14/04/2026
ခြေထောက်နှစ်ဖက်ကို နံရံကိုမှီပြီး မြှောက်ထားတဲ့ pose (Yoga မှာ “Legs Up the Wall” လို့ခေါ်ကြတဲ့ Viparita Karani) က လွယ်ကူပေမယ့် အကျိုးကျေးဇူးများတဲ့ exercise တစ်ခုပါ။
အဓိက ကောင်းကျိုးတွေက👇
🩸 1. 6သွးလည်ပတ်မှုကောင်းစေတယ်။
ခြေထောက်တွေကို မြှောက်ထားတဲ့အတွက်
အောက်ဘက်မှာ စုပြုံနေတဲ့ 6သွးတွေကို နှလုံးဘက်ပြန်စီးဆင်းစေပြီး
6သွးလည်ပတ်မှု (circulation) ပိုကောင်းလာတယ်။
👉 အထူးသဖြင့်
နာရီကြာကြာထိုင်ရတဲ့သူ
ခြေထောက်ဖောင်းတတ်သူ
တွေတွက် အရမ်းအသုံးဝင်ပါတယ်။
😌 2. ခြေထောက်ဖောင်း၊ညောင်းညာ သက်သာစေတယ်။
နေ့တစ်နေ့လုံး လမ်းလျှောက်၊ ရပ်နေပြီး ခြေထောက်ပင်ပန်းတဲ့အခါ ဒီ pose လုပ်ရင်
✅ဖောင်းတာလျော့
✅လေးလံမှုလျော့
✅ညောင်းညာမှု သက်သာလာတယ်
🧠 3. စိတ်ဖိစီးမှုလျော့ပြီး အိပ်ရေးကောင်းစေတယ်။
ဒီ pose က body ကို relax mode ဝင်စေတယ်
parasympathetic system ကို activate လုပ်ပေးလို့
✅စိတ်တည်ငြိမ်လာ
✅anxiety လျော့
✅အိပ်မပျော်သူတွေအတွက် ကောင်းပါတယ်
🦵 4. 👉 အရမ်းတင်းနေတဲ့အကြောတွေကို လျော့ပေါ့စေတယ်
❤️ 5. နှလုံးအပေါ် ဝန်လျော့စေတယ်
အောက်ဘက်က 6သွးတွေကို
gravity အကူအညီနဲ့ ပြန်လှည့်ပို့ပေးတာကြောင့်
နှလုံးက အလုပ်နည်းနည်းပဲ လုပ်ရတယ်
✔️ လုပ်နည်း (အလွယ်)
နံရံဘေးမှာ လှဲပါ
တင်ပါးကို နံရံနားနီးအောင်ထားပါ
ခြေထောက်ကို နံရံပေါ် တင်မြှောက်ပါ
လက်တွေကို လွတ်လပ်စွာထားပါ
10–15 မိနစ် နေပါ။
⚠️ သတိပြုရန်
High blood pressure အရမ်းမြင့်သူ
မျက်စိဖိအား (glaucoma) ရှိသူ
လည်ပင်းပြဿနာရှိသူ
👉 အရမ်းကြာကြာမလုပ်သင့် (သို့) ဆရာဝန်ကိုမေးပြီးမှလုပ်ပါ။
#ကျန်းမာရေး