Thant Shinn

Thant Shinn Health & Skin Care Products
Trust me , Believe me 💗

နှစ်သစ်လက်ဆောင် Buy3 Get 1 free Promotionလေးကသန့်ရှင်းချစ်သူလေးတို့အတွက်ဖြစ်ပါတယ်ရှင်...🥰🎉အမြဲတောင်းဆိုနေသူလေးတွေ အမြန်လ...
30/12/2025

နှစ်သစ်လက်ဆောင် Buy3 Get 1 free
Promotionလေးကသန့်ရှင်းချစ်သူလေးတို့အတွက်ဖြစ်ပါတယ်ရှင်...🥰🎉

အမြဲတောင်းဆိုနေသူလေးတွေ အမြန်လာယူပီး
သိမ်းထားလိုက်တော့နော်...

💥ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ပြီး
၃ခုဝယ်ပြီး ၁ခုလည်းလက်ဆောင်ရမှာဆိုတော့
အရမ်းကိုတန်နေပါပြီ😍

💥စျေးလေးလည်းတန်ပြီး
အရည်‌အသွေးပြည့်ဝကောင်းမွန်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းလေးများကို
Dec31, Jan 1,Jan 2 ရက်နေ့အထိ( 3)ရက်တိတိ

Buy 3 Get 1 တောင်ရမှာဆိုတော့
အခုပဲအမြန်orderမှာယူလိုက်တော့နော်

🎁ပစ္စည်းတစ်မျိုးစီတိုင်းအတွက်Stockအရေအတွက်ကန့်သတ်ထားတာမို့ သန့်ရှင်း officalpage messenger 09764231705သို့
ဆက်သွယ်၍ အမြန်မှာယူမှ စိတ်ချရပါလိမ့်မယ်😍

Buy 3 Get 1 ရရှိနိုင်မည့် ပစ္စည်းလေးကတော့
ကျန်းမာရေးခေါင်းလျှော်ရည်
ကျန်းမာရေးဆပ်ပြာ
အပူငြိမ်းဆေး
ကန့်ဂလာလုံး
မက်လင်ချဉ်လုံး
မက်လင်ချဉ်မူန့်
ကန့်ဂလာဖျော်ရည်set
ကိုကိုရင်းကော်ဖီစခရပ်
မန်ကျည်းသီးဆားစခရပ်
ကရမက်အနှစ်ခဲ
ကရမက်အရည်
ဆေးခေါင်းအုံး
ဝါးမင်းသနပ်ခါးခဲ
သနပ်ခါးခဲစစ်စစ်
သနပ်ခါးမူန့်စစ်စစ် လေးများဖြစ်ပါတယ်..

***ခေါင်းလျှော်ရည် 3ဘူးဝယ်1ဘူးလက်ဆောင်***

နှစ်သက်ရာအမျိုးအစားတူ ပစ္စည်း(3)ခုဝယ်
အမျိုးအစားတူပစ္စည်း(1)ခုလက်ဆောင်ပေးမှာ
ဖြစ်ပါတယ်ရှင့်

🔻မှာယူချင်တယ်ဆိုရင်တော့
➖➖➖➖➖➖➖➖➖
Page Message Box
m.me/ThantShinn2020 သို့
နာမည် ၊ နေရပ်လိပ်စာအပြည့်အစုံ
ဖုန်းနံပါတ် နဲ့ မှာယူမည့် အရေအတွက်လေးတွေ အစုံအလင်ပို့ပေးပါ။
‍‍‍‍‍‍‍‍‍ ‍‍‍ ‍‍‍‍‍
☎️ဖုန်းဆက်မှာယူလိုပါက
09764231705
09979467113
09774643821ကိုဆက်သွယ်မှာယူနိုင်ပါတယ်.

လာရောက်ဝယ်ယူလိုပါက
🏠အမှတ်1101၊ဝင်ကပါလမ်း၊2ရပ်ကွက်
အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်မြို့




#ပင်လုံစာပေ
#ရတနာသန့်ရှင်းတိုင်းရင်းဆေး

အပူထွက်အောင်ကရမက်လိမ်းနည်း▪️ပထမဦးစွာ ဘယ်ခြေကိုအရင်လိမ်း ပြီးဒုတိယ ညာလက်ကိုလိမ်းရပါမည်။‌▪️နောက်ထပ်တစ်ကြိမ် ဘယ်ခြေ ညာလက်ကိ...
30/12/2025

အပူထွက်အောင်ကရမက်လိမ်းနည်း

▪️ပထမဦးစွာ ဘယ်ခြေကိုအရင်လိမ်း
ပြီးဒုတိယ ညာလက်ကိုလိမ်းရပါမည်။

‌▪️နောက်ထပ်တစ်ကြိမ် ဘယ်ခြေ ညာလက်ကို နှစ်ကြော့လိမ်း/ခြောက်သွားရင် ဘယ်ခြေနဲ့ညာလက်ကို ထပ်လိမ်းရပါမည်။

▪️ဘယ်ခြေ ညာလက်3ကြိမ်လိမ်းပြီးရင်
ညာခြေ ဘယ်လက်ကိုလည်း3ကြိမ်လိမ်းကျံပေးရပါမည်။

▪️ပြီးမှ ခန္ဓာကိုယ်အနှံ့ဖြန့်လိမ်းရပါမယ်။
လိမ်းနည်းစနစ်မှန်ကန်ရင်ရှိတဲ့အပူစုပ်ထုတ်သွားပါလိမ့်မည်။

အပူလွန်ရောဂါခံစားရသူများအားလုံး
အေးမြသောကရမက်နှင့်သနပ်ခါးကိုပဲ
ဆေးအဖြစ်မှီဝဲပါ။

အပူဆို ဘယ်အပူမှမလိမ်းကျံပါနဲ့။
လိမ်းရင်ကျောက်ကပ်ထိနိုင်ပါတယ်။
နံသာဖြူ အပူ /တောင်နံကြီး /တောင်နံကတိုးတို့သည် အပူပါ ရောဂါကိုပိုဆိုးလာဖို့ပဲရှိပါတယ်ပိုကောင်းစေချင်ရင် ကရမက်၊ဝါးမင်းသနပ်ခါးခဲ၊သနပ်ခါး အပွေးအမြစ်ခဲပဲလိမ်းပါ။ သန့်ရှင်းနှင့်ပင်လုံစာပေက အပူပစ္စည်း
လုံးဝမရောင်းပါ။

❌ရောဂါ ဖစ်သည့်နေရာကို စမလိမ်းရပါဘူး

🟥အစွန်အဖျားကနေ စလိမ်းရပါမယ်။

ခြေထောက်ဆို ခြေဖမိုးကစ
ခြေသလုံး၊ ပေါင် ၊တင်ပါးတစ်ဆင့်စီလိမ်း
လက်ဆို လက်ဖမိုးကစ လက်ဖျံလက်မောင်းပုခုံး
တစ်ဆင့်စီလိမ်းခြင်းအားဖြင့်သိသာသက်သာစေပါတယ်။

အထက်ပါနည်း၂နည်းထဲက ကြိုက်နှစ်သက်ရာနည်းအတိုင်း ဂရုတစိုက်ဖတ်ရှု့၍လိမ်းကျံပေးပါ။ သိသာစွာရောဂါများပျောက်ကင်းပါလိမ့်မည်။

ပင်လုံစာပေမှ ဩ/သုဆရာကြီး
ဦးရန်အောင်‌ ပြောကြားထားသောကရမက်၊
သနပ်ခါးလိမ်းနည်းအားသန့်ရှင်းမှမေတ္တာဖြင့်ပြန်လည်ရေးသားမျှဝေပါသည်။

အရောအနှောမပါ သန့်ရှင်းစွာ ထုတ်လုပ်ထားသော
ကြောင့် ယုံကြည်စိတ်ချစွာဝယ်ယူ သုံးစွဲနိုင်ပါသည်။

သန့်ရှင်းချစ်သူတို့အတွက် ကရမက်စစ်စစ်
သနပ်ခါးစစ်စစ်များကိုအနှစ်ခဲ ၊အမူန့်၊အရည် အဖြစ်အချိန်ကုန်သက်သာပြီးကျန်းမာ‌စေရန်ရည်ရွယ်၍ဖန်တီးထုတ်လုပ်ထားပါသည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

▪️ကရမက်အနှစ်ခဲ -4000ks
▪️ကရမက်အရည် -5500ks
▪️ကရမက်အသားတုံး -1ပိသာ
20သားကျော် ၊30သားကျော်၊
50သားကျော်အတုံးများရနိုင်ပါတယ်ရှင့်

▪️ကရမက်အမူန့် -9500ks

▪️သနပ်ခါးအမြစ်ခဲစစ်စစ် -4000ks
▪️သနပ်ခါးအမြစ်မူန့်ဘူး -8500ks

လာရောက်ဝယ်ယူလိုပါက
🏘️အမှတ်1101/ဝဂ်ဘာလမ်း/2ရပ်ကွက်
အရှေ့ဒဂုံမြို့နယ်/ရန်ကုန်မြို့
မှာယူလိုပါကpage messenger or
📱09764231705
☎️09979467113သို့ဆက်သွယ်မှာယူနိုင်ပါသည်။

#သန့်ရှင်းသဘာဝပစ္စည်းထုတ်လုပ်ရေး
#ပင်လုံစာပေ
#ကရမက်လိမ်းနည်း
#သနပ်ခါးလိမ်းနည်း

30/12/2025
နှလုံးတုန်၊ ရင်တုန်ပြီးမောပန်းတတ်သူများအတွက် မြန်မာတိုင်းရင်းဆေးစစ်စစ်💫မူးဝေပြီး နှလုံးတုန်၊ ရင်တုန်ခံစားနေရတဲ့အပြင် စိတ...
30/12/2025

နှလုံးတုန်၊ ရင်တုန်ပြီးမောပန်းတတ်သူများအတွက် မြန်မာတိုင်းရင်းဆေးစစ်စစ်💫

မူးဝေပြီး နှလုံးတုန်၊ ရင်တုန်ခံစားနေရတဲ့အပြင် စိတ်မကြည်မလင်ဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အေးခါးဓာတ်တွေချို့တဲ့နေပြီဆိုတာသတိရလိုက်ပါ။

ဒီလိုမျိုး ခန္ဓာကိုယ်မှာ အေးခါးဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ဖို့ဆိုရင် နံ့သာဖြူ/နီ၊ နွယ်ချိုစတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေပါဝင်ပြီး အေး၊ ချို၊ စိမ့်၊ ဖန်အရသာရှိတဲ့ သန့်ရှင်းရဲ့ အပူငြိမ်းဆေးလေးရှိပါတယ်နော်

ဒီအပူငြိမ်းဆေးလေးဟာဆိုရင် သဘာဝထွက်ကုန်တွေကိုပဲ အသုံးပြုထားတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးဖြစ်မှာ လုံးဝစိတ်ပူစရာမလိုဘဲ...

🔗 မူးဝေပြီး ရင်တုန်၊ နှလုံးတုန်ဖြစ်ခြင်း

🔗 အိပ်ရေးပျက်ပြီး စိတ်မကြည်မလင်ဖြစ်ခြင်း

🔗 အပူကြောင့်ဖြစ်တဲ့ အကျိတ်အဖုတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် မီးယပ်ဝေဒနါကိုပါ သက်သာပျောက်ကင်းစေပါတယ်။

အမျိုးသမီးများ မီးယပ်အဖြူအဆင်းများတဲ့အခါ ကန်စွန်းရိုးနီပြုတ်ရည်နှင့် တွဲဖက်သောက်သုံးပေးမယ်ဆိုရင် မီးယပ်ရောဂါအမျိုးမျိုးကို ကာကွယ်ပေးပြီး သွေးတွင်းသန့်စင်ကာ ကျန်းမာလှပတဲ့နေ့စဥ်ဘဝလေးကို ပိုင်ဆိုင်ရရှိစေနိုင်မှာပါနော် 🤗

မှာယူချင်တယ်ဆိုရင်တော့ သန့်ရှင်းရဲ့ Page Messenger ကိုလာရောက်မှာယူလို့ရသလို...

m.me/thantshinn2020

ကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူချင်သူတွေအနေနဲ့

🏘️အမှတ်(1101) ၊ဝဂ်ဘာလမ်း၊ (2)ရပ်ကွက်၊

အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်မြို့ ကိုလာရောက်ဝယ်ယူလို့ရပါတယ်ရှင်💖

မေးမြန်းသူ-ဆရာကြီးခင်ဗျာ။ကျွန်တော်အသက် ၃၅နှစ်။လူပျိုပါ။ ရန်ကုန်ကပါပဲခင်ဗျာ။        လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ရှေ့ဆံပင် တ...
30/12/2025

မေးမြန်းသူ-ဆရာကြီးခင်ဗျာ။
ကျွန်တော်အသက် ၃၅နှစ်။
လူပျိုပါ။ ရန်ကုန်ကပါပဲခင်ဗျာ။

လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ရှေ့ဆံပင် တဖြည်းဖြည်းပါး လာပါတယ် ။ ထိပ်ပြောင်မျိုးရိုးလ ည်း မရှိပါဘူးခင်ဗျာ။ လူကပိန်ပိန်ပါးပါးပါ။ ပေါင်၁၁၀‌လောက်ပဲ ရှိပါတယ်။ ဝမ်းလည်းပုံမှန် သွားပါတယ်။ ဆံပင်ပြန်ထူလာအောင် နေထိုင်ချင်ပါတယ်ဆရာကြီး ခင်ဗျာ။

ဆရာကြီးဖြေ-ငယ်စဉ်အခါက အူရောင်ငန်းဖျား ခေါ် တိုက်ဖွိုက်ဖြစ်ဖူးရင် ဆံပင်ကျွတ်တတ်ပါတယ်။ သာမန် ငယ်စဉ်က အပြင်းဖျားဖူးရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ငယ်ငယ်က တီဘီဘေး မှီဝဲခဲ့ဖူးရင်လည်းဆံပင်ကျွတ်တတ်ပါတယ်။ မလိုအပ်ဘဲခြေထောက်ကို
ခဏခဏ ရေဆေးရင်လည်း ဆံပင် ကျွတ်တတ်ပါတယ်။ အပူအစပ် စားလွန်းရင် လည်းဆံပင်ကျွတ်တတ်ပါတယ်။ ပြန်ပေါက်ဖို့ကတော့ အေးတဲ့ထိတွေ့မှု ဟာ ဆံပင်နဲ့ မွေးညင်းတွေကို ပြန်ပေါက်ဖို့အားပေးပါတယ်။ ဒါကြောင့် တစ်ပတ်နှစ်ကြိမ်သုံးကြိမ်ခေါင်းလျှော်သင့်ပါတယ်။ ခေါင်းလျှော်တဲ့နေ့မှာ ရေကိုကြိုတင်သောက်မယ်၊ ခြေဖဝါးဆားပွတ်ပြီးမှ ရေချိုးပါ။ ရေချိုးလို့ပြီး ခါနီးမှ ဆံပင်ကို မန်ကျည်းမှည့်ရည် ကျဲကျဲပွတ်ပြီးဆက်လက်ခေါင်းလျှော်ပါ။ ဒီလိုပြုမူရုံနဲ့ သားဆံပင်တွေ ကျွတ်တာ ရပ်တန့်ပြီး ပြန်လည်ရှင်သန်ပေါက်စေတတ်ပါတယ်။

Crd ဩသု ဆရာကြီးဦးရန်အောင်
မျှဝေသူ ပင်လုံစာပေနှင့်သန့်ရှင်း
#ပင်လုံစာပေ
Shinn

အစာအိမ်လေနာရောဂါကို ဘယ်လိုကုသကြမလဲ?🔗 မတည့်တဲ့အစားအစာတွေစားမိတဲ့အခါ🔗 အစာစားချိန်မမှန်တဲ့အခါ🔗 ကော်ဖီ၊ အချိုရည်စတာတွေကို လွ...
30/12/2025

အစာအိမ်လေနာရောဂါကို ဘယ်လိုကုသကြမလဲ?

🔗 မတည့်တဲ့အစားအစာတွေစားမိတဲ့အခါ

🔗 အစာစားချိန်မမှန်တဲ့အခါ

🔗 ကော်ဖီ၊ အချိုရည်စတာတွေကို လွန်လွန်ကျွံကျွံသောက်သုံးတဲ့အခါတွေမှာ အစာစားပြီးတာနဲ့ အစာအိမ်မှာမအီမသာဖြစ်ပြီး လေချဥ်ခဏခဏတက်တာ၊ လေအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။

ကြာလာတဲ့အခါမှာတော့ အစာအိမ်နဲ့ပတ်သတ်တဲ့ တခြားသောရောဂါတွေပါ ထပ်ဆင့်ဖြစ်ပွားလာနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလိုမျိုးတွေခံစားနေရပြီဆိုရင်...

🔹 အစာစားချိန်နဲ့ စားသောက်မှုပုံစံတွေကို သေချာဂရုတစိုက်ချိန်ညှိပေးရပါမယ်။

🔹 အစာအိမ်ကို ထိခိုက်နိုင်တဲ့ အရက်၊ ကော်ဖီ၊ အချိုရည်သောက်သုံးတာတွေကို လျော့ချပေးရပါမယ်။

🔹 စိတ်ဖိစီးမှုများခြင်းကလည်း အစာအိမ်လေနာရောဂါကို ဆက်စပ်ဖြစ်ပွားနိုင်တာဖြစ်လို့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှုသက်သာစေဖို့ နေထိုင်ပြုမူရပါမယ်။

ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး အစာအိမ်လေနာရောဂါကို ကုသလို့ရသလို သန့်ရှင်းရဲ့ "လေမျိုးရှစ်ဆယ်နှင့် မက်လင်ချဥ်လျက်ဆား" လေးကို ထမင်းစားပြီးတိုင်းသောက်သုံးပေးမယ်ဆိုရင်လည်း အစာအိမ်လေနာရောဂါကို ပျောက်ကင်းစေနိုင်တဲ့အပြင်...

တခြားသော အစာအိမ်နဲ့ပတ်သတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာဖြစ်လို့ မှာယူချင်တယ်ဆိုရင်တော့

m.me/ThantShinn2020 သို့ နာမည် ၊ နေရပ်လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ် နဲ့ မှာယူမည့်အရေအတွက်လေးတွေအစုံအလင်

ပို့ပေးပြီးမှာယူလို့ရသလို

☎️ဖုန်းဆက်မှာမယ်ဆိုရင်တော့ -

09764231705

09979467113

09774643821 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

လာရောက်ဝယ်ယူလိုပါက

အမှတ်1101 ၊ ဝင်ကပါလမ်း ၊2ရပ်ကွက်

အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်

ဒီနည်းလမ်းနဲ့ အရေပြားရောဂါကာကွယ်ကြည့်‼️အရေပြားယားယံတာဟာဆိုရင် ဗိုင်းရပ်စ်နဲ့ ဘတ်တီးရီးယားတွေကြောင့်လည်းဖြစ်နိုင်သလို ဓာတ...
29/12/2025

ဒီနည်းလမ်းနဲ့ အရေပြားရောဂါကာကွယ်ကြည့်‼️

အရေပြားယားယံတာဟာဆိုရင် ဗိုင်းရပ်စ်နဲ့ ဘတ်တီးရီးယားတွေကြောင့်လည်းဖြစ်နိုင်သလို ဓာတ်မတည့်ခြင်းနဲ့ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။

အပူအစပ်ဆီကြော်အစားအစာများကိူအလွန်အကျွံစားမိတာကနေလည်း ဖြစ်ပွားနိုင်ပါတယ်။

အရေပြားရောဂါကို မကုသဘဲနေမယ်ဆိုရင် တဖြည်းဖြည်းပြင်းထန်လာပြီးကုမရတဲ့အခြေအနေတွေထိဖြစ်လာနိုင်တဲ့အပြင် ရှက်ရွံ့စိတ်ကြောင့် သိမ်ငယ်လာပြီးစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါဖြစ်လာစေနိုင်ပါတယ်😣

ဒါ့ကြောင့်အရေပြားရောဂါဖြစ်လာပြီဆိုရင်
ရောဂါနုစဉ်ကတည်းကကုသပေးသင့်ပါတယ်။

▫️တစ်ကိုယ်ရည်သန့်ရှင်းရေးပုံမှန်လုပ်ပေးမယ်။

▫️ဓာတ်မတည့်ဖြစ်နိုင်တဲ့အရာတွေကို ရှောင်ကြဉ်မယ်။

▫️အစားအစာတွေကိုစားသုံးတဲ့အခါမှာလည်း အေးခါးအရသာရှိတဲ့ မဲဇလီ၊ ဂွေးတောက်အရွက်တွေကို ဂရုတစိုက်ရွေးချယ်ရမယ်။

▫️အသားအရေထိန်းသိမ်းတဲ့အခါတွေမှာလည်း သဘာဝထုတ်ကုန်တွေကိုသာရွေးချယ်အသုံးပြုရပါမယ်။

ဒီနည်းလမ်းတွေကို အသုံးပြုပြီးတော့ ဆိုးဝါးလွန်းတဲ့အရေပြားရောဂါအန္တရာယ်ကိုကာကွယ်လို့ရသလို သန့်ရှင်းရဲ့မယ်ဇလီဖူးခြောက်လေးကို မနက်တိုင်းနေ့စဉ်ပုံမှန်သောက်သုံးပြီးတော့လည်း အရေပြားရောဂါပြဿနာတွေကို ကြိုတင်ကာကွယ်လို့ရပါတယ်ရှင်❤️

သဘာဝထွက်ကုန်စစ်စစ်တွေကိုသာ

အသုံးပြုပြီးထုတ်လုပ်ပေးထားတာဖြစ်လို့

ယုံယုံကြည်ကြည်နဲ့အသုံးပြုလို့ရကြောင်းကိုလည်း ထပ်လောင်းပြောကြားချင်ပါတယ်နော်😍

🌠မှာယူချင်သူတွေအနေနဲ့

Page Message Box

m.me/ThantShinn2020 သို့ နာမည် ၊ နေရပ်လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ်ပို့ပြီး မှာယူလို့ရပါတယ်ရှင်

☎️ဖုန်းဆက်မှာမယ်ဆိုရင်တော့ -

09764231705

09979467113

09774643821 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

လာရောက်ဝယ်ယူလိုပါက

အမှတ်1101 ၊ ဝင်ကပါလမ်း ၊2ရပ်ကွက်

အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်

ဆံပင်ကျွတ်ရင်ဘယ်လိုနည်းနဲ့တားဆီးကာကွယ်ကြမလဲ ❓🤔အမျိုးသမီးတစ်ယောက်ကို အလှပေါ်အယဉ်ဆင့်ပြီး ကျက်သရေရှိစွာလှပနေစေတာဟာ ဆံနွယ်လ...
29/12/2025

ဆံပင်ကျွတ်ရင်ဘယ်လိုနည်းနဲ့တားဆီးကာကွယ်ကြမလဲ ❓🤔

အမျိုးသမီးတစ်ယောက်ကို အလှပေါ်အယဉ်ဆင့်ပြီး ကျက်သရေရှိစွာလှပနေစေတာဟာ ဆံနွယ်လေးတွေရဲ့အလှတရားပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်းအမျိုးသမီးတိုင်းဟာ ဆံကေသာကို အမြတ်နိုးဆုံးဖြစ်နေတာပါနော်။ ဒါပေမဲ့ မကြာခဏဖြစ်လာတတ်တဲ့ ဗောက်တွေအပြင် ဆံပင်ကျွတ်ခြင်းကလည်း ပျိုမေတို့ကိုတော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စေမှာအမှန်ပါပဲ။

ဆံပင်ကျွတ်ခြင်းကိုတားဆီးကာကွယ်နိုင်ဖို့ဆိုရင်...

🤍 Vitamin, ပရိုတင်းနဲ့ သံဓာတ်ပြည့်ဝတဲ့အစားအစာတွေကိုစားသုံးရမယ်။

🤍 ဆံပင်ကိုမကြာခဏပြုပြင်တာ၊ ကောက်လိုက်၊ဖြောင့်လိုက်နဲ့ မကြာခဏအရောင်ဆိုးတာတွေကို ရှောင်ကြဉ်ရမယ်။

🤍 စိတ်ဖိစီးမှုများရင်လည်း ဆံပင်ကျွတ်အားသန်တတ်တာကြောင့် အတတ်နိုင်ဆုံးစိတ်ဖိစီးမှုလျော့ချပေးရမယ်။

ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်မယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို သိသိသာသာလျော့ချပေးနိုင်မှာပါနော်🤩

ဒါ့အပြင်သန့်ရှင်းကနေ...

🍃 နူးညံ့တဲ့ဆံကေသာအလှကို ပိုင်ဆိုင်စေနိုင်မဲ့ တရော်

🍃နက်မှောင်သန်စွမ်းတဲ့ ဆံနွယ်လေးတွေကိုရရှိစေနိုင်မဲ့ ရှားစောင်း

🍃ဗောက်ကင်းစင်ပြီး အေးမြတဲ့ဦးရေပြားဖြစ်စေနိုင်မဲ့ မန်ကျည်း

စတဲ့သဘာဝရဲ့ထွက်ကုန်စစ်စစ်လေးတွေကို အသုံးပြုထားတဲ့ Shampoo လေးတွေကိုထုတ်လုပ်ပေးထားတာမို့ ဆံပင်ကျွတ်ခြင်းကင်းပြီး Baby Hair လေးတွေ ပိုင်ဆိုင်ချင်တဲ့ပျို‌မေတို့ကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေရှင်😍

🌠မှာယူချင်သူတွေအနေနဲ့

Page Message Box

m.me/ThantShinn2020 သို့ နာမည် ၊ နေရပ်လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ်ပို့ပြီး မှာယူလို့ရပါတယ်ရှင်

☎️ဖုန်းဆက်မှာမယ်ဆိုရင်တော့ -

09764231705

09979467113

09774643821 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

လာရောက်ဝယ်ယူလိုပါက

အမှတ်1101 ၊ ဝင်ကပါလမ်း ၊2ရပ်ကွက်

အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်

ဇက်ကျီးပေါင်းကုသဖို့အတွက်ဆို သူလေးသာ အကောင်းဆုံး….ဘယ်သူလဲ ?? ပြောပြမယ် ခဏစောင့်🤭အသက်အရွယ်ရလာတဲ့အခါ အဆစ်အမြစ်တွေပျက်စီးခြ...
29/12/2025

ဇက်ကျီးပေါင်းကုသဖို့အတွက်ဆို
သူလေးသာ အကောင်းဆုံး….

ဘယ်သူလဲ ?? ပြောပြမယ် ခဏစောင့်🤭

အသက်အရွယ်ရလာတဲ့အခါ အဆစ်အမြစ်တွေပျက်စီးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ကျီးပေါင်းရောဂါဟာဆိုရင်…

⚡️အဆစ်ရောင်ရမ်းခြင်း

⚡️ကိုယ်အလေးချိန်လွန်ကဲခြင်း

⚡️မျိုးရိုးဗီဇ နှင့် ကိုယ်တွင်းအပူများခြင်းစတဲ့အကြောင်းအရာတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။
ခြေဆစ်လက်ဆစ်တွေရောင်ရမ်းကိုက်ခဲပြီး နည်းနည်းလေးလှုပ်ရှားလိုက်ရုံနဲ့ နာကျင်မှုကိုခံစားရတဲ့ကျီးပေါင်းရောဂါဟာ အသက်အရွယ်ကြီးရင့်လေပိုမိုခံစားရလေဖြစ်တာကြောင့် ဂရုတစိုက်ကုသဖို့လိုအပ်ပါတယ်နော်🌟

ဒါတင်မကသေးဘူး လူငယ်လေးတွေဆိူ အာရုံစိုက်ရတဲ့ အလုပ်တွေကြောင့် စိတ်ဖိအားများပြီး ကျီးပေါင်းရောဂါဖစ်လာကြပါတယ်

ဒါ့ကြောင့် လူကြီး လူငယ်မရေကျီးပေါင်းရောဂါအတွက် သန့်ရှင်းကနေ သဘာဝပါဝင်ပစ္စည်း‌တွေနဲ့ထုတ်လုပ်ပေးထားပါတယ်ရှင်🍁

‌သဘာဝကရတဲ့ ဂွေးတောက်ရွက်နဲ့ မဲဇလီရွက်တို့ကိုအချိုးကျပေါင်းစပ်ပြုလုပ်ထားတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးရှိမှာကိုလည်း ပူစရာမလိုတာကြောင့် Sensitive ဖြစ်တတ်သူတွေအတွက်ပါစိတ်ချလက်ချအသုံးပြုလို့ရမှာပါနော်🌟

သောက်ဆေးတဖက်မှီဝဲချင်သေးတယ်ဆို ဇာက်နားကစုခဲပီးတက်နေတဲ့ အပူတွေကိုလျော့ကျဖို့ မနက်ခင်း ကန့်ဂလာဖျော်ရည်သောက်ရပါမယ်။

ကျီးပေါင်းဖစ်သူတော်တော်များများက ဝမ်းအနည်းငယ်ချုပ်တတ်ကြပါတယ်။

ဝမ်းမမှန်သူဆိုပ်ိုပီး ရောင်ရမ်းမူ့များမြင့်တက်၍ ကိုက်ခဲတတ်ကြတာမို့ ဝမ်းမှန်စေတဲ့ မက်လင်ချဉ်လုံးကိုပါညနေဘက် မှီဝဲနိုင်ပါတယ်။

မိမိကိုယ်တိုင်ကလည်း ကိုယ်လက်လေ့ကျင့်ခန်း ၁၅မိနစ်နေ့စဉ်အချိန်ပေး ပြုလုပ်တာမျိုးနှင့် ဝမ်းမှန်စေတဲ့

သဘာဝအသီးအနှံတွေကိူ နေ့စဉ်စားသုံးပေးရပါမယ်။

အေးခါးအသီးအနှံတွေကိုစျေးမှာရှာဖွေ၍

နေ့စဉ်စားသုံး ပေးခြင်းနှင့် အမြင်အာရုံကောင်းမွန်နိုင်ပါတယ်။

အရောင်ကုထုံးပါသော ဆေးခေါင်းအုံးကို မျက်လုံးပေါ်တင်၍၁၀မိနစ်ခန့်ဖိအုပ်ပေးခြင်းမျိုး ပြုလုပ်ရပါမယ်။

ကဲ ဒါဆိုရင်တော့...

"ကျီးပေါင်းကြောင့်ခံစားရတဲ့ဝေဒနာတွေကင်းဝေးဖို့
သန့်ရှင်းရဲ့ ကျီးပေါင်း Set လေးကိုဆောင်ထားကြစို့”

🌠မှာယူချင်သူတွေအနေနဲ့

Page Message Box

m.me/ThantShinn2020 သို့ နာမည် ၊ နေရပ်လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ်ပို့ပြီး မှာယူလို့ရပါတယ်ရှင်

☎️ဖုန်းဆက်မှာမယ်ဆိုရင်တော့ -

09764231705

09979467113

09774643821 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

လာရောက်ဝယ်ယူလိုပါက

အမှတ်1101 ၊ ဝင်ကပါလမ်း ၊2ရပ်ကွက်

အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်

စိတ်အပူနဲ့ ဥတုအပူဘာတွေဖြစ်နေလဲ ❓ဖြစ်ခြင်း မဖြစ်ခြင်းကို တွေးပူရတာ စိတ်အပူ ❗ဒါတွေက ရုန်းထွက်လို့ရတယ်။ရုန်းထွက်ဖို့ခက်တာ မ...
28/12/2025

စိတ်အပူနဲ့ ဥတုအပူဘာတွေဖြစ်နေလဲ ❓

ဖြစ်ခြင်း မဖြစ်ခြင်းကို တွေးပူရတာ စိတ်အပူ ❗

ဒါတွေက ရုန်းထွက်လို့ရတယ်။

ရုန်းထွက်ဖို့ခက်တာ မမှန်တဲ့ရာသီဥတု ❗

အပြောင်းအလဲမမှန်တဲ့ ရာသီဥတုကြောင့် ဥတုအပူကနေရတဲ့ ရောဂါဝေဒနာတွေဖြစ်ပါလိမ့်မယ်။

ဥတုအပူကြောင့် ခန္ဓာကိုယ်မှာ အပူများရင် ဖြစ်တတ်တဲ့ လက္ခဏာနဲ့ အကြောင်းအရင်းများ 👇

▪️ ဝမ်းချုပ်ခြင်းနဲ့ နှာ‌စေးခြင်းကစဖြစ်ပါတယ်။

▪️ အသားအရေတွေတင်းကြပ်ကြပ်ဖြစ်လာတာ

▪️ နေရထိုင်ရတာ ညောင်းညာလွယ်လာတာ

▪️ အသားအရေခြောက်လာတာ စတဲ့အကြောင်းအရင်း‌တွေဖြစ်တတ်ပါတယ်။

ဥတုအပူကြောင့် စိတ်ရှုပ်ပြီး ခန္ဓာကိုယ်မှာ အပူများနေရင် မန်ကျည်းမိသားစုလေးကိုသုံးစွဲနိုင်ဖို့ သန့်ရှင်းမှ ထုတ်လုပ်ထားပါတယ်။

💯 တင်းတင်းကြပ်ကြပ် အသားအရေတွေဖြစ်နေရင် ဆောင်းရာသီ အသားပတ်တာမျိုးမဟုတ်ဘဲ အပူများလို့ဖြစ်ပါတယ်။

ဒီ့အတွက် အသားအရည်ကြည်ပြီး အပူကင်းဖို့ "မန်ကျည်းဆပ်ပြာခဲ"လေးရှိတယ်။

💯 ဝမ်းချုပ်နေရင် ညနေအချဉ် မန်ကျည်း‌ဖျော်ရည်ကြဲကြဲလေးသောက်ပြီး ဝမ်းမှန် အူရှင်းဖို့လိုမယ်။

ဒီ့အတွက် အသင့်ဖျော်သောက်သုံးနိုင်ဖို့

"မန်ကျည်းအနှစ်ဘူး" လေးရှိမယ်။

💯 ခေါင်းမှာအပူတွေခဲနေရင် နှာစေး၊ ခေါင်းကိုက်တာမျိုးဖြစ်တတ်တယ်။ ‌ဦးခေါင်းမှာလည်း ကင်းဖို့လိုမယ်။

ဒီ့အတွက် အပူကင်းတဲ့ သဘာဝ မန်ကျည်းခေါင်းလျှော်ရည်လေး" ရှိမယ်။

💯 ဓာတုတွေကြောင့် ဥတုအပူကရိုက်ခတ်လာတတ်တဲ့ အသားအရေ ပြဿနာတွေကင်းစေဖို့ ရေချိုး မန်ကျည်းဆပ်ပြာရည်လေးရှိမယ်။

စိတ်အပူတွေကင်းဖို့အတွေးကိုရှင်းရှင်းနေမယ်။

ဥတုအပူတွေကြောင့် ရောဂါဝေဒနာတွေကို ကင်းရှင်းစိတ်လက်ပေါ့ပါးဖို့ "မန်ကျည်းမိသားစု" လေးကိုဆောင်ထားလိုက်တော့နော်။ 💯

ဝယ်ယူချင်တယ်ဆိုရင်တော့

Page Message Box 📩

m.me/ThantShinn2020 သို့ နာမည် ၊ နေရပ်လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ်ပို့ပြီး မှာယူလို့ရပါတယ်ရှင်

☎️ဖုန်းဆက်မှာမယ်ဆိုရင်တော့ -

09764231705

09979467113

09774643821 ကိုဆက်သွယ်မှာယူလိုက်ပါရှင့်။

#သန့်ရှင်းသဘာဝထုတ်ကုန်ပစ္စည်းများ
#မန်ကျည်းမိသားစု #မန်ကျည်းဆပ်ပြာရည် #မန်ကျည်းအနှစ်ဘူး #မန်ကျည်းရေချိုးဆပ်ပြာ
#အပူလည်းကင်းစိတ်လည်းကြည်သာမန်ကျည်းမိသားစုပါ

အပူခဲ အပူငုပ်တတ်သူများရက်တိုအတွင်းသက်သာစေဖို့နေ့စဉ် ၅မိနစ်ပဲအချိန်ပေးပြီးကျန်းမာရေးကို ဂရုစိုက်‌ပါ။ကရမက်အသားတုံးကိုသွေးပ...
28/12/2025

အပူခဲ အပူငုပ်တတ်သူများရက်တိုအတွင်း
သက်သာစေဖို့

နေ့စဉ် ၅မိနစ်ပဲအချိန်ပေးပြီး
ကျန်းမာရေးကို ဂရုစိုက်‌ပါ။

ကရမက်အသားတုံးကိုသွေးပြီးစားပေးတာမျိုး ၊
ရေချိုးပီးတိုင်း
ကရမက်လိမ်းရတာမျိုး လုပ်ကိုင်ရပါတယ်။

မန်ကျည်းသီးပါတဲ့ ချဉ်ရည်ဟင်းကို နေ့စဉ်စားသောက်ပေးတာမျိုး ဆောင်ရွက်ပေးပါ။
တစ်ပါတ်တစ်ကြိမ်၊နစ်ကြိမ်ခန့်
ကန်စွန်းရိုးနီပြုတ်ရည်တစ်လီတာကိုအပူငြိမ်းဆေး
လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ရော
သောက်ပေးပါ။

မန်ကျည်းသီးဆားစခရပ်ကိုရေချိုးတိုင်း2မိနစ်ခန့် ပွတ်တိုက် ပေးတာကလည်း အပူခဲ အပူငုပ်ခြင်းကိုလျော့နည်းစေပါတယ်။

ကိုယ်တွင်းထဲအောင်းပူများချိန် ၊ ရာသီဥတုနဲ့စိတ်အပူ များတဲ့အချိန်မှာ

အေးသောအချဉ်အရသာ ၊ အေးသောအခါးအရသာ ရှိသည့် အစားအစားကိုမျှတအောင်
နေ့စဉ်စားပေးရ လိမ်းကျံပေးရပါမယ်။

ပူခါးအရသာရှိတဲ့အစားအစာတွေကိုတော့
အပူခဲ အပူငုပ်နေစဉ်ခဏရှောင်ပေးပါ။
အမြဲတမ်းအပူများနေတတ်သူဆို
မစားမိအောင်သတိဖြင့်နေထိုင်စား‌သောက်ကြည့်ပါ။

ရေချိုးပြီးတိုင်း
ကရမက်အရည်ကျဲကျဲ ကို
ခန္ဓာကိုယ်အနှံ့လိမ်းပိီး အိပ်ပါ။

စိတ်ဆန္ဒစောခြင်း၊ ဒေါသကြီးခြင်း ကိုလည်း
ဆင်ခြင်ရပါမယ်။ ပူစပ်သောအစားအစာ၊
ဆီကြော်ထားသောအစားအစာ ၊ ဆိမ့်လွန်းသောအစားအစာများကိုပါ ၁လ၊ ၂လခန့်ရှောင်ကြဉ်
ပေးနိုင်ရင် ရက်တိုအတွင်းသက်သာစေမှာပါ။

နို့စို့ကလေးငယ်တွေ ဆို
သနပ်ခါးစစ်စစ်သန့်သန့်လေးကို
သွေး၍ ကလေးငယ်ရဲ့ခြေဖျားလက်ဖျားကို
အရင်လိမ်းကျံပေးပြီးမှ
ခန္ဓာကိုယ်အနှံ့ လိမ်းပေးရပါမယ်။

မိခင်ကတာဝန်ရှိတာမို့ ဆီကြော် အပူအစပ်တွေက်ို
မိခင်ကိုယ်တိုင်က ကလေးကျန်းမာစေဖို့
ရှောင်ကြဉ်ပေးရပါမယ်။

မြန်မာတိုင်းရင်းဆေးဆရာကြီး ဩ၊ သု
ဦးရန်အောင် ၏ လမ်းညွှန်ချက်ကို ပြန်လည်မျှဝေတာမို့ ဂရုတစိုက် လိုက်နာပေးနိုင်မှသာ
ကျန်းမာပျော်ရွှင်စေမှာပဲဖြစ်ပါတယ်။

အပူများတယ်လို့ ခံစားရသူများ

ကရမက်အရည် -5500ks
မန်ကျည်းဆားစခရပ်-6500ks
ကန့်ဂလာလုံး -7000ks
အပူငြိမ်းဆေး (ဆေးအမှတ်၁၆) -5000ks
ကန်စွန်းရိုးနီခြောက် -8000ks

မှာယူလို့ရပါတယ်ရှင့်

အသုံးပြုနည်း
-ရေချိုးခါနီး မန်ကျည်းစခရပ်အနည်းငယ်ယူ ၍ ခြေထောက်ကိုရေစွတ်ပါ။ခြေဖဝါးကိုအကြိမ်100မန်ကျည်းစခရပ်ဖြင့် ပွတ်ပီးရင် ခန္ဓာကိုယ်အနှံ့ မန်ကျည်းစခရပ် ဖြေးညှင်းစွာပွတ်ပါ။ 1မိနစ်ကြာရင်ရေဆေးချပါ။

-ရေချိုးပြီးနောက် ကရမက်အရည်ကျဲကျဲကို ခြေထောက်အောက်ပိုင်းမှစတင်၍တကိုယ်လုံးအနှံ့လိမ်းကျံပေးပါ။

✔️နောက်တစ်နည်းကတော့
ညဘက်ကိုမန်ကျည်းဖျော်ရည်တခွက်မှန်မှန်သောက်ပြီး

မနက်ခင်း အေးခါးကန့်ဂလာလုံး သောက်ပေးပါက
ကိုယ်တွင်းအပူကိုသိသာစွာလျော့ကျစေပြီး တစ်လအတွင်း သက်သာစေမှာပဲဖြစ်ပါတယ်။

➖➖➖➖➖➖➖
Page Message Box -
m.me/ThantShinn2020

☎️ဖုန်းဆက်မှာမယ်ဆိုရင်တော့ -
09764231705
09979467113
09774643821 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

လာရောက်ဝယ်ယူလိုပါက
အမှတ်1101 ၊ ဝင်ကပါလမ်း ၊2ရပ်ကွက်
အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်မြို့

https://m.facebook.com/story.php?story_fbid=1277736857478420&id=100057263537315

https://m.facebook.com/story.php?story_fbid=1277736857478420&id=100057263537315

ရှောင်သင့်တဲ့ ပူခါး

ပူခါးအရသာသည် လူတိုင်းနှင့်လုံးဝမတည့်ပါ။အကြော်အစားအစာတွေနဲ့ မတည့်ဘူးအခါးတည့်တယ်ဆိုရာမှာ ပူခါးအရသာနဲ့တော့မတည့်ပါဘူး။

ပူခါးဆိုတာဘာလဲ❓
ကြောင်လျှာသီး၊ တမာ၊ရဲယို ၊ဆင်တုံးမနွယ်၊ သဘော်ရွက်စိမ်း၊ တောင်နံကြီး၊နံ့သာဖြူပင်များသည်လည်းပူခါးပင်များဖြစ်ပါတယ်။ ယခုခေတ်လိမ်းကျံရန်မသင့်တော်သလို စားသုံးရန်လည်းမသင့်တော်ပါဘူး။ဒီသဘာဝအပင်များသည်ခေတ်ဟောင်းအတွက်ဆေးဖက်ဝင်ပေမဲ့ ယခုခေတ်အတွက်တော့ အပူလှောင်၊ အပူအောင်း၊အပူရှပ်၊ အပူကန်၊အပူတွေပိတ်မိ၊ အပူတွေခဲစေ‌ပြီးရှောင်အပ်တဲ့အရာတွေဖြစ်ပါတယ်။

ပူခါးအရသာကိုဘာလို့ရှောင်ခိုင်းတာလဲ❓
ကံအပူ စိတ်အပူ ဥတုအပူ အာဟာရအပူများက
နေ့စဉ်ခန္ဓာကိုယ်ထဲဝင်ရောက်နေတဲ့အတွက်
ပူ၍ခါးသောအရသာရှိတဲ့အစားအစာကို
လူတိုင်းရှောင်ကြဉ်မှသာ ကျန်းမာစေမှာပါ။
သဘာဝကပေးထားတဲ့အေးခါးအစားအစာများ
မိမိတို့ အနီး‌ပါတ်ဝန်းကျင်မှာ များစွာရှိပါတယ်။
ကန့်ဂလာ၊တောင်ဆီးဖြူ ၊ကနဖော့ရိုးနီ
ပေါက်ပန်းနီ၊ သခွတ်ပွင့် ၊မဲဇလီရွက် ၊
ဂွေးတောက်ရွက် ၊ဧကရာဇ် ၊ ငရံ့ပတူ စသည့်
ဆေးဖက်ဝင်‌အေးခါး‌‌အပင်များသည် ကိုယ်တွင်းအပူကိုလျော့ကျစေပီး ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်။

အစာအာဟာရကိုဆေးအဖြစ် မှီဝဲစားသုံးရင်
အမြစ်မပြတ်သေးတဲ့ အနာဟောင်းများကို
အမြစ်ပြတ်စေပြီး မတည့်သောပူခါးများအလွန်အကျွံစားသုံးရင် သေစေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။

ဩ/သု ဆေးပညာရှု့ထောင့်မှရှင်းလင်းပြခြင်း
ဖြစ်ပါတယ်။ ရှောင်ရမဲ့အစားအစာကိုရှောင်ပီး
စားသင့်တာ စားမိဖို့ကအဓိကကျပါတယ်။

အသက်ကိုဉာဏ်စောင့်တာမို့
ပူခါးရှောင်၊ အပူကင်းကျန်းမာစေတဲ့အေးခါး
စားရပါမယ်။ အစွန်အဖျားသွားတဲ့လေဟာ
အကြော်စားလို့ ကိုယ်လက်ကိုက်ခဲပြီး
မကျန်းမာသလို ဖြစ်နိုင်သလို မိမိခန္ဓာကိုယ်က။အေးခါးအရသာလိုအပ်အခါမှာလည်း
ကျန်းမာတဲ့ခန္ဓာကိုယ်ကိုမရရှိနိုင်ပါဘူး။

ဒါကြောင့်လိုအပ်လို့ စားသုံးပြီး လိမ်းကျံရမည့်အရသာဟာအေးခါးအရသာပဲဖြစ်ပါတယ်။

အေးခါးဆိုတာဘာလဲ❓
https://facebook.com/100057263537315/posts/830416998877077/

အေးခါးအရသာကိုဆေးဖက်ဝင်အောင်စားသုံးနည်းသိကြလား❓
https://facebook.com/100057263537315/posts/832878741964236/

သက်ရှည်ကျန်းမာစေတဲ့အေးခါးပစ္စည်းများ💗
https://facebook.com/100057263537315/posts/835877844997659/

မိမိရဲ့ အပူလွန်ရောဂါအတွက်သန့်ရှင်းမှ
ထုတ်လုပ်ထားသောပစ္စည်းများ🗝️
https://www.facebook.com/100057263537315/posts/1019589123293196/

ကန့်ဂလာလုံး

ကန့်ဂလာဖျော်ရည်

ကန့်ဂလာဆပ်ပြာ

🔻မှာယူချင်တယ်ဆိုရင်တော့
➖➖➖➖➖➖➖➖➖
Page Message Box
m.me/ThantShinn2020 သို့ နာမည် ၊ နေရပ်လိပ်စာအပြည့်အစုံ ၊ ဖုန်းနံပါတ် နဲ့ မှာယူမည့်အရေအတွက်လေးတွေအစုံအလင်
ပို့ပေးပါနော်။

☎️ဖုန်းဆက်မှာမယ်ဆိုရင်တော့ -
09764231705
09979467113
09774643821 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

လာရောက်ဝယ်ယူလိုပါက
အမှတ်1101 ၊ ဝင်ကပါလမ်း ၊2ရပ်ကွက်
အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်မြို့

မေးမြန်းသူ- ခူယားထိလို့ဘာဆေးလိမ်းရမလဲ  ဆရာကြီးခင်ဗျာ။       ဆရာကြီးဖြေ-    သတ္တဝါတို့ရဲ့ယားယံစေတဲ့  အဆိပ်ဟာ လူကိုအန္တရာယ...
28/12/2025

မေးမြန်းသူ- ခူယားထိလို့ဘာဆေးလိမ်းရမလဲ ဆရာကြီးခင်ဗျာ။

ဆရာကြီးဖြေ- သတ္တဝါတို့ရဲ့ယားယံစေတဲ့ အဆိပ်ဟာ လူကိုအန္တရာယ်မပြုနိုင်ပါ။ သူတို့ အန္တရာယ်ကနေကာကွယ်တာဖြစ်တဲ့အတွက် ထိလျှင်ထိခြင်း ရေသန့်သန့်နဲ့ဆေးကြောပါ။ ဒေသပေါက်အဆိပ်ဖြေရွက်ရှိရင် ခုနစ်ရွက်ခန့် ဝါးစားပါ။ လွယ်လင့်တကူ ကွမ်းသီးရှိရင် ကွမ်းသီးလေးသွေးလိမ်းပါ။ မန်ကျည်းစေ့ရှိရင် မန်ကျည်းစေ့သွေးလိမ်းပါ။ ကရမက်ရှိရင် ကရမက်ကိုသွေးလိမ်းပါ။ အနီးကပ်ရှိရာ တစ်ခုခုကိုသွေးလိမ်းရင် သက်သာစေပါတယ်။ ခူယားတင်မကဘူး ဘောက်ဖတ်၊ ပိတုန်း၊ ပျား၊ ကင်းတို့ ကိုက်ရင်လည်း ဒီအတိုင်းဆောင်ရွက်နိုင်ပါတယ်။

Crd ဩသု ဆရာကြီးဦးရန်အောင်
မျှဝေသူ ပင်လုံစာပေ နှင့်သန့်ရှင်း
, # ပင်လုံစာပေ
shinn

Address

No1101, Wngabar Street, Near Dagon University, East Dagon
Yangon
11451

Telephone

+959764231705

Website

Alerts

Be the first to know and let us send you an email when Thant Shinn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thant Shinn:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram