 
                                                                                                    25/07/2025
                                            အဝလွန်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ လိပ်ခေါင်းရောဂါ 
ဝမ်းအိမ်အောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောလေးများဟာ ဖိအားကြောင့် ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရောင်းရမ်းဖောင်းကားကာ အဖုလေးတွေ စတင်ဖြစ်ပေါ်လာခြင်းကြောင့် လိပ်ခေါင်းရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ ဝမ်းသွားချိန်မှာ အားစိုက်၍ ညှစ်ရခြင်းကြောင့် ဖြစ်ပါတယ်။ 
လိပ်ခေါင်းရောဂါက အဝလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဝလွန်သူတွေ အဖြစ်လည်း များကြပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ ထိုင်နေတဲ့အခါမှာဖြစ်စေ မတ်တပ်ရပ်နေတဲ့အခါမှာဖြစ်စေ အချိန်ကြာတာနဲ့အမျှ ကိုယ်အလေးချိန်ကြောင့် စအိုတစ်ဝိုက်ကို ဖိအားတွေနဲ့ ဝန်ပိစေတာကြောင့် ဖြစ်ပါတယ်။ 
အဝလွန်သူတွေအပြင် နာတာရှည်ဝမ်းမကြာခဏ ချုပ်သူတွေ၊မကြာခဏဝမ်းလျှောသူတွေ၊ရေသောက်နည်းသူတွေ၊အလေးအပင်မသူတွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း လိပ်ခေါင်း ဖြစ်ပွားနိုင်ပါတယ်။
အတွေ့ရများတဲ့ လိပ်ခေါင်းရောဂါလက္ခဏာများကတော့-
- ဝမ်းသွားသည့်အခါ နာကျင်မှုမရှိဘဲ သွေးများပါလာခြင်း
-  စအိုဝတစ်ဝိုက် နာကျင်ခြင်း ၊ ယားယံခြင်း
-  စအိုဝတွင် ရောင်ရမ်းနေခြင်း
-  စအိုဝတွင် အဖုအလုံးဖြစ်နေခြင်း
-  ဝမ်းမသွားချင်ဘဲ ဝမ်းထွက်ကျခြင်းများပဲဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါကို စောစီးစွာကုသမှု မခံယူတဲ့အခါ-
-  စအိုအပြင်ဖက်ကို ကျွံကျလာနိုင်ခြင်း
-  စအိုယားယံ၍ နာကျင်ခြင်း
-  လိပ်ခေါင်းဖုအတွင်းသွေးခဲခြင်း
-  သွေးလည်ပတ်မှုနည်းပြီး လိပ်ခေါင်းဖုပုပ်သွားခြင်းနှင့်
-  အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောဂါပိုးပျံ့နှံ့သွားခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်။
ဒါ့ကြောင့် လိပ်ခေါင်းရောဂါ ခံစားနေရပါက အခြေအနေပြင်းထန်တဲ့အထိ စောင့်ဆိုင်းမနေဘဲ စတင်ဖြစ်ပေါ်လာတာနဲ့ အမြန်ဆုံး ကုသမှုခံယူသင့်ပါတယ်။ လိပ်ခေါင်းအတွက် သင့်တော်တဲ့ နည်းလမ်းကောင်းတစ်ခုကတော့ PPH ခေတ်မီနည်းပညာကုထုံးပဲ ဖြစ်ပါတယ်။ 
မြတ်အထူးကုဆေးခန်းမှာတော့ အမေရိကန်ထုတ် PPH စက်ကြီးဖြင့် လိပ်ခေါင်းရောဂါတွေကို ဝါရင့်အထူးကုဆရာဝန်ကြီးများကိုယ်တိုင် တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် ကုသပေးလျက်ရှိပါတယ်။
မြတ် ဆေးကုခန်း - Myat Clinic
===============================
အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင်လမ်း၊(ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး)၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Location Map > goo.gl/maps/Ewj4b5AnLUwiyBtSA
𝟎𝟗 𝟔𝟕𝟎 𝟖𝟏𝟖 𝟗𝟗𝟗
ဆေးခန်းဖွင့်ချိန်။    ။ Daily 𝟗 𝐀𝐌 to 𝟓 𝐏𝐌
       #လိပ်ခေါင်းရောဂါ  #အတွင်းလိပ်ခေါင်း  #အပြင်လိပ်ခေါင်း                                          
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  