Ko Myo ဆေးဆိုင်

Ko Myo ဆေးဆိုင် နိုင်ငံခြားဆေး နှင့် မြန်မာဆေး

18/07/2024

ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်း၊ ချစ်သူ၊ အိမ်ထောင်ဖက်ကို ဆေးလိပ်ဖြတ်စေချင်တဲ့ဆန္ဒက ချစ်တတ်သူတိုင်းမှာ ရှိကြမှာပဲနော်။​

“ပြတ်ပြီဟေ့” က ဆေးလိပ်ဖြတ်ဖို့ပြင်ဆင်နေသူတွေအတွက် Facebook, Telegram တို့ကတဆင့် အသိပညာပေးဆောင်းပါးတွေနဲ့ ဆောင်ရန်၊​ ရှောင်ရန်အကြောင်းအရာတွေကို မျှဝေပေးနေသလို အချင်းချင်းအကြံဉာဏ်ပေးနိုင်ဖို့အတွက် “ဆေးလိပ်ဆေးရွက်ကြီးဖြတ်ကြသူများ” Facebook Group ကိုလည်း ဖန်တီးပေးထားပါတယ်။
ဒါ့အပြင် ဆေးလိပ်အမှန်တကယ်ပြတ်စေနိုင်ဖို့အတွက် “ဆေးလိပ်ဖြတ်ပြီဟေ့” အခမဲ့အကြံပေးဖုန်းလိုင်းကိုလည်း ဖန်တီးထားပြီး ပြတ်ပြီဟေ့ရဲ့ website ကတဆင့် စာရင်းသွင်း ဆေးလိပ်ဖြတ်နိုင်ပါတယ်။

ဆေးလိပ်ဖြတ်တဲ့အခါ တစ်ယောက်တည်း ဖြတ်စရာမလိုပါဘူး။ ဒါကြောင့် အခုပဲ ကိုယ်ဆေးလိပ်ပြတ်စေချင်တဲ့သူကို မန်းရှင်းခေါ်ပြီး “ပြတ်ပြီဟေ့” မှာ အားလုံးအတူဖေးမကူပေးဖို့ အဆင်သင့်ရှိနေတဲ့အကြောင်း ပြောပြကြရအောင်နော်။

Facebook Group: https://www.facebook.com/groups/thosewhoquitsmoking
အခမဲ့စာရင်းပေးသွင်းရန်: https://pyatpihayphoneline.com/

Hotline ကတဆင့်စာရင်းပေးသွင်းလိုပါက 📞09985100005 ကိုခေါ်ဆိုပြီး ဆေးလိပ်၊ ဆေးရွက်ကြီးဖြတ်ဖို့ စာရင်းပေးသွင်းနိုင်ပါတယ်နော်။

#ပြတ်ပြီဟေ့

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္...
05/07/2024

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာပုံစံတွေ အမျိုးမျိုးရှိကြပါတယ်

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား

▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ဓာတ်ဆားထုပ် အဆင်အသင့်မရှိလျှင်အရေးပေါ်အိမ်တွင်းဓာတ်ဆားဖျော်နည်းအတိုင်း ဖျော်ပြီးတိုက်ပါ
ဒီ link မှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=125452237253085&id=100093649274709

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

▪️ဝမ်းလျှောခြင်းနဲ့ပက်သက်တဲ့အယူအဆအမှားတွေလည်း ရှောင်ကြဉ်ပါ
ဒီ link မှာ ဖတ်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=124420690689573&id=100093649274709

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅

▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶

▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️

✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါတယ်
to the clean cure
to Chin Telehealth

❗ကလေးဝမ်းလျှောဝမ်းပျက်ခြင်းနှင့် အယူအဆအမှားများ❗

ကလေးတယောက်ဝမ်းလျှောရင် ပြုစုရတာ အတော် ခက်ပါတယ်..
မိခင်တွေအသိဆုံးပါ..
အပေါ်က အလျဉ်မီအောင်မဖြည့်ရသေးခင်
အောက်က တဘွတ်ဘွတ်နဲ့ သွားလိုက်ကြတာ
ကလေးဘောင်းဘီတွေလည်းကုန်ပေါ့ ..
မိဘတွေမှာ လူမောစိတ်မောဖြစ်ရပါတယ် ..

✴️အဲ့တော့ အရေးကြီးတာက ဝမ်းလျှောတဲ့ ကလေးပြုစုတဲ့နေရာမှာ ကိုယ်တိုင်အမှတ်မှားနေတဲ့ အယူအဆရောသူများပြောစကားတွေနားယောင်ပြီး လုပ်တတ်တဲ့ အယူအဆအမှားလေးတွေရောပြောချင်ပါတယ်...

💡Probiotics အထုပ်သေးသေးလေးတွေဟာ ဓာတ်ဆားနဲ့တူလား ❓

ဝမ်းလျှောနေချိန်WHO formula အတိုင်းထုတ်ထာဲ့ ဓာတ်ဆား ကို မတိုက်ဘဲ Probiotics အမှုန့်လေးတွေကို ဓာတ်ဆား ထင်ပြီးတိုက်တတ်ကြတယ်..

ဝမ်းလျှောတဲ့ကလေးမှာ အဓိက အကျဆုံး အသက်ကယ်ဆေး ဆိုလည်း မမှားတာက ဓာတ်ဆားပါ ..အရပ်ထဲ
ဓာတ်ဆား အငံ / BPI ဓာတ်ဆား ဆိုပြီး သိကြတယ် ..

အခုနောက်ပိုင်း အရသာလေးတွေထည့်ပြီး WHO စံချိန်စံညွှန်း အတိုင်း ဖော်စပ်ထားတဲ့ ဓာတ်ဆားတွေလည်း အများကြီးရှိနေပါပြီ

အထုပ်ကြီး တထုပ် ရေတလီတာ နဲ့ဖျော်ရတာရှိသလို အထုပ်သေးတထုပ် ရေ ၂၀၀ မီလီလီတာနဲ့ဖျော်ရတွေလည်းရှိပါတယ်.. ဒီလိုဓာတ်ဆားတွေကို မှန်မှန်ကန်ကန်ရွေးချယ်ပြီးဖျော်တိုက်မှ ကလေးရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်နိုင်မှာပါ

Probiotics ဆိုတာကတော့ ဝမ်း အားဆေးသဘောမျိုးဖြစ်တဲ့အတွက် အထောက်အကူဖြစ်ပေမယ့် ရေဓာတ်ဆုံးရှုံးမှုကိုမကာကွယ်နိုင်ပါဘူး

💡မိခင်နို့စို့နေတဲ့ကလေးကဓာတ်ဆားမသောက်နိုင်လို့ ကလေးအစားမိခင်သောက်လိုက်ရင် ထိရောက်သလား ❓

မိခင်သောက်တာ မိခင်အတွက်ဘဲဖြစ်ပါတယ်
ရေဓာတ်ခန်းခြောက်နေချိန်နို့ကနေတဆင့် လုံလောက်တဲ့ အရေးကြီးတဲ့ဓာတ်ဆားဓာတ်ကို ရမှာမဟုတ်ပါဘူး

ဝမ်းလျှောနေတဲ့ကလေး ကို သူရဲ့အစာအိမ် အူလမ်းကြောင်းထဲ ပါးစပ်ကနေဓာတ်ဆား တိုက်ရိုက်ဝင်မှ အကျိုးအာနိသင်ရှိပါမယ်...

💡ဓာတ်ဆားသောက်ပြီးတိုင်း အောက်ကနေဝမ်းအရည်ဘဲသွားလို့ ဆက်မတိုက်လို့ရမလား ❓

လုံးဝ ( လုံးဝ ) မဟုတ်ပါဘူးနော်❌❌

တချို့မိဘတွေစိတ်ထဲမှာ ဓာတ်ဆားတိုက်လိုက်လို့ ဓာတ်ဆားရေတွေဝမ်းထဲပြန်ပါတယ်ထင်နေကြတာပါ

ကလေးက သူ့ဘာသူဝမ်းပျက်နေတဲ့အတွက်သွားစရာရှိတဲ့ဝမ်းတွေဟာ အဆက်မပြတ်သွားနေတာပါ
ဓာတ်ဆားကို တရားခံမရှာပါနဲ့ ..တိုက်တာရပ်လိုက်မှ အကြီးအကျယ်ဒုက္ခရောက်သွားမှာပါ

💡ကလေးဝမ်းလျှောတာ အမြန်သက်သာချင်လို့ ဝမ်းပိတ်ဆေးတိုက် လို့ရမလား ❓

ဝမ်းလျှောနေတဲ့ ကလေးတွေမှာ ဝမ်းပိတ်ဆေး မတိုက်ပါဘူး
မအီမသာဖြစ်ခြင်း အော့အန်ခြင်း အူလှုပ်ရှားမှုနည်းသွားပြီး အူပိတ်ခြင်း စတဲ့ဆိုးကျိုးသာ ပိုများနိုင်ပါတယ်

💡ပိုးသတ်ဆေး ကို ဝမ်းပိတ်ဆေး အနေနဲ့သုံးလို့ရလား ❓

တချို့မိဘတွေက ဝမ်းလျှောပြီဆိုတာနဲ့ ပိုးသတ်ဆေးတန်းတိုက်ထားကြတယ်
တချို့ကလည်း ပိုးသတ်ဆေးကိုဝမ်းပိတ်ဆေး ဆိုပြီး တိုက်ကြပြန်ရော..

ဝမ်းလျှောတဲ့ကလေး အများစုက ဗိုင်းရပ်စ်ပိုးတွေကြောင့် အဖြစ်များကြတော့ အများစုက ပိုးသတ်ဆေးမလိုဘဲ ပြန်ကောင်းကြပါတယ်..

မလိုအပ်ဘဲပိုးသတ်ဆေးပေးခြင်းကလည်း အူနံရံက အကျိုးပြုဘက်တီးရီးယားလေးတွေဒုက္ခပေးနိုင်တော့ ဝမ်းလျှောတာပိုဆိုးစေတတ်ပါတယ်..

တချို့သော ဘက်တီးရီးယားပိုးဝင်တဲ့ အခြေအနေမှာတော့ ပိုးသတ်ဆေး လိုကောင်းလိုနိုင်ပါတယ်..ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားမှ သောက်စေချင်ပါတယ်..

💡ကလေးက အစားလုံးဝမစားလို့ အချိုရည်တွေဘဲတိုက်လို့ရမလား❓

ဝမ်းလျှောနေတဲ့ကလေးတွေဟာ အူနံရံလေးတွေယောင်ယမ်း နာကျင်ကြတာမို့ ဗိုက်အောင့် ဗိုက်နာ မအီမသာဖြစ် အော့အန်ပြီး အစားမစားချင်ကြပါဘူး
ဒါ့အပြင် စားသမျှလေးဟာလည်း ပြန်ပြန် အန်တတ်တော့ မိဘတွေအတွက် စိတ်မောစရာပါ

🚫အချိုဓာတ်လွန်ကဲတဲ့ Ready made အချိုရည်တွေမတိုက်သင့်ပါဘူး

✅ကလေးအဟာရဖြစ်ဖို့ နို့စို့ကလေးဆိုရင် နို့များများတိုက်ပေးပါ

✅လတ်ဆတ်တဲ့သစ်သီးဖျော်ရည် လေးတိုက်လို့ရပါတယ်

✅အုန်းစိမ်းရည် ဆန်ပြုတ် စွပ်ပြုတ် ထမင်းရေ တိုက်ကြည့်ပါ

✅ထမင်းရေ ဟာ ဝမ်းလျှောတဲ့ကလေးအတွက် အကျိုးရှိတယ်ဆိုတာ လေ့လာတွေ့ရှိချက်တွေလည်းရှိပါတယ်

ချစ်တဲ့ကလေးတွေကျန်းမာကြပါစေ ♥️

ကလေးချစ်တဲ့ ကလေးဒေါက်တာ 👶


#ချင်းတယ်လီကျန်းမာ

09/04/2024

ဆရာမကြီး Dr. Daw Khin Nwe Win ပြောတဲ့
ဆေးသက်တမ်း Expiry date နှင့် ဆေးအာနိသင်
အကြောင်းလေး မျှဝေပေးလိုက်ပါတယ် ရှင်။
ဗဟုသုတ ရစရာမို့ သေချာလေး ဖတ်ကြည့်စေချင်ပါတယ်။
+++++++++++++++++

" ကျွန်မက ဗဟုသုတ တွေ ဝေမျှပေးနေခြင်းသာ ဖြစ်ပါတယ်။ သိသွားပြီဆိုရင် မိမိသဘောအတိုင်း အဆင်ပြေသလို ဆောင်ရွက်နိုင်ပါတယ်၊၊
ဆေးတွေ ထုတ်တဲ့အခါ ဆေးသက်တမ်းထည့်ရမယ်ဆိုပြီး ၁၉၇၉ ခုနစ် က ပြဌာန်းလိုက်ပါတယ်၊၊ သက်တမ်းကို ပြထားခြင်းအားဖြင့် ဆေးအာနိသင် အပြည့်အဝဟာ ဒီသက်တမ်းအတွင်းမှာ ရှိတယ် ဆိုတဲ့ အာမခံချက်တစ်ရပ်သာ ဖြစ်ပါတယ်၊၊ သက်တမ်းကျော်သွားရင် အာနိသင် နည်းနည်းလျော့နိုင်တယ်၊ ဥပဒ်တော့ မရှိဘူးဆိုတာ သိစေချင်လိုပါ၊၊ အထူးသဖြင့် အေးတဲ့နေရာမှာ ( ရေခဲသေတ္တာ ) အဖုံးလုံလုံနဲ့ သိမ်းထားမယ်ဆိုရင် ပိုပြီးအာနိသင်ကျန်တယ်ဆိုတာ နားလည်ရပါမယ်၊၊ အထူးသဖြင့် အဆီပါတဲ့ ဆေးတွေဆိုရင် ရေခဲသေတ္တာထဲမှာ ထားပါ၊၊
Oxidized ဖြစ်သွားတတ်လို့ပါ၊၊
ဆေးဘူးပေါ်မှာ ထုနှိပ်ထားတဲ့ ဆေးရဲ့သက်တမ်း Expiry date ရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ်၊၊ ဒီရက်အတွင်းမှာသောက်ရင် ဆေးရဲ့အာနိသင် အပြည့်အဝရနိုင်တယ် ဆိုတာ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အာမခံချက်သာဖြစ်ပါတယ်၊၊ ရက်စွဲကျော်လွန်သွားတဲ့ဆေးတွေသောက်ရင် ဥပဒ်ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ပါ၊ ဟုတ်လည်းမဟုတ်ပါ ၊၊
သုတေသန အရဆိုရင် ဆေးတွေဟာ ဆေးသက်တမ်းကုန်ပြီး ၁၅ နှစ် ကြာသွားတာတောင် ဥပဒ် မရွိဘဲ သုံးနိုင်ပါတယ်တဲ့။ အာနိသင်တာ အနည်းငယ် လျော့သွားချင် လျော့သွားနိုင်ပါတယ်တဲ့။ အာနိသင်လုံးဝ မရှိတော့တာမဟုတ်ပါ၊၊ ဆေးပညာရှင်တွေ ပြောပုံအရ သက်တမ်းလွန်ဆေးတွေ သောက်ရင် ဥပဒ်မရှိနိုင်ပါ။
ဒါဆိုရင် ဆေးထုတ်တဲ့ ကုမ္ပဏီတွေရဲ့ လှည့်စားချက်တစ်မျိုးလို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်လို့ ပြောပါတယ်၊၊ ( ကျွန်မ ပြောတာ မဟုတ်ပါ ) ဘာသာပြန်ပေးနေခြင်းသာ ဖြစ်ပါတယ်၊၊
နောက်အမြင်တစ်မျိုးနဲ့ ကြည့်နိုင်တာကတော့ ဆေးရဲ့အာနိသင်အပြည့်အဝကို အာမခံထားတဲ့ ရက်စွဲ အနေနဲ့ကြည့်လို့ရပါတယ်၊၊ နားလည်စေချင်တာက ဆေးဘူးကိုကြည့်ပြီး သက်တမ်းကုန်လွန်သွားပြီ ဆိုပြိး လွှင့်မပစ်လိုက်ပါနဲ့။ ဆေးဘူးတွေက ဝယ်ရတာလည်း ဈေးအလွန်ကြီးလာနေပါတယ်၊၊ ဥပဒ် မဖြစ်ဘူးဆိုတဲ့ အချက်ကို နားလည်စေချင်ပါတယ်၊၊
တလောက Facebook မှာ သက်တမ်းကုန်တဲ့ ဆေးတွေ လှူလို့ဆိုပြိး ဝိုင်းပြီး အပြစ်ပြောတာကို ဖတ်မိလိုက်လို့ပါ၊၊ လုံးဝ သောက်စရာမရှိတာထက် စာရင် အများကြီး အထောက်အကူ ပြုပါတယ်ရှင်၊၊
ဖော်ပြပါ အချက်များကို နားလည်သွားပြီဆိုရင် သက်တမ်းကုန်ဆေးဝါးလှူတဲ့လူကို ဝိုင်းပြီး အပြစ်တင် ဆဲဆိုခြင်း မလုပ်ကြစေချင်ပါ၊၊
ပြန်လည်ဝေမျှခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ၊၊ "

Card

Respectfully Credit to Dr. Daw Khin Nwe Win

SOLD OUT!!     #ကိုမျိုးဆေးဆိုင်
09/03/2024

SOLD OUT!!
#ကိုမျိုးဆေးဆိုင်

 #အသဲကွဲရင်ပျောက်တယ်ဆိုတဲ့ဆေး တွေ့ပြီတဲ့နော်🤔
05/03/2024

#အသဲကွဲရင်ပျောက်တယ်ဆိုတဲ့ဆေး တွေ့ပြီတဲ့နော်🤔

03/03/2024
All the best and thanks to you all
25/02/2024

All the best and thanks to you all

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

09/02/2024

ချစ်ပါ

27/10/2023
Page စတင်ချိန်မှယခုထိ like တစ်ချက် share တစ်ခုဖြင့်လည်းကောင်း ဆိုင်စဖွင့်ချိန်မှယနေ့ထိ ဝယ်ယူအားပေးကြသူများအားလုံးကို လည်...
08/08/2023

Page စတင်ချိန်မှယခုထိ like တစ်ချက် share တစ်ခုဖြင့်လည်းကောင်း ဆိုင်စဖွင့်ချိန်မှယနေ့ထိ ဝယ်ယူအားပေးကြသူများအားလုံးကို လည်းကောင်း ကျေးဇူးအများကြီးတင်ပါတယ်🙏🙏🙏

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

https://www.facebook.com/100068381192822/posts/572785878344114/
23/06/2023

https://www.facebook.com/100068381192822/posts/572785878344114/

ဒီနေ့မှာတော့ ဒီအကြောင်း ဒီလိုဆေးနဲ့ပတ်သက်ပြီး မပြောဘူးမရေးဘူးလို့ နေခဲ့တာ
ဒါပေမယ့် လူသုံးများနေတာကြောင့် ကျန်းမာရေး ဆေးဝါးပညာပေးအနေနဲ့ ရေးလိုက်ရပါတယ်
✍️✍️ ✍️✍️✍️✍️

အမျိုးသားတွေ အားထားနေကြတဲ့ဆေး Sildenafil (ပုံထဲမှာ ပါပါတယ်) 50 /100 mg လာပါတယ်။
ဘာအတွက် သောက်ကြတဲ့ဆေးလဲဆိုရင် တော်တော်များများတော့ သိကြပါတယ်။
မသိသေးတဲ့သူတွေအတွက်ပြောရရင် အမျိုးသားကျန်းမာသန်စွမ်းအောင် သောက်တဲ့ဆေးပါ။(အားဆေး မဟုတ်ဘူးနော်

အမှန်ကလေ အဲ့ဆေးက နှလုံးအတွက် သုံးတဲ့ဆေးပါ (မအံ့ဩပါနဲ့)

Sildenafil က သွေးကြောတွေကို ကျယ်စေတယ် ။သွေးဆီးဆင်းမှုကို ကောင်းစေတယ်။အဲ့ အချက်က အမျိုးသားတွေမှာ လိုအပ်နေရင် အဆင်ပြေသွားစေလို့ အရမ်း လူသုံးများလာကြတာပဲ ဖြစ်ပါတယ်။

အဲ့ဆေးကို နှလုံးအတွက် အမျိုးသမီးရောအမျိုးသားရော လိုအပ်ရင် ဆရာဝန်ကညွှန်ကြားလေ့ရှိတယ်။ပြောရရင် ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတဲ့ဆေးပေါ့(ဒါပေမယ့်လည်း ဒီမှာလွယ်လွယ် ဝယ်လို့ရပါတယ်)

ဒီနေ့ ပြောချင်တာက အဲ့ဆေးကို အမျိုးသားတွေမှာ လိုအပ်ချက် ရှိနေလို့ သောက်တာတော့ မပြောလိုပေမယ့် လိုအပ်ချက် အရမ်း မရှိဘဲ သောက်နေကြတာတော့ သတိလေး ထားစေချင်တယ်။ဘာကြောင့်လဲဆိုတာတော့ ဆက်ပြီးဖတ်ပေးနော်

Sildenafil က သွေးကြောတွေ ကျယ်စေတော့ သောက်တဲ့သူမှာ သွေးပေါင်ကျစေတယ်။(သတိထားရမယ့် အချက်တစ်ချက်ပါ)
အရမ်း ချွေးထွက်များနေတဲ့သူ ရေဓာတ် ဆုံရှုံးနေတဲ့သူမျိုးဆိုရင် သွေးပေါင် ကျသွားမှာက အန္တရာယ်များပါတယ်

နောက်တစ်ခုက ခေါင်းကိုက်တာ အမြင်အာရုံဝေဝါးတာ တွေလည်း ခံစားရနိုင်ပါတယ်

နှလုံးနဲ့ ပတ်သက်ပြီးဆိုရင်လည်း နှလုံးခုန် အရမ်းမြန်နိုင်တာမျိုးနှလုံးရပ်တာမျိုး ရင်ဘတ်အောင့်တာမျိုးတွေထိလည်း ခံစားရနိုင်ပါတယ်(ဒါကလည်း သတိထားရမယ့် နောက်တစ်ချက်ပါပဲ)

သွေးကြဲဆေး သောက်နေရတဲ့ သူမျိုးဆိုရင်လည်း အတော် သတိထားရမယ့်ဆေးပါပဲ နှာခေါင်းသွေးလျှံတာတွေ ဖြစ်နိုင်ပါတယ်

ဆေးနဲ့ ဓာတ်မတည့်တဲ့ အလာဂျစ် လက္ခဏာမျိုး တွေလည်း ရှိတတ်ပါတယ်

ကြောက်အောင် ခြောက်တာလည်း မဟုတ်ဘူး
သုံးအောင်ပြောတာလည်း မဟုတ်ဘူး
သတိထားရမှာတွေ သိအောင် ကျန်းမာရေး ဆေးပညာပေးအနေနဲ့ ရေးလိုက်ခြင်း ဖြစ်ပါတယ်

ဖြစ်နိုင်ရင် စာကို copy ယူမသွားဘဲ post ကို shareပေးသွားပါရှင်

ဘာဆေးမှလည်း မရောင်းပါဘူး ဘယ်လိုသောက်ရမလဲလည်း လာမမေးပါနဲ့ မဖြေပါဘူး တခါတည်း ပြောလိုက်ပါတယ်နော်

Address

No. (50-A), Kha 3rd Street, Myothit(Ka+Kha) Ward, Insein Township
Yangon
11011

Opening Hours

Monday 07:30 - 20:30
Tuesday 07:30 - 20:30
Wednesday 07:30 - 20:30
Thursday 07:30 - 20:30
Friday 07:30 - 20:30
Saturday 07:30 - 20:30
Sunday 07:30 - 20:30

Telephone

+959799799379

Website

Alerts

Be the first to know and let us send you an email when Ko Myo ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share