Thant - Healthy life

Thant - Healthy life စိတ်ရော ကိုယ်ပါ ကျန်းမာအောင်နေထိုင်ကြစို့

✅မင်းဟာ အဝတ်မပါဘဲ ရောက်ရှိလာတယ်၊အဝတ်မပါဘဲပဲ ပြန်လည် ထွက်ခွာရလိမ့်မယ်။🍀မင်းဟာ အားအင်မရှိဘဲ ရောက်ရှိလာတယ်၊အားအင်မရှိဘဲပဲ ပ...
11/08/2025

✅မင်းဟာ အဝတ်မပါဘဲ
ရောက်ရှိလာတယ်၊
အဝတ်မပါဘဲပဲ ပြန်လည်
ထွက်ခွာရလိမ့်မယ်။

🍀မင်းဟာ အားအင်မရှိဘဲ
ရောက်ရှိလာတယ်၊
အားအင်မရှိဘဲပဲ
ပြန်လည် ထွက်ခွာရလိမ့်မယ်။

🍀မင်းဟာ ပိုက်ဆံ၊
ပစ္စည်းဥစ္စာတွေမပါဘဲ
ရောက်ရှိလာတယ်၊
ပိုက်ဆံ၊ ပစ္စည်းဥစ္စာတွေ
မပါဘဲပဲ ပြန်လည်
ထွက်ခွာရလိမ့်မယ်။

🍀မင်းရဲ့ ပထမဆုံး
ရေချိုးခြင်းကို တစ်ယောက်ယောက်က
ချိုးပေးခဲ့တယ်၊
မင်းရဲ့ နောက်ဆုံး
ရေချိုးခြင်းကိုလည်း
တစ်ယောက်ယောက်ကပဲ
ချိုးပေးလိမ့်မယ်။

🍀ဒါကပဲ ဘဝပဲ။
ဒါဆို မင်း ဘာလို့ အမုန်းတရားတွေ၊
မနာလိုမှုတွေ၊ ဆန္ဒမရှိမှုတွေနဲ့
ကိုယ်ကျိုးချစ်စိတ်တွေ များနေရတာလဲ။

🍀အားလုံးအပေါ် ကြင်နာပါ။
ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ပါ။

🍀ကမ္ဘာပေါ်မှာ ငါတို့ရဲ့အချိန်တွေဟာ
အကန့်အသတ်နဲ့ဖြစ်လို့
အချည်းအနှီး အချိန်တွေကို
မဖြုန်းတီးလိုက်ပါနဲ့။


#ဘဝကဘယ်လိုလဲဆိုပီး
ပြန်တွေးကြည့်အခါ
ပျော်စရာတွေ ဝမ်းနည်းစရာတွေ
နာကျင်စရာတွေ
ပင်ပန်းမူ့တွေ
ဒုက္ခတွေ
ပြသာနာတွေ
ရုန်းကန်ရမူ့တွေနဲ့
အရမ်းကိုငြီး​ငွေ့စရာပါပဲ
ဘယ်​လောက် ရုန်းကန်ရုန်းကန်
နောက်ဆုံး​တော့ သွားရမှာက
ဒီလမ်း​လေးထဲပဲ
အိုလ် သံသရာ🙏🙏🙏🙏
#သံဝေဂရဖွယ်ရာ🙏🙏🙏

#ကျန်းမာရေး

💠 မနက် ၃ နာရီ ဝန်းကျင်မှာ နိုးဖူးသလား? 💠 မနက်အစောကြီး သုံးနာရီ ဝန်းကျင်၊ အတိအကျဆိုရရင် သုံးနာရီကနေ ငါးနာရီ ကြားမှာ ရုတ်တ...
09/08/2025

💠 မနက် ၃ နာရီ ဝန်းကျင်မှာ နိုးဖူးသလား?

💠 မနက်အစောကြီး သုံးနာရီ ဝန်းကျင်၊ အတိအကျဆိုရရင် သုံးနာရီကနေ ငါးနာရီ ကြားမှာ ရုတ်တရက်နိုးလာဖူးပါသလား ?

💠 Alarm ပေးပြီး နိုးတာကို မဆိုလိုပါ။
ဆီးသွားချင်လို့ နိုးတာကို မဆိုလိုပါ။
ဆီသွားချင်လို့ နိုးတဲ့အခါ အိပ်ချင်နေပါတယ်။ ဆီးသွားပြီးရင် ချက်ချင်းပြန်အိပ်ပျော်ပါတယ်။

💠 ကျန်းမာရေးညံ့နေလို့ အိပ်မရတဲ့သူဆိုရင် နေ့စဉ်ရက်ဆက်မနက်အစောကြီး နိုးပြီး ပြန်အိပ်မရတော့တာမျိုးပါ။

💠 အခုပြောမယ့် အကြောင်းအရာက တရက် တကြိမ် သို့မဟုတ် တခါတရံမှသာ မနက်သုံးနာရီဝန်းကျင်မှာ နိုးလာတာပါ။

💠 နိုးတဲ့အခါမှာလည်း wide awake အပြည့်အဝနိုးလာတာပါ၊ အိပ်တဝက်နိုးတဝက်မဟုတ်ပါ။

💠 ဘာကြောင့်နိုးလာတာလဲဆိုရင် အကြောင်းရှိလို့ပါ။ သင့်ရဲ့ higher self, guardian angele, any divine sources တွေက သတင်းလာပေးတာပါ။

💠 သင့်ဘဝက ကောင်းမွန်တဲ့အပြောင်းအလဲတခုဖြစ်ပေါ်တော့မယ်။ ကောင်းတဲ့အခွင့်အရေးတွေ လာနေပြီဆိုတာကိုပါ။

💠 မြန်မာအယူကတော့

💠 မနက် ၁ နာရီမှာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များနဲ့ ဝိဇ္ဇာများ လာရောက်ပါတယ်။

💠 မနက် ၂ နာရီကတော့ ပဋ္ဌာန်းဆက်ရှိသူများ

💠 မနက် ၃ နာရီကတော့ ကျွတ်လွတ်ချင်သူများ

💠 မနက် ၄ နာရီကတော့ နတ်ကောင်းနတ်မြတ်များ

💠 ၅ , ၆ , ၇ နာရီများမှာတော့ ကိုယ်စောင့်နတ်နဲ့ သိကြားမင်းလာရောက်တယ်လို့ ဆိုပါတယ်။

💠 ဒီစာကိုဖတ်နေသူက မြန်မာလူမျိုးဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့်မြန်မာအယူနဲ့ဘဲ လုပ်ဆောင်ကြတာပေါ့။

💠 သင်ဟာ အဲ့ဒီလို မနက် ၃ နာရီနဲ့ ၅ နာရီကြားမှာနိုးလာပြီး ပြန်အိပ်မရအောင်ဖြစ်နေတယ်ဆိုရင် သင့်ဘဝမှာ အ‌ရေးကြီးတဲ့အချိန်တခုကို‌ ရောက်နေလို့ပါ။

💠 ဥပမာ - ဆုံးဖြတ်ရခက်ခဲတဲ့ အကြောင်းအရာများရှိနေတယ်။ ခက်ခဲကြပ်တည်းလွန်းတဲ့အခြေအနေတခုထဲ ရောက်နေတာမျိုးမို့သာ ခုလိုနိုးလာတာပါ။

💠 တရားထိုင်ချင်တဲ့စိတ်ရှိရင် ထိုင်ပါ။ ဘုရားရှိခိုးချင်ရင် ရှိခိုးပါ။

💠 အဓိက လုပ်သင့်တာကတော့ အသက်ပုံမှန်ရှူပြီး စိတ်တည်ငြိမ်အောင်လုပ်ပါ။ သင့်စိတ်က ငြိမ်သက်ပြီး တနေရာထဲကို အာရုံစူးစိုက်နိုင်မှသာ မမြင်နိုင်တဲ့ပုဂ္ဂိုလ်များနဲ့ ဆက်သွယ်နိုင်ပါတယ်။

💠 စိတ်တည်ငြိမ်လာရင် ဆက်သွယ်ချင်သော ပုဂ္ဂိုလ်များအား အမျှပေးဝေပါ၊ ပေးချင်တဲ့ မက်ဆေ့များကိုပေးပါ၊ သို့မဟုတ် လုပ်သင့်တာများရှိရင် ညွှန်ကြားပေးပါ စသည်ဖြင့် စိတ်က ပြောလိုက်ပါ။

💠 အကျိုးဆက်ကတော့ သင်သိချင်နေသော အကြောင်းအရာများကို ရုတ်တရက်သိလာမယ်။ မထင်မှတ်တဲ့နေရာကနေ အကူအညီများ အဆက်အသွယ်များ အလိုလို ရလာမှာပါ။

Myat H K Muntheဆရာမပိုစ့်အား ပြန်လည်မျှဝေပါသည်။

08/08/2025

လပြည့်နေ့မှာ ကုသိုလ်နဲ့ အိပ်ဖြစ်ကြရဲ့လား ချစ်တို့ရေ...

>>  #ဦးနှောက်သွေးကြောပြတ်ခြင်း ***မိတ်ဆွေတို့.....!မိမိ မဖြစ်လောက်သေးပေမယ့် အသက်ကြီးသူတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ်...
07/08/2025

>> #ဦးနှောက်သွေးကြောပြတ်ခြင်း ***

မိတ်ဆွေတို့.....!
မိမိ မဖြစ်လောက်သေးပေမယ့် အသက်ကြီးသူတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ.ဆိုတာလေးသိရအောင်
ထပ်ဆင့်မျှဝေ တင်ပြလိုက်ပါတယ်

x
>>> ၁၉၀၀ ပြည့်နှစ် ဝန်းကျင်လောက်က Thomas Vills သောမတ်စ် ဗီးစ် ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြော
ပြတ်သွား တာကိုကြုံခဲ့ရတယ်

x
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး

x
ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ x သောမတ်စ် ဗီးလ် ဟာ ဆရာ၀န်ဖြစ်လာခဲ့တယ်

x
သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို
ဘာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်

x
မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ

>> ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း

💢လေးလံထိုင်းမှိုင်းစေတဲ့ ကိုယ်တွင်းအဆိပ်ကို ဖယ်ထုတ်ပါ💢🚩ကိုယ်တွင်း အဆိပ်အတောက်ကို မဖယ်ရှားတဲ့အခါ...💥ဇာက်ကြောတက်၊💥ညောင်းညာ...
07/08/2025

💢လေးလံထိုင်းမှိုင်းစေတဲ့ ကိုယ်တွင်းအဆိပ်ကို ဖယ်ထုတ်ပါ💢

🚩ကိုယ်တွင်း အဆိပ်အတောက်ကို မဖယ်ရှားတဲ့အခါ...

💥ဇာက်ကြောတက်၊
💥ညောင်းညာ၊လေးလံ
💥ခေါင်းအုံ၊ခေါင်းကိုက်
💥ကျီးပေါင်း၊လေးဖက်နာ
💥ဒူးနာ၊ခါးနာ
💥ထုံကျဉ် ခံစားလာရစေတယ်။

💢ဒါကြောင့် ညအိပ်ခါနီး 15မိနစ် ရေနွေးနဲ့စိမ် အဆိပ်ထုတ် ဒါမှမဟုတ်

💥ဆားထည့် ရေချိုး ပုံမှန်လုပ်ပေးမယ်ဆို

🚩သွေးလည်ပတ်မှုကောင်းလို့ သွက်လက်ဖြတ်လတ် ကျန်းမာစေပါတယ်ရှင်။



#ကျန်းမာရေး
#ရွှေဆား
#ရန်ကုန်

မရှိဘူးလို့ ဘယ်တော့မှ မညည်းပါနဲ့စကားလုံးမှာ စွမ်းအင်တွေရှိတယ်ဘဝအပေါ် သက်ရောက်မှုလည်း ရှိတယ်မရှိဘူး မရှိဘူး လို့ ညည်းပါမျ...
06/08/2025

မရှိဘူးလို့ ဘယ်တော့မှ မညည်းပါနဲ့

စကားလုံးမှာ စွမ်းအင်တွေရှိတယ်
ဘဝအပေါ် သက်ရောက်မှုလည်း ရှိတယ်

မရှိဘူး မရှိဘူး လို့ ညည်းပါများတော့
တကယ်လည်း ရှိမလာတော့ဘူး။

တကယ်ရှိတဲ့သူက ဘယ်တော့မှ
ရှိတယ်လို့ မပြောဘူး။
ဘယ်လောက်ကြီး ချမ်းသာနေပါတယ်လို့လည်း
မကြွားဝါဘူး။

ဒါပေမယ့်
သူတို့ မပြောတဲ့ စကားတစ်ခွန်းတော့ ရှိတယ်

အဲဒါကတော့ လုပ်ငန်းထဲ
ဘယ်လောက်ပဲ အကြွေးတွေတင်တင်
ဘယ်လောက်ပဲ အဆင်မပြေပြေ

ဘယ်သောအခါမှ မရှိဘူးလို့ မပြောဘူး
မဖြစ်နိုင်ဘူး မရနိုင်ဘူးလို့ မပြောဘူး။

မရှိဘူး၊ မဖြစ်နိုင်ဘူး၊ မရနိုင်ဘူး
စတဲ့ (ဘူး)တွေ ပြောတာများရင်
တကယ် ရလာမယ့်ဟာတွေ ရမလာတော့ဘူး။

ရှိလာမယ့်ဟာတွေ ရှိမလာတော့ဘူး။
ဖြစ်လာမယ့်ဟာတွေ ဖြစ်မလာတော့ဘူး။
စကားနောက် တရားပါဆိုသလိုပဲ

မရှိဘူး၊ မရှိဘူး လို့ ပြောပါများရင်
အဲဒါ လာဘ်တိတ်တတ်ပါတယ်။

တခဏတာ မရှိတာဟာ
တစ်ဘဝလုံးစာ မရှိတာမဟုတ်ဘူး။

ဒါကြောင့် ကိုယ့်ကိုယ်ကို သိရင် ပြင်ပါ
ပြောင်းလဲပါ။
ဘယ်သောအခါမှ မရှိဘူး မပြောပါနဲ့။

သတိထား ကြည့်ပါ
အမြဲညည်းနေတဲ့ သူတွေဟာ
သူတပါးတွေ ခက်ခဲတာထက် ပိုခက်ခဲပါတယ်။

with respect - credit

🙏🙏. အရေးပေါ်မို့လို့🚨 တစ်မိနစ်သာအချိန်ပေးပီးဖတ်ပေးပါ လူတစ်ယောက်ရဲ့အသက်ကိုကယ်နိုင်အောင်______________________👉.  အကယ်၍သင်...
05/08/2025

🙏🙏. အရေးပေါ်မို့လို့🚨 တစ်မိနစ်သာအချိန်ပေးပီးဖတ်ပေးပါ လူတစ်ယောက်ရဲ့အသက်ကိုကယ်နိုင်အောင်
______________________
👉. အကယ်၍သင်ဟာရုတ်တရက် ရင်ဘတ်ကနေ အလွန်နာကျင်တဲ့ဝေဒနာ ခံစားလိုက်ရတယ် ။ အဲ့နာကျင်မှုကလက်မောင်း အတွင်းသားတွေ မေးတွေအထိရောက်တယ်။ သင့်အိမ်နဲ့အနီးဆုံး ဆေ:ရုံကိုရောက်ဖို့ ၅ မိုင်လောက်လိုတယ်
ဒါပေမဲ့ အဲ့ခရီးကို ရောက်အောင်သွားနိုင်
မလား မသေချာဘူး။

🫶👍👉. သင်တယောက်ထဲရှိတဲ့အချိန် နှလုံးရောဂါ
ထဖောက်ရင် ဘယ်လို အသက်ရှင်နိုင်အောင်
လုပ်မလဲ?
___________________
👉. လူတော်တော်များများ နှလုံးရောဂါ ထ
ဖောက်တဲ့အချိန် သူ့အနားမှာကူမဲ့သူ တယောက်
မှမရှိဘူး ၊ သူ့နှလုံးက ပုံမှန်မခုန်ဘူး ၊ သတိလစ်
မေ့မျောတော့မယ်၊ သတိလစ်ဖို့ ၁၀ စက္ကန့်
လောက်ပဲလိုတယ်.
ဒါပေမဲ့ အဲ့လိုအချိန်မှာ ကိုယ့်ဖာသာ
ကိုယ်ပြန်ပီးကူညီနိုင်တယ် -

👉👉👉 ချောင်းဆိုးမယ် ။ ချောင်းကို ခနခန ဆိုးမယ် ရင်ထဲကနေ လှိုက်လှိုက်ဆိုးမယ်( ချောင်းနက်ဆိုး) ကြာကြာဆိုးမယ် ၊

👉👉 ချောင်းတစ်ခေါက် မဆိုးခင်တိုင်းမှာ အသက်
ပြင်းပြင်းရှူသွင်းမယ် ။ အဲ့လိုလုပ်ခြင်းအားဖြင့် ရင်ဘတ်ထဲက ချွဲ၊ သလိပ်တွေ ထွက်လာမယ်။

👉👉 အဲ့လိုမျိုး အသက်ရှူလိုက် ချောင်းဆိုးလိုက်ကို နှစ်စက္ကန့် တစ်ကြိမ်လောက် တစ်လှည့်စီ အဆက်
်မပြတ်လုပ်ပါ ။ အကူအညီမရောက်မခြင်း ( သို့ ) နှလုံးပုံမှန်အတိုင်းခုန်နေပြီလို့ မခံစားရမခြင်း။
အသက်ပြင်းပြင်းရှူခြင်းက အဆုတ်တွင်း
အောက်စီဂျင် ရစေတယ်၊ ချောင်းဆိုးခြင်းက နှလုံး
ကိုညှစ်ပေးတယ်၊ ဒါကြောင့် သွေ:လည်ပတ်မှု ကို
ထိန်းထားပေးတယ်။

👉👉 နှလုံးညှစ်ပေးနေတာကြောင့်လဲ နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်စေတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် နှလုံးရောဂါထဖောက်တဲ့လူနာကို ဆေ:ရုံပို့ပေး
နိုင်ဖို့ အချိန်ဆွဲထားပေးနိုင်တယ်။
ဒီအကြောင်းကို တတ်နိုင်သမျှ
လူတော်တော်များများကို ပြောပြပေးပါ။ အဲ့ဒါကသူတို့အသက်ကို ကယ်ပေးလိမ့်မယ်။

👉👉 နှလုံးရောဂါအထူးကု ဆရာဝန်တစ်ယောက်ကပြောတယ် ။ အကယ်၍ သင်ဒီစာကိုရရင် လူ ၁၀ယောက်ကိုပြန်ဖြန့်ဝေပေးလိုက်ပါ။ကျွန်တော်
တို့ အနည်းဆုံး လူတစ်ယောက်ရဲ့ အသက်ကိုတော့ ကယ်နိုင်ပါလိမ့်မယ်။
ဟာသတွေပို့မဲ့အစား ဒီစာကို ပြန်ရှယ်ခြင်းဖြင့် တစ်ဦးတစ်ယောက်ရဲ့ အသက်ကိုကယ်နိုင်ပါ
လိမ့်မယ်။

👉👉 တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

✨နေ့စဉ်မပြတ် ဘာလို့‌ အော်ဒါတက်လဲဆို...💥စေတနာလဲ အရင်းခံရောင်းပေး...6ဆးစွမ်းလဲထက်...သုံးစွဲသူလဲမေတ္တာအပြည့်နဲ့ ယုံကြည်သောက...
05/08/2025

✨နေ့စဉ်မပြတ် ဘာလို့‌ အော်ဒါတက်လဲဆို...

💥စေတနာလဲ အရင်းခံရောင်းပေး...6ဆးစွမ်းလဲထက်...သုံးစွဲသူလဲမေတ္တာအပြည့်နဲ့ ယုံကြည်သောက်သုံးပေးလို့ပါ။

💢မနေ့က ဘုန်းဘုန်းတစ်ပါး အိမ်ထိ လာ၀ယ်ရင်း.....

🚩အရင်က ဒီအနီးတဝိုက် ရှာ‌နေတာကြာပြီ..

💥6ဆးကတည့်တော့ မပြတ်ချင်ဘူး...နေရထိုင်ရပေါ့လို့တဲ့...

✴️အရင်ကဆို ခန္ဓာကိုယ်က လေးနေပြီး ဘာသောက်သောက်မပျောက်...ဘယ်လောက်ကုန်ကုန် မပျောက်နေကို...

🚩အခုဆို တစ်လတကြိမ်ကတော့ မပြတ် ၀ယ်တယ်...လှူတယ်...

‼️ဘယ်လောက်ကောင်းလဲနော်...နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ အခြေအနေ...

💥6‌ဆးထုတ်လုပ်ပေးသူရော သုံးစွဲသူ ကာစတန်မာများလဲ ကျန်းမာပျော်ရွှင် စိတ်ချမ်းသာကြပါစေရှင်..



#မိမီဇင်
#ရန်ကုန်

၀င်ငွေငြိမ်မှ ဟင်းပွဲလဲ ငြိမ်မယ်မှတ်🤣
04/08/2025

၀င်ငွေငြိမ်မှ ဟင်းပွဲလဲ ငြိမ်မယ်မှတ်🤣

မျက်စိအမြင်အာရုံမှုန်ဝါးခြင်း၊ အတွင်းတိမ်၊ ရေတိမ်နဲ့ ​ခေါင်းတစ်ခြမ်းကိုက်ဝေဒနာတွေကို နှုတ်ဆက်လိုက်ပါ။ ဒီသဘာဝဖျော်ရည်တစ်ခ...
02/08/2025

မျက်စိအမြင်အာရုံမှုန်ဝါးခြင်း၊ အတွင်းတိမ်၊ ရေတိမ်နဲ့ ​ခေါင်းတစ်ခြမ်းကိုက်ဝေဒနာတွေကို နှုတ်ဆက်လိုက်ပါ။ ဒီသဘာဝဖျော်ရည်တစ်ခွက်နဲ့ မျက်လုံးကျန်းမာရေးကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်ပါတယ်။ 🍹💫

ဒီဖျော်ရည်က မျက်လုံးပင်ပန်းတာကို ပြေလျော့စေပြီး မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးအတွက်လည်း အကျိုးပြုပါတယ်။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လိုက်ကြရအောင်! 💚

မျက်လုံးကျန်းမာရေးအတွက် ဖျော်ရည်ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ:း........
* မုန်လာဥနီ ၁ လုံး
(အခွံနွှာပြီး အတုံးသေးသေးလေးများ လှီးပါ) 🥕
* ငှက်ပျောသီး ၂ လုံး (လှီးဖြတ်ပါ) 🍌
* လိမ္မော်သီး ၂ လုံး
(အခွံနွှာပြီး အတုံးသေးသေးလေးများ လှီးပါ) 🍊
* နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ½ ဇွန်း
* ရေ ၂ ခွက်

ပြုလုပ်ပုံအဆင့်ဆင့်.....
၁။ ပါဝင်ပစ္စည်းအားလုံးကို Blender ထဲထည့်ပါ။
၂။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ½ ဇွန်းနဲ့ ရေ ၂ ခွက် ထည့်ပါ။
၃။ အားလုံး သမသွားတဲ့အထိ ကြိတ်ပါ။ 🌀
၄။ ဖန်ခွက်ထဲထည့်ပြီး ချက်ချင်း သောက်သုံးနိုင်ပါတယ်။ 🍶

သောက်သုံးရန်အကြံပြုချက်........
မနက်စာမစားမီ မိနစ် ၃၀ ခန့်အလိုမှာ တစ်နေ့လျှင် တစ်ခွက်နှုန်းနဲ့ ၇ ရက်ဆက်တိုက် သောက်သုံးပေးပါ။

ရလဒ်များ
ရက်အနည်းငယ်ကြာတဲ့အခါ...
✨ မှုန်ဝါးဝါးဖြစ်နေတဲ့အမြင်အာရုံက ပိုမိုကြည်လင်လာတာ
ကို စတင်ခံစားရပါလိမ့်မယ်။
✨ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာလာပါလိမ့်မယ်။
✨ အမြင်အာရုံ ပိုမိုကြည်လင်လာပါလိမ့်မယ်။
✨ မျက်လုံးအာရုံကြောအားနည်းတာကို ကာကွယ်ပေးပါ
လိမ့်မယ်။
ပိုမိုကြည်လင်တဲ့ မျက်လုံးအမြင်နဲ့ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ဖို့ အခုပဲ စမ်းကြည့်လိုက်ပါ။ 👁🌿

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး

 #ဘာကြောင့်ခြေဖျားအေးတာလဲ? ခြေဖျားအေးနေရင် ဘာတွေလုပ်သင့်သလဲ?ခြေဖျားတွေအေးတယ်ဆိုတာဟာ ခြေထောက် တွေဆီကို အောက်ဆီဂျင်နဲ့ သွေ...
31/07/2025

#ဘာကြောင့်ခြေဖျားအေးတာလဲ? ခြေဖျားအေးနေရင် ဘာတွေလုပ်သင့်သလဲ?

ခြေဖျားတွေအေးတယ်ဆိုတာဟာ ခြေထောက် တွေဆီကို အောက်ဆီဂျင်နဲ့ သွေးကောင်းကောင်း မရောက်တဲ့အတွက် ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုပါ။

ဒီလို သာမန်ပြဿနာလေးလို့ ဆိုပေမယ့်လည်းသွေးအားနည်းရောဂါ၊ နာတာရှည် ပင်ပန်းနွမ်းနယ်မှု၊ အာရုံကြောထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ ကိုယ်အပူရှိန် အလွန်အမင်းကျဆင်းမှု စတာတွေရဲ့လက္ခဏာဆိုတာလည်း သိထားသင့်ပါတယ်။

ဒါ ကြောင့်မို့ ခြေဖျားတွေအေးလာရင် သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်း တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်

- #သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို

နွေးသွားအောင် အပူလေးပေးပြီး ခြေဖဝါးကိုလိမ်းပြီး နှိပ်နယ်ပေးတာမျိုး အိပ်ရာ မဝင်ခင်မှာ နေ့စဉ် လုပ်ဆောင်နိုင်ပါတယ်။

- #နောက်တစ်နည်းကတော့ ရေနွေးစိမ်တာဖြစ်ပြီး

ဇလုံနှစ်လုံးထဲမှာ ရေအေး၊ ရေခပ်နွေးနွေး တစ်မျိုးစီထည့်ကာ တစ်လှည့်စီ ၁၀ မိနစ်လောက် စိမ်နေတုန်းမှာ ခြေချင်းဝတ်လှည့် လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။

- #ရေနွေးထဲကို ဆားထည့်ပြီးတော့လည်း

စိမ်လို့ရသလို ချင်းပြုတ်ရည်နဲ့ စိမ်တာမျိုးလည်းလုပ်နိုင်ပါတယ်။

- #ချင်းကိုရေနွေးနဲ့ကျို၊ ပျားရည်အနည်းငယ် ခတ်ပြီး သောက်ပေးခြင်းဖြင့် အနွေးဓာတ် ယူနိုင်ပါတယ်။

-ခေါင်းအစခြေအဆုံး သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးနိုင်တဲ့ နောက်တစ်ခုကတော့ လက်ဖက်စိမ်းနှင့် ကော်ဖီ စစ်စစ် အမှုန့် ပါ။

ဂရင်းတီးထဲကို ကော်ဖီမှုန် အနည်း ပျားရည်လေးနည်းနည်း ထည့်ပြီး သောက်လို့ရသလို အသင့်သောက် ဂရင်းတီးအိတ်ငယ် လေးအိတ်လောက်ကို ရေနွေးအိုးကြီးထဲမှာ ပွက်ပွက်ဆူအောင် ကြိုပြီး စာဆိုဒါမှုန့်အနည်ငယ်း ကျောက်ချဥ် အနည်းငယ်ထည့် ဖျော် နွေးသွားတဲ့အခါမှာ ခြေထောက်စိမ်ပေးနိုင်ပါတယ်။

- #နောက်တစ်ခုက မနက်စောစောမှာ ခြေဗလာနဲ့ မြက်ခင်းပေါ် လမ်းလျှောက် ပေးတာကလည်းခြေထောက် သွေး လည်ပတ်မှုကောင်းပြီး ခြေထောက်ကြွက်သားတွေ၊ ခြေချင်း ဝတ်တွေ သန်မာဖို့အတွက် အထောက်အကူပြုပါတယ်။

ခြေအေးလက်အေးဖြစ်တာက သံဓာတ်ချို့တဲ့မှု၊ မဂ္ဂနီဆီယမ် ချို့တဲ့မှုနဲ့လည်း ဆက်စပ်နိုင်တာကြောင့် သံဓာတ်၊ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေအပြင် ဆေးပညာရှင်နှင့် တိုင်ပင်ပြီး ဖြည့်စွက်ဆေးတွေ သောက်ပေးဖို့ လိုအပ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။)

#ကျန်းမာရေး

💢ချင်းပြည်လဲ မရမက သွားမယ်ကွယ်....🚩မှာသူများလို့ လူကြုံနဲ့ပို့မယ်...10ဗူးပို့ပါတဲ့နော်။✴️အာရုံကြောဝေဒနာဆိုတာ လေဖြတ်/လေငန်...
30/07/2025

💢ချင်းပြည်လဲ မရမက သွားမယ်ကွယ်....

🚩မှာသူများလို့ လူကြုံနဲ့ပို့မယ်...10ဗူးပို့ပါတဲ့နော်။

✴️အာရုံကြောဝေဒနာဆိုတာ လေဖြတ်/လေငန်း/ထုံကျဉ်လောက်သာ သိသာတယ်မြင်ကြတာ

💥ညောင်းညာ/ဇာက်ကြောတက်/မူးဝေ/ခေါင်းကိုက်/ဒူးနာ/ခါးနာကျ အသေးစားလောက်ထင်ကြတာ

👉ဒါတွေလဲပဲ ဂရုစိုက်ရမယ့်...ဝေဒနာတွေပါပဲနော်။

✴️သေးသေးကစ အကြီးကြီးမဖြစ်ကြအောင် ဂရုစိုက်ကြမယ်ရှင့်...



#ရန်ကုန်
#မိမိဇင်

Address

Myoma Kyaung Street
Ranchi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959675999670

Website

Alerts

Be the first to know and let us send you an email when Thant - Healthy life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thant - Healthy life:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram