Shwe Thet Lon Health Care & Medical Service

Shwe Thet Lon  Health Care & Medical Service ကျန်းမာရေးစောင့်ရှောက်မှု
နှင့်
ဆေးဘက်ဆိုင်ရာ ဝန်​ဆောင်မှု

ကျန်းမာရေးအသိပညာပေး 👨🏻‍⚕️💉💊

အသည်းအဆီဖုံးခြင်းကိုလျော့ချပေးသည့် အသီးအနှံများ နှင့် အသည်းကိုသန့်စင်ပေးသော အရည်များ ✨Best Fruits that reduce fatty live...
30/10/2025

အသည်းအဆီဖုံးခြင်းကိုလျော့ချပေးသည့် အသီးအနှံများ နှင့် အသည်းကိုသန့်စင်ပေးသော အရည်များ ✨
Best Fruits that reduce fatty liver and Best Liver cleansing Drinks 🍓🍋‍🟩🍌🍋🍍🍅🥑🥕🫜




👨🏻‍⚕️👩🏻‍⚕️🩺

🍐🍒🍇🍊🍅🍆🫛🥒🥬🌽မိမိတို့နေ့စဉ်စားသုံးနေတဲ့ ဟင်းသီးဟင်းရွက် နဲ့ သစ်စီးဝလံတွေမှာ ဘယ်လိုဓာတ်တွေပါဝင်ပြီး ကောင်းကျိုးတွေပါသလဲဆိုတာ...
29/10/2025

🍐🍒🍇🍊🍅🍆🫛🥒🥬🌽
မိမိတို့နေ့စဉ်စားသုံးနေတဲ့ ဟင်းသီးဟင်းရွက် နဲ့ သစ်စီးဝလံတွေမှာ ဘယ်လိုဓာတ်တွေပါဝင်ပြီး ကောင်းကျိုးတွေပါသလဲဆိုတာကို မျှဝေဖော်ပြပေးလိုပါတယ်👨🏻‍⚕️👩🏻‍⚕️🩺





လူကြီးမင်းတို့၏ စက်ရုံ ၊ အလုပ်ရုံ နှင့် စာသင်ကျောင်းများ အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ၊ အကြံပေး နှင့် ရှေးဦးသူနာပြု...
27/10/2025

လူကြီးမင်းတို့၏ စက်ရုံ ၊ အလုပ်ရုံ နှင့် စာသင်ကျောင်းများ အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ၊ အကြံပေး နှင့် ရှေးဦးသူနာပြု သင်တန်း တို့ကို သိရှိလိုပါက ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါရန်သတင်းကောင်းပါးအပ်ပါသည် 🙏🏻🙏🏻🙏🏻

SHWE THET LON
We Care about your Health 💙🩺

24/10/2025
ရေပူချိုးခြင်း နှင့် ရေအေးချိုးခြင်း၏ကောင်းကျိုးနှင့်ဆိုးကျိုးများ ရေချိုးတဲ့အခါမှာ ရေပူ နဲ့ ချိုးတာကို ကြိုက်နှစ်သက်ကြသ...
23/10/2025

ရေပူချိုးခြင်း နှင့် ရေအေးချိုးခြင်း၏ကောင်းကျိုးနှင့်ဆိုးကျိုးများ

ရေချိုးတဲ့အခါမှာ ရေပူ နဲ့ ချိုးတာကို ကြိုက်နှစ်သက်ကြသူများရှိသလို ရေအေး နဲ့ရေချိုးတာကိုလည်း ကြိုက်နှစ်သက်တဲ့ သူများရှိကြပါတယ် ၊၊ ဒီကနေ့ ကျန်းမာရေးအရကြည့်မယ်ဆိုရင်ဖြင့် ရေပူနဲ့ချိုးတာ ၊ ရေအေးနဲ့ချိုးတာ နှစ်မျိုးလုံးကတော့ ခန္ဓာကိုယ်ကို သူ့နည်းသူ့ဟန် နဲ့တဖက်တလမ်းကနေ ကူညီပေးနေပါတယ် ။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ပူတဲ့အချိန်ကာလမှာ ရေအေး နဲ့ချိုးတာ ၊ အေးတဲ့အချိန်ကာလမှာဆိုရင် ရေပူ နဲ့ချိုးတဲ့အခါတွေလည်း ရှိကောင်းရှိကြမှာပါ။ အခုတခါမှာတော့ ရေပူနဲ့ရေချိုးခြင်း နှင့် ရေအေးနဲ့ရေချိုးခြင်းတို့က ကျွန်ုပ်တို့ကို ဘယ်လို ကောင်းကျိုး နဲ့ ဆိုးကျိုး အနေဖြင့် ခန္ဓာကိုယ်ကို အထောက်အကူပြုမယ်ဆိုတာ စာဖတ်သူတို့အတွက် ရေးသားပေးခြင်းဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ရေပူ ဖြင့်ရေချိုးခြင်း၏ကောင်းကျိုးများကိုဖော်ပြပေးလိုက်ပါတယ်။ ကောင်းကျိုးများမှာတော့
(၁) ကြွက်သားများတင်းမာမှု နှင့် အညောင်းအညာများအားပြေလျော့စေခြင်း
မိမိ၏တနေ့တာပင်ပန်းနွမ်းနယ်မှုများကို အိမ်ရောက်သည့်အခါတွင် ရေနွေးဖြင့်ရေချိုးခြင်း ၊ ရေစိမ်ခြင်းများပြုလုပ်ပေးသည့်အခါတွင် ခန္ဓာကိုယ်အတွင်းရှိကြွက်သားများတင်းမာနေမှုများနှင့် အညောင်းအညာများ ကိုပြေလျော့စေပါသဖြင့် နေသာထိုင်သာရှိစေပါသည်။ အဘယ့်ကြောင့်ဆိုသော်ရေနွေးတွင် ကြွက်သားများကို ပြေလျော့စေနိုင်ခြင်းနှင့် အညောင်းအညာများကို ပြေလျော့စေသည့်အစွမ်းသတ္တိရှိပါသည်။
(၂) နှာစေးနှာပိတ်ခြင်းကို သက်သာစေခြင်း
အသက်ရှူလမ်းကြောင်းတလျှောက်ရှိ ချွဲ ၊ သလိပ်များကို ရေနွေး၏အပူရှိန်ကြောင့် ပျော်ကျစေကာ ပြင်ပသို့စွန့်ထုတ်ဖို့ရန်အတွက် လွယ်ကူစေနိုင်ပါသည်။ ရေနွေးငွေ့ရှူပေးခြင်းဖြင့် အလားတူ အကျိုးသက်ရောက်မှုများကိုလည်းရရှိစေနိုင်ပါသည်။
(၃) ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း
ရေနွေးဖြင့်ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်ရှိအကြောတောင့်တင်းမှုများ ၊အကြောတက်ခြင်း နှင့် ကြွက်သားများတာင့်တင်းမှုကို ပြေလျော့စေသလို ၊ စိတ်ဖိစီးမှုများကိုလည်း လျော့နည်းစေနိုင်သည့်အတွက် ကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်စေခြင်းကိုအထောက်အကူပြုပါသည်။ ပင်ပန်းနွမ်းနယ်သောနေ့များတွင် ညအိပ်ရာမ၀င်မှီရေနွေးဖြင့်ရေချိုးသင့်ပါသည်။
ကောင်းကျိုးတွေပြောပြီးပြီဆိုတော့ ဆိုးကျိုးလေးတွေကိုပြောပြပါမယ်။ ဆိုးကျိုးအနေနဲ့တော့
(၁) ချွေးပေါက်များကို ကျယ်စေနိုင်ခြင်း
ရေနွေး၏အပူရှိန်ကြောင့် ရေချိုးသည့်အခါတွင် ချွေးပေါက်များကို ကျယ်လာစေပါသည်။ ထို့အပြင်မျက်နှာတွင်ချွေးပေါက်များအလွန်ကျယ်လာပါက မျက်နှာအရေပြား၏အလှအပကို ထိခိုက်စေပါသည်။ ဒါ့ကြောင့် ရေနွေးဖြင့်ရေချိုးမည်ဆိုပါက မျက်နှာအား တိုက်ရိုက်မထိတွေ့စေဖို့ရန်အတွက်ဂရုစိုက်ရပါမည်။
(၂) အရေပြားယားယံမှုဖြစ်ပေါ်ခြင်း
ရေနွေးဖြင့် ကြာရှည်စွာရေချိုးခြင်းကြောင့် အရေပြား၏အစိုဓာတ်ကို ခမ်းခြောက်သွားစေ၍အသားအရေခြောက်ကာယားယံခြင်းကိုဖြစ်ပေါ်စေပါသည်။
အရေပြားမှိုစွဲခြင်း ၊ နှင်းခူ နှင့် အခြားသောအရေပြားပြဿနာရှိသူများအနေဖြင့် ပိုဆို ဆိုးရွားစေနိုင်သောကြောင့် ရေနွေးဖြင့်မချိုးသင့်ပါ။

အခုတခါမှာတော့ ရေအေးဖြင့်ရေချိုးခြင်းရဲ့ကောင်းကျိုးလေးတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ကောင်းကျိုးများမှာ -
(၁) အရေပြားယားယံခြင်းကိုသက်သာစေနိုင်ခြင်း
ရာသီဥတုပူသည့်အခါ အရေပြားပေါ်တွင် မိတ် ၊ အဖုအပိန့်များ ထွက်ပေါ်လာပါသည်။ ထိုအခါတွင် အရေပြားဆိုင်ရာပြဿနာများပေါ်ခြင်းနှင့် ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်ခြင်းတို့ကြောင့်အရေပြားယားယံခြင်းကိုဖြစ်ပေါ်စေပါသည်။
အရေပြားယားယံခြင်းသည် အပူချိန်မြင့်သည့်အခါတွင် ပိုမိုဆိုးရွားလာတတ်သောကြောင့် အေးမြစေနိုင်သောလိမ်းဆေးများကို လိမ်းပေးသကဲ့သို့ရေအေးအေးဖြင့် ရေချိုးပေးပါက အရေပြားရှိယားယံမှုကိုသက်သာစေပါသည်။
(၂) စိတ်ကို လန်းဆန်းစေခြင်း
တညတာလုံးအနားယူပြီးနောက် မနက်စောစောတွင် ရေအေးအေးဖြင့်ရေချိုးမည်ဆိုပါက စိတ်ကိုကြည်လင်လန်းဆန်းမှုဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အတူ အလုပ်မှအပြန် ညနေခင်းပိုင်း အိမ်ပြန်ရောက်သည့်အခါများတွင် ရေအေးဖြင့်ရေချိုးပါက တနေ့တာလုံး၏ပင်ပန်းနွမ်းနယ်မှုများကို သက်သာစေကာ စိတ်ကိုပြန်လည်ကြည်လင် လန်းဆန်းတက်ကြွစေပါသည်။
(၃) သွေးလည်ပတ်မှုကောင်းစေ၍ကြွက်သားများနာကျင်မှုကို သက်သာစေခြင်း
အရေပြားကိုရေအေးဖြင့်ထိတွေ့တဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးစီးဆင်းနှုန်း မြန်လာပြီး တစ်ရှူးအတွင်းရှိသွေးတွေပါ မြန်မြန်လည်ပတ်စီးဆင်းစေနိုင်သဖြင့် သွေးလည်ပတ်မှုစနစ်ကောင်းမွန်စေပါသည်။ ထို့အပြင် လေ့ကျင့်ခန်းများလုပ်ပြီးတဲ့အခါရေအေးဖြင့်ချိုးလိုက်သည့်အခါမှာညောင်းညာကိုက်ခဲခြင်းမှပြေလျော့သွားစေပါသည်။ အဓိကအနေဖြင့် ရေအေးဖြင့်ချိုးခြင်းသည် ခန္ဓာကိုယ်မှ ကြွက်သားများတောင့်တင်းခြင်း ၊နာကျင်ခြင်းများကို ပြေလျော့စေပြီးသက်သာစေပါသည်။
ကောင်းကျိုးများကိုဖော်ပြပြီးတဲ့အခါမှာတော့ဆိုးကျိုးများကိုလည်း ဖော်ပြပေးပါမယ်
ရေအေးဖြင့် အချိန်ကြာရှည်စွာရေချိုးသည့်အခါတွင် အအေးမိခြင်း ၊ ဖျားနာခြင်း များဖြစ်ပေါ်တတ်ပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်၏ကိုယ်ခံအားနည်းသည့်အချိန်တွင်ပို၍ဖြစ်ပေါ်တတ်ပါသည်။ ရာသီဥတု အေးသည့်အချိန် ၊ ဖျားနာသည့်အချိန် ၊ နှာစေးနှာပိတ်ဖြစ်သည့်အချိန်တွင် ရေအေးဖြင့်ချိုးခြင်းအားရှောင်သင့်ပါသည်။

👨🏻‍⚕️📱လူကြီးမင်းတို့ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကျွန်ုပ်တို့နှင့်အတူ တိုင်ပင်နိုင်ကြောင်း နှင့် ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့ကျန်းမာရေးအတွက် ကူညီပေးရန် အသင့်ရှိနေပါသည်။

We are ready to help your health and available to discuss any issues you may have.

SHWE THET LON
“We Care About Your Health”💙🩺

ရောဂါအခေါ်အဝေါ်လေးတွေကိုလေ့လာကြပါစို့Let’s learn about diseases and illness by English 👨🏻‍⚕️🩺👨🏻‍⚕️📱လူကြီးမင်းတို့ ကျန်းမ...
21/10/2025

ရောဂါအခေါ်အဝေါ်လေးတွေကိုလေ့လာကြပါစို့
Let’s learn about diseases and illness by English 👨🏻‍⚕️🩺

👨🏻‍⚕️📱လူကြီးမင်းတို့ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကျွန်ုပ်တို့နှင့်အတူ တိုင်ပင်နိုင်ကြောင်း နှင့် ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့ကျန်းမာရေးအတွက် ကူညီပေးရန် အသင့်ရှိနေပါသည်။
We are ready to help your health and available to discuss any issues you may have.
SHWE THET LON
“We Care About Your Health”💙🩺

Happy Diwali 🪔 🪔 🪔
20/10/2025

Happy Diwali 🪔 🪔 🪔

ပါရာစီတမောအကြောင်းသိဖွယ်ရာ Paracetamol 💊💉👨🏻‍⚕️☎️လူကြီးမင်းတို့ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်အကြောင်းအရာများအား ...
18/10/2025

ပါရာစီတမောအကြောင်းသိဖွယ်ရာ
Paracetamol 💊💉

👨🏻‍⚕️☎️လူကြီးမင်းတို့ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကျွန်ုပ်တို့နှင့်အတူ တိုင်ပင်နိုင်ကြောင်း နှင့် ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့ကျန်းမာရေးအတွက် ကူညီပေးရန် အသင့်ရှိပြီး ဆက်သွယ်လိုပါက Hotline Number