04/08/2023
⁉နောင်ဘဝ လူပြန်ဖြစ်ချင်လျှင်⁉
သံသရာမှာ လူ့ဘဝဆိုတာ လမ်းဆုံလမ်းခွ ပါဘဲ။
ပုံလေးကိုကြည့်ပါ။ ပိုရှင်းသွားအောင် ရှင်းပြပါ့မယ်
▪ #လောဘ ကြီးရင် #ပြိတ္တာဖြစ်ပါမယ်။
▪ #ဒေါသ ကြီးရင် #ငရဲ ရောက်ပါမယ်။
▪ #မောဟ ကြီးရင် #တိရစ္ဆာန်ဘုံ ရောက်ပါမယ်။
▪ #တစ်လွဲမာန ကြီးရင် #အသုရကယ်ဘုံ ရောက် ပါမယ်။
#ဒါန နဲ့ #သီလ အားကြီးရင်
▪ #လူ့ဘုံ. #နတ်ဘုံ ရောက်ပါမယ်။
▪ #သမထ အားကြီးရင် #ဗြဟ္မာဘုံရောက်ပါမယ်။
#ဝိပဿနာ အားကြီးရင်တော့
#စူဋ္ဌသောတာပန်. #မဟာသောတာပန်. #သကာဒါဂါမ်. #အနာဂါမ်. #ရဟန္တာ
နာမ်အနေနဲ့ နိဗ္ဗာန်အထိ ရောက်နိုင်ပါတယ်။
ဒါ့ကြောင့် နောင်ဘဝ လူပြန်ဖြစ်ချင်ရင်တော့ ဆုတောင်းစရာမလိုပါဘူး။
ဒါနဲ့ သီလသာ များများကျင့်ကြံပါ။
သီလဆိုရာမှာ
ငါးပါးသီလ. ရှစ်ပါးသီလ. ဆယ်ပါးသီလ အစရှိရာမှာ အနိမ့်ဆုံးသီလမှ လုံအောင် မထိန်းနိုင်ရင် နောင်ဘဝ လူပြန်ဖြစ်ရင်လည်း ပုံထဲကအတိုင်း သံသရာပြန်လည်နေဦးမှာပါဘဲ
အပါယ်ကျနိုင်လို့ စိတ်မချရပါဘူး
အဓိကကတော့ #အပယ်လေးဘုံ မရောက်ဖို့ပါဘဲ။
တစ်ကယ်တမ်း လူ့ဘဝရတုန်း လုပ်သင့်တာက အထက်က တင်ပြသလို ဝိပဿနာကျင့်ကြံရမှာပါ
ပရိတ်.ပဌာန်း.ဂါထာတွေ ရွတ်ဖတ်ပူဇော်နေ သော် လည်း မနောကံအားစိုက်ပါမှ..
နောက်ဆုံးတော့ **ဝိပဿနာလမ်းစဉ်**
သာ **သံသရာက လွတ်မြောက်တဲ့လမ်းစဉ်** အစစ်အမှန်ဘဲ ဖြစ်သလို ဆရာတော်ကြီးတိုင်း က လည်း လမ်းညွှန်ပြသတဲ့လမ်းစဉ်ဘဲဖြစ်ပါတယ်။
ဒါ့ကြောင့်.
⁉နောင်ဘဝမှာ လူပြန်ဖြစ်ချင်လား?
⁉အပါယ်လေးဘုံရောက်မှာ ကြောက်ပါသလား?
⁉လက်ရှိလူ့ဘဝကနေ သံသရာက လွတ်မြောက် ချင်ပါသလား?
ရွေးချယ်ဖို့ လမ်းဆုံလမ်းခွရောက်နေပါပြီ။ ။
ဓမ္မမိတ်ဆွေတို့
အမှောင်ပျောက် အလင်းရောက်ပါစေ
~~~~~ဗုဒ္ဓကမ္ဘာ * Buddhism World