04/10/2023
#နှစ်တစ်နှစ်မှာတစ်ကြိမ်သာပြုလုပ်နိုင်တဲ့
#တာဝတိံသာပဋ္ဌာန်းအဓိဋ္ဌာန်🙏🙏🙏
ထိုအဓိဋ္ဌာန် #တာဝတိံသာပဋ္ဌာန်းပူဇော်ခြင်းကား တစ်နှစ်မှာ
တစ်ခါသာ အောက်ပါ ရက် အတွင်း သာပြုလုပ်နိုင်ပေသည်။
နှစ်စဉ် #တော်သလင်းလဆုတ် (၆ )ရက်မှ
#သီတင်းကျွတ်လပြည့်အထိ(၂၅)ရက်ကြာ ဖြစ်သည်။
( ထိုရက်ကား ဘုရားဖြစ်တော်မူပြီး (၇) ဝါမြောက် တွင်အဘိဓမ္မာတရားများကို တာဝတိံသာ နတ်ပြည်၌ ဝါတွင်း( ၃) လ အသံမစဲ ဟောရာတွင် နောက်ဆုံး(၂၅) ရက်တွင် #ပဋ္ဌာန်းကျမ်းကို ဟောကြားခဲ့ သောရက်ဖြစ်ပေသည်။ )
ထိုကြောင့် #တာဝတိံသာပဋ္ဌာန်း ဟု အမည်သမုတ်ပေ၏။
🔸ဒီနှစ်အတွက်ဆိုရင်
(၅.၁၀.၂၀၂၃)မှ(၂၉.၁၀.၂၀၂၃) နေ့အထိ
ထို (၂၅ )ရက်ကို ပဋ္ဌာန်းပူဇော်ခြင်းဖြင့်
အဓိဌာန်ဝင်ရပါမယ်။
🔸 #တာဝတိံသာပဋ္ဌာန်းအဓိဋ္ဌာန်ပုံစံ🔸
***********************************
(၅.၁၀ .၂၀၂၃) ပထမနေ့
🔸မြတ်စွာဘုရားရှင်အား
ဆီမီး၊ပန်း။ရေချမ်း၊အမွှေးနံ့သာများကို လှူဒါန်းပြီး
ဩကာသ ဘုရားရှိခိုး
ငါးပါးသီလ(ရှစ်ပါးသီလ)ခံယူဆောက်တည်ပါ ။
(က ) နတ်ပင့် ။ မေတ္တာသုတ်ရွတ် ( အရပ်၁၀မျက်နှာမေတ္တာပို့)ပြီး တာဝတိံသာ ပဋ္ဌာန်း အဓိဋ္ဌာန် ဝင်မည်အကြောင်းတိုင်တည်ပါ။
( ခ ) ပဋ္ဌာန်း ဥဒ္ဒေသ ( အကျဉ်း)
( ဂ ) ပဋ္ဌာန်း နိဒ္ဒေသ ( အကျယ်)
{ ပဉှာဝါရ။ ပုစ္ဆာဝါရ။ ပဋ္ဌာန်ကျမ်းကြီး။ မိမိပူဇော်လိုရာပဋ္ဌာန်းစာများ}
( ဃ) ဒိဝါတပတိ အခေါက် ၆၀
{သို့မဟုတ်} သုဂတော။ နမောတေ။ အဋ္ဌာနမေတံ။ ရတနာသုတ် စသည့် အခြားမိမိနှစ်သက်ရာ ဂါထာများ ပရိတ်များ။
( င ) မတ်ေတာပို့ မတ်ေတာခံယူ
( ဆ ) ဆုတောင်း ( မိမိလိုရာ)။
အကောင်းဆုံးကတော့ လောဘတွေမပါတဲ့
နိဗ္ဗာန် မဂ်ဖိုလ် သာဆုတောင်းပါ။
ကျန်လောကီကောင်းကျိုးတွေက မိမိနဲ့ထိုက်သည့်အားလျော်စွာပြည့်ပါတယ်။
( ဇ ) အမျှဝေ။ သာဓုခေါ်
( စျ) နတ်ပို့ပါ။
🔸နေ့စဉ် (၂၅)ရက် မပျက် (အချိန်မှန် နေရာမှန် ဖြစ်နိုင်လျင်) ပူဇော်ပါ။ တစ်ရက်မှပျက်လို့မရပါ။
🔸အလှူဒါနပါ လုပ်လိုလျင်
ပဋ္ဌာန်း အဓိဋ္ဌာန်စုဘူး (ဖလား သို့မဟုတ် ဖန်ခွက် သင့်လျော်ရာ) ဖြင့်
နေ့စဉ် ပဋ္ဌာန်ရွတ်ပြီးတိုင်း တတ်နိုင်သ၍ နည်းများမဆို ကုသိုလ်ငွေစုထားပြီး နောက်ဆုံးနေ့၌ စုပေါင်း၍သင့်လျော်သလို လှူဒါန်းပါ။
🔸အဓိက ကတော့ ထို (၂၅ )ရက်လုံး
အမြင့်မြတ်ဆုံးသော ပဋ္ဌာန်းတရားဖြင့်
အထူး ပူဇော်ရန်ဖြစ်ပါတယ်။
🔸စွမ်းနိုင်လျင် ထို( ၂၅ )ရက်ဖြင့် ပဋ္ဌာန်းကျမ်း (၅ )အုပ် အပြီး ပူဇော်နိုင်လျင် အကောင်းဆုံးပါ။တစ်နေ့ (၁၀၅) မျက်နှာခန့် ရွတ်ရပါမည်။
ပဋ္ဌာန်းကျမ်း (၅ )အုပ် မပြီး နိုင်လျင်
ပထမတွဲ တစ်အုပ်ထည်းလည်းပူဇော်နိုင်ပါတယ်။တစ်နေ့ ( ၁၈ )မျက်နှာခန့်သာ ရွတ်ရပါမည်။
ပေါ့ပေါ့ပါးပါး( ပျင်းသူများလို့တော့ မဆိုချင်ပါ)လုပ်ချင်ရင်တော့
ပဋ္ဌာန်းအကျဉ်း (၂၄)ပစ္စည်း ဥဒ္ဒေသ ကို (၂၄)ခေါက်ရွတ်ပါ။
သို့သော် အဓိပ္ပါယ် ကိုသိပြီးရွတ်ပါ။
ဥပမာ-
ဟေတု ပစ္စယော ဟု ရွတ်လျင်
"ဟိတ်သဘောဖြင့် ရေသောက်မြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား" ဟုသိပါ။ ကျန်ပစ္စည်းများလည်း အဓိပ္ပါယ်အကျဉ်းတော့ သိပါလေ။ မသိသေးလျင် ရှာဖွေလေ့လာပါ။
အားလုံးအဆင်ပြေကြပါစေ
ပဋ္ဌာန်း ဆီမီး ရေချမ်း ပန်းလမ်း
တို့ဖြင်လည်း ထည့်သွင်းပူဇော်နိုင်ပါတယ်။
#အဓိဌာန်အောင်မြင်ကြပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေ💚
Crd to Hline Htet Htet Hnin
သူရိယ နိဗ္ဗာန်ကုန် နှင့် ပန်းပုလုပ်ငန်း
ဖုန်း 09406309022
#သူရိယ
#နိဗ္ဗာန်ကုန်
#ဘုရား
#တရား
#ဗဟုသုတ
.