DR.SHINN-Your Wellness & Lifestyle Doctor

DR.SHINN-Your Wellness & Lifestyle Doctor Health And Wellness, Lifestyle And Inspirational..

17/11/2023

Collagen အကြောင်းတစ်စေ့တစ်စောင်း 🙋🙋

အသက်ဘယ်လောက်က စပြီး collagen သောက်ဖို့လိုအပ်လဲ?🧏‍♀️
Collagen ကိုနေ့စဉ် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရှိမလဲ?🧏‍♀️
Collagen ရွေးချယ်တဲ့အခါမှာ ဘယ်လို collagen မျိုးတွေကို ရွေးချယ်မလဲ?🧏‍♀️

လူတိုင်းသိချင်နေကြတဲ့ collagen အကြောင်းတွေကို Face Fit Collagen Myanmar နဲ့ ပူးပေါင်းပြီး ပြောပြပေးထားတာပါတယ်နော်..။
အထူးအစီ အစဉ်အနေနဲ့ ဒီ post လေးကို share ထားတဲ့ screenshot လေးပြသပြီး ဝယ်ယူမယ်ဆိုရင် 5% discount အထိ ရနိုင်မယ့် အခွင့်အရေးလေးလည်း နှစ်ကုန်ထိ ရှိနေတာမို့ grab your chance နော်🤗

07/08/2023

လူတစ်ယောက်ဟာ တစ်နှစ်မှာ တုပ်ကွေး ဘယ်နှခါ မိနိုင်လဲ..?
တစ်နှစ်အတွင်း ကြိမ်ဖန်များစွာ တုပ်ကွေးကွေးလို့ နှာစီးချောင်းစီး မကြာခဏ ဖြစ်တတ်တယ်ဆိုရင် ဘာတွေကို သတိထားသင့်လဲ??

Decolgen ကနေ စီစဉ်တင်ဆက်တဲ့ ဒီအစဉ်အလေးကို ဒီ page လေးမှာလည်း အပတ်စဉ် တိုင်း Episode လေးတွေနဲ့ တင်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်လို့ရပါကြောင်း😘😘😘
Episode1/2/3 in comment

21/07/2023

အခုလို မိုးရာသီမှာ အအေးမိ နှာစေး ဖြစ်တယ်ဆိုတာ သမားရိုးကျ မဆန်းကြယ်တဲ့ ရောဂါဆိုပေမယ့် လူတွေမကြာခဏကြုံရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ..။

သာမာန်တုပ်ကွေးလား 🤧😷
အရေးကြီးတဲ့ တခြားသော ရောဂါတွေလား 😱😱
ဘယ်လိုခွဲကြမှာလဲ??

Decolgen ကနေ စီစဉ်တင်ဆက်တဲ့ ဒီအစဉ်အလေးကို ဒီ page လေးမှာလည်း အပတ်စဉ် တိုင်း Episode လေးတွေနဲ့ တင်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်လို့ရပါကြောင်း😘😘😘
Episode1/2 in comment

ဝက်ခြံကင်းစင် ပြုံးပျော်ရွှင်🤗🤗ဝက်ခြံကင်းပြီး Glow skin ရချင်တဲ့ အောဖရန့် တို့အတွက် အလွယ်ဆုံး နည်းလမ်း (၁၅) သွယ် 🥰
14/07/2023

ဝက်ခြံကင်းစင် ပြုံးပျော်ရွှင်🤗🤗
ဝက်ခြံကင်းပြီး Glow skin ရချင်တဲ့ အောဖရန့် တို့အတွက် အလွယ်ဆုံး နည်းလမ်း (၁၅) သွယ် 🥰

10/07/2023

အခုလို မိုးရာသီမှာ အအေးမိ နှာစေး ဖြစ်ပြီဆိုရင် ကျောင်းပျက် အလုပ်ပျက်ရ..၊စီစဉ်ထားတာတွေ ဖျက်ရနဲ့ အင်မတန်မှ စိတ်ပျက်ဖို့ကောင်းပါတယ်။ဒီ video လေးမှာဆိုရင် အခုလို ရာသီမှာ နှာစေး ချောင်းဆိုး အအေးမိချင်သလို ဖြစ်တာနဲ့ ကိုယ်အိမ်မှာတင် ဘယ်လို စားသောက်နေထိုင်ရမလဲ ဆိုတာ ပြောပြထားပါတယ်နော်..။

Decolgen ကနေ စီစဉ်တင်ဆက်တဲ့ ဒီအစဉ်အလေးကို ဒီ page လေးမှာလည်း အပတ်စဉ် Monday တိုင်း Episode လေးတွေနဲ့ တင်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်လို့ရပါကြောင်း😘😘😘
Episode 1 link in comment 😘

သင့်ကို နေ့စဉ် ပျော်ရွှင်စေမယ့် hormone များ 🤩🧠👩‍❤️‍👨🤹😇ပျော်ရွှင်မှုဆိုတာ နေ့စဉ်ဘဝမှာ ကျွန်တော်တို့ အလိုအပ်ဆုံးအရာပါ..။ခ...
06/07/2023

သင့်ကို နေ့စဉ် ပျော်ရွှင်စေမယ့် hormone များ 🤩🧠👩‍❤️‍👨🤹😇

ပျော်ရွှင်မှုဆိုတာ နေ့စဉ်ဘဝမှာ ကျွန်တော်တို့ အလိုအပ်ဆုံးအရာပါ..။ခုလို စိတ်ညစ်စရာတွေ ပြည့်နေတဲ့ အချိန်မှာဆို ပိုဆိုးတာပေါ့ .။ပျော်ရွှင်မှုဆိုတာ လူ့စိတ်ခံစားချက်တွေထဲမှာ အလှပဆုံး ကြည်နူးဖို့ အကောင်းဆုံးအရာလည်း ဖြစ်ပါတယ်.။ဒါကြောင့် ကိုယ်တွေဟာ ပျော်ရွှင်မှုကို နည်းအမျိုးမျိုးနဲ့ ရှာဖွေကြပါတယ်.။ တကယ်တော့ ပျော်ပွဲရွှင်ပွဲclub တွေမှာ party drugs တွေနဲ့ ကမှ၊ခရီးတစ်ခုခုထွက်လိုက်ရမှ ပျော်ရတာ မဟုတ်ပါဘူး.။ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်အတွင်းမှာတင် သဘာဝကပေးထားတဲ့ ပျော်ရွှင်မှုကိုဖြစ်ပေါ်စေမယ့် ဟော်မုန်းလေးတွေအများကြီးရှိနေကြပါတယ်.။သူတို့ဟာ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကြီး ချိတ်ဆက်နေဖို့ အတွက် လွှမိးမိုးမှု အရမ်းကြီးမားတဲ့ သဘာဝ လက်ဆောင်လေးတွေလည်း ဖြစ်ကြပါတယ်.။

ကျွန်တော်တို့တွေ ကံကောင်းကြပါတယ်.။လူ​တွေမှာ ​ပျော်ရွှင်​စေတဲ့ဟော်မုန်းက 1 ခုထဲ မဟုတ်ပဲ 4 ခု​ကြီး တောင်ရှိတာပါတဲ့.။
အသက်တွေကြီး အလုပ်တွေ ရှုပ်ပြီး ခေတ်ကာလ အရပါ ပျော်စရာတွေနည်းလာတဲ့အခါမှာ မိမိရဲ့ inner self ထဲက ပျော်ရွှင်မှု​ အကြည်ဓါတ်လေးတွေပျောက်မသွားဖို့ လွန်စွာအ​ရေးကြီးတဲ့အတွက် ဝေးဝေးလံလံ တကူးတက ရှာမနေရပဲ အနီးဆုံးရှိပေမယ့် အမေ့လျော့ခံ Happy Hormones ​လေး​တွေပြန်လည်ထုတ်ဖော်နိုင်တဲ့ နည်းလမ်း​လေး​​တွေကို မျှ​ဝေ​ပေးလိုက်ပါတယ် ခင်ဗျာ💕

ပျော်ရွှင်ခြင်းဟော်မုန်းလို့ဆိုလိုက်တာနဲ့
1. Dopamine
2. Oxytocin
3. Serotonin
4. Endorphins ဆိုတဲ့ လေးမျိုးကို ကြားဖူးသူများ ရှိကြပါလိမ့်မယ်.။

Dopamine(ကျေနပ်ခြင်း) 🧠
Dopamine ဟော်မုန်းက ကျွန်တော်တို့ရဲ့မှတ်ဉာဏ်၊ အာရုံစူးစိုက်ခြင်းမှာ ပါတဲ့အပြင် ခန္ဓာကိုယ်တွင်းင်္အဂါတွေရဲ့ physiology တွေမှာလည်းပါဝင်ပါတယ်.။နောက်တစ်ခုက​တော့ Goal and achievements,motivation ​and rewards ​တွေ​ကို ဆုချပေးတဲ့ hormone တစ်မျိုးပေါ့။ပြောရရင်တော့ ကျေနပ်ခြင်းဆိုတဲ့ ခံစားချက်ကိုပေးပါတယ်.။
Dopamine ကို သဘာဝအလျောက်များလာစေတဲ့ နည်းလမ်းတွေကတော့

