Hiv / Sti -ကာလသားရောဂါ အခမဲ့စစ်ကြမယ်

  • Home
  • Myanmar
  • Yangon
  • Hiv / Sti -ကာလသားရောဂါ အခမဲ့စစ်ကြမယ်

Hiv / Sti -ကာလသားရောဂါ အခမဲ့စစ်ကြမယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hiv / Sti -ကာလသားရောဂါ အခမဲ့စစ်ကြမယ်, Medical and health, Yangon.

21/11/2023

မိမိမှာ Hiv လား / ကာလသား လား ဆိုတာကို ဝေဖန်မနေဘဲ သွေးလာစစ်ကြည့်ကြပါလား?
- လူတချို့က မေးကြတယ်
- Hiv ရောဂါ ဘယ်လိုလက်ခဏာ ပြလဲ?
-ကာလသား ရောဂါဘယ်လိုလက်ခဏာ ပြလဲ?
တချို့ Hiv နဲ့ ကာလသား က လက်ခဏာ မပြပါဘူးဗျ။ သွေးစစ်ဆေး ကြည့်မှသာ မိမိမှာ Hiv& ကာလသား ရှိမှန်း သိရတာမျိုးပါ။

-တချို့Hiv နဲ့ ကာလသား က လက်ခဏာ ပြကြတယ်။
-Hiv လက်ခဏာ တချို့က
- အသားတွေ မဲခြောက်လာတယ်
-ပိန်လာတယ်
-ထိုင်းမှိုင်းပြီး နုန်းလာတယ်
-ညညဆို အိပ်မပျော်တာတွေ ဖြစ်လာတယ်
-ချောင်းတွေ ဆိုးလာတယ်
-ညနေခင်းဆို အဖျားဝင်လာသလို ဖြစ်တက်တယ်
-ဆံပင်တွေ ကျွတ်လာတယ်(ဆံပင်တွေ ဆွဲရင် အပြုံလိုက်ပါလာသလိုမျိုး)
-နေရာအနှံ့ အကြိတ်တွေ ထလာတယ်
-အစားအသောက်တွေပျက်လာပြီး အိပ်ပြီးရင်း အိပ်ချင်လာတယ်။(လည်ပင်း/ပေါင်ချိုင်)
စတဲ့လက်ခနာတချို့ ပြတက်ကြတယ်။
(အကာကွယ် မဲ့ လိင်ဆက်ဆံ ပြီး (၃)လကနေ (၆) လအတွင်း လက်ခနာ ပြပါတယ်။/ကိုယ်ခံအား နည်းနေလျှင် ၂လအကျော်တွင် ပြတက်သည်။)

ကာလသား လက်ခဏာ တချို့က
-ဆီးပူ/ ဆီးကျင် ဖြစ်လာမယ်
-လိင်တံမှ ပြည်ကျလာမယ်
-နေရာအနှံ့ အနီစပ်တွေ ထလာမယ်
-လိင်တံနှင့် စအို တဝိုက်မှာ ပွေး/ဝဲ/ ညှင်း အရေပြား
အနာတွေထလာမယ်
ကာလသားရောဂါ ဟာ အကာကွယ်မဲ့ လိင်ဆက်ဆံ ပြီး (၇)ရက်အတွင်း ပြကြတာများတယ်။

Hivရောဂါဟာ ရာသီတုတ်ကွေးနဲ့ ဆင်တူရိုးမှား ရှိတာကြောင့် မိမိမှာ Hiv သံသယ ဝင်နေရင် အခမဲ့
အမြန်ဆုံး သွေးလာစစ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

-Hiv / ကာလသား / တီဘီ
အခမဲ့ စစ်ဆေးခြင်း
အခမဲ့ ကုသခြင်း
အခမဲ့ ဆေးဝါများ ပေးခြင်း များ ကို
အခကြေးငွေ (လုံးဝ )တောင်းခံခြင်း မရှိဘဲ ကူညီဆောင်ရွက်ပေးပါတယ်။

တာမွေမြို့နယ် ရန်ကုန်မြို့
စျေးလေးမှတ်တိုင်အနီး
မေတ္တာညွှန့်ဘူတာအနီး
ဆက်သွယ်ရန်-09 756028765 (ရန်ကုန်)
Viber-09 763650640

Hiv ကြိုတင်ကာကွယ်ဆေး Prep. များကို လဲ အခမဲ့ ထုတ်ပေးနေပါသည်။
💊💊💊

  ဆေးကိုအခမဲ့ထုတ်ယူလိုက်ပါလိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေးလိင်အပျော်အပါးလိုက်စားသူတိုင်း သိထ...
23/10/2023

ဆေးကိုအခမဲ့ထုတ်ယူလိုက်ပါ

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး
လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေးအကြောင်းလေး ဆက်ကြည့်လိုက်ရအောင်နော်။

PrEP ဆေးဆိုတာဘာလဲ။
ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။
HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုး ရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။
နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။
နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ပိုး ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။
ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ပိုး ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။
မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။
ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။
PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။
ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။
၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။

PEP ဆေးကို ဘာအတွက် သောက်တာလဲ။
Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။
ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။
လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။
အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အစောဆုံး သောက်ပေးရပါမယ်။
အရေးပေါ် ကာကွယ်ဆေးဖြစ်တဲ့အတွက် နေ့စဉ်သောက်ပေးဖို့ မလိုပါဘူး။
PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရှိတဲ့ ဓာတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။
ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

prep ဆေးကိုအခမဲ့ရယူရန်
09756028765
09662865582

HIV အသိပညာHIV ပိုး (HN) ကို နည်း ၃ မျိုးဖြင့် ကူးစက်နိုင်ပါသည်။               .1. လိင်ပိုင်းဆိုင်ရာ               .2. သွ...
22/10/2023

HIV အသိပညာ
HIV ပိုး (HN) ကို နည်း ၃ မျိုးဖြင့် ကူးစက်နိုင်ပါသည်။

.1. လိင်ပိုင်းဆိုင်ရာ
.2. သွေးမှတဆင့် ရောဂါရှိသူ၏သွေးကိုလက်ခံခြင်း သို့မဟုတ် ရောဂါရှိသူများနှင့်ဆေးထိုးအပ်များမျှဝေအသုံးပြုခြင်း
.3. ကိုယ်ဝန်ဆောင်စဉ် မိခင်မှကလေးသို့ ကူးစက်ခြင်း မီးဖွားစဉ် သို့မဟုတ် နို့တိုက်ကျွေးခြင်းမှကူးစက်ခြင်း
HIV ကူးစက်မှု၏ အစောပိုင်းလက္ခဏာမှာ ခန္ဓာကိုယ်အနှံ့တွင်ကြီးမားသော တက်စေ.များဖြစ်ပေါ်စေနိုင်ပါသည်။ နောက်ပိုင်းတွင် ပါးစပ်တွင်မှိုပိုးဝင်ခြင်း၊ ရေယုန်ပေါ််ပေါက်ခြင်း ၊ မကြာခဏဝမ်းလျှောခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းစ သည့်ရောဂါလက္ခဏာများပိုမိုပြသလာသည်။ နောက်ဆုံးတွင်အေအိုင်ဒီအက်စ်ရောဂါလက္ခဏာများသည် ဦးနှောက်မှိုကဲ့သို့သောရောဂါလက္ခဏာများ၊ ပြင်းထန်သောအဆုတ်ရောင်ရောဂါ၊ ကင်ဆာ၊ စိတ်ကျရောဂါများပေါ်လာလိမ့်မည်။ ရောဂါအစမှ AIDS အဆင့်အထိရောဂါလက္ခဏာများသည် နှစ်တွေကြာနိုင်ပါသည်။ ရောဂါလက္ခဏာများမကုသဘဲထားပါက 2-3 နှစ်အတွင်း သေဆုံးနိုင်ပါသည်။

အခမဲ့စစ်ဆေးနိုင်ဖို့
ဆက်သွယ်ရန်
ဖုန်း-
09756028765 09662865582

ဂနို(သို့မဟုတ်)ဆီးပူညောင်းကျရောဂါသည် Neisseria Gonorrheae သို့မဟုတ် gonococcus ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော...
19/10/2023

ဂနို(သို့မဟုတ်)ဆီးပူညောင်းကျရောဂါသည် Neisseria Gonorrheae သို့မဟုတ် gonococcus ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ကာလသားပိုးတမျိုးဖြစ်သည်။

လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံး မပြုခြင်းကြောင့် အမျိုးသား၊အမျိုးသမီး နှင့် အခြား
မည်သူမဆို ဂနို(သို့မဟုတ်)ဆီးပူညောင်းကျရောဂါပိုး ကူးစက်နိုင်သည်။

မိန်းမကိုယ်၊ ပါးစပ်နဲ့ စအို တို့ဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံစဉ်မှာ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ဂနိုရောဂါပိုး ကူးစက်ခံရပါက အောက်ပါလက္ခဏာအချို့ပြလေ့ရှိသည်။

-အမျိုးသား၊အမျိုးသမီး လိင်အင်္ဂါများမှ ပြည်ကျခြင်း

-ဆီးမကြာခဏသွားမယ်၊ဆီးသွားတဲ့အခါ ပူစပ်၊ပူလောင်နာကျင်မှုခံစားရမည်။

-ဝှေးစေ့ရောင်ရမ်းမယ်၊နာမယ်။

-ပါးစပ်တွင် ကူးစက်ခံရပါက လည်ချောင်းနာခြင်းများလည်းဖြစ်ပေါ်စေနိုင်ပါသည်။

ဂနို(ကာလသားရောဂါပိုး)သည် တခါတရံ ရောဂါလက္ခဏာများ မပြတတ်ပါ။

ဆီးပူညောင်းကျ ဂနိုရောဂါကို ကုသနိုင်ပြီး ပျောက်လည်းပျောက်ကင်းနိုင်ပါသည်။

ဆီးပူညောင်းကျခြင်းကို စနစ်တကျ မကုသပါကပိုမိုပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည်

အခမဲ့စစ်ဆေး / ကုသရန်
ဖုန်း 09756028765
09662865582

သူငယ်ချင်းတို့ရေ  ...ကိုယ်ကတစ်ယောက်ထက်မက လိင်ဆက်ဆံဖော်များနေပြီ ကွန်ဒုံးလည်းမကြာခဏမသုံးဘူးဆိုရင်တော့ လိင်ကနေတဆင့်ကူးစက်န...
15/10/2023

သူငယ်ချင်းတို့ရေ ...
ကိုယ်ကတစ်ယောက်ထက်မက လိင်ဆက်ဆံဖော်များနေပြီ ကွန်ဒုံးလည်းမကြာခဏမသုံးဘူးဆိုရင်တော့ လိင်ကနေတဆင့်ကူးစက်နိုင်တဲ့ (HIVပိုး ၊ ကာလသားရောဂါ) တွေကူးစက်ခံရနိုင်တာကြောင့် ပုံမှန်သွေးစစ်ဖို့ လိုအပ်ပါတယ် ...
သွေးပုံမှန်စစ်ဖို့လိုအပ်သလို PrEP (HIVပိုးကြိုတင်ကာကွယ်ဆေး) ကိုလည်းသောက်ထားသင့်ပါတယ် ...
HIV ၊ ကာလသားရောဂါတွေ ကိုအခမဲ့ စစ်ဆေးကုသချင်တယ် ၊ PrEPဆေးအခမဲ့ရယူချင်တယ်ဆိုရင်တော့ ကျွန်တော့်ဆီ မှာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ...

ဘိုကင်တင်ရန် - , https://www.facebook.com/profile.php?id=100072942864599&mibextid=ZbWKwL

ဆက်သွယ်ရန် - 09662865582 , 09756028765

  အခမဲ့ #ကာလသား အခမဲ့  အခမဲ့                     စစ်ဆေးချင်ရင်  အခမဲ့  အခမဲ့  အခမဲ့                              ထုတ်ယူခ...
02/10/2023

အခမဲ့
#ကာလသား အခမဲ့
အခမဲ့
စစ်ဆေးချင်ရင်
အခမဲ့
အခမဲ့
အခမဲ့
ထုတ်ယူချင်တယ်ဆိုရင် 👇
09756028765
09662865582 သို့
ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ...

29/09/2023

HIV စစ်ချင်တာလား ?
ကာလသားရောဂါ စစ်ချင်တာလား ?
နှစ်ကိုယ်ကြား နှစ်သိမ့်ဆွေးနွေးပေးတဲ့ ဝန်ဆောင်မှုတွေ အပြင် ဘာပဲ စစ်စစ် အခမဲ့ စစ်ဆေးပေးပြီး ရှိခဲ့ရင်လည်း အခမဲ့ ကုသပေးတဲ့ ဝန်ဆောင်မှု တွေ ရှိပါတယ် ။
အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှု တွေ ရယူဖို့ ဖုန်းဆက်ပြီး စာရင်းပေးသွင်းဖို့တော့ လိုပါတယ်
ဆက်သွယ်ရန် ဖုန်း - 09756028765
09662865582
viber_09763650640

( Gonorrhea ဂနိုရောဂါ )======================= ကာလသားရောဂါနဲ့ ဂနိုရောဂါအကြောင်း🤗ဂနိုရောဂါဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမ...
23/09/2023

( Gonorrhea ဂနိုရောဂါ )
=======================
ကာလသားရောဂါနဲ့ ဂနိုရောဂါအကြောင်း🤗
ဂနိုရောဂါဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမှာ အများဆုံးထဲက တခုဖြစ်တယ်။

◼️ ဆီးပူညောင်းကျရောဂါလို့ အရပ်ထဲမှာခေါ်ကြတယ်။ အရင်က နည်းသွားခဲ့ရာကနေ အခု ပြန်များ လာပြန်ပြီ။ Neisseria gonorrhoeae ဗက်တီးရီးယားကြောင့် ဖြစ်တာပါ။

(၁)👨 အမျိုးသား တွေရဲ့ ရောဂါ လက္ခဏာ👇

ပိုးဝင်တာနဲ့ ၂ ရက်ကနေ ၁ဝ ရက်အတွင်း လက္ခဏာတွေပေါ်တယ်။ ဆီးအောင့်မယ်။**လိင်တံကနေ ခပ်ပြစ်ပြစ်-ခပ်ဝါဝါ အရေ ပန်းအဖျားကနေ ဆင်းမယ် **။ ဝှေး စေ့ရောင်မယ်၊ နာမယ်။ ဆီးကျိတ်ရောင်မယ်၊ နာမယ်။

(၂)👩 အမျိုးသမီးတွေရဲ့ရောဂါ လက္ခဏာ
ပိုးဝင်တဲ့နောက် ၃ ပါတ်အထိနေလို့ ပိုကြာတတ်တယ်။ သားအိမ်အဝ မှာလည်း ဖြစ်လာတတ်တယ်။ ဆက်ဆံရင်နာမယ်။ ဆီးခဏခဏသွားချင်မယ်၊ ဆီးသွားရင်နာမယ်။ ဗဂျိုင်းနာမှာ ပူစပ်လာမယ်။ အဖြူ-အဝါ-ခပ်စိမ်းစိမ်း အရောင်ဆင်းမယ်။ ကြားရက်မှာ သွေးဆင်းတတ်တယ်။ ဆက်ဆံနေတုံး သွေးဆင်းတတ်တယ်။ ဗိုက်အောက်ပိုင်း ဆီးစပ်နေရာက နာမယ်။ ဖြစ်ရင် ကလေးမရတာအထိ ဖြစ်နိုင်တယ်။

👨‍⚕️ ပိုးတွေ့သူတွေ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေ HIV, Syphilis, Chlamydia ရှိ-မရှိပါ စစ်ပါ👨‍⚕️

(၃)👶 ကလေးငယ်
ရောဂါရှိတဲ့ မအေက မွေးတုံးက ကလေးကိုလည်းကူးတယ်။ မျက်စိနာမယ်။ မကုရင် မျက်စိကွယ်နိုင်တယ်။

(၄) ဘယ်လိုကာကွယ် နိုင်လဲ?
ကာကွယ်ဖို့​က condon စနစ်တကျ သုံးပါ။

(၅)👹မကုသပဲ ထားလိုက်ရင်ဘာတွေဖြစ်လာနိုင်လဲ?
မကုသရင် ဆိုးဝါးတာတွေ ဖြစ်လာတတ်တယ်။ သွေးကတဆင့် တခြားနေရာတွေဆီ ကူးစက်မယ်။ဂနိုရောဂါကူးစက်ခံရပြီး မကုသပါက အောက်ပါနောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ပါသည်။

• ကူးစက်ခံရသည့် အမျိုးသား၊ အမျိုးသမီးများ မျိုးမအောင်တော့ခြင်း
• ရောဂါပိုးသည် ခြေလက်အဆစ်များ (သို့) အခြားကိုယ်အဂါင်္အစိတ်အပိုင်းများသို့ ကူးစက်ခြင်း
• HIV/ AIDSပိုး ပိုမိုကူးစက်နိုင်ခြင်း
• ရောဂါရှိသော မိခင်မှ ကလေးကိုမွေးဖွားသောအခါ မွေးကင်းစကလေးများတွင်ဖြစ်နိုင်သော နောက်ဆက်တွဲ ပြဿနာများမှာ အမြင်အာရုံချို့ယွင်းသွားခြင်း၊ ငယ်ထိပ်တွင် အနာပေါက်ခြင်း၊ ဖျားနာခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။
👇👇👇👇👇👇👇👇👇👇👇👇👇👇
အတွဲဆိုရင် နှစ်ယောက်လုံးတပြိုင်တည်း ဆေးသောက်သင့်တယ်။ ဆေးကုနေစဉ်မှာ အကာကွယ်မသုံးဘဲ အတူမနေသင့်ပါ။ လိင်ကတဆင့် ကူးစက်ရောဂါတခုခုရှိသူတိုင်း HIV ကိုလဲစစ်ရပါမယ်။ ဂနိုရီးယားဖြစ်သူတွေက ဆစ်ဖလစ်အတွက် VDRL သွေးစစ်သင့်တယ်။


#ကာလသားရောဂါ
#ဂနို
#ဆီးပူညောင်းကျ

#အခမဲ့ စစ်ဆေး/ကုသရန်
PH 09756028765
09662865582
{or}
Chat box သို့ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ

HIV ကာကွယ်ဆေး(prep) အခမဲ့ လာရောက်ထုပ်ယူလို့ရပါပြီဗျ 09-75602876509-662865582
14/08/2023

HIV ကာကွယ်ဆေး(prep) အခမဲ့ လာရောက်ထုပ်ယူလို့ရပါပြီဗျ
09-756028765
09-662865582

 #မိုးရာသီ #ရာသီအကူးအပြောင်းမှာ #တုတ်ကွေးရောဂါ တွေကာကွယ်သင့်သလို  ကိုလဲ ကာကွယ်ဆိုတာလိုအပ်ပါတယ်💊PrEP ဆိုတာ HIVပိုး မရှိသေ...
18/07/2023

#မိုးရာသီ
#ရာသီအကူးအပြောင်းမှာ
#တုတ်ကွေးရောဂါ တွေကာကွယ်သင့်သလို
ကိုလဲ ကာကွယ်ဆိုတာလိုအပ်ပါတယ်
💊PrEP ဆိုတာ HIVပိုး မရှိသေးသူများ HIVပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် နေ့စဉ်ကြိုတင် သောက်သုံးရတဲ့ HIV ကြိုတင် ကာကွယ်ဆေးဖြစ်ပါတယ်။

💊 PrEP သည် စနစ်တကျ သောက်သုံးခြင်းဖြင့် HIV ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သော ဆေးဖြစ်သည်။ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံမှုရှိသူများ၊ မိမိရဲ့ ပါတနာမှာ HIV ရှိနေသူများ အပါအဝင် HIV ပိုးကူးစက်နိုင်ခြေ မြင့်မားသူတွေအတွက် အသုံးပြုသင့်သော ကာကွယ်ရေးနည်းလမ်းဖြစ်သည်။

💊 PrEP ဆေးသည် HIVပိုးတမျိုးထဲသာကာကွယ်ပေးနိုင်တာကြောင့် ကွန်ဒုံးကိုပါ တွဲဖက်အသုံးပြုပေးခြင်းက ကာလသားရောဂါနှင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

💊PrEPဆေးကို မိမိသဘောဖြင့် သောက်တာ၊ ရပ်တာ မပြုလုပ်သင့်ပါ။

✔️တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းများနှင့် အရင်ဆုံးဆွေးနွေးတိုင်ပင်ရန်လိုအပ်ပါတယ်။

🏳️‍🌈 HIV/ကာလသား စစ်ဆေးကုသပေးခြင်း နှင့် PrEP (HIV ကြိုတင်ကာကွယ်ဆေး)ကိုလည်း အခမဲ့ ရရှိနိုင်ပါတယ်ခင်​ဗျာ...
09-756028765
09-662865582

တကယ်တမ်းကတော့ ကျား၊ မ မရွေး အရွယ်ရောက်ပြီးတဲ့သူတိုင်း ပုံမှန်စစ်ဆေးမှု ခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ပိုးရှိတယ်ဆိုတာ...
09/07/2023

တကယ်တမ်းကတော့ ကျား၊ မ မရွေး အရွယ်ရောက်ပြီးတဲ့သူတိုင်း ပုံမှန်စစ်ဆေးမှု ခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ပိုးရှိတယ်ဆိုတာ စောစောသိရင် စောစောစီးစီး ကုသမှုခံယူနိုင်တဲ့အတွက် ပိုပြီးတောင် ကျန်းကျန်းမာမာနေနိုင်သွားမှာပါ။ အထူးသဖြင့်

လိင်အပျော်အပါး လိုက်စားသူတွေ
လိင်ဆက်ဆံဖော် တစ်ဦးထက်များတဲ့သူတွေ
လိင်ဆက်ဆံနေစဉ် ကွန်ဒုံးအသုံးမပြုတဲ့သူတွေ
HIV ပိုး ရှိသူနဲ့ ဆက်ဆံမိတဲ့အခါ
ကိုယ့်ချစ်သူမှာ HIV ပိုးရှိနေတယ်ဆိုရင်
မူးယစ်ဆေးဝါးအသုံးပြုသူတွေ
ဆေးဘက်ဆိုင်ရာမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ၃လတစ်ကြိမ် ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။

08/07/2023

Address

Yangon

Telephone

+959662865582

Website

Alerts

Be the first to know and let us send you an email when Hiv / Sti -ကာလသားရောဂါ အခမဲ့စစ်ကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram