ALVOR Healthcare

ALVOR Healthcare ALVOR Healthcare an organization established in 2014, focused to provide healthcare products nation.

Alvor has a rich products portfolio encompassing Pharmaceuticals (Anti-infective, Anti-hypertensive, Multivitamins, Gastrointestinal products, Anti-retroviral), Rapid diagnostics kits (Pregnancy test kit) and other OTC range. Alvor is engaged in the following activities:
- Importation
- Sales Distribution
- Marketing
- Regulatory

Career Opportunities in  ALVOR!Team အသစ်အတွက်ပါ။အောက်ပါ position တွေလျှောက်လို့ရပါတယ်နော်~MSR - Yangon (6 post),Mandalay...
12/09/2025

Career Opportunities in ALVOR!

Team အသစ်အတွက်ပါ။
အောက်ပါ position တွေလျှောက်လို့ရပါတယ်နော်
~MSR - Yangon (6 post),Mandalay (5 post),Magwe (1 post), Taungyi (1 post) , Pathein -(1 post) , Taungoo -(1 post),Nay Pyi Taw -(2 post)
~Product Executive - 1 post
~ABM - Yangon (1 post) , Mandalay (2 post)

Email or Viber မှာ CV ပို့လို့ရပါတယ်

Interested candidates may send CV to bd@alvorcare.com or Viber 09952845242

Career Opportunities in  ALVOR!Team အသစ်အတွက်ပါ။အောက်ပါ position တွေလျှောက်လို့ရပါတယ်နော်~MSR - Yangon (6 post),Mandalay...
15/08/2025

Career Opportunities in ALVOR!

Team အသစ်အတွက်ပါ။
အောက်ပါ position တွေလျှောက်လို့ရပါတယ်နော်
~MSR - Yangon (6 post),Mandalay (5 post),Magwe (1 post), Taungyi (1 post) , Pathein -(1 post) , Taungoo -(1 post),Nay Pyi Taw -(2 post)
~Product Manager - 1 post
~ABM - Yangon (1 post) , Mandalay (2 post)
~SR - Yangon (2 post)

Email or Viber မှာ CV ပို့လို့ရပါတယ်

Interested candidates may send CV to bd@alvorcare.com or Viber 09952845242

💖 နှလုံးသားလေးကို ဂရုစိုက်ပါ (နှလုံးနဲ့ သွေးတိုးရောဂါ) 💖🫀 Take care of your heart – Heart Disease & Hypertension ❤️ကျွန်...
12/07/2025

💖 နှလုံးသားလေးကို ဂရုစိုက်ပါ (နှလုံးနဲ့ သွေးတိုးရောဂါ) 💖
🫀 Take care of your heart – Heart Disease & Hypertension ❤️

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် နှလုံးဟာ အင်မတန် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှလုံးက တစ်ကိုယ်လုံးကို သွေးပို့လွှတ်ပေးပြီး အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
ဒါပေမဲ့ ခေတ်ကာလရဲ့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကြောင့် နှလုံးရောဂါနဲ့ သွေးတိုးရောဂါလိုမျိုး နာတာရှည်ရောဂါတွေဟာ အဖြစ်များလာပါတယ်။
ဒါကြောင့် နှလုံးသားလေးကို ဘယ်လိုဂရုစိုက်သင့်လဲဆိုတာ ဝေမျှပေးချင်ပါတယ်….

သတိထားရမည့် နှလုံးနှင့် သွေးတိုးရောဂါ

🚨 နှလုံးရောဂါ (Heart Disease)
နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအမျိုးမျိုးကို ခြုံပြီးခေါ်တာပါ။ ဥပမာ - နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease)၊ နှလုံးခုန်မမှန်ခြင်း (Arrhythmia)၊ နှလုံးအားနည်းခြင်း (Heart Failure) စတာတွေ ပါဝင်ပါတယ်။
⚠️ ဒီရောဂါတွေက နှလုံးရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေပြီး ပြင်းထန်ရင် အသက်အန္တရာယ်ထိပါ ကျရောက်နိုင်စေပါတယ်။

🚨သွေးတိုးရောဂါ (Hypertension)
သွေးကြောနံရံတွေအပေါ် သွေးစီးဆင်းမှုရဲ့ ဖိအား (Blood Pressure) မြင့်မားနေတာကို ဆိုလိုပါတယ်။ သွေးတိုးတာဟာ များသောအားဖြင့် သိသာတဲ့လက္ခဏာ မပြတတ်ပါဘူး။
⚠️ ဒါပေမဲ့ မထိန်းချုပ်ဘဲထားရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါနဲ့ အမြင်အာရုံချို့ယွင်းခြင်းလိုမျိုး ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

✅ နှလုံးသားလေးကို ဂရုစိုက်ဖို့ နည်းလမ်းများ
🧂 ဆားစာသုံးးမှုကို လျှော့ပါ။ အဆီလျော့စားပါ။

🚶‍♀️ နေ့စဉ်လှုပ်ရှားမှု လုပ်ပါ။

🍎 အသီးအရွက်နှင့် သစ်သီးဝလံများပိုစားပေးပါ။

🚭 ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ပါ၊ လျော့ချပါ။

🧘‍♀️ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။

⚖️ ကိုယ်အလေးချိန်ထိန်းပေးပါ။

💓 သွေးပေါင်ချိန် အမြဲတိုင်းစစ်ဆေးပေးပါ။
💤 လုံလောက်စွာ အိပ်စက်အနားယူပါ။
နှလုံးရောဂါနဲ့ သွေးတိုးရောဂါဆိုတာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို လိုက်နာပြီး ကိုယ့်ရဲ့ အဖိုးတန်တဲ့ နှလုံးသားလေးကို ဂရုစိုက်ဖို့ တိုက်တွန်းပါရစေ။ ကျန်းမာတဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်ဖို့ အခုကတည်းက စတင်ပြီး ဂရုစိုက်လိုက်ကြရအောင်နော်။ 💖

သင့်နှလုံးသားလေး ကျန်းမာဖို့ ဘယ်အချက်ကို အရင်ဆုံး စပြီး လိုက်နာကြမလဲ? comment မှာ ပြောပြပေးခဲ့ပါဦးဗျာ 👇


#နှလုံးနှင့်သွေးတိုးရောဂါ


မိုးရာသီမှာ သတိထားသင့်တဲ့ အဖြစ်များဆုံးရောဂါများနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများ  ⛈️☔️မိုးရာသီရောက်ပြီဆိုရင် မိုးနဲ့အတ...
03/07/2025

မိုးရာသီမှာ သတိထားသင့်တဲ့ အဖြစ်များဆုံးရောဂါများနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများ ⛈️☔️

မိုးရာသီရောက်ပြီဆိုရင် မိုးနဲ့အတူ ရာသီဥတုအေးမြ စိုစွတ်လာပြီး ရေဝပ်တာ၊ စိုထိုင်းဆများလာမှုများကြောင့် ရောဂါဘယတွေလည်း ပိုမိုဖြစ်ပွားတတ်ပါတယ်။

အဲ့လိုတွေကြောင့်မလို့ မိုးရာသီမှာ အဖြစ်များဆုံး ရောဂါ (၅) မျိုးနဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ကျွန်တော်တို့ ALVOR_Healthcare ကနေ မျှဝေပေးလိုက်ရပါတယ်။

❗️အအေးမိခြင်းနှင့် တုပ်ကွေး (Cold and Flu)
ရုတ်တရက် အပူချိန်ပြောင်းလဲမှုကြောင့် အအေးမိ၊ ချောင်းဆိုးနဲ့ ဗိုင်းရပ်စ်ပိုးဝင်တာမျိုးကနေ တုပ်ကွေး (Flu) ရောဂါတွေ ဖြစ်တတ်ပါတယ်။
နှာစေး၊ နှာချေ၊ ကိုယ်လက်ကိုက်ခဲ၊ ဖျားနာပြီး မောပန်းနွမ်းနယ်တာတွေက အအေးမိခြင်းနှင့် တုပ်ကွေး(Flu) နှစ်မျိုးလုံးရဲ့ ရောဂါလက္ခဏာတွေ တူတတ်ပြီး တုပ်ကွေးလက္ခဏာတွေကတော့ အအေးမိခြင်းထက် ပိုပြင်းထန်တတ်ပါတယ်။
⚠️ကိုယ်ပူအရမ်းကြီးတာ၊ အသက်ရှူရခက်ခဲတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

❗️ခြင်မှတစ်ဆင့်ဖြစ်ပွါးတတ်သော ရောဂါများ (Mosquito-borne Diseases)
မိုးရာသီမှာ ခြင်တွေ ပေါက်ပွါးလွယ်တာကြောင့်မလို့ သွေးလွန်တုပ်ကွေး (Dengue Fever)၊ ဆင်တုပ်ကွေး (Chikungunya)၊ ငှက်ဖျား (Malaria) နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) တို့လို ရောဂါတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။
⚠️ဒီရောဂါတွေဟာ ရောဂါအခြေအနေ ပြင်းထန်တတ်ပြီး သေချာကုသမှု မခံယူဘူးဆိုရင် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်တာကြောင့် အထူးဂရုပြု ကာကွယ်ဖို့နဲ့ သတိထားဖို့ လိုအပ်ပါတယ်။

❗️မိုးရာသီမှာ ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများသာမကဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါ (Diarrhea) နှင့် အစားအသောက်များမှတစ်ဆင့် ကူးစက်ဖြစ်ပွါးတတ်သောရောဂါများ (Food-borne Diseases) ဖြစ်တဲ့ ကာလဝမ်းရောဂါ (Cholera)၊ အူရောင်ငန်းဖျား (Typhoid Fever)၊ အသည်းရောင် အသားဝါ အေ (Hepatitis A) နှင့် အစာအဆိပ်သင့်ခြင်း (Food Poisoning) များဖြစ်လွယ်တဲ့ ရာသီဥတုဖြစ်ပါတယ်။

🌧️ ဒါကြောင့် မိုးရာသီမှာ ကျန်းမာနေစေပြီး ရောဂါများမှ ကြံ့ခိုင်ကာကွယ်နိုင်စေဖို့အတွက် -

✅ကိုယ်ခံအားစနစ်ကို မြှင့်တင်ပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးပါ။ အစားအသောက်များကို လုံခြုံစွာ ဖုံးအုပ်ထားပြီး ယင်နားခြင်းမှ ကာကွယ်ပါ။ လတ်ဆတ်ပြီး ပူပူနွေးနွေးချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးပါ။
✅လက်ကို သေချာဆေးကြောပါ: အစားအစာ မစားခင်၊ အစားအစာ မပြင်ဆင်ခင်နဲ့ မျက်နှာကို မကိုင်ခင် လက်ကို ဆပ်ပြာနဲ့ရေဖြင့် စနစ်တကျ သေချာဆေးကြောပါ။
✅ရေများများသောက်ပါ: ရေသန့် ဒါမှမဟုတ် ကျိုချက်ထားသော ရေကိုသာ သောက်သုံးပါ။
✅တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။
✅ခြင်ကင်းစင်အောင် နေထိုင်ပါ။ အိမ်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပြီး ခြင်ပေါက်ပွားနိုင်သော ရေဝပ်ရာနေရာများကို ဖယ်ရှားရှင်းလင်းပါ။
✅လူစည်ကားရာနေရာ ရှောင်ပါ။ ဗိုင်းရပ်စ်ပိုးဝင်နိုင်ခြေကို လျှော့ချနိုင်ဖို့ လူစည်ကားတဲ့နေရာတွေကို သွားရောက်ခြင်းကို လျှော့ချပြီး mask တပ်ကာကွယ်တာမျိုးတွေ လုပ်သင့်ပါတယ်။

🌧️ မိုးရေစိုလာတဲ့အခါမှာလည်း ချက်ချင်းရေချိုး၊ အဝတ်အစားလဲပြီး ကိုယ်ခန္ဓာကို သန့်ရှင်းခြောက်သွေ့ နွေးထွေးအောင်ထားပါ။ ကိုယ်ခံအားကောင်းဖို့အတွက် သေချာအိပ်စက်အနားယူပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ ✅☺️

#မိုးရာသီနှင့်ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

Career Opportunities in Alvor Healthcare Team အသစ်အတွက်ပါ။ အောက်က position တွေလျှောက်လို့ရပါတယ်နော်Email or Viber မှာ CV...
20/06/2025

Career Opportunities in Alvor Healthcare

Team အသစ်အတွက်ပါ။
အောက်က position တွေလျှောက်လို့ရပါတယ်နော်
Email or Viber မှာ CV ပို့လို့ရပါတယ်

Interested candidates may send CV to bd@alvorcare.com or Viber 09952845242

အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis - OA)ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာတွင် ခံစားရလေ့ရှိသော အဖြစ်အများဆုံး အဆစ်ရောင...
14/06/2025

အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis - OA)

ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာတွင် ခံစားရလေ့ရှိသော အဖြစ်အများဆုံး အဆစ်ရောင်ရောဂါတစ်မျိုး - Osteoarthritis (အရိုးအဆစ်ရောင်ရောဂါ)

နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အဆစ်များကြာရှည် ရောင်ရမ်းလာသောကြောင့် အရိုးအဆစ်များတွင်ရှိသော အရိုးနုများနှင့် ဘေးပတ်လည်ရှိ အရိုးနု tissue များ ပျက်စီးလာပြီး အဆစ်များတွင် နာကျင်မှုဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားရခက်ခဲလာခြင်းနှင့် ပုံမှန်လှုပ်ရှားမှုများပြုလုပ်ရန်ပင် ခက်ခဲနာကျင်လာခြင်း စတာမျိုးတွေ ခံစားရတတ်ပါတယ်။ ခန္ဓာကိုယ်ရှိ အဆစ်တိုင်းတွင်ဖြစ်နိုင်ပြီး အဓိကအားဖြင့် ဒူး၊ ပေါင်၊ တင်ပါး၊ ခါးအဆစ်များနှင့် လက်ချောင်းများတွင် အဖြစ်များတတ်ပါတယ်။

Osteoarthritis ရဲ့ ရောဂါလက္ခဏာတွေက တဖြည်းဖြည်းချင်းဖြစ်လာတတ်သလို အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးဆိုးရွားလာတတ်ပါတယ်။ အဓိကလက္ခဏာအနေဖြင့် အဆစ်များတွင် နာကျင်ခြင်း၊ တောင့်တင်းခြင်းများဖြစ်တတ်ပြီး OA ဖြစ်နေတဲ့ အဆစ်တွေမှာဆို ပုံမှန်လှုပ်ရှားမှုပြုလုပ်ရန်ပင် ခက်ခဲနာကျင်နေတတ်ပါတယ်။ နာကျင်မှု လက္ခဏာများက သက်သာလိုက် ပြန်ဖြစ်လိုက်နှင့် ဖြစ်နေတတ်ပြီး ကိုယ်ရဲ့ လှုပ်ရှားမှုပုံစံအခြေနေနှင့် ရာသီဥတုအပေါ်မှာလည်းမူတည်တတ်ပါတယ်။ ရောဂါလက္ခဏဆိုးရွားသောအခြေအနေများတွင် အဆစ်များနာကျင်ကိုက်ခဲမှုမျိုး ဆက်တိုက် ခံစားရတတ်ပါတယ်။

ခံစားရတတ်သောရောဂါလက္ခဏာများ -

💢(Pain) နာကျင်ခြင်း - လှုပ်ရှားမှုပြုလုပ်လိုက်တာနဲ့ အရိုးအဆစ်များမှနာကျင်မှု ခံစားရခြင်း
💢(Stiffness) တောင့်တင်းခြင်း - အဆစ်များ တောင့်တင်းခြင်း (အိပ်ယာထခါစနှင့် လှုပ်ရှားမှုမရှိဘဲ ခဏကြာနေပြီး ပြန်လှုပ်ရှားတဲ့အခါ နာကျင်မှုနှင့် တောင့်တင်းမှု ပိုမိုတိုးလာခြင်း)
💢(Tenderness) အဆစ်များ ထိခိုက်မခံနိုင်ခြင်း - အဆစ်နေရာတွေကို ဖွဖွလေး ဖိလိုက်တဲ့အခါမှာတောင် ထိခိုက်မခံနိုင်ဘဲ နာကျင်ခြင်းမျိုး ခံစားရခြင်း
💢(Loss of flexibility) အဆစ်တွေကို အကွေးအဆန့် လိုသလိုလှုပ်ရှားဖို့မလွယ်ကူတော့ခြင်း
💢(Grating sensation) ပွတ်တိုက်သံ ခံစားရခြင်း - အဆစ်ကို အသုံးပြုလှုပ်ရှားလိုက်တိုင်းတွင် တကျွတ်ကျွတ် အသံများမြည်ခြင်း၊ အသံမြည်နေသလိုခံစားရခြင်း
💢(Bone spurs) အရိုးအတက်ထွက်ခြင်း - အရိုးအဆစ်အနားတွင် အဖုအတက်များထွက်လာခြင်း
💢(Swelling) ရောင်ရမ်းခြင်း - ဖြစ်ပွားသောအရိုးဆစ်နားမှ ကြွက်သား tissue များ နာကျင်ရောင်ရမ်းခြင်း စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

OA ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ (Causes and Risk Factors)

⚠️သက်ကြီးပိုင်းများ၊ အမျိုးသားများနှင့် ယှဥ်ရင် အမျိုးသမီးတွေမှာပိုပြီးအဖြစ်များပါတယ်။
⚠️အဝလွန်ခြင်း
⚠️မျိုးရိုးလိုက်ခြင်း
⚠️အရိုးအဆစ်နဲ့ပတ်သတ်ပြီး ရောဂါအခံရှိခြင်း
⚠️ဆီးချိုနှင့် အခြားရောဂါမျာနှင့်
⚠️အရိုးဆစ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရဖူးထားသူတွေများ ပိုအဖြစ်များတတ်ပါတယ်။

ကာကွယ်ကုသရန်အတွက်မှာ အဆစ်များကို အလွန်ကျွံအသုံးပြုခြင်းကိုလျော့ချပြီး ကိုယ်အလေးချိန်ထိန်းခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းနှင့် လိုအပ်ပါက ဆရာဝန်နှင့်သေချာပြကုသမှုခံယူသင့်ပါတယ်။

အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis - OA) ဟာ အမြစ်ပြတ်ကုသနိုင်တဲ့ ရောဂါမဟုတ်သော်လည်း စနစ်တကျကုသပါက ကိုက်ခဲနာကျင်မှုကို ထိန်းချုပ်နိုင်ပြီး နေ့စဥ်လှုပ်ရှားဆောင်ရွက်မှုများကို မထိခိုက်နိုင်ပဲ လှုပ်ရှားဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

29/05/2025
29/05/2025

💪 အားကစားလုပ်လို့ပဲဖြစ်ဖြစ်၊ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုတွေမှာလည်း အခန့်မသင့်တဲ့အခါ ကြွက်သားနာကျင်ကိုက်ခဲမှုတွေ ဖြစ်လေ့ရှိကြပါတယ်။

🌟 Lysoflam ကနေ ကြွက်သားနာကျင်မှုတွေကို သက်သာစေဖို့ အိမ်မှာ အလွယ်တကူပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

ကြွက်သားနာကျင်မှုတွေကို သက်သာစေဖို့အတွက်:
1️⃣ အနားယူပါ: နာကျင်နေတဲ့ ကြွက်သားကို ပိုဆိုးမသွားအောင် အနားပေးပါ။ လှုပ်ရှားမှုတွေကို လျှော့ချပြီး ကြွက်သားတွေ ပြန်ကောင်းလာဖို့ အချိန်ပေးပါ။
2️⃣ အကြောလျှော့ပေးပါ: ညင်သာစွာ အကြောလျှော့ပေးခြင်းက တောင့်တင်းနေတဲ့ကြွက်သားများကို ပြေလျော့စေပါတယ်။
3️⃣ ရေနွေးအိတ်ကပ်ပါ (Heat Therapy): ရေနွေးအိတ်ကပ်ခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။
ရေခဲကပ်ခြင်း (Cold Therapy)ကတော့ ရောင်ရမ်းတာနဲ့ နာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်။
နာကျင်ကိုက်ခဲမှု စဖြစ်ချိန်မှာ ရေခဲတုံးလေးများ အုပ်ထားပေးပြီး နာကျင်မှု လျော့နည်းသက်သာချိန်မှာ ရေနွေးအိတ် ကပ်နိုင်ပါတယ်။
4️⃣ Lysoflam လိမ်းပြီး နှိပ်နယ်ပေးပါ: Lysoflam လိမ်းပြီး နှိပ်နယ်ပေးခြင်းက ကြွက်သားတွေရဲ့ တင်းမာမှုကို လျှော့ချပေးပြီး သွေးလည်ပတ်စီးဆင်းမှုအားကောင်းစေကာ နာကျင်မှုကို သက်သာစေရုံသာမက ရောင်ရမ်းမှုကိုပါ လျှော့ချပေးပါတယ်။

ကြွက်သားနာကျင်မှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်နှေးမခံပဲ Lysoflam နဲ့အတူ လွတ်လပ်စွာလှုပ်ရှားဖို့ ခုပဲဆောင်ထားလိုက်ပါနော် ✨



ကွန်ဒုံးဝယ်တာ ရှက်စရာမဟုတ်ပါ!MOODS Myanmar
15/05/2025

ကွန်ဒုံးဝယ်တာ ရှက်စရာမဟုတ်ပါ!

MOODS Myanmar

ကွန်ဒုံးဝယ်တာ ရှက်စရာ မဟုတ်ပါ!

ကွန်ဒုံးဝယ်ယူ အသုံးပြုခြင်းဟာ ကိုယ့်ကိုယ်ကိုရော ကိုယ့်ရဲ့ partner ကိုပါ ဂရုစိုက်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒါဟာ လုံးဝ ရှက်စရာကောင်းတဲ့ အရာတစ်ခု မဟုတ်ပါဘူး…!!!!
ဘာကြောင့်လဲဆိုတော့...

၁။ တာဝန်ယူမှုရှိတဲ့ လုပ်ရပ်တစ်ခုပါ:
မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ပေးနိုင်တယ်။
လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ကိုယ့် partner ရဲ့ ကျန်းမာရေးကို ဦးစားပေးရာရောက်ပါတယ်။

၂။ သာမန်အရာတစ်ခုပါ:
ကွန်ဒုံးဟာ ဆေးဆိုင်၊ စတိုးဆိုင်၊ convenience store တွေနဲ့ အွန်လိုင်းကနေပါ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
အသုံးဆောင်ပစ္စည်းတစ်ခု ဝယ်သလိုမျိုးပါပဲ၊ ဒါဟာ လူတိုင်းအတွက် လိုအပ်နိုင်တဲ့ ပစ္စည်းတစ်ခုပါ။
ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော လူတွေလည်းပဲ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို ပုံမှန်အသုံးပြုကြပါတယ်။

၃။ ရှက်ရွံ့နေစရာ မလိုပါဘူး:
ဆိုင်ဝန်ထမ်းတွေဟာ ဒါကို ပုံမှန်မြင်နေ၊ ရောင်းနေကျပါ။ သူတို့အတွက် ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။
ကွန်ဒုံး အမျိုးစား၊ အရွယ်အစားနဲ့ ပစ္စည်းအကြောင်းကို သင်သိလိုသမျှ မေးမြန်းဝယ်ယူလို့ ရပါတယ်။

⚠️ကွန်ဒုံးဝယ်ယူခြင်းဟာ ရှက်စရာမဟုတ်ပါ။
⚠️ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
⚠️လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုကို ရယူပါ။
✅ MOODS Condom တွေနဲ့ လုံခြုံစိတ်ချရတဲ့ ပျော်ရွှင်မှုကို ခံစားလိုက်ပါ။



ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ချင်းဖြင့် ပိုမိုကျန်းမာသော ဘဝကို ပိုင်ဆိုင်ပါ ✨
10/05/2025

ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ချင်းဖြင့် ပိုမိုကျန်းမာသော ဘဝကို ပိုင်ဆိုင်ပါ ✨

ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းဖြင့် ပိုမိုကျန်းမာသောဘဝကို ပိုင်ဆိုင်ပါ ✨
ကြွက်သားနာကျင်မှုများအတွက် Lysoflam Gel ကို ဆောင်ထားပါ ☺️

WHO ရဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအရ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး ကူးစက်နိုင်ခြင်းမရှိသောရောဂါများ (NCDs) ကြောင့် အချိန်မတိုင်မီ သေဆုံးနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်သူတွေဟာ ပုံမှန် ကိုယ်လက်လှုပ်ရှားသူများထက် သေဆုံးနိုင်ချေ ၂၀% မှ ၃၀% ပိုများပါတယ်။

ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့်
- နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးနိုင်ချေ လျှော့နည်းခြင်း
- သွေးတိုးရောဂါ ဖြစ်ပွားမှု လျှော့နည်းခြင်း
- အချို့သော ကင်ဆာရောဂါများ ဖြစ်ပွားမှု လျှော့နည်းခြင်း
- အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှု လျှော့နည်းခြင်း
- စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း (စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း လက္ခဏာများ လျော့နည်းခြင်း)
- ဦးနှောက်နှင့် မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို မြင့်တက်စေခြင်း
- အိပ်စက်ခြင်း ကောင်းမွန်ခြင်း
- ခန္ဓာကိုယ်မှအဆီကို ထိန်းညှိပေးနိုင်ခြင်းစတဲ့ ကောင်းကျိုးများစွာရရှိနိုင်ပါတယ်။

ဒါ့ကြောင့်မို့လို့ WHO မှ အကြံပြုထားတဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့က -
💡 သိသာထင်ရှားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအတွက် လူကြီး (အသက် ၁၈ မှ ၆၄ ထိ) တွေဟာ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ မှ ၃၀၀ ထိ လွယ်ကူသော အေရိုးဗစ် ကိုယ်လက်လှုပ်ရှားမှုကို လုပ်သင့်ပါတယ်။
(ဒါမှမဟုတ်) အနည်းဆုံး မိနစ် ၇၅ မှ ၁၅၀ ထိပြင်းထန်သော အေရိုးဗစ် လေ့ကျင့်ခန်း
(ဒါမှမဟုတ်) လွယ်ကူသော လှုပ်ရှားမှုမျိုး နှင့် ပြင်းထန်သော လှုပ်ရှားမှု နှစ်မျိုးကို ပေါင်းစပ်၍ လုပ်သင့်ပါတယ်။
💡 နောက်ထပ် ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိဖို့အတွက် ခန္ဓာကိုယ်ရှိ အဓိက ကြွက်သားအုပ်စုအားလုံးကို အသုံးပြုရတဲ့ ကြွက်သားသန်မာရေး လှုပ်ရှားမှုတွေကိုလည်း တစ်ပတ်ကို ၂ ရက် လောက် ပြုလုပ်ပေးသင့်ပါတယ်။
💡 နောက်ထပ် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ လိုချင်ရင်တော့ လွယ်ကူသော အေရိုးဗစ် လှုပ်ရှားမှုကို တစ်ပတ်မှာ မိနစ် ၃၀၀ ထက်ပိုပြီး လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ပြင်းထန်သော အေရိုးဗစ် လှုပ်ရှားမှုကို မိနစ် ၁၅၀ ထက်ပိုပြီး လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် ဒီနှစ်ခုကို ပေါင်းစပ်ပြီး ပိုလုပ်နိုင်ပါတယ်။

☝🏻ကျန်းမာရေးအတွက် တစ်နေ့တာမှာ နည်းနည်းစီ လှုပ်ရှားသွားလာဖို့ မမေ့ပါနဲ့နော်!!!
ကိုယ်လက်လှုပ်ရှားနဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ပြင်းထန်တဲ့ လှုပ်ရှားမှုများကြောင့် ကြွက်သားနာကျင်တာ၊ အခန့်မသင့် ထိခိုက်မိတာမျိုးတွေဟာလည်း ဖြစ်တတ်ပါတယ်။

အဲ့လိုအခါမျိုးမှာ နာကျင်ကိုက်ခဲမှုတွေ လျင်မြန်စွာ သက်သာစေတဲ့ Lysoflam Gel ဆောင်ထားသင့်ပါတယ်နော်။ ☺️💯✅


Benefits

07/05/2025

မေလ (၇) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့အားကစားနေ့ (World Athletics Day) ကို ဂုဏ်ပြု ကြိုဆိုအပ်ပါတယ်… 🎉🤸‍♀️🚴‍♂️⚽️🏸

အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုရဲ့ အရေးပါပုံကို အားပေးမြှင့်တင်တဲ့ ဒီလိုနေ့လေးမှာ လူတိုင်း နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်ကြောင်းနှင့် ဒါဟာ ရေရှည်ကျန်းမာရေးအတွက် အထောက်ကူပြုနိုင်ပြီး စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ် …
ဒါကြောင့်မလို့ ဝါသနာပါရာ အားကစား ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို နေ့စဉ် ဖြည်းဖြည်းချင်းကစ ပုံမှန်စတင်လိုက်ပါလို့ Lysoflam မှ တိုက်တွန်းအပ်ပါတယ် 🤗🙌🏻

သင်အကြိုက်ဆုံး အားကစားက ဘာလဲဆိုတာ comment မှာ ပြောပြခဲ့ပါဦးနော်။ 👇

ကိုယ်လက်လှုပ်ရှားမှု အားကစားလုပ်ရင်း ကြွက်သား နာကျင်တာ၊ ကိုက်ခဲတာနဲ့ ထိခိုက်မိတာလေးတွေ ဖြစ်လာခဲ့ရင် သင့်ရဲ့ ပုံမှန်လှုပ်ရှားမှုကို အဟန့်အတားမဖြစ်ပါစေနဲ့နော် ❌
Lysoflam က ဒီလို ကိုက်ခဲနာကျင်မှုတွေကို လျင်မြန်စွာ ပျောက်ကင်း သက်သာစေပြီး နေ့စဉ်မပြတ် လှုပ်ရှားမှုတွေကို စိတ်ချလက်ချ ဆက်လုပ်နိုင်ဖို့ Lysoflam က ပံ့ပိုးကူညီပေးနိုင်ပါတယ် 😊 ✅

ပျော်ရွှင်စွာ လှုပ်ရှားရင်း ကျန်းမာကြံ့ခိုင်သော ဘဝကို Lysoflam နဲ့အတူ တည်ဆောက်လိုက်ပါ။ 😊

#ကမ္ဘာ့အားကစားနေ့


ယနေ့ မေလ ( ၁ ) ရက်နေ့တွင်ကျရောက်သော " အလုပ်သမားနေ့ " တွင် ကာယလုပ်သားများ၊ ဝန်ထမ်းများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ အ...
01/05/2025

ယနေ့ မေလ ( ၁ ) ရက်နေ့တွင်ကျရောက်သော " အလုပ်သမားနေ့ " တွင် ကာယလုပ်သားများ၊ ဝန်ထမ်းများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ အားလုံး၏ ကြိုးစားအားထုတ်မှု၊ စွမ်းဆောင်ရည်တို့ကို လေးစားအသိမှတ်ပြုလျက် ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ခင်ဗျာ။ 🎉

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ အလုပ်ကိုင် အခွင့်အလမ်းများ အဆင်ပြေချောမွေ့ကြပါစေကြောင်း ကျွန်တော်တို့ ALVOR_Healthcare မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ 🙏🏻


Address

Soho Tower, Corner Of Bo Myat Tun Road And Maha Bandula Road. Botahtaung Tsp
Yangon
11181

Telephone

+959250666200

Website

Alerts

Be the first to know and let us send you an email when ALVOR Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ALVOR Healthcare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram