Khaing Khant - Reality Yoga

Khaing Khant - Reality Yoga Love Yoga Life

Sound & Crystal Sanctuary: Your 90-Minute Escape for Deepစိတ်ဖိစီးမှုတွေကြား ပိတ်မိနေသလို ခံစားနေရပြီလား? အမြဲလိုလို အလု...
01/12/2025

Sound & Crystal Sanctuary: Your 90-Minute Escape for Deep

စိတ်ဖိစီးမှုတွေကြား ပိတ်မိနေသလို ခံစားနေရပြီလား? အမြဲလိုလို အလုပ်များပြီး ပင်ပန်းနွမ်းနယ်နေရတာကို ၁ နာရီခွဲလေး အချိန်ပေးပြီး အမှန်တကယ် ပြေပျောက်သက်သာအောင် လုပ်လို့ရပါတယ်!

စဉ်းစားကြည့်ပါ!
• ဒီနေ့ခေတ်မှာ ကိုယ့်အတွက် ကိုယ်တိုင် အနားယူဖို့ တကယ် အချိန်ပေးဖြစ်ပါရဲ့လား?
• ဖိအားများတဲ့ နေ့ရက်တွေရဲ့ နောက်မှာ ခန္ဓာကိုယ်နဲ့ စိတ်ထဲက စုဆောင်းထားတဲ့ တင်းမာမှုတွေကို ဘယ်လို ရှင်းထုတ်မလဲ?

အဖြေကတော့... မိနစ်(၉၀)
စွမ်းအင်ပြန်ဖြည့်တင်းခြင်း Healing Session ပါပဲ!

ဘာလို့ ဒီ Healing Therapy Session ကို ရွေးချယ်သင့်တာလဲ?

✅ အချိန်တိုတိုနဲ့ အကျိုးကျေးဇူး အများကြီးရမှာပါ
နေ့စဉ် ဘဝတွေကြားထဲက တစ်နေကုန် အချိန်ပေးနေစရာ မလိုပါဘူး။ မနက်ပိုင်း ၁ နာရီခွဲလေး ရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါး၊ စိတ်ရောလူပါ လုံးဝ Healing ဖြစ်သွားစေမှာပါ။

အဲ့ဒါကတော့ Dr Zarchi Lai ( Crystal & Energy Healer ) နဲ့ Tr Khine Khant (Yoga & Sound Master) တို့နှစ်ဦးအတူတကွပြုလုပ်မဲ့
Sound & Crystal Therapy Session လေးဖြစ်ပါတယ်။

Sound နဲ့ Crystal Healing Therapy ဆိုတာ ဘာလဲ ဆိုတော့

Sound Healing (အသံကုထုံး)

• တုန်ခါမှု အနုပညာလို့ ခေါ်နိုင်ပါတယ်။ Singing Bowls၊ Gong စတဲ့ အသံကိရိယာတွေက ထွက်ပေါ်လာတဲ့ လှိုင်းနှုန်းတွေဟာ ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ တင်းမာမှုတွေကို ဖြေလျှော့ပေးပြီး၊ စိတ်ကို တည်ငြိမ်စေပါတယ်။ အတွေးတွေကို ငြိမ်သက်စေပြီး အနားယူစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

💎 Crystal Healing (ကျောက်မျက်
ကုထုံး):

သဘာဝ ကျောက်မျက်တွေမှာ သူ့ရဲ့ သီးခြား စွမ်းအင်လှိုင်းနှုန်းတွေ ရှိပါတယ်။ ဒီစွမ်းအင်တွေကို ခန္ဓာကိုယ်ပေါ်မှာ အသုံးပြုတဲ့အခါ စွမ်းအင်စီးဆင်းမှုကို မျှတစေပြီး၊ ကိုယ်တွင်း အစိတ်အပိုင်းတွေနဲ့ စိတ်ခံစားမှုဆိုင်ရာ ပိတ်ဆို့မှုတွေကို ရှင်းလင်းပေးပါတယ်။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဟန်ချက်ညီစေဖို့ ကူညီပေးပါမယ်။

ဒီမတူညီတဲ့ Healing Therapy နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုကောင်းကျိုးတွေ ပိုရမလဲဆိုရင်

ကျွမ်းကျင်ဝါရင့် Instructor နှစ်ဦးရဲ့ ပူးပေါင်းမှုနဲ့ ပြုလုပ်တဲ့ ဒီ Therapy Session မှာ -

Sound Healing ရဲ့ တုန်ခါမှုတွေက စိတ်ကို ချက်ချင်း အနားယူစေပြီး Crystal Healing ရဲ့ တည်ငြိမ်တဲ့ စွမ်းအင်လှိုင်းတွေက ခန္ဓာကိုယ် စွမ်းအင်စနစ်ကို ပိုပြီး ထိထိရောက်ရောက် ဝင်ရောက်ကုစားပေးပါတယ်။ ပြောရရင်၊ အသံရဲ့ တုန်ခါမှုတွန်းအားနဲ့ ကျောက်ရဲ့ စွမ်းအင်လှိုင်းတို့ ပေါင်းစပ်လိုက်တာကြောင့် အနားယူမှု၊ စိတ်ကြည်လင်မှုနဲ့ စွမ်းအင်ပြန်လည်ပြည့်ဖြိုးမှု ကို ပိုမို အဆင့်မြင့်တဲ့ အနေအထားအထိ ရရှိစေမှာပဲ ဖြစ်ပါတယ်။

• သင်ကြားပြသပေးမယ့် Energy Master များကလည်း Sound Healing နဲ့ Crystal Healing နယ်ပယ်မှာ ကျွမ်းကျင်တဲ့ ဝါရင့် Instructor နှစ်ဦး ဖြစ်တဲ့
Dr. Zar Chi Lei နဲ့ Sound Master Khine Khant တို့ကိုယ်တိုင် ဦးစီးပြီး စနစ်တကျ Healing လုပ်ပေးမှာပါ။

• တက်ရောက်သူတိုင်း သက်တောင့်သက်သာ ရှိစေဖို့ Hotel Zealax ရဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကျင်းပပေးမှာပါ။

• ပေါ့ပေါ့ပါးပါး အနားယူစားသောက်အပန်းဖြေဖို့အတွက် Tea & Coffee Break အစီအစဉ်လည်း စီစဉ်ပေးထားပါတယ်နော်။

• ဒါ့အပြင်... သင်တန်းတက်ရောက်သူအားလုံးအတွက် စိတ်လှုပ်ရှားပျော်ရွှင်စရာ ကံစမ်းမဲလက်ဆောင် အစီအစဉ်များစွာ ကိုလည်း ပြင်ဆင်ထားပါတယ်!

တစ်နေကုန် အချိန်ပေးစရာ မလိုပါဘူး။ မနက်ခင်း ၉၀ မိနစ်လေး ရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ နေ့စဉ်ဘဝ ဖိစီးမှုတွေကနေ အမှန်တကယ် ရုန်းထွက်ပြီး စိတ်ရောလူပါ လုံးဝ Healing ဖြစ်သွားစေမယ့် အခွင့်အရေးပါပဲ။

📍 အစီအစဉ် အသေးစိတ်
* ကျင်းပမည့်နေရာ: Hotel Zealax
* နေ့ရက်: December14 ( Sunday)
*အချိန်: 9:00 AM - 10:30 AM (စုစုပေါင်း ၉၀ မိနစ်)
* အထူးပါဝင်မှု: Tea & Coffee Break အစီအစဉ်လည်း စီစဉ်ပေးထားပါတယ်။
🎁 အထူးလျှော့ဈေးနှင့် ကံစမ်းမဲများ
သင့်ရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို စောစောစီးစီး ရင်းနှီးမြှုပ်နှံသူများအတွက်:
* Early Bird (ပထမဆုံး ၅ ဦး): 15% လျှော့ဈေး!
* Next 5 (နောက်ထပ် ၅ ဦး): 10% လျှော့ဈေး!
* အားလုံးအတွက်: စိတ်လှုပ်ရှားစရာ ကံစမ်းမဲ လက်ဆောင်အစီအစဉ်များစွာ ကိုလည်း ပြင်ဆင်ထားပါတယ်!

ဒီလိုကောင်းမွန်တဲ့ Healing Journey ကို လက်လွတ်မခံပါနဲ့!

နေရာဦးအောင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ သင့်ရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ကို Message Box (သို့) Comment Box မှာ ရေးသားပြီး ဆက်သွယ်နိုင်ပါပြီ!

Sound & Crystal Sanctuary: Your 90-Minute Escape for Deep

စိတ်ဖိစီးမှုတွေကြား ပိတ်မိနေသလို ခံစားနေရပြီလား? အမြဲလိုလို အလုပ်များပြီး ပင်ပန်းနွမ်းနယ်နေရတာကို ၁ နာရီခွဲလေး အချိန်ပေးပြီး အမှန်တကယ် ပြေပျောက်သက်သာအောင် လုပ်လို့ရပါတယ်!

စဉ်းစားကြည့်ပါ!
• ဒီနေ့ခေတ်မှာ ကိုယ့်အတွက် ကိုယ်တိုင် အနားယူဖို့ တကယ် အချိန်ပေးဖြစ်ပါရဲ့လား?
• ဖိအားများတဲ့ နေ့ရက်တွေရဲ့ နောက်မှာ ခန္ဓာကိုယ်နဲ့ စိတ်ထဲက စုဆောင်းထားတဲ့ တင်းမာမှုတွေကို ဘယ်လို ရှင်းထုတ်မလဲ?

အဖြေကတော့... မိနစ်(၉၀)
စွမ်းအင်ပြန်ဖြည့်တင်းခြင်း Healing Session ပါပဲ!

ဘာလို့ ဒီ Healing Therapy Session ကို ရွေးချယ်သင့်တာလဲ?

✅ အချိန်တိုတိုနဲ့ အကျိုးကျေးဇူး အများကြီးရမှာပါ
နေ့စဉ် ဘဝတွေကြားထဲက တစ်နေကုန် အချိန်ပေးနေစရာ မလိုပါဘူး။ မနက်ပိုင်း ၁ နာရီခွဲလေး ရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါး၊ စိတ်ရောလူပါ လုံးဝ Healing ဖြစ်သွားစေမှာပါ။

အဲ့ဒါကတော့ Dr Zarchi Lai ( Crystal & Energy Healer ) နဲ့ Tr Khine Khant (Yoga & Sound Master) တို့နှစ်ဦးအတူတကွပြုလုပ်မဲ့
Sound & Crystal Therapy Session လေးဖြစ်ပါတယ်။

Sound နဲ့ Crystal Healing Therapy ဆိုတာ ဘာလဲ ဆိုတော့

Sound Healing (အသံကုထုံး)

• တုန်ခါမှု အနုပညာလို့ ခေါ်နိုင်ပါတယ်။ Singing Bowls၊ Gong စတဲ့ အသံကိရိယာတွေက ထွက်ပေါ်လာတဲ့ လှိုင်းနှုန်းတွေဟာ ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ တင်းမာမှုတွေကို ဖြေလျှော့ပေးပြီး၊ စိတ်ကို တည်ငြိမ်စေပါတယ်။ အတွေးတွေကို ငြိမ်သက်စေပြီး အနားယူစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

💎 Crystal Healing (ကျောက်မျက်
ကုထုံး):

သဘာဝ ကျောက်မျက်တွေမှာ သူ့ရဲ့ သီးခြား စွမ်းအင်လှိုင်းနှုန်းတွေ ရှိပါတယ်။ ဒီစွမ်းအင်တွေကို ခန္ဓာကိုယ်ပေါ်မှာ အသုံးပြုတဲ့အခါ စွမ်းအင်စီးဆင်းမှုကို မျှတစေပြီး၊ ကိုယ်တွင်း အစိတ်အပိုင်းတွေနဲ့ စိတ်ခံစားမှုဆိုင်ရာ ပိတ်ဆို့မှုတွေကို ရှင်းလင်းပေးပါတယ်။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဟန်ချက်ညီစေဖို့ ကူညီပေးပါမယ်။

ဒီမတူညီတဲ့ Healing Therapy နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုကောင်းကျိုးတွေ ပိုရမလဲဆိုရင်

ကျွမ်းကျင်ဝါရင့် Instructor နှစ်ဦးရဲ့ ပူးပေါင်းမှုနဲ့ ပြုလုပ်တဲ့ ဒီ Therapy Session မှာ -

Sound Healing ရဲ့ တုန်ခါမှုတွေက စိတ်ကို ချက်ချင်း အနားယူစေပြီး Crystal Healing ရဲ့ တည်ငြိမ်တဲ့ စွမ်းအင်လှိုင်းတွေက ခန္ဓာကိုယ် စွမ်းအင်စနစ်ကို ပိုပြီး ထိထိရောက်ရောက် ဝင်ရောက်ကုစားပေးပါတယ်။ ပြောရရင်၊ အသံရဲ့ တုန်ခါမှုတွန်းအားနဲ့ ကျောက်ရဲ့ စွမ်းအင်လှိုင်းတို့ ပေါင်းစပ်လိုက်တာကြောင့် အနားယူမှု၊ စိတ်ကြည်လင်မှုနဲ့ စွမ်းအင်ပြန်လည်ပြည့်ဖြိုးမှု ကို ပိုမို အဆင့်မြင့်တဲ့ အနေအထားအထိ ရရှိစေမှာပဲ ဖြစ်ပါတယ်။

• သင်ကြားပြသပေးမယ့် Energy Master များကလည်း Sound Healing နဲ့ Crystal Healing နယ်ပယ်မှာ ကျွမ်းကျင်တဲ့ ဝါရင့် Instructor နှစ်ဦး ဖြစ်တဲ့
Dr. Zar Chi Lei နဲ့ Sound Master Khine Khant တို့ကိုယ်တိုင် ဦးစီးပြီး စနစ်တကျ Healing လုပ်ပေးမှာပါ။

• တက်ရောက်သူတိုင်း သက်တောင့်သက်သာ ရှိစေဖို့ Hotel Zealax ရဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကျင်းပပေးမှာပါ။

• ပေါ့ပေါ့ပါးပါး အနားယူစားသောက်အပန်းဖြေဖို့အတွက် Tea & Coffee Break အစီအစဉ်လည်း စီစဉ်ပေးထားပါတယ်နော်။

• ဒါ့အပြင်... သင်တန်းတက်ရောက်သူအားလုံးအတွက် စိတ်လှုပ်ရှားပျော်ရွှင်စရာ ကံစမ်းမဲလက်ဆောင် အစီအစဉ်များစွာ ကိုလည်း ပြင်ဆင်ထားပါတယ်!

တစ်နေကုန် အချိန်ပေးစရာ မလိုပါဘူး။ မနက်ခင်း ၉၀ မိနစ်လေး ရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ နေ့စဉ်ဘဝ ဖိစီးမှုတွေကနေ အမှန်တကယ် ရုန်းထွက်ပြီး စိတ်ရောလူပါ လုံးဝ Healing ဖြစ်သွားစေမယ့် အခွင့်အရေးပါပဲ။

📍 အစီအစဉ် အသေးစိတ်
* ကျင်းပမည့်နေရာ: Hotel Zealax
* နေ့ရက်: December14 ( Sunday)
*အချိန်: 9:00 AM - 10:30 AM (စုစုပေါင်း ၉၀ မိနစ်)
* အထူးပါဝင်မှု: Tea & Coffee Break အစီအစဉ်လည်း စီစဉ်ပေးထားပါတယ်။
🎁 အထူးလျှော့ဈေးနှင့် ကံစမ်းမဲများ
သင့်ရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို စောစောစီးစီး ရင်းနှီးမြှုပ်နှံသူများအတွက်:
* Early Bird (ပထမဆုံး ၅ ဦး): 15% လျှော့ဈေး!
* Next 5 (နောက်ထပ် ၅ ဦး): 10% လျှော့ဈေး!
* အားလုံးအတွက်: စိတ်လှုပ်ရှားစရာ ကံစမ်းမဲ လက်ဆောင်အစီအစဉ်များစွာ ကိုလည်း ပြင်ဆင်ထားပါတယ်!

ဒီလိုကောင်းမွန်တဲ့ Healing Journey ကို လက်လွတ်မခံပါနဲ့!

နေရာဦးအောင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ သင့်ရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ကို Message Box (သို့) Comment Box မှာ ရေးသားပြီး ဆက်သွယ်နိုင်ပါပြီ!

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 အသိအမှတ်ပြု 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 တစ်ယောက်အဖြစ် ရပ်တည်ဖို့ စိတ်ကူးနေပြီလား 🎶❔‎‎မြန်မာနိုင်ငံမှာ ပထမဆုံ...
26/11/2025

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 အသိအမှတ်ပြု 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 တစ်ယောက်အဖြစ် ရပ်တည်ဖို့ စိတ်ကူးနေပြီလား 🎶❔

‎မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐓𝐓𝐂 (Teacher Training Course) ကို 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭
(Sound Master)ကနေ စီစဥ်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ် . . .

‎မြန်မာနိုင်ငံရဲ့ ပထမဆုံး 𝐒𝐨𝐮𝐧𝐝 𝐌𝐚𝐬𝐭𝐞𝐫 ကိုယ်တိုင်ဦးစီးကာ သင်ကြားပေးမယ့် သင်တန်းဖြစ်တဲ့အပြင် နိုင်ငံတကာအသိအမှတ်ပြု 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 တစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့ အခြေခံပညာရပ်အားလုံးကို အပြည့်အစုံ သင်ယူလေ့လာခွင့် ရရှိမှာဖြစ်ပါတယ် ✨

‎🎓 သင်တန်းတက်ရောက်ပြီးစီးမယ်ဆိုရင် -

‎✅ 𝐍𝐞𝐩𝐚𝐥 𝐘𝐨𝐠𝐚 𝐒𝐜𝐡𝐨𝐨𝐥 မှ ပေးအပ်သော Certificate ကိုရရှိမှာဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 တစ်ဦးအဖြစ် တရားဝင် ရပ်တည်နိုင်ခြင်း

‎✅ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ Theory နဲ့ Practice ပညာရပ်အားလုံးကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်ခြင်း

‎✅ ကိုယ်ကိုယ်တိုင် Healing Session တွေကို ဦးဆောင်နိုင်ပြီး 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 တစ်ဦးဖြစ်လာခြင်း

‎စတဲ့ အခွင့်အရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပါ . . .

‎𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐓𝐓𝐂 𝐃𝐞𝐭𝐚𝐢𝐥𝐬
‎🗓️ Date - Dec 26, 27, 28, 29, 30 (၅ ရက် တိတိ)
‎⏰ Time - 9:30 AM to 4:00 PM
‎📍Location - Hotel Zealax (Yangon)


‎📌 ဒါနဲ့ ဒီလိုသင်တန်းမျိုးကို ပထမဆုံး စာရင်းပေးသွင်းပြီး သင်တန်းအပ်နှံသူ 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 (၅) ဦးအတွက် အထူးအခွင့်အရေးအနေနဲ့ ‘ကျပ် (၅) သိန်းတိတိ’ လျှော့ချပေးမယ့် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 အစီအစဥ်လည်း ရှိတာမို့ လက်ဦးမှု ရယူဖို့တော့ လိုအပ်ပါတယ်နော် 😉

‎ကဲ . . . ဒီတော့ နိုင်ငံတကာအဆင့်မီ 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐞𝐫 တစ်ဦးအဖြစ် ရပ်တည်ချင်ရင် ထူးခြားတဲ့ အခွင့်အရေးတွေနဲ့ 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐓𝐓𝐂 သင်တန်းကို လုံးဝ လက်လွတ်မခံဘဲ အခုပဲ အပ်နှံလိုက်တာ့နော် 🥰

‎📌 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐓𝐓𝐂 ကို အပ်နှံဖို့ စုံစမ်းလိုပါက 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 ရဲ့ Page Messenger မှာ စုံစမ်းနိုင်ပါတယ်ရှင့်





၁၃၈၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် တွင် ကျရောက်သော (၁၀၅) ကြိမ်မြောက် “အမျိုးသားအောင်ပွဲနေ့” ကို 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 -...
14/11/2025

၁၃၈၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် တွင် ကျရောက်သော

(၁၀၅) ကြိမ်မြောက် “အမျိုးသားအောင်ပွဲနေ့” ကို 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 မှ ကြိုဆို ဂုဏ်ပြုအပ်ပါတယ် . . .

#အမျိုးသားနေ့

05/11/2025

ကျွန်မတို့ ယောဂပညာရပ်မှာ

Moon Salutation (Chandra Namaskar)

လမင်းဂါရဝပြုကျင့်စဥ်ရှိပါတယ်။

လပြည့်ညနဲ့ လပြည့်ကျော် ၁ ရက်နေ့တွေမှာ လေ့ကျင့်ရင်

လမင်းစွမ်းအင်ကို ပိုမိုခံယူနိုင်ပြီး

ပိုအစွမ်းထက်တယ်လို့ ဆိုရိုးရှိပါတယ်။

Feminine power ကိုအားကောင်းစေပါတယ်။

Traditional Chandra Namasakar "

လမင်းဂါရဝပြုကျင့်စဉ် "(Moon Salutation)

အာဆန လေ့ကျင့်ခြင်းအားဖြင့် ရလာမည့်အကျိုးကျေးဇူးမှာ -

🌕ခန္ဓာယ်ကိုယ်တခုလုံးကို အားရှိစေသည် ။

🌕ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေသည်။

🌕ခန္ဓာကိုယ် ကျစ်လျစ် အချိုးကျစေသည် ။

🌕ခန္ဓာကိုယ် တစ်ကိုယ်လုံးကို လှပတောက်ပြောင်စေသည်။

🌕ခန္ဓာကိုယ်စွမ်းအင်တိုးစေသည် ။

🌕အစာခြေအားကောင်းစေသည် ။

🌕အစာကို ကောင်းမွန်စွာကျေစေသည် ။

🌕ပျင်းရိခြင်းကင်းစေသည် ။

🌕ခန္ဓာကိုယ်ကို အမြဲပေါ့ပါးလန်းဆန်းစေသည် ။

🌕စိတ်တည်ငြိမ်အေးချမ်းစေသည်။

မနက်ဖြန် လပြည့်ကျော်တရက်နေ့
Oct 5နေ့ည 8:00 -9:00 Pm အချိန်မှာ
Zoom Meeting နဲ့ လေ့ကျင့်ပါမယ်။

စိတ်ဝင်စားသူများအားလုံးလဲ
အတူလေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်။

Meeting ID: 818 6581 7366
Passcode: Chandra




🌕 တူရွှင်နွှဲပျော် တန်ဆောင်တိုင်ပွဲတော် အချိန်အခါသမယမှာ မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီ...
04/11/2025

🌕 တူရွှင်နွှဲပျော် တန်ဆောင်တိုင်ပွဲတော် အချိန်အခါသမယမှာ

မြန်မာနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ဘေးအန္တရာယ်ကင်းကွာ၍ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . . 🪔

#တန်ဆောင်တိုင် #တန်ဆောင်တိုင်လပြည့် #တန်ဆောင်မုန်း

03/11/2025

ယောဂနဲ့ပတ်သက်တဲ့ အမေးများတဲ့ မေးခွန်းများကိုဖြေကြားခြင်း.......

ခိုင်ခန့် ယောဂစသင်ကတဲက ယောဂစိတ်ဝင်စားတဲ့သူတွေ မေးလေ့မေးထ ရှိတဲ့ မေးခွန်းတွေက......

- ကျွန်မက အကြောတွေအရမ်းတင်းတယ်
မပျော့ဘူးယောဂကျင့်လို့ရနိုင်ပါ့မလား။

- ကျွန်မကဝတယ် ယောဂကျင့်လို့မလုပ်နိုင်လောက်ဘူးထင်တယ်နော်။ယောဂကျင့်ရင်ကော ပိန်နိုင်သလား။

- ကျွန်မမှာ ကျီးပေါင်းဝေဒနာခံစားနေရတယ်
ယောဂအာစနတွေ ကြောင့် အန္တရာယ်ရှိနိုင်လား။

- ကျွန်မက သွေးတိုး ၊ဆီးချို ၊ နှလုံး၊ ဝေဒနာတွေခံစားနေရပါတယ် ယောဂလေ့ကျင့်ရင် သက်သာနိုင်ပါ့မလား။

- ကျွန်မ အသက်ကြီးနေပြီ ယောလေ့ကျင့်လို့ ရနိုင်ပါအုံးမလား။

- ယောဂကျင့်ရင် ခန္ဓာကိုယ်လှသလား တင် ရင် ကြီးချင်လို့ရမလား။

- ယောဂကျင့်ရင် ပိန်ဖို့ အချိန်ဘယ်လောက်ယူရသလဲ။

- ယောဂကို ဆရာမပါပဲ လေ့ကျင့်ဖို့ ဘယ်လောက်အချိန်ကြာနိုင်သလဲ။

အစရှိသဖြင့် မေးခွန်းလေးတွေမေးကြပါတယ်။
အဲ့အခါမှာ ခိုင်ခန့်က ဒီလို ပြန်ဖြေလေ့ရှိပါတယ်။

ယောဂလေ့ကျင့်စဥ်ကို တကယ်သာစိတ်ဝင်စားတယ်ဆိုရင်ပိန်ပိန်ဝဝ ပျော့ပျော့မာမာ ရောဂါရှိရှိမရှိရှိ အသက် ကြီးကြီးငယ်ငယ် မိမိနဲ့ကိုက်ညီမဲ့
ယောဂကျင့်စဥ်တွေကိုသေသေချာချာရွေးချယ်ပြီးလေ့ကျင့်လို့ရပါတယ်။

ဒီနေရာမှာ မိမိနဲ့ကိုက်ညီမဲ့ယောဂကျင့်စဥ်လို့ သေချာထည့်ပြောရတာက ယောဂဟာ အာစန Yoga Pose တမျိုးထဲ မဟုတ်လို့ပါပဲ။ ကွေးနိုင် ကောက်နိုင် ပျော့နိုင် မာနိုင်မှယောဂလေ့ကျင့်လိုရတာမဟုတ်ပါဘူး။"Yoga is not only asana"ပါ

ယောဂလေ့ကျင့်တဲ့ အကျိုးတွေကို မိမိတကယ်သာခံစားရယူချင်ရင် ကိုယ့်ရဲ့ Unique Body၊
Unique Structure၊ ကိုယ့်ရဲ့ Medical History နဲ့ကိုက်ညီမဲ့ များစွာသော Unique design ပုံဖော်လေ့ကျင့်လို့ရတဲ့ ယောဂကျင့်စဥ်တွေ အများကြီး ရှိနေလို့ပါပဲ။

ကဲ ဥပမာဆိုပါတော့ အိပ်ယာပေါ်ကမထနိုင်ဘူး၊
ဒါမှမဟုတ် ထိုင်ရကမထနိုင်ဘူး၊ ဒါမှမဟုတ် ရောဂါဝေဒနာတခုခု ခံစားရလို့ ဆေးဝါးကုသမှု ခံယူနေလို့
ယောဂအာစန လေ့ကျင့်ဖို့ရာမှာ စိတ်ဓာတ်အင်အား လူအင်အား အဆင်သင့်မဖြစ်ဘူးဆိုတဲ့ သူတွေရော
ယောဂအကျိုးကို မရယူ မခံစားထိုက်ဘူးလား
သူတိုမှာ အခွင့်အရေးမရှိဘူးလား။

အဖြေက အသက်ရှင်ရပ်တည်နေတဲ့ လူတိုင်းလူတိုင်းအချိန်တခုပေးပြီး စိတ်ရှည်သည်းခံမှု ဇွဲလုံ့လ ကျိုးစားမှုရှိရှိနဲ့ ယောဂလေ့ကျင့်စဥ် အကိုင်းအခက်အလက်တွေ အမျိုးအမျိုးရှိတဲ့ထဲက မိမိနဲ့အဆင်ပြေ လိုက်ဖက်ညီတဲ့ ယောဂလေ့ကျင့်စဥ်တမျိုးမျိုး ဒါမှမဟုတ် တမျိုးထက်ပိုပြီး ပေါင်းစပ်ရွေးချယ်
လေ့ကျင့်မယ်ဆိုရင် မိမိခံစားနေရတဲ့ ဝေဒနာတွေကနေ သက်သာလာနိုင်မယ်ဆိုတဲ့အကြောင်း
ပြောပြချင်ပါတယ်။

နောက်တချက် ယောဂကျင့်ရင်ပိန်နိုင်သလား ပိန်ဖို့
အချိန်ဘယ်လောက်ကြာမလဲ တင် ရင် ကော လှလာအုံးမှာလားဆိုတဲ့ မေးခွန်းကိုပြန်ဖြေရရင်ဖြင့်

ယောဂဟာ ပိန်ဖို့ တခုထဲအတွက် ဦးတည်ရည်ရွယ်ပြီးလေ့ကျင့်တဲ့ လေ့ကျင့်ခန်းတခုမဟုတ်ကြောင်း ခန္ဓာကိုယ် အလှအပအတွက် ဦးစားပေးလေ့ကျင့်တဲ့ လေ့ကျင့်ခန်းတခုထက် အများကြီးပို​ လေးနက်တဲ့ ပညာရပ်ဖြစ်ကြောင်း ပြောချင်ပါတယ်။

မိမိသာ ယောဂကို အချိန်တခုပေးပြီး စိတ်ရှည်ရှည်
ဇွဲရှိရှိနဲ့ စဥ်ဆက်မပြတ် အချိန်မှန်လဲလေ့ကျင့်မယ်
အာဟာရပြည့်ဝတဲ့ အစားအစာ ဖြည့်စွက်အာဟာရ
တွေကို သင့်တင့်မျှတအောင် စားသုံးမယ်
ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူမှုဘဝကို နေထိုင်မယ်ဆိုရင်အချိန်တခုရောက်ရင် ကျစ်လှပအချိုးကျတဲ့ ခန္ဓာကိုယ်တခုကို ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ လို့ပြောချင်ပါတယ်။အချိန်ဘယ်လောက်ကြာမလဲ ဖြေရရင်တော့ "Depends on your lifestyle and exercises" လို့ပဲဆိုချင်ပါတယ်။

နောက်ဆုံး မေးခွန်း ဆရာမပါပဲ လေ့ကျင့်ဖို့ အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုတဲ့ မေးခွန်းကိုပြန်ဖြေရရင်ဖြင့် အဲ့ဒါလဲ မိမိရဲ့ စိတ်ဝင်တစားလေ့လာအားထုတ် ကျိုးပမ်းမှုအပေါ်မှာပဲ မူတည်နေတယ်လို့ဖြေပါရစေ။ လူတယောက်ခြင်းစီရဲ့ ယောဂအပေါ် စိတ်ပိုင်းဆိုင်ရာအာရုံစူးစိုက်လေးနက်မှု သူရဲ့ ပင်ကို ခန္ဓာကိုယ် ဖွဲ့စည်းမှု ဝေဒနာအခံတွေပေါ်မူတည်ပြီး လူတယောက်နဲ့တယောက်မတူကွဲပြားနိုင်ကြောင်းလဲ ပြောပြချင်ပါတယ်။

မိမိပိုကျိုးစားလေလေ ပိုမြန်လေလေပါပဲ ဒါပေမဲ့
နောက်ထပ် အချက်တချက်ကလဲ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တခုခုကြောင့်လဲ ဘယ်လောက်ကျိုးစား ကျိုးစား အလွယ်တကူ ဖြစ်မလာဘူး ခက်ခဲနေတယ်ဆိုတဲ့ အခြေအနေကိုလဲ မိမိကိုယ်ကို အပြစ်တင် စိတ်အားမငယ်နေပဲ မိမိခန္ဓာကိုယ်ရဲ့ စကားကို နားထောင်ပြီးလက်ခံနားလည်တတ်ဖို့ လိုအပ်ကြောင်းလည်းပြောပြချင်ပါတယ်။

ကဲ အမေးများတဲ့ မေးခွန်လေးတွေကို ခိုင်ခန့်ရဲ့ ကိုယ်ပိုင်ခံယူထင်​မြင်ချက်နဲ့ ပြန်လည်ဖြေကြားပြီးပါပြီ။

ခိုင်ခန့်နဲ့ အတွေးတူ အမြင်တူ ယောဂစိတ်ဝင်စားသူတွေကိုလဲ ခိုင်ခန့်နဲ့အတူလေ့ကျင့်ချင်တယ်ဆိုရင်ဖြင့် ပုံမှန် လစဥ် ဖွင့်လှစ်နေတဲ့ ယောဂလေ့ကျင့်မှု အချိန်တွေ နေ့ရက်တွေကို ဖော်ပြပေးထားပါတယ်။

November Regular Yoga Class
📆 ,Tue, Wed ,Thus,Fri
⏰ 7:30 - 8:30 pm
With Zoom Meeting
ဆက်သွယ်စုံစမ်းရန် - cb or09892456696



ပင်ပန်း ခက်ခဲနေတဲ့နေ့ရက်တွေကို ယောဂကျင့်ရင်း အဖြေရှာပါ 💁‍♀️✨အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ စိတ်ပင်ပန်းမှုတွေဟာ တချ...
02/11/2025

ပင်ပန်း ခက်ခဲနေတဲ့နေ့ရက်တွေကို
ယောဂကျင့်ရင်း အဖြေရှာပါ 💁‍♀️✨

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ စိတ်ပင်ပန်းမှုတွေဟာ တချိန်ချိန်မှာ စုပြုံပြီး ခန္ဓာကိုယ်ပါ ရိုက်ခတ်တဲ့အထိ ပင်ပန်းမှုတွေ ကြုံတွေ့လာရတာကို ခံစားဖူးကြမှာပါ ✔️

ဒီလို ပင်ပန်းနွမ်းနယ်မှုတွေကို Reality Yoga မှာ
အာစန ယောဂကျင့်ရင်း ဖြေဖျောက်နိုင်ပါတယ်

💁‍♀️✨ အာစနယောဂ ကစားခြင်းကြောင့် ခန္ဓာကိုယ် ပျော့ပြောင်းလာပြီး ပေါ့ပါးသွက်လက်စေမဲ့အပြင် စိတ်ပင်ပန်းမှုတွေကို လျော့ချပေးနိုင်လို့ စိတ်ရော ကိုယ်ပါ တက်ကြွလန်းဆန်းစေပါတယ်

📍Reality Yoga မှာ November လ အတွက် Regular Yoga Class များ ပြန်လည် ဖွင့်လှစ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးရင်း ပညာဒါန အစီအစဉ်ရှိလို့ မိတ်ဆက်ပေးပါရစေနော် 📣📣

📍အစီအစဉ်လေးကတော့ -
ယခု Post ကို Public ဖြင့် Like & Share လုပ်ပြီး Share ထားတဲ့ပုံကို Reality Yoga Fb Page Comment မှာ Ss မန့်ပါ

မန့်ထားတဲ့သူတွေထဲက ညနေအတန်းအတွက် 5 ဦး ကို ရွေးချယ်ပြီး ပညာဒါန သင်ကြားပေးသွားမှာဖြစ်လို့ အခမဲ့ တက်ရောက်ခွင့် ရရှိမှာနော် ✅

📍ပညာဒါနအစီအစဉ်ထက် သင်တန်းကြေးသွင်းပြီး တက်ရောက်ဖို့ အားသန်နေပြီဆိုရင်
Asana Yoga Class ကို -

▫️သင်တန်းဖွင့်မည့်ရက် -November 10 ,2025

▫️သင်တန်းကာလ -
1 ပတ်လျှင် 4ရက် , တလလျှင် ၁၂ချိန်

▫️သင်တန်းရက်နှင့် အချိန်များ -
7:30 PM to 8:30 PM
,Tue,Wed,Thus,Fri

▫️သင်တန်းကြေး - 88,888 ကျပ်ဖြင့်
ဆယ်နှစ်ကျော် အတွေ့အကြုံရှိ ကျွမ်းကျင် Instructor ယောဂဆရာမမှ Zoom App ၊ Online မှတဆင့် သင်ကြားသွားမှာ ဖြစ်ပါတယ် ✅

📍အချိန် 1 နာရီပေးပြီး အတန်းမှန်တာနဲ့
ကျန်းမာရွင်လန်း စိတ်ပေါ့ပါးစေမှာ
အာမခံလို့ ကြိုတင် စာရင်းပေးသွင်းထားမှ စိတ်ချရပါမယ်ရှင် ✅

📣 စိတ်ရော ကိုယ်ပါ နှပျိုသွယ်လျမှုတွေ ပိုင်ဆိုင်ရင်း တစ်သက်တာ ဖြတ်သန်းလိုတယ်ဆိုရင် Reality Yoga နဲ့အတူ ခုပဲ လေ့ကျင့် လိုက်စို့နော် 📣

အသေးစိတ် ဆက်သွယ် စုံစမ်းမေးနိုင်ရန် -
💌 Reality Page Chat Box မှတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။






#ယောဂ #ယောဂအတန်း
#ယောဂပညာဒါန

🕯🪔 ဒီပါဝလီ (ဒေဝါလီ)နေ့ 🕯🪔ဆီမီးထွန်းညှိခြင်း (ဒီပ-ဆီမီး + ဝလီ-ထွန်းညှိခြင်း) လို့ အဓိပ္ပာယ်ရပါတဲ့ ဒီပါဝလီ (ဒေဝါလီ) နေ့ကို...
20/10/2025

🕯🪔 ဒီပါဝလီ (ဒေဝါလီ)နေ့ 🕯🪔

ဆီမီးထွန်းညှိခြင်း (ဒီပ-ဆီမီး + ဝလီ-ထွန်းညှိခြင်း) လို့ အဓိပ္ပာယ်ရပါတဲ့ ဒီပါဝလီ (ဒေဝါလီ) နေ့ကို ဆင်နွှဲကြမည့် မိတ်ဟောင်း မိတ်သစ်များအားလုံး ရောင်း၀ယ်ဖောက်ကားရေး၊ လုပ်ငန်းကိုင်ငန်း၊ ကုန်စည်ကူးသန်းရောင်း၀ယ်ရေးများအားလုံး တိုးတက်ကောင်းမွန်စေဖို့ 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 မိသားစု မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင် . . . 🪔

#ဒေဝါလီ #ဒီပါဝလီ

အသက်ရှူမှုကို ပြောင်းလဲလိုက်တာနဲ့ ကိုယ့်ရဲ့ဘဝကို ထိန်းချုပ်လာနိုင်တယ်ဆိုတာ သိပါသလား 🤗 ‎‎ရိုးရှင်းတဲ့ အသက်ရှူလေ့ကျင့်ခန်း...
14/10/2025

အသက်ရှူမှုကို ပြောင်းလဲလိုက်တာနဲ့ ကိုယ့်ရဲ့ဘဝကို ထိန်းချုပ်လာနိုင်တယ်ဆိုတာ သိပါသလား 🤗

‎ရိုးရှင်းတဲ့ အသက်ရှူလေ့ကျင့်ခန်းအဆင့်ကို ကျော်လွန်ပြီး အဆင့်မြင့် 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 နည်းစနစ်တွေကို စနစ်တကျနဲ့ ပညာရှင်ဆန်ဆန် လေ့လာဖို့ Ready ဖြစ်ပြီလား . . .

‎မိတ်ဆွေက ယောဂ၊ တရားထိုင်ခြင်း စတဲ့ အခြေခံအသက်ရှုလေ့ကျင့်ခန်းတွေကို လုပ်ဖူးပြီးပြီဆိုရင်တော့ ပိုမိုနက်ရှိုင်းတဲ့အဆင့်ကိုရောက်ဖို့ ခြေလှမ်းစလှမ်းနိုင်ပါပြီ 🥰

‎𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐂𝐨𝐮𝐫𝐬𝐞 ဆိုတာကတော့ 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 ရဲ့ အဆင့်မြင့်နည်းစနစ်တွေဖြစ်တဲ့ -
‎✓ Kumbhaka (အသက်အောင့်ခြင်း)
‎✓ Bandhas (စွမ်းအင်သော့ခတ်ခြင်း)
‎✓ Mudras (လက်အနေအထားများ)
‎စတဲ့ နည်းစနစ်တွေကို စနစ်တကျ လေ့လာရပြီး ခန္ဓာကိုယ်၊ စိတ်နဲ့ စွမ်းအင်တို့ရဲ့ ဆက်စပ်မှုကို ပိုမိုနားလည်စေဖို့ အထူးရည်ရွယ်ထားတဲ့ Course ဖြစ်ပါတယ်

‎ဒီ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐂𝐨𝐮𝐫𝐬𝐞 ကို ဘယ်သူတွေ တက်သင့်လဲ ❔

‎✅ အဆင့်မြင့် အသက်ရှူလေ့ကျင့်ခန်းကို စနစ်တကျ လေ့လာလိုသူများ
‎စိတ်ဖိစီးမှု သိသိသာသာ လျှော့ချခြင်း၊ အာရုံစူးစိုက်မှု မြှင့်တင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်း စွမ်းရည် တိုးတက်လာခြင်း စတဲ့ ခန္ဓာကိုယ်ဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်

‎✅ 𝐒𝐩𝐢𝐫𝐢𝐭𝐮𝐚𝐥 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 နဲ့ 𝐇𝐢𝐠𝐡𝐞𝐫 𝐒𝐞𝐥𝐟 ဆီ ခရီးနှင်ဖို့ စိတ်ဝင်စားသူများ
‎Pranayama ဟာ Kundalini စွမ်းအင် နိုးထဖို့နဲ့ Chakra တွေကို မျှတစေဖို့အတွက် မရှိမဖြစ် လမ်းစဖြစ်တဲ့အပြင် Nadi Shodhana နဲ့ Bhramari စတဲ့ နည်းစနစ်များနဲ့ ပိုမိုမြင့်မားတဲ့ သတိတရားဆီ တံခါးဖွင့်ပေးနိုင်ပါတယ်

‎✅ 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 သင်တန်းများ ပြန်လည်ပို့ချလိုသူများ
‎နက်နဲတဲ့ သီအိုရီ (Philosophy)၊ ရူပဗေဒ (Anatomy and Physiology) နဲ့ သင်ကြားနည်း (Teaching Methodology) တွေကို လေ့လာပြီး အရည်အချင်းပြည့်ဝတဲ့ ဆရာတစ်ဦး ဖြစ်လာဖို့ အထောက်အကူပြု‌ပေးနိုင်ပါတယ်

‎𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐂𝐨𝐮𝐫𝐬𝐞 ကို တက်ရောက်ပြီးပြီဆိုရင်တော့ -
‎☑️ အဆင့်မြင့် 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 နည်းစနစ်များကို သိရှိနားလည်လာခြင်း
‎☑️ စွမ်းအင်နယ်ပယ်ကို သိရှိနားလည်ခြင်းနဲ့ ထိန်းညှိနိုင်ခြင်း
‎☑️ စိတ်ကို အေးချမ်းငြိမ်းသက်စေပြီး အာရုံစူးစိုက်မှု ကို မြင့်တက်စေခြင်း
‎☑️ အတွင်းစိတ်ထဲက ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိခြင်း
‎☑️ ဝိညာဉ်ရေးရာ နိုးကြားမှု ခရီးစဉ်ကို စတင်နိုင်ခြင်း
‎☑️ သင်တန်းဆင်းလက်မှတ် ရရှိနိုင်ခြင်း

‎စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာပါ . . .


‎ဒါနဲ့ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐂𝐨𝐮𝐫𝐬𝐞 တက်ရောက်မယ့်သူတွေအတွက် အထူးအစီအစဉ်လည်းရှိပြီး အပ်နှံမယ့်သူ‌တွေထဲက ပထမဆုံးအပ်နှံသူ (၅) ဦးကို 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 အနေနဲ့ (၁၀၀,၀၀၀) ကျပ်တိတိကို 𝐂𝐚𝐬𝐡𝐛𝐚𝐜𝐤 ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ် 💰🎁

‎💌 သင်ကြားရေး အသေးစိတ် 💌
‎📌 သင်တန်းစဖွင့်မည့်ရက် - October (၁၈) ရက်နေ့
‎📌 သင်တန်းရက် - စနေ၊ တနင်္ဂနွေ (တစ်ပတ် ၂ ရက်)
‎📌 သင်တန်းကာလ - (၄) ပတ် [စုစုပေါင်း (၈) ကြိမ်]
‎📌 သင်တန်းချိန် - ည (၇:၃၀) ကနေ (၈:၃၀) အထိ
‎📌 သင်ကြားမည့်နည်းလမ်း - Online

‎အသက်ရှူခြင်းဟာ ဘဝရဲ့စွမ်းအင်ဖြစ်တာနဲ့အညီ ဒီစွမ်းအင်တွေကို ထိန်းချုပ်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ဘဝကို မိတ်ဆွေကိုယ်တိုင် ထိန်းချုပ်ကြည့်ချင်တယ်ဆိုရင်တော့ 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 ရဲ့ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐂𝐨𝐮𝐫𝐬𝐞 လေးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါရစေ 😍


‎📌 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐂𝐨𝐮𝐫𝐬𝐞 ကို အပ်နှံဖို့ စုံစမ်းလိုပါက 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 ရဲ့ Page Messenger မှာ စုံစမ်းနိုင်ပါတယ်ရှင့်


‎ #အသက်ရှူခြင်းအနုပညာ


ကျွန်မတို့ ယောဂပညာရပ်မှာMoon Salutation (Chandra Namaskar)လမင်းဂါရဝပြုကျင့်စဥ်ရှိပါတယ်။လပြည့်ညတွေမှာ လေ့ကျင့်ရင်လမင်းစွမ...
07/10/2025

ကျွန်မတို့ ယောဂပညာရပ်မှာ

Moon Salutation (Chandra Namaskar)

လမင်းဂါရဝပြုကျင့်စဥ်ရှိပါတယ်။

လပြည့်ညတွေမှာ လေ့ကျင့်ရင်

လမင်းစွမ်းအင်ကို ပိုမိုခံယူနိုင်ပြီး

ပိုအစွမ်းထက်တယ်လို့ ဆိုရိုးရှိပါတယ်။

Feminine power ကိုအားကောင်းစေပါတယ်။

Moon Energy အကောင်းဆုံးဖြစ်ပြီး
Yin Energy အများဆုံးရရှိနိုင်တဲ့နေ့တွေက
လပြည့်မတိုင်မီတရက်
လပြည့်နေ့နဲ့
လပြည့်ကျော်တရက်နေ့တွေဖြစ်ပါတယ်။

International Full Moon Day က ဒီနေ့ဖြစ်တဲ့အတွက် Tradition Chandra Namaskar ကို လေ့ကျင့်ပါမယ်။

Traditional Chandra Namasakar "

လမင်းဂါရဝပြုကျင့်စဉ် "(Moon Salutation)

ဤ အာဆန လေ့ကျင့်ခြင်းအားဖြင့် ရလာမည့်အကျိုးကျေးဇူးမှာ -

🌕ခန္ဓာယ်ကိုယ်တခုလုံးကို အားရှိစေသည် ။

🌕ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေသည်။

🌕ခန္ဓာကိုယ် ကျစ်လျစ် အချိုးကျစေသည် ။

🌕ခန္ဓာကိုယ် တစ်ကိုယ်လုံးကို လှပတောက်ပြောင်စေသည်။

🌕ခန္ဓာကိုယ်စွမ်းအင်တိုးစေသည် ။

🌕အစာခြေအားကောင်းစေသည် ။

🌕အစာကို ကောင်းမွန်စွာကျေစေသည် ။

🌕ပျင်းရိခြင်းကင်းစေသည် ။

🌕ခန္ဓာကိုယ်ကို အမြဲပေါ့ပါးလန်းဆန်းစေသည် ။

🌕စိတ်တည်ငြိမ်အေးချမ်းစေသည်။

Oct 7 နေ့ည 7:30-8:30 မှာ

လေ့ကျင့်မှာမလို့ စိတ်ဝင်စားသူများ
အားလုံးလဲ

အတူလေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်။



🪔 အဘိဓမ္မာအခါတော်နေ့ 🪔🕯️ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှစလို့ စင်္ကြာဝဠာအတွင်းရှိ သတ္တဝါများအားလုံး ကောင်းက...
06/10/2025

🪔 အဘိဓမ္မာအခါတော်နေ့ 🪔

🕯️ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှစလို့ စင်္ကြာဝဠာအတွင်းရှိ သတ္တဝါများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒ ဟူသမျှ ပြည့်ဝကြပါစေလို့ 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 မှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်.... 🌕
#သီတင်းကျွတ် #သီတင်းကျွတ်လပြည့်နေ့

‎ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ချစ်ခင်ရသူတွေကို ဘယ်လိုလက်ဆောင်မျိုး ပေးမလဲ စဉ်းစားနေပါသလား 🪔🎁 ‎‎ဒီနှစ် သီတင်းကျွတ်မှာ...
04/10/2025

‎ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ချစ်ခင်ရသူတွေကို ဘယ်လိုလက်ဆောင်မျိုး ပေးမလဲ စဉ်းစားနေပါသလား 🪔🎁

‎ဒီနှစ် သီတင်းကျွတ်မှာတော့ ပုံမှန်ပေးဖူးနေကျ လက်ဆောင်တွေအစား ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်းစေမယ့် အဓိပ္ပာယ်ရှိတဲ့ 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 ရဲ့ ကျန်းမာရေးလက်ဆောင် ကို ပေးကြရအောင်နော် . . .

‎ကျန်းမာရေးလက်ဆောင်လေးကတော့ 𝐌𝐢𝐧𝐝𝐟𝐮𝐥 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝐘𝐨𝐠𝐚 𝐂𝐥𝐚𝐬𝐬 ကို 𝐁𝐮𝐲 𝐎𝐧𝐞 𝐆𝐞𝐭 𝐎𝐧𝐞 𝐅𝐫𝐞𝐞 ရရှိနိုင်မယ့် 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 လေးပဲ ဖြစ်ပါတယ် ✅

‎𝐎𝐧𝐥𝐢𝐧𝐞 ကနေ သင်ကြားပေးမယ့် ဒီ 𝐌𝐢𝐧𝐝𝐟𝐮𝐥 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝐘𝐨𝐠𝐚 𝐂𝐥𝐚𝐬𝐬 ကို မိမိတစ်ယောက်တည်းစာပဲ ပေးသွင်းလိုက်ရုံနဲ့ ချစ်ခင်ရသူတစ်ဦးပါ အတူတူ အခမဲ့ တက်ရောက်ခွင့်ရရှိမှာပါ။

‎ချစ်ခင်ရသူတွေဆီကို 𝐒𝐮𝐫𝐩𝐫𝐢𝐬𝐞𝐝 𝐆𝐢𝐟𝐭 အနေနဲ့ ပို့ပေးလိုသူတွေအတွက်လည်း ပို့ပေးတဲ့အပြင် မိဘဆွေမျိုး၊ ဆရာသမား၊ လုပ်ဖော်ကိုင်ဖက်၊ အချစ်ဆုံးသူငယ်ချင်း စတဲ့ ချစ်ခင်တန်ဖိုးထားရတဲ့ ဘယ်သူ့ကိုမဆို ဒီကျန်းမာခြင်းလက်ဆောင်လေးကို ပေးလို့ရပါတယ် ✨

‎𝐘𝐨𝐠𝐚 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐃𝐞𝐭𝐚𝐢𝐥𝐬

‎📌 သင်တန်းစတင်မဲ့ရက်
‎အောက်တိုဘာ (၇) ရက်နေ့

‎📌 သင်တန်းရက်
‎အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ
‎(တစ်ပတ် ၄ ရက် တစ်လ ၁၂ ချိန်)

‎📌 သင်တန်းအချိန်
‎ည (၇:၃၀) ကနေ (၈:၃၀) အထိ

‎📌 သင်တန်းကြေး - ၈၈,၈၈၈ ကျပ်

‎ဒီတော့ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 လည်းအရယူရင်း ချစ်ရသူအတွက် ကျန်းမာခြင်းလက်ဆောင်လေးပေးဖို့ 𝐌𝐢𝐧𝐝𝐟𝐮𝐥 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝐘𝐨𝐠𝐚 𝐂𝐥𝐚𝐬𝐬 ကို အပ်နှံမယ်ဆိုရင်တော့ 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 ရဲ့ Page Messenger မှာ အပ်နှံနိုင်ပါတယ်ရှင် 💬





Address

Mandalay
11181

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959962055512

Website

Alerts

Be the first to know and let us send you an email when Khaing Khant - Reality Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khaing Khant - Reality Yoga:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category