The Fool's Idea

The Fool's Idea Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Fool's Idea, Riom No, 1215, Bogyoke Aung San Road, Yangon.

07/11/2017

ရွှေမှုံရတီ Video clip

များများသိအောင် များများ ရှယ်ပေးပါ:pကဲ ကဲ လုပ်​ပွဲ​တွေ ဘာ​တွေ ညာ​တွေ ခဏနား ကဲအားတီတို့ဝန်းရံကြ.                         ...
04/11/2017

များများသိအောင် များများ ရှယ်ပေးပါ
:p

ကဲ ကဲ လုပ်​ပွဲ​တွေ ဘာ​တွေ ညာ​တွေ ခဏနား

ကဲအားတီတို့ဝန်းရံကြ.
One Championship ပြိုင်​ပွဲမှာ
Roundလှည့်​တဲ့ စကီ​လေး​တွေရဲ့Acc Linkများကို
တစ်​စုတစ်​​ဝေးတည်း​ဖော်​ပြ​ပေးလိုက်​ပါတယ်​.....

Yeon Da Yu
https://www.facebook.com/profile.php?id=100010633879013

Heyon Bag Si
https://www.facebook.com/profile.php?id=100010081844461

Yi Bom Lee
https://www.facebook.com/profile.php?id=100014570477220

Eunju-Nam
https://www.facebook.com/profile.php?id=100014790780222

A Jin Lee
https://www.facebook.com/profile.php?id=100011285747915

Kim Ha Yul
https://www.facebook.com/kim.hayul.18400

Park Soyou
https://www.facebook.com/profile.php?id=100014747103796

Amie Dala
https://www.facebook.com/profile.php?id=100014794954161

Ji Yeon Kim
https://www.facebook.com/profile.php?id=100017361127328

Jieun Han
https://www.facebook.com/jieun.han.395017
😂😂😂😂😂

ကူညီပေးကြပါပိုက်ဆံအိတ်တစ်အိတ်ကောက်ရထားတယ်ကိုကြည်အောင်ခင်ဗျား...အခုလောက်ဆို ပိုက်ဆံအိတ်ထက်ကိုယ်ရေးမှတ်ပုံတင်နဲ့ လိုင်စင်က...
29/10/2017

ကူညီပေးကြပါ
ပိုက်ဆံအိတ်တစ်အိတ်ကောက်ရထားတယ်

ကိုကြည်အောင်ခင်ဗျား...
အခုလောက်ဆို ပိုက်ဆံအိတ်ထက်
ကိုယ်ရေးမှတ်ပုံတင်နဲ့ လိုင်စင်ကို
စိတ်ပူးဆွေးသောကရောက်နေပြီထင်ပါရဲ့

ကိုကြည်အောင်ခင်ဗျား ဒီPostလေးကို တွေ့ရာအရပ်မှ အချိန်မရွေးကျွန်တော့်ဆီမှာ လာရောက်၍ယူနိုင်ပါကြောင်း။

ခင်မြင်လေးစားစွာဖြင့်
ဆက်သွယ်ရန် - Aung Lin Khaing
09254268373
09775510055

16/10/2017

MISS GRAND MYANMAR - AYE CHAN MOE

15/10/2017

❝ မဟာဘုတ်​ အဖွား အ​ဟော အဓိပ္ပာယ်​ ဖွင့်​ဆိုချက်​ ❞

◤ ◥
ပုတိဖွား အ​ဟော အဓိပ္ပာယ်​ ဖွင့်​ဆိုချက်
◣ ◢

မိဘများ က ခက်​ခဲစွာ ​မွေးဖွား ခဲ့ ရတတ်​သည်​ ။ နု​မြော တွန့်​တို တတ်​​သော စိတ်​ ရှိသည်​ ဟု အထင်​ ခံရ တတ်​သည်​ ။ တခါတရံ ဘာမှ တန်​ဖိုး မရှိ​သော ကိစ္စများတွင်​ ကပ်​သတ်​​နေတတ်​ပြီး တန်​ဖိုးကြီး​ တဲ့ ကိစ္စများ ကို ဆုံးရှုံး ခံရဲ​သော သတ္တိ ရှိသူ ဖြစ်​သည်​ ။ အမြဲတမ်း အငြိမ်​ မ​နေပဲ သွားလာ လှုပ်​ရှား ​နေထိုင်​ တတ်​​သော စိတ်​ ရှိသည်​ အ​နေအထိုင်​ ဝတ်​စား ဆင်​ယင်​ မူ ပိရိ​သေသပ်​သူ ဖြစ်​သည်​ ။ ကိ​လေသာ စိတ်​ အလွန်​ ထူ​ပြောသူ ဖြစ်​သည်​ ။ အထင်​အမြင်​ လွှဲမှားမူ မကြာခဏ ခံရသူလည်း ဖြစ်​သည်​ ။

◤ ◥
ဘင်္ဂဖွား အ​ဟော အဓိပ္ပာယ်​ ဖွင့်​ဆိုချက်
◣ ◢

ငယ်​ရွယ်​စဉ်​ မကြာခဏ ချူ ချာမူ ကြုံရတတ်​သည်​ ။ အခက်​အခဲ​ပေါင်း များစွာဖြင့်​ ဘဝကို လှုပ်​ရှား ​နေရ တတ်​သည်​ ။ အပျက်​အဆီး ​ပေါများ ၍ ​ဘေးရန်​ ဥပါဒ်​ များစွာ ဖြင့်​ လုပ်​ကိုင်​ ရတတ်​၏ ။ အသုံးအဖြုန်း ကြီး၍ အငြိမ်​ ​နေလိုစိတ်​ မရှိပဲ အမြဲတမ်း လှုပ်​ရှားမူ များပြား၏ ။ အ​ပြောင်း​အ​ရွှေ့ အ​ပြောင်းအလဲ ​ပေါများ တတ်​၏ ။ စိတ်​ အ​ပြောင်း အလဲ မြန်​ဆန်​သူ ဖြစ်​၏ ။

◤ ◥
မရဏဖွား အ​ဟော အဓိပ္ပာယ်​ ဖွင့်​ဆိုချက်
◣ ◢

ငယ်​ရွယ်​စဉ်​ ​ရောဂါဘယ ထူ​ပြော တတ်​၏ ။ ကျန်းမာ​ရေး မကြာခဏ အညံ့ ကြုံတတ်​၏ ။ ငယ်​ရွယ်​စဉ်​ ဘဝ ကို အခက်​အခဲ များစွာ ဖြင့်​ ရုန်းကန်​ ရတတ်​၏ ။ သည်းခံစိတ်​ နည်းပါး တတ်​ပြီး စိတ်​ဓာတ်​ ပြင်းထန်​ သူ ဖြစ်​၏ ။ ဘဝတွင်​ မ​ကျေနပ်​စရာ မခံချုင်​စရာ ​ဒေါသထွက်​စရာများ ကြိမ်​ဖန်​ များစွာ ကြုံရ တတ်​၏ ။ အရာရာ ကို အခက်​အခဲ များစွာ ကြုံ​တွေ့ ပြီးမှ သာ ​အောင်​မြင်​ တတ်​၏ ။ နက်​နက်​ နဲနဲ ​တွေး​ခေါ် ကြံဆ တတ်​သူ ဖြစ်​၏ ။ ဘဝ အစပိုင်း ခက်​ခဲမူ ကြုံ​တွေ့ တတ်​ပြီး အိုဇာတာ တွင်​ ​အောင်​မြင်​ ကြီးပွား ​စေတတ်​၏ ။

◤ ◥
အထွန်းဖွား အ​ဟော အဓိပ္ပာယ်​ ဖွင့်​ဆိုချက်
◣ ◢

ထည်​ဝါ ခံ့ညားစွာ ​နေထိုင်​ တတ်​သူ ဖြစ်​၏ ။ ဗဟုသုတ ကြွယ်​ဝပြီး ဘာမဆို စပ်​စပ်​စုစု သိချင်​သူ ဖြစ်​၏ ။ လူချစ်​လူခင်​ ​ပေါများ​စေ တတ်​၏ ။ ​အောင်​မြင်​ ​ကျော်​ကြား​​စေ တတ်​၏ ။ ​နေရာတကာ စပ်​စပ်​ စုစု ပါဝင်​ လုပ်​ကိုင်​ ​ဆောင်​ရွက်​ တတ်​သည့်​ အမူ အကျင့်​ များ ပါရှိ ​နေတတ်​သူ ဖြစ်​၏ ။

◤ ◥
သိုက်​ဖွား အ​ဟော အဓိပ္ပာယ်​ ဖွင့်​ဆိုချက်
◣ ◢

ငယ်​ရွယ်​စဉ်​ ဘဝ ကို အကျဉ်းအကြပ်​ များစွာ ၊ အခက်​အခဲ များစွာ ဖြင့်​ ရုန်းကန်​ ရတတ်​၏ ။ နက်​နဲ​သော အသိဥာဏ်​ အသိထူး ရှိသူများ ဖြစ်​၏ ။ စိုးရိမ်​စိတ်​ လွန်​ကဲ ပြီး ကြိုတင်​ ပူပန်​ စိတ်​ များသူ ဖြစ်​၏ ။ ဘာသာ​ရေး ၊ သာသနာ​ရေး အလုပ်​များ ပြုလုပ်​ ရ တတ်​၏ ။ သည်းခံစိတ်​ ကြီးမားကြပြီး အကြင်​နာ ၊ ကရုဏာ တရား ပွားများ တတ်​သူ ဖြစ်​၏ ။ လျှို့ဝှက်​​သော အကြံအစည်​များ ထားတတ်​၏ ။ တစ်​ခါတစ်​ရံ ​စေ့စပ်​ ​သေချာစွာဖြင့်​ အလွဲလွဲ အမှားမှား ပြုလုပ်​ တတ်​သူ ဖြစ်​၏ ။ ဘဝ ကို အကျဉ်းအကြပ်​ အခက်​အခဲများ ကြုံ​တွေ့ ပြီးမှသာ ​အောင်​မြင်​စေတတ်​၏ ။

◤ ◥
ရာဇဖွား အ​ဟော အဓိပ္ပာယ်​ ဖွင့်​ဆိုချက်
◣ ◢

မည်​သည့်​ အလုပ်​ ကို မဆို ထက်​မြက်​ ထူးချွန်​ စွာ ​ဆောင်​ရွက်​ တတ်​သူ ဖြစ်​၏ ။ စစ်​ဖက်​ ၊ စက်​မူ နှင့်​ တိုက်​ခိုက်​​ရေး အလုပ်​များ အပြိုင်​အဆိုင်​ ဖြင့်​ လုပ်​ရ​သော လုပ်​ငန်းများ ကို ဝါသနာ ပါသူ ဖြစ်​တတ်​သည်​ ။ ​ငွေ အသုံးအဖြုန်း ကြီး၍ လက်​ဖွာသူ ဖြစ်​၏ ။ ဘဝ တွင်​ လိမ်​လည်​ ရှုပ်​​ထွေး ​နေရ​သော ဘဝမျိုးတွင်​ ကျင်​လည်​ ဖြတ်​သန်း လာရ တတ်​သည်​ ။ လူအများ အ​ပေါ် သြဇာ ရှိ​သော အလုပ်​ များ လုပ်​ကိုင်​ ရတတ်​၏ ။ ပွင့်​လင်းမူ မရှိခြင်း နှင့်​ ဟန်​​ဆောင်​ ဖုံးကွယ်​မူ များပြားသူ ဖြစ်​၏ ။ အမျိုးသားများ အိမ်​​ထောင်​​ရေး အညံ့ ကြုံ တတ်​၏ ။

◤ ◥
အဓိပတိဖွား အ​ဟော အဓိပ္ပာယ်​ ဖွင့်​ဆိုချက်
◣ ◢

လူ အများ အ​ပေါ် အုပ်​ချုပ်​ ရတတ်​၏ ။ အကြီးအကဲ ဖြစ်​တတ်​၏ ။ ဆရာ အ​ခေါ် ခံရ တတ်​၏ ။ ပူပင်​ ​ကြောင့်​ကြမူဖြင့်​ လှုပ်​ရှား လုပ်​ကိုင်​ ​နေရ တတ်​၏ ။ ဘဝင်​မြင့်​ ၍ မာန ကြီးသူ ​ခေါင်းမာသူ ဖြစ်​တတ်​၏ ။ မိမိ ဂုဏ်​သိက္ခာ ကို အမွှန်း တင်​လိုခြင်း ။ မည်​သူ့ကိုမျှ ဦးစား မ​ပေးခြင်း ၊ ဂရုမစိုက်​ခြင်း ​ကြောင့်​ လူမုန်း များတတ်​၏ ။ အမျိုးသမီးများ အိမ်​​ထောင်​​ရေး အညံ့ ကြုံ တတ်​၏ ။

۞ မိမိ၏ ဖွားမြင်​​သော ခုနှစ်​​လေး ကြည့်​ပြီး မဟာဘုတ်​ ​အဖွား​တွေ ဒီ​နေရာ​လေး က ကြည့်​ရှူ ​ပေးကြပါ ۞

https://m.facebook.com/story.php?story_fbid=706554492887119&id=493133034229267

🔯 မိမိတို့ အတွက်​ အသုံးဝင်​တဲ့ ပညာရပ်​ ၁ခု ဖြစ်​တယ်​ ဆိုရင်​ မိမိတို့ မိတ်​​ဆွေများပါ သိခွင့်​ရကြဖို့
စိတ်​ကြိုက်​သာ Share သွားကြပါ​နော်​ 🔯

✍ ​ဝေဒင်္ဂ ✍

အမျိုးသား‌ရေး___________    လူမိုက်‌တို့သည်‌ မိမိနိုင်‌ငံကိုအထင်‌‌သေးလျှက်‌ တိုင်းတစ်‌ပါကို ချီးမွန်း၏။       ဤသို့ပြူ...
06/10/2017

အမျိုးသား‌ရေး
___________

လူမိုက်‌တို့သည်‌ မိမိနိုင်‌ငံကို
အထင်‌‌သေးလျှက်‌ တိုင်းတစ်‌ပါကို ချီးမွန်း၏။

ဤသို့ပြူခြင်းဖြင့်‌ တစ်‌ပါးကျွန်‌
ဖြစ်‌‌နေမှန်းကိုလည်းသ‌ဘောမ‌ပေါက်‌
ကြ‌ချေ။

လူ‌တော်‌များသည်‌ မိမိတိုင်းပြည်‌ကို ချီးကျူးလျှက်‌ တိုင်းတစ်‌ပါးကို
အထင်‌အမြင်‌‌သေး၏။

ဤသို့ပြုခြင်းအားဖြင့်‌ မိမိထက်‌
အင်‌အားကြီး‌သော ရန်‌သူများကို ဖန်‌တီး‌နေမှန်းသ‌ဘောမ‌ပေါက်‌ကြ‌ချေ။

ဇာဂနာ

အပန်းဖြေခြင်း…တနေ့တွင် မုဆိုးတဦးသည် အီစွတ် (Aesop) ထံ အလည်လာသောအခါ အင်မတန်ကျော်ကြားသောလူက သူဧ။် အိမ်မွေးစာကလေး (Pet Spa...
05/10/2017

အပန်းဖြေခြင်း…

တနေ့တွင် မုဆိုးတဦးသည် အီစွတ် (Aesop) ထံ အလည်လာသောအခါ အင်မတန်ကျော်ကြားသောလူက သူဧ။် အိမ်မွေးစာကလေး (Pet Sparrow) ဖြင့် ဆော့ကစားနေသည်ကို တွေ့သဖြင့် အလွန်အံ့သြသွားသည်..

သို့နှင့် အီစွတ်အား “ကစားခြင်းဖြင့် ဘာကြောင့် အချိန်ဖြုန်းတီးနေသလဲ..? စာကလေးလို အသုံးမ၀င်လှတဲ့အရာကို ဘာကြောင့် အချိန်ပေးရသလဲ..? “ ဟုမေးလိုက်သည်.. အီစွတ်သည် သူ့အား အံ့သြစွာကြည့်ပြီး “ ခင်ဗျားရဲ့ လေးပေါ်က ကြိုးက ဘာကြောင့်တင်းမနေတာလဲ..? “ ဟု ပြန်မေးလိုက်သည်…

“ တချိန်လုံး တင်ထားလို့ မရဘူးဗျ “ မုဆိုးက ရှင်းပြသည်.. “ သို့မဟုတ်က ၄င်းဟာ တင်းအားလျော့သွားပြီး မြားပစ်ရာမှာ အသုံးမ၀င် ဖြစ်သွားမှာပေါ့ “ ဟုပြောလိုက်သည်…

“ သူငယ်ချင်း ခင်ဗျားရဲ့လေးပေါ်က တင်းအားကို အမြဲလျှော့ထားရသလို၊ ခင်ဗျားရဲ့ အတွင်းက တင်းအားကိုလည်း ဖြေလျှော့ပြီး အပန်းဖြေရတယ်.. ကျွန်ုပ် အပန်းမဖြေ၊ ဆော့မကစားဘူးဆိုရင် တကယ့်ကို တာဝန်ကြီး ထမ်းဆောင်ရမယ့်အခါကျရင် ကျွန်ုပ်မှာ ခွန်အားရှိမှာ မဟုတ်တော့ဘူးပေါ့ “ ဟု အီစွတ်က ပြန်ပြောလိုက်သည်….

ကျွန်တော်ကတော့ သဘောကျတယ်ဗျာ.. ဘာလို့လဲဆိုတော့ တခါတလေစိတ်ကို ထွက်ပေါက်ပေးသင့်တယ်လေ..(ကိုယ်လုပ်ချင်တာ လျှောက်လုပ်ပြီးတော့ပေါ့..ဘောင်ကတော့ မကျော်စေနဲ့ပေါ့..) နည်းနည်း ကြီးကျယ်ပြီးပြောရရင် Outlet လိုအပ်တယ်ပေါ့ဗျာ..

ဘယ်လိုလဲ…? ထင်ကြေးလေးပြောကြပါဦး…..

မှ https://mandalaygazette.wordpress.com မှ ကူးယူဖော်ပြပါသည်။

လူသုံးမျိုး********(၁) စိတ်ဓာတ်အမြဲကျနေသူလူတစ်ယောက်ဟာ စိတ်ဓာတ်ကျနေတယ် ဆိုရင် သူဟာ အတိတ်က အကြောင်းအရာတွေကိုပဲ စဉ်းစာနေသူ ...
28/09/2017

လူသုံးမျိုး
********
(၁) စိတ်ဓာတ်အမြဲကျနေသူ

လူတစ်ယောက်ဟာ စိတ်ဓာတ်ကျနေတယ် ဆိုရင် သူဟာ အတိတ်က အကြောင်းအရာတွေကိုပဲ စဉ်းစာနေသူ ဖြစ်ပါတယ်။

(၂) အမြဲစိုးရိမ်ပူပန်သူ

လူတစ်ယောက်က အမြဲတန်း စိုးရိမ်ပူပန်နေတယ်ဆိုရင် သူဟာ အနာဂတ်ကိုပဲ အမြဲတန်း စဉ်းစားနေသူ ဖြစ်ပါတယ်။

(၃) စိတ်တည်ငြိမ်အေးချမ်းသူ

လူတစ်ယောက်ဟာ စိတ်တည်ငြိမ်ပြီး အေးချမ်းနေတယ် ဆိုရင်တော့ ယခုလက်ရှိ ပစ္စုပ္ဗန် အကြောင်းကိုသာ စဉ်းစားနေသူဖြစ်ပါတယ်။

လောင်ဇူး

ဒေါ်လာတစ်ရာနဲ့ဝယ်ပါရစေ                  ******ညနေခင်းတစ်ခုမှာ  အလုပ်ကနေ မောမောပန်းပန်းနဲ့ အိမ်ကိုပြန်လာတဲ့ဖခင်တစ်ဦးကို သူ...
09/09/2017

ဒေါ်လာတစ်ရာနဲ့ဝယ်ပါရစေ
******
ညနေခင်းတစ်ခုမှာ အလုပ်ကနေ မောမောပန်းပန်းနဲ့ အိမ်ကိုပြန်လာတဲ့
ဖခင်တစ်ဦးကို သူရဲ့ တစ်ဦးတည်းသော
သားလေးက အိမ်ရှေ့ကနေထွက်
ကြိုနေလေရဲ့။

သားငယ်။ ။""အဖေ""အဖေအလုပ်
လုပ်တာတစ်နာရီကို ဘယ်လောက်ရ
လဲဟင်?

ဖခင်။ ။ တစ်နာရီ ဒေါ်လာ ၁၀၀ ရတယ်ကွ

သားငယ်။ ။ အဲဒါဆို သားကို ဒေါ်လာ ၅၀ လောက် မုန့်ဖိုးပေးပါ။

ဖခင်။ ။ ငါ အလုပ်ထဲမှာ နဖူးကချွေး ခြေမ ထိကျမှ ရတဲ့ ပိုက်ဆံကို မင်းက အရုပ်ဝယ် မုန့်ဝယ်ပီး ဖြုန်းတီးမလို့လားကွာ ပင်ပန်းလာရတဲ့ အထဲကွာ။ သွားသွား သွားအိပ်ချေတော့လို့ပြန်ပြောလိုက်တယ်
ကလေးငယ်ဟာ ခေါင်း ငိုက်စိုက်ကျပီး သူ့အဖေရှေ့က ထွက်သွားခဲ့ရတော့တယ်။
ဖခင်ဟာ ရေမိုးချိုး အိပ်ရာဝင် ရမ်နှစ်ပက်လောက် မြုံ့လိုက်ပီး အိပ်ရာပေါ်မှာ လဲလျောင်းလိုက်ပါတယ်။ အဲဒီတော့မှ ခုနတုန်းက သူ့သားငယ် သူ့ကို အပြေးလာကြိုပီး ဒေါ်လာ ၅၀ တောင်းတဲ့ကိစွ သူ့ခေါင်းထဲ ၀င်လာပါတော့တယ်။ ' အင်းလေ ဒီကောင် ဘာအရုပ်ဝယ်ချင်လို့လဲမှ မသိတာ၊ ငါလည်း ဒီကောင့်ကို မုန့်ဖိုးမပေးတာကြာပီပဲ' ဆိုပီး ဒေါ်လာ ၅၀ ယူ၊ သူ့ သားလေးရဲ့ အိပ်ခန်းထဲကို ၀င်လာခဲ့တယ်။

ဖခင်။ ။သားရေ အိပ်ပီလားကွ၊ ခုနက အဖေ အလုပ်က ပင်ပင်ပန်းပန်းနဲ့ ပြန်လာလာချင်း မင်းက ပိုက်ဆံတောင်းတော့ အဖေ ရုတ်တရက် ဒေါသထွက်သွားလို့ ဆောရီးပဲ သားလေးရေ.....

သားငယ်။ ။ သား မအိပ်သေးပါဘူး ဖေဖေ။ သားလည်းမှားသွားပါတယ်။ အဖေ ပင်ပန်းလာတာကို သား မသိလို့ပါ အဖေရယ်.... ဆိုပီး သားအဖ နှစ်ယောက် အပြုံးချင်း ဖလှယ် လိုက်ကြတယ်။ ပီးတော့ ဖခင်ဖြစ်သူက ဒေါ်လာ ၅၀ ကို သားငယ်ကို ပေးလိုက်တယ်။ သားလေးဟာ ဖခင်ပေးတဲ့ ဒေါ်လာ ၅၀ ကို လှမ်းယူလိုက်ပီး သူ့ရဲ့ ခေါင်းအုံးအောက်မှာ စုထားတဲ့ ဒေါ်လာ ၅၀ နဲ့ စုစုပေါင်း ဒေါ်လာ ၁၀၀ ဖြစ်သွားတယ်ပေါ့။
အဲဒိအခါမှာ ဖခင်ဖြစ်သူဟာ ဒီကောင် သူ့မှာဒေါ်လာ ၅၀ ရှိရဲ့သားနဲ့ ငါ့ဆီက ဒေါ်လာ ၅၀ ထပ်တောင်းတာ ဘာလုပ်မလို့ ဘာဝယ်မလို့လည်း မသိဘူးဆိုပီး တွေးနေတုန်း သားလေးပြောလိုက်တဲ့ စကားကြောင့် မျက်ရည်ပေါက်ကြီးတွေ ဖြိုင်ဖြိုင်ကျအောင် ရှိုက်ကြီးတငင် ချုံးပွဲချ ငိုကြွေးလိုက်ရတော့တယ်......

သားငယ်။ ။ အဖေက တစ်နာရီ ဒေါ်လာ ၁၀၀ ရတာဆိုတော့ သားမှာ ရှိတဲ့ ဒီဒေါ်လာ ၁၀၀ နဲ့ သား အဖေ့ရဲ့ တစ်နာရီကို ၀ယ်လို့ရမလား ဟင်???
အဖေက မနက်ဖြန် တစ်နာရီလောက် စောပြန်လာခဲ့ပီး အဖေနဲ့ သား ညစာတူတူ စားကြရအောင်နော်......တဲ့။

မဟောင်းသေးတဲ့ ပုံပြင်*********************တစ်ခုသော တနင်္ဂနွေနေ့ ဖြစ်၏။ ကျွန်ုပ်လည်း အလုပ် နားရက် ဖြစ်သည့် အတွက် အိမ်ရှိ စာ...
08/09/2017

မဟောင်းသေးတဲ့ ပုံပြင်
*********************

တစ်ခုသော တနင်္ဂနွေနေ့ ဖြစ်၏။ ကျွန်ုပ်လည်း အလုပ် နားရက် ဖြစ်သည့် အတွက် အိမ်ရှိ စာအုပ်စင်မှ စာအုပ် တစ်အုပ်ဖြင့် ငြိမ်ချမ်း နေလေရာ အဆိုပါ စာအုပ် အတွင်းမှ ပုံပြင်လေး တစ်ပုဒ်အား များစွာ သဘောကျလှသည် ဖြစ်သဖြင့် ဆက်စပ်ရင်း အတွေးနယ်ချဲ့ နေရတော့သည်။

"အခါတပါး၌ ဗရာဏသီပြည်ရှိ ဒီသာပါ မောက္ခကြီး တစ်ဦးသည် အကျင့်သီလ အရာတွင် အားနည်းနေသော မင်းသား တစ်ပါးအား ပညာပေးလိုသည် ဖြစ်သောကြောင့် မင်းသားနှင့် အတူ လမ်းလျောက် လာလေ၏။ တစ်နေရာ အရောက်တွင် ဆရာကြီးက တပည့်အား လမ်းတွင် တွေ့ရသော အပင်ပေါက်ခါစ ညောင်ပင်လေးအား နုတ်စေရာ တပည့်လည်း လက်မ လက်ညိုးဖြင့် အသာအယာ နုတ်ယူနိုင်လေ၏။ ဆရာကြီးလည်း ဘာမျှမပြောဘဲ ဆက်ထွက်လာကြပြန်လေ၏။

တစ်နေရာ အရောက်တွင် တစ်တောင်ခန့်ရှိ ညောင်ပင်ကို တွေ့ရာ ဆရာကြီးမှ နုတ်ခိုင်းပြန်လေ၏။ တပည့်လည်း အသာအယာ နုတ်ယူရာ မရသဖြင့် လက်နှစ်ဖက်ဖြင့် အားစိုက် နုတ်ယူရလေသည်။ ထိုနောက် ဆရာ တပည့်တို့လည်း ဆက်ထွက်လာကြပြန်ရာ တစ်နေရာ အရောက်တွင် လူတစ်ရပ်ခန့် ညောင်ပင်ကို တွေ့ပြန်လေ၏။ ဆရာက နုတ်စေရာ တပည့်မှ မည်သို့ အားအင်ကို သုံးစေကာမူ နုတ်မရဘဲ ရှိလေ၏။ သို့သော် အကိုင်းအခက်များအား ချိုးယူ သုတ်သင်ပါက အမြစ် မပြတ်သော်လည်း အပင် မရှင်နိုင်ဘဲ ဖြစ်မည့်အကြောင်း ဆရာကြီးအား ပြောလေလျှင် ဆရာ တပည့်တို့ ဆက်ထွက်ကြပြန်၏။

ခဏ အကြာတွင် အရိပ်အဝါသ ကောင်းပြီး အကိုင်း အခက် အလက်နှင့် ပြည့်စုံသည့် လူငါးဦးဖက်စာမျှ ကြီးမားသော ညောင်ပင်ကြီးအား တွေ့ပြန်ရာ ဆရာကြီးက တပည့်အား နုတ်ယူရန် ပြောပြန်၏။ တပည့်လည်း မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း အကိုင်းအခက် အလက်ပင် မဖယ်ရှာနိုင်ကြောင်း ပြောပြလေ၏။

ထိုအခါ ပါမောက္ခ ဆရာကြီးမှ တပည့်အား မကောင်သော အတွေး အကြံ မကောင်းသော စိတ်ဓါတ် တို့အား မကောင်းသည်ကို သိသည့်နှင့် ပယ်သတ် သုတ်သင်သင့်ကြောင်း ထို့သို့ အစ အချိန်တွင် အသာအယာ သုတ်သင်နိုင်ကြောင်း အချိန် ကြာလာသည့်နှင့် အတူ မကောင်းသည့် အတွေး အကြံတိုသည် ညောင်ပင်ကဲ့သို့ ကြီးလာသည်ဖြစ်ရာ နောင်အချိန်တွင် ဘဝအတွက် မည်သို့မျှ မသုတ်သင်နိုင်ဘဲ ပျက်စီးရမည် ဖြစ်သဖြင့် မကောင်းသည့် အရာအား အမြစ် မတွယ်မီ ရှင်းလင်ပစ်ရန် လိုကြောင်း ဆုံးမလေတော့သည်။

တပည့် မင်းသားလည်း ဆရာကြီးအား ကျေးဇူး အထူးတင်လျက် မကောင်းသော စိတ် အကြံတို့အား ပြုပြင်ယူရာ နောင်တစ်ချိန်တွင် မင်းကျင့်တရားနှင့် ပြည့်စုံသော ဧကရာဇ်မင်း တစ်ပါး ဖြစ်ခဲ့လေသည်" ဟုသော ပုံပြင်လေး ဖြစ်လေ၏။

ထိုပုံပြင်ကလေးက များစွာ ကောင်းလှလေ၏။ ခေတ်မှီနေသည်မှာ အမှန်ပင်ဖြစ်၏။ ကျွန်ုပ်တို့သည်လည်း လူဖြစ်သဖြင့် အမှား မကင်းနိုင် သကဲ့သို့ လောဘ ဒေါသ မောဟ မာန တို့သည်လည်း မကင်းနိုင်သည်သာဖြစ်ရာ လူလောက လူ့သဘာဝ အတိုင်းပင်ဖြစ်သည်။ သို့ရာတွင် မိမိ လုပ်ကိုင် ကြံစည်သော အရာသည် မှားနေပြီးဟု သိရှိပါက အမှန်အား ပြင်ဆင်ရန် ချက်ချင်း ဆောင်ရွက်ရမည် ဆိုသည့် အသိအား တွေးနေရပြီဖြစ်၏။

လူငယ်တို့သည် မကောင်းသော အရက် သေစာ မူးယစ်ဆေးမှအစ လောင်းကစား အပါအဝင် မကောင်းဟု သိသည်နှင့် ညောင်ပင်ပေါက် အရွယ်မှ စရှင်လင်းမှသာ ငြိမ်းအေးပြီး အေးချမ်းသည့် ဘဝကို ရရှိမည်ဖြစ်ကြောင်း ကျွန်ုပ်ရင်တွင် အတွေးများဖြင့် စိတ်နယ်ကုန်ခဲ့တော့သည်. . . .ကျွန်ုပ်၏ အတွေးသက်သက်ပင် ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး ခံယူချက် အမြင်များ တူညီလိုက်မည်တော့ မဟုတ်ပေ။

အတွေးများဖြင့် ရှိနေစဉ် အိမ်ရှေ့လူခေါ် ခေါင်းလောင်းမှ အသံမြည်လာရာ ကျွန်ုပ်၏ အတွေးများအား ခဏထားလျက် တံခါးဖွင့်လိုက်ရာ ငယ်သူငယ်ချင်း ကျောင်းဆရာနှင့် သူ့မိတ်ဆွေတို့သည့် အိမ်ထဲသို့ ဝင်ရောက်ရင်း ဒီကနေ့ အားကြသည် ဖြစ်ရာ ခေါင်းစဉ် တစ်ခု တတ်ပြီး စကားပြောကြမည်ဟု ဆိုလေသဖြင့် ကျွန်ုပ်လည်း ထိုပုံပြင်ကလေးအား ပြန်လည် ပြောပြရလေ တော့သည်။

Lazy Cat (ရိုးရာလေး)
www.yoyarlay.com

အရပ်မြင့်ခြင်လို့ပါဟ***************စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့လူနာတွေကို ပြန်လွှတ်ပေးဖို့  စဉ်းစာကြ...
04/09/2017

အရပ်မြင့်ခြင်လို့ပါဟ
***************
စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့လူနာတွေကို ပြန်လွှတ်
ပေးဖို့  စဉ်းစာကြပါတယ်။
အဲဒီမှာ သူတို့ ဟာစမ်း သပ်မှုတစ်ခု လုပ်ကြပါတယ်။ Video ပြစက်ရှေ့မှာ ရှိတဲ့
ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတိုကို Video ပြပါတယ်။
ဘယ်သူကများဆေးသုတ်တာကို
သိမလဲ လို စမ်းသပ်ပါတယ်။ ဘယ်သူမှ
မသိကြပါဘူး။ ဒါပေမယ့် ဦးတတ်ပ
တစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်ပါတယ်။
ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန့် ခင်းပြီးမှထိုင်တယ်။ ဆရာဝန်တွေကဒီလူတော့ရောဂါပျောက်သွား ပြီဆိုပြီး အိမ်ကိုပြန်လွတ်လိုက်ပါ
တယ်။ အိမ်ရောက်တော့ သူ့မိန်းမ ကမေးတယ်။

"ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား ,ဘယ်လိုလုပ်သိတာလဲ"

ဦးတတ်ပ ~~ "ဘာတွေလာပြောနေတာလဲ…ငါကအရပ်ပုလို့ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာဟ…"

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သတင်းစာ ရှင်းမည်မနက်ဖန် ပြီးစီး တော့မည့် လွှတ်တော်အစည်းအဝေးအပြီး တွင်ပြည်သူ့လွှတ်တော် ...
30/08/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်
သတင်းစာ ရှင်းမည်

မနက်ဖန် ပြီးစီး တော့မည့် လွှတ်တော်အစည်းအဝေးအပြီး တွင်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်
သည် လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိ ခန်းမ​ဆောင်၌သတင်းစာ ရှင်းမည်ဟု
သိရသည်။

Photo/ Google Image
Ko Kyaw Swar Min

30/08/2017
http://mymultiplesclerosis.co.uk/ec/akrit-jaswal-child-surgeon/ဒီ Link မှာမူရင်း ဖတ်ရန်ကမ္ဘာ့အသက်ငယ်ဆုံး ၇ နှစ် သား ခွဲစိ...
28/08/2017

http://mymultiplesclerosis.co.uk/ec/akrit-jaswal-child-surgeon/
ဒီ Link မှာမူရင်း ဖတ်ရန်

ကမ္ဘာ့အသက်ငယ်ဆုံး ၇ နှစ် သား ခွဲစိတ်ဆရာဝန်
==========================
သူကတော့ အိန္ဒိယနိုင်ငံက akrit jaswal ဖြစ်ပါတယ်။
သူဟာ ၁၀လသားတည်းက လမ်းလျှောက် စကားပြောတတ်နေပါပြီ။ ၂ နှစ်သားမှာ အရေး အဖတ်ကို သင်ကြားနိုင်ခဲ့ပါတယ်။ ရှိတ်စပီးယား အင်္ဂလိပ် ၀ထ္ထုတွေကို ပိုင်ပိုင်နိုင်နိုင်ဖတ်တတ်တော့ ၅ နှစ်သားပဲ ရှိပါသေးတယ်။ ၇ နှစ်သားမှာတော့ သူ့ရဲ့ IQ ဟာ ၁၄၆ တောင် ရှိပါသတဲ့။

သူဟာ ၇ နှစ်နှစ် သားအရွယ်မှာတော့ ကမ္ဘာ့အသက်ငယ်ဆုံး ခွဲစိတ်ဆရာဝန် ဖြစ်လာခဲ့ပါတယ်။ ၈ နှစ် အရွယ်ကောင်မလေးတစ်ယောက်ရဲ့ လက်ဟာ မီးလောင်ရာကနေ လက်ချောင်းတွေပူးကပ်သွားခဲ့ပါတယ်။ ကောင်မလေးရဲ့ မိသားစုဟာ ဆင်းရဲတဲ့အတွက် ခွဲစိတ်ခ အကုန်မခံနိုင်ပါဘူး။ ဒါကို Akrit က အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကမ္ဘာ့အငယ်ဆုံး ခွဲစိတ်ဆရာဝန် ဆိုပြီးနာမည်ကြီးသွားပါတယ်။

အလွန်မြင့်မားတဲ့ ဥာဏ်ရည်ကို ပိုင်ဆိုင်ထားတဲ့ Akrit ကို ကမ္ဘာ့တက္ကသိုလ်အသီးသီးက သူတို့ဆီမှာတက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ခုချိန်မှာတော့ Akrit ဟာ ၂၂ နှစ် ရှိနေပါပြီ။ လန်ဒန်က နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ သင်ကြားနေပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ကင်ဆာရောဂါကို အောင်မြင်စွာ ကုသနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ပါတဲ့။

http://acidcow.com/pics/20770-people-born-with-tails-8-pics.htmlအမြီးပေါက်သော လူများ... မူရင်း linkထူးဆန်းကောင်း ထူးဆန်း...
28/08/2017

http://acidcow.com/pics/20770-people-born-with-tails-8-pics.html
အမြီးပေါက်သော လူများ... မူရင်း link

ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ် ဒါပေမယ့် တကယ်ရှိပါတယ် ဆေးပညာအရ ဆိုရင်တော့ မွေးရာပါ မျိုးရိုးဗီဇ စနစ်မှာ Genetic ချို့ယွင်း ချက်ကြောင့်ဖြစ်စေ Embryo ဘ၀မှာကတည်းက fuse လုပ်ရမယ့် အပိုင်းတွေမလုပ်ပဲ မှားယွင်း တွဲဆက်မိတာတွေ ဒါမှမဟုတ် ဟော်မုန်း တစ်ခုခုကြောင့် ဖြစ်စေ ပရိုတိန်း ဓါတ်တွေ အဆမတန် ကြီးထွား လာမှုကြောင့် ဖြစ်စေ ဒီလို Syndrome ဖြစ်လာရတယ်လို့ ယူဆလို့ရနိုင်ပါတယ် ။ ဒီပုံတွေကြည့်ပြီး လူတွေဟာ မျောက်ကနေ ဖြစ်လာတယ်ဆိုတာ သေချာသလောက် ဖြစ်နေမလားပဲ။

'' ကြေးတံဆိပ် ရ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း''ရန်ကုန်၊သြဂုတ်၂၅၂၀၁၇ မလေးရှားဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ကြေ...
25/08/2017

'' ကြေးတံဆိပ် ရ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း''

ရန်ကုန်၊သြဂုတ်၂၅

၂၀၁၇ မလေးရှားဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ မြန်မာအမျိုးသမီးဘောလုံးကော်မတီနာယကဒေါ်ဌေးဌေးခိုင်၊ အမျိုးသမီးအသင်းအောင်နိုင်ရေးကော်မတီဥက္ကဌ နှင့် ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေး၊ မြန်မာအမျိုးသမီးဘောလုံးကော်မတီဥက္ကဌ ဒေါ်ခင်စပယ်ကြည်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ နှင့် ပရိသတ်များက ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

ဓါတ်ပုံ-MFF

ဘစ်ကားပေါ်မှ အုပ်စုလိုက် ၀ိုင်းမုဒိန်းကျင့်ခဲ့သည့်ရုပ်သံဆိုရှယ်မီဒီယာများကဖေါ်ပြခဲ့နောက် တရားခံ(၆)ဦးအား ဖမ်းဆီးမော်ရိုကို...
23/08/2017

ဘစ်ကားပေါ်မှ အုပ်စုလိုက် ၀ိုင်းမုဒိန်းကျင့်ခဲ့သည့်ရုပ်သံ
ဆိုရှယ်မီဒီယာများကဖေါ်ပြခဲ့နောက် တရားခံ(၆)ဦးအား ဖမ်းဆီး

မော်ရိုကို (23-8-2017)

မော်ရိုကိုနိုင်ငံက မြို့ တွင်းပြေးဆွဲနေတဲ့ ဘစ်ကား တစီး ပေါ်မှာ အမျိုးသမီးငယ်တဦးကို ကားသွားနေစဉ် အုပ်စုလိုက်ဝိုင်း မုဒိန်းကျင့်နေကြတာကို ကားပေါ်မှာ ပါလာသူတွေက ကာကွယ်ကယ်တင်မပေးတဲ့အပြင်ဝိုင်းရီမော ကြ-တဲ့ ရုပ်သံမှတ်တမ်း ရိုက်ခဲ့ကြလို့ အမျိုးသမီး အခွင့်အရေးဆိုင်ရာအဖွဲ့ တွေက အရေးယူပေးပါလို့  ဆိုရှယ
်မီဒီယာကနေ တောင်းဆိုခဲ့တာပါ။

အဆိုပါ မုဒိန်းရုပ်သံ ဟာ အင်တာနက်မှာ ပြန့်သွားခဲ့ပြီးတဲ့နောက် နိုင်ငံတကာ အမျိုးသမီးရေးရာအဖွဲ့ တွေက မော်ရိုကို အစိုးရကို ၀ိုင်းဖိအားပေးခဲ့ကြသလို မော်ရိုအမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံနေရတာကို နိုင်ငံ တကာက ကိုယ်ချင်းစာစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

အစလာမ် ဘာသာဝင်တွေရဲ့  နိုင်ငံမှာခုလို မျိုး စိတ်မကောင်းစရာဖြစ်ရပ်ကို ကားပေါ်လိုက်ပါလာလူတွေက ပုံမှန်ဟာသ ဖြစ်စဉ်အနေနဲ့  သဘောထားနေကြတာကို အမျိုးသမီးအဖွဲကလည်းခံပြင်းဒေါ်သထွက်ခဲ့ကြပါတယ်

အမျိုးသမီးငယ်က ဆင်းရဲတဲ့ မိသားစုအသိုင်းဝန်းကဆို တော့ ထုတ်ဖေါ်မပြောရဲ-ရဲမတိုင်ရဲဖြစ်နေတာကို ငြိမ်ကြည့်နေမယ်ဆိုရင် ဒီဖြစ်ရပ်ကို ထောက်ခံနေသလိုဖြစ်လိမ့် မယ်..

မော်ရိုကိုမှာ ခုလို အုပ်စုမုဒိန်းမှုတွေ အရမ်းများလာနေပါ ပြီ လို့ အမှုကို ဦးဆောင်တိုင်ချက်ဖွင့်ပေးတဲ့အဖွဲ့ ရဲ ပြော ရေးဆိုခွင့်ရှိသူ Zahra al-Faisawi, က ပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ တော့ မုဒိန်း တရားခံခြောက်ဦးစလုံးကို ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးလိုက်ပါပြီ။
Gang r**e of woman on public bus sends shockwaves across Morocco
SAW
ရုပ်သံ
https://www.facebook.com/229532147437641/videos/585445068513012/
WARNING: This video contains graphic content
https://www.youtube.com/watch?v=ggFBzoW9hh8

မိုးညှင်း မြို့မဈေးကြီးထဲ့မှာ ဈေးညစောင့်က ဖမ်းမိတဲ့ခွေးတူဝက်တူ သတ္တဝါ …တောင်ကျရေများကြောင့် ရေအနည်းငယ် တိုးနေသောအချိန်ြ...
23/08/2017

မိုးညှင်း မြို့မဈေးကြီးထဲ့မှာ ဈေးညစောင့်က ဖမ်းမိတဲ့
ခွေးတူဝက်တူ သတ္တဝါ …

တောင်ကျရေများကြောင့် ရေအနည်းငယ် တိုးနေသောအချိန်ဖြစ်သဖြင့် ချောင်ရေနဲ့ အတူမျှောပါလာပြီး ချောင်း ဘေးရှိ ဈေးသို့ တက်လာသည်ဟုယူဆပါသည်။

Photo - Ar Pound

cd✏✏zin moe

Address

Riom No, 1215, Bogyoke Aung San Road
Yangon
11161

Website

Alerts

Be the first to know and let us send you an email when The Fool's Idea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram