Zawgyi Pharmacy

Zawgyi Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zawgyi Pharmacy, Medical and health, Yangon.

ဒီ Page ​​​လေးကို ကျွန်မတို့ သူငယ်ချင်းတွေ ဆေးဆိုင်ဖွင့်ရင်း Online pharmacyလုပ်ဖို့ ရည်ရွယ်ပြီးဖွင့်ထားတာပါ။ အကြောင်းအမ...
02/02/2021

ဒီ Page ​​​လေးကို ကျွန်မတို့ သူငယ်ချင်းတွေ ဆေးဆိုင်ဖွင့်ရင်း Online pharmacyလုပ်ဖို့ ရည်ရွယ်ပြီးဖွင့်ထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ပေမယ့် အခုလက်ရှိ အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေ ခေတ္တရပ်ဆိုင်းတုန်း ဆရာဝန်တွေ ပြင်ပမှာ ဆေးကုသမှုပေးသလို ကျွန်မတို့ဆေးဝါးပညာရှင်များအနေနဲ့လည်း လူထုကျန်းမာရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ပါဝင်ပါရစေ။

ပြည်သူတွေအနေနဲ့ ဆေးဝါးနှင့်ပတ်သက်၍ သိလိုသည်များကို တတ်စွမ်းသမျှ အကူအညီပေးပါရစေ။ ကျန်းမာရေးနှင့်ပတ်သက်သည်များကို မေးလိုရာမေးနိုင်ပါသည်။ ကျွန်မတို့ ပညာနှင့် မကူညီနိုင်လျှင်လည်း တတ်နိုင်သလောက် အကူအညီရှာပေးပါမည်။ ဆေးဝါးလိုအပ်လျှင်လည်း တတ်နိုင်သမျှ လမ်းညွှန်ပေးပါမည်။

ပြည်သူတွေ ကျန်းမာရေးနှင့်ပတ်သက်ပြီး အကြပ်အတည်းမတွေ့စေဖို့ မိမိအသိစိတ်ဖြင့်သာ ကူညီခြင်းသာဖြစ်ပါသည်။ မည်သည့်အကျိုးဆောင်ခမျှ ကောက်ယူခြင်းမပြုပါ။ Chat Boxတွင် လွတ်လပ်စွာမေးမြန်းနိုင်ပါသည်။ ကိုယ်ကျိုးမဖက်ပဲ တတ်စွမ်းသလောက်ကူညီခြင်းဖြစ်လို့ Replyနောက်ကျခြင်းများရှိလျှင်လည်း နားလည်ပေးပါရှင်။ ရိုင်းစိုင်းစွာပြောဆိုခြင်းနှင့် ကျန်းမာရေးကိစ္စမဟုတ်ပဲ မဖွယ်မရာမေးမြန်းခြင်း သည်းခံပါရှင်။

မှတ်ချက် ကျွန်မတို့သည် ရမ်းကုများမဟုတ်ပါ။ ဆေးဝါးတက္ကသိုလ်(ရန်ကုန်)ကျောင်းဆင်းများဖြစ်ပါသည်။ ပုဂ္ဂလိကဆေးရုံနှင့် ဆေးဆိုင်များတွင် လုပ်ကိုင်ဖူးသူ၊ လုပ်နေသူများဖြစ်ပါသည်။



Address

Yangon
11421

Website

Alerts

Be the first to know and let us send you an email when Zawgyi Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share