Random Talk with Dr. Zaw

Random Talk with Dr. Zaw A passionate doctor with scattered thoughts

📣 Hello Hello… MELISSAians လေးတို့ရေ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကြရောက်တဲ့ ဒီဩဂုတ်လ လေးမှာ အခုခေတ်မှာ မသိမဖြစ် သိထားက...
23/08/2025

📣 Hello Hello… MELISSAians လေးတို့ရေ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကြရောက်တဲ့ ဒီဩဂုတ်လ လေးမှာ အခုခေတ်မှာ မသိမဖြစ် သိထားကြဖို့ အရေးကြီးတဲ့ လိင်နှင့်မျိုးဆက်ပွားကျန်မားရေးနဲ့ ပတ်သက်တဲ့အသိပညာတွေ၊ သားဆက်ခြားနည်းလမ်းနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းတွေ
HIV နဲ့ AIDS နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဒီလိုအကြောင်းအရာတွေကို လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်မဲ့ လုံခြုံတဲ့နေရာလေးတစ်ခုရယ်ကို တစ်ရက်ထဲမှာ စုံစုံလင်လင် သိရှိရယူနိုင်မယ်ဆိုရင် စိတ်ဝင်စားကြလား?🤔

♦️ဒါဆိုရင်တော့ အခု ပိုစ့်လေးကို ဆက်ပြီးတော့ ဖတ်ကြည့်ပေးပါဦး..👇🏼

🦋 S*xual and Reproductive Health (မြန်မာအခေါ် S*x Education)ဆိုတဲ့ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးကို သိရှိထားခြင်းက လူတိုင်းရကိုရရှိသင့်တဲ့ လူ့အခွင့်အရေးထဲမှာ ပါဝင်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်မှာ ပြောဆိုဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း သိထားမှသာလျှင် ကိုယ်တိုင်အတွက် မှန်ကန်တဲ့ အကောင်းဆုံး ရွေးချယ်မှုတွေကို ဆုံးဖြတ်လုပ်ဆောင်နိုင်မှာကြောင့် ဖြစ်ပါတယ်။ ဒီလို မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို လူတိုင်းကျယ်ပြန့်စွာလုပ်ဆောင်နိုင်ဖို့အတွက် 𝗠𝗘𝗟𝗜𝗦𝗦𝗔 နဲ့ 3ZERO HOUSE Myanmar တို့က လူငယ်တို့အတွက် offline in person workshop လေး တစ်ခုကို စီစဉ်ပေးထားပါတယ်ရှင့်။💫

🗣️ ဒီ workshop လေးမှာ Facilitator အဖြစ် လိင်နှင့် မျိုးဆက်ပွားကျန်းမားရေးအကြောင်းကို ဦးဆောင် ပြောပြဆွေးနွေးပေးသွားမှာကတော့ “ Dr. Choo Khant Khant Zaw ” ပဲ ဖြစ်ပါတယ်။ 🥼
🩺 Dr. Choo Khant Khant Zaw ဟာ ၂၀၁၆ ခုနှစ်မှာ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်ကနေ M.B.,B.S ဘွဲ့ကို ရရှိထားတာဖြစ်ပြီး community health အတွက် project များ၊ SRHR နဲ့ပတ်သက်တဲ့ activities များကို လုပ်လာတာ ၉ နှစ်သက်တမ်းရှိပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ Child psychology, Parenting counseling, S*x education and Reproductive Health အပြင် special needs education, speech and language therapy (RICD) နဲ့ပတ်သက်တဲ့ Training, Talk နဲ့ Health Program တွေမှာ တက်ကြွစွာပါဝင်လုပ်ဆောင်နေသူဖြစ်ပြီး မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါး၊ posts၊ videos များကနေလည်း ဝေမျှပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ 🍀

🔶 လိင်နှင့် မျိုးဆက်ပွားဆိုင်ရာကျန်းမာရေး၊ သားဆက်ခြားနည်းလမ်းများ၊ HIV AIDS အစရှိတဲ့ STI ရောဂါတွေကို ကာကွယ်တဲ့နည်းလမ်းများ၊ ခွင့်ပြုခြင်းနှင့် ကိုယ့်လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်တွေကို မထိပါးနိုင်အောင် အပြုအမူနှင့်ရော စကားနှင့် ပါ တားမြစ်ကာကွယ်နိုင်တဲ့အကြောင်းများ၊ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာကျန်းမာရေး နှင့်ပတ်သက်ပြီး အကူအညီပေးနိုင်တဲ့နေရာများ၊ ယုံကြည်ရတဲ့ အွန်လိုင်းသတင်းအရင်းအမြစ် ( Eg:WHO Organization) အစရှိတဲ့အကြောင်းအရာတွေကို ice breaking session တွေလုပ်ရင်းနဲ့ အချင်းချင်း အဖွဲ့လိုက် ဆွေးနွေးတိုင်ပင်ကို အသားပေးလုပ်ဆောင်ကြမှာမို့လို့ လက်လွှတ်မခံပဲ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် ❗️💌

♦️Workshop Details
🗓 24.8.2025 (Sunday)
⏰ 9:00 AM - 4:00 PM
📍Location : 3ZERO House Myanmar (အမှတ် ၁၆၇ ၊ ၄၇လမ်း အပေါ်ဘလော့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။

💢 လူကြီးလူငယ် ကျားမ မရွေးလာရောက်လေ့လာနိုင်မဲ့အပြင် ဗဟုသုတတွေအများကြီးနဲ့အတူ networking တစ်ခုပါ ချဲ့ထွင်နိုင်မဲ့ ဒီ Workshop လေးက လူဦး ရေအကန့်အသတ်ရှိတာ မို့လို့ အမြန်ဆုံး registration form လေးကိုဖြည့်ဖို့ အကြုံပြုပါရစေနော် 📣📣📣

📃Registration form: https://forms.gle/uQuHJMc99NtcVTuX7

♦️ တက်ရောက်ခွင့်ရရှိသူတွေကို 𝗠𝗘𝗟𝗜𝗦𝗦𝗔 ဘက်က ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။📩☎️

🧶 Workshop လေးနဲ့ပတ်သက်ပြီး သိချင်တာလေးတွေရှိရင် comment မှာမေးသွားလို့ရသလို 𝗠𝗘𝗟𝗜𝗦𝗦𝗔 ရဲ့ page chat box မှာလဲ လာရောက်မေးမြန်းလို့ရပါတယ်ရှင့်။🔎

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

🩸𝗠𝗘𝗟𝗜𝗦𝗦𝗔 က ကောင်းမွန်လုံခြုံတဲ့ရာသီလာခြင်းဆိုင်ရာ တကိုယ်ရည် သန့်ရှင်းရေးစီမံခန့်ခွဲမှု (menstrual hygiene management) ကို တဖက်တလမ်းက ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ် လျက်ရှိတဲ့ ❝ တစ်ထုပ်ဝယ်ယူ တစ်ထုပ်ကူ 🩸❞ ဆိုတဲ့ Menstrual Products Contribution Movement လေးကတစ်ဆင့် ရာသီလာခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာတွေ၊ လစဉ်သုံးပစ္စည်းများ ပံ့ပိုးပေးခြင်းနဲ့ ရာသီလာခြင်းအပေါ်မှာ လွဲမှားစွာပြောနေကြတဲ့ အယူအဆမှားတွေနဲ့ အမည်းစက်တွေကို လျှော့ချပယ်ဖျောက်ပေးခြင်းတို့မှာ m.me/melissagcw ကတစ်ဆင့် အခုပဲ ပါဝင်လိုက်ပါ..။ 🩸🔴

~~~
🔸Instagram
https://shorturl.at/iLM12

🔸LinkedIn
https://t.ly/r2G_R

🔸Threads
https://t.ly/K-w9P

🔸 Telegram
https://t.me/melissagcw
https://t.me/watchtolearnMLS






#တစ်ထုပ်ဝယ်ယူတစ်ထုပ်ကူ

အလုပ်တွေ လုပ်နေပေမယ့် Page မှာ တင်ဖို့ မေ့သွားလို့ 😍ပုံလေး ၂ ပုံ က ၉ လ ပဲ ကွာတာကို အမေနဲ့ သမီး လို ပါပဲ
31/07/2025

အလုပ်တွေ လုပ်နေပေမယ့် Page မှာ တင်ဖို့ မေ့သွားလို့ 😍
ပုံလေး ၂ ပုံ က ၉ လ ပဲ ကွာတာကို အမေနဲ့ သမီး လို ပါပဲ

Youth friendly ဖြစ်မယ့် စကားလုံးလေးတွေ ရွေးသုံးထားပါတယ်။ကလေးတွေဖတ်မိရင်လည်း မရိုင်းအောင်၊လူကြီးတွေ/ဆရာ၊ဆရာမတွေလည်း ကလေးတ...
27/06/2025

Youth friendly ဖြစ်မယ့် စကားလုံးလေးတွေ ရွေးသုံးထားပါတယ်။ကလေးတွေဖတ်မိရင်လည်း မရိုင်းအောင်၊လူကြီးတွေ/ဆရာ၊ဆရာမတွေလည်း ကလေးတွေကို ပြန်သင်ပြလို့ရအောင်ပေါ့။

MATE - မိတ် မျိုးဆက်ပွားကျန်းမာရေး မှာ ၂ ပိုင်းစာ သွားကြည့်လို့ရပါပြီ။


#မိတ်မျိုးဆက်ပွါးကျန်းမာရေး

31/5/25 ရဲ့ morning session မှာ trainer အဖြစ် ပါဝင်သွားမှာမို့ T0T မတက်ခင် training လေးအရင် join လို့ရပါတယ်။Crd MYEOငလျင...
30/05/2025

31/5/25 ရဲ့ morning session မှာ trainer အဖြစ် ပါဝင်သွားမှာမို့ T0T မတက်ခင် training လေးအရင် join လို့ရပါတယ်။

Crd MYEO

ငလျင် ပြီးတော့ “Trauma တစ်ခုလို ဖြစ်ကျန်ခဲ့ပြီ”
အခမဲ့ “Psychological First Aid Training”

“နည်းနည်းလေး လှုပ်ရင်တောင်၊ လှုပ်တယ်လို့ ထင်မိရင်တောင်
ထိတ်လန့်နေရတုန်းပဲ။”
ငလျင် ပြီးတော့ “Trauma တစ်ခုလို ဖြစ်ကျန်ခဲ့ပြီ”

trauma လိုလို၊ကိုယ့်စိတ်တွေလည်း ဘာဖြစ်မှန်းမသိဖြစ်ကုန်ရင် ဒီ အခမဲ့ “Psychological First Aid Training” လေး join ကြည့်ဖို့တိုက်တွန်းပါတယ်။ အထူးသဖြင့် ငလျင် ဒဏ်ခံစားခဲ့ရတဲ့ သူတွေ ပေါ့။

ဒီစကားတွေ၊ ခံစားချက်တွေက ငလျင်ဒဏ်သင့်ဒေသကလူတွေအနေနဲ့ အခုထိ ခံစားနေကြရတဲ့ အရာတွေဖြစ်ပါတယ်။

အခုချိန်မှာဆိုရင် ငလျင်ဒဏ်သင့်ဒေသတွေက ပြန်လည်ထူထောင်ရေး လုပ်နေရတဲ့ အခြေအနေမှာ ရှိနေကြမှာပါ။

ငလျင်ဒဏ်ခံခဲ့ရပြီး အစစအရာရာ ဆုံးရှုံးခဲ့ရတဲ့သူတွေဆို စိတ်အခြေအနေ ပိုပြီးဆိုးရွားနေကြမှာပါ။

ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လူငယ်တွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီပေးနိုင်ဖို့ MYEO မှာ Training Program တွေ စီစဉ်ထားပါတယ်။

ပိုပြီး Mental Resilience ကောင်းတဲ့၊
Emotional Support ပေးနိုင်တဲ့
လူမှုအသိုက်အဝန်းဖြစ်ဖို့ဆိုရင် လူတိုင်းက တကယ်ထိရောက်တဲ့ အားပေးနှစ်သိမ့်မှု၊ နွေးထွေးကြင်နာမှုတွေ ပေးတတ်ဖို့လိုပါတယ်။

မရင်းနှီးတဲ့လူတွေကို အသာထား၊ ကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေအတွက်ရော ယုံကြည်ရတဲ့ စိတ်ခိုလှုံရာတစ်ခု ဖြစ်နိုင်ပြီလား❓

အဲ့ဒီအတွက် MYEO ကနေ “Psychological First Aid Training” ကို ထပ်ပြီး စီစဉ်ထားပါတယ်။

တကယ်တော့
-အရေးပေါ် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးနိုင်ဖို့၊
-ထိထိရောက်ရောက် ကူညီအားပေးနိုင်ဖို့၊
-ကိုယ့်စကားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမဖြစ်သွားစေဖို့ဆိုရင်
“Psychological First Aid” Training က လူတိုင်းရှိထားဖို့ လိုပါတယ်။

MYEO ရဲ့ "Psychological First Aid Training” မှာဆိုရင်
ပြင်းထန်သော ဘေးအန္တရာယ်များကြောင့် ဒုက္ခရောက်နေသောသူများ၊ ပံ့ပိုးကူညီပေးရန်လိုအပ်သူများကို ကူညီရာတွင် လူသားချင်းစာနာထောက်ထားမှုအပြည့်ဖြင့် နည်းလမ်းမှန်စွာကူညီပေးနိုင်ရန် သင်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် Training သာပြီးသွားရင်
၁. မိသားစု/သူငယ်ချင်းတွေကို ကူညီနိုင်မယ် – ကိုယ့်အနားက လူတစ်ယောက် စိတ်ထိခိုက်နေရင် "ငါဘာလုပ်ရမလဲ" အစား ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မယ်။
၂. လုပ်ငန်းခွင်မှာ အသုံးဝင်မယ် – Teacher, Social Worker, Leader တစ်ယောက်ဆိုရင် PFA သိထားတာက Golden Skill တစ်ခုပါပဲ။
၃. ကိုယ်တိုင်လည်း စိတ်ကြံ့ခိုင်မှု တိုးစေမယ် – ကိုယ်တိုင်ပါ Stressful အခြေအနေတွေကို ပိုကျော်လွှားနိုင်လာမယ်။

⚠️ ပြီးရင်တော့ တခြားသူတွေကိုလည်း ပြန်ပြီးကူညီဖို့အတွက် သင်ယူခဲ့တာတွေကို လက်တွေ့လုပ်တတ်အောင် နောက်ထပ် လူ(၁၀)ယောက်ကို ပြန်ပြီး PFA ပေးပါမယ်ဆိုတဲ့ Commitment ပေးရပါမယ်။
(အရေးကြီးပါတယ်နော်)

(အခမဲ့) လေ့လာနိုင်မယ့်အပြင် တခြားသူတွေကိုပါ ပြန်ပြီးကူညီနိုင်မှာလည်း ဖြစ်ပါတယ်။

ပြီးတော့ ဒီတစ်ခါ Training မှာ လူများများကို လက်ခံပေးသွားမှာမို့လို့ အရင်တုန်းက မမီလိုက်တဲ့သူတွေကိုလည်း ပြန်ဖိတ်ခေါ်ပါရစေနော်။

ဒီတစ်ခေါက် Training အတွက် နေ့ရက်နဲ့ အချိန်ကတော့

📌Date - May 26, 27, 28, 29, 30, 31 ရက်တွေမှာ
📌Time - မနက်(၁၀-၁၂) တစ်ချိန်၊ ညနေ(၅-၇) တစ်ချိန် လုပ်သွားမှာပါ။

ဒါပေမဲ့ နေ့တိုင်း၊ အချိန်တိုင်းကို တက်စရာမလိုဘဲ ကိုယ်အဆင်ပြေတဲ့ နေ့နဲ့အချိန်ကိုပဲ ရွေးတက်လို့ရပါတယ်။။🤗

အဆင်သင့်ပဲဆိုရင်တော့ အောက်က Link မှာ စာရင်းပေးထားလိုက်ပါ။👇
https://m.me/myeo.hub?ref=free_pfa_training

(တကယ်လို့ Link ကနေ စာရင်းပေးလို့ အဆင်မပြေရင် MYEO Messenger မှာပဲ free pfa training လို့စာပို့ပြီး စာရင်းပေးနိုင်ပါသေးတယ်။)

တကယ်ကောင်းမွန်တဲ့ Community တစ်ခုတည်ဆောက်ဖို့ဆိုရင် တစ်ယောက်ချင်းစီကနေပဲ စတင်ရပါတယ်။

ဆိုတော့ MYEOer တို့ရော ဒီအစီအစဉ်မှာ အတူပါဝင်ဖို့ အဆင်သင့်ပဲလား❓




အလုပ်တွေပြန်လုပ်နေပါပြီနော်ရိုက်ကူးရေးလုပ်နေရင်း စာမရလို့ ပြန်ပြန်ကျက်နေတဲ့အခန်းက သရုပ်ဆောင်ထားပါတယ်🤣
17/05/2025

အလုပ်တွေပြန်လုပ်နေပါပြီနော်
ရိုက်ကူးရေးလုပ်နေရင်း စာမရလို့ ပြန်ပြန်ကျက်နေတဲ့အခန်းက သရုပ်ဆောင်ထားပါတယ်🤣

"အမေ ဟာ ဘယ်သူလဲ”🎀🎀🎀🎀🎀🎀🎀🎀ကိုယ်ဝန်စရှိပြီဆိုတည်းကို က မေမေ ဟာ သူ့ဘဝမှာ အမေတစ်ယောက်ဖြစ်ဖို့ကို ကြိုတင်ပြင်ဆင်ထားကောင်းပြင်ဆ...
11/05/2025

"အမေ ဟာ ဘယ်သူလဲ”
🎀🎀🎀🎀🎀🎀🎀🎀

ကိုယ်ဝန်စရှိပြီဆိုတည်းကို က မေမေ ဟာ သူ့ဘဝမှာ အမေတစ်ယောက်ဖြစ်ဖို့ကို ကြိုတင်ပြင်ဆင်ထားကောင်းပြင်ဆင်ထားခဲ့လောက်ပါတယ်။ဒါပေမယ့် ပုထုဇဉ်လူသားထဲက တစ်ယောက်ပေမို့ မွေးလာတဲ့ သားသမီးတွေအပေါ် ချစ်တဲ့စိတ်တဝက် ၊ကြိုးစားမှု ၄၉.၉၉၉ ရာခိုင်နှုန်းနဲ့ အမှားလေး အနည်းငယ်တော့ ပါခဲ့မှာပေါ့လေ။ဒါကလည်း သူ့ဘဝရဲ့ ပထမဆုံးအကြိမ် အမေဖြစ်ဖူးတာကိုး….

ဘယ်လောက်ပဲ စိတ်ကိုကြိုတင်ပြင်ဆင်ထားပြင်ဆင်ထား၊မမျှော်လင့်ထားတာတွေ ကလေးတွေဆီမှာ ဖြစ်လာခဲ့ရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရာကနေ အမှားတွေပါတတ်တာဟာလည်း အမေတိုင်းရဲ့ သဘာဝပဲဖြစ်ပါတယ်။

🎀ဒါဆိုရင် မေမေဟာ ကျွန်မတို့ရဲ့အမေ မဖြစ်ခင်က ဘယ်သူများပါလိမ့်။

ရိုးမြေကျသစ္စာရှိပါမယ်ဆိုတဲ့ကတိပေးထားတဲ့ ခင်ပွန်းတစ်ယောက်ရဲ့ မြတ်နိုးရတဲ့ ဇနီးသည်…
အကိုကြီး၊အမကြီးတွေ မုန့်ပိုကျွေးရတဲ့ ညီမအငယ်ဆုံးလေး…
တီတီတာတာစကားပြောတတ်လို့ ဖေဖေေမေမေတို့အချစ်ပိုနေရတဲ့ သမီးငယ်လေး…
သူငယ်ချင်းအုပ်စုထဲက အစွာလေး…
ဒါတွေလည်း ဖြစ်ခဲ့ဖူးမယ်။

ဒါမှမဟုတ်
အိမ်မက်တွေအများကြီးနဲ့ မိန်းမပျိုတဦး…
ထူးချွန်တဲ့ တက္ကသိုလ်ကျောင်းသူ…

ဒါတွေအပြင်
ဆံပင်ကိုအမျိုးမျိုးပြင်ဆင်လို့ ဖိနပ်အမြင့်ကိုကြိုက်ပြီး နှုတ်ခမ်းနီတွေကို စွဲလမ်းဖူးတဲ့ အပျိုဖြန်းလေးတဦးလည်း ဖြစ်ခဲ့ဦးမှာပါပဲ။

🎀မေမေဟာ ကျွန်မတို့ရဲ့ မေမေ ဖြစ်ပြီးတော့ရော ဘာတွေများ ပြောင်းလဲသွားလဲ။

ခင်ပွန်းကအဝေးမှာရောက်နေလို့ ကလေး ၂ ယောက်ပျိုးထောင်ဖို့အတွက် အလုပ်ကိုစွန့်လွှတ်ခဲ့ရသူ
သူတက်ချင်တဲ့ ဘွဲ့လွန်နဲ့ ကလေးတွေရဲ့ ဝလုံးညီညီရေးတတ်ဖို့ကို အလောင်းအစားထပ်ခဲ့ရသူ
နှုတ်ခမ်းနီတွေဆိုးမယ့်အချိန်မှာ သမီးတွေပါးပြင်သနပ်ခါးလိမ်းဖို့ ဦးစားပေးခဲ့သူ
သမီး နှစ်ယောက် နေကောင်းဖို့ ညကြီးမိုးချုပ် မကြောက်နိုင်ဘဲ ဆေးထွက်ဝယ်ခဲ့ရသူ
သူလှပဖို့ထက် သမီးတွေအာဟာရပြည့်ဖို့ လက်မှာအပူလောင်လည်း သည်းခံနိုင်သူ အမေဘဝကို ရောက်ခဲ့ရတယ်။

အမေဆိုတဲ့ အမည်နာမ ကို လူတွေက ချီးကျူးဂုဏ်ပြုကြပေမယ့် အမေဆိုတဲ့ဘဝဟာ လွယ်လွယ်နဲ့လည်းမရသလို အမေကောင်းတစ်ယောက်ဖြစ်ဖို့လည်း စွန့်လွှတ်ခဲ့ရတာတွေ အပြည့်ပါပဲ။ကူထိန်းပေးမယ့် မိဘဆွေမျိုးတွေရှိရင်တော်သေးတယ်။တကယ်လို့ ကူမယ့်သူမရှိရင် အမေလုပ်သူဟာ ကလေးထိန်းတာနဲ့ ချက်ပြုတ်လျှော်ဖွတ်သန့်ရှင်းရေးလုပ်တာကြားမှာ ဘယ်လောက်တောင် ပြာယာခတ်လိုက်မလဲနော်။

အမေတစ်ယောက်ဟာ အမေဖြစ်တဲ့နေ့ကစပြီး
သူ့ရဲ့နာမည်တောင် မသုံးတော့ဘဲ“မေမေ” ဆိုတဲ့ခေါ်ဆိုချက်ပဲ ရှိပါတော့တယ်။အိမ်မက်တွေကိုလည်း ကလေးငိုသံတွေကြားမှာ မေ့ဖျောက်ခဲ့ရတယ်။တစ်ခါတလေ သူ့ကိုယ်သူ ပျောက်ဆုံးတဲ့ရက်တွေလည်း အများကြီးရှိမှာပေါ့။အိမ်သားတွေအမြင်မှာတော့ အမေဟာ အိမ်ရဲ့စားဖိုမှူး၊ကလေးတွေရဲ့ ဆရာဝန်၊စာသင်ပေးတဲ့ ဆရာမ၊ကလေးတွေ တခုခုဖြစ်တိုင်း ဖြေရှင်းနိုင်တဲ့ Wonder Woman ဖြစ်နေနိုင်ပေမယ့် စိတ်အတွင်းထဲမှာတော့ ကိုယ့်ဘဝကိုယ်မပိုင်ရတော့ မိန်းမတစ်ယောက်ဘဝ ကို ရောက်နေမှန်းမသိ ရောက်လာခဲ့ပါတယ်။အားငယ်တတ်တဲ့ စိတ်ဓာတ်ကိုလည်း သန်မာချင်ယောင်ဟန်ဆောင်ထားရတဲ့အပြင် သူ့ရင်ထဲကစကားသံတွေ၊ခံစားရတာတွေ ပြောပြဖို့တောင် လုံးဝ အင်အားမရှိတဲ့အချိန်တွေလည်း အများကြီးရှိခဲ့မှာပါ။

ဒါတွေဟာ
🎀အမေတစ်ယောက်ရဲ့မေတ္တာလား? ဟုတ်ပါတယ်။
🎀ကလေးတွေအနာဂတ်အတွက်လား? အမှန်ပါပဲ။

ဒါပေမယ့် အမေဖြစ်တာနဲ့ပဲ သူ့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေ၊ခံစားချက်တွေ ပျောက်ဆုံးခဲ့ရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ဒီနေ့အမေများနေ့ကစပြီး မေမေတို့ရဲ့အတွင်းစိတ်ဒဏ်ရာတွေကို အသိအမှတ်ပြုကြပါစို့။

အမေမဖြစ်ခင်က သူတို့ရဲ့ဘဝ ကို ပြန်လိုက်ရှာပေးကြရအောင်။အမေဟာလည်း လူသားတဦးမို့ အရာရာပြည့်စုံနေမှာမဟုတ်ပါဘူး။ဆိုရိုးတခုရှိပါတယ်… "အမေတွေရှိနေတဲ့ကာလပတ်လုံး ကမ္ဘာကြီးဟာ စိုပြေနေပါတယ်”တဲ့။ဒီလိုမျိုး “အမေရှိရင် အီလန်ရှိတယ်”ဆိုပြီး စနောက်ခဲ့ရတဲ့အထိ သားသမီးတွေ ကို ဖြည့်ဆည်းပေးခဲ့သူ အမေတွေရဲ့ ဘဝ ကိုလည်း ကျွန်မတို့ဆေးရောင် လှလှပြန်ခြယ်ပေးကြရအောင်ပါ။

#အမေများနေ့
#မေမေဖြစ်ရတာမလွယ်ပါ

"ဘဝကို ပြန်ရှင်သန်ဖို့ အစကနေ ကြိုးစားရတဲ့အခါ"##########################################🍀မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါ🍀...
01/05/2025

"ဘဝကို ပြန်ရှင်သန်ဖို့ အစကနေ ကြိုးစားရတဲ့အခါ"
##########################################

🍀မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါ
🍀ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်တဲ့အခါ
🍀အချိန်ယူ တည်ဆောက်ထားတဲ့အောင်မြင်မှု က တရက်ထဲနဲ့ ရှုံးနိမ့်သွားတဲ့အခါ

ဒီအခြေအနေတွေမှာ ဘဝကို ရှေ့မဆက်ချင်တော့ဘဲ စိတ်ဓာတ်ကျပြီး ယုံကြည်မှုပျက်သွားတာမျိုး အားလုံးပဲကြုံဖူးကြမှာပါ။ဒါပေမယ့် ဒီဝမ်းနည်းမှုတွေက ဇာတ်လမ်းတစ်ခုလုံးမဟုတ်ဘဲ၊ ဇာတ်ကွက်တစ်ခုပဲဆိုရင်ရော???

ဘယ်အရာကိုမှ ကြိုတင်ခန့်မှန်းလို့ မရနိုင်တာက ဘဝရဲ့ ပဉ္စလက်တစ်မျိုးပဲဖြစ်ပါတယ်။နေ့တိုင်း ကိုယ် မတွေးထားတဲ့အရာတွေ ဖြစ်နိုင်လာတာပဲလို့ သတိကပ်ပြီး နေပေမယ့် မထင်မှတ်ထားတဲ့အချိန်မှာ မရေရာမှူတွေ ရဲ့ လျှပ်တပြက် ခြောက်လှန့်ခံရတာ ထုံးစံဖြစ်နေပါပြီ။ဒါပေမယ့် ဒီမသေချာမှုတွေထဲမှာ စိန်ခေါ်မှုတွေ၊အခွင့်အလမ်းအသစ်တွေ၊အတွေ့အကြုံသစ်တွေ ပုံစံအမျိုးမျိုးနဲ့ လည်း ပါဝင်နေတတ်တာလည်း ရှေးခေတ်ဝှက်စာဖော်ရသလို ဖြစ်နေပြန်ပါတယ်။

အရမ်းပင်ပန်းနေတဲ့အချိန်တိုင်းမှာ တံခါးဟောင်းတချပ်ပိတ်သွားတိုင်း နောက်ထပ် တံခါးအသစ်တစ်ချပ် ပွင့်လာမှာပါ လို့ ကိုယ့်ဘာသာ ဖြေသိမ့််ဖူးကြသလိုမျိုး နာကျင်မှုတွေကနေ တဖြည်းဖြည်း ကြံ့ခိုင်လာစေတာကိုရော သတိထားမိကြလား။ငယ်ငယ် က ချော်လဲရင် ငိုတတ်တဲ့ကလေးတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အခါ ချော်မလဲအောင် လမ်းဘယ်လိုလျှောက်ရမလဲဆိုတာ သိသွားသလိုမျိုးပေါ့။

🍃အရှုံးတွေ စိတ်ပျက်မှုတွေကို ထပ်ကာတလဲလဲ ကြုံခဲ့ရသူအတွက် ဘဝကို ဘယ်လိုအင်အားနဲ့ နောက်တခါ ပြန်ရှင်သန်ရပါ့မလဲ???ခက်ခဲတာပေါ့လေ…
သိပ်ကို ခက်ခဲခဲ့တာပေါ့…

🍃ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် self-reflection ပြန်လုပ်ပါ။ဒီအဖြစ်အပျက်ကနေ ဘာသင်ခန်းစာ ရလိုက်သလဲပေါ့။တခါမှားယွင်းဖူးတဲ့သူဟာ အဲဒီအမှားကနေ lesson learnt ရှာဖွေလို့ရရင် တစ်ခါတစ်ရံ အတားအဆီးတွေကလည်း ပိုကောင်းတဲ့လမ်းဆီ ပို့ဆောင်ပေးနေသလို ဖြစ်နေမှာ အသေအချာပါပဲ။

🍃ရှင်သန်ချင်စိတ်မရှိတဲ့နေ့ရက်တွေကို ဖြတ်ကျော်ဖူးကြလား???မွန်းကြပ်တဲ့ ခံစားချက်တွေနဲ့ ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိဘဲ မနက်နိုးလာရမှာကိုတောင် ကြောက်လန့်ရတဲ့ အခိုက်အတန့်တွေပေါ့…ကြောက်မှာပေါ့လေ…
အနာဂတ်တွေ အိမ်မက်တွေမှ မရှိတော့တာ…

🍃ဒါကြောင့်မို့ ရှင်သန်စရာအကြောင်းပြချက်ကို ရှာဖွေတဲ့အခါ အသေးအဖွဲတွေကအစ ကျေးဇူးတင်စိတ်ကို မွေးမြူရပါတယ်။မိုးလင်းလို့ကျေးငှက်လေးတွေ တွန်ကျူးသံ၊ကောင်းကင်ရဲ့ အရောင်၊ကလေးတွေရဲ့ ဆော့ကစားသံ၊တခါတရံ လမ်းမှာ ဖြတ်သွားတဲ့ လမ်းသွားလမ်းလာတွေရဲ့ ပြုံးနေတဲ့မျက်နှာလေးတွေကလည်း ဘဝက ဆက်ရှင်သန်ရမယ့် အကြောင်းပြချက်တွေ အများကြီးရှိတဲ့အကြောင်းကို မီးမောင်းထိုးပြနေသလိုပါပဲ။

🍃ဒါကတော့ အူကြောင်ကြောင်နိုင်ပေမယ့် မမျှော်လင့်ဘဲ အသုံးဝင်ခဲ့တာပေါ့လေ။ဒုက္ခကနေ ရုန်းထွက်ပြီး ရှင်သန်လာသူတွေရဲ့ဖြစ်ရပ်တွေကို ရှာဖတ်ရပါတယ်။သူတို့ရင်ဖွင့်တာကို ဖတ်ကြည့်ပြီး ငါလည်း လုပ်နိုင်တယ်၊ပြန်ရှင်သန်နိုင်တယ်၊အစက ပြန်စနိုင်တယ် ဆိုတဲ့ အသိတရား ဝင်လာစေပါတယ်။တခါတလေ နွေးထွေးမှူပေါ့။သူတို့တောင် ကျော်ဖြတ်ပြီးပြီ…ငါလည်းပဲ ရှင်သန်နိုင်ရမှာပေါ့ ဆိုတဲ့ စိတ်ခွန်အားကို ရစေပါတယ်။

🍃နောက်ဆုံးတခု က ဖြစ်ချင်စိတ်တွေကို လျှော့ဖို့ လိုပါတယ်။ဘဝရဲ့အချိန်ဇယားက သူ့ဘာသာသူ လည်ပတ်နေပါတယ်။လူတဦးနဲ့တဦး အောင်မြင်မှုကိုသတ်မှတ်တာမတူသလို ဘဝပန်းတိုင်တွေကို ရောက်တဲ့အချိန်တွေလည်း မတူကြပါဘူး။ပင်ပန်းရင် ခဏနားပါ။ပြန်လည်ဖြစ်ထွန်းဖို့ အချိန်ပေးလိုက်ပါ။ရွက်ဟောင်းကြွေပြီးရင် ရွက်သစ်ဝေပါတယ်။

တကယ်တော့ ကျွန်မတို့တွေက ကျွန်မတို့ထင်ထားတာထက် ပိုကြံ့ခိုင်ပါတယ်။ကျရှုံးပြီးတိုင်း ပြန်လည်ရှင်သန်ဖို့ မျှော်လင့်ချက်ကို နောက်တခါ ထပ်ရွေးမိတဲ့အခါ သတ္တိနဲ့အတူ ဘဝ က အသစ်တစ်ဖန် ပြန်စတင်နေပါပြီ။ဘယ်ကို သွားနေတယ်ဆိုတဲ့လမ်းကြောင်းမပေါ်သေးရင်တောင် အရှုံးမပေးဘဲဆက်သွားဖို့ကို ရွေးချယ်ခဲ့တဲ့အတွက် ဘဝက နေရာမှန်ကိုဦးတည်ခေါ်ဆောင်သွားမှာပဲလို့ ယုံကြည်ပါတယ်။

တနေ့…
အဲဒီတနေ့ရောက်ရင်တော့…
ကျွန်မတို့ အားလုံး ပျော်ရမှာပါ…




စာမရေးတာ တလလောက်ကြာသွားပြီဆိုတော့ စာပြန်ရေးဖို့ အတော်အားယူရပါတယ်။ဒီနေ့တော့ မိုးရွာတုန်း တောင်တွေးမြောက်တွေး တွေးမိတော့ င...
30/04/2025

စာမရေးတာ တလလောက်ကြာသွားပြီဆိုတော့ စာပြန်ရေးဖို့ အတော်အားယူရပါတယ်။ဒီနေ့တော့ မိုးရွာတုန်း တောင်တွေးမြောက်တွေး တွေးမိတော့ ငယ်ငယ်က ဘဝဟာဘာလဲမေးရင် နေကြာပန်းလို့ အမြဲဖြေတတ်တာ ကို သတိရမိတယ်။အနံ့မရှိပေမယ့် လူတွေကို ပြုံးပျော်သွားစေတယ်။နေရှိတဲ့အရပ်ကိုသာတစိုက်မတ်မတ်မျက်နှာမူတတ်တဲ့နေကြာပန်းဟာ နေအလင်းရောင်ကိုခိုလှုံတာမဟုတ်ဘဲ နေရှိရာကိုပဲ တမင်မျက်နှာမူချင်လို့ မူထားတာဖြစ်တဲ့အကြောင်းတခမ်းတနားပြောပြခဲ့ဖူးတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ဘဝဟာ ဘာလဲမေးတဲ့အခါ စက္ကူပန်းရုံဖြစ်လာတယ်။အနံ့မရှိ အဆင်းမရှိ ဆိုင်မှာပန်းစည်းအဖြစ်တောင်အရောင်းမခံရပေမယ့် သူဟာ သူ့တာဝန်ကျေအောင် ငွါးငွါးစွင့်စွင့်ပွင့်ပေးရှာတယ်။လမ်းထောင့်တနေရာကို အမှတ်မထင်ကြည့်မိတဲ့အခါ ပူပြင်းတဲ့နွေရာသီမှာပဲဖြစ်ဖြစ်၊မုန်တိုင်းထန်တဲ့မိုးစက်တွေကြားမှာပဲဖြစ်ဖြစ်၊ခိုက်ခိုက်တုန်အောင် အေးတဲ့ဆောင်းရာသီမှာဖြစ်ဖြစ် ဂုဏ်သိက္ခာရှိစွာပွင့်ပေးနေတာကို မြင်ရမှာပဲဖြစ်တယ်။ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊သူ့ဘဝနဲ့သူ ကြွေချိန်တန်ကြွေပြီး ဝေချိန်တန်ဝေတဲ့ စက္ကူပန်းပင်ပေါ့။

အသက် ၃၀ ကျော်လာတော့ ဘဝဟာ ဝါးပင်ကြီးနဲ့တူတယ်လို့ပဲဖြေချင်လာမိတယ်။ဝါးပင်မဖြစ်ခင် မျှစ်ဘဝမှာပဲ အချိုးခံရ၊အခူးခံရ၊အတို့ခံရ၊ဟင်းချက်ခံရနဲ့ မျှစ်ဘဝကနေ ဝါးဘဝကို တော်တော်နဲ့မရောက်နိုင်တော့ဘူး။အကြောမာတဲ့ ဝါးပင်ဖြစ်ဖို့ မျှစ်ဘဝကနေ စိတ်ဓာတ်မကျဘဲ ဘယ်နှကြိမ်တောင် ရိုက်ချိုးခံခဲ့ရသလဲဆိုတာ မျှစ်ကိုယ်တိုင်ကလွဲရင် ဘယ်သူမှ ပိုသိနိုင်မယ်မထင်။ဘဝကအဆင်ပြေမယ်ထင်လိုက် ကျရှုံးလိုက်၊ပြန်ကြိုးစားလိုက် ခက်ခဲလိုက်ဖြစ်နေတဲ့ မျှစ်ဘဝပေါင်းများစွာကို ဖြတ်သန်းပြီးမှ ခက်ခက်ခဲခဲဝါးပင်ဘဝရောက်ရတယ်။

ကိုယ့်ရဲ့ဘဝဆိုတာ ကို သေချာ ပြန်တွေးကြည့်တော့ အသက်အရွယ်အလိုက် ဘဝကို ကြည့်တဲ့ရှုထောင့်ကွာခြားလာတာကို သိသိသာသာတွေ့မြင်လာရတယ်။နေကြာပန်းဟာ လေပြင်းတိုက်တိုင်း အပင်ကျိုးခါနီးထိဖြစ်နေပေမယ့် နေရှိရာကို ပြန်မျှော်တတ်သလို၊ ငယ်ဘဝရဲ့ စိတ်အားထက်သန်မှုက ကျရှုံးမှုတွေကို ကျော်လွန်ပြီး ဖြစ်ချင်တဲ့ အိမ်မက်ကို ပြန်လည်ပုံဖော်တတ်လာစေတယ်။

စက္ကူပန်းကတော့ အလှတရားကို အဓိပ္ပာယ်အသစ်ဖွင့်စေတဲ့ အရာပါပဲ။သူ့ကို အားပေးမယ့်သူ မရှိလည်း နေပူပူ၊မိုးရွာရွာ "ဘယ်သူမှ ကြည့်ဖို့ မဟုတ်ဘဲ ငါရှင်သန်ဖို့ ငါပွင့်လန်းနေတာဖြစ်တယ်" ဆိုတဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ပေါ့။

ဝါးပင် ရဲ့ သင်ခန်းစာက ပိုနက်ရှိုင်းပါတယ်။ သူ့ကို မာကျောအောင် ဖန်တီးပေးတာဟာ ငယ်ဘဝက ချိုးဖဲ့ခံရတဲ့ မျှစ်တွေပါပဲ။ဒဏ်ရာတိုင်းက သူ့ကို ပိုမာလာစေတယ်။ပိုပြီး မားမားမတ်မတ်ရပ်တည်နိုင်အောင် သင်ပေးတယ်။”စိတ်ဓာတ်သန်မာတယ်ဆိုတာ ဒဏ်ရာတွေကို ဖုံးကွယ်ဖို့မဟုတ်ကြောင်း၊ဒဏ်ရာတွေနဲ့အတူ အသက်ရှင်တတ်ဖို့ဖြစ်ကြောင်းနဲ့ ဒဏ်ရာတွေကနေ သင်ခန်းစာအဖြစ် ပြောင်းလဲပြီး အနာဂတ်ကို လှပအောင်ပုံသွင်းနိုင်တဲ့အထိ ကြံ့ခိုင်လာဖို့ဖြစ်ကြောင်း” တွေပေါ့။

တခါတလေ မမျှော်လင့်ထားတဲ့အရာတွေက မမျှော်လင့်ထားတဲ့အချိန်မှာ ဘဝကို စိန်ခေါ်လာတတ်ကြပါတယ်။အဲ့ဒီအချိန်တွေမှာ လူတော်တော်များများ ဟာ ခံနိုင်ရည်အားနည်းပြီး လဲပြိုသွားတတ်ကြပါတယ်။ကျွန်မလည်း ပြိုကျခဲ့တဲ့အချိန်တွေ အခါခါပဲပေါ့။ခုထိလည်း ပြိုကျ၊လဲကျလို့ မဆုံးနိုင်သေးပါဘူး။

ဒါပေမယ့် တကယ့်တန်ဖိုးရှိတဲ့ စွမ်းရည်တစ်ခုက
ပြိုကျပြီးနောက်မှာ ပြန်လည်ထူထောင်နိုင်ခြင်း – Emotional Resilience ပဲဖြစ်ပါတယ်။ဘဝဟာ ကြွေလို့၊ ကျိုးလို့၊ ပျက်စီးလို့ မရအောင် ဖုံးကွယ်ထားရတဲ့ အရာမဟုတ်ဘူး။ ကြွေတိုင်း ပြန်ပွင့်၊ ကျိုးတိုင်း ပြန်ထ၊ ပျက်တိုင်း ပြန်တည်ဆောက်နိုင်မှသာ အနိုင်ရနိုင်တာပါ။နေကြာရဲ့ မျှော်လင့်ချက်၊ စက္ကူပန်းရဲ့ စိတ်ဓာတ်၊ ဝါးပင်ရဲ့ အမြစ်တွေ—ဒါတွေအားလုံး သေချာစဉ်းစားကြည့်လိုက်တော့ ဘဝမှာ လွယ်လွယ်နဲ့ အရှုံးပေးလာတာတွေ နည်းလာပါတော့တယ်။

Emotional resilience ဆိုတာအကြိမ်ကြိမ် ကျရှုံးမှုတွေကြားထဲကတောင် “ငါဘယ်လောက်ထိ လဲကျ လဲကျ၊ပြန်ထနိုင်ရမယ်” ဆိုတဲ့ ပြင်းထန်တဲ့စိတ်ဓာတ်ပဲ ဖြစ်တယ်လို့ ကျွန်မကတော့ ယူဆတယ်။အထနှေးရင်သာ နှေးမယ်၊လဲကျသွားတဲ့အခါတိုင်း နောက်တခါအားမွေးပြီး ပြန်ထကြည့်ကြရအောင်ပါ။


ကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့ ကူညီနိုင်ခဲ့တဲ့ တပတ်တာ
12/04/2025

ကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့ ကူညီနိုင်ခဲ့တဲ့ တပတ်တာ

ခုတလော page active မဖြစ်တာ ငလျင်ဒေသတွေမှာ volunteer လုပ်နေလို့ပဲ ဖြစ်ပါတယ်။ဒီစာကို ရေးတာ တကယ့်မြေပြင်အနေအထားကို ပြောပြချ...
09/04/2025

ခုတလော page active မဖြစ်တာ ငလျင်ဒေသတွေမှာ volunteer လုပ်နေလို့ပဲ ဖြစ်ပါတယ်။ဒီစာကို ရေးတာ တကယ့်မြေပြင်အနေအထားကို ပြောပြချင်လို့ရယ်၊ အလှူရှင်တွေ နည်းလမ်းတမျိုးကို စဉ်းစားနိုင်အောင်ရယ် ရေးလိုက်တာပါ။

ဒီရက်ပိုင်းတွေ အမရပူရ၊စစ်ကိုင်း၊မန္တလေးပတ်ပြီး ဆေးကုနေတာမှာ အလှူရှင်တွေ အများကြီးတွေ့ရလို့ ဝမ်းသာအားရဖြစ်မိတယ်ပေါ့နော်။အလှူရှင်တိုင်းက စေတနာအပြည့်နဲ့လှူတာမို့ စားစရာနဲ့ရေတွေကတော့ အလျှံပယ်ဖြစ်နေပါပြီ။ဆေးကုမယ့်ဆရာဝန်အဖွဲ့တွေကလည်း တချို့နေရာတွေမှာ ထပ်နေလို့ တိုင်းရင်းဆေးက booth တခု၊အင်္ဂလိပ်ဆေးကတခု၊တရုတ်ဆေးကတခု၊ကိုရီးယားဆေးကတခု ဖြစ်နေသလို တချို့နေရာမှာတော့ ဆရာဝန်မရှိကြပါဘူး။

ငလျင်camp တွေမှာ
အခင်းနဲ့ပဲ အိပ်နေရတဲ့သူတွေဟာ မိုးရွာတဲ့အခါ သစ်ပင်တွေအောက်ကို ခိုဝင်ပြီး မိုးတိတ်တဲ့အခါ အခင်းစိုပေါ်မှာ အိပ်ရတာမျိုးရှိပါတယ်။

အခင်းရော အမိုးရော ရှိတဲ့ camp တွေမှာတော့ ပထမအုပ်စုလောက်မဆိုးပေမယ့် အကာ မရှိတဲ့အတွက် လေတိုက်တဲ့အခါ မိုးရေတွေ၊ဖုန်တွေစင်ပြီး ခြုံစောင်တွေမှာ ဖုန်အလူးလူးဖြစ်နေတတ်ပါတယ်။

အဲဒီအခါ အရေပြားရောဂါတွေအပြင် ကလေးတွေမှာ ပါးကြိတ်ယောင်ရောဂါ၊ရေကျောက်ရောဂါနဲ့ သန်ရောဂါတွေဖြစ်နေပါတယ်။

ဒီအတွက် အလှူရှင်တွေရှိရင် လုံခြုံတဲ့ အခင်း၊အကာ၊အမိုးလေးတွေ လှူနိုင်ဖို့ ထည့်သွင်းစဉ်းစားပေးစေလိုပါတယ်။

Camp တော်တော်များများဟာ ကျောင်းဝန်းတွေ၊ဘောလုံးကွင်းတွေမှာ ဖြစ်တဲ့အတွက် septic tank နဲ့ အိမ်သာတွေ ရှိနေရင်တောင် အိမ်သာအတွက် အသုံးပြုရတဲ့ရေတွေဟာ မြေကြီးရောင်ရေတွေ၊ရွှံ့ဝါရေတွေ ဖြစ်တဲ့အတွက် ဆီးပိုးဝင်တာ၊အဖြူဆင်းတာတွေ များပါတယ်။

သောက်ရေကတော့ အလှူရှင်တွေရဲ့ ရေသန့်ပုလင်းတွေသောက်တဲ့အတွက် အဆင်ပြေပါတယ်။ထမင်းထုပ်တွေစီစဉ်တဲ့အခါ ဝမ်းနူးစေတဲ့ ချဉ်ပေါင်ကြော်၊ပဲတီချဉ် စတာတွေ မထည့်ပေးရင် ပိူအဆင်ပြေမယ် ယူဆပါတယ်။ချက်ပြုတ်ပေးတဲ့သူတွေကတော့ စေတနာသန့်သန့်နဲ့ ထမင်းမြိန်အောင် စီစဉ်ပေးလိုက်ပေမယ့် သာမိုမီတာကို ခုံပေါ်ဒီတိုင်းတင်ထားရင်တောင် 104/105 degree fahrenheit ရှိတဲ့ နေပူရှိန်မှာ ထမင်းဟင်းတွေဟာ ချဉ်စော်နံပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ကြတာ များပါတယ်။

အလှူရှင်တွေတည်ရှိခြင်းဟာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အားတခုဖြစ်ပါတယ်။ဒါပေမယ့် လာပြတဲ့လူအများစုရဲ့ အိပ်မပျော်ခြင်းအကြောင်းရင်းကို ရှာဖွေကြည့်တဲ့အခါ ငလျင်ကြောင့်အိုးအိမ်ပျက်စီးရတဲ့သူတွေ၊နောက်ဆက်တွဲငလျင်ကြောက်တဲ့သူတွေ၊မိသားစု ဆုံးရှုံးရသူတွေအပြင် မနက်မနက်ဆို အလှူပစ္စည်း လာဝေတဲ့ လော်စပီကာရဲ့စေတနာအမှားတွေကြောင့်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

ကျွန်မကိုယ်တိုင်လည်း လူနာတွေကို ဆေးကုပေးနေရင်း ငလျင်လှုပ်တာလား လို့ ယူဆမိခဲ့တဲ့အထိ လော်စပီကာနဲ့ဆောင်းဘောက်အသံဟာ လူတစ်ထောင်ရှိတဲ့ camp ရဲ့ မြေကြီးကို တုန်လှုပ်စေပါတယ်။မန္တလေးတင်မက စစ်ကိုင်းမှာလည်း ထိုနည်းတူစွာပါပဲ။ကျွန်မလို ပုံမှန်လူတောင် တလှပ်လှပ်နဲ့ရင်တုန်တဲ့အထိဆိုရင် မနက်စောစော မြေကြီးပေါ်အိပ်နေတဲ့အချိန် ကားကြီးတွေတစီးပြီးတစီး ဝင်လာ၊လော်စပီကာနဲ့အော်၊တန်းစီနေတဲ့လူအုပ်ကြီးကို မျောက်ပွဲကြည့်နေသလို ရှုထောင့်ပေါင်းစုံကနေ လူ ၂၀ လောက် ပြိုင်တူဓာတ်ပုံရိုက်တာခံနေရတာ အဆင်ပြေနိုင်မယ် ထင်ပါသလား။

သူတို့ခမျာ ငလျင်ဒဏ်ကြောင့် ပင်ပန်းခဲ့ပါပြီ။
ဆောင်းဘောက်ဒဏ်ကြောင့် မပင်ပန်းပါစေနဲ့တော့။

သူတို့ခမျာ မိသားစုဝင်တွေ ဆုံးရှုံးပြီးပါပြီ။
ကင်မရာတွေက တဆင့် ဆပ်ကပ်ပွဲထဲက တိရိစ္ဆာန်လေးတွေလို ခံစားရအောင် မလုပ်ကြပါနဲ့တော့။

သူတို့ခမျာ ဘဝရဲ့ အနိမ့်ပါးဆုံးအချိန်ကို ရောက်နေပါပြီ။
အိပ်တဲ့အချိန်လေးတော့ သေချာလေး ပေးအိပ်လိုက်ကြပါ။

(ကျွန်မ အလှူမခံသလို တဆင့်ပြန်လှူပေးဖို့လည်း စွမ်းဆောင်နိုင်တဲ့အထိ မရှိတာမို့ မြေပြင်ရောက်ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပြုစာရေးသားလိုက်ရခြင်းဖြစ်ပါတယ်)


#ငလျင်

မတတ်နိုင်ခြင်းတွေရဲ့ အလွန် က ဆုတောင်းလေး🍀Art crd - Theè Oo's Artvenue
30/03/2025

မတတ်နိုင်ခြင်းတွေရဲ့ အလွန် က ဆုတောင်းလေး🍀

Art crd - Theè Oo's Artvenue

FYI for mental health, FOC clinic and training©©©©©©©©©©©©©©©©©©©©©©©*ငလျင်လှုပ်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခ...
29/03/2025

FYI for mental health, FOC clinic and training
ŠŠŠŠŠŠŠŠŠŠŠŠŠŠŠŠŠŠŠŠŠŠŠ

*ငလျင်လှုပ်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများအတွက် စိတ်ပိုင်းဆိုင်ရာအကူအညီ အခမဲ့ ရယူနိုင်ရနိုင်ရန်*

Zero Su***de Hotlines
https://t.me/zeroscbot

နှင့် တယ်လီကျန်းမာ online clinic
https://m.me/telehealthmm

https://t.me/TLKMReception

တိုင်ပင်ဖော် စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/taingpinphaw

Mind Healers စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/18u1Cg5ejy/?mibextid=wwXIfr

Metanoia စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/1BGsSVZ9ZH/?mibextid=wwXIfr

သို့ ဆက်သွယ်နိုင်ပါတယ်

Crd အစ်မ Ei Mon

…………………………………………….

*အခြေခံအသက်ကယ်ပညာနဲ့ ရှေးဦးပြုစုနည်းသင်တန်း*

1. Life Saving Hands

အခြေခံအသက်ကယ်ပညာနှင့် ရှေးဦးပြုစုနည်း Online သင်တန်း အခမဲ့

https://www.facebook.com/share/14kVhgTLS6/?mibextid=wwXIfr

2. MMOC

Debris management

https://www.facebook.com/share/15dTJ5fgu6/?mibextid=wwXIfr

3. CNE nursing education

Emergency response and care for disaster and mass casualty incident (at 7 pm, 29/3/25)

https://www.facebook.com/share/1FDXdFGgaU/?mibextid=wwXIfr

4. Counseling corner

Critical incident stress management (30/3/25)

https://www.facebook.com/share/p/166HyCAkxN/?mibextid=wwXIfr

……………………………………………

*အခမဲ့ဆေးခန်းပြရန်*

အခမဲ့ ပြည်သူဆေးခန်း - FOC teleclinic

https://www.facebook.com/share/p/16NwM7asLb/?mibextid=wwXIfr

Heal by Pun Hlaing

https://www.facebook.com/share/163EqzjREy/?mibextid=wwXIfr

Dr. Thura - Health & Wellness

https://www.facebook.com/share/1FE4XEsc1N/?mibextid=wwXIfr

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when Random Talk with Dr. Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Random Talk with Dr. Zaw:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category