15/09/2025
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖွင့်လှစ်ထားသော ဂုဏ်ရည်အထူးကုဆေးခန်း နှင့် ပန်းဘဲတန်းမြို့နယ်တွင် အသစ်ထပ်မံ ဖွင့်လှစ်မည့် အထူးကု ၂၄ နာရီဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန်
✅Receptionist ကျား/မ (၂) ဦး
✅Pharmacist Aide ကျား/မ (၂) ဦး
✅Nurse Aide ကျား/မ (၂) ဦး
✅လုံခြုံရေး Security ကျား (၂) ဦး
✅Receptionist (ကျား/မ) နေရာအတွက်
လိုအပ်ချက်များမှာ
✔️ဆေးရုံ ဆေးခန်းနှင့် ပတ်သက်သော Background Knowledge ရှိရမည်
✔️ သတ်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် လုပ်သက် ၁ နှစ်နှင့်အထက်ရှိပါက ဦးစားပေးမည်
✔️စကားအပြောအဆို ချိုသာယဉ်ကျေးပြီး လူနာများကို စေတနာအပြည့်ဖြင့် စိတ်ရှည်စွာ ရှင်းပြနိုင်သူဖြစ်ရမည် social ကောင်းမွန်သူဖြစ်ရမည်
✔️ဆရာဝန်ကြီးများ၏ ဆေးခန်းထိုင်ချိန် ရက်ချိန်းများကို သေချာချိန်းပေးနိုင်ရမည်
✔️မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း မြို့နယ်များတွင် နေထိုင်သူကို ဦးစားပေးမည်
✔️ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်
✔️ကျောင်းကိစ္စ ကင်းရှင်းရမည်
(clinic, sale & marketing နှင့် Spa တို့တွင် receptionist လုပ်ဖူးပါက ဦးစားပေးမည်)
✅Pharmacist Aide ကျား/မ နေရာအတွက် လိုအပ်ချက်များမှာ
✔️ ကွန်ပျူတာအခြေခံ တတ်ရမည်
✔️ ဆေးရုံ ဆေးခန်း ဆေးဆိုင်နှင့်ပက်သက်သော အတွေ့အကြုံကောင်းစွာရှိရမည်
✔️ စကားအပြောအဆို ချိုသာပြေပြစ်ပြီး လူနာများနှင့် ဆက်ဆံရေး ကောင်းမွန်ရမည်
✔️ အကူသင်တန်းဆင်း အောင်လက်မှတ်ရှိသူ အထက်တန်းအောင်မြင်သူ ဖြစ်ရမည်
✔️ ဆေးဝါးအကြောင်း ကောင်းစွာနားလည်ပြီး ဆရာဝန်ဆေးစာဖတ်တတ်ရမည်
✔️ ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်
✔️ ကျောင်းကိစ္စကင်းရှင်းရမည်
✔️ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်းမြို့နယ်များတွင် အဆောင်နေထိုင်နိုင်သူကို ဦးစားပေးမည်
✔️နေ့ည အလှည့်ကျဆင်းနိုင်ရမည်
✅ Nurse Aide (ကျား/မ) နေရာအတွက် လိုအပ်ချက်များမှာ
✔️သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရရှိပြီးသူဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံကောင်းစွာရှိရမည်
✔️သွက်လက်ချက်ချာပြီး ဆက်ဆံရေးကောင်းမွန်သူ စကားပြောပြေပြစ်သူ လူနာများအပေါ် စေတနာအပြည့်ဖြင့် ရှင်းပြနိုင်သူဖြစ်ရမည်
✔️ဆရာဝန်ကြီးများနှင့် လက်တွဲလုပ်ကိုင်နိုင်ရမည်
✔️မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဘဲတန်း မြို့နယ် များတွင် အဆောင်နေထိုင်နိုင်သူကို ဦးစားပေးမည်
✔️ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်
✔️ကျောင်းကိစ္စ ကင်းရှင်းရမည်
✔️နေ့ည အလှည့်ကျဆင်းနိုင်ရမည်
အလုပ်လျှောက်ထားလိုပါက CV Form, Certificate များနှင့် လိုအပ်သောစာရွက်စာတမ်းပြည့်ပြည့်စုံစုံကို မျှော်မှန်းလစာနှင့်တကွ ဖုန်းနံပါတ် 095016562 Viber နှင့် Page Messenger သို့
ပို့ပေးကြပါရန် မိမိလျှောက်ထားလိုသော position ကို တိတိကျကျရေးပေးကြပါရန် (❗️အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်သူ အင်တာဗျူးလာရောက်နိုင်သောသူများသာလျှင် လျှောက်ထားကြပါရန်)
( CV form ပေးပို့သူများထဲမှ interview ခေါ်မည့်သူများကိုသာ ဖုန်းဆက်ပြီး interview ခေါ်မည့်နေ့နှင့် အချိန်ကို အကြောင်းကြားပေးပါမည်)
*စက်တင်ဘာတစ်လလုံး အင်တာဗျူးရှိပါမည်*