Ca Mar Kyi Specialist Clinic and Diagnostic Centre

Ca Mar Kyi Specialist Clinic and Diagnostic Centre We have practice and service according to Covid-19 protection rules and regulations standard

CMK Specialist Clinic and Diagnostic Centre is established in 3 February 2015
Our aim to open a health service is to take away patient’s worry and disease from them after taking care services from cmk clinic

08/08/2025

မေတ္တာအခါတော်နေ့
ကျန်းမာချမ်းသာကြပါစေ🙏

လမြတ်ဝါဆို🙏🙏🙏သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့်နေ့တွင် ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို...
09/07/2025

လမြတ်ဝါဆို🙏🙏🙏

သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့်နေ့တွင် ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူသည်။ နယုန်လတွင် ရောဟိဏီမြစ်ရေကို အဝေမသင့်သဖြင့် နှစ်ပြည်ထောင်သားတို့ အချင်းများပဋိပက္ခဖြစ်ကြရာ မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာကာ ရန်ပြေ-မာန်ပြေတရားကိုဟောတော်မူသဖြင့် လက်နက်များစွန့်လွှတ်၍ ငြိမ်းအေးသွားကြလေသည်။

ဝါဆိုလပြည့်နေ့သို့ရောက်သောအခါ ဣသိပတနမိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဟောတော်မူသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်း တို့သည် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟု သတ်မှတ်ကြသည်။ ဝါဆိုလ သည် ပဉ္စင်းတော်ခံပွဲတော်နေ့ဖြစ်သည့်အပြင် ဓမ္မစကြာအခါတော်နေ့လည်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် အခြားသောလများထက် ဘာသာရေးအရ အရေးပါသော ထူးခြားဖြစ်စဉ်များကို နှလုံးသွင်းဆင်ခြင်ကြည်ညိုသူတိုင်း ကုသိုလ်တိုးပွား ကောင်းကျိုးများစေသည့် ထူးမြတ်သည့်နေ့ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ သိဒ္ဓတ္ထမင်းသားတောထွက် တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်းစတင်ပေါ်ထွန်းသောနေ့၊ ခုနစ်ဝါမြောက် ဝါဆိုတော်မူရင်း အဘိဓမ္မာ တရားဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့ဖြစ်၍ ဝါဆိုလပြည့်နေ့တွင် သဒ္ဓါပေါက် ရာ နှလုံးသွင်း၍ မြတ်ဗုဒ္ဓကို အာရုံပြုကြည်ညိုနိုင်ကြပါသည်။

ဝါဆိုလပြည့်နေ့၏ အနှစ်သာရမှာ ဓမ္မစကြာတရားဖြစ်ပါသည်။ ဓမ္မစကြာတရား၏ မြစ်ဖျားခံရာသည် သစ္စာလေးပါးအမြတ်တရားဖြစ်ပါသည်။ သစ္စာလေးပါး အမှန်တရားအချုပ်မှာ (၁) ဒုက္ခသစ္စာ၊ (၂) သမုဒယသစ္စာ၊ (၃) နိရောဓသစ္စာနှင့် (၄) မဂ္ဂသစ္စာတို့ဖြစ်ပါသည်။ ယင်းတို့ကို အရိယသစ္စာဟုလည်း ခေါ်ပါသည်။ သစ္စာလေးပါးနှင့် ပတ်သက်၍ ရှင်းလင်းစွာသိမြင်နိုင်ရန် အနာရောဂါကို စစ်ဆေးသော အင်္ဂါလေးပါးအလိုအရ (၁) အနာရောဂါ၊ (၂) အနာရောဂါဖြစ်ခြင်းအကြောင်း၊ (၃) အနာရောဂါပျောက်ခြင်း၊ (၄) ကုသသောဆေးဝါးတို့ဖြစ်သည်။ ထို့အတူ ဒဿနကျမ်းအလိုအရ (၁) ဒုက္ခ၊ (၂) ဒုက္ခ၏အကြောင်း၊ (၃) ဒုက္ခကင်းခြင်း၊ (၄) ဒုက္ခကင်းရန် နည်းလမ်းတို့ဖြစ်ပါသည်။ နည်းစဉ်တို့ကိုဆင်ခြင်၍ အမှန်တကယ်တွင် သံသရာမှ လွတ်မြောက်ရေးသည် အချုပ်ဖြစ်ပါသည်။

ကုသိုလ်အားဖြင့်အလို့ငှာ ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားရှင်၏ ထူးမြတ်သောဖြစ်တော်စဉ်များကို အာရုံပြု၍ သင့်လျော်ရာ၊ စိတ်အားထက်သန်ရာ ကောင်းမှုကုသိုလ်များကို ပွားများအားထုတ်ကြရန် နှိုးဆော်အပ်ပါသည်။ ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ သံသရာမှလွတ်မြောက်ရန်အလို့ငှာ မြတ်စွာဘုရားရှင် ဟောကြားတော် မူသည့် သစ္စာလေးပါးအမြတ်တရားကို အလေးအနက်ဆင်ခြင်၍ ဉာဏ်အလင်း ပေါက်အောင် အားထုတ်ကြဖို့လိုပါသည်။ ဒုက္ခ၊ သုခရောပြွမ်းနေသော သံသရာတွင် ဒုက္ခဆင်းရဲအပေါင်းတို့သည် ထူထဲစွာရှိနေသဖြင့် ဒုက္ခမှလွတ်ငြိမ်းအောင် ကြိုးပမ်းအားထုတ်ကြဖို့လိုပါသည်။

ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓဖြစ်စဉ်နှင့် ထေရဝါဒဗုဒ္ဓသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဝါဆိုလ၏အစဉ်အလာ ပဉ္စင်းတော်ခံပွဲထက် ဓမ္မစကြာအခါတော်နေ့များက ပိုမိုထင်ရှားအောင်မြင်လာပါ သည်။ အကြောင်းမှာ ဗုဒ္ဓဘာသာဝင် ကျား၊ မ၊ ကြီး၊ ငယ်မရွေးပါဝင်ကြသည့် ဓမ္မစကြာဝတ်အသင်းများ၏ စွမ်းဆောင်မှု သဒ္ဓါတရားထက်သန်မှုကြောင့်ဟု ဆိုချင်ပါသည်။ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင်သာမက ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဘုရား၊ စေတီရင်ပြင်တို့၌ ဓမ္မစကြာတရားတော်ကို ဝတ်အသင်းသူ အသင်းသားတို့ ရွတ်ဖတ်ပူဇော်မှုများ များလာသည်ကို တွေ့ရသည်။ မြန်မာပြည်တစ်ဝန်း၌ ဓမ္မစကြာဝတ်အသင်း၊ ပဋ္ဌာန်းဝတ်အသင်းရှိလာကြသည်မှာ နိုင်ငံအတွက် ကောင်းသောလက္ခဏာများ ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုလျှင် မြတ်စွာဘုရားရှင်သည် အသက်ကြီးသောဝေရဉ္စာ ပုဏ္ဏားကြီးအား “ကြက်တင်းတစ်ခု၌ နောက်ဆုံးဥသည့် ဥခွံမှအလျင်ဖောက်ထွက် လာသကဲ့သို့ ငါသည်လည်း အဝိဇ္ဇာဥခွံမှ ရှေးဦးစွာ လွတ်မြောက်၍ အလင်းသို့ ရောက်ခဲ့သည်”ဟူ၍ မိန့်ကြားတော်မူခဲ့သည်ကို ဆင်ခြင်ကာ ကျွန်ုပ်တို့သည် ဤဝါဆိုလ၌ ဓမ္မစကြာတရားဒေသနာများကို နာကြားကြပြီး ဉာဏ်အလင်းရောင်ရရန် ကြိုးစားအားထုတ်ကြဖို့ နှိုးဆော်
အပ်ပါသည်။

သတ္တဝါဟူသမျှအေးချမ်းကြပါစေ
ကမာကြည်အထူးကုဆေးခန်းမိသားစု

Covid19 Vs. Flu  Vs. Common Coldသာမန်အအေးမိခြင်း၊ နှာစေး၊ချောင်းဆိုးခြင်းတွေဟာ ရာသီအကူးအပြောင်းမှာ လူတွေမှာဖြစ်နေကျ ရောဂ...
09/06/2025

Covid19 Vs. Flu Vs. Common Cold

သာမန်အအေးမိခြင်း၊ နှာစေး၊ချောင်းဆိုးခြင်းတွေဟာ
ရာသီအကူးအပြောင်းမှာ လူတွေမှာဖြစ်နေကျ ရောဂါတစ်ခုပါ

ခုလို မိုးဦးစမှာဆိုလဲ တုတ်ကွေးရောဂါဖြစ်တတ်ပါတယ်

covid 19 ကတော့ ဒါတွေနဲ့မတူပဲ ကွဲပြားတတ်ပါတယ်

ခုချိန်နေမကောင်းဖြစ်ခဲ့ရင်

normal catching cold?
seasonal flu?
covid 19?
လားဆိုတာကိုကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့တိုင်ပင်
ကုသနိုင်အောင် ကမာကြည်ဆေးခန်းကို
ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ

အတွေ့အကြုံရှိတဲ့ Medical Officer
မနက် ၉ နာရီမှ ညနေ ၅ နာရီထိရှိပါတယ်
အထူးကုဆရာဝန်ကြီးများ သူ့နေ့အလိုက်ထိုင်ပါတယ်

ဆေးဝါးစုံလင်စွာနဲ့
Digital Xray
Mindray Modern Ultrasound
Diagnostic Laboratory
ကျွမ်းကျင်တဲ့သူနာပြုများနဲ့

အကောင်းဆုံးနွေးထွေးစွာတိုင်ပင်နိုင်ပါပြီ
တုတ်ကွေးကာကွယ်ဆေးထိုးချင်ရင်လဲ hello လုပ်လိုက်နော်

"ကမာကြည်နဲ့ဆိုကျန်းမာပြီ"

မေလ ရဲ့မှတ်တိုင်တစ်ခု စိုက်ထူခြင်း 💪💪 13.5.2025 DC30 FullHD Color Doppler Ultrasound  Installation and Application finis...
14/05/2025

မေလ ရဲ့မှတ်တိုင်တစ်ခု စိုက်ထူခြင်း 💪💪 13.5.2025
DC30 FullHD Color Doppler Ultrasound
Installation and Application finished

DR System မှစလို့ Ultrasound ကိုလဲ ယုံကြည်စွာ ထပ်မံ ဝယ်ယူအားပေးသော လေးစားချစ်ခင်ရတဲ့ ကမာကြည်အထူးကုဆေးခန်းရဲ့ CEO အမ နွေမိုးအောင် ကို ညီမတို့ ABMT Myanmar Med Team မှ တန်ဖိုးထား ကျေးဇူးတင်ပါတယ်နော်မ 🥰

ကမာကြည် အထူးကုဆေးခန်း
သံသုမာလမ်းမကြီး ,သဃ်ာန်းကျွန်း တွင်
Mindray DC 30FullHD Color Doppler Ultrasound စက်သစ်ဖြင့် Medical Check Up လုပ်ဆောင်နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်..

“ တုပ်ကွေး ကာကွယ် ဆေး ၊ Flu Vaccine “   ၂၀၂၅ ၊မေလမှ စတင်ပြီး ဩဂုတ် လ အထိ မြန်မာ နိုင်ငံ မှာ တုပ်ကွေး ရောဂါ ကာကွယ် ဆေးထို...
10/05/2025

“ တုပ်ကွေး ကာကွယ် ဆေး ၊ Flu Vaccine “

၂၀၂၅ ၊မေလမှ စတင်ပြီး ဩဂုတ် လ အထိ
မြန်မာ နိုင်ငံ မှာ တုပ်ကွေး ရောဂါ ကာကွယ် ဆေးထိုး နှံဖို့ အကောင်းဆုံး အချိန်ဖြစ် ပါတယ် ။

မိုး ရာသီ က စတင် လို့ ဆောင်း အကူး ကာလ မှာ ဖြစ်ပွား နိုင်တဲ့ တုပ်ကွေး ရောဂါ ကို ကာကွယ် ဖို့ ဆေး ထိုး နှံ ဖို့ ဟာ အလွန် အရေး ကြီးလှပါတယ် ။ ဘာလို့ လဲ ဆို တော့ ယခုဖြစ်ပွား နေတဲ့ Covid-19 ရောဂါ ပျံနှံ မှု့ နဲ့ ခုချိန်ထိရောယှက် နေ တဲ့ အချိန်ကာလ ဖြစ်နေလို့ ပါ ဘဲ ။

တုပ်ကွေး ရောဂါဟာ မြန်မာပြည် မှာ ဖြစ်ပွား မှု့ အမြင့်ဆုံး ထဲ ပါဝင်ပြီး ၊ သေဆုံးနှုန်း မြင့် မား တဲ့ ရောဂါတမျိုး လည်း ဖြစ်ပါတယ်။ တချို့ နှစ်တွေ မှာ ပိုမို ပြင်း ထန်တတ်လို့ ကြိုတင် ကာကွယ် ထားခြင်း ဟာ အရေးကြီးလှ ပြီး ၊ ဒီနှစ် မှာ ရောဂါပြင်းထန်မလား ၊မပြင်းထန် ဘူးလား ကို ကြိုတင်မခန့်မှန်း နိုင် ကြပါဘူး။

မေးစရာရှိတာက ဒီလို Covid -19 ပျံနှံနေစဲအချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံ သင့်သလား ဆိုတာ ပါဘဲ။ လို ကို လို အပ်ပါတယ် ။ ဒီနှစ် မှာ အထူးလို အပ်တယ် လို့ ပြောပါရစေ။ ဒါကြောင့် လည်း ဆေးရုံ၊ဆေးခန်းတွေ၊ ဒေသန္တရ ကျန်းမာရေး ဆေးခန်းတွေ မှာ ထိုးနှံဖို့ ကြိုတင် ပြင်ဆင်နေကြ ပါပြီ။
ကြိုတင် ထိုးနှံ ခြင်းကြောင့် တုပ်ကွေး ရောဂါက ကာကွယ်နိုင် သလို။
တုပ်ကွေးဖြစ် ပွားလို့ အချိန်ကုန် လူပမ်းခြင်း၊အလုပ်ပျက်ခြင်း၊ မလို အပ် ဘဲ ဆေးရုံ ၊ဆေးခန်း သွားရခြင်းကြောင့် တခြားရော ဂါ များကူးဆက် လာနိုင်ခြင်း၊
အဆိုးဆုံးကတော့ အခုလို ဖြစ် ပွားနေတဲ့ Covid 19 ရဲ့ ရောဂါ လက္ခဏာများဟာ ရာသီ တုပ်ကွေးလက္ခဏာများနဲ့ ဆင်တူနေတာမို့
မိမိ ကိုယ်တိုင် သံသယပွားစေနိုင်တဲ့လအပြင် ၊ သွားရောက် ပြသလို့ သီးခြား ခွဲထား ခံခဲ့ ရလျှင် ရှုပ်ထွေးသော လူမှု့ဒုက္ခများ ခံစားရနိုင် လို့ ကာကွယ်ဆေး ထိုးကို ထိုး ထားသင့် ကြောင်း ပြောပါရစေ။

တုပ်ကွေးရောဂါ ဟာ တနှစ်တခါ ထိုးနှံ ရတာဖြစ်လို့ နှစ်စဉ် အဆက်မပြတ် ထိုးနှံ ခြင်း ဖြင့် ကာကွယ် ရမှာဖြစ်ပါတယ် ။
ထိုးနှံတဲ့အခါမှာလဲ ဆေးထိုးပြီး ၁၄ ရက်ကြာမှ
သာ ဆေး အာနိသင်အပြည့် အဝရရှိနိုင်တာမို့ ကိုယ်ခန္တာ အတွင်း ကာကွယ် မှု့ စွမ်းရည်အပြည့် အဝရရှိဖို့ တုပ်ကွေး ရာသီဖြစ်တဲ့ မိုးရာသီမစခင် ထိုးနှံခြင်းဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ဒီနှစ်အတွက်တော့ တုပ်ကွေးဗိုင်းရပ် ၄ မျိုးကို ခု ခံကာကွယ် နိုင်မည့် ကာကွယ် ဆေး vaccine မျိုး ကို WHO အဖွဲ့အစည်း မှ ထိုးနှံဖို့ ထောက်ခံ အကြံပြု ထားတာတွေ့ရပြီး ထိုကာကွယ် ဆေးမှ Influenza A ( တုပ်ကွေး A)H1N1 နဲ H3N2 အမျိုးအစား ၂ မျိုး နဲ့ Influenza B( တုပ်ကွေး B ) အမျိုး အစား၂ မျိုး ကို ကာကွယ် နိုင်မှာ​ဖြစ်ပါတယ်။

တိတိကျကျ ဆိုရင် တော့ ( 2025 Vaccine Program ) မှာ အောက်ပါ ဗိုင်းရပ်များ ကိုကာကွယ်နိုင်ပါတယ် ။
# A/ Bribane/02/2018 (H1 N1) pdm09 ကဲ့သို့သော virus
# A/ South Australia /34/2019 (H3N2) ကဲ့သို့သော Virus
# B/ Washington/02/2019 (B/ Victoria lineage) virus
# B/ Phuket/3073/2013-Like (B/ Yamagato lineage) virus.

ကာကွယ်ဆေး အနေနဲ့ ကတော့ ၂၀၂၅ခုနှစ် အတွက် WHO ရဲ့ ထောက်ခံချက်ရရှိပြီးထိုးနှံ စေလို တဲ့ ကာကွယ်ဆေး flu vaccine များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

၁။ FluQuadri 0.5ml ကာကွယ်ဆေး အသက် ၆လ အထက် ၊
၂။ Fluarix Tetra 0.5ml ကာကွယ်ဆေး အသက် ၆ လ အထက်၊
၃။ Vaxigrip Tetra 0.5ml ကာကွယ်ဆေး အသက် ၆လ အထက်
၄။ Afluria Quad 0.5ml ကာကွယ် ဆေး အသက် ၅ နှစ် အထက်
၅။ Fluad Quad 0.5ml ကာကွယ် ဆေး ကို ၆၅ နှစ် နှင့် အထက် အတွက် အသီးသီး ထုတ်လုပ် ထား တာမို့ မိမိ ကြိုက် နှစ်သက် တဲ့ ကာကွယ်ဆေး Vaccine ကို ထိုး နှံ နိုင် ပြီး အကာအကွယ် ယူ ထား သင့် ပါကြောင်း အသိပေး မျှဝေလိုက် ပါတယ် ။

ကာကွယ် ခြင်းဟာ ကုသခြင်းထက် ကောင်းတာမို့ ဒီနှစ် မှာ တုပ်ကွေး ကာကွယ်ဆေး ကို ထိုးနှံကြဖို့ အသိပေးတဲ့ ဒီစာလေး ကို ထပ် မံ ရှယ်ပေး ဖို့ တောင်း ဆို ပါ ရစေ။

အထက်ပါကာကွယ်ဆေးများထဲမှ
ပြင်သစ်နိုင်ငံ Snofi Pasteur မှထုတ်လုပ်သော
Vaxigrip Tetra 0.5ml ကာကွယ်ဆေးကို
ကမာကြည်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင်ထိုးနှံနိုင်ပါပြီ
CA MAR KYI SPECIALIST CLINIC& DIAGNOSTIC CENTER
111/3, Thanthumar Road, Thuwana 29 ward, Thingangyun Tsp., Yamgon
Pls. Contact ph; 09445464063, 09283833678

🍀မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်သင်္ကြန်အခါသမယဖြစ်ကြပါစေကြောင်း ကမာကြည်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာမှစုမွ...
10/04/2025

🍀မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်သင်္ကြန်အခါသမယ
ဖြစ်ကြပါစေကြောင်း
ကမာကြည်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာမှ
စုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏

၁၂/၀၄/၂၀၂၅ မှ၁၇/၀၄/၂၀၂၅ အထိဆေးခန်းပိတ်ပါသည်။

Heimlich Maneuverမနေ့က နိုင်ငံတကာ သတင်းတစ်ခုမှာ Video fileတစ်ခု တက်လာပါတယ်။ကျောင်းသား လူငယ်တစ်စု စားသောက်ဆိုင်မှာ စားသော...
27/03/2025

Heimlich Maneuver

မနေ့က နိုင်ငံတကာ သတင်းတစ်ခုမှာ
Video fileတစ်ခု တက်လာပါတယ်။

ကျောင်းသား လူငယ်တစ်စု စားသောက်ဆိုင်မှာ
စားသောက်နေကြစဉ်
တစ်ယောက်ဟာ အသက်ရှုလမ်းကြောင်းထဲကို
အစားအစာတစ်ခု ရုတ်တရက် မတော်တဆ ဝင်သွားတဲ့အတွက်
အသက်မရှုနိုင် သေမလို ဖြစ်ပါတယ်။

ဒါကို Choking လို့ ခေါ်ပါတယ်။

အစာစားရင်း အလွန်အမင်းရယ်မောမိတဲ့အခါ
နှာချေမိတဲ့အခါ (နှာချေတော့မယ်ဆိုရင်
အလိုအလျောက် အသက် တဝကြီးရှုမိတတ်တာမို့)
မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်တတ်ပါတယ်။

အဖော်တစ်ယောက်ဟာ လန့်ဖြန့်ပြီး ဘာလုပ်ရမှန်းမသိပေမယ့်
တစ်ယောက်သောသူဟာ
ဒီလို ရုတ်တရက် အသက်ရှုလမ်းကြောင်း
လေပြွန်ပိတ်တဲ့ Choking ကို
အရေးပေါ်ကယ်ဆယ်ရတဲ့

Heimlich Maneuver ကို တတ်ကျွမ်းတဲ့အတွက်
တည်တည်ငြိမ်ငြိမ် ထပြီး လုပ်ပေးနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။

မဟုတ်ရင် ဒီလူငယ်လေး သေသွားနိုင်ပါတယ်။

Video ကို ပထမ comment မွာ
Link ပေးထားသလို
wall မှာလည်း သီးသန့် တင်ပေးထားပါတယ်.။
သေသေချာချာ ကြည့်စေချင်ပါတယ်။

လွယ်ကူပြီး တတ်ထားသင့်တဲ့
အဆင့် ၈ ဆင့် ပါတဲ့
ဒီ Heimlich Maneuver ကို
သိစေတတ်ကျွမ်းစေချင်လို့
ရေးပေးထားပါတယ်။

**************

Heimlich Maneuver

အမေရိကန် ရင်ခေါင်းခွဲစိတ်ဆရာဝန်
Dr. Henry Judah Heimlich က
တီထွင်ဖော်ထုတ်ထားတာပါ။
သူက ၂၀၁၆ ဒီဇင်ဘာ ၁၇ မကြာသေးမီကမှ ကွယ်လွန်ခဲ့ပါတယ်။

Heimlich Maneuver မှာ
အဆင့် ၈ဆင့် ရှိပါတယ်။

အဆင့်(၁)
လူနာဟာ choking ဖြစ်တာ သေချာပါစေ။
အသက်ရှုလမ်းကြောင်းမှာ အစားအစာ သို့ အခြားပစ္စည်းတခုခု ရုတ်တရက် ပ်ိတ်ဆို့တာပါ။
အစာစားရင်း သီးရာကနေ လေပြွန်ထဲ ဝင်တတ်ပါတယ်။

စကား မပြောနိုင်၊ အသက်မရှုနိုင် ချောင်းမဟန့်နိုင်ပါ။
နှုတ်ခမ်း မျက်နှာ ပြာလာရာက ညိုလာသည်အထိ ဖြစ်ပါတယ်။

သေချာတာက လူနာတိုင်း ပြုလုပ်တတ်တဲ့
"လက်၂ဖက်နဲ့ လည်ပင်းကို ညှစ်နေတတ်တာပါ။"
ရံဖန်ရံခါ သတိလစ် မေ့မြောသွားတတ်ပါတယ်။

အဆင့်(၂)
ကိုယ်က သူ့ကို ကူညီမယ်မှန်း သိပါစေ။
တချိန်တည်းမှာ အခြားသူများရှိရင်
ဆေးရုံ ကျန်းမာရေးစောင့်ရှောက်သူတွေထံ
အရေးပေါ် အကူအညီအတွက် ဖုန်းဆက်ပါစေ။

အဆင့် (၃)
လူနာကို မတ်တပ်ရပ်ထားပါ။
သို့သော် နေရာကျဉ်းကြပ်ခဲ့ရင် လူနာကိုထိုင်လျက် လုပ်နိုင်ပါတယ်။

အဆင့် (၄)
လူနာရဲ့ ကြောကို အနောက်က မပုတ်ရ မထုရပါဘူး။
ဒီလိုလုပ်ခြင်းအားဖြင့် ပိတ်ဆို့နေတဲ့အရာက
အပြင်ကို ထွက်မလာတဲ့အပြင်
ပိုနက်တဲ့ အသက်ရှုလမ်းကြောင်း အတွင်းပိုင်းကို
ဆင်းသွားပြီး ပို ဒုက္ခရောက်စေပါတယ်။

အဆင့်(၅)
လူနာအနောက်ကြောဘက်က နေရာယူပါ။
ကိုယ်သန်တဲ့ လက်ကို လက်သီးဆုပ်ပါ။
လက်မကို ရင်ညွန့်အလယ်အောက် အစာအိမ်နေရာလောက်မှာ
ရှိပါစေ။
ကျန်လက်တဖက်က
ပထမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး
လက်မကို သေသေချာချာ သိမ်းပါ။

အဆင့် (၆)
Heimlich Maneuver ကို လုပ်ကိုင်နိုင်ပါပြီ။
ချုပ်ထားတဲ့ လက် ၂ဖက်ကို တင်းတင်းကိုင်ရင်း
နံရိုးတွေအောက်ဖက်ကနေ
ပုံပါအတိုင်း အနောက်ဘက် အပေါ်ဘက်ကို

ရုတ်တရက်
အားပြင်းပြင်း "မ" တင်ပါ။
အင်္ဂလိပ် အက္ခရာ "J" ပုံစံလိုပေါ့။

လူနာကို အနောက်က သိုင်းပြီး
အနောက်ဘက် အပေါ်ဘက်ကို "မ" သလိုမျိုးပါ။

တကြိမ်မက အကြိမ်ကြိမ် လုပ်နိုင်ပါတယ်။
ကလေးဖြစ်ခဲ့ရင် အားအနည်းငယ် လျှော့သုံးပါ။

ပိတ်ဆို့နေတဲ့အရာ ထွက်လာပါလိမ့်မယ်။

ပိတ်ဆို့နေတဲ့အရာ မထွက်လာရင်တော့
လူနာလည်း မေ့မြောသွားတတ်ပါတယ်။
ဒီအခါ လုပ်နေတာကို ရပ်ရပါမယ်။

အဆင့် (၇)
အောင်မြင်သွားခဲ့ရင်
ပိတ်ဆို့နေတဲ့အရာ ထွက်လာသလို
အသက်ပြန်ရှုလာနိုင်ပါမယ်။
မျက်နှာ နှုတ်ခမ်းအရောင် ပြန်နီလာနိုင်ပါတယ်။
ပုံမှန်အသက်ရှုနိုင်ပြီလား စစ်ဆေးပါ။

အဆင့် (၈)
ပစ္စည်းလည်း မထွက်။
အသက်လည်း မရှုနိုင်
သတိမေ့မြောနေပြီမို့ အရေးပေါ် ဆေးအကူအညီ တောင်းခံရပါမယ်။

***********************

ဒီ Heimlich Maneuver က
ပုံကလေးများကြည့်ရင်း
နားလည် တတ်လွယ်တာမို့
လူတိုင်း သိထားသင့်ပါတယ်။

အသက်ကယ်တဲ့ ရှေးဦးသူနာပြုနည်းမို့
အိမ်သားတွေ
ကိုယ့်ကလေးတွေကိုလည်း သင်ထားပေးရင်း

အများသိအောင်
တဆင့် ပြန် Share ပေးရင်တော့
အတိုင်းထက်အလွန် ကျေးဇူးပါ။

fist comment က
video link လေးပါ ကူးသွားကြစေချင်ပါတယ်

Photo: Credit to google.

26 Mar 2017

23/02/2025

လာမယ့်နှစ်(၂၀)မှာလူတိုင်းနီးပါးဖြစ်လာမယ့်ကုမရတဲ့(Autoimmune Diseases)ခေါ်ရောဂါဆိုးများ။
----------
စာရှည်တယ်ဆိုပြီးတော့ကျော်မသွားကြပါနဲ့၊အစအဆုံးနားလည်အောင်သေချာဖတ်ပါ၊ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ဗဟုသုတကတနေ့ခင်ဗျားတို့အသက်ကိုကယ်တင်ပေးလိမ့်မယ်။ကျော်သွားရင်တော့တနေ့နောင်တရလိမ့်မယ်။အသိနောက်ကျသွားရင်ခင်ဗျားတို့အသက်ကိုဘယ်သူမှမကယ်နိုင်ဘူး။ကင်ဆာရောဂါအကြောင်းကိုတော့လူတိုင်းသိပြီးသား၊ကင်ဆာဖြစ်မှာလဲလူတိုင်းကြောက်ကြပြီးသားပါ။ဒါပေမဲ့ဒီနေ့ကမ္ဘာမှာကင်ဆာထက်ပိုကြောက်စရာကောင်းတဲ့အမည်ဖေါ်မပြနိုင်သေးတဲ့ရောဂါဆန်းတွေအမျိုးမျိုးဖြစ်နေတာကိုတော့လူတွေစိတ်ဝင်စားပုံမရဘူး၊လေ့လာပုံလဲမရဘူး။မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားအတိုင်းကြောက်လဲမကြောက်တတ်ကြဘူး၊ဘယ်ကြောက်မှာလဲသိမှမသိကြတာ။ဘယ်သိမှာလဲလေ့မှမလေ့လာကြတာ။မြန်မာလူမျိုးဆိုတာကလဲသိပ်ခက်တယ်၊ရောဂါတမျိုးမျိုးဖြစ်လာရင်ဆရာဝန်တွေဆီသွားပြီးမိမိကိုယ်ကိုပုံအပ်လိုက်ရင်ကောင်းသွားမယ်လို့တထစ်ချယုံကြည်ထားကြတာ။ဒါပေမဲ့ခက်တာကယနေ့ခေတ်မှာဖြစ်နေတဲ့နာတာရှည်ရောဂါ(Chronic-Diseases)တွေဆိုတာကမြန်မာပြည်ကလိုဆရာဝန်တွေမပြောပါနဲ့ကမ္ဘာ့ဆေးပညာမှာထိပ်ဆုံးရောက်နေတဲ့အမေရိကန်ကဆရာဝန်တွေ၊ဆေးရုံတွေတောင်ကုသလို့မပျောက်ကင်းနိုင်သေးပါဘူး။အမေရိကန်ကဆရာဝန်တွေကိုယ်တိုင်သူများကိုကုပေးဖို့မပြောပါနဲ့၊သူတို့ကိုယ်တိုင်တောင်အဲဒီရောဂါဆိုးတွေနဲ့ပဲနေ့တိုင်းသေနေကြရပါတယ်။အသက်ဆိုတာဥာဏ်စောင့်ပါတယ်။မိမိမှာရောဂါဆိုးတွေမဖြစ်လာဖို့ကဆရာဝန်တွေရဲ့တာဝန်မဟုတ်ဘူး၊မိမိရဲ့တာဝန်ဆိုတာလူတိုင်းနားလည်ဖို့လိုနေပါပြီ။ဆရာဝန်တွေကိုပဲထိုင်အားကိုးနေရင်တော့ဘယ်တော့မှအသက်မရှည်နိုင်ဘူး။ရောဂါဝေဒနာဆိုးတွေနှိပ်စက်မှု့ကိုလဲမသေခင်အလူးအလဲခံစားရဦးမယ်။ခင်ဗျားတို့အသက်ရှည်ကျန်းမာဖို့အသက်ရှည်ဖို့ကဆရာဝန်တွေဆီမှာတာဝန်မရှိပါဘူး၊ခင်ဗျားတို့ကိုယ်တိုင်မှာပဲတာဝန်ရှိနေတာပါ။ဆရာဝန်အများစုကတော့ခင်ဗျားတို့ကျန်းမာဖို့ထက်သူ့မိသားစုကျန်းမာဖို့၊သူ့မိသားစုပိုက်ဆံဖေါဖေါသီသီသုံးနိုင်အောင်ငွေများများရှာပေးနိုင်ဖို့တာဝန်ကပိုပြီးအရေးကြီးနေတယ်ဗျ။ဒီလောက်ပြောရင်သဘောပေါက်ကြမှာပါ။
-------
အခုခေတ်မှာအလွန်ကြောက်စရာကောင်းပြီးကုလို့မရတဲ့၊ရောဂါဆိုးပေါင်းရာနဲ့ချီဖြစ်နေကြပါတယ်။တချို့ကိုတော့အမည်တပ်ပြောနိုင်တယ်။တချို့ကိုတော့ဘာရောဂါမှန်းကိုမသိလို့အမည်တပ်မပြောနိုင်သေးဘူး။အားလုံးကိုခြုံပြီးပြောလိုက်ရင်(Autoimmune Diseases)ဆိုရင်မမှားပါဘူး။(Autoimmune Diseases)ဆိုတာကတမျိုးတည်းလဲမဟုတ်ပါဘူး၊အမျိုးပေါင်းရာနဲ့ချီဖြစ်နေကြတာပါ။မိမိခန္ဓာကိုယ်ရဲ့ရောဂါခုခံကာကွယ်တိုက်ခိုက်မှုစနစ်(Immune System)ကဖောက်ပြန်ပျက်စီးသွားပြီး၊ရောဂါတွေကိုခုခံတိုက်ခိုက်ရမဲ့အစားမိမိခန္ဓာကိုယ်ကအရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်ပြန်လည်တိုက်ခိုက်လာတာပါ။
-------

မြန်မာလိုဆိုရင်တော့(ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွား)တဲ့ရောဂါတွေပေါ့ဗျာ။ယနေ့ကမ္ဘာမှာ(Autoimmune Diseases)အမျိုးပေါင်းအမည်တပ်လို့ရတာက(၈၀)ကျော်၊အမည်တပ်လို့မရနိုင်သေးတာတွေနဲ့ပေါင်းလိုက်ရင်ရာနဲ့ချီဖြစ်နေကြပြီ။အဲဒီရောဂါတွေကိုတမျိုးစီအမည်တပ်နေတာကလဲ၊ခန္ဓာကိုယ်ကဘယ်လိုအစိတ်အပိုင်းကိုပြန်တိုက်ခိုက်ဖျက်ဆီးရင်ဘာရောဂါ၊ဘာလက္ခဏာရှိရင်ဘာရောဂါဆိုပြီးအမည်တပ်ပြောနေကြတာပါပဲ။ဦးနှောဏ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊ပန်ကရိယကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆစ်အမြစ်တွေကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆုတ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊သိုင်းရိုက်ကိုတိုက်ခိုက်ဖျက်ဆီးနေတာလား၊စသည်ဖြင့်ဘယ်အင်္ဂါအစိတ်အပိုင်းကိုတိုက်ခိုက်ဖျက်ဆီးနေတာလဲဆိုတာကိုကြည့်ပြီးအမည်အမျိုးမျိုးပေးနေရင်တော့ကုန်မှာမဟုတ်ပါဘူး။ဒီလိုရာနဲ့ချီရှိတဲ့ရောဂါတွေကိုနာမည်လိုက်ပေးနေမဲ့အစား၊ရောဂါတွေစဖြစ်ရခြင်းရဲ့အဓိကအကြောင်းတရားဇစ်မြစ်ကိုသိဖို့ကပိုပြီးအရေးကြီးပါတယ်။ဒါဆိုရင်ရောဂါတခုတည်းတင်မဟုတ်ဘူး၊ရာနဲ့ချီနေတဲ့ရောဂါအားလုံးကနေတပြိုင်တည်းကာကွယ်ပြီးသားဖြစ်မှာပေါ့။
-------
ခင်ဗျားတို့ခန္ဓာကိုယ်ကိုပြင်ပကရောဂါပိုးအမျိုးမျိုးတွေကနေ့စဉ်နေ့တိုင်းတိုက်ခိုက်နေတယ်။ဒါပေမဲ့ခင်ဗျားတို့နေ့တိုင်းရောဂါတွေမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)ကအချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းခင်ဗျားတို့ကိုခုခံကာကွယ်ပေးနေလို့ပါ။ရောဂါခုခံမှုစနစ်(Immune System)ကပိုးမွှားတွေသိပ်ပွားများတာမြန်လွန်းလို့မနိုင်တော့ပဲစစ်ကူတောင်းရင်ခင်ဗျားတို့က(antibiotics)လို့ခေါ်တဲ့ပိုးသတ်ဆေးတွေနဲ့(Immune System)ကိုစစ်ကူပေးလိုက်ရင်မကြာခင်ရောဂါတွေပျောက်ကင်းသွားတာပါပဲ။
ခင်ဗျားတို့ခန္ဓာကိုယ်မှာနေ့စဉ်သန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အဟောင်းတွေသေဆုံးနေကြပြီးသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေမွေးဖွားပေါက်ပွားနေကြတယ်။ဒီလိုသန်းထောင်နဲ့ချီနေတဲ့ဆဲလ်အသစ်တွေထုတ်လုပ်နေတာဟာဘယ်လိုလုပ်ပြီးရာနုန်းပြည့်မှန်ကန်စွာထုတ်လုပ်နိုင်မှာလဲ။အနည်းငယ်မှားယွင်းမှု၊ပျက်စီးမှု့ရှိတယ်ဆိုတာသဘာဝတရားပဲလေ။နေ့စဉ်နေ့တိုင်းသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေထဲမှာမှထောင်ပေါင်းများစွာဟာ(DNA)လို့ခေါ်တဲ့မျိုးရိုးဗီဇမှားယွင်းပျက်စီးနေတဲ့ကင်ဆာဆဲလ်တွေမှားယွင်းပြီးပွားများထုတ်လုပ်မိနေတယ်ဗျ။ဒါမေမဲ့လူတိုင်းနေ့တိုင်းကင်ဆာလို့သတ်မှတ်နိုင်တဲ့အဖုအကြိတ်ကြီးတွေထွက်လာပြီးကင်ဆာရောဂါဖြစ်ပြီးသေမသွားကြဘူး၊ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)က အချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းစောင့်ကြည့်နေပြီးမှားယွင်းထုတ်လုပ်မိနေတဲ့ကင်ဆာဆဲလ်တွေကိုမပွားနိုင်ခင်၊ချက်ချင်းသတ်ဖြတ်ဖျက်ဆီးပြစ်နိုင်လို့ပါ။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတခုခုမှားယွင်းသွားပြီး၊ ရောဂါခုခံမှုစနစ်(Immune System)ကဖျက်ဆီးပြစ်နိုင်လောက်တဲ့အရေအတွက်ထက်အဆပေါင်းများစွာပိုများတဲ့ကင်ဆာဆဲလ်တွေကိုမှားပြီးထုတ်လုပ်မိမယ်ဆိုရင်တော့အဖုအကြိတ်တွေထွက်ပေါ်လာပြီးကင်ဆာရောဂါစဖြစ်လာရတော့တာပေါ့။ကင်ဆာရောဂါကိုလဲအမျိးမျိုးကုသနေကြပါတယ်။ဓါတ်ရောင်ခြည်နဲ့ကုတာ(Radiation Therapy)တို့၊ကီမိုသရဖီ(Chemotherapy)စသည်တို့ပေါ့၊တခုမှမအောင်မြင်ကြပါဘူး။နောက်ပိုင်းမှာတော့ရောဂါခုခံမှုစနစ်(Immune System)ကိုအားကောင်းအောင်လုပ်ပေးပြီးကုသတဲ့(Immunotherapy)ဆိုတာကပိုပြီးတော့ထိရောက်ပါတယ်။ဒါပေမဲ့ခက်တာကစျေးအလွန်ကြီးပါတယ်။
ဒီနေရာမှာအဓိကပြောချင်တာကခုခံအားစနစ်(Immune System)ဆိုတာကပြင်ပကရောဂါတွေဝင်လာရင်လဲခုခံတိုက်ခိုက်ပေးနိုင်သလို၊သူအားကောင်းရင်လဲကောင်းသလိုကင်ဆာဆဲလ်တွေကိုလဲတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာပါပဲ။ဒါပေမဲ့အဆိုးဆုံးအခြေအနေတခုကအဲဒီပြင်ပကရောဂါတွေ၊ကင်ဆာရောဂါတွေကိုကာကွယ်တိုက်ခိုက်ပေးနေတဲ့
ခင်ဗျားတို့ရဲ့ခုခံအားစနစ်(Immune System)ကတခြားရောဂါတွေရန်က၊နေကာကွယ်ပေးနေမဲ့အစားခင်ဗျာခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးလာပြီဆိုရင်တော့၊ခင်ဗျာသိပ်ကံဆိုးသွားပြီ၊ဒါဘယ်လိုမှကုမရတော့ဘူး။တခြားရောဂါတွေဖြစ်ရင်၊ဒါမှမဟုတ်ကင်ဆာဖြစ်ရင်၊ခုခံအားစနစ်(Immune System)ကကာကွယ်တိုက်ခိုက်ပေးနိုင်တယ်။သူကိုယ်တိုင်ဖေါက်ပြန်ပျက်စီးသွားပြီးကိုယ့်ကိုပြန်ပြီးတိုက်ခိုက်လာရင်တော့ဘယ်သူကကာကွယ်ပေးနိုင်တော့မှာလဲ။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့ပြောတာပေါ့။ဥပမာတစ်ခုပြောရရင်မိမိခုခံအားစနစ်ကမိမိရဲ့အဆုတ်ကိုမှားယွင်းပြီးတိုက်ခိုက်လို့အဆုတ်၊လေအိတ်တွေအတွင်းနံရံမှာအမာရွတ်တွေတက်လာတဲ့ရောဂါဖြစ်ပြီဆိုရင်သေတာပဲ။ဒီခေတ်ဆေးပညာနဲ့လဲဘယ်လိုမှကုလို့မရဘူး။အမေရိကန်မှာတော့အဲဒီရောဂါဖြစ်လာရင်ဆရာဝန်တွေကသားတွေသမီးတွေဆွေမျိုးတွေကိုမှာစရာရှိတာမှာကြားထားပြီးတော့၊သုသာန်မှာမိမိအတွက်မြေနေရာကြိုတင်ဝယ်ထားဖို့ပဲအကြံပေးပါတယ်။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့်ပြာနေတာပေါ့။ပြင်ပကရောဂါပိုးမွှားတွေကြောင့်ဖြစ်တဲ့ရောဂါတွေဆိုရင်ပိုးသတ်ဆေး(Antibiotics)တွေနဲ့ကုသလို့ပျောက်ကင်းနိုင်ပါတယ်။မိမိရဲ့ရောဂါခုခံမှုစနစ်ကမိမိကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးနေပြီဆိုရင်တော့ဘယ်ရောဂါပိုးသတ်ဆေး(Antibiotic )တွေနဲ့မှလဲကုသလို့မရပါဘူး။ကုရာနတ္တိဆေးမရှိပါ။အဆိုးဆုံးကခုခံမှုစနစ်ရဲ့ဆဲလ်တစ်ခုစီတွေထဲမှာမှတ်ဥာဏ်စနစ်(Memory)ပါနေတာပါပဲ။မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုတခါတလေလောက်မှားယွင်းတိုက်ခိုက်ခဲ့ဖူးရင်မှတ်ဥာဏ်တွေမှာအမှားကိုအမှန်အဖြစ်အသေမှတ်ထားလိုက်တော့နောက်ပိုင်းမှာမှတ်ထားတဲ့အတိုင်းမိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေအမျိုးမျိုးကိုဆက်ပြီးတိုက်ခိုက်နေတော့တာပါပဲ။ဒီလိုဆိုတော့ဒီရောဂါမျိုးဖြစ်လာပြီဆိုရင်ဘယ်လိုကုမှာလဲ?ခုခံမှုဆဲလ်တလုံးခြင်းဆီကမှတ်ဥာဏ်အမှားကြီးတွေကိုဘယ်လိုလိုက်ပြီးဖျက်ပြစ်လို့ရနိုင်မှာလဲ?ဒီဆဲလ်တွေသက်တန်းစေ့လို့သေသွားရင်လဲနောက်မျိုးဆက်သစ်ဆဲလ်အသစ်တွေကိုထပ်ပြီးမှတ်ဥာဏ်အမှားကြီးတွေလက်ဆင့်ကမ်းခဲ့ကြသေးတယ်။မိမိခုခံမှုဆဲလ်တွေကိုပိုးသတ်ဆေးတွေနဲ့အကုန်သတ်ပြစ်လို့ကောရနိုင်မှာတဲ့လား?အဲဒါဆိုရင်တော့မိမိကခုခံမှုစနစ်မရှိတော့ပဲ(AIDS)သို့(HIV)ရောဂါသယ်တွေထက်ပိုဆိုးသွားလိမ့်မယ်၊ဘာရောဂါဝင်လာဝင်လာမကာကွယ်နိုင်တော့ဘူး၊သေမှာပဲ။(Autoimmune Diseases)ဆိုတာကကုရာနတ္တိဆေးမရှိပါ။အမေရိကန်မှာလဲမရှိပါဘူး၊ကမ္ဘာပေါ်မှာလဲမရှိပါဘူးနောက်လဲဘယ်တော့မှရှိလာမယ်မထင်ပါဘူး။အကောင်းဆုံးနည်းကတော့ကြိုတင်ကာကွယ်ဖို့ပဲရှိပါတယ်။ဘယ်လိုကာကွယ်ရမှာလဲ?ဒီအဖြေကသိရင်လွယ်လွယ်လေးပါ၊ဒါဟာလူတိုင်းအတွက်တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့အသိထူးပါ။

-------
အရင်ဦးဆုံးဘာကြောင့်မိမိကိုယ်ကိုယ်ပြန်တိုက်ခိုက်တဲ့ရောဂါ(Autoimmune Diseases)ဖြစ်ရတယ်ဆိုတဲ့အကြောင်းတရားအစစ်အမှန်ကိုသိဖို့တော့လိုအပ်ပါတယ်။ဒါမှကာကွယ်နိုင်မှာလေ။
ဘာကြောင့်ဒီလိုမိမိရဲ့ခုခံမှုစနစ်ကဖောက်ပြန်သွားပြီးမိမိကိုလွဲမှားတိုက်ခိုက်မှု(Immune system malfunction)ဖြစ်ရသလဲလို့မေးရင်အကြောင်းရင်းအမှန်ကတော့(Inflammation)လို့ခေါ်တဲ့ကိုယ်အတွင်းပိုင်းရောင်ရမ်းမှုကြောင့်ပါပဲ။ဒီနေရာမှာရောင်ရမ်းတယ်ဆိုတာခြေတွေလက်တွေတုတ်ခိုင်ပြီးဖေါသွပ်ယောင်ကိုင်းလာတာကိုဆိုလိုချင်တာမဟုတ်ပါဘူး။ယောင်ရမ်းတယ်ဆိုတာဆံခြည်မျှင်သွေးကြောနံရံမှာရှိတဲ့သေးငယ်တဲ့ဆဲလ်လေးတွေ၊ပြီးတော့ခန္ဒာကိုယ်အစိတ်အပိုင်းအသီးသီးမှာရှိနေကြတဲ့အသေးငယ်ဆုံးဆဲလ်တွေထဲမှာရောင်ရမ်းတာ(Cellular level inflammation)ကိုဆိုလိုတာပါ။ဒီနေရာမှာမိမိခြေတွေလက်တွေဖေါသွတ်ယောင်ကိုင်းမှုမရှိတာကိုကြည့်ပြီးတော့ကိုယ်ကတော့(Inflammation)မဖြစ်ဘူးလို့မှားယွင်းပြီးမယူဆလိုက်မိဖို့အလွန်အရေးကြီးပါတယ်။ဒီခေတ်မှာဆရာဝန်တွေအပါအဝင်လူတိုင်းအကုန်လုံးယောင်ရမ်းမှု(Inflamation)ဖြစ်နေကြတာကြီးပါပဲ။မဖြစ်တဲ့လူဆိုတာတစ်ယောက်မှကိုမရှိပါဘူး။သိတာနဲ့မသိတာပဲကွာတာပါ။လူတိုင်း၊လူတိုင်းမှာရောင်ရမ်းမှု(Inflammation)တွေဆက်တိုက်၊ဆက်တိုက်နေ့စဉ်ဖြစ်နေတာပါပဲ။ဘာကြောင့်လဲဆိုတော့(Inflammation)ဆိုတာက(Immune system)ရဲ့အလုပ်လုပ်ပုံအစိတ်အပိုင်းတခုပဲလေ။ပြင်ပကရောဂါပိုးမွားတွေမိမိခန္ဓာကိုယ်ကိုဝင်ရောက်တိုက်ခိုက်ရင်မိမိခန္ဓာကိုယ်ကပထမဆုံးတုန်ြ့ပန်တာကယောင်ရမ်းမှုပါပဲ။ယောင်ရမ်းပြီဆိုတော့မှမိမိရဲ့ခုခံအားစနစ်(Immune System)ကရောဂါပိုးတွေကိုစတင်တိုက်ခိုက်ဖို့အသက်ဝင်လာရတာပါ။ဒီလိုသဘာဝအတိုင်းရောဂါခုခံကာကွယ်ဖို့ယောင်ရမ်းတာကိုယာယီယောင်ရမ်းမှု(Acute Inflammation)လို့ခေါ်ပါတယ်။အန္တရာယ်မရှိတဲ့သဘာဝရောဂါခုခံမှုစနစ်ပါ။ဒီလိုယာယီယောင်ရမ်းမှုမရှိရင်ရောဂါတွေကိုလဲမခုခံမကာကွယ်နိုင်ပါဘူး။ဒါပေမဲ့ဆိုးတာကတစ်ပါတ်၊နှစ်ပါတ်လောက်ကြာရင်အဲဒီယောင်ရမ်းမှုတွေကပပျောက်သွားရမှာမပျောက်သွားပဲဆက်ကျန်ရှိနေတာကအဆိုးဆုံးပါပဲ။အဲဒါကိုအလွန်ကြောက်စရာကောင်းတဲ့ရေရှည်ယောင်ရမ်းးမှု(Chronic Inflammation)လို့ခေါ်ပါတယ်။ရောဂါပိုးတွေကုန်သွားပြီးတဲ့အချိန်မှာအရောင်ကျသွားရမှာမကျပဲဆက်ယောင်နေတော့(Immune System)ကရောဂါပိုးတွေတိုက်စရာမရှိတော့လို့မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူထင်ပြီးဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပေါ့။မိမိ၏ခုခံမှုစနစ်ကမိမိအင်္ဂါအစိတ်အပိုင်းတွေကိုဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်တာကြိမ်ဖန်များလာတော့ခုခံမှုစနစ်ရဲ့မှတ်ဥာဏ်စနစ်တွေထဲမှာမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူတွေလို့မှားယွင်းပြီးအသေမြုတ်နှံမှတ်သားထားလိုက်ကြပါတယ်။နောင်အခါမှာမိမိအင်္ဂါအစိတ်အပိုင်းလား၊ပြင်ပကဝင်လာတဲ့ပိုးမွှားလားဆိုတာကောင်းကောင်းမခွဲခြားတတ်တော့ဘူးပေါ့။နောက်ပိုင်းမှာရေရှည်ရောင်ကိုင်းမှု(Chronic Inflammation)ကြောင့်ခုခံမှုစနစ်(Immuse System)ဟာဖေါက်ပြန်ပျက်စီးးသွားပြီး၊ရောဂါပိုးမွှားတွေကိုတိုက်ခိုက်ရမဲ့အစားမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်လိုက်ပြီးတိုက်ခိုက်၊ဒုက္ခပေးနေတော့တာပါပဲ။အဲဒီလိုဆိုတော့မိမိမှာအမည်မဖေါ်နိုင်တဲ့ရောဂါဆန်းတွေတခုပြီးတခုအဆက်မပြတ်ဖြစ်နေတော့တာပေါ့။
-----
ခက်တာကဒီလိုအလွန်ကြောက်စရာကောင်းပြီးကုသလို့မရနိုင်တဲ့အမျိုးပေါင်းရာနဲ့ချီတဲ့(Autoimmune Diseases)ကဒီ(၂၁)ရာစုခေတ်မှာကြိုတင်မကာကွယ်ထားတဲ့လူတိုင်းမှာတနေ့ဖြစ်ကိုဖြစ်လာရမှာရာနုန်းပြည့်နီးပါးကိုသေချာနေပါတယ်
။ခြိမ်းခြောက်နေတာလုံးဝမဟုတ်ပါဘူး၊အမှန်တရားပါ။ကြိုတင်ကာကွယ်ထားတဲ့လူအနည်းစုလေးကလွဲရင်လူတိုင်းလူတိုင်းမှာရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်တဲ့ကိုယ်တွင်းယောင်ရမ်းမှုလက္ခဏာ(inflammation marker)ကလူတွေအားလုံးနီးပါးမှာတွေ့နေရပါပြီ။ခင်ဗျားတို့မယုံရင်(hs-CRP-blood-test)လုပ်ကြည့်နိုင်ပါတယ်။တကယ်လို့(hs-CRP)တန်ဖိုး(1.0)အောက်ရောက်နေရင်တော့ခင်ဗျားတို့ကိုယ်မှာ(Inflammation)မဖြစ်ပါဘူးလို့ဆိုချင်ဆိုနိုင်ပါတယ်။ဒါပေမဲ့(hs-CRP)တန်ဖိုးဆိုတာကတမင်ကြိုတင်မကာကွယ်၊မလုပ်ယူထားပဲနဲ့(1.0)အောက်ရောက်နေတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်ကိုရှားပါးလှပါတယ်။လူတိုင်းလူတိုင်းက(1.0)ထက်များနေကြတာပါပဲ။တချို့(Inflammation)အမျိုးအစားတွေက(hs-CRP-marker)မှာမပေါ်လို့တိုင်းတာလို့မရသေးပါဘူး။အကောင်းဆုံးတိုင်းတာနည်းကတော့အိုမီဂါ(၆)နဲ့အိုမီဂါ(၃)အချိုးအစား(Omega6 to Omega3 ratio)ကိုတိုင်းကြည့်ရင်ပိုပြီးသေချာသိနိုင်ပါတယ်။(OMG-6 to OMG-3 ratio)ဟာ(3.0)အောက်မှာပဲရှိနေမယ်ဆိုရင်တော့ခင်ဗျာ(inflammation)မဖြစ်သလို(autoimmune diseases)လဲမဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့ဒီခေတ်ကြီးမှာတမင်မကာကွယ်၊မလုပ်ယူထားပဲနဲ့အဲဒီလိုလူမျိုးဆိုတာလူတစ်သောင်းမှာတယောက်တောင်မရှိနိုင်ပါဘူး၊အလွန်ရှားပါးပါတယ်။အဟာရပညာ(Nutrition knowledge)တွေအလွန်ထွန်းကားတိုးတက်နေတဲ့အမေရိကန်လိုတိုးတက်တဲ့နိုင်ငံကြီးမှာတောင်ပျှမ်းမျှအားဖြင့်(OMG-6 to OMG-3 ratio)ဟာ(15)ကနေ (25)လောက်အထိကိုမြင့်တက်နေကြပါပြီ။မြန်မာပြည်ဆိုရင်တော့ပိုဆိုးမှာပေါ့။အခုချိန်အထိလဲမြန်မာပြည်မှာ(OMG-6 to OMG-3 ratio)ဆိုတာကိုဆရာဝန်တွေအားလုံးတောင်မသိကြ၊သတိမထားမိကြသေးပါဘူး၊သေချာလဲနားမလည်ကြသေးပါဘူး။တိုင်းပေးနိုင်တဲ့ဓါတ်ခွဲခန်း
လဲရှိပုံမရသေးပါဘူး။စိတ်မကောင်းစရာပါ။
--------
အဆိုးဆုံးကကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ဆီတွေ၊အကြော်၊အချက်တွေအားလုံးထဲမှာ(OMG-6)တွေပဲ(90%)ကျော်လောက်အဓိကပါဝင်နေပြီး၊(OMG-3)ကြတော့(1%)တောင်မပါဘူးဖြစ်နေတယ်။အဲဒီတော့(OMG-6 to OMG-3 ratio)ကကြာလေမြင့်တက်လာလေဖြစ်တော့တာပေါ့။တိုတိုနဲ့လိုရင်းပြောရရင်တော့(OMG-6)ကယောင်ရမ်းမှု(Inflammation)ဖြစ်စေတဲ့အဓိကတရားခံပါပဲ။တဖက်မှာတော့(OMG-3)ကတော့ယောင်ရမ်းမှု့ကိုပပျောက်စေပါတယ်။ပိုနားလည်လွယ်အောင်ပြောရရင်(OMG-6)ကမိမိခုခံမှုစနစ်ကမိမိကိုပြန်မတိုက်တိုက်အောင်၊ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွားအောင်ပြုလုပ်ပေးတယ်။(OMG-3)ကကြတော့မိမိခုခံမှုစနစ်ကမိမိကိုပြန်မတိုက်အောင်ရောဂါပိုးတွေကိုပဲတိုက်ခိုက်အောင်ထိန်းသိမ်းပေးတယ်။ယနေ့(Supermarkets)တွေကဆီတွေရဲ့(99%)က(OMG-6)တွေပဲအဓိကပါဝင်နေကြတာပါ။(OMG-3)ဆိုတာမရှိသလောက်ရှားသွားပါပြီ။(OMG-3)ကိုလိုချင်ရင်ငါးကြီးဆီသောက်မှကိုရမှာ။ဒါကိုနားမလည်လို့မသောက်ရင်တော့မကြာခင်(Autoimmune Disease)တခုခုကိုကိုယ်ပိုင်ရောဂါအဖြစ်နဲ့ပိုင်ဆိုင်လာပါလိမ့်မယ်။ခက်တာက
မြန်မာပြည်ကဆိုင်တွေမှာရောင်းနေတဲ့ငါးကြီးဆီတော်တော်များများကလဲအာရုံကြောစနစ်ကိုအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပြဒါးဓါတ်(Mercury)သန့်စင်မထားကြပါဘူး။ (Mercury) မသန့်စင်ထားရင်တော့့ဦးဏှောက်နှင့်အာရုံကြောစနစ်အတွက်အလွန်အန္တရာယ်ကြီးမားပါတယ်။ငါးကြီးဆီဝယ်ရင်(Mercury)ထုတ်ထားပြီးသားဖြစ်ရပါမယ်။တချို့သေချာနားမလည်တဲ့လူတွေကရှိသေးတယ်။(Omega-3-6-9)ဆိုတဲ့ဆေးကို(၃)မျိုးတောင်ပါတော့ပိုကောင်းတာပေါ့ကွာဆိုပြီးတော့ဝယ်စားကြတဲ့လူပိန်းတွေကရှိသေးတယ်။ဘာကြောင့်လဲဆိုတော့သူများကသောက်ဆိုလို့တာလိုက်သောက်နေကြတာသူတို့ကိုယ်တိုင်ဘာကြောင့်(Omega-3)ခေါ်ငါးကြီးဆီကိုဘာလို့၊ဘာကြောင့်သောက်တာလဲဆိုတာသေချာနားမလည်ကြဘူးဖြစ်နေကြတယ်။(Omega-3)ခေါ်ငါးကြီးဆီကိုသောက်တာမိမိခန္ဓာကိုယ်ထဲမှာအလွန်ကြောက်စရာကောင်းတဲ့(Omega-6)သိပ်များနေလို့(OMG-6)ကို(OMG-3)နဲ့ပြန်ပြီးချေပပြစ်ချင်လို့သောက်နေရတာပါ။အဲဒါကိုနားမလည်ပဲ(OMG-3)တခုတည်းပါတဲ့ငါးကြီးဆီကိုမသောက်ပဲ(OMG-3-6-9)ပါတဲ့ပစ္စည်းတွေကိုဝယ်သောက်မှတော့သွားပြီးပေါ့ဗျာ။မစင်ကြောက်ပါတယ်ဆိုပြီး၊မစင်ကိုပဲပြန်ဝယ်စားသလိုဖြစ်မနေဘူးလား?။ခင်ဗျားတို့ကိုယ်မှာဒီလိုရောဂါဆိုးတွေမဖြစ်စေချင်ရင်အိုမီဂါ(6)ကိုတတ်နိုင်သလောက်လျှော့ချပြီးတော့၊အိုမီဂါ(3)ကိုပိုပြီးတော့စားပေးဖို့လိုတာပေါ့။
------------
Omega-3 က(inflammation)အပြင်တစ်ခြားအရာတွေအတွက်လဲအလွန်ကောင်းပါတယ်။မိမိခန္ဓာကိုယ်၏ရောဂါခုခံကာကွယ်မှုစနစ်ကမှားယွင်းဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်မှုရောဂါ( Autoimmune diseases) အမျိုးမျိူးမှအကာအကွယ်ပေးရုံတင်မကပါဘူး၊ခန္ဓာကိုယ်၏ရောဂါခုခံအားစနစ်ကိုအားကောင်းစေပြီးကူးစက်ရောဂါအမျိုးမျိူးမှလဲအကာအကွယ်ပေးပါတယ်၊အကယ်၍ဝင်ရောက်လာရင်လဲရက်အနည်းငယ်အတွင်းသက်သာပျောက်ကင်းစေနိုင်တယ်။ဦးဏှောက်နင့်အာရုံကြောစနစ်ကိုအထောက်အပံ့ပေးတယ်။အသိဥာဏ်ဆုတ်ယုတ်လာမှုနှင့်ဦးဏှောက်ကြုံ့ခြငိး၊ဦးဏှောက်သိပ်ဖျင်းသွားခြင်းမေ့လျှော့ခြင်းရောဂါတို့မှလဲအကာအကွယ်ပေးတယ်။မှတ်ဥာဏ်ကိုလဲပိုမိုကောင်းမွန်လာစေတယ်။စိတ်ဓါတ်ကျဆင်းမှု့(Depression)နှင့်အခြားသောစိတ်ရောဂါများမဖြစ်အောင်အကာအကွယ်ပေးတယ်။အလိုလိုနေရင်းစိတ်ဓါတ်ကျဆင်းမှု၊စိတ်အားငယ်ကြောက်ရွံ့မှု၊စိတ်ဖိစီးမှု့နှင့်စိုးရိမ်ပူပန်မှု(Stress)များလျှော့နည်းသွားအောင်လဲဆောင်ရွက်ပေးတယ်။အာရုံကြောအားနည်း၍ကိုယ်လက်အင်္ဂါထိမ်းမရသောအရုံကြောရောဂါအမျိုးမျိုးမှလည်းအကာအကွယ်ပေးတယ်။နှလုံးနှင့်သွေးလည်ပါတ်မှုစနစ်ကိုကောင်းမွန်စေပြီး၊နှလုံးရောဂါမဖြစ်စေရန်၊နှလုံးသွေးကြောများမရောင်ရမ်းမပိတ်ဆို့စေရန်၊ရုတ်တရက်နှလုံးသွေးကြောပိတ်ပြီးမသေဆုံးနိုင်စေရန်အကာကွယ်အကွယ်ပေးတယ်။အဆုတ်၏ပုံမှန်အလုပ်လုပ်မှုကိုကောင်းမွန်စေတယ်၊အဆုတ်အမာရွတ်တက်ခြင်းရောဂါမှလဲအကာအကွယ်ပေးတယ်။ကင်ဆာရောဂါဆိုးအမျိုးမျိုးမဖြစ်ပွားအောင်လဲအကာအကွယ်ပေးနိုင်တယ်။သွေးကြောများကိုအတွင်းပိုင်းမှမပိတ်ဆို့စေရန်တိုးချဲ့ပေးတယ့်အတွက်သွေးတိုးရောဂါကိုသက်သာပျောက်ကင်းစေနိုင်တယ့်အပြင်၊ဦးဏှောက်သွေးကြောပိတ်ကာလေဖြတ်ခြင်းနှင့်ဦးနှောက်သွေးကြောပြတ်ပြီးရုတ်တရက်သေဆုံးမှုအန္တရာယ်မှလဲအကာအကွယ်ပေးတယ်။ယနေ့ကမ္ဘာတွင်အလွန်ကြောက်စရာကောင်းသောခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါများယောင်ရမ်းခြင်း၊နှလုံးသွေးကြော၊ဦးဏှောက်သွေးကြောများမှစ၍ခန္ဓာကိုယ်အစိတ်အပိုင်းများရှိသွေးကြောအားလုံးအတွင်းပိုင်းယောင်ရမ်းပိတ်ဆို့ချင်း၊အစရှိတယ့်ရေရှည်ယောင်ရမ်းခြင်း(Chronic Inflammation)အန္တရာယ်ဆိုးများမှလဲအကာအကွယ်ပေးတယ်။လူကြီးများတွင်သာမကပဲကလေးသူငယ်များအားလဲဦးဏှောက်နင့်အာရုံကြောစနစ်ကောင်းမွန်စေရန်၊ပုံမှန်ကြီးထွားစေရန်၊သန်မာဖြတ်လတ်စေရန်နှင့်ရောဂါအမျိုးမျိုးကင်းရှင်းစေရန်အထောက်အကူပြုပေးတယ်။ကိုယ်ဝန်ဆောင်မိခင်များအားလဲ၊သန္ဓေသားရောမိခင်ပါကျန်းမာသန်စွမ်းပြီးရောဂါကင်းရှင်းရန်၊မွေးဖွားရလွယ်ကူရန်အထူးအထောက်အကူပြုပါတယ်။အဝလွန်သူများကိုလဲဝိတ်ကျဖို့ကူညီပေးတဲ့အပြင်၊အသဲအဆီဖုံးခြင်းရောဂါမှလဲအကာအကွယ်ပေးပါတယ်။
Kelvin Albert Power
(Nutrition Specialist, Florida, USA)
-----------------------
------References--------
1. Vannice G, Rasmussen H. Position of the Academy of Nutrition and Dietetics: Dietary fatty acids for healthy adults. J Acad Nutr Diet. 2014;114: 136–153. 10.1016/j.jand.2013.11.001 [PubMed] [CrossRef] [Google Scholar]
2. Arterburn LM, Hall EB, Oken H. Distribution, interconversion, and dose response of n-3 fatty acids in humans. Am J Clin Nutr. 2006;83(suppl): 1467S–1476S. [PubMed] [Google Scholar]
3. Connor KM, SanGiovanni JP, Lofqvist C, Aderman CM, Chen J, Higuchi A, et al. Increased dietary intake of ω-3 polyunsaturated fatty acids reduces pathological retinal angiogenesis. Nat Med. 2007;13: 868–873. [PMC free article] [PubMed] [Google Scholar]
4. Kris-Etherton PM, Grieger JA, Etherton TD. Dietary reference intakes for DHA and EPA. Prost Leuk Ess Fatty Acids. 2009;81: 99–104. [PubMed] [Google Scholar]
5. Lavie CJ, Milani RV, Mehra MR, Ventura HO. Omega-3 polyunsaturated fatty acids and cardiovascular diseases. J Am Coll Cardiol. 2009;54: 585–594. 10.1016/j.jacc.2009.02.084 [PubMed] [CrossRef] [Google Scholar]
6. Szostak-Wegierek D, Klosiewicz-Latoszek L, Szostak WB, Cybulska B. The role of dietary fats for preventing cardiovascular disease. A review. Rocz Panstw Zakl Hig. 2013;64: 263–269. [PubMed] [Google Scholar]
7. Katakura M, Hashimoto M, Inoue T, Al Mamun Abdullah, Tanabe Y, Iwamoto R, et al. Omega-3 fatty acids protect renal functions by increasing docosahexaenoic acid-derived metabolite levels in SHR. Cg-Leprcp/NDmcr rats, a metabolic syndrome model. Molecules. 2014;19: 3247–3263. 10.3390/molecules19033247 [PMC free article] [PubMed] [CrossRef] [Google Scholar]
8. Wang JH, Eguchi K, Matsumoto S, Fujiu K, Komuro I, Nagai R, et al. The ω-3 polyunsaturated fatty acid, eicosapentaenoic acid, attenuates abdominal aortic aneurysm development via suppression of tissue remodeling. PLoS One. 2014;9: e96286 10.1371/journal.pone.0096286 [PMC free article] [PubMed] [CrossRef] [Google Scholar]
9. Simopoulos AP. Omega-3 fatty acids in inflammation and autoimmune diseases. J Am Coll Nutr. 2002;21: 495–505. [PubMed] [Google Scholar]
10. Suzuki M, Noda K, Kubota S, Hirasawa M, Ozawa Y, Tsubota K, et al. Eicosapentaenoic acid suppresses ocular inflammation in endotoxin-induced uveitis. Mol Vision. 2010;16: 1382–1388. [PMC free article] [PubMed] [Google Scholar]
11. Koto T, Nagai N, Mochimaru H, Kurihara T, Izumi-Nagai K, Satofuka S, et al. Eicosapentaenoic acid is anti-inflammatory in preventing choroidal neovascularization in mice. Invest Ophthalmol Vis Sci. 2007;48: 4328–4334. [PubMed] [Google Scholar]
12. Yanai R, Mulki L, Hasegawa E, Takeuchi K, Sweigard H, Suzuki J, et al. Cytochrome P450-generated metabolites derived from ω-3 fatty acids attenuate neovascularization. Proc Natl Acad Sci USA. 2014;111: 9603–9608. 10.1073/pnas.1401191111 [PMC free article] [PubMed] [CrossRef] [Google Scholar]
13. Al-Kharashi AS, Aldibhi H, Al-Fraykh H, Kangave D, Abu El-Asrar AM. Prognostic factors in Vogt-Koyanagi-Harada disease. Int Ophthalmol. 2007;27: 201–210. [PubMed] [Google Scholar]
14. Durrani OM, Meads CA, Murray PI. Uveitis: a potentially blinding disease. Ophthalmologica. 2004;218: 223–236. [PubMed] [Google Scholar]
15. Lobo A, Barton K, Minassian D, du Bois RM, Lightman S. Visual loss in sarcoid-related uveitis. Clin Exp Ophthalmol. 2003;31: 310–316. [PubMed] [Google Scholar]
16. Yang P, Fang W, Wang L, Wen F, Wu W, Kijlstra A. Study of macular function by multifocal electroretinography in patients with Vogt-Koyanagi-Harada syndrome. Am J Ophthalmol. 2008;146: 767–771. 10.1016/j.ajo.2008.05.044 [PubMed] [CrossRef] [Google Scholar]
17. Caspi RR. Animal models of autoimmune and immune-mediated uveitis. Drug Discov Today: Dis Models. 2006;3: 3–9. [Google Scholar]
18. Gasparin F, Takahashi BS, Scolari MR, Gasparin F, Pedral LS, Damico FM. Experimental models of autoimmune inflammatory ocular diseases. Arq Bras Oftalmol. 2012;75: 147–148. [PubMed] [Google Scholar]
19. Commodaro AG, Peron JP, Lopes CT, Arslanian C, Belfort R Jr, Rizzo LV, et al. Evaluation of experimental autoimmune uveitis in mice treated with FTY720. Invest Ophthalmol Vis Sci. 2010;51: 2568–2574. 10.1167/iovs.09-4769 [PubMed] [CrossRef] [Google Scholar]
20. Caspi RR, Sun B, Agarwal RK, Silver PB, Rizzo LV, Chan CC, et al. T cell mechanisms in experimental autoimmune uveoretinitis: Susceptibility is a function of the cytokine response profile. Eye (Lond). 1997;11: 209–212. [PubMed] [Google Scholar]
21. Agarwal RK, Silver PB, Caspi RR. Rodent models of experimental autoimmune uveitis. Methods Mol Biol. 2012;900: 443–469. 10.1007/978-1-60761-720-4_22 [PMC free article] [PubMed] [CrossRef] [Google Scholar]
22. Luger D, Silver PB, Tang J, Cua D, Chen Z, Iwakura Y, et al. Either a Th17 or a Th1 effector response can drive autoimmunity: Conditions of disease induction affect dominant effector category. J Exp Med. 2008;205: 799–810. 10.1084/jem.20071258 [PMC free article] [PubMed] [CrossRef] [Google Scholar]
23. Chong WP, Horai R, Mattapallil MJ, Silver PB, Chen J, Zhou R, et al. IL-27p28 inhibits central nervous system autoimmunity by concurrently antagonizing Th1 and Th17 responses. J Autoimmun. 2014;50: 12–22. 10.1016/j.jaut.2013.08.003 [PMC free article] [PubMed] [CrossRef] [Google Scholar]
24. Yoshimura T, Sonoda KH, Miyazaki Y, Iwakura Y, Ishibashi T, Yoshimura A, et al. Differential roles for IFN-γ and IL-17 in experimental autoimmune uveoretinitis. Int Immunol. 2008;20: 209–214. [PubMed] [Google Scholar]
25. Hibbeln JR, Levi RG, Nieminen, Blasbalg TL, Riggs JA, Lands WEM. Healthy intakes of n-3 and n-6 fatty acids: estimations considering worldwide diversity. Am J Clin Nutr. 2006;83 (suppl): 1483S–1493S. [PubMed] [Google Scholar]
26. Williams CM, Burdge G. Long-chain n-3 PUFA: plant v. marine sources. Proc Nutr Soc. 2006;65: 42–50. [PubMed] [Google Scholar]
27. Calder PC. n-3 Polyunsaturated fatty acids, inflammation, and inflammatory diseases. Am J Clin Nutr. 2006;83(suppl): 1505S–1519S. [PubMed] [Google Scholar]
28. Calder PC. Marine omega-3 fatty acids and inflammatory processes: effects, mechanisms and clinical relevance. Biochim Biophys Acta. 2015;1851: 469–484. 10.1016/j.bbalip.2014.08.010 [PubMed] [CrossRef] [Google Scholar]
29. Ferrante A. Polyunsaturated fatty acids and inflammatory diseases. Inflammatory diseases—a modern perspective. 2011. pp. 159–178. [Google Scholar]
30. Jing X, Liu A. The role of the tissue omega-6/omega-3 fatty acid ratio in regulating tumor angiogenesis. Cancer Metastas Rev. 2013;32: 201–210. [PubMed] [Google Scholar]
31. Bhargava R, Kumar P, Kumar M, Mehra N, Mishra A. A randomized controlled trial of omega-3 fatty acids in dry eye syndrome. Int J Ophthalmol. 2013;6: 811–816. 10.3980/j.issn.2222-3959.2013.06.13 [PMC free article] [PubMed] [CrossRef] [Google Scholar]
32. Takeda A, Sonoda KH, Ishibashi T. Regulation of Th1 and Th17 cell differentiation in uveitis. Inflamm Regen. 2013;33: 261–268. [Google Scholar]
33. Wang C, Tian Y, Lei B, Xiao X, Ye Z, Li F, et al. Decreased IL-27 expression in association with an increased Th17 response in Vogt-Koyanagi-Harada disease. Invest Ophthalmol Vis Sci. 2012;53: 4668–4675. 10.1167/iovs.12-9863 [PubMed] [CrossRef] [Google Scholar]
34. Huang H, Lu Z, Jiang C, Liu J, Wang Y, Xu Z. Imbalance between Th17 and regulatory T-cells in sarcoidosis. Int J Mol Sci. 2013;14: 21463–21473. 10.3390/ijms141121463 [PMC free article] [PubMed] [CrossRef] [Google Scholar]
35. Sugita S, Kawazoe Y, Imai A, Yamada Y, Horie S, Mochizuki M. Inhibition of Th17 differentiation by anti-TNF-alpha therapy in uveitis patients with Behçet’s disease. Arthr Res Ther. 2012;14: R99. [PMC free article] [PubMed] [Google Scholar]
36. Monk JM, Jia Q, Callaway E, Weeks B, Alaniz RC, McMurra DN, et al. Th17 cell accumulation is decreased during chronic experimental colitis by (n-3) PUFA in Fat-1 mice. J Nutr. 2012;142: 117–124. 10.3945/jn.111.147058 [PMC free article] [PubMed] [CrossRef] [Google Scholar]
37. Monk JM, Hou TY, Turk HF, Weeks B, Wu C, McMurray DN, et al. Dietary n-3 polyunsaturated fatty acids (PUFA) decrease obesity-associated Th17 cell-mediated inflammation during colitis. PLoS One. 2012;7: e49739 10.1371/journal.pone.0049739 [PMC free article] [PubMed] [CrossRef] [Google Scholar]
38. Sonoda KH, Sasa Y, Qiao H, Tsutsumi C, Hisatomi T, Komiyama S, et al. Immunoregulatory role of ocular macrophages: The macrophages produce RANTES to suppress experimental autoimmune uveitis. J Immunol. 2003;171: 2652–2659. [PubMed] [Google Scholar]
39. Jiang H- R, Lumsden L, Forrester JV. Macrophages and dendritic cells in IRBP-induced experimental autoimmune uveoretinitis in B10RIII mice. Invest Ophthalmol Vis Sci. 1999;40: 3177–3185. [PubMed] [Google Scholar]
40. Babcock TA, Helton WS, Hong D, Espat NJ. Omega-3 fatty acid lipid emulsion reduces LPS-stimulated macrophage TNF-alpha production. Surg Infect. 2002;3: 145–149. [PubMed] [Google Scholar]
41. Williams-Bey Y, Boularan C, Vural A, Huang NN, Hwang IY, Shan-Shi C, et al. Omega-3 free fatty acids suppress macrophage inflammasome activation by inhibiting NF-κB activation and enhancing autophagy. PLoS One. 2014;9: e97957 10.1371/journal.pone.0097957 [PMC free article] [PubMed] [CrossRef] [Google Scholar]
42. Khawaja OA, Gaziano JM, Djoussé L. N-3 Fatty acids for prevention of cardiovascular disease. Curr Atheroscler Rep. 2014;16: 450 10.1007/s11883-014-0450-0 [PubMed] [CrossRef] [Google Scholar]
43. Din JN, Newby DE, Flapan AD. Omega-3 fatty acids and cardiovascular disease—fishing for a natural treatment. Br Med J. 2004;328: 30–35. [PMC free article] [PubMed] [Google Scholar]

Address

111/3, ThanThuMar Road
Yangon
11072

Alerts

Be the first to know and let us send you an email when Ca Mar Kyi Specialist Clinic and Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ca Mar Kyi Specialist Clinic and Diagnostic Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram