21/08/2024
အကြောက်တရားဆိုတာ လူတိုင်းမှာရှိပါတယ်... ✔
ဒါပေမယ့် တချို့သောသူတွေမှာတော့ အထူးအထွေ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်နေတတ်ပါတယ်။ ထိုတစ်စုံတစ်ရာကို တွေ့ကြုံလိုက် ရတဲ့အခါမှာအလွန်အမင်းစိုးရိမ်ပူပန်မှုကိုခံစားရပြီးပြောမပြတတ်တဲ့ကြောက်ရွံ့မှုမျိုးနဲ့ ကြောက်ရွံ့ နေတာပါ။ ကြောက်ရွံ့တဲ့အရာဟာ နေရာတစ်နေရာလည်းဖြစ်နိုင်သလို၊ ပစ္စည်း(ဒါမှမဟုတ်) အခြေအနေတစ်ရပ်ရပ်လည်းဖြစ်နေနိုင်ပါသေးတယ်။ တခြားသော စိုးရိမ်ပူပန်မှုမျိုးနဲ့ မတူတာကတော့ အကြောက်လွန်ရောဂါဆိုတာဟာမိမိဘာကိုကြောက်သလဲ ဆိုတာ တိတိကျကျ ရှိနေပါတယ်။
အကြောက်လွန်ရောဂါကို Phobia လို့သုံးနှုန်းပါတယ်။ Phobia ရှိနေသူ တစ်ယောက်ဟာ သူတို့ကြောက်ရွံတဲ့အရာတွေနဲ့ ပတ်သက်လာရင် ဘာဆိုဘာမှ မလုပ်ရဲ၊ မကိုင်ရဲကြပါဘူး။ ကြောက်ရွံမှုရဲ့ အကျိုးဆက်ကြောင့် ပြင်းထန်စွာထိခိုက်နာကျင်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ အလုပ်တွေ၊ ကျောင်းတွေမှာ လုပ်ငန်းစွမ်းဆောင်ရည်တွေလျော့ကျစေလာနိုင်သလို လူမှုပတ်ဝန်းကျင်မှာလည်းနည်းအမျိုးမျိုးနဲ့ ထိခိုက်လာနိုင်ပါတယ်။
Phobia ဘာကြောင့်ဖြစ်ရသလဲ ❓
မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကြောင့်လည်း Phobia ရောဂါ ခံစားသွားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရသူ တစ်ယောက်ယောက် မိမိဆွေမျိုးထဲမှာ ရှိခဲ့မယ်ဆိုရင်လည်း အကြောက်လွန်ရောဂါခံစားရနိုင်ပါတယ်။ မိမိမျက်စိရှေ့မှာ ရေနစ်ခြင်းကဲ့သို့သောကြောက်မက်ဖွယ်ဖြစ်ရပ်တစ်မျိုးမျိုး ကြုံတွေ့ခဲ့ဖူးရင်လည်း Phobia ရောဂါ ခံစားသွားရနိုင်ပါတယ်။ ဦးခေါင်းထိခိုက်မှုပြင်းထန်စွာခံစားရပြီးနောက်ပိုင်းမှာလည်း Phobia ရောဂါတင်ကျန်ခဲ့နိုင်ပါသေးတယ်။ ထို့အတူပါပဲ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ပွားနေခြင်းတွေကလည်း အကြောက်လွန်ရောဂါဖြစ်ပွားဖို့ အတွက်လမ်းစတွေပါပဲ....
ပထမဦးစွာအကြောက်လွန်ရောဂါရဲ့ လက္ခဏာတွေကိုပြောပြချင်ပါတယ်။
🔸 နှလုံးခုန်နှုန်းဟာသိသိသာသာမြန်လာမယ်
🔸 အသက်ရှူကျပ်လာမယ်
🔸 စကားပြောမြန်လာမယ် (သို့) စကားမပြောနိုင်တော့ဘူး
🔸 အာတွေခြောက်လာမယ်
🔸 အစာအိမ်နာကျင်လာမယ်
🔸 ပျို့ချင်အန်ချင်လာမယ်
🔸 သွေးပေါင်တွေ ရုတ်တရက်ထိုးတက်လာမယ်
🔸 တစ်ကိုယ်လုံးတုန်ရီလာမယ်
🔸 ရင်ဘတ်အောင့်လာမယ်
🔸 ရင်ကျပ်လာမယ်
🔸 လည်ပင်းအစ်သလိုမွန်းမွန်းကျပ်ကျပ်ခံစားရမယ်
🔸 ခေါင်းမူးဝေလာမယ်
🔸 အလွန်အမင်းချွေးထွက်လာမယ်
🔸 သွေးပျက်ခြောက်ခြားလာတာမျိုးတွေကြုံလာရတတ်ပါတယ်။
ဒါပေမယ့် အကြောင်းမဲ့သက်သက်တော့ ဒီလိုလက္ခဏာတွေခံစားရတာမဟုတ်ပါဘူး။ မိမိတို့ကြောက်ရွံတဲ့အရာတစ်ခုခုနဲ့ကြုံလာမှသာ ဒီလက္ခဏာတွေဖြစ်လာမှာပါ။ အထက်ပါ လက္ခဏာတွေဟာ Phobia ကြောင့်မဟုတ်ဘဲ အခြားရောဂါတစ်မျိုးမျိုးကြောင့်လည်း ခံစားရနိုင်တာမို့ ကြုံတွေ့လာရပြီဆိုပါက သိကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။
တကယ်လို့ အခုလို အကြောက်လွန်ရောဂါတွေအပြင် စိတ်ကျန်းမာရေးပြဿနာတွေရှိခဲ့ရင်တော့ ကျန်းမာတော်ဝင်အထူးကုဆေးခန်းနဲ့ ရောဂါရှာဖွေရေးစင်တာမှာ စိတ်ရောဂါအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးကုသနိုင်ပါပြီနော်... ✅
🏥ကျန်းမာတော်ဝင် အထူးကုဆေခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင် ပြသနိုင်သော စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများ👇👇👇👇
🧑⚕️ ဒေါက်တာလဲ့လဲ့အောင်
M.B.,B.S(Mgy), M.Med.Sc(Mental Health)
အရက်၊ မူးယစ်ဆေးစွဲနှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်
🧑⚕️ ဒေါက်တာ ရွှေယမင်းဦး
M.B.,B.S, M.Med.Sc(Mental Health)
Dip in psychology,
Mental Health Hospital (Yangon)
အရက်၊ မူးယစ်ဆေးစွဲနှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်
🧑⚕️ ဒေါက်တာကျော်ပိုင်ထက်
M.B.,B.S, M.Med.Sc(Mental Health)
အရက်၊ မူးယစ်ဆေးစွဲနှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်
👩⚕️ ဒေါက်တာ ထိုက်အောင်မြင့်နွယ်
M.B.,B.S, M.Med.Sc(Mental Health)
အရက်မူးယစ်ဆေးစွဲနှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်
ကြိုတင် Booking ယူရန်
☎ 09 - 768 666 357 , 09 - 444 69 7771,
လိပ်စာ -အမှတ်(၃၁)၊ သီတာလမ်း နှင့် ကျောက်မြောင်းလမ်းထောင့်၊ သီတာမှတ်တိုင်အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာတော်ဝင်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေးစင်တာ
#စွဲလမ်းခြင်း
#စိတ်ရောဂါ
#အရက်ဖြတ်
#ဆေးဖြတ်
#အစိုးရိမ်လွန်ခြင်း #အကြောက်လွန်ခြင်း
#စိတ်ဝေဒနါ
#စိတ်အတက်အကျရောဂါ
#စိတ်ဓာတ်ကျခြင်း
#အကြောက်လွန်ရောဂါ