🤩ကိုယ်စားချင်နေတဲ့ အစားအသောက် တစ်ခုခုကိုစားလိုက်နိုင်တာ
🤩အလုပ်တစ်ခုကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်တာ (‌ဥပမာ-အခန်းသန့်ရှင်းရေးလုပ်ပြီးသွားတာ)
🤩ကိုယ့်ကိုကိုယ်ဂရုစိုက်တဲ့ အလေ့အကျင့်(self care )လုပ်တာ
🤩တစ်ပါးသူကို အကူညီပေးလိုက်နိုင်တာ
🤩အောင်မြင်မှုသေးသေးလေးတွေကအစတန်ဖိုးထား တာ
🤩ငွေကုန်ကြေးကျ သက်သာတဲ့ စိတ်အပန်းဖြေမှု အသစ်အဆန်းလေးကိုပြုလုပ်နိုင်လိုက်တာ
ဒါလေးတွေပဲ ဖြစ်ပါတယ်.။
ဒါပေမယ့် တစ်ခု သတိထားရမှာက dopamine ထွက်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ ဒီကိစ္စများကို ကျေနပ်ပြီး ထပ်ခါတစ်လဲလဲပြု လုပ်နေတာမျိုး ဖြစ်လာနိုင်တဲ့အတွက် Dopamine ဟော်မုန်းထုတ်ပေးနိုင်တဲ့အရာတွေက အနည်းနဲ့အများ လူကို စွဲလမ်းစေနိုင်ပါတယ်.။

Endorphin(pain killer ,healer and therapist)🧠

နာကျင်ခံစားရမှုတွေနဲ့ စိတ်ဖိစီးမှုတွေက်ိုသက်သာလျော့ပါးစေတဲ့ hormone ပါ..။ Stress ​၊pain၊ Discomfort ၊အလိုမကျမှု​တွေကို ​ကုစား​ပေးနိုင်ပါတယ်တဲ့.။

Endorphins များများထွက်​ပီး နာကျင်မှုနဲ့ Stress ​တွေပျောက်ဆုံး​အောင်

🤩အားကစားတစ်မျိုးမျိုးလုပ်တာ,၊ကိုယ်လက်လှုပ်ရှားမှု (Gym,Yoga,tennis,jogging စတဲ့ )ချွေးထွက်​စေတဲ့ ​လေ့ကျင့်ခန်းတစ်ခုခု ပုံမှန်လုပ်ပေးတာ
🤩ဟာသကား Comedy movies ၊series ရုပ်ရှင်​တွေကြည့်တာ၊အားရပါးရ ရယ်တာ
🤩Dark Chocolate စားတာ
🤩Aroma therapy ကိုယ်ကြိုက်တဲ့ Essential Oil / Scented Candle ​လေးထွန်းရင်းသီချင်းနား​ထောင်တာ
🤩Art therapy ပန်းချီဆွဲတာ၊တစ်ခုခုဖန်တီးနေတာ
တို့က​နေ ကိုယ်ရဲ့ Endorphins hormone လေးတွေ ထုတ်ယူနိုင်ပါတယ်.။

Oxytocin(အချစ် hormone)🧠

Oxytocin ဓာတ်ကတော့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးခြင်းကို ခံစားရရင်ထွက်တဲ့ ဓာတ်ပါ။
Being loved and protected လို့ခံစားရတဲ့အထါ ၊သူတစ်ပါးအပေါ် nice and kind ဖြစ်လိုက်တဲ့အခါမှာ၊ကူညီလိုက်တဲ့အခါ ထွက်ရှိလာတဲ့ ချစ်ခြင်းမေတ္တာပေါ့.။

oxytocin ဟော်မုန်းဟာ အချစ်ဟော်မုန်း ဆိုသလိုပဲ
🤩အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆော့ကစားတာ
🤩လက်ကိုဆုပ်ကိုင်ထားတာ၊မိသားစု ချစ်သူ သူငယ်ချင်းတွေနဲ့ ဖက်တာ၊အချိန်ကုန်ဆုံးတာ
🤩ကိုယ့်ချစ်သူတွေဆီ စာလေးတစ်စောင် ပုံမှန်ပို့တာ
🤩သူတစ်ပါးကို ကူညီလိုက်ရတာ၊ချီးကျူးစကားပြောတာ သို့ ချီးကျူးခံရတာ
ဒါလေးတွေက နေ အလွယ်တကူ ရနိုင်ပါတယ်။

Serotonin ​(မျှတခြင်း)🧠

သူက​တော့ ကျွန်တော်တို့ရဲ့ energy ​တွေ mood ​တွေကို ပြုပြင်​ပေးပြီး ခံစားချက်တွေ၊emotions တွေကို balance လုပ်ပေးနေတဲ့ hormone လေးပါ.။
Stress များတာ၊စိတ်ဓာတ်ကျတာနဲ့စိုးရိမ်စိတ်ဖြစ်ပေါ်တာ၊အိပ်ချိန်စားချိန်မမှန်တာတွေ ခံစားလာရတာက Serotonin ဟော်မုန်း ကမောက်ကမ ဖြစ်ရတဲ့အတွက်ဖြစ်ပေါ်လာတာပါ.။

Serotonin ​​​ဟော်မုန်းလေးတွေပြန်တိုးလာ​အောင်

🤩မနက်ခင်း​နေ​ရောင်ခြည်နုနု​လေးခံတာ
🤩သဘာဝတရားကြီးကို ချစ်မြတ်နိုးတာ ဥပမာ-သစ်တောတွေကြားလမ်း​လျှောက်တာ ၊indoor plant လေးတွေ စိုက်ပျိုးတာ.၊မြေကြီး​ပေါ်မှာ ​ခြေဗလာနဲ့ လမ်းလျှောက်တာ
🤩မြစ်ရေစီးသံ၊လေတိုးသံ၊ကျေးငှက်သံတို့ကို နားဆင်ရတာ
🤩Yoga လုပ်တာ၊စက်ဘီးစီးတာ
🤩Mindfulness လုပ်တာ၊meditation လုပ်တရားထိုင်တာ
ဒါလေးတွေကို အလွယ်တကူ ပြုလုပ်ပေးနိုင်ပါတယ်.။

ဒီလိုပျော်ရွှင်မှု​ဟော်မုန်းလေး​တွေ ပြန်ရ​အောင် Activities ​တွေလုပ်လို့ရသလို အစားအ​သောက်​တွေက​နေတစ်ဆင့်လဲရတယ်​နော် 😋

Protein ဓါတ်ပါတဲ့ ပဲနဲ့ အသား ငါးတွေ
အ​စေ့အဆံ​ မြေပဲ
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ
Dark Chocolate၊Caffeine ဒါတွေကို အထိုက်အလျောက် စားပေးခြင်းနဲ့လည်း အလွယ်ရနိုင်ပါတယ်နော်.။

Happiness is by choice and not by chance…ပျော်ရွှင်ခြင်းဟာ အခွင့်အရေးမှ ရနိုင်တာ မဟုတ်ပဲ ရွေးချယ်ရခြင်းပါတဲ့..။
တစ်ခါတစ်လေ ကိုယ်ရဲ့ ပျော်ရွှင်မှုဆိုတာ အပြင် materials တွေကို မှီခိုနေရမယ့်အစား မိမိပေါ်မှာပဲ မူတည်နေရတာဖြစ်ပါတယ်.😘
ဒါကြောင့် အခုလို စိတ်ညစ်စရာတွေ များတဲ့ ဒီကာလမှာ ပျော်ရွှင်ခြင်း အကြည်ဓာတ်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ ပျော်ရွှင်ခြင်း hormone လေးတွေ အကြောင်း
ဝေမျှရင်း အားလုံးပဲ ပျော်ရွှင်နိုင်ကြစေဖို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျား🤗🤗

26/06/2023

အားလုံးလည်း မိုးအေးအေးနဲ့ ဟပ်ချီးဟပ်ချီးဖြစ်နေကြပြီဆိုတော့ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးကွေးရခြင်း နဲ့ ပတ်သတ်တဲ့ သိမှတ်စရာ အတိုအထွာလေးတွေကို တင်ပေးလိုက်ပါတယ်နော်🤗
Decolgen ကနေ စီစဉ်တင်ဆက်တဲ့ ဒီအစဉ်အလေးကို ဒီ page လေးမှာလည်း အပတ်စဉ် Monday တိုင်း Episode လေးတွေနဲ့ တင်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်လို့ရပါကြောင်း😘😘😘

ဆေးထိုးစရာ မလိုပဲ မျက်နှာ ကျစ်လစ် သွယ်လျ သွားစေမယ့် HIFU treatment 🤗အသက် ၂၅ ကိုကျော်လို့ ၃၀ နားကပ်တာပြီဆိုတာနဲ့ ကျွန်တော...
22/06/2023

ဆေးထိုးစရာ မလိုပဲ မျက်နှာ ကျစ်လစ် သွယ်လျ သွားစေမယ့် HIFU treatment 🤗

အသက် ၂၅ ကိုကျော်လို့ ၃၀ နားကပ်တာပြီဆိုတာနဲ့ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အသိသာဆုံးက againg process ပါပဲ..။ဒီလို သိသာလာတဲ့ ပြောင်းလဲမှုတွေကို အံတုဖို့ဆိုရင်တော့ ကိုယ့်ရဲ့ lifestyle နဲ့ နေထိုင်မှုတွေကို ဂရုစိုက်ယူမှ ရပါလိမ့်မယ်🤍

ကဲ…အားလုံးပဲ nice to see ya back ပါ..။အလုပ်တွေ အရမ်းများနေတဲ့ အတွက် page ကို သေချာ မ run ဖြစ်တာကြာလှပါပြီ..။အခု ပြန်ရောက်လာတဲ့ အချိန်မှာတော့ လွန်ခဲ့တဲ့ ၁ လလောက်က လုပ်ဖြစ်ခဲ့တဲ့ Hifu အကြောင်းကို sharing လေးလုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်.။🤗
ဒီခေတ်မှာတော့ လှချင်တဲ့သူ.၊အသားရေ ထိန်းသိမ်းချင်တဲ့သူတွေ တအားများလာကြပါတယ်..။ပြောရရင်တော့ ကျွန်တော် ကိုယ်တိုင်လည်း aesthetic procedure and treatment တွေကို စိတ်ဝင်စားတဲ့သူတစ်ယောက်ပေါ့.။
အရင်တုန်းကတော့ aesthetic procedure အနေနဲ့ V shape Botox and chin filler procedure တွေကို လုပ်ခဲ့ဖူးပါတယ်.။ဒီတစ်လောမှာတော့ ခင်တဲ့အမတစ်ယောက်ရဲ့ aesthetic clinic အသစ် စက်စက်မှာ ဘာလုပ်ရမလဲဆိုတာ သွားစပ်စု ရင်း ဒီtreatment လေးကို လုပ်တယ်ပေါ့နော်😂
ပြောရရင်တော့ collagen စတင်ပြီး လျော့လာတဲ့ အသက်ရောက်လာတဲ့ အပြင် အရင်တည်းကလည်း မျက်နှာကြီးမျိုးဆိုတော့ ကိုယ်ကမျက်နှာဝိုင်းဝိုင်းကြီးဖြစ်နေတတ်တယ်.။
သွယ်ချင်ရင် Botox and collagen ကြိုးထိုးတွေက သိသာတယ်ဆိုပေမယ့် ဒီတစ်ခါ ထပ်ပြီး အပ်နဲ့ထိုး နာမှာဆိုးတာနဲ့ more natural look ပေးမယ့် HIFU ကိုရွေးဖြစ်ခဲ့တယ်ပေါ့..။
OK ဒါဆို HIFU ဘယ်လို အလုပ်လုပ်လဲ?ဘယ်လို effect တွေရမှာလဲ?ဘာတွေ ဆောင်ရန်ရှောင်ရန် ရှိလဲဆိုတာ ဆက်ပြီး ကြည့်ကြမယ်နော်🤗

🤩🤩So,What’s HIFU??

HIFU ဆိုတာ အရှည်ကောက်ဆို High Intensity Focused ultrasound လို့ခေါ်ပါတယ်.။မြန်မာလို မရ ရအောင် ဘာသာပြန်ရင်တော့ ပြင်းအားမြင့် စွမ်းအင်မြင့် ဦးတည်ချက် တိကျသော အသံလှိုင်းများပေါ့ 🥵
အကြမ်းဖျင်းပြောရရင်တော့ အခုနောက်ပိုင်း ဆေးမထိုးချင်ပဲ မျက်နှာ သွယ်ချင်တဲ့သူတွေ အတွက် ခေတ်စားလာတဲ့ အကောင်းဆုံး ကုသနည်းလမ်းတခုလို့ပြောလို့ရပါတယ်။

ကျွန်တော်တို့ဟာ အသက်ကြီးလာတဲ့အခါ Aging process itself ကြောင့်ဖြစ်စေ.၊လေဒဏ် ဖုန်ဒဏ် နေပူဒဏ် UV rays တွေကြောင့်ဖြစ်စေ အသက် ၂၀ ဝန်းကျင်ကျော်တာနဲ့ ခန္ဓာကိုယ်က အထူးသဖြင့် face skin ရဲ့ dermis /SMAS layer တွေရဲ့ collagen ထွက်ရှိနှုန်းတွေဟာ စတင်ကျဆင်းလာပြီး အသားလျော့တွဲခြင်း skin laxity တွေဖြစ်လာပါတယ်.။ဒီအပြင် အလုပ်များပြီး ညအိပ်ရေးပျက်တာ.၊အဆီများတဲ့ အစားစာတွေစားတာ.၊body ရဲ့ physiological rate ကိုက ကျဆင်းလာတာ စတာတွေကြောင့်လည်း double chin တွေပေါ်လာပါတယ်..။ဘယ်လောက်ပဲ make up တွေလိမ်းလိမ်း double chin တွေ.၊laxity တွေဟာ အသက် ၃၀ နားကပ်လာရင် အထူးသဖြင့် photo တွေမှာ လိမ်လို့မရပါဘူး😬
HIFU ဟာ မြင်အောင်ပြောရရင် frequency မြင့်တဲ့ ultrasound wave တွေကို ထုတ်လွှတ်ပေးပြီး အရေပြားအောက်က အလွှာကို အသံလှိုင်းနဲ့ လှုံ့ဆော်ပြီး ခုနက layer တွေမှာလျော့ရဲသွားတဲ့ collagen တွေကို ထုတ်ပေးအောင် ပြုလုပ်ပေးတာဖြစ်ပါတယ်..။
Collagen တွေထွက်လာတဲ့အခါမှာ မျက်နှာအရေပြားဟာ တင်းတင်းရင်းရင်း နဲ့ သိသိသာသာ ပင့်တင်လိုက်သလို ဖြစ်သွားစေနိုင်ပြီး ပါးဖောင်းနေတာတွေ.၊မေးနှစ်ထပ်ဖြစ်နေတာတွေ..၊မေးစေ့လောက် အသားရေ လျော့တွဲကျနေတာတွေကို သက်သာစေပါတယ်.။ဒီအပြင် အပိုဆုကတော့ ချွေးပေါက်တွေကျဉ်းပြီး ရေဓာတ်ပြည့်ဝနေသလို hydrated look ကို လည်း ရစေတာပေါ့ကွယ်🤗
So,HIfU = skin lifting ,tightening ,rejuvenation effect တွေရှိပါတယ်ဆိုတာသာ မှတ်ထားပေးပါ😘

🤩🤩ဘယ်အရွယ်ကနေ စလုပ်သင့်လဲ??

ကျွန်တော် HIFU လုပ်မယ်ဆိုတော့ သူငယ်ချင်း တော်တော်များများ က ငယ်သေးတယ် ဘာလို့လုပ်မှာလဲဆိုပြီး complaint တက်ကြပါတယ်.။ဒါပေမယ့် အရေပြားဆရာဝန်များကတော့ တတ်နိုင်ရင် collagen စပြီးလျော့လာတဲ့ ၂၅-၃၀ လောက်ကနေ စတင်ပြီး လုပ်နိုင်ရင် အကောင်းဆုံးဖြစ်တယ်လို့ဆိုကြပါတယ်.။အသက်အရွယ်ကြီးလာတာနဲ့ အမျှ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက collagen ကို တည်ဆောက်ပေးတဲ့ cells တွေဟာ အရေအတွက်တွေနည်းလာသလို..function တွေလည်း သိပ် optimal မလုပ်ပေးနိုင်တော့ပါဘူး..။ဒါကြောင့် အသက်ကြီးတဲ့အခါမှ HIFU စလုပ်မယ်ဆိုရင် လိုချင်တဲ့ result မသိသာတာမျိုးဖြစ်တတ်ပါတယ်.။
ဒါကြောင့် collagen တွေအရမ်းမလျော့ခင် ကိုယ်တွေ အရွယ်လောက်ကစပြီး မာလာရှမ်းကောစား.၊bar သွားမယ့် ပိုက်ဆံကိုစုပြီး HIFU treatment လုပ်ဖို့ အကြံပေးပါတယ်နော်😛

🤩🤩Treatment procedures

Overall 1 hour နီးပါးပါပဲ.။ထုံဆေးပေးတာ နာရီဝက်..၊ပစ်တာ မိနစ် ၃၀-၄၅ ခန့်ပါပဲ..။
စစချင်း cleansing လုပ်ပါတယ်..။ပြီးရင် as usual ထုံဆေးလိမိးပြီး နာရီဝက်တော့ ဖုန်းထိုင်ပွတ်ပေါ့😛
ပစ်ပေးတဲ့ aesthetic မမက ညင်သာတော့ ဘာမှမသိသာပဲ အိပ်တောင် ပျော်လောက်ပါတယ်😂Aesthetic Doctor တွေရဲ့ ယူဆချက်နဲ့ ကိုယ့်ရဲ့ အနေအထားပေါ်လိုက်ပြီး skin layer ကို target လုပ်ပေးမယ့် cartridge(ခေါင်း) ပြောင်းသုံးပေးရတာမျိုးလည်းရှိ ပါတယ်.။

ပုံမှန် ယေဘုယပြောရရင်တော့ တကြိမ်ပစ်ရင် ပါးနှစ်ဘက်ကို အနည်းဆုံး အချက် ၃၀၀ လောက်တော့ ပစ်ရပါတယ်။ ကိုယ်က မျက်နှာကြီးကြီးပွပွဆိုတော့ both cheeks plus neck စုစုပေါင်း အချက် ၅၀၀ ကျော် -၆၀၀ လောက်ထိ ဖြစ်သွားပါတယ်😬လက်ဆောင် meso injection လေးလည်း လုပ်ပေးတာမို့ double chin ပျောက်တာ မြန်အောင် နာတာကို ကျိတ်မှိတ်သည်းခံခဲ့လိုက်သေးတယ်😂

🤩🤩Treatment ယူပြီး ဘာတွေဖြစ်နိုင်လဲ??ဆောင်ရန်ရှောင်ရန်ဘာတွေရှိလဲ??

Treatment ခံယူပြီးတဲ့အခါ မျက်နှာက cells လေးတွေကို high intensity wave ဖြတ်ခိုင်းတာ ဖြစ်လို့ လုပ်ပြီးပြီးချင်း မျက်နှာနည်းနည်းလေး နီတာတော့ ရှိတတ်တယ်.။ထုံဆေးလည်း လိမ်းထားပြီး ခုနောက်ပိုင်းစက်တွေကလည်း ရှယ်ဖြစ်လာတော့ mostly နာတာ ကျဉ်တာမျိုးမရှိတတ်ပါဘူး.။ဒါပေမယ့် pain sensitive individual တွေမှာတော့ shot ပစ်တဲ့ချိန်မှာ ကျဉ်တာမျိုးလောက် သိနိုင်ပါတယ်😬
နောက်နေ့ morning မှာလည်း နည်းနည်း ကျဉ်တင်တင် ဖြစ်တတ်တယ်လို့ ပြောပေမယ့် ကိုယ်တိုင်တော့ မခံစားရပါဘူး.။
တစ်ပတ်လောက်ကိုတော့ ပြင်းပြင်းထန်ထန် Scrub ကို ရှောင်ရပါမယ်.။
Routine skin care steps တွေ လုပ်နိုင်ပြီး Moisturizer နဲ့ Sunscreen ကို တော့
နိုင်နိုင်သုံးပေးရပါမယ်နော်🤗

တတ်နိုင်ရင်တော့ night out ,beer ,အရက်,အဆီအစိမ့်များရှောင်ပါ😛(ဒါက HIFU မှ မဟုတ်ပါဘူး all aesthetic procedures တွေအတွက်ပါ)
လေ့ကျင့်ခန်းတွဲလုပ်တာ..၊collagen supplement တွေသောက်တာမျိုးလုပ်ရင်တော့ effect ရတာပိုသိသာတာပေါ့😘

🤩🤩ဘာတွေ အားသာချက်တွေရှိလဲ?

အဓိက အားသာချက်ကတော့ ပုံမှန် collagen thread/Botox/meso injection တွေလိုမဟုတ်ပဲ အပ်သုံးစရာမလိုတော့ အပ်ကြောက်တဲ့သူတွေ နာမှာကျင်မှာကိုကြောက်တဲ့သူတွေအတွက် good ပေါ့နော်..။
နောက် no age limit,no down time ,ခုထိ no reported side effect နဲ့ နောက်ကိုယ်တွေ ပြောရရင်တော့ အခြားtreatment တွေထက် မျက်နှာတအားချွန်သွားတာ.၊မျက်နှာသေတာ ဒါမျိုးတော့ မရှိပဲ more natural look ရစေတာပါ.။

🤩🤩Treatment လုပ်ပြီး ဘယ်လောက်ခံလဲ?ဘာလောက်ကြာရင် ထပ်လုပ်ရမလဲ??

အရေပြား အလွှာတွေကို ဖြတ်ပြီး molecular level ထိသွားပြီး collagen ထုတ်လွှတ်မှုကို ဖြစ်စေတဲ့ အတွက် maximum result အတွက် အချိန်တိုင်းတာ တစ်ခုစောင့်ရပါတယ်..။
လုပ်လုပ်ချင်းမှာလည်း result ရဲ့ 30% လောက်သိသာပါတယ်.။အဓိကကတော့ nasolabial fold လို့ခေါ်တဲ့ ပါးစပ်ဘေးက line တွေ ပျောက်တာပါ.။
High intensity waves နဲ့ပစ်ပြီး ဖျက်စီးခံလိုက်ရတဲ့ cells တွေregenerate ဖြစ်ဖို့က ၃/၄ ပတ် အနည်းဆုံး အချိန်ယူရတာမို့ Maximum result အတွက် ဆိုရငိတော့ individualized ဖြစ်နိုင်ပြီး အနည်းဆုံး ၂ ပတ်ကနေ ၂ လတွင်းကြာနိုင်ပါတယ်.။
ပြင်းအားများတဲ့လှိုင်းတွေနဲ့ ထိတွေ့ခဲ့တာ cells တွေဟာ အနည်းနဲ့အများ ပျက်စီးခဲ့တာမို့ တတ်နိုင်ရင်တော့ ၂ လ ၃ လ အတွင်းမှာ ခဏခဏ ပြန်လုပ်တာမျိုးကိုတော့ recommend မပေးကြပါဘူး..။

🤩🤩ကိုယ်တွေ့ feeling ?

အဓိက ကတော့ မျက်နှာသွယ်တာထက် skin lifting က တအားသိသာတာပါ..။gym မှာ weight တွေ မပြီး ချွေးထွက်တဲ့ အချိန်ဆို အသားကြည််လာတာလည်း သိသာပါတယ်..။😇😇
စစချင်း၂ ပတ်လောက်မှာ သိပ်မသိသာပေမယ့် result က individual နဲ့လည်း ဆိုင်တယ် ဆိုတော့ ကိုယ်ကလည်း collagen ထွက်တာကြာတဲ့လူမို့လို့ ထင်ပါရဲ့ ၁ လလောက်မှ ပိုသိသာလာပါတယ်
နောက် တစ်ခုကတော့ beer နည်းနည်းပါးပါး သောက်လေ့ရှိလို့လည်း ပါမှာပေါ့😛

ကျွန်တော် treatment ယူခဲ့တဲ့နေရာကတော့ Youth & Glow Aesthetic clinic ပါ.။cmmt မှာ page link လေးချပေးထားပါတယ်.။package တွေ discount တွေ အလိုက် စျေးလေးတွေ ကွဲနိုင်တာမို့ page messager မှာ စုံစမ်းလို့ရပါတယ်.။အချိန်ပေးပြီး သေချာ treatment ပေးခဲ့တဲ့ အမကိုလည်းကျေးဇူးတင်ရပါတယ်..။
အခုကျွန်တော် post လေးမှာ share ပေးခဲ့သလောက်ဆိုရင် HIFU လုပ်ဖို့ စဉ်းစားနေတဲ့ လူတွေ အတွက် သိချင်တဲ့ information အကုန် ပါလောက်ပြီလို့ ယူဆပါတယ်🤗
ထပ်ပြီး သိချင်တာရှိရင်တော့ DM or contact to clinic ပါ..။
အားလုံးပဲ အန္တရာယ်ကင်းစွာ လှနိုင်ကြပါစေခင်ဗျာ😍😍🤗

Hello🤗 🤗အလုပ်တွေရှုပ်နေလို့ လုံးဝပျောက်သွားပြီး  ဘာမှ မတင်ဖြစ် page dead သလို ဖြစ်နေတာ ၅ လလောက်ရှိသွားပြီနော်🥲ခု post လေ...
19/06/2023

Hello🤗 🤗
အလုပ်တွေရှုပ်နေလို့ လုံးဝပျောက်သွားပြီး ဘာမှ မတင်ဖြစ် page dead သလို ဖြစ်နေတာ ၅ လလောက်ရှိသွားပြီနော်🥲
ခု post လေးတွေ.၊Video လေးတွေ နဲ့ knowledge sharing လေးတွေနဲ့ ပြန် comeback လေးလုပ်ချင်လို့ followers လေးတွေရော ရှိကြသေးလား ပုံလေးတင် တစ်ချက်စစ်ကြည့်တာပါနော် 🥹😝
အားလုံးပဲ see you soon 😘😘

24/02/2023

📣✨အမေးအဖြေအစီအစဉ်လေးပြန်လည်ရောက်ရှိလာပါပြီနော် ✨📣

ဒီတစ်ခေါက်မှာတော့ ''ချောင်းဆိုးချွဲကျပ်ဝေဒနာ အဖြေရှာဖို့ သိလိုရာမေး'' ဆိုတဲ့အမေးအဖြေအစီအစဉ်လေးမှာ ကိုယ်သိချင်တဲ့ ချောင်းဆိုးချွဲကျပ်ဝေဒနာနှင့်ပတ်သက်ပြီး သိလိုရာမေးခွန်းတွေကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့အထိ comment မှာမေးမြန်းထားနိုင်ပါတယ်။

မေးခွန်းတွေရဲ့အဖြေကိုတော့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမင်းရှင်းသန့်က comment ကနေပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်။

ချောင်းဆိုးချွဲကြပ် အမှန်တကယ်ပျောက်ဆေး📷📷
19/02/2023

ချောင်းဆိုးချွဲကြပ် အမှန်တကယ်ပျောက်ဆေး📷📷

Address

Yangon

Website

Alerts

Be the first to know and let us send you an email when DR.SHINN-Your Wellness & Lifestyle Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram