှိကို စစ်ဆေးတာပါ။ ဒီစစ်ဆေးမှုဟာ အလွန်တိကျပြီး ရလဒ်လည်း မြန်ဆန်ပါတယ်။ မွေးစကလေးငယ်တွေမှာတောင် ဒီစစ်ဆေးမှုကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။




G6PD (glucose-6-phosphatedehydrogenase)💡💊ဆေးဆိုင်တွေမှာ တစ်ခါတစ်လေ G6PD ရှိလို့ G6PDနဲ့တည့်တဲ့ဆေးလေးပေးပါဆိုပီးလာဝယ်တတ်က...
11/09/2025

G6PD (glucose-6-phosphatedehydrogenase)💡

💊ဆေးဆိုင်တွေမှာ တစ်ခါတစ်လေ G6PD ရှိလို့ G6PDနဲ့တည့်တဲ့ဆေးလေးပေးပါဆိုပီးလာဝယ်တတ်ကြပါတယ် 🤔

အဲ့တာကြောင့်
G6PD(Glucose-6-PhosphateDehydrogenase) ချို့တဲ့သူတွေတွေ ရှောင်ရမဲ့ ဆေးဝါးများကို ဗဟုသုတအနေနဲ့တင်ပေးလိုက်ပါတယ် 📚💡

🔎G6PD ဆိုတာက လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အင်ဇိုင်း တစ်မျိုးဖြစ်ပါတယ်။ ဒီအင်ဇိုင်းရဲ့ အဓိကလုပ်ငန်းက သွေးနီဥ တွေကို ပုံမှန်အခြေအနေမှာ ထိန်းသိမ်းပေးပြီး၊ မလိုလားအပ်တဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် သွေးနီဥတွေ ပျက်စီးမသွားအောင် ကာကွယ်ပေးဖို့ပါ
G6PD ချို့တဲ့ခြင်း (G6PD deficiency) ဆိုတာကတော့ ဒီအင်ဇိုင်း ပမာဏ မလုံလောက်တာ ဒါမှမဟုတ် အလုပ်မလုပ်နိုင်တာကို ဆိုလိုပါတယ် ✅

G6PD ချို့တဲ့သူတွေ ရှောင်သင့်တဲ့ ဆေးအမျိုးအစားတွေကတော့ 👇

💊 Sulfonamides (ဆာလဖိုနမိုက်ဆေးများ)
ဥပမာ - sulfamethoxazole, sulfadiazine စတဲ့ ပဋိဇီဝဆေးများ။

💊 Antimalarials (ငှက်ဖျားဆေးများ)
ဥပမာ - primaquine, chloroquine, quinacrine စတာတွေ

💊Non-Steroidal Anti-Inflammatory Drugs (NSAIDs)
ဥပမာ - aspirin (အက်စ်ပရင်) ဆေးကို အလွန်အကျွံ သုံးစွဲရင် သွေးအားနည်းစေနိုင်ပါတယ်။

💊Certain Antibiotics (အချို့ပဋိဇီဝဆေးများ) ဥပမာ - nitrofurantoin, dapsone စတာတွေပဲဖြစ်ပါတယ်။

💊Other Drugs (အခြားဆေးများ)
ဥပမာ - naphthalene (ပိုးသတ်ဆေး), methylene blue စတာတွေလည်း ပါဝင်ပါတယ်။

G6PD ချို့တဲ့သူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အခြေအနေပေါ်မူတည်ပြီး ဆေးရဲ့သက်ရောက်မှုက ကွာခြားနိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်တော့မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ် 🧑‍⚕️

⚠️အထက်ဖော်ပြပါ ဆေးအမည်တွေက နမူနာတွေပဲ ဖြစ်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဆေးဝါးတွေကို မိမိသဘောနဲ့ သောက်သုံးတာမျိုး မလုပ်သင့်ပါဘူး ❌

G6PD ချို့တဲ့သူတွေ ရှောင်သင့်တဲ့ အစားအစာနဲ့အရာဝတ္ထုတွေကတော့ 🚫
​ပဲကြီး 🫘
ပဲတီစိမ်း 🟢
ကြက်ဟင်းခါးသီး 🥒
အချဉ်လွန်ကဲသာအစားအစာ 🍋
Blueberry သီး 🫐
Menthol ပါသောအစားအစာ 🧊
ပရုပ်လုံး ⚪
ဆံပင်ဆိုးဆေး 💇‍♀️
ဆေးခြယ်တဲ့ပစ္စည်းများ 🎨
ရေပူစမ်း ♨️ စတာတွေပဲဖြစ်ပါတယ်
​ဒီထဲမှာမပါတဲ့ တခြားအရာတွေရှိရင်လဲဗဟုသုတရအောင် cmt မှာဖြေပေးခဲ့ပါဦးနော် 👇




ဆရာဝန်တွေ ဆေးစာမှာရေးပေးနေတဲ့ 📝👉 OD , BD , TID , QID , HS , CM , AC , PC 👈ဆိုတာဘာလဲ ❓မသိသေးဘူးဆိုရင်တော့ အောက်မှာဆက်ကြည့...
10/09/2025

ဆရာဝန်တွေ ဆေးစာမှာရေးပေးနေတဲ့ 📝
👉 OD , BD , TID , QID , HS , CM , AC , PC 👈
ဆိုတာဘာလဲ ❓

မသိသေးဘူးဆိုရင်တော့ အောက်မှာဆက်ကြည့်လိုက်ဦးနော် 👇🏻

📌 OD - once a day ( တစ်နေ့တစ်ကြိမ် )

📌 BD - Twice a day ( တစ်နေ့နှစ်ကြိမ် )

📌 Tds or TID - Tree times a day ( တစ်နေ့သုံးကြိမ် )

📌 QID - Four times a day ( တစ်နေ့လေးကြိမ် )

📌 HS - at night ( ညဘက်သောက်ရန် )

📌 CM - next morning ( နောက်နေ့မနက် )

📌 AC - before meal ( အစာမစားခင် )

📌 PC - after meal ( အစာစားပီး )

📌 PRN - as required ( လိုအပ်မှသောက်ပါ )စတာတွေပဲဖြစ်ပါတယ် ✅

ဆေးဆိုင်ဖွင့်ဖို့စီစဉ်ထားတယ်ဆိုရင်တော့ ဒါလေးတွေကမဖြစ်မနေသိထားသင့်တဲ့ထဲပါပါတယ်နော် 💯




မနေ့ညက seminar ပွဲလေးကို join ပေးကြတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ 🤝ကျွန်တော့်ရဲ့ အတွေ့အကြုံတွ...
08/09/2025

မနေ့ညက seminar ပွဲလေးကို join ပေးကြတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ 🤝
ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို sharing လုပ်ခွင့်ရပီး အကြံဉာဏ်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ် 🤗

အပြန်အလှန် ဆွေးနွေးပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ကျွန်တော့်အတွက် တန်ဖိုးရှိတဲ့အချိန်လေးဖြစ်ခဲ့ပါတယ် 🤝

မိတ်‌ဆွေတွေအနေနဲ့လည်း ဘာတွေသိရှိသွားတယ် ဘာတွေအကျိုးရှိသွားတယ်ဆိုတာ cmt မှာပြောပြပေးသွားပါဦးနော် 🤗



Sunday 7 ရက်နေ့ ည 7 နာရီမှာပြုလုပ်မဲ့ Free seminar ပွဲလေးကို join ဖို့မမေ့ကြနဲ့ဦးနော် 🙆🔔ဒီ seminar လေးမှာ.... 💯အောင်မြင်...
05/09/2025

Sunday 7 ရက်နေ့ ည 7 နာရီမှာပြုလုပ်မဲ့ Free seminar ပွဲလေးကို join ဖို့မမေ့ကြနဲ့ဦးနော် 🙆🔔

ဒီ seminar လေးမှာ....

💯အောင်မြင်တဲ့ ဆေးဆိုင်တစ်ဆိုင်ဖြစ်အောင် ဘာတွေလုပ်ရမလဲ? ဆိုတာကိုသိရှိသွားမှာဖြစ်ပီးတော့

✅ အခုမှဆေးဆိုင်စဖွင့်မဲ့ မိတ်ဆွေအတွက် မဖြစ်မနေသိထားသင့်တဲ့အချက်တွေ 💯
✅ ဆေးဆိုင်တစ်ဆိုင်စဖွင့်မယ်ဆိုရင် ငွေဘယ်လောက်သုံးရမလဲဆိုတဲ့မေးခွန်းတွေ 💸
✅ မမျှော်လင့်ပဲကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေ 🛑
✅ အောင်မြင်တဲ့ဆေးဆိုင်တစ်ဆိုင်ဖြစ်ဖို့ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့အချက်တွေ 📝
✅ ဈေးကွက်မှန်ကန်စွာ ရွေးချယ်ပုံ 📢
✅ ပြိုင်ဘက်ကင်းတဲ့ စီးပွားရေးနည်းလမ်းများ 📝
✅ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးစီမံခန့်ခွဲပုံ 💸
✅ တွဲဖက်ကုန်ပစ္စည်းများနဲ့ ဝင်ငွေတိုးမြှင့်ခြင်း 🤝
✅ ခေတ်နဲ့အညီDigitalPresenceတည်ဆောက်ခြင်း👨‍💻
✅ Teamwork ကောင်းတစ်ခု တည်ဆောက်ခြင်း🤝

စတဲ့ အချက်အလက်တွေနဲ့အတူ
ခေတ်ကာလအခြေအနေနဲ့အညီ လက်တွေ့ကျကျ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ် 🤗

🤔သိချင်တာများကို တိုက်ရိုက်မေးမြန်းနိုင်မယ့်
အစီအစဉ်လည်းပါဝင်တာကြောင့် လုံးဝလက်လွှတ်မခံသင့်ဘူးနော် 💯

ရက်စွဲနဲ့အချိန် 🕖
7/9/2025 (2025 September,Sunday)
ည ၇နာရီမှ ၉နာရီအထိ (7pm-9pm)

✅ Free register here 👇
https://docs.google.com/forms/d/e/1FAIpQLScfJzTNHN9N0MedR3-UB5JOUlLLs6gb5y9057TAjzqlZCXYQw/viewform?usp=sharing&ouid=105788357299242808476



ကိုယ့်ဆိုင်မှာ ရောင်းအားအကောင်းဆုံး English ဆေး 10 မျိုးကဘာတွေဖြစ်မလဲ ? 🤔နေရာဒေသတွေ audience တွေမတူတာမို့လို့ မိတ်ဆွေတွေ...
04/09/2025

ကိုယ့်ဆိုင်မှာ ရောင်းအားအကောင်းဆုံး English ဆေး 10 မျိုးကဘာတွေဖြစ်မလဲ ? 🤔

နေရာဒေသတွေ audience တွေမတူတာမို့လို့ မိတ်ဆွေတွေ ဗဟုသုတရအောင် အချင်းချင်းဝေမျှပေးကြပါဦးနော် 🤗




ကဲ....ဒီတခါ ဆေးနဲ့ပက်သက်တဲ့မေးခွန်းလေးဖြေကြည့်ကြရအောင် 💁✅ဈေးကွက်မှာအရမ်းပေါက်နေတယ် 🇹🇭ထိုင်းနိုင်ငံထုတ် ✅F နဲ့စပီး t နဲ့ဆ...
03/09/2025

ကဲ....ဒီတခါ ဆေးနဲ့ပက်သက်တဲ့မေးခွန်းလေးဖြေကြည့်ကြရအောင် 💁

✅ဈေးကွက်မှာအရမ်းပေါက်နေတယ်

🇹🇭ထိုင်းနိုင်ငံထုတ်

✅F နဲ့စပီး t နဲ့ဆုံးတယ်

🫅မိန်းကလေးတွေအသောက်များတဲ့ဆေး ?



🤒 ဖျားနေရင် ရေချိုးလို့ရလားဆိုတာနဲ့ပက်သက်ပီးဆွေး‌နွေးပီးပီဆိုတော့ ပုံမှန် လူ့ခန္ဓာကိုယ် အပူချိန်ကဘယ်လာက်ရှိလဲဆိုတာကော သိ...
02/09/2025

🤒 ဖျားနေရင် ရေချိုးလို့ရလားဆိုတာနဲ့ပက်သက်ပီးဆွေး‌နွေးပီးပီဆိုတော့ ပုံမှန် လူ့ခန္ဓာကိုယ် အပူချိန်ကဘယ်လာက်ရှိလဲဆိုတာကော သိပီးပီလား ? 🤷

ပုံမှန် လူ့ခန္ဓာကိုယ် အပူချိန်က 36.5°C မှ 37.5°C အတွင်းပဲဖြစ်ပါတယ် ✅

🌡️ 36.5°C မှ 37.5°C = ပုံမှန်

🌡️ 37.5°C – 38°C = အနည်းငယ်ဖျား

🌡️ 38°C – 39°C = ဖျားအလယ်အလတ်

🌡️ 39°C အထက် = အလွန်ကြီးဖျား ဆိုပီးသတ်မှတ်လို့ရပါတယ်




🤒 ဖျားနေရင်ရေချိုးလို့ရလား ❓ဆိုတဲ့မေးခွန်းအတွက် အဖြေလေး‌တင်ပေးလိုက်ပီနော် 🤗ဖြေဆိုပေးကြတဲ့သူတွေကိုကျေးဇူးအထူးတင်ရှိပါတယ်ရ...
31/08/2025

🤒 ဖျားနေရင်ရေချိုးလို့ရလား ❓ဆိုတဲ့မေးခွန်းအတွက် အဖြေလေး‌တင်ပေးလိုက်ပီနော် 🤗

ဖြေဆိုပေးကြတဲ့သူတွေကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🙆

Answer 📝

🤒 ဖျားနေရင် ရေချိုးလို့ရပါတယ် ✅

ရေချိုးချိန်မကြာဖို့နဲ့ မနက်စောစော ၊ ညနေစောင်းဖက်တွေမှာ ရေမချိုးမိဖို့တော့လိုပါတယ်
ရေချိုးချိန်ကြာရင် အအေးပတ်ပီး အဖျားပိုဆိုးစေနိုင်ပါတယ် မနက်စောစောနဲ့ ညနေစောင်းဖက်တွေမှာရေချိုးရင် လေတိုက်တာတွေ ရေအေးတာတွေဖြစ်တတ်ပါတယ်

prevention is better than cure ✅
အအေးမမိအောင် အနေအထိုင်ဆင်ခြင်ကြစို့နော်
တယောက်ဖြစ်လာရင် တစ်အိမ်လုံး ကူးစက်တတ်တာမို့ လူတယောက်ချင်းဆီကစ ဂရုစိုက်သင့်ပါတယ်
တုပ်ကွေးဖြစ်နှုန်းကျချင်ရင်တော့ ရာသီတုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ခါထိုးပေးသင့်ပါတယ်

ကျန်းမာအောင်နေပါ 💪
ကိုယ့်ကိုယ်ကိုချစ်ပါ ❤️
မိသားစုကိုဂရုစိုက်ပါ 🫶
ကျန်းမာအောင်နေပါ 🍀
သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ် ✅



🤒ဖျားနေတဲ့အချိန် ရေချိုးလို့ရလား❓ဆိုတာနဲ့ပတ်သက်ပြီး‌ ဆွေးနွေးကြည့်ကြရအောင် 🤔အောက်ဖော်ပြပါ ရွေးချယ်စရာတွေထဲက ဘယ်အချက်က အသ...
30/08/2025

🤒ဖျားနေတဲ့အချိန် ရေချိုးလို့ရလား❓ဆိုတာနဲ့ပတ်သက်ပြီး‌ ဆွေးနွေးကြည့်ကြရအောင် 🤔

အောက်ဖော်ပြပါ ရွေးချယ်စရာတွေထဲက ဘယ်အချက်က အသင့်တော်ဆုံးလဲဆိုတာ ဖြေကြည့်ပေးနော် 🤗

ဖျားနေချိန်မှာ ရေချိုးတာက.....

( A ) ကိုယ်ပူတာကို ပိုဆိုးစေနိုင်တဲ့အတွက် လုံးဝ‌ရေမချိုးသင့်ဘူး ❌

( B ) ရေချိုးလို့မရပါဘူး ရေပတ်တိုက်လို့ရပါတယ် ✅

( C ) ရေနွေးနွေးလေးနဲ့ ချိုးနိုင်ပါတယ် ✅

( D ) ခန္ဓာကိုယ်အပူချိန်ကျ‌အောင် ရေအေးအးနဲ့ချိုးပေးဖို့လိုပါတယ် ✅





Address

Shwe Ou Daung Street , Hlaing Tha Yar
Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959250739050

Website

Alerts

Be the first to know and let us send you an email when Nawaratt Medical Supply - နဝရတ် ဆေးဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram