Phyu PhyuWin

Phyu PhyuWin မိတ်ဆွေများရှင့် စီးပွားရေးနှင့်ကျန်းမာ‌‌ ရေး ပတ်သက်သည်များကို chat box တွင်ဆက်သွယ်နိုင်ပါတယ်ရှင့်။

12/06/2023

#သံဗုဒ္ဓေဂါထာတော်🙏

ဘယ်လိုမှ ကံမကောင်းတော့ပါဘူး
ကံဆိုးလွန်းလို့ သတ်သေချင်ပါတယ်ဆိုရင်

သံဗုဒ္ဓေ ဂါထာကို တနေ့ အကြိမ် #တစ်ထောင် ရွတ်ပါ ။
ဒါက နောက်ဆုံးပိတ်ယတြာပါတဲ့ ။

တလပြည့်တာနဲ့ ဒုက္ခကင်းဝေးပြီး စျိတျခမျြးသာရပါလိမျ့မယျ ။

တချို့ကပြောကြတယ်

သမ္ဗုဒ္ဓေဂါထာအခေါက် ၁၀၀၀ ရွတ်တာ
ဘာအကျိုးရသလဲတဲ့

အဲဒီလောက်ကြီးရွတ်တာ တကယ်ရောအကျိုးရှိရဲ့လား
တကယ်ရောရွတ်နိုင်ကြတာလားတဲ့

သမ္ဗုဒ္ဓေဂါထာရွတ်တဲ့အတွက်
မမြင်ရတဲ့အကျိုးတွေလည်းရသလို
မြင်ရတဲ့အကျိုးတွေလည်းရှိပါတယ်

တချို့ကောင်းကျိုးချမ်းသာတွေက
ရရှိခံစားရတဲ့ကာယကံရှင်ပဲသိနိုင်လို့ သက်သေပြလို့မရပေမယ့်

သမ္ဗုဒ္ဓေဂါထာအခေါက် (၁၀၀၀) ရွတ်တဲ့အတွက်
သက်သေပြနိုင်တဲ့အကျိုးကျေးဇူးကတော့

(၁) အကျိုးမရှိတဲ့စကားတွေပြောဖို့အချိန်မရှိတော့တာပါ

(၂) အကျိုးမရှိတဲ့အတွေးတွေလည်းမတွေးဖြစ်တော့ပါဘူး

(၃) အင်တာနက်မှာ အလကားအချိန်ကုန်တာမျိုးတွေလည်း မလုပ်ဖြစ်တော့ဘူး

(၄) နေ့စဉ် သမ္ဗုဒ္ဓေဂါထာအခေါက် (၁၀၀၀)ကိုမပျက်မကွက်ရွတ်တဲ့အတွက် ၊ အဲဒီလိုရွတ်တာကလည်းမှန်ကန်တဲ့အတွက် ၊ ကိုယ့်မှာမှန်ကန်တဲ့သစ္စာဆိုစရာအချက်ရလာတယ်။

(၅) သေချာတာကတော့ လောဘ၊ ဒေါသ၊ မောဟတွေအတွက် အချိန်ကုန်စရာမလိုတော့တာပါပဲ။

ခုနစ်ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ။
တရားဓမ္မအဆုံးအမဖြင့် မွေ့လျော်နိုင်ကြပါစေ။🙏🙏🙏
-------------------------------------------------
🙏🙏🙏(သံဗုဒ္ဓေ ဂါထာ ပါဋ္ဌိ အနက်...,,)

သံဗုဒ္ဓေ အဋ္ဌဝီသံ
( သမ်ဗုတ်ဓေ အထဝီသင်စ )

ဒွါဒသဉ္စ သဟဿ ကေ
( ဒွါဒသင်စ သဟသကေ )

ပၪၥႆ တ သဟႆ နိ
( ပင်စ သတ်တ သဟသာနိ )

နမာမိ သိရသာမဟံ
( နမာမိ သိရသာမဟံ )

အပ္ပကာ ဝါဠုကာ ဂင်္ဂါ
( အပ်ပကာ ဝါလုကာ ဂင်ဂါ )

အနန္တာ နိဗ္ဗုတာ ဇိနာ
( အနန်တာ နိတ်ဗုတာ ဇိနာ )

တေသံ ဓမ္မဉ္စ သံဃဉ္စ
( တေသံ ဓမ်မင်စ သံဃင်စ )

အာဒေရ န နမာမဟံ
( အာဒေရ န နမာမဟံ )

နမက်ကာရာ နုဘာဝေ န
( နမက်ကာရာ နုဘာဝေ န )

ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
( ဟိတွာ သတ်ဗေ ဥပတ်ဒဝေ )

အနေကာ အန္တရာယာပိ
( အနေကာ အန်တရာယာပိ )

ဝိနဿန္တု အသေသတော။
( ဝိနတ်သန်တု အသေသတော )

သံဗုဒ္ဓေ ဂါထာတော် အနက်

အဋ္ဌဝီသံ - နှစ်ကျိပ်ရှစ်ဆူကုန်သော၊

ဒွါဒသဉ္စ သဟဿ ကေ - တသောင်းနှစ်ထောင်ကုန်သော၊

ပဉ္စဿ တ သဟဿ နိ - ငါးသိန်းကုန်သော၊

သမ္ဗုဒ္ဓေစ - မြတ်စွာဘုရားသခင်တို့အားလည်းကောင်း၊

အဟံ - အကျွန်ုပ်သည်၊

သိရသာ - ဦးခေါင်းဖြင့်၊

နမာမိ - ရှိခိုးကန်တော့ပါ၏။

ဝါဠုကာ ဂင်္ဂါ - ဂင်္ဂါမြစ်ရှိ သဲပွင့်လေးတို့သည်၊

အပကာ - နည်းလှသေးသည်။

နိဗ္ဗုတာ - နိဗ္ဗာန်ဝင်စံပြီးကုန်သော၊

ဇိနာ - မြတ်စွာဘုရားသခင်တို့သည်ကားမူ၊

အနန္တာ - မရေတွက်နိုင် များလှကုန်၏။

တေသံ - ထိုငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားသခင်တို့နှင့်
ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားသခင်တို့၏။

ဓမ္မဉ္စ - တရားတော်တို့ကိုလည်းကောင်း၊

သံဃဉ္စ - သံဃာတော်တို့ကိုလည်းကောင်း၊

အဟံ - အကျွန်ုပ်သည်၊

အာဒရေန - ရိုသေစွာဖြင့်၊

နမာမိ - ရှိခိုးကန်တော့ပါ၏။

နမက္ကာရာ နုဘာဝေန - ဤသို့ရှိခိုးပူဇော်ရသော
ကုသိုလ်ကံစေတနာကြောင့်၊

သဗ္ဗေ - အလုံးစုံသော

ဥပဒ္ဒဝေ - ဘေးရန်ဟူသမျှတို့ကို၊

ဟိတွာ - ပယ်ဖျောက်၍၊

အနေက အန္တရာယာပိ - များစွာသော အန္တရာယ်တို့ကိုလည်း၊

အသေသတော - အကြွင်းကျန်မရှိသောအားဖြင့်၊

ဝိနဿ န္တု - ပျောက်ပျက်ပါစေသတည်း။

crd #

သေတတ်သည်...သတိထားပါHeat Stroke အပူလျှပ်တဲ့ရောဂါ ...ညနေကတောင်ဖြစ်သေးတယ် တံတွေးခမ်းပြီး လူက မိုက္ကနဲပဲ ရေပြေးသောက်လိုက်မှ ...
31/03/2023

သေတတ်သည်...သတိထားပါ
Heat Stroke အပူလျှပ်တဲ့ရောဂါ ...

ညနေကတောင်ဖြစ်သေးတယ် တံတွေးခမ်းပြီး
လူက မိုက္ကနဲပဲ ရေပြေးသောက်လိုက်မှ သက်သာတယ်

အယ်နီညိုမှာ ဒီရောဂါကြောင့်အများကြီးသေ
နိုင်ပါတယ်။

Heat Stroke အပူလျှပ်တဲ့ရောဂါ ...

ကျွန်တော် ဖြစ်ဖူးပါတယ် ကားစီးနေရင်း
ခန္ဓာ ကိုယ်တစ်ခုလုံးပူလာပြီး ပါးစပ်နှာခေါင်း
မျက်စိတွေကအစပေါ့ ပြီးတော့ ဒီလောက်ပူနေတာ
ချွေးမထွက်ဘူး ခေါင်းတွေမူးခြေတွေလက်တွေတုန်တယ်။

ဖြစ်တာက ဥက္ကံမြို့အကျော်ဖလုံရွာနား
Expressပေါ်မှာ နာရီတွက်ကြည့်မိတော့
နောက်မိနစ်၂၀မှတိုက်ကြီးရောက်တော့မယ်
ရေသန့်ဗူးကိုသောက်ပါတယ် ...
သို့ပေမဲ့ မရ သောက်ပြီးတာနဲ့ ပါးစပ်ထဲမှာ
တံတွေးမရှိတော့ဘူး... ခြောက်ကပ်သွားပါတယ်။

ရေလဲကုန်ပြီမို့ ကား
စပါယ်ယာခေါ်ပြီး
ဓာတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုပြီး
အကူအညီတောင်းတော့ ဓာတ်ဆားနှစ်ထုပ်ရပါတယ်။

သောက်လိုက်တော့ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်...
မူးတာမပျောက် နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ်။

မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပဲ
တိုက်ကြီး မှာဆင်းပြီး အနီးဆုံးဆေးခန်းကို
ကျွန်တော်ပြေးပါတယ်။

ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပြီးသွေးချိန်တော့ ၅၀/၄၀ ကိုကျသွားပါပြီ။

ဆရာဝန် မလေးကချက်ချင်း ဒရစ်ချိတ်ပေးပါတယ်..
ရှင့်ဆုံးဖြတ်ချက်မှန်တယ် ... မဟုတ်ရင်
အသက်အန္တရာယ်နီးတယ်တဲ့။

ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။

သတိရှိလို့ပါ မဟုတ်ရင် သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲ တစ်ကိုယ်လုံး
ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။

ရှက်စရာမဟုတ်ပါ ရေ၊ ဖျော်ရည်၊ သကြားလုံး၊ဓာတ်ဆား ရရာသောက်။

အချိန်မဆွဲပါနဲ့ ရောက်တဲ့နေရာမှာ ဓာတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။
ချက်ချင်းသောက်ပါ...

အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာ...
မသိရင်ဒုက္ခလှလှတွေ့မှာပါ။
သတိထားပေးကြပါ ပေါ့လို့မရပါ။

၁၅ မိနစ်အတောအတွင်း
Body heat ကို ၄၀အောက်ပြန်မချနိင်ရင်
ဆိုးရွားသွားနိင်ပါတယ်။

ရေဖျော်ရည် ဓာတ်ဆားအဓိကပါ...
မဟုတ်တဲ့ ဆေးတွေ လျှောက်တိုက်ရင်
အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာ မဟုတ်ပါ။

ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။
ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။
နီးစပ်ရာလည်းသတိပေးပါ။

လာမှာနော်အယ်နီညိုနဲ့ အတူ Heat Stroke တဲ့

:

17/03/2023

လူ(၃)မျိုး

မင်းဘဝမှာ လူ(၃)မျိုးနဲ့
ဆုံရပါလိမ့်မယ်။

(၁) သစ်ရွက်လိုလူ
(၂) သစ်ကိုင်းလိုလူ
(၃) သစ်မြစ်လိုလူ

ဒီလို လူတွေနဲ့ပါ။

သစ်ရွက်လိုလူ...
*******************

ဒီလိုလူတွေက မင်းဘဝထဲမှာ
ရာသီတစ်ခုနဲ့ ရောက်လာကြတာ။
အားနည်းတဲ့အတွက်
သူတို့ကို အားကိုးလို့မရဘူး။
သူတို့လိုချင်တာသာ
ယူဖို့လာတဲ့အတွက်...
လေတိုက်ရင် ထွက်သွားကြလိမ့်မယ်။
အဆင်ပြေတဲ့အခါ
ဒီလူတွေက မင်းကို ချစ်ပေမယ့်
လေတိုက်တဲ့အခါ
မင်းကို ထားခဲ့လိမ့်မယ်။

သစ်ကိုင်းလိုလူ...
********************

ဒီလိုလူတွေက သန်မာတယ်။
ဒါပေမယ့် သူတို့ကိုလည်း သတိထားရမယ်။
ဘဝက ခက်ခဲလာပြီး
ဝန် အလွန်အကျွံကို မထိန်းနိုင်တဲ့အခါ
ကျိုးပဲ့သွားလိမ့်မယ်။
တစ်ချို့ရာသီတွေမှာ
မင်းနဲ့အတူ ရှိနိုင်ပေမယ့်
ပိုခက္ခဲလာတဲ့အခါ
ဖဲ့ထွက်သွားလိမ့်မယ်။

သစ်မြစ်လိုလူ...
******************

ဒီလိုလူတွေရဲ့ စိတ်ရင်းခံကို
မင်းမြင်ဖို့ အလွန်ခက်ခဲပေမယ့်
သူတို့က မင်းဘဝအတွက်
အလွန်အရေးကြီးပါတယ်။
မင်းဘဝရဲ့
အလွန်ခက်ခဲတဲ့အချိန်ကာလကို
ဖြတ်သန်းနေချိန်မှာ
မင်းအနေအထားကို တည်ငြိမ်မှုရှိအောင်
သူတို့က ဖေးမကူညီထားလိမ့်မယ်။
သူတို့က မင်းကို
တကယ်ချစ်တဲ့သူတွေပါ။

မင်းဘဝမှာ
ဆုံခဲ့ရတဲ့သူတွေ...
ချစ်ခဲ့ရတဲ့ သူငယ်ချင်းတွေ...
အားလုံးကေတာ့
သစ်မြစ်လိုလူချည့် မဟုတ်နိုင်ဘူးပေါ့။
ခက်ခဲတဲ့ကာလမှာ
အတူရှိနေသူတွေကမှ
သစ်မြစ်လိုလူလို့ ဆိုနိုင်မယ်။

သစ်မြစ်လိုလူတွေကတော့
ရာသီမရွေး
မင်းနဲ့အတူ ရှိနေပါလိမ့်မယ်ဟု
ဆိုနိုင်ပါကြောင်း။ ။

#ခီရီဒီးဒ်

အဆင် မပြေရင်_ ဒီလိုလေး -နှလုံးသွင်းလိုက်ပါ     ဘဝမှာ ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာသံသရာအဆက်ဆက်က ပါလာတဲ့ရှေးရေစက်ကြေ...
11/03/2023

အဆင် မပြေရင်_ ဒီလိုလေး -နှလုံးသွင်းလိုက်ပါ

ဘဝမှာ ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ ....။

တချို့က ....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ ...။

တချို့ကတော့ ....
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ ...။

ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့

ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိ ကြရတာပါပဲ ...။

ကိုယ်က ကောင်းပါရဲ့နဲ့ ....

ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ

စော်ကားတာကို ခံရတဲ့အခါ

ငြိုငြင်တာကို ခံရတဲ့အခါ

အထင်လွဲတာကို ခံရတဲ့အခါ

သစ္စာဖောက်တာကို ခံရတဲ့အခါ

ဒီလိုလေး နှလုံးသွင်းလိုက်ပါ ....။

ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ ....
တစ်ခုပြီး တစ်ခု ကျေသွားတယ် လို့ပဲ
သဘောထားလိုက်ပါ ....။

ခံရတဲ့သူက_အဟောင်း_ခံရတာပါ

လုပ်တဲ့သူကသာ_အသစ်_လုပ်နေတာပါ

များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့ လို့
သဘောထားပြီး......

အခြေအနေ တချို့ကို
ကျေနပ် လက်ခံလိုက်ပါ ....။

ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး....

ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ

ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်....

အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့
မျှော်လင့်မိပါတယ် .....။

ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံ

🙏🙏🙏 🙏🙏🙏

ပြီးခဲ့တဲ့ အပတ်က အပြင်သွားခါနီး ရေမိုးချိုးပြီးတော့ ကြက်သားဟင်းလေးနဲ့ ထမင်းစားမယ်ပေါ့၊အနံ့လေးကလဲမွှေး ၊ ဗိုက်ကလဲဆာဆာနဲ့ ...
23/02/2023

ပြီးခဲ့တဲ့ အပတ်က အပြင်သွားခါနီး ရေမိုးချိုးပြီးတော့ ကြက်သားဟင်းလေးနဲ့ ထမင်းစားမယ်ပေါ့၊
အနံ့လေးကလဲမွှေး ၊ ဗိုက်ကလဲဆာဆာနဲ့ ဆိုတော့ Calorie တွေဘာတွေကြည့်မနေတော့ဘူး၊
စားလို့ကောင်းလိုက်တာ ဆိုပြီး အားရပါးရစားချလိုက်တယ်။

စားပြီးသွားတော့ အပြင်သွားတော့မယ်ဆိုပြီး လက်ဆေး ပါးစပ်ဆေး လုပ်တယ်ပေါ့။
အဲဒါနဲ့ ရုတ်တရက် အင်္ကျီအောက်နားလေးမှာ ဘာလေးလဲ မသိဘူး ပေနေတယ် ဆိုပြီး လက်နဲ့ သပ်ကြည့်ပြီး အနံ့ခံလိုက်တာ ခုနက ကြက်သားဟင်းတွေဖြစ်နေတယ်။

ချက်ချင်းဆိုသလိုစိတ်ပျက်သွားပြီး
"ဟာ ခုနကကြက်သားဟင်းတွေပဲ" အင်္ကျီလဲပေ၊ ဟင်းနံ့တွေလဲစွဲပေါ့။

ချက်ချင်း ဆိုသလိုပဲ ခေါင်းထဲတွေးမိတာ
ခုနက စားပွဲ ပေါ်မှာရှိနေတုန်းက အနံ့လေး မွှေးလိုက်တာ စားလို့ကောင်းလိုက်တာ ဆိုပြီး စားတာလဲ ဒီဟင်းပါပဲ၊
အခုကျတော့ အင်္ကျီပေါ်မှာ လာပေနေတော့ ချက်ချင်းရေနဲ့ဆေးချ ဖယ်ရှားချင်တဲ့ပုံစံဖြစ်သွားတယ်။

ကျွန်တော်တို့ နေ့စဉ် ဘဝတွေမှာလဲ ထိုနည်းလည်းကောင်းပါပဲ။
ကိုယ်ရှိနေရမယ့် နေရာမှာမဟုတ်ပဲ မရှိသင့်မရှိအပ်တဲ့ နေရာမှာ ရောက်နေရင် နှာခေါင်းရှုံ့ ပြီးပြစ်တင်ဝေဖန်ခြင်းတွေခံရမှာဖြစ်ပါတယ်။

သင်ကိုယ်တိုင်ရော ဘယ်ပတ်ဝန်းကျင်မှာနေနေလဲ။
သင့်ကိုအားပေးထောက်မဝန်းရံပေးတဲ့ အသိုင်းအဝိုင်းမှာလား။
ဘာလုပ်လုပ် ကဲ့ရဲ့ပြစ်တင်ဝေဖန်နေတဲ့ အသိုင်းအဝိုင်းမှာရောက်နေလား။
တစ်ခါတစ်လေမှာ ခုနက ကြက်သားဟင်းလိုပါပဲ ကိုယ်တိုင်က ဟင်းခွက်ထဲမှာ နေပေမယ့် သူတစ်ပါးကြောင့် ကိုယ်နဲ့ မသင့်တော်တဲ့နေရာ ရောက်သွားရတဲ့ အခိုက်အတန့်မျိုးတွေလဲရှိတတ်ပါတယ်။

သင်ကိုယ်တိုင်က သင့်အတွက်အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

20/02/2023

#ရွှေဂျိုးဖြူ_ဆရာတော် ၏
ဆုံးမ သြဝါဒ

သင် ကောင်း မကောင်း
သင့် အကြောင်းကို
သင့် ခေါင်းထဲက သိပါ၏ ။

သင့်ကို စောင့်ကြပ်
ကိုယ်စောင့် နတ်လည်း
ပြတ်ပြတ်သားသား သိပါ၏ ။

နတ်တို့ သနင်း
သိကြားမင်းလည်း
ရှင်းရှင်းလင်းလင်း သိပါ၏ ။

ငရဲ သနင်း
ယမမင်းလည်း
ကွင်းကွင်းကွက်ကွက် သိပါ၏။

စျာန် အဘိဥာဉ်
တန်ခိုးရှင်လည်း
ထင်ထင်ရှားရှား သိပါ၏။

သင်ပြုလုပ်စဉ် သင့်ဝန်းကျင် မှ
မြင်မြင်သမျှ လူ နတ် ကလည်း
ဂဃနဏ သိပါ၏ ။

လိမ်ညာမရ ဤလောကဝယ်
ကောင်းသော လမ်းစဉ်
လျှောက်လှမ်းချင်က
အသင် ပြု ပြင်နိုင်သေး၏ ။

#ရွှေဂျိုးဖြူဆရာတော်

သုတဂဝေသီဗန်းမော်
သုခိတာ ဟောထ-
ကိုယ်စိတ် နှစ်ဖြာ
ကျန်းမာ ချမ်းသာပါစေ။
ဒုက်ခာ မုစ်စထ
ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု အပေါင်းမှလွတ်ကင်းကြပါစေ။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မေတ္တာမွန်

03/02/2023

အိုင်ဒီယာကို သဘော ကျလို့ ပါ

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။

ဒါဆိုရင်....

၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။

ဟုတ်ပြီ . . .စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။

Attitude is everything လို့ ဆိုပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။

အခု အဖြေကို သိရပါပြီ။

ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

(သဘောကျလို့ copy ယူလာတာ )

# knowledge sharing

19/01/2023

အနီအောက်ရောင်ခြည် နှင့် ကျန်းမာရေး ဘယ်လိုဆက်စပ်နေသလဲ ❓❓

ဟိုအရင်တုန်းကတော့ အနီအောက်ရောင်ခြည် ရှိတယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။

ဒါပေမယ့် “နေရောင်ခြည်ဟာ ရောဂါပိုးမွှားတွေကို သေစေနိုင်တယ်၊ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေတယ်”လို့‌တော့ ရှေးဦးလူသားတွေက သဘောပေါက်ခဲ့ကြပါတယ်။

ဟုတ်ပါတယ်။

☀️အနီအောက်ရောင်ခြည်ဆိုတဲ့ နာမည်ကို လူသားတွေ မပေးရသေးမီကပင် ၎င်းဟာ သဘာဝနေရောင်ထဲမှာ ရှိနေပြီးဖြစ်ပါတယ်။

☀️ရှေးလူကြီးတွေဟာ နေပူဆာလှုံခြင်းဟာ ရောဂါပိုးမွှားတွေကို သေစေနိုင်တယ်လို့ ယုံကြည်ကြတယ်။

☀️လူတွေတင်မက တိရိစ္ဆာန်တွေလည်း နေပူဆာလှုံရတာကြိုက်ကြတယ်။ နေရောင်ဟာ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေတယ်လို့ သိကြတယ်။

☀️အပင်တွေဟာ နေရောင်ခြည်ကောင်းကောင်းရတဲ့နေရာမှာ ပိုမိုရှင်သန်ဖြစ်ထွန်းကြတယ်။

ဒါတွေဟာ နေရောင်ထဲမှာပါတဲ့ အနီအောက်ရောင်ခြည်ရဲ့ အကျိုးကျေးဇူးကြောင့်ပါပဲ။

1800 ခုနှစ်မှာတော့ အနီအောက်ရောင်ခြည်( Infrared Ray )ရှိတဲ့အကြောင်းကို နက္ခတ္တဗေဒပညာရှင် Sir
Frederick William Herschel ကစတင်တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။

1960 ခုနှစ်မှာတော့ NASA ကနေ အနီအောက်ရောင်ခြည်ဟာ အန္တရာယ်အကင်းဆုံးနှင့် ကောင်းကျိုး အပေးနိုင်ဆုံးရောင်ခြည်ဟု ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာထွန်းကားလာတဲ့ ယနေ့ခေတ်မှာတော့ အနီအောက်ရောင်ခြည်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပိုပို သိရှိလာကြပြီး ရောဂါကုသရေးနယ်ပယ်မှာပါ အသုံးပြုနေကြပါပြီ 🤗

အနီအောက်ရောင်ခြည်ရဲ့ ယေဘုယျ ကျန်းမာရေးကောင်းကျိုးတွေကတော့
🔹ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း
🔹နာကျင်မှုတွေကို သက်သာစေခြင်း
🔹ကြွက်သားတင်းမာမှုများကို လျော့စေခြင်း
🔹သွေးလည်ပတ်မှု ကောင်းစေခြင်း
🔹ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်း၊ သက်သောင့်သက်သာဖြစ်စေခြင်း
🔹သွေးဖိအားကို လျော့ကျစေခြင်း
🔹ကိုယ်ခံအား ( Immune System ) တိုးစေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အနီအောက်ရောင်ခြည်ဟာ ရောဂါများကို တိုက်ရိုက် တိုက်ဖျက်ခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ပုံမှန်ဖြစ်စေကာ ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေခြင်း ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အန္တရာယ်ကင်းစွာအသုံးပြုနိုင်တဲ့ ရောင်ခြည်ဖြစ်တာမို့ အနီအောက်ရောင်ခြည်နဲ့လူ့ကျန်းမာရေးဟာ အမြဲဒွန်တွဲနေမှာလည်း ဖြစ်ပါတယ်။

=====================================

အဲ့ဒီလို အင်မတန်အကျိုးကျေးဇူးများတဲ့ အနီအောက်ရောင်ခြည်ကို ထုတ်ပေးတဲ့ Hasell စက်လေးကို အိမ်မှာဝယ်ထားချင်ရင်လည်း Vigen Myanmar မှာ ဆက်သွယ်ဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့် 💕


# Infrared_ray_and_health
#အနီအောက်ရောင်ခြည်

14/01/2023

ကျန်းမာရေးအတွက် အံဩဖွယ်ရာတွေ ယူဆောင်လာပေးမယ့် Hasell ကုသစက်…

ဘာကြောင့် အံ့ဩဖွယ်ရာတွေ ယူဆောင်လာပေးနိုင်တာလဲဆိုတော့ သူ့မှာ ပါတဲ့ အနီအောက်ရောင်ခြည်လှိုင်းကြောင့်ပါပဲ ☀️

အနီအောက်ရောင်ခြည်ဟာ ကျန်းမာရေးအတွက် အင်မတန်အကျိုးကျေးဇူးများလှတာမို့ ရောဂါကုသရေးနယ်ပယ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေပါပြီ 🤗

ဒါကြောင့် အနီအောက်ရောင်ခြည်ထုတ်ပေးတဲ့ ဒီ Hasell စက်လေးသာ အိမ်မှာရှိနေရင် လိုအပ်သလို ဘက်စုံသုံးလို့ရပြီး ဒေါင်ဒေါင်မြည်ကျန်းမာရေးနဲ့အတူ ‌ပျော်ရွှင်ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်တော့မှာပါ 🥰

Hasell စက်က ထုတ်ပေးတဲ့ အနီအောက်ရောင်ခြည်ဟာဆိုရင်

🔹အရေပြား လောင်ကျွမ်းမှုမရှိဘဲ ကိုယ်တွင်းသို့ ၄ စင်တီမီတာခန့် ထိုးဖောက်ဝင်ရောက်ပြီး ခန္ဓာကိုယ်ဆဲလ်တွေကို ကောင်းမွန်လာအောင် လုပ်ပေးပါတယ်။

🔹ဝေဒနာခံစားနေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ဝိုက်ကို နေ့စဉ် ပုံမှန်ပြပေးရုံနဲ့ မပျောက်တော့ဘူးလို့ ထင်ထားတဲ့ ဒူးနာ၊ ခါးနာ၊ အရိုးအဆစ်နာတွေ ကအစ အရိုးကျီးပေါင်းနဲ့ ဂေါက်ရောဂါတွေအထိ တဖြည်းဖြည်းသက်သာလာမှာ မလွဲဧကန်ပါပဲ။

🔹ဒါ့အပြင် ဆီးအိမ်ရောင်၊ ဆီးကျိတ်ရောင်၊ လိပ်ခေါင်း၊ ဂရင်ဂျီနာရောဂါစတဲ့ ရောဂါဝေဒနာများစွာနဲ့ အိပ်မပျော်ခြင်း၊ ဝမ်းချုပ်ခြင်းတွေကိုပါ သက်သာစေမှာဖြစ်လို့ “အိမ်တိုင်းဆောင်ထား မမှား”တဲ့ အစွမ်းထက် ကုသစက် ဖြစ်ပါတယ်။

🔹ကျန်းမာရေးအတွက် အသုံးဝင်လှသလို ကိုရီးယားနိုင်ငံရဲ့ FDA အသိအမှတ်ပြုလက်မှတ်လည်း ရရှိထားပြီးသားဖြစ်တာမို့ “ရောင်ခြည်လှိုင်း”ဆိုပြီး စိတ်ပူစရာမလိုဘဲ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။၊

ဒီ Hasell စက်လေးရဲ့ အကျိုးကျေးဇူးကို သုံးဖူးသူတိုင်းသိကြသလို၊ သိသွားတဲ့သူတိုင်းလည်း သဘောကျပြီး ဆက်ဆက်သုံးနေကြတာမို့ ကျန်းမာရေးအတွက် အိမ်မှာ အမြဲဆောင်ထားချင်ရင်တော့ ခုပဲ Vigen Myanmar ကို ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခု Hasell နဲ့အစပြု…

☎️ ဖုန်းနံပါတ် - 09 799371542

12/01/2023

ငယ်ငယ်က အိမ်ကို ဧည့်သည်တွေလာပြီဆိုရင်
မေမေက ရှုပ်ပွနေတဲ့ပစ္စည်းတွေကို လိုက်ကာနောက်ဘက်ကို ကမန်းကတန်း သွားထား
တတ်တယ်။

ဒီတော့ လိုက်ကာအပြင်ဘက်မှာ
ခဏအတွင်း အမြင်မှာ ရှင်းသွားတယ်။

အဲဒီတုန်းကတော့
မေမေကဟန်ဆောင်တတ်လိုက်တာလို့ စိတ်ထဲက
နေ အပြစ်တင်ခဲ့ဖူးတယ်။
အခုအတွေးနဲ့ပြောရရင်တော့
အမေဟာ အရှိတရားကို မပြရဲဘူး၊ရှက်နေတယ်လို့ ပြောရမယ်ထင်တယ်။

တကယ်တမ်း သေသေချာချာတွေးကြည့်တော့
အမေ့လုပ်ရပ်ဟာ ရှက်စရာမဟုတ်ဘဲ
သိပ်ကောင်းတဲ့ လုပ်ရပ်တခုများလားလို့
သံသယဝင်လာတယ်။

ဧည့်သည်ဆိုတာ
ကိုယ့်အိမ်မှာ အမြဲနေတာ မဟုတ်ဘူးလေ။
သူတို့ရှိတာ အချိန်အပိုင်းအခြားခဏလေးပဲ။
ဒီတော့ ကိုယ့်ဆီ ခဏတာ လာတဲ့သူတွေကို
ရှုပ်ပွနေတဲ့ ကိုယ့်နေရာကြီးထက်
သပ်ရပ်သန့်ရှင်းနေတဲ့ နေရာကို ပြပေးတာက
ပိုကောင်းတာပေါ့။

လူဆိုတာ အပူကိုယ်စီနဲ့မလား။
ဒီတော့ ကိုယ့်ဆီလာတဲ့သူတွေမှာ
စိတ်ရှုပ်စရာတွေ ပါလာကောင်းပါလာမယ်၊
စိတ်ညစ်စရာတွေ ပါလာကောင်းပါလာမယ်။
ဒီတော့ သူတို့မှာရှိပြီးသား စိတ်ရှုပ်စိတ်ညစ်စရာတွေဟာ ကိုယ့်အိမ်က ရှုပ်ပွနေတဲ့နေရာကို မြင်ရရင် ပိုပြီး ဒီဂရီတိုးမှာပေါ့။

အဲဒီလို တွေးမိတော့
အမေ့လုပ်ရပ်က မှန်တယ်လို့ သိလာတယ်။

တလောက ကိုယ့်အသိတယောက်က
သူ သားကလေးမွေးတာကို ဖေ့ဘွတ်မှာတင်ထား
တာတွေ့တယ်။ကျွန်တော် ဝမ်းသာပါတယ်။
လူသားတယောက် လူ့လောကထဲ ရောက်လာတာ
ဝမ်းသာစရာ၊ကြည်နူးစရာပဲကိုး။

အဲ မကြာခင်မှာပဲ
ကိုယ့်အသိတယောက်ဆုံးတာကို
သူ့အဖေက ဖေ့ဘွတ်မှာ တင်ထားတာတွေ့လိုက်ရတယ်။ကျွန်တော် တော်တော်ကလေး ရှော့ရသွားတယ်။ခုနက ကြည်နူးနေတာတွေဟာ လုံးဝမရှိတော့ဘူး။တနေ့လုံး စိတ်မကောင်းဖြစ်ပြီး
စားလို့သောက်လို့တောင် မရတော့ဘူး။

နောက်မှ ကျွန်တော် သိလိုက်ရတာက
ကျွန်တော်တို့ရဲ့ စိတ်ဟာ
ကြည်နူးစရာနဲ့စိတ်ညစ်စရာ၊
ပျော်ရွှင်စရာနဲ့ဝမ်းနည်းစရာ စသဖြင့်
ကောင်းတာနဲ့မကောင်းတာတွေယှဉ်လာရင်
မကောင်းတာကို ပိုပြီး စုပ်ယူတယ်ဆိုတာပဲ။

ဘယ်လောက်ပဲ ပျော်နေနေ
စိတ်ရှုပ်စရာတခုကို ထစ်ခနဲ ကြုံလိုက်ရရင်
ကျွန်တော်တို့ မပျော်တော့ဘူး။သေးသေးမွှားမွှား
စိတ်ရှုပ်စရာလေးက ထုထည်ခိုင်ခိုင်မာမာနဲ့
ရှိနှင့်နေပြီးသားပျော်ရွှင်မှုကြီးကို လုံးဝကို တိုက်ထုတ်ပစ်တာကို သိရတော့ စိတ်ကို တော်တော်ကလေး အံ့ဩမိတယ်။

ဘဝခရီးတိုတိုလေးမှာ
တချို့လူတွေက ကျွန်တော်တို့ဆီကို တဒင်္ဂကလေးပဲ
လာတာပါ။သူတို့လာချိန်မှာ သူတို့မှာ ပါလာတဲ့
သောကအပူတွေကို ကိုယ်က ငြှိမ်းမပေးနိုင်ရင်တောင် ပိုတိုးမလာအောင်တော့ လုပ်ရမယ်ဆိုတဲ့ စိတ်ကလေး ဝင်လာတာကိုတော့
ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိပါတယ်။

𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏

04/01/2023

လေဖြတ် မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်

၁။ ဦးခေါင်းနောက်စေ့ တွင် ခေါင်းကိုက်
ခြင်း၊ မကြာ ခဏ မူးဝေခြင်း။

၂။ ခြေ လက် တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။

၃။ မျက်ခွံနှင့် မျက်နှာကြွက်သား တို့
ဆတ်ခနဲ လှုပ်ခြင်း၊
အသားကွက် ၍
တဆတ်ဆတ်
လှုပ်ခြင်း

၄။ မကြာ ခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်
လေပွနေခြင်

၅။ ညအိပ် ချိန် ကျဉ် ထုံခြင်း လန့်နိုးခြင်း။

၆။ ဆီး အနီရောင် သွားခြင်း။

၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊ မကြာ ခဏ လွတ်ကျ တတ်ခြင်း။

၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။

၉။ အမျိုးသား များ အသက် ၄၅-နှစ်ကျော် လျှင် ရက်ရှည် ခြေ,လက် ထုံ ကျဉ်ခြင်း။

အမျိုးသမီး များ သွေးဆုံးချိန် တွင် ခြေ,လက် များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်း။

၁၀။ ရေချိုးပြီး လျှင် မျက်စိ များ ကြာမြင့် စွာ နီရဲခြင်း။

ဤလက္ခဏာတွေထဲက တစ်ခုခုဖြစ်လာလျှင်
သတျိထားကွပါတော့

31/12/2022

Address

Thongwa
Yangon

Telephone

+959799371542

Website

Alerts

Be the first to know and let us send you an email when Phyu PhyuWin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram