17/09/2021
🥜🍚 " Vitamin B " 🍚🥜
အာရုံကြောအားဆေး (သို့) ဗီတာမင် ဘီ
------------------------------------------
🔻ခေါင်းကိုက်တာ ၊ အာရုံကြောအားနည်းတာ ၊ ဇက်ကြောတက်တာ တွေကို Neurobion ကစလို့ Princi- B forte အားဆေးတွေအထိ သောက်သုံးတာမြင်ဘူး ကြားဘူးကြမှာ ပါ။
🔻ဘာကြောင့် ဘီ(B) အားဆေးကို သောက်ရပါသလဲ။ ပြောရရင်တော့ ဘီ(B) အုပ်စုဝင် အားဆေးတွေဟာ ဦးနှောက်နဲ့အာရုံကြောကို ကျန်းမာအောင် ထိန်းထားပေးတဲ့ အဓိက သက်စောင့်ဓာတ်တွေမို့ပါပဲ။
🔻Thiamine, riboflavin, niacin, pyridoxine, pantothenic acid, cobalamine, folic acid, biotin စတဲ့ ဘီ ဝမ်း(B1) မှ သည် ဘီ တွဲ (B12) ထိသက်စောင့်ဓာတ်တွေပဲ ဖြစ်ပါတယ်။
🔻သူတို့ဟာ လူကြီးတွေ အတွက်သာမက မိခင်ဗိုက်ထဲရှိ သန္ဓေသားအတွက်ပါ ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်စေပါတယ်။
🔻 အချို့သော ဖောလစ်အက်ဆစ်( folic acid) ချို့တဲ့သော မိခင်တွေမှာ ဦးနှောက်နှင့် ဦးခေါင်း မဖွံ့ဖြိုးတဲ့ ကလေးမွေးနိုင်သည် အထိ အရေးပါပါတယ်။
🔻သာမန်ကျန်းမာသူတွေအတွက် သာမက အတက်ရောဂါရှိသူတွေ ၊ မျက်စိအားနည်းသူတွေ ၊ ခြေလက်ထုံကျင်သူများ နှင့် အာရုံကြောပြဿနာရှိသူများ အတွက် ဘီ(B) ပါဝင်တဲ့အားဆေးတွေက ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
🔻Thiamine, riboflavin, niacin တို့ဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ပိုင်းဆိုင်ရာလုပ်ငန်းများမှာ ကူညီပေးနေသည်။
🔻Pantothenic acid, pyridoxime, biotin တို့က အိပ်ခြင်း နိုးခြင်းစက်ဝန်းကို ကောင်းစွာ ထိန်းချုပ်ပေးထားသည့်အပြင် စိတ်ဓာတ်တက်ကြွစေပြီး အစားအသောက်ကောင်းမွန်စေအောင်ပါ ကူညီပေးပါသည်။
🔻ဖောလစ်အက်ဆစ်နှင့် cobalamin ကမူ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားဘဝ အတွက် လွန်စွာ လိုအပ်ပြီး ဦးနှောက်ဖွံ့ဖြိုးစေပါသည်။
🔻ထို့ပြင်အာရုံကြောများကို ကောင်းစွာလုပ်ငန်းဆောင်ရွက်အောင် ကူညီပေးပြီး နှလုံးကျန်းမာရေးကိုပါ ကောင်းမွန်စေသည်။ ထိုမျှမက ၎င်းတို့ချို့တဲ့ပါက သွေးအားနည်းခြင်းကို ဖြစ်စေတတ်သည်။
💊 ဗီတာမင် ဘီဝမ်း(B1) - ဆန်၊ ပဲအမျိုးမျိုး၊ ဂျုံစေ့ပင်ပေါက်၊ ဝက်သား၊ ပေါင်မုန့် စတာတွေက ရရှိပြီး
💊 ဗီတာမင် ဘီ ဆစ်(B6)(pyridoxime ) - အသား၊ ငါး၊ အာလူး၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုး
💊 ဗီတာမင် ဘီ တွဲ(B12)(cobalamine ) - တိရစ္ဆာန်မှ ရရှိသော အစားအစာများ( အသည်း၊ အနီရောင်ရှိသောအသားများ၊ ငါး၊ ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ)
💊 ဖောလစ်အက်ဆစ်(B9) - အသည်း၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ဤဓာတ်ထပ်မံ ဖြည့်စွက်ထားသော အာဟာရပစ္စည်းများ
💊 ဘိုင်အိုတင်(B7) - အသည်း၊ ဥ အနှစ်များ၊ ပဲပုတ်၊ တဆေး စသည်တို့ စားသုံးခြင်းမှ ရရှိနိုင်ပါသည်။
ဤ ဘီ(B) အမျိုးအစား ဗီတာမင်များသည် ရေတွင် ပျော်ဝင်၍ ခန္ဓာကိုယ်မှ မလိုအပ်လျှင် ဆီးမှ တစ်ဆင့် စွန့်ထုတ်နိုင်သဖြင့် များများစားသုံး၍ ဘေးထွက်ဆိုးကျိုးဖြစ်ခြင်း နည်းပါးပါသည် 👍👍👍
🔻ဗီတာမင်ဘီ (Vitamin B) ချို့တဲ့မှုများကို မကြာခဏတွေ့မြင်နေကြရသည်။ အထူးသဖြင့် အစားအစာ ကန့်သတ်ခြင်းခံနေရသော 🤰ကိုယ်ဝန်ဆောင် နှင့် 🤱 နို့တိုက်မိခင်များ ၊ ဆီးချိုသမားများ ၊ အရက်သမား အပြင် မြန်မာနိုင်ငံတွင် ဖွေးဖွေးဖြူအောင်ဖွတ်ထားသောဆန်များ🍚 ၊ ဆန်ဟောင်းများ စားသုံးခြင်းနှင့် အာဟာရမျှတအောင် မစားသုံးနိုင်ခြင်းတို့ကြောင့် ပိုများများ ဖြစ်လာကြပါသည်။
🔻ထို့ကြောင့် ခြေလက်ထုံကျင်ခြင်း ၊ ဇက်ကြောတက်ခြင်း မှ စ၍ အာရုံကြောဆိုင်ရာပြဿနာများ ဖြစ်ပွားပါက ဆရာဝန်နှင့် တိုင်ပင်၍ အားဆေးများ ၊ ဗီတာမင် ဘီ(Vitamin B) ဖြည့်စွက်ထားသော စားစရာများစားသုံးသင့်ပါသည်။
ရီချို(ဆေး ၁)
m.me/Myomyanmar2022 မှာဝယ်ယူအားပေးနိုင်ပါတယ်ရှင့်။