Doh Clinic- ဒို့ဆေးခန်း နှင့် ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Doh Clinic- ဒို့ဆေးခန်း နှင့် ဆေးဆိုင်

Doh Clinic- ဒို့ဆေးခန်း နှင့် ဆေးဆိုင် We understand that everyone is unique & every patient is different,that's what makes us different.

လက်ဆောင်ယူအလှူ
30/03/2025

လက်ဆောင်ယူ
အလှူ

Afrin- pediatric (ကလေး) 10boxအကုန်ယူ ၂ သောင်းကျပ်
30/03/2025

Afrin- pediatric (ကလေး)
10box

အကုန်ယူ ၂ သောင်းကျပ်

Kremil-s ( pink) 100 tab (3box) (25*4 tab )25000 per boxexp- Oct -2025
30/03/2025

Kremil-s ( pink)
100 tab (3box)
(25*4 tab )

25000 per box
exp- Oct -2025

Alerday120 (5*2*10 tab) exp - aug 2025(35,000ks )
30/03/2025

Alerday120 (5*2*10 tab)
exp - aug 2025
(35,000ks )

23/08/2024

၁ကဒ်စျေး = 2000 ks

စိတ်ချ ဆေးကဒ်

22/08/2024

Pai B1 (2ml*10amp) 10box 1800ks/bx
june /2026-

Tranexamic acid inj 500mg IM/IV 5ml 1700/amp
july/2025 8amp

Tranexamic acid inj 250mg IM/IV 5ml
11/2026 4amp

Pai K3 (1ml*10amp) 10box 1500ks/bx
april/2025

Diclo Denk 75mg inj ( 4 box) 15000/bx
April/2025

Todol 30 inj (1*5amp )( 4 box)
may/2025

Prometil 1ml*10amp ( 3 box)
may/2026

fusid inj ( 2* 5 amp) 10000ks
exp mar/2025

22/08/2024

Vitahome 2700/stp
04/2025

Revital Ginseng Plus 6000/stp
Dec/2024

Oramin F 32000ks
11/2024

Oramin G 30000ks
10/2024

Enpott 500Mg (sun pharma) 65000
Oct/2025

B6 မဟုတ်သော B6 ကဒ်ပျော့======================သင်ဟာအကြောင်းအမျိုးမျိုးကြောင့် အဝေး ပြေးကွင်းကိုရောက်လေ့ရှိတဲ့သူဆို B6 ကဒ်...
11/01/2024

B6 မဟုတ်သော B6 ကဒ်ပျော့
======================
သင်ဟာအကြောင်းအမျိုးမျိုးကြောင့် အဝေး ပြေးကွင်းကိုရောက်လေ့ရှိတဲ့သူဆို B6 ကဒ်ပျော့ (B6 မဟုတ်) နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ

အဝေးပြေးကားဘေးမှာ ကားမူးပြေဆေး B6 ဘီစစ် ဆိုပြီးလိုက်ရောင်းနေတဲ့ ဆေးကဒ်ပျော့အကြည်ရောင်ထဲက ဆေးအဝါရောင်အလုံးလေးတွေကို သင်ဝယ်သောက်ဘူးကောင်း ဝယ်သောက်ဘူးပါလိမ့်မယ်။

ကားမူးပြေဆေးဆို‌တာတော့မှန်ပါတယ်။ ဒါပေမယ့် B6 လို့ပြောလိုက်ရင်တော့ တက်တက်စင်အောင်လွဲ‌ပါတော့တယ်။

သူရဲ့ နာမည် အစစ်အမှန်ကတော့ Dimenhydrinate ဖြစ်ပါတယ်။ သူဟာ Motion sickness လို့ခေါ်တဲ့ ကားမူး လှေမူးတာ အတွက်တော့ အသုံးဝင်တဲ့ဆေးပါ။ ကား ရထား သင်္ဘော မထွက်ခင် နာရီဝက်အလိုလောက်မှာ ကြိုသောက်ထားရင် ခရီးထွက်တဲ့အခါ မူးရမယ့်အစား မှေးခနဲ မှေးခနဲ သာဖြစ်ပြီး အန်ချင်တာကိုလည်း သက်သာစေပါတယ်။

B6 ရဲ့နာမည်အရင်းကတော့ Vitamin B6 or Pyridoxine ဖြစ်ပါတယ်။ သူဟာလဲ အမူးအမော်သက်သာစေဖို့ အထောက်အကူပြုပါတယ်။

ဒီဆေးနှစ်ခုရဲ့ပုံပန်းသွင်ပြင်ကလည်း စာမပါရင် ချွတ်စွတ်တူပါတယ်။ နှစ်ခုလုံးက အဝါရောင်အလုံးသေးသေးလေးတွေပါ။

သူတို့နှစ်ခုရဲ့ကြားမှာသိသင့်တဲ့ကွာခြားချက်
‌☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️

တကယ်တမ်း ဒီဆေးနစ်ခုတာ အမူးအမော်သက်သာတာရယ် အဝါလုံးချင်းတူတာရယ်ကလွဲရင် ဘယ်နေရာမှ မတူပါဘူး။

ရေမှာပျော်ဝင်နိုင်တဲ့ B6 ဟာများများသောက်ရင် ရူးရူးဝါလာတာကလွဲလို့ဘာမှ အန္တရာယ်မရှိပါ။

သို့သော် ဇာတ်လိုက်ကြော်ကြီး B6 ကဒ်ပျော့ (B6 မဟုတ်) Dymenhydrinate ‌ကတော့ များများသောက်မိရင် ဂစ်ဂစ် ဂစ်ဂစ်နေအောင် တက်တတ်ပါတယ်။

ရပ်ကွက်ထဲကပြဿနာ
=================
ကားစီး ရထားစီး ခရီးသည်တွေ အနေနဲ့ကတော့ တစ်လုံးလောက်ထပ်ပိုသောက်တာ ရှားတဲ့အတွက်ပြသနာမဖြစ်ပေမယ့် တကယ်ပြသနာဖြစ်လာတာကတော့ ရပ်ကွက်ထဲက ဆေးဆိုင် ဆေးခန်းတွေကိုပါ ဒီအခေါ်အဝေါ်ကရောက်လာပြီး တကယ့် ဘီစစ်သောက်ရမယ့်သူတွေကပါ ဒါကို B6 အစစ်အမှန်ထင်ပြီးသောက်လာကြတာပါ။

အထူးသဖြင့် TB ရောဂါရှိသူတွေလို ဘီစစ်အစစ်အမှန်ကို ဆွဲသောက်‌‌နေ‌‌ရသူတွေဟာ ဒါကိုမှားပြီးသောက်နေမယ်ဆိုရင် အဆင်မပြေပါဘူး။
အန္တရာယ်မဖြစ်ရင်တောင် လိုအပ်တဲ့အာရုံကြောအားဖြည့်စေတဲ့ အကျိုးအာနိသင်ကိုဆုံးရှုံးပါတယ်။

ဒါကြောင့် သောက်သုံးတဲ့သူတွေဟာလဲ ဒါဟာ B6 မဟုတ်ဘူးဆိုတာကို သိပြီးရှောင်ကြင်သင့်သလို

ဆေးဆိုင်တွေ ဆေးခန်းဆေးပေးသူတွေ အနေနဲ့လည်း B6 ကဒ်ပျော့ ပေးပါလို့ လာဝယ်သူတိုင်းကို ရော့အင့်လို့မရောင်းလိုက်ပဲ ဒါဟာ B6 မဟုတ်ကြောင်း‌တော့ရှင်းပြပေးသင့်ပါတယ်။

B6 အစစ်အမှန်ဟာဘူးလိုက်လာလေ့ရှိပြီးဈေးနှုန်းလဲပိုသက်သာလေ့ရှိပါတယ်။
B6 အစစ်အမှန်ကိုသောက်သုံးနိုင်ကြပါစေ



credit

ကရင်နှစ်သစ်ကူးနေ့မှာ ကရင် အမျိုးတို့ ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
11/01/2024

ကရင်နှစ်သစ်ကူးနေ့မှာ ကရင် အမျိုးတို့ ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



အဖျားနှင့် ပါရာစီတမောကလေးကိုယ်ပူခြင်းသည် ကိုယ်ခန္ဓာတုံ့ပြန်မှုတစ်ခုဖြစ်လို့ ကိုယ်နည်းနည်းပူတိုင်း ပါရာစီတမောတိုက်စရာမလို...
09/01/2024

အဖျားနှင့် ပါရာစီတမော

ကလေးကိုယ်ပူခြင်းသည် ကိုယ်ခန္ဓာတုံ့ပြန်မှုတစ်ခုဖြစ်လို့ ကိုယ်နည်းနည်းပူတိုင်း ပါရာစီတမောတိုက်စရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်ပူချိန်တအားတက်ပြီး ကလေး နုံးမယ် မှိန်းမယ် ဂျီကျမယ်ဆိုရင်တော့ ကိုယ်ပူချိန်ကျအောင် ပါရာစီတမောတိုက်နိုင်ပါတယ်။တချို့ ကလေးများသည် ဖျားပေမဲ့ လန်းနေ ဆော့နေလျှင် ဆေးမလိုပါ။ ဖျားမှာစိုးလို့ ကြိုတိုက်တာမျိုး၊ ၄နာရီတိုင်း တိုက်နေတာမျိုး ရှောင်သင့်ပါတယ်။၅-၆ နာရီတစ်ခါလောက်ပဲတိုက်သင့်ပါတယ်။ ပါးစပ်ကတိုက်နိုင် သောက်နိုင်သားနဲ့ စအိုထဲ ထည့်တာမျိုးလည်း လုံးဝရှောင်သင့်ပါတယ်။

ပါရာစီတမောကြောင့်အဖျားဟာလုံးဝအမြစ် ပြတ်သွားတာမဟုတ်ဘဲ ကလေးယာယီသက်သာအောင်ပေးရတာသာဖြစ်တဲ့အတွက် သက်သာနေတဲ့ကလေးကို ဆေးတိုက်စရာမလိုပါဘူး။

ပါရာစီတမောလိုဆေးတွေတိုက်ရာမှာ သတိပြုသင့်တာ နောက်တစ်ခုက ဆေးရည်တွေရဲ့ပါရာစီတမောပါဝင်မှု အမျိုးအစားပါ။ ပါရာစီတမောတိုင်းကို ပုံသေမှတ်ပြီး ပမာဏ အတူတူ မသောက်သင့်ပါဘူး။ ညှစ်ပြီး အစက်ချတိုက်ရတဲ့ အမျိုးအစားကပါရာစီတမောပါဝင်မှု ပိုများလို့ နည်းနည်းပဲ တိုက်ရပါတယ်။ 1 ml မှာ 100mg ပါတာများပါတယ်။ အခြားပုလင်းကြီးတွေ က 125/5 ml, 250/5ml စသည်ဖြင့် မျိုးစုံ လာပါတယ်။ 125 အားဆိုရင် 1 ml မှာ 25 mg ပါပြီး 250 အားဆိုရင် 1ml မှာ 50mg ပါပါတယ်။ ဒါ့ကြောင့် ပါရာစီတမောမြင်တိုင်း ရမ်းမတိုက်သင့်ပါဘူး။ ဆေးပုလင်းမှာရေးထားတဲ့ အသက်အလိုက် တိုက်တာလဲ မှားနိုင်ပါတယ်။

အမှန်ကန်ဆုံးကတော့ ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ ချိန်ဆပြီး တိုက်တာပါ။ အောက်မှာ ကလေးရဲ့ ကိုယ်အလေးချိန်၊ ပါရာစီတမော အမျိုးအစားနဲ့
တိုက်သင့်တဲ့ ပမာဏ တွေ ပူးတွဲပြထားပါတယ်။

Ibuprofen လို့ လို့ခေါ်တဲ့ဆေးတစ်မျိုးကိုလည်းအဖျားကျဖို့သုံးပါတယ်။အထူးသဖြင့်နိုင်ငံခြားတွေမှာပိုသုံးပါတယ်။ မြန်မာပြည်မှာတော့ကျွန်တော်တို့သုံးရတာနည်းနည်း ကြောက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သွေးလွန်တုတ်ကွေးမှာသုံးမိရင် အန္တရာယ်ရှိလို့ပါ။ဒါကြောင့် သွေးလွန်တုပ်ကွေးမဟုတ်မှန်းသေချာမှသုံးသင့်ပါတယ်။

" ရင်ပူခြင်း ( Heartburn) "ရင်ပူတယ် ( Heartburn)လို့ လူနာတွေ ပြောလေ့ရှိတဲ့စကားလုံးက ရင်ထဲမှာပူလောင်ပြီး မအီမသာဖြစ်တဲ့ ရေ...
08/01/2024

" ရင်ပူခြင်း ( Heartburn) "

ရင်ပူတယ် ( Heartburn)လို့ လူနာတွေ ပြောလေ့ရှိတဲ့စကားလုံးက ရင်ထဲမှာပူလောင်ပြီး မအီမသာဖြစ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ ရောဂါနာမည်ရယ်တော့ မဟုတ်ဖူးပေါ့။

ရင်ပူတယ်လို့ပြောတဲ့လူနာတွေကို သေချာမေးကြည့်လိုက်ရင် ပါးစပ်ကလည်းချဉ်တယ်လို့ ဖြေတတ်ကြပါတယ်။ ဒါဟာ အစာအိမ်ကနေ ပြောင်းပြန် ပါးစပ်ထဲကိုရောက်လာတဲ့ အက်စစ်ကြောင့် အချဥ်အရသာ ဖြစ်နေတာပါ။

ရင်ပူတာရဲ့ တရားခံဟာ အစားအစာတစ်ချို့နဲ့ အစာမကြေတာကြောင့်ဖြစ်တယ်လို့ ပြောကြပြီး ဆေးပညာစကားလုံးအရ " indigestion" ဒါမှမဟုတ် " dyspepsia" လို့ခေါ်ပါတယ်။

🔺ဘာကြောင့် ရင်ပူရတာလဲ ?

အစာအိမ်ထဲမှာရှိတဲ့ အစာခြေရည်အက်ဆစ်တွေနဲ့ ရောနေတဲ့အစာတွေက အစာရေမျိုပြွန်(esophagus)နဲ့ တစ်ခါတစ်ရံ လည်ချောင်းထဲထိ ပြောင်းပြန် ပြန်တက်လာလို့ ပါးစပ်ချဉ်တယ်၊ ရင်ပူတယ်ဆိုပြီး ဖြစ်ရတာပါ။

အစာအိမ်နဲ့ အစာရေမျိုပြွန်အစပ်မှာရှိတဲ့ ကြွက်သားကွင်းနဲ့လုပ်ထားတဲ့အဆို့ဟာ အပြည့်မပိတ်တော့လို့ အက်စစ်ပါတဲ့အစာတွေက ပါးစပ်ထဲထိ ပြန်ရောက်လာတာဖြစ်ပါတယ်။

အစာအိမ်နဲ့ အူသိမ်ပိုင်းအနာ ( peptic ulcer)တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

အစာအိမ်အပေါ် ပိုင်းက ဝမ်းဗိုက်မှာရှိရမယ့်အစား ရင်ဘတ်ထဲကို ပြန်ကျွံဝင်တဲ့ရောဂါ (Hiatus hernia) မှာလည်း ဖြစ်တတ်ပါတယ်။

🔺ရင်ပူခြင်းကို ဖြစ်စေတဲ့ အချက်တွေက.…

- ဂေါ်ဖီထုတ်၊ ကြက်သွန်နီ၊ သခွားသီး၊ မဆလာဟင်း စတဲ့ တစ်ချို့အစားအစာတွေနဲ့ ဝိုင်၊ ဘီယာ၊ ကော်ဖီနဲ့ ကာဗွန်ပါတဲ့ တစ်ချို့သောက်စရာတွေ

- အစာကို မြန်မြန်စားမိတာ (ဒါမှမဟုတ်) အများကြီးစားမိတာ

- ပီကယ် အကြာကြီးဝါးတာ

- စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတဲ့အခါ

- ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုနဲ့ အဝလွန်တဲ့သူတွေ အပြင်

- တစ်ချို့ဆေးတွေ(ဥပမာ - လေးဘက်နာ မှာ သုံးတဲ့ဆေး၊ aspirin) သောက်သုံးနေတဲ့သူတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။

🔺ဘယ်လို စမ်းသပ်မှုတွေ လုပ်လို့ရလဲ ?

များသောအားဖြင့် စမ်းသပ်မှုတွေ မလိုအပ်ပါဘူး။

ဒါပေမယ့် အ​မြဲလိုလို ရင်ပူတာရှိနေပြီး အစာအိမ်အနာဖြစ်တယ်လို့ ဆရာဝန်က သံသယရှိရင်တော့ ဓာတ်မှန်(X-ray) (ဒါမှမဟုတ်) အစာအိမ်မှန်ပြောင်းကြည့်တာ (gastroscopy) လုပ်ရတတ်ပါတယ်။

🔺ရင်ပူတာမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရလဲ ?

ရှောင်ရန်တွေကတော့....

• အစာကို မဝါးဘဲ မျိုချတာ

• မတ်တတ်ရပ်ပြီး စားတာ

• ဆေးလိပ်သောက်တာ

• အဆီများတဲ့ အစာတွေ စားတာ

• ပူစပ်တဲ့ အ​စာတွေ စားတာ

• အစာ အများကြီး စားတာ

• အလုပ်လုပ်ရင် ခါးကိုင်းပြီး ရှေ့ကိုကုန်းအလုပ်လုပ်တာ

• ဝမ်းသွားတဲ့အခါ အားသုံးပြီး ညှစ်ချတာ

• အစာစားရင်း ဝိုင်သောက်တာ

• ပူလောင်စေတဲ့ အစာတွေ စားတာ

• ညအခါ ကော်ဖီ (သို့မဟုတ်) အရက်သောက်တာ

ဆောင်ရန်တွေကတော့....

- အစာကို ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေး စားတာ

- ထိုင်ပြီး စားတာ

- ပူလောင်စေတဲ့ အစာတွေကို ရှောင်တာ

- အစာကို အသင့်အတင့်စားတာ

- ခါးရှေ့ကိုင်း အလုပ်လုပ်မယ့်အစား ဆောင့်ကြောင့် ထိုင်အလုပ်လုပ်တာ (squat)

- ဝမ်းသွားရင် ပုံမှန်အတိုင်း သွားတာ

- စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျှော့ချတာ

- အစာ စားပြီးပြီးချင်း နာရီဝက်လောက် အနားယူတာ

- အရက်လျှော့သောက်တာ

- အိပ်ယာမဝင်ခင် အနည်းဆုံး (၁) နာရီ အလိုမှာ စားတာ

🔺ဘယ်လို ကုသရမလဲ?

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုအကျိုးရှိတာမို့ အပေါ်မှာဖော်ပြထားတဲ့ ကာကွယ်ဖို့အကြံပြုချက်တွေကို လိုက်နာပါ။

ကိုယ့်ကို ရင်ပူစေတဲ့အရာတွေကို ကိုယ်တိုင်သတိထားပြီး တတ်နိုင်သလောက် ရှောင်ပါ။

ရင်ထဲက ပူလောင်လာသလိုခံစားရပါက ညအိပ်ရာမဝင်ခင်မှာ antacid သောက်ပါ။

ကိုယ့် ကိုယ်အလေးချိန်ကို ပုံမှန်အလေးချိန်ဖြစ်အောင်ထိန်းပါ ( အဝမလွန်ပါစေနဲ့)

ဒါတွေ လုပ်တာတောင် မသက်သာရင်တော့ ဆရာဝန်နဲ့ပြပါ။ တခြားစမ်းသပ်မှုတွေနဲ့ ကုသမှုတွေ လိုအပ်နိုင်ပါတယ်။ ဆရာဝန်က အစာအိမ်ထဲမှာရှိတဲ့ အက်စစ် ပမာဏကိုလျှော့ချဖို့ တစ်ခြားဆေးတွေ ပေးပါလိမ့်မယ်။

Crd to Original Post

ကလေးငယ် နှင့် ဝမ်းပျက် ဝမ်းလျော ရောဂါ အကြောင်း
07/01/2024

ကလေးငယ် နှင့် ဝမ်းပျက် ဝမ်းလျော ရောဂါ အကြောင်း

Address

Yangon
00000

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959257885566

Alerts

Be the first to know and let us send you an email when Doh Clinic- ဒို့ဆေးခန်း နှင့် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Doh Clinic- ဒို့ဆေးခန်း နှင့် ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram