ကောင်းကောင်းkkcarautoservice

ကောင်းကောင်းkkcarautoservice Car Automotive Services

12/04/2025

Tomorrow KaungKaung Car Auto Service Wil be close to Myanmar new year day1

08/09/2024

♦ ဂီယာထိုးပြီး လီဘာနင်းပေမဲ့ အင်ဂျင်ဟဲ စက်ပူပြီး ကားသိပ်မသွားတဲ့ ဗားဘော်ဒီ ချက်ဘောပြစ်ချက်များ ♦

Checkball (ဗားဘော်ဒီ ချက်ဘော) များ
သည် valve body အတွက် အရေးပါတဲ့ လုပ်ဆောင်မှု အပိုင်းမှာ ရှိနေပါတယ်။ checkball များက valve body ဟိုက်ဒရောလစ်လမ်းကြောင်းများကို တွန်းခြင်း နဲ့ ဆွဲခြင်း ကို လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ဟိုက်ဒရောလစ်လမ်းကြောင်းအတွက် ခလုတ်တစ်ခုအနေနဲ့ပါ လုပ်ဆောင်ပေးပါတယ်။ ဗားဘော်ဒီရဲ့ forward clutch accumulator checkball က forward clutch ကို ဆီဖိအား ပိုကောင်းသွားအောင် လုပ်ဆောင်ပေးပါတယ်။ checkball ရဲ့ တည်နေရာကတော့ valve body မတူရင် အနည်းငယ်ကွဲပြားမှာ ဖြစ်ပါတယ်။ forward clutch သည် D ဂီယာ ထိုးတဲ့ အချိန်တိုင်း အလုပ်လုပ်တာဖြစ်တာမို့ forward clutch accumulator checkball ကလည်း D ဂီယာ ထိုးတဲ့အချိန်တိုင်း အလုပ်လုပ်ပေးတဲ့ checkball လေးဖြစ်ပါတယ်။ အကယ်၍ P N R ဂီယာ တွေ ပြန်ထိုးရင်တော့ forward clutch အလုပ်မလုပ်တော့တာ ဖြစ်ပြီး ATF fluid လည်း လာရာလမ်းအတိုင်း ပြန်ထွက်လာကာ checkball လဲ release ဖြစ်သွားပါတယ်။ release ဆိုတာ checkball တွေရဲ့ အလုပ်လုပ်တဲ့ အခြေအနေ ၂ မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ release ဆိုတာ ဆီလမ်းကြောင်းပြန်ထွက်သွားတဲ့ အခြေအနေ ၊ apply ကတော့ ဆီလမ်းကြောင်း ဝင်လာတဲ့ အနေထားဖြစ်ပါတယ်။ အကယ်၍ ထို checkball လေး မလုံရင်လဲ ခုနလို လီဘာနင်းပေမဲ့ အင်ဂျင်ပူပြီး ကားထိုင်းနေတဲ့ ပြဿနာရှိပါတယ်။ ကျွန်တော်တို့ရဲ့ စက်ပြင်ဆရာများ ဘေးကင်းကြပါစေ 🙏

#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
16000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
15000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

14/07/2024

🙏စီယာတိုင် ဂန်းတွေရောက်ထားပါတယ်ရှင့်🙏

14/07/2024

ဝပ်ရှော့မှာ ဂျီးဆေးနေရတာကို နိမ့်ကျတဲ့အလုပ်လို့ မခံယူသင့်ပါဘူး။ တချို့ ညီလေးတွေ ဂျီးဆေးတာတို့ ၊ ဂွင်းပေးဂွပေး တောက်တိုမယ်ရ မလုပ်ချင်ကြဘူး။ ကျနော်တို့ WS ပညာစသင်ခါစ ဆရာတွေက ဂျီးဆေးဘာဆေးကို တစ်နှစ် နှစ်နှစ်လောက်လုပ်ခိုင်းတယ် ပြီးမှ ဝပ်ရှော့ပညာကိုသင်ပေးတယ်။ ဆိုလိုရင်းကတော့ ဒီပညာရပ်ကို လေးနက်မှုရှိစေဖို့နဲ့ အခြေခံပိုင်ပြီး အောင်မြင်သွားတဲ့အခါ အောက်ခြေမလွတ်သွားဖို့ ရည်ရွယ်ဟန်တူပါတယ်။ အခုကတော့ဗျာ scan tools ကိုင်ပြီး scope လေးနဲ့ ဟိုဟာလေးစမ်း ဒီဟာလေးစမ်း ဟိုဆင်ဆာလဲ ဒီဆိုလိုနွိုက်လဲ ဒါကိုဘဲ WS ပညာလို့ထင်နေကြတာ ၊ အမှန်က စစ်မှန်တဲ့ ဝပ်ရှော့ပညာရဲ့ အခြေခံက ဂျီးဆေးတာက စတာဘဲ။ တချို့ ဝပ်ရှော့ပညာကျွမ်းတဲ့ကားအုံနာတွေဆို ကားပြင်ရင် သူတို့ကားတွေ ဂျီးတွေပြောင်းဝင်းနေမှကြိုက်ကြတာ 👨‍🔧👍
📌https://t.me/automechanicsbook14

ပိုစ့်‌မတင်တာကြာလို့စုပေါင်းပိုစ့်တင်ခြင်း✌️💪😊☺️😉
10/05/2024

ပိုစ့်‌မတင်တာကြာလို့စုပေါင်းပိုစ့်တင်ခြင်း✌️💪😊☺️😉

Post မတင်တာကြာလို့ စုပေါင်းစုတင်ခြင်း😁😁✌️💪😊😉
10/05/2024

Post မတင်တာကြာလို့ စုပေါင်းစုတင်ခြင်း
😁😁✌️💪😊😉

31/03/2024
21/02/2024

🔴 အင်ဂျင် မိန်းစီးလ် ၂ကောင်မလုံခြင်း နှင့် ဟိမတက်ဘဲ အင်ဂျင်ဝိုင်စားခြင်းပြစ်ချက် 🔴
+++++++++++++++++++++++++++++++++++++
လူပြောသူပြောများနေတဲ့ ဟိမတက်ဘဲ အင်ဂျင်ဝိုင်စားနေတဲ့ ပြစ်ချက် အကြောင်းပြောပြချင်ပါတယ်။ ဟိမတက်ဘူး ဒါပေမဲ့ အင်ဂျင်ဝိုင်စားတယ်။ ဘယ်လိုကြောင့်လဲ? .... ကျွန်တော်တို့ ကားဆရာတွေ မိမိရဲ့ ကားကို သက်တမ်းကြာကြာအသုံးပြုချင်တယ် ဆိုရင် အပေါ်စီးလ် နဲ့ အောက်စီးလ် လုံဖို့လိုအပ်ပါတယ်။ အင်ဂျင်ရဲ့ အပေါ်စီးလ်ဆိုသည်မှာ ဗားစီး (valve seals) ကိုပြောတာဖြစ်ပြီး အောက်စီးလ်ဆိုတာကတော့ မိန်းဝိုင်းစီးလ် (main oil seals) ကိုဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော့် ဝပ်ရှော့ကို ခုတလောလာတဲ့ ကားတော်တော်များများမှာ အပေါ်စီးလ်မလုံတာကြောင့် အင်ဂျင်ဝိုင်လျော့နေတဲ့ ကားတွေ အတော်များများလာကြပါတယ်။ ကရောင်း တစ်စီး အင်ဂျင်အပေါ်စီးလ် ဖြစ်တဲ့ ဗားစီးလ်မလုံတာကြောင့် အင်ဂျင်ဝိုင်ယိုတဲ့ ပြဿနာတစ်ခု ပြင်ပေးခဲ့ဖူးပါတယ်။ ဗားစီးမလုံရင် အင်ဂျင်ဝိုင်က လေလို ပြာလို ပျောက်ကွယ်သွားတက်ပါတယ်။ အင်ဂျင်ဝိုင်က ဘယ်ရောက်မှန်းမသိဘူး။ အယိုအစိမ့်လည်း တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ အင်ဂျင်ဝိုင်လျော့သွားတာတော့ အမှန်ပါ။ တိုက်ပစ်စီးလ်တွေ မလုံရင်တော့ အင်ဂျင်ဝိုင် ယိုနေမှန်း သိနိုင်တယ်။ ဗားစီးလ်တွေက သက်တမ်းအလိုက်အသုံးပြုရတဲ့ ပစ္စည်းမျိုးပါ။ သူ့ရဲ့ သက်တမ်းက အကြမ်းဖျင်း ကီလို ၁၅၀၀၀၀ အထက် အသုံးပြုနိုင်ပါတယ်။ ဗားစီးလ်တွေ မကောင်းရင် သိသာစေတာက အင်ဂျင်ဝိုင်မီးခိုးတွေ့ရတတ်ပါတယ်။ စစနိုးချင်းနဲ့ဝိတ်နဲ့ရုန်းတဲ့ အနေထားတွေမှာ အင်ဂျင်ဝိုင်ယိုတဲ့ အနေထားပေါ်မူတည်ပြီး မီးခိုးပြာလိုက်တတ်ပါတယ်။ ဒါ့အပြင် အဆွဲအရုန်းကျဆင်းတတ်ပါတယ်။ နောက်ပြီး မီးသံထွက်တာတို့ ၊ စလိုးအနည်းငယ်မငြိမ်တာမျိုး စတာတွေက ဗားစီးလ်တွေ မကောင်းရင် လက္ခဏာ တွေပါဘဲ။ ကားတိုင်းမှာတော့ အဆိုပါပြစ်ချက်တွေ ပြချင်မှ ပြလိမ့်မယ်။ ဒါပေမဲ့ ဗားစီးလ်တွေကတော့ ပျက်စီးနိုင်ပါတယ်။ တိုက်ပစ်စီးလ်တွေ မလုံရင်တော့ အင်ဂျင်ဝိုင်ယိုရုံကလွဲပြီး တခြားပြဿနာတွေ မတွေ့ရပါဘူး။ မိန်းအဝိုင်းစီးလ်တွေကလဲ ထို့နည်းတူစွာ သက်တမ်းနဲ့ သွားတဲ့ ကောင်တွေ ဖြစ်ပါတယ်။ မိန်းအဝိုင်းစီးလ်တွေကလဲ မလဲလှယ်ဘဲ ပေမောင်းနေခဲ့ရင် အချိန်တစ်ခုကြာတဲ့အခါ ဘယ်ရာဖမ်းပြီး အင်ဂျင်ထိသွားနိုင်သည် အထိပြစ်ချက်ကြီးပါတယ်။ ပုံမှန် အင်ဂျင်အကောင်သေးတဲ့ ကားတွေမှာ သိပ်ပြီး ခဲရာခဲစစ်မရှိပေမဲ့ အကောင်ကြီးတဲ့ ကားတွေမှာ မိန်းအဝိုင်းစီးလ်ကတော့ လန်ခရူဆာ V8 နဲ့လာတဲ့ ကောင်တွေ မိန်းအဝိုင်းစီးလ်လဲရင် အချိန်ပေးရတယ်။ အချိန်ကြာတယ်။ ကျွမ်းကျင်တဲ့ မဂ္ဂင်းနစ်တွေနဲ့ ပြုပြင်မှသာ အဆင်ပြေနိုင်မယ်။ အဝိုင်းစီးလ်ထည့်တဲ့အခါ သေချာထည့်ဖို့လိုလိမ့်မယ်။ ဌာန်ကရိုင်းမကျလို့ အဝိုင်းစီးလိပ်နေတာမျိုး သေချာမထည့်မိရင် တိုင်ပတ်တက်တယ်။ အောက်တခါးက နည်းနည်းလက်ဝင်တယ်လို့ပြောရမယ်။ တိုက်ပစ်စီးလဲတာကတော့ လွယ်ပါတယ်။ oil seals (အဝိုင်းစီးလ်) တွေလဲလှယ်တဲ့အခါ အရည်သွေးမြင့်တဲ့ ပစ္စည်းမျိုးတွေ သုံးသင့်တယ်။ အရည်အသွေးနိမ့်တဲ့ ပစ္စည်း ၊ အာမခံချက်နည်းတဲ့ ပစ္စည်းမျိုးတွေကို စျေးသက်သာရင်ပြီးရောဆိုပြီး လဲလိုက်ရင် အချိန်မတိုင်ခင် ပျက်စီးပြီး အင်ဂျင်ဝိုင်ယိုတဲ့အခါ မတော်လို့ သတိမပြုမိရင် အင်ဂျင်ပါအထိနာတက်တယ်။ ဒါ့ကြောင့် ကားဆရာများအနေဖြင့် အပေါ်စီးလ်လည်းဂရုစိုက် ၊ အောက်စီးလ်လည်း သတိမမေ့သင့်ပါကြောင်း message ပေးရင်း ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ထမင်းရှင် ကားလောကသားများ ဘေးကင်းကြပါစေဗျာ 🙏

မှတ်ချက် ။ ပုံမှာ တိုက်ပစ်စီးကို အပေါ်စီးလ်ကို ဗားစီးလ် (သို့) valve steam seals လို့သုံးထားပါတယ်။ နောက်ကရိုင်းရှပ်စီးလို့လည်း မိန်းဝိုင်းစီးလ်ကို ခေါ်တာလည်းရှိပါတယ်။

#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ဒေါ်လာကြောင့်နိင်ငံခြားစက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းဈေးနူန်းအသက်သာဆုံးနဲ့လက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ် (အသစ်ထွက်)
13000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်
13000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားဝါယာရိန်း&ECUစာအုပ်
10000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
12000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်
13000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
13000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

📌 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

2024နှစ်ဆန်းပြုပြင်ပေးဖစ်ခဲ့သောကားများ
17/01/2024

2024နှစ်ဆန်းပြုပြင်ပေးဖစ်ခဲ့သောကားများ

28/10/2023

29.10.2023 ဆိုင်တရက်ပိတ်ပါမည်🙂

၈လပိုင်း၉လပိုင်းအတွင်းပြုပြင်ပေးခဲ့ကားလေးများ😉😉😉🚗🚙🚎🚌
25/09/2023

၈လပိုင်း၉လပိုင်းအတွင်းပြုပြင်ပေးခဲ့ကားလေးများ😉😉😉🚗🚙🚎🚌

Address

134th Street MaUGone Qtr
Yangon

Telephone

+959426221717

Website

Alerts

Be the first to know and let us send you an email when ကောင်းကောင်းkkcarautoservice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကောင်းကောင်းkkcarautoservice:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram