06/04/2026
သစ်ရနံ့ကို ထင်ရှားပြတ်သားအောင် ပုံဖော်ထားတဲ့ရေမွှေးကောင်းတစ်ခုပါ။ ရင့်မာတည်ငြိမ်မှုကို ဖော်ပြချင်ရင်တော့ ဒီရေမွှေးက Fair အဖြစ်ဆုံးပါ။
Lalique Encre Noir For Men
ဒီရေမွှေးကို 2006 ခုနှစ်မှာ စတင်ဖြန့်ဖြူးပြီး Nathalie Lorson ရဲ့ အနုပညာ လက်ရာ တစ်ခုဖြစ်ပါတယ် ။
Woody, Aromatic, Musky ရနံ့ Type မျိုးဖြစ်ပြီး ပါဝင်ပစ္စည်းများကတော့ Cypress, Vetiver, Cashmere Wood, Musk တို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
ပျမ်းမျှအားဖြင့် ရနံ့စွဲအားကတော့ 8 နာရီဝန်းကျင် လောက်ရှိပြီး ရနံ့ပျံ့လွင့်အားအနေဖြင့် 6 ပေပတ်လည်မှ ကောင်းကောင်းခံစားရပါတယ်။
Lalique Encre Noire ဟာ လျှို့ဝှက်ဆန်းကြယ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ ယောကျ်ားပီသမှုကို အပြည့်အဝဖော်ဆောင်ပေးနိုင်ကာ၊ စိုစွတ်တဲ့သစ်တောရနံ့နဲ့ ခန့်ညားနက်ရှိုင်းတဲ့ Vetiver ရနံ့တို့ ပေါင်းစပ်မှုကြောင့် တစ်ခါရှုလိုက်ရုံနဲ့ မေ့ရက်စရာမရှိအောင် ဆွဲဆောင်မှုပြင်းထန်လှတဲ့ ရေမွှေးမျိုး ဖြစ်ပါတယ်။
#အမှတ်တမဲ့ဖြစ်ခဲ့တာတောင်_အမှတ်တရဖြစ်စေခဲ့တာက_ရေမွှေးရဲ့ရသ_တစ်ခု