မြတ် အထူးကုဆေးကုခန်း - Myat Special Clinic

  • Home
  • Myanmar
  • Yangon
  • မြတ် အထူးကုဆေးကုခန်း - Myat Special Clinic

မြတ် အထူးကုဆေးကုခန်း - Myat Special Clinic လိပ်ခေါင်းရောဂါ၊ အမျိုးသားရောဂါများ၊
အဆစ်မြစ်နာကျင်ကိုက်ခဲခြင်းနှင့်ပတ်သတ်သောရောဂါများ ကုသပေးပါသည်။

သင့်မြတ်ဆေးကုခန်းသည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသောဆေးခန်းဖြစ်ပါသည်။

လိပ်ခေါင်းရောဂါ၊ အမျိုးသားမျိုးပွားမှုဆိုင်ရာရောဂါများ၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ကျောက်တည်ခြင်း၊ အရေပြားရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်း အစရှိသော ကုသရေးဌာနများ ပါဝင်သည်။

သမားတော်ကြီးများသည်အတွေ့အကြုံပြည့်ဝသောကျွမ်းကျင်ပညာရှင်များဖြစ်ပြီး အဆင့်မြင့်နည်းပညာစစ်ဆေးကရိယာများ၊ ကုသရေးကရိယာများဖြင့်ကုသပေးနေပြီဖြစ်သည်။

ဆေးခန်းရှိသက်ဆိုင်ရာဝန်ထမ်းများသည် လူနာများကိုကျွမ်းကျင်စွာဝန်ဆောင်မှုပေးနိုင်အောင် အစွမ်းကုန်ကြိုးစားလျက်ရှိပါသည်။

အဓိကကုသပေးသောရောဂါများ -

-လိပ်ခေါင်းရောဂါများ (အတွင်းလိပ်ခေါင်း ၊ အပြင်လိပ်ခေါင်း)
-လိင်ပိုင်းဆိုင်ရာနှင့်ပတ်သတ်သော အမျိုးသားရောဂါများ
-အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းနှင့်ပတ်သတ်သောရောဂါများ

06/02/2026

လိပ်ခေါင်းခွဲရမှာ ကြောက်သူများအတွက် သတင်းကောင်း! 📣🔪
"ခွဲစိတ်စရာမလိုဘဲ" လိပ်ခေါင်းပျောက်ကင်းနိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ Rubber Band Ligation (သားရေကွင်းပစ် ကုသနည်း) ပါ။
ဒီနည်းလမ်းက ခွဲစိတ်စရာ လုံးဝ မလိုပါဘူး။ လိပ်ခေါင်းရဲ့ အရင်းနားကို သားရေကွင်းလေးနဲ့ စည်းလိုက်ပြီး သွေးစီးဆင်းမှုကို ဖြတ်တောက်လိုက်တာပါ။ ရက်အနည်းငယ် (၁ ပတ်ခန့်) ကြာရင် လိပ်ခေါင်းက သူ့အလိုလို ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။ 🍂💫
• နာကျင်မှု အနည်းဆုံးဖြစ်ခြင်း
• ဆေးရုံတက်စရာ မလိုခြင်း
• အချိန်တိုအတွင်း ကုသနိုင်ခြင်း တို့ကြောင့် လူကြိုက်များတဲ့ နည်းလမ်းဖြစ်ပါတယ်။ ✅
ဒါပေမယ့် ဒီနည်းလမ်းက "အတွင်းလိပ်" အဆင့် (၁၊ ၂၊ ၃) တွေအတွက်ပဲ အဓိက သုံးလို့ရတာမို့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီမှု ရှိမရှိ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ 👨‍⚕️

#လိပ်ခေါင်း #သားရေကွင်းပစ်နည်း #ကျန်းမာရေးဗဟုသုတ

အမျိုးသား စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ကျန်းမာရေး အခြေအနေများအမျိုးသားတစ်ယောက်၏ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်...
18/01/2026

အမျိုးသား စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ကျန်းမာရေး အခြေအနေများ

အမျိုးသားတစ်ယောက်၏ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းခြင်းသည် သာမန် လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု သက်သက်မဟုတ်ဘဲ၊ ခန္ဓာကိုယ်အတွင်း၌ အခြားကြီးမားသော ရောဂါတစ်ခုခု ရှိနေကြောင်း ပြသနေသည့် ရှေ့ပြေးလက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါသည်။ လိင်တံထောင်မတ်နိုင်ရန်အတွက် ဦးနှောက်၊ ဟော်မုန်း၊ အာရုံကြော၊ သွေးကြောနှင့် စိတ်ခံစားမှုတို့ ဟန်ချက်ညီညီ အလုပ်လုပ်ရန် လိုအပ်ပါသည်။
အဓိက သက်ရောက်မှုရှိသော ကျန်းမာရေး အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၁။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ
ဒါဟာ အဖြစ်အများဆုံး တရားခံဖြစ်ပါတယ်။
• သွေးတိုးရောဂါ: သွေးပေါင်ချိန် မြင့်တက်နေခြင်းက သွေးကြောနံရံများကို ပျက်စီးစေပြီး လိင်အင်္ဂါဆီသို့ သွေးစီးဆင်းမှုကို လျော့နည်းစေပါသည်။
• သွေးတွင်း အဆီများခြင်း: သွေးတွင်းအဆီဓာတ် များခြင်းသည် သွေးကြောများကို ကျဉ်းမြောင်းပိတ်ဆို့စေပါသည်။ နှလုံးသို့ သွေးမရောက်ပါက နှလုံးရောဂါ ဖြစ်သကဲ့သို့၊ လိင်အင်္ဂါသို့ သွေးမရောက်ပါက ပန်းသေပန်းညှိုး ဖြစ်စေနိုင်ပါသည်။
၂။ ဆီးချိုရောဂါ
ဆီးချိုရောဂါသည် အမျိုးသားစွမ်းဆောင်ရည်ကို နှစ်ဖက်ညှပ် တိုက်ခိုက်သော ရောဂါဖြစ်သည်။
• တစ်ဖက်တွင် သွေးကြောများကို ပျက်စီးစေသလို၊ အခြားတစ်ဖက်တွင် လိင်ပိုင်းဆိုင်ရာ ခံစားမှုကို ပေးပို့သော အာရုံကြောများကိုပါ ထိခိုက်စေခြင်းကြောင့် စွမ်းဆောင်ရည်ကို သိသိသာသာ ကျဆင်းစေပါသည်။
၃။ ဟော်မုန်းဆိုင်ရာ ပြဿနာများ
• ကျားဟော်မုန်း ကျဆင်းခြင်း: အမျိုးသားဟော်မုန်း နည်းပါးခြင်းသည် လိင်စိတ်ဆန္ဒကို ပျောက်ဆုံးစေပြီး စွမ်းဆောင်ရည်ကိုပါ ကျဆင်းစေပါသည်။
• သိုင်းရွိုက်ရောဂါ: လည်ပင်းကြီးဟော်မုန်း များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းသည်လည်း လိင်မှုကိစ္စကို အနှောင့်အယှက် ဖြစ်စေပါသည်။
၄။ အာရုံကြောဆိုင်ရာ ရောဂါများ
ဦးနှောက်မှ လိင်အင်္ဂါဆီသို့ အချက်ပေးစနစ် ချို့ယွင်းသွားခြင်း ဖြစ်သည်။
• လေဖြတ်ခြင်း၊ ကျောရိုးဒဏ်ရာရခြင်းနှင့် တုန်ခါသောရောဂါ (Parkinson's) ကဲ့သို့သော အခြေအနေများသည် လိင်တံထောင်မတ်ရန် စေခိုင်းသည့် အာရုံကြောလမ်းကြောင်းများကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်စေပါသည်။
၅။ ကျောက်ကပ်နှင့် အသည်းရောဂါများ
နာတာရှည် ကျောက်ကပ်ရောဂါနှင့် အသည်းရောဂါ ရှိသူများသည် ခန္ဓာကိုယ်တွင်း ဓာတုဗေဒပြောင်းလဲမှုများနှင့် ဟော်မုန်းမညီမျှမှုများကြောင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အားနည်းတတ်ပါသည်။
၆။ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ
ဦးနှောက်သည် အကြီးမားဆုံး လိင်အင်္ဂါဖြစ်ပါသည်။
• စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု: စိတ်ဖိစီးမှု ဟော်မုန်းများလာသောအခါ သွေးကြောများ ကျဉ်းသွားတတ်ပါသည်။
• စိတ်ကျရောဂါ: ရောဂါကိုယ်တိုင်က လိင်စိတ်ကုန်ခမ်းစေသလို၊ သောက်သုံးရသော စိတ်ကျဆေးများကလည်း စွမ်းဆောင်ရည်ကို ထိခိုက်စေတတ်ပါသည်။
၇။ အဝလွန်ခြင်း
အဝလွန်ခြင်းသည် အထက်ပါရောဂါများ (ဆီးချို၊ သွေးတိုး) အားလုံး၏ အစဖြစ်သလို၊ အမျိုးသားဟော်မုန်းကို အမျိုးသမီးဟော်မုန်းအဖြစ် ပြောင်းလဲပစ်နိုင်သဖြင့် စွမ်းဆောင်ရည်ကို တိုက်ရိုက် ထိခိုက်စေပါသည်။

သုတ်လွှတ်မြန်လို့ စိတ်ညစ်နေပြီလား?တစ်ခါတစ်ရံ အမျိုးသားအများစု စိတ်ဖိစီးမှုကြောင့် သုတ်လွှတ်မြန်ခြင်း (Premature Ej******...
23/08/2025

သုတ်လွှတ်မြန်လို့ စိတ်ညစ်နေပြီလား?

တစ်ခါတစ်ရံ အမျိုးသားအများစု စိတ်ဖိစီးမှုကြောင့် သုတ်လွှတ်မြန်ခြင်း (Premature Ej*******on) ကိုကြုံတွေ့ရတတ်ပါတယ်။😔

ပုံမှန်အားဖြင့် တစ်ခါတစ်ရံဖြစ်တာက ပုံမှန်ဖြစ်နိုင်ပေမယ့် အမြဲဖြစ်နေခြင်း သည် သင့်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် အိမ်ထောင်ဘဝအပေါ် ထိခိုက်မှုရှိနိုင်ပါတယ်။

သုတ်လွှတ်မြန်စေတဲ့အကြောင်းရင်းများ

▪️ လိင်တံအရေပြားရှည်ခြင်း – အရေပြားရှည်မှုကြောင့် ထိန်းချုပ်ရခက်ပြီး သုတ်လွှတ်မြန်နိုင်ပါတယ်
▪️ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ – ဆီးလမ်းကြောင်း ပုံမှန်မဟုတ်ခြင်းကြောင့် လိင်ထိန်းချုပ်မှုကိုထိခိုက်နိုင်ပါတယ်
▪️ ကျားအင်္ဂါသွေးကြော ကျဉ်းခြင်း – သွေးကြောနည်းခြင်းကြောင့် သုတ်လွှတ်ချိန်ကို ထိန်းချုပ်ရခက်တတ်ပါတယ်
▪️ လိင်ဆက်ဆံမှုအတွေ့အကြုံနည်းခြင်း – လေ့ကျင့်မှုနည်းလို့ စိတ်အာရုံကြောင့်မြန်တတ်နိုင်ပါတယ်
▪️ စိတ်ဖိစီးမှု/စိတ်ပင်ပန်းခြင်း – စိတ်ကျရောဂါ၊ အလုပ်ဖိစီးမှုစသည်တို့က လိင်ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်
▪️ စိတ်လှုပ်ရှားမှုများခြင်း – အလွန်စိတ်လှုပ်ရှားလွန်းခြင်းကြောင့်လည်း ထိန်းချုပ်ရခက်တတ်ပါတယ်
▪️ အိပ်စက်မှုမလုံလောက်ခြင်း – ခန္ဓာကိုယ်အားနည်းမှုကြောင့်ထိန်းချုပ်နိုင်မှုလျော့နည်းပါတယ်
▪️ ဟော်မုန်းပြဿနာများ – Testosterone အဆင့်နည်းခြင်း စသဖြင့် သက်ရောက်နိုင်ပါတယ်

ပြီးမြောက်မှု မြန်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းလာပြီး စိတ်ဖိစီးခြင်း၊ မပျော်ရွှင်ခြင်း၊ လိင်ဆက်ဆံဖို့ စိတ်မပါတော့ခြင်း တို့ဖြစ်လာနိုင်ပြီး ကိုယ့်ပါတနာရဲ့ ငြိုငြင်ခြင်းကိုပါခံရနိုင်တဲ့အတွက် ဂရုစိုက်သင့်ပါတယ်။

🏥 မြတ်ဆေးကုခန်းမှာ သုတ်လွှတ်မြန်ခြင်း၊ ပန်းသေ၊ ပန်းညှိုးခြင်းနှင့် အမျိုးသားဆိုင်ရာ ပြဿနာများကို အထူးကုဆရာဝန်ကြီးများကိုယ်တိုင် စမ်းသပ်စစ်ဆေးပေးပြီး အကောင်းဆုံးကုသမှုခံယူနိုင်ပါပြီ။

မြတ်အထူးကုဆေးခန်း - Myat Clinic
===============================
📌အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
📲𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
⏰ ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌
#အမျိုးသားရောဂါ

ပေါ့ဆလို့မရတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း - Urinary Tract Infection ဆီးလမ်းကြောင်းတစ်လျှောက်ပိုးဝင်ခြင်းဆိုတာ အညစ်အကြေးစ...
22/08/2025

ပေါ့ဆလို့မရတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း - Urinary Tract Infection

ဆီးလမ်းကြောင်းတစ်လျှောက်ပိုးဝင်ခြင်းဆိုတာ အညစ်အကြေးစွန့်တဲ့ နေရာနဲ့ နီးကပ်နေတဲ့ ဆီးထုတ်ပြွန်မှတဆင့် စအိုနဲ့ စအိုတဝိုက်မှာရှိတဲ့ ပိုးမွှားတွေဟာ ဆီးပြွန် ၊ ဆီးအိမ်နှင့် ကျောက်ကပ်အထိပါ ရောက်သွားခြင်းကို ဆိုလိုပါတယ်။

💢ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ အသက်အရွယ်မရွေး ၊ ကျား/မ မရွေးဖြစ်နိုင်သော်လည်း အမျိုးသမီးများ၏ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် ပိုတိုသည့်အတွက် အမျိုးသမီးတွေမှာ ပို၍ ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဆီးအိမ်နှင့် ဆီးသွားပြွန်ရောင်ရောင်းလာပြီး ဝမ်းဗိုက်အောက်ပိုင်းတွင် နာကျင်ကာ ဆီးမထိန်းနိုင်ခြင်းမျိုး ဖြစ်တတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ရတဲ့အကြောင်းအရင်းကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းနှင့် စအိုမှ လိင်အင်္ဂါရှိရာသို့ဆွဲ၍ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရောဂါလက္ခဏာများအနေနဲ့

🔹 မကြာခဏ ဆီးသွားခြင်း
🔹 ဆီးကျင်ခြင်း
🔹 ဆီးလမ်းကြောင်းယားယံခြင်းနှင့် ရောင်ရမ်းခြင်း
🔹 ဆီးသွားသည့်အခါ အနည်များပါခြင်း
🔹 ဆီးအရောင်ပုံမှန်မဟုတ်ခြင်းနှင့် ဆီးတွင်သွေးပါခြင်း
🔹ဆီးသွားတိုင်းပူ၍နာခြင်း
🔹ဆီးပိုးများပျံ့နှံ့ကာ ဆီးကျိတ်ရောင်ခြင်း
🔹ဆီးအိမ်ရောင်ခြင်း
🔹မျိုးပွားမှုဆိုင်ရာ အခက်အခဲများကြုံတွေ့ရခြင်း
🔹မျက်မြှေးရောင်ခြင်း
🔹ဦးနှောက်အမြှေးရောင်ခြင်းနှင့်
🔹ကျောက်ကပ်အလုပ်မလုပ်တော့တဲ့အထိ ရောဂါအခြေအနေဆိုးရွားလာနိုင်ပါတယ်။

မြတ်အထူးကုဆေးခန်းတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါကို အနှစ် (၂၀) ကျော်အတွေ့အကြုံရှိ အထူးကုဆရာဝန်ကြီးများမှ ခေတ်မီနည်းပညာများဖြင့် ပျောက်ကင်းသည်အထိကုသပေးလျှက်ရှိတာကြောင့် ရောဂါလက္ခဏာစတင်ပြီဆိုတာနဲ့ ချက်ချင်းလာရောက်ပြသဖို့တိုက်တွန်းလိုက်ပါတယ်။

မြတ်အထူးကုဆေးခန်း - Myat Clinic
===============================
📌အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
📲𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
⏰ ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#ဆီးလမ်းကြောင်းပိုးဝင် #ဆီးပိုးဝင် #ဆီးရောဂါ #ဆီးကျိတ်ရောင်

ကျောက်ကပ်မှာ တည်နိုင်တဲ့ ကျောက်အမျိုးအစား (၄) မျိုးအချိုနှင့် အငန် လွန်ကဲစွာ စားသုံးခြင်း၊အရက်နှင့်ဆေးလိပ် အသောက်များခြင...
19/08/2025

ကျောက်ကပ်မှာ တည်နိုင်တဲ့ ကျောက်အမျိုးအစား (၄) မျိုး

အချိုနှင့် အငန် လွန်ကဲစွာ စားသုံးခြင်း၊အရက်နှင့်ဆေးလိပ် အသောက်များခြင်းနှင့်ကျောက်ဖြစ်စေသော ဓာတုပစ္စည်းပါဝင်သည့် အစားအစာများ ( အသားနီ ၊ ကလီစာ ၊ ပင်လယ်စာ) စားသုံးခြင်းတွေ လွန်ကဲလာရင်တော့ ကျောက်ကပ်ရောဂါကို ခံစားရနိုင်ပါတယ်။

ကျောက်ကပ်မှာ တည်နိုင်တဲ့ ကျောက်အမျိုးအစား (၄) မျိုးတွေကတော့-

(၁) Calcium Stone

ထုံးကျောက်အမျိုးအစားဖြစ်ပြီး ကွမ်းအစားများသူ၊ဗီတာမင်-ဒီ ဖြည့်စွက်အားဆေး အသောက်များသူတွေမှာ ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။

(၂) Struvite Stone

သမင်ချိုလို ဆူးချွန်ခက်တွေပါတဲ့ ကျောက်အမျိုးအစား တစ်ခုဖြစ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်ရင် ဖြစ်တတ်တဲ့ ‌ကျောက်ကပ် ရောဂါဖြစ်ပါတယ်။

(၃) Uric acid Stone

ကိုယ်ခန္ဓာမှာ အခြားသူတွေထက် Uric acid တွေ များခြင်းကြောင့် ဖြစ်တတ်ပြီး အသားစားများတဲ့သူတွေမှာ ဖြစ်ပွားနိုင်ပါတယ်။

(၄) Cysteine Stone

ဒီအမျိုးအစားကတော့ အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်တတ်တဲ့ ကျောက်ကပ်ရောဂါလည်း ဖြစ်ပါတယ်။ ဘယ်လိုတွေ လူတွေ ဖြစ်တတ်လဲဆိုတော့ Amino acid စွန့်ထုတ်တာ များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

ကျောက်ကပ်ဟာ အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျောက်ကပ်ဟာ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်နဲ့ အနည်တွေကို စစ်ထုတ်ပေးနိုင်တဲ့အပြင် သွေးဖိအား၊ခန္ဓာကိုယ်အတွင်းက ရေနှင့်ဆားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပြီး သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အကယ်၍ သင်ဟာ အချိုနှင့် အငန်ဓါတ် လွန်ကဲစွာ စားသုံးခြင်း၊အရက်နှင့်ဆေးလိပ် အသောက်များခြင်းနှင့်ကျောက်ဖြစ်စေသော ဓာတုပစ္စည်းပါဝင်သည့် အစားအစာများ ( အသားနီ ၊ ကလီစာ ၊ ပင်လယ်စာ) စားသုံးမှု လွန်ကဲခြင်းတို့ကြောင့် ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။

ဒါ့အပြင် ရေသောက်နည်းပြီး ဆီးအောင့်ထားခြင်းတွေ များလာရင်လည်း ရေပမာဏ လုံလောက်စွာ မရတော့လို့ အနည်နဲ့အဆိပ်အတောက်တွေကို မစစ်ထုတ်နိုင်တော့ဘဲ ကျောက်ကပ်မှာ ဆားဓာတ်နဲ့သတ္တုဓာတ်တွေ အနည်ပုံလာခြင်းကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းကို စတင်ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျောက်ကပ်ကျောက်တည်ခြင်းရဲ့ ထင်ရှားတဲ့လက္ခဏာကတော့ တင်ပါးဆုံနဲ့ နံရိုးကြားနာကျင်မှုကိုခံစားရခြင်းဖြစ်ပြီး အခြားရောဂါလက္ခဏာများအနေနဲ့-

🔹 ဆီးတွင်းသွေးပါခြင်း
🔹 မကြာခဏဆီးသွားခြင်း
🔹 ဆီးသွားတဲ့အခါနာကျင်ခြင်း
🔹 ပျို့အန်ခြင်း၊ဖျားခြင်း၊ ချမ်းတုန်ခြင်းနှင့်
🔹 ကျောက်များဆီးအိမ်အတွင်းကျရောက်ပြီး ဝမ်းဗိုက်ပြင်းပြင်းထန်ထန်နာကျင်ခြင်းတွေကို ကြုံတွေ့ရနိုင်ပါတယ်။

ကျောက်ကပ်ကျောက်တည်ခြင်းရောဂါကို မြတ်အထူးကုဆေးခန်းတွင် ‌ခေတ်မီစက်ကိရိယာများဖြင့် ဝါရင့်ဆရာဝန်ကြီးများမှခွဲစိတ်စရာမလိုသောနည်းလမ်းတွေကိုအသုံးပြုကာ စမ်းသပ်ကုသပေးလျှက်ရှိပါတယ်။

မြတ်အထူးကုဆေးခန်း - Myat Clinic
===============================
📌အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
📲𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
⏰ ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#ကျောက်ကပ်ကျောက်တည်ခြင်း #ကျောက်တည်ခြင်း

သိထားသင့်တဲ့ လိပ်ခေါင်းရောဂါအဆင့် (၄) ဆင့်  လိပ်ခေါင်းရောဂါဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အဆင့် (၄) ဆင့်အထ...
16/08/2025

သိထားသင့်တဲ့ လိပ်ခေါင်းရောဂါအဆင့် (၄) ဆင့်

လိပ်ခေါင်းရောဂါဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အဆင့် (၄) ဆင့်အထိ ရှိပါတယ်။ ထိုအဆင့်များကို ရောဂါ၏ ပြင်းထန်မှုနှင့် လက္ခဏာများအပေါ် အခြေခံပြီး ခွဲခြားထားပါတယ်။

လိပ်ခေါင်းရောဂါအဆင့် (၄) ဆင့်

1. အဆင့် (၁)
✅လိပ်ခေါင်းအဖုအကျိတ်များ စဖြစ်ခြင်း။
✅သွေးထွက်ခြင်းမရှိဘဲ ယားယံခြင်း သို့မဟုတ် နာကျင်မှုအနည်းငယ်သာ ဖြစ်နိုင်ပါတယ်။

2. အဆင့် (၂)
✅လိပ်ခေါင်းအဖုများ ပိုကြီးလာခြင်း။
✅ဝမ်းသွားစဉ် အဖုများ ပြင်ပသို့ ထွက်လာနိုင်သော်လည်း အလိုလိုပြန်ဝင်သွားပါတယ်။
✅ သွေးထွက်ခြင်း သို့မဟုတ် နာကျင်မှု ပိုမိုဖြစ်နိုင်ပါတယ်။

3. အဆင့် (၃)
✅လိပ်ခေါင်းအဖုများ ပိုမိုကြီးမားလာပြီး ပြင်ပသို့ ထွက်လာခြင်း။
✅အလိုလိုပြန်မဝင်ဘဲ လက်ဖြင့်တွန်းသွင်းရန် လိုအပ်ပါတယ်။
✅နာကျင်မှု၊ ယားယံခြင်းနှင့် သွေးထွက်ခြင်းများ ပိုမိုဆိုးရွားနိုင်ပါတယ်။

4. အဆင့် (၄)
✅လိပ်ခေါင်းအဖုများ အပြင်ဘက်တွင် အမြဲရှိနေခြင်း။
✅လက်ဖြင့်ပင် ပြန်မတွန်းနိုင်တော့ခြင်း။
✅ပြင်းထန်သော နာကျင်မှု၊ သွေးထွက်ခြင်းနှင့် အခြားနောက်ဆက်တွဲပြဿနာများ (ဥပမာ- ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း) ဖြစ်နိုင်ပါတယ်။
ထိုအဆင့်မှာ ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါဟာ အစောပိုင်းအဆင့်များတွင် ကုသပါက ပိုမိုလွယ်ကူပြီး နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားနိုင်ပါတယ်။ ဒါ့ကြောင့် လက္ခဏာများကို စောစီးစွာ သတိပြုမိပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

မြတ်အထူးကုဆေးခန်းမှာ နာကျင်မှုနည်းပါးပြီးမြန်မြန်သက်သာတဲ့ အမေရိကန်ထုတ် PPH စက်ကြီးတွေနဲ့ ဝါရင့်အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကုသပေးနေပါတယ်။ လိပ်ခေါင်းနဲ့ နောက်ဆက်တွဲပြဿနာကင်းဝေး ဖို့မြတ်အထူးကုဆေးခန်းမှာအခုပဲလာရောက်ပြသလိုက်ပါနော်။

မြတ် ဆေးကုခန်း - Myat Clinic
===============================
အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#လိပ်ခေါင်းရောဂါ #အတွင်းလိပ်ခေါင်း #အပြင်လိပ်ခေါင်း #ဝမ်းချုပ်ခြင်း

လိင်တံအရေပြားရှည်ခြင်းကြောင့် ရရှိနိုင်မယ့် ဆိုးကျိုးများလိင်တံအရေပြားရှည်ခြင်း (Phimosis) ဆိုသည်မှာ လိင်တံအရေပြားကျဉ်းပ...
13/08/2025

လိင်တံအရေပြားရှည်ခြင်းကြောင့် ရရှိနိုင်မယ့် ဆိုးကျိုးများ

လိင်တံအရေပြားရှည်ခြင်း (Phimosis) ဆိုသည်မှာ လိင်တံအရေပြားကျဉ်းပြီး လိင်တံခေါင်းကို လုံးဝဆွဲမဖော်နိုင်ခြင်း (သို့) နာကျင်စွာဖော်ရခြင်းကို ဆိုလိုပါတယ်။ ထိုအခြေအနေက မွေးရာပါဖြစ်နိုင်သလို၊ နောက်ပိုင်းတွင် အရေပြားရောင်ခြင်း၊ ပိုးဝင်ခြင်း (သို့) ဒဏ်ရာရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မကုသဘဲထားပါက အောက်ပါဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။

၁။ နာကျင်မှုနှင့် မသက်မသာဖြစ်ခြင်း
- လိင်တံအရေပြားကို ဆွဲဖော်ရာတွင် နာကျင်မှုခံစားရနိုင်ပြီး လိင်ဆက်ဆံစဉ် (သို့) ထောင်မတ်ချိန်တွင် နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- အရေပြားအတွင်းသို့ ဆီးနှင့် အညစ်အကြေးများ စုပုံနိုင်ပြီး ဘက်တီးရီးယားပိုးမွှားများ ပေါက်ပွါးလာနိုင်ပါပြီး ဆီးသွားရာတွင် ပူစပ်ပူလောင် ခံစားရခြင်း၊ ဆီးအိမ်နှင့် ကျောက်ကပ်ပိုးဝင်ခြင်းများ ဖြစ်နိုင်ပါတယ်။

၃။ လိင်တံအရေပြားရောင်ရမ်းခြင်း (Balanitis/Posthitis)
- အရေပြားအတွင်းတွင် ဘက်တီးရီးယားနှင့် မှိုပိုးများ ပေါက်ပွားပါက နီရဲရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် ပြည်တည်နာများ ဖြစ်ပေါ်နိုင်ပါတယ်။

၄။ Paraphimosis (အရေပြားပြန်မဆုတ်နိုင်ခြင်း)
- အရေပြားကို ဆွဲဖော်ပြီး ပြန်မဆုတ်နိုင်ပါက လိင်တံခေါင်းသွေးလည်ပတ်မှု ပိတ်ဆို့ကာ ပြင်းထန်နာကျင်မှုနှင့် တစ်ရှူးများ ပျက်စီးခြင်းတို့ ဖြစ်နိုင်ပြီး အရေးပေါ်ကုသမှု လိုအပ်ပါတယ်။

၅။ လိင်ဆက်ဆံရာတွင် အခက်အခဲဖြစ်ခြင်း
- အရေပြားကျဉ်းခြင်းကြောင့် လိင်ဆက်ဆံစဉ် နာကျင်မှု၊ သွေးထွက်ခြင်း (သို့) စိတ်အနှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်နိုင်ပြီး အချို့အမျိုးသားများတွင် လိင်တံထောင်မတ်မှု အခက်အခဲ (Erectile Dysfunction) ပါ ဖြစ်စေနိုင်ပါတယ်။

၆။ ကင်ဆာဖြစ်နိုင်ခြေမြင့်မားခြင်း
- နာတာရှည် Phimosis နှင့် ထပ်တလဲလဲ ရောင်ရမ်းမှုများဟာ လိင်တံကင်ဆာ (Pe**le Cancer) ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

လိင်တံအရေပြားဖြတ်ခြင်း (Circumcision) သည် လိင်တံအရည်ပြားရှည်ခြင်း အတွက် ထိရောက်သော ခွဲစိတ်ကုသမှုဖြစ်ပါတယ်။

☑️ Circumcision ဆိုတာ လိင်တံထိပ်ရှိ အရေပြားအားဖြတ်တောက် ဖယ်ရှားခြင်းဖြစ်ပါတယ်။ Circumcisionကို အချို့နိုင်ငံတွေမှာ မွေးကင်းစယောက်ျားလေးတွေမှာ လုပ်လေ့ရှိပါတယ်။

🔰 လိင်တံအရည်ပြားရှည်လွန်းခြင်းဟာ ကာမဆက်ဆံချိန်မှာ ကျေနပ်မှုရသင့်သလောက်မရစေနိုင်သလို လိင်စွမ်းဆောင်ရည်ကိုလည်းကျဆင်းစေနိုင်တာကြောင့် အမျိုးသားဂုဏ်သိက္ခာကိုမလျှော့ကျစေရန် စောစီးစွာကုသမှုခံယူသင့်တဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

🔹 ဒါကြောင့် အမျိုးသားဆိုင်ရာရောဂါများ ခံစားနေရတဲ့အမျိုးသားများအနေဖြင့် မြတ်အထူးကုဆေးခန်းရှိ အမျိုးသားကျန်းမာရေးအထူးကုဆရာဝန်ကြီးများထံမှာ မနာမကျင်သောကုသမှုနည်းလမ်းများကိုခံယူခြင်းဖြင့် အမျိုးသားများ၏ ယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်ပါပြီ။

မြတ်အထူးကုဆေးခန်း - Myat Clinic
===============================
📌အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
📲𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
⏰ ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#အမျိုးသားရောဂါ

ဆေးထိုး ဆေးသောက်ရုံနဲ့ မပျောက်ကင်းနိုင်တဲ့ ဂရင်ဂျီနာဂရင်ဂျီနာဆိုတာ စအိုထဲမှာရှိတဲ့ ဂလင်းတွေဟာ အကြောင်းတခုခုကြောင့် အနာဖြ...
10/08/2025

ဆေးထိုး ဆေးသောက်ရုံနဲ့ မပျောက်ကင်းနိုင်တဲ့ ဂရင်ဂျီနာ

ဂရင်ဂျီနာဆိုတာ စအိုထဲမှာရှိတဲ့ ဂလင်းတွေဟာ အကြောင်းတခုခုကြောင့် အနာဖြစ်ပြီး ပြည်တည်ခြင်း ၊ ပိုးဝင်ခြင်းတွေဖြစ်ကာ သွေးစုနာလို အနာဖြစ်လာခြင်းမှ စတင်ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ စအိုဝအနားမှာရှိတဲ့ အရေပြားနဲ့ အူလမ်းကြောင်းအဆုံးတို့ ဆက်ပြီး ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းကို ဂရင်ဂျီနာဖြစ်တယ်လို့ ခေါ်ပါတယ်။

ဂရင်ဂျီနာရောဂါဟာ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်လေ့ရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ယှဉ်ရင် အမျိုးသားတွေကတော့ ဂရင်ဂျီနာဖြစ်နှုန်းက နှစ်ဆ ပိုများပါတယ်။ အဓိက ကတော့-

- အူလမ်းကြောင်းရောင်ရမ်းသည့် ရောဂါရှိသူတွေ
- တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းသူတွေ
- တီဘီရောဂါ၊ ဆီးချိုရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိသူတွေ
- စအိုတစ်ဝိုက် ထိခိုက်ဒဏ်ရာရဖူးသူတွေ
- စအိုတစ်ဝိုက် ဓာတ်ရောင်ခြည်ပေး၍ ကုသဖူးသူတွေအပြင်
- အစာဟောင်းအိမ်နှင့် စအိုကင်ဆာရှိသူများမှာကတော့ ဂရင်ဂျီနာ အဖြစ်များတာကို ပိုတွေ့ရတတ်ပါတယ်။

ဂရင်ဂျီနာ စတင်ခံစားလာရပြီဆိုတာနဲ့ -

- စအိုတစ်ဝိုက်နာကျင်ခြင်း
- စအိုမှာ ပြည်တည်နာ ခဏခဏဖြစ်ခြင်း
- အနံ့ဆိုးနှင့် အရည်များထွက်ခြင်း
- တစ်ခါတစ်ရံသွေးထွက်ခြင်း
- အူလှုပ်ရှားလျှင် နာကျင်ခြင်း
- နေရထိုင်ရခက်ခဲခြင်း
- သွေးထွက်ခြင်း
- ချမ်းတုန်ဖျားခြင်းစတဲ့ ရောဂါလက္ခဏာတွေကိုကြုံတွေ့လာရမှာပဲဖြစ်ပါတယ်။

ဂရင်ဂျီနာရောဂါ သက်သာပျောက်ကင်းဖို့ဆိုရင် ကိုယ့်နည်း ကိုယ့်ဟန် ဆေးလိမ်း၊ ဆေးသောက်ရုံနဲ့တော့ မရဘူး။ ဆေးလိမ်း၊ ဆေးသောက်ခြင်းဟာ ဂရင်ဂျီနာရောဂါကို ခဏတာ သက်သာစေနိုင်ပေမဲ့ အထဲမှာ ပြည်များ လှိုက်စားပြီး ကျန်ခဲ့တဲ့အနာအဖုတွေဟာ ပြည်ပြန်တည်လာလိုက် ၊ သက်သာသွားလိုက်နဲ့ ပြန်ပြန်ဖြစ်နေတတ်ပါတယ်။

ဂရင်ဂျီနာကို ပျောက်ကင်းစေမယ့် တစ်ခုတည်းသောနည်းလမ်းကတော့ PPH ခေတ်မီနည်းပညာဖြင့် သေသေချာချာ ကုသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြတ်ဆေးကုခန်းတွင် လိပ်ခေါင်းရောဂါ၊ဂရင်ဂျီနာရောဂါ အစရှိတဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုးကို အတွေ့အကြုံရှိ ဝါရင့်ဆရာဝန်ကြီးများကိုယ်တိုင် နောက်ဆုံးပေါ်နည်းလမ်းများ အသုံးပြု၍ အထူးကုသပေးလျက်ရှိပါသည်။

မြတ် ဆေးကုခန်း - Myat Clinic
===============================
အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#ဂရင်ဂျီနာ #ရိုးရိုးဂရင်ဂျီနာ # ရှုပ်ထွေးဂရင်ဂျီနာ

ဂရင်ဂျီနာနဲ့ လိပ်ခေါင်း ဘယ်လိုကွာခြားလဲ?ဂရင်ဂျီနာနဲ့ လိပ်ခေါင်းရောဂါတို့ဟာ စအိုဝနားတွင် ဖြစ်ပွားတတ်သော်လည်း မတူညီသည့် အက...
10/08/2025

ဂရင်ဂျီနာနဲ့ လိပ်ခေါင်း ဘယ်လိုကွာခြားလဲ?

ဂရင်ဂျီနာနဲ့ လိပ်ခေါင်းရောဂါတို့ဟာ စအိုဝနားတွင် ဖြစ်ပွားတတ်သော်လည်း မတူညီသည့် အကြောင်းရင်းနှင့် လက္ခဏာများ ရှိပါတယ်။

လိပ်ခေါင်းရောဂါ (Hemorrhoids)
လိပ်ခေါင်းဆိုတာ စအိုနှင့် အူမကြီးအောက်ပိုင်းရှိ သွေးပြန်ကြောများ ဖောင်းကားရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်း၊ ဝမ်းညှစ်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ အထိုင်များခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါလက္ခဏာများ
✔ ဝမ်းသွားစဉ် နာကျင်ခြင်း
✔ စအိုတဝိုက် ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
✔ စအိုမှ အဖုအလုံးထွက်ခြင်း (အတွင်းလိပ်ခေါင်း/အပြင်လိပ်ခေါင်း)
✔ ဝမ်းသွားရင် သွေးစပါခြင်း (သွေးနီရောင်စင်း) တို့ဖြစ်ပါတယ်။

ဂရင်ဂျီနာ (A**l Fistula)
ဂရင်ဂျီနာဆိုတာ စအိုအတွင်းမှ အရေပြားအပြင်ဘက်သို့ ပြည်တည်နာ (Abscess) ဖြစ်ပြီး ပြွန်ပေါက်ဖြစ်လာခြင်း ဖြစ်ပါတယ်။ စအိုဂလင်းတွေ ပိတ်ဆို့ပိုးဝင်ပြီး ပြည်တည်နာဖြစ်ကာ အရေပြားကို ဖောက်ထွက်သွားတဲ့အခါ ဂရင်ဂျီနာဖြစ်လာပါတယ်။

ဂရင်ဂျီနာလက္ခဏာများ
✔ စအိုတဝိုက် အနာနဲ့ ပြည်ယိုခြင်း
✔ နာကျင်မှုအမြဲရှိပြီး ဝမ်းသွားရင် ပိုနာခြင်း
✔ ဖျားနိုင်ခြင်း၊ ရောင်ရမ်းခြင်း
✔ မကုဘဲထားရင် နာတာရှည်ပြည်တည်နာဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။

လိပ်ခေါင်းနှင့် ဂရင်ဂျီနာနှစ်ခုစလုံးဟာ ဆေးဝါးသောက်သုံးရုံနဲ့ မပျောက်ဘဲ ခွဲစိတ်ကုသမှုလိုအပ်ပါတယ်။ ဂရင်ဂျီနာက ပိုဆိုးပြီး မကုပါက ကင်ဆာအထိ ဖြစ်နိုင်ခြေရှိပါတယ်။ ရောဂါလက္ခဏာစပေါ်ပြီဆိုလျှင် အထူးကုဆရာဝန်နှင့် ပြသကုသသင့်ပါတယ်။

မြတ်အထူးကုဆေးခန်းမှာ ဝါရင့်အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကုသပေးနေပါတယ်။ စအိုနှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခေတ်မီစက်ကိရိယာများဖြင့် အောင်မြင်စွာ ကုသပေးလျက်ရှိပါတယ်။ အချိန်မီကုသမှုခံယူပြီး နာတာရှည်ဝေဒနာများမှ ကင်းဝေးအောင် ကာကွယ်လိုက်ပါ။

မြတ် ဆေးကုခန်း - Myat Clinic
===============================
အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#လိပ်ခေါင်းရောဂါ #အတွင်းလိပ်ခေါင်း #အပြင်လိပ်ခေါင်း **lfistula #ဝမ်းချုပ်ခြင်း #ဂရင်ဂျီနာ

လိပ်ခေါင်းအတွက် PPH ကုထုံးက ဘာကြောင့် သင့်တော်တာလဲ..?PPH ကုထုံးနဲ့ လိပ်ခေါင်းရောဂါကို ဘာကြောင့် ကုသသင့်တာလဲဆိုတော့ အဓိကက...
06/08/2025

လိပ်ခေါင်းအတွက် PPH ကုထုံးက ဘာကြောင့် သင့်တော်တာလဲ..?

PPH ကုထုံးနဲ့ လိပ်ခေါင်းရောဂါကို ဘာကြောင့် ကုသသင့်တာလဲဆိုတော့ အဓိကက တစ်ကြိမ်တည်း အမြစ်ပြတ်ကုသနိုင်လို့ပါပဲ။ ဒီကုသနည်းဟာ လိပ်ခေါင်းရောဂါကို အထိရောက်ဆုံးအမြစ်ပြတ်ကုသပေးနိုင်တဲ့နည်းဖြစ်တဲ့အပြင် ကုသချိန်ကလည်း မိနစ် ၂၀ ခန့်သာကြာမြင့်နိုင်တဲ့အတွက် အကောင်းဆုံးကုသနည်းတစ်ခုပဲဖြစ်ပါတယ်။

ဒါ့အပြင် အခြား သမားရိုးကျကုထုံးများထက် နာကျင်မှုနည်းခြင်း၊သွေးမထွက်ခြင်း၊ပျောက်ကင်းရန်လွယ်ကူခြင်း၊အန္တရာယ်ကင်းခြင်း စတဲ့ အားသာချက်တွေလည်း ရှိပါသေးတယ်။

လိပ်ခေါင်းရောဂါဆိုတာကတော့ ဝမ်းအိမ်အောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောတွေဟာ ဖိအားကြောင့် ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရောင်းရမ်းဖောင်းကားကာ အဖုလေးတွေ စတင်ဖြစ်ပေါ်လာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

လိပ်ခေါင်းဟာ ကျား/မ မရွေး ဖြစ်ပွားနိုင်ပေမဲ့ အဓိကအားဖြင့်-

- နာတာရှည် ဝမ်းမကြာခဏချုပ်သူများ
- ဝမ်းသွားချိန်တွင် ဝမ်းညှစ်ပြီး သွားနေရသူများ
- ရေသောက်နည်းသူများ
- အလေးအပင် မ သူများ
- အဝလွန်သူများ
- ရေရှည်ထိုင်ပြီး အလုပ်လုပ်ရသူများ
- အိမ်သာထဲတွင် အချိန်ကြာကြာထိုင်တတ်သူများ
- အရက် အလွန်အကျွံ သောက်သူတွေမှာ အဖြစ်များတတ်ကြပါတယ်။

လိပ်ခေါင်းရောဂါလက္ခဏာများ

- စအိုထဲနှင့် စအိုတဝိုက်တွင် အဖုအလုံးရှိပြီး နာကျင်ခြင်း
- ဝမ်းသွားစဉ်သွေးပါခြင်း
- စအိုတဝိုက်ယားယံခြင်းနှင့် သက်သောင့်သက်သာမရှိခြင်း
- အကျိအချွဲများကျခြင်း၊ ယားယံခြင်းတို့ ဖြစ်ပါတယ်။

အစောပိုင်းရောဂါလက္ခဏာပြစဉ်ကတည်းက ဆရာဝန်များနှင့်ကုသမှုမရှိတဲ့အခါမှာတော့ ရောင်ရမ်းနေတဲ့ သွေးပြန်ကြောလေးတွေဟာ သွေးခဲပြီး လိပ်ခေါင်းဖု ပုပ်သွားခြင်း၊ ပြင်းပြင်းထန်ထန် နာကျင်မှုခံစားခြင်းနှင့်စအိုကင်ဆာဖြစ်ခြင်းတွေအထိ ဒုက္ခပေးနိုင်တာကြောင့် PPH ကုထုံးနဲ့ အမြန်ဆုံး အမြစ်ပြတ်ကုသသင့်ပါတယ်။

ဒါ့ကြောင့် လိပ်ခေါင်းရောဂါ ခံစားနေရရင် အခြေအနေပြင်းထန်တဲ့အထိ စောင့်ဆိုင်းမနေဘဲ ပိုမဆိုးခင် အခုပဲ ကျွမ်းကျင်ဆရာဝန်နှင့် တိုင်ပင်လိုက်ပါနော်။

မြတ်အထူးကုဆေးခန်းမှာ နာကျင်မှုနည်းပါးပြီးမြန်မြန်သက်သာတဲ့ အမေရိကန်ထုတ် PPH စက်ကြီးတွေနဲ့ ဝါရင့်အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကုသပေးနေပါတယ်။ လိပ်ခေါင်းနဲ့ နောက်ဆက်တွဲပြဿနာကင်းဝေး ဖို့မြတ်အထူးကုဆေးခန်းမှာအခုပဲလာရောက်ပြသလိုက်ပါနော်။

မြတ် ဆေးကုခန်း - Myat Clinic
===============================
အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#လိပ်ခေါင်းရောဂါ #အတွင်းလိပ်ခေါင်း #အပြင်လိပ်ခေါင်း #ဝမ်းချုပ်ခြင်း

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection - UTI)...
01/08/2025

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection - UTI) ဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဘက်တီးရီးယားပိုးမွှားတွေ ဆီးလမ်းကြောင်းထဲဝင်ရောက်ပြီး ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ရသည့် အကြောင်းရင်းများ
- ဘက်တီးရီးယားပိုးဝင်ခြင်း
- ဆီးအိမ်ကို ကောင်းစွာ မသန့်စင်ခြင်း
- ရေသောက်နည်းခြင်း
- ဆီးအောင့်ထားခြင်း
- ကိုယ်ဝန်ဆောင်ချိန်
- သွေးဆုံးပြီးအမျိုးသမီးများ ဆီးခုံသားအိမ်နဲ့ ဆီးအိမ်အနေအထား ပြောင်းလဲခြင်း
တို့ပဲဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာများ
- ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်ခြင်း
- ဆီးခဏခဏ သွားချင်စိတ်ဖြစ်ခြင်း
- ဆီးအရောင်နီညိုရောင် (သွေးပါခြင်း)
- ဗိုက်အောက်ပိုင်း နာကျင်ခြင်း
- ဆီးနံ့ပြင်းခြင်း
- ချမ်းတုန်ဖျားခြင်း တို့ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာပြင်းထန်ပါက ဆရာဝန်နှင့် ပြသပြီး စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဂရုမစိုက်ဘဲ ထားပါက ကျောက်ကပ်ထိခိုက်နိုင်တာကြောင့် စောစီးစွာ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

မြတ်ဆေးကုခန်းတွင် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကို အနှစ် ၂၀ ကျော်အတွေ့အကြုံရှိသော ဆရာဝန်ကြီး ၊ ဆရာဝန်မကြီးများကိုယ်တိုင် ကုသပေးလျှက်ရှိသည့်အပြင် နိုင်ငံတကာအဆင့်မီ နည်းပညာများ အသုံးပြုကာ ကုသပေးလျှက်ရှိပါသည်။

မြတ်အထူးကုဆေးခန်း - Myat Clinic
===============================
အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#ဆီးလမ်းကြောင်းပိုးဝင်ခြင်း #ဆီးကျိတ်ကင်ဆာ #ဆီးကျိတ်ကြီးခြင်း #ဆီးကျောက်တည်ခြင်း

လိင်အင်္ဂါကြွက်နို့ နဲ့ ကင်ဆာရောဂါ ဖြစ်ပွါးစေနိုင်တဲ့ HPVလိင်အင်္ဂါ ကြွက်နို့ဆိုတာ လိင်အင်္ဂါမှာ ထွက်ပေါ်လာတဲ့ အဖုပျော့မ...
01/08/2025

လိင်အင်္ဂါကြွက်နို့ နဲ့ ကင်ဆာရောဂါ ဖြစ်ပွါးစေနိုင်တဲ့ HPV

လိင်အင်္ဂါ ကြွက်နို့ဆိုတာ လိင်အင်္ဂါမှာ ထွက်ပေါ်လာတဲ့ အဖုပျော့များဖြစ်ပါတယ်။ ဒီအဖုလေးတွေဟာ နာတာ၊ နေမထိထိုင်မသာဖြစ်တာ၊ ယားတာမျိုးဖြစ်စေတတ်ပါတယ်။ဒီအဖုတွေဟာ အလွန်သေးငယ်ပြီးမမြင်နိုင်လောက်တာမျိုးလဲရှိပါတယ်။

အရောင်အနေနဲ့လဲ အသားအရောင်နဲ့ ထပ်တူကျနေတာ (သို့) နဲနဲအရောင်ပိုရင့်တာမျိုး၊ ပန်းဂေါ်ဖီပွင့်လို ထိပ်ဖက်မှာ ဖွာနေတာမျိုး ဖြစ်တတ်သလို ထိပ်တုံးတုံးကြီးဖြစ်နေတာမျိုးလဲ ရှိပါတယ်။ တစ်လုံးထဲ ထွက်ပေါ်လာတာရှိသလို အစုလိုက်ထွက်ပေါ်တာမျိုးလဲရှိပါတယ်။

လိင်အင်္ဂါကြွက်နို့ ဟာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့ Human Papillomavirus (HPV) ရောဂါပိုးကြောင့် ဖြစ်ရတာပါ။HPV ဗိုင်းရပ်စ်ပိုးမှာ မျိုးစိတ်များစွာ ရှိပါတယ်။ ၎င်းမျိုးစိတ်တချို့က လက်နဲ့ ခြေထောက်တွေမှာ ကြွက်နို့တွေဖြစ်လာစေပြီး တခြား မျိုးစိတ်တွေကတော့ လိင်အင်္ဂါကြွက်နို့တွေ ဖြစ်စေပါတယ်။

ဤရောဂါသည် အလွန်အဖြစ်များပီးတော့ အမျိုးသားများထက် အမျိုးသမီးများတွင် ကြွက်နို့ပေါက်နိုင်ချေပိုများပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။

HPVရဲ့ လက္ခဏာတွေကတော့
​♦ သေးငယ်သောအသားရောင်သို့ မီးခိုရောင်ဖုလုံးများ လိင်င်္အဂါတစ်ဝိုက်တွင်ပေါက်ခြင်း
♦ ကြွက်နို့များစုသွားပြီး ပန်းမုန်လာပုံစံ ဖြစ်သွားခြင်း
♦ လိင်အင်္ဂါတစ်၀ိုက်တွင် ယားယံခြင်း ၊မသက်မသာရှိခြင်း
♦ လိင်ဆက်ဆံချိန်တွင် သွေးဆင်းခြင်း စတာတွေဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာကို သိရဖို့ အချိန်ကာလအားဖြင့် လနဲ့ချီ ကြာမြင့်နိုင်သလို နှစ်ချီပြီး ကြာမြင့်တာတောင် ရှိပါတယ်။ ရလဒ်အနေနဲ့ကတော့ ဘယ်အချိန်က HPV ဗိုင်းရပ်စ် ကူးစက်ခံရတာလဲဆိုတာနဲ့ ဘယ်သူ့ထံကနေ ကူးစက်လာတာလဲဆိုတာကို အတိအကျပြောနိုင်ဖို့ ခက်ခဲသွားတာပါ။

လိင်အင်္ဂါကြွက်နို့ရောဂါကို အချိန်တိုအတွင်းမှာပျောက်ကင်းအောင်ကုသချင်တယ်ဆိုရင်တော့ အနှစ် (၂၀) ကျော်အတွေ့အကြုံရှိ အထူးကုဆရာဝန်ကြီးများမှ ခေတ်မီနည်းပညာကုထုံးများဖြင့် ကုသပေးလျက်ရှိတဲ့ မြတ်ဆေးကုခန်းသို့ အမြန်ဆုံးကြွလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေ။

မြတ်အထူးကုဆေးခန်း - Myat Clinic
===============================
📌အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
📲𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
⏰ ဆေးခန်းဖွင့်ချိန်။ ။ Daily 𝟖 𝐀𝐌 to 𝟓 𝐏𝐌

#လိင်အင်္ဂါကြွက်နို့

Address

အမှတ်(၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်းမ၊ ငါးဦးစီးဌာန (မျက်စောင်းထိုး)၊ အင်းစိန်
Yangon
11011

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 05:30
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959670818999

Alerts

Be the first to know and let us send you an email when မြတ် အထူးကုဆေးကုခန်း - Myat Special Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram