Pill For Health

Pill For Health Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pill For Health, Medical and health, Yangon.

စိတ်တိုတဲ့အချိန်နှင့်ကြောက်တဲ့အချိန်ဘာလို့နှလုံးခုန်မြန်ရသလဲ၊ ဖြေကြည့်ပါ။
19/05/2024

စိတ်တိုတဲ့အချိန်နှင့်ကြောက်တဲ့အချိန်ဘာလို့နှလုံးခုန်မြန်ရသလဲ၊ ဖြေကြည့်ပါ။

03/09/2023

သွေးတိုးရောဂါကသေစေနိုင်လား

19/05/2023

အသည်းကြီးခြင်း(Hepatomegaly)

ကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့အသည်းကြီးခြင်းအကြောင်းဘဲဖြစ်ပါတယ်ခင်ဗျာ။

➡️အသည်းဆိုတာဘာလဲ။

➡️အသည်းဆိုတာကတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ ဒုတိယအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဘဲဖြစ်ပါတယ် ။ဒီမှာ ဗဟုသုတအနေဖြင့်ပြောရရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့အကြီးဆုံးအအင်္ဂါအစိတ်ပိုင်းကတော့skinလို့ခေါ်တဲ့ အရေပြားအင်္ဂါအဖွဲ့အစည်းဖြစ်ပါတယ်။

➡️ကဲဆိုတော့ကား အသည်းကဘာတွေလုပ်လည်းပြောကြရအောင်။

➡️အသည်းကသွေးထဲမှာရှိတဲ့ ပိုနေတဲ့ ဂလူးကို့စ် (glucose)ကို glycogen အဖြစ်သိမ်းပေးထားတယ်ပေါ့နော်။ အကယ်၍ခန္ဓာကိုယ်က သကြားဓာတ်လို့ခေါ်တဲ့ glucose လိုအပ်ရင် အသည်းက သိမ်းထားတဲ့glycogenကိုglucose အဖြစ်ပြန်ပြောင်းပေးတယ်ပေါ့။

➡️အသည်းရဲ့အရွယ်အစားကယောက်ျားလေးတွေမှာ 10.5 cm ရှိပြီးတော့ မိန်းကလေးတွေမှာကြ 7cmလောက်ရှိကြတယ်။ အကယ်၍များအဲ့အရွယ်အစားတွေထက်ကြီးလာတာကိုအသည်းကြီးခြင်း(Hepatomegaly)လို့ခေါ်ပါတယ်။

➡️အသည်းကြီးခြင်းအကြာင်းရင်းများ (causes of Hepatomegaly)
➡️ (Hepatitis)လို့ခေါ်တဲ့ အသည်းရောင်အသားဝါရောဂါတွေကြောင့်အသည်းကြီးခြင်းဖြစ်နိုင်ပါတယ်။
➡️နောက်တခုကကြတော့အရက်သောက်တဲ့သူတွေမှာအဖြစ်များတဲ့(cirrhosis)လို့ခေါ်တဲ့ အသည်းကြွပ်ရောဂါကြောင့်လည်းအသည်းကြီးဖြစ်နိုင်ပါတယ်။
➡️နောက်တစ်ခုကကြ liver infection တွေကြောင့်ဖြစ် နိုင်ပါတယ် ။

➡️ရောဂါလက္ခဏာများ

➡️အသည်းတဖြည်းဖြည်းကြီးတာမျိုးဆိုရင်တော့ရောဂါလက္ခဏာပြလေ့မရှိပါ။ အသည်းရုတ်တရက်ကြီးလာတာမျိုးဆိုရင်တော့ ဝမ်းဗိုက်နာကျင်ကိုက်ခဲတာ၊ ဝမ်းဗိုက်ထဲ ပြည့်အင့်နေသလိုမျိုးဖြစ်တတ်ပါတယ် ။

➡️ကာကွယ်ခြင်းနှင့်ကုသခြင်း
➡️အရက်အလွန်အကျွံ သောက်ခြင်းကြောင့်ဖြစ်တဲ့အ သည်းကြီးရောဂါဆိုလျှငိ အရက်သောကိတာလုံးဝရပ်ပစ်ရပါမယ်။
➡️အရက်သောက်ခြင်းကြောင့်မဟုတ်လျှင်လူနေမှုပုံစံနှင့်အစားအသောက်ပုံစံတချို့ကိုပြောင်းလဲရပါမယ်။လေ့ကျင့်ခန်းနှင့်ဝိတ်အလေးချိနထိန်းတာကိုမဖြစ်မနေလုပ်ရပါမယ်။

➡️ရှောင်ရမည့်အစားအသောက်များ
➡️ဆားအလွန်များသောအစားအသောက်များ ၊သကြားအများကြီးပါသောအစားစာများ ၊ အချိုရည်များ ၊ ပြည့်ဝဆီပါသောအစားအသောက်များ စသည်တို့ကိုရှောငိပေးရပါမယိ ။
➡️စာသုံးရန်သင့်သောအစားစာများ
➡️အသီးအနှံများ ၊ ငါးများ(salmom)ဆိုလျင်ပိုသင့်တော်၊ ကြက်သွန်ဖြူများများစားပေးပါ၊ Grapefruit ၊ Grape ၊ nut တွေနှင့်သန်လွင်ဆီတို့ကိုစားပေးသင့်ပါတယ်ဗျ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pill For Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram