Baby YaungNi

Baby YaungNi Clinic

‘’နှစ်သစ်ဆုတောင်း’’မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့  နှစ်သစ်အခါသမယမှာ ကျက်သရေ မဂ်လာအပေါင်းနှင့် ပြည့်စုံ၍ ကိ...
17/04/2023

‘’နှစ်သစ်ဆုတောင်း’’

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့
နှစ်သစ်အခါသမယမှာ ကျက်သရေ မဂ်လာအပေါင်းနှင့် ပြည့်စုံ၍ ကိုယ် စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🏼🙏🏼🙏🏼

04/01/2023

အသည်းရောင်အသားဝါဘီပိုးအကြောင်း
--------------------------------------------

အသည်းရောင်အသားဝါရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ ဖြစ်ပွားစေသော ပိုးအမျိုးမျိုးရှိသည့်အနက် ဘီပိုးသည် ပတ်ဝန်းကျင်တွင် အတွေ့ရအများဆုံးဖြစ်သည်။ ကူးစက်လွယ်သော ရောဂါလည်းဖြစ်သည့်အလျောက် တစ်နေ့တစ်ခြားပေါများလာသည်။ ယခုဆောင်းပါးတွင် ဘီပိုးနှင့် ပတ်သက်သည့် အခြေခံအကြောင်းအရာများကို တင်ပြသွားမည်ဖြစ်ပါသည်။

အသည်းရောင်အသားဝါပိုး ဘယ်နှစ်မျိုးရှိသလဲ။
A,B,C,D,E ငါးမျိုးရှိသည်။ အမျိုးအစားပေါ်မူတည်၍ ကူးစက်လမ်းကြောင်း ကွဲပြားသည်။ A နှင့် E သည် အစားအသောက်၊ရေ မှတစ်ဆင့် ကူးစက်တတ်သည်။ B နှင့် C သည် သွေး စသည်တို့မှ ကူးစက်သည်။ D ပိုးသည် B ပိုးရှိသူများတွင် ဖြစ်တတ်သည်။

အသည်းရောင်အသားဝါဘီပိုးက ဘယ်လိုကူးစက်တတ်လဲ။
ကူးစက်လွယ်သော ရောဂါဖြစ်သည်။ သွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်တို့မှ ကူးစက်တတ်သည်။ အသုံးအဆောင်များအတူသုံးစွဲခြင်း၊ နမ်းရှုပ်ခြင်းတို့မှ မကူးစက်နိုင်ပါ။ နှာချေ ၊ချောင်းဆိုးခြင်း၊ မိခင်နို့တိုက်ကျွေးခြင်းမှလည်း မကူးစက်နိုင်ပါ။ ရောဂါကူးစက်ခံရပြီး ၃လကြာသည်အထိ ရောဂါလက္ခဏာမပြတတ်ပါ။ လက္ခဏာမပြသော်လည်း အခြားသူများကို ရောဂါကူးစက်နိုင်ပါသည်။

ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်တာလဲ။
အဓိကနည်းလမ်းတွေကတော့
1. ရောဂါပိုးရှိသောသွေးသွင်းမိခြင်း၊ သွေးကို ပေါက်ပြဲဒဏ်ရာရှိသော လက်ဖြင့်ထိမိခြင်း
2. ရောဂါပိုးရှိသော မိခင်မှ ကလေးကို မွေးဖွားချိန်တွင် ကူးစက်နိုင်ခြင်း
3. ရောဂါပိုးရှိသူများနှင့် ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိသူ ထိုးထားသောအပ်ဖြင့် ထိုးမိခြင်း
4. ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
5. မုတ်ဆိတ်ရိတ်ဓား အစရှိသည့် ကိရိယာများကို မျှဝေသုံးစြွဲခင်း တို့မှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။

ဘယ်လိုလူတွေမှာ ကူးစက်နိုင်ခြေများတာလဲ။
1. သွေးဖောက်ခြင်း၊ ဆေးထိုးခြင်း စသည်တို့လုပ်ကိုင်ကြရသော ကျန်းမာရေးဝန်ထမ်းများ
2. လိင်တူဆက်ဆံသူများ
3. မူးယစ်ဆေးသုံးစွဲသူများ
4. အသည်းရောင်ရောဂါ နာတာရှည်ဖြစ်နေသူများ
5. ကျောက်ကပ်ရောဂါ နာတာရှည်ဖြစ်နေသူများ
6. အသည်းရောင်အသားဝါဘီပိုး အဖြစ်များသော နေရာများသို့ မကြာခဏသွားရောက်ရသူများ

ရောဂါလက္ခဏာတွေကရော?
ရောဂါပိုးဝင်ပြီး လနှင့်ချီ ၍ လက္ခဏာမပြပဲနေတတ်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့
1. အသား ဝါခြင်း
2. မျက်လုံး၊ ဆီး ဝါခြင်း
3. ကိုယ်လက်ကိုက်ခဲခြင်း
4. ဖျားခြင်း
5. အစားသောက်ပျက်ခြင်း
6. ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း
7. အစားပျက်ပြီး ပင်ပန်းလွယ်ခြင်း တို့ဖြစ်တတ်ပါတယ်။

ဒီလက္ခဏာတွေဟာ သာမန်နေမကောင်းရင်ဖြစ်တာတွေနဲ့ ဆင်တူနေတာကြောင့် အလေးမထားပဲနေတတ်ပါတယ်။ အကယ်၍ နာတာရှည်ခံစားနေရပြီဆိုရင်တော့ ဘီပိုးရှိမရှိ စစ်ဆေးသင့်ပါတယ်။

ဘီပိုးရှိမရှိ ဘယ်လိုသိနိုင်မလဲ။
ဘီပိုးအခွံ (HBs Ag) ကိုစစ်လို့ရတဲ့ ဆေးစစ်တံလေးတွေနဲ့ စစ်ဆေးနိုင်ပါတယ်။ ဘီပိုးရှိမရှိ အဖြေချက်ချင်းသိနိုင်ပါတယ်။ အကယ်၍များ ရှိနေတယ်ဆိုရင်တော့ နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဘီပိုးရှိရင် ဘာတွေဖြစ်နိုင်သလဲ။
လတ်တလောဝင်တဲ့ ဘီပိုးကတော့ ကြီးကြီးမားမား အန္တရာယ်မပေးနိုင်ပါဘူး။ အကယ်၍ ဘီပိုးရှိနေတာ ကြာပြီဆိုရင်တော့ အသည်းကို ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ အသည်းရောင်အသားဝါ D ပိုးဝင်နိုင်ချေလည်း မြင့်လာပါတယ်။ နောက်ဆုံး အသည်းခြောက်တာတွေ၊ အသည်းကင်ဆာတွေအထိ ဖြစ်နိုင်ပါတယ်။

ဘီပိုးကုတယ်ဆိုတာဘာလဲ။
ဘီပိုးအကောင် HBV DNA ကို ပျောက်အောင်ကုသခြင်းဖြစ်ပါတယ်။ Bပိုး အခွံ HBsAg မပျောက်ပါဘူး။ ဒါကြောင့် အမြန်ဆေးစစ်တံကို လက်ရှိဖြစ်ပွားနေတာလား၊ အရင်က ဖြစ်ခဲ့ဖူးတာလားဆိုပြီး ခွဲခြားရာမှာ အသုံးပြုလို့ မရပါဘူး။

ဘီပိုးသေဆေးဆိုတာဘာလဲ။
ထိုးဆေး၊ သောက်ဆေးနှစ်မျိုးရှိပါတယ်။ ထိုးဆေးတစ်နှစ်ထိုးပြီးနောက် သောက်ဆေးဆက်သောက်ရပါတယ်။ သောက်ဆေးကာလ တိတိကျကျ မသတ်မှတ်ထားပါ။ နှစ်နှင့်ချီ၍ သောက်သုံးရတတ်ပါတယ်။

ဘီပိုးကို ကာကွယ်လို့ရလား?
ကာကွယ်ဆေးရှိပါတယ်။ ဘီပိုးရှိမရှိ စစ်ဆေးပြီးရင် ကာကွယ်ဆေးထိုးလို့ရပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး သုံးကြိမ်ထိုးရပါတယ်။ ဆေးသုံးကြိမ်ပြည့်ပြီး တစ်လမှ သုံးလအကြာတွင် ဆေးအောင်မအောင် Ab ပြန်စစ်သင့်ပါတယ်။ Ab နည်းနေရင် ကာကွယ်ဆေးထပ်ထိုးသင့်ပါတယ်။
ဒီအချက်တွေကတော့ အသည်းရောင်အသားဝါ ဘီပိုးနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီရောဂါရှိတာကို အရမ်းကြောက်ဖို့မလိုသလို ဘာကုသမှုမှမလုပ်ပဲ နေလို့လည်း မရပါဘူး။ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး ကုသမှုခံယူရင် ပျောက်ကင်းနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

#ဒေါက်တာဇီဝက

‘ကောင်းဆုစံ’အထွေထွေရောဂါကုဆေးခန်းတွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင့်
28/12/2022

‘ကောင်းဆုစံ’အထွေထွေရောဂါကုဆေးခန်းတွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင့်

20/12/2022
15/12/2022

Address

Yangon
11031

Website

Alerts

Be the first to know and let us send you an email when Baby YaungNi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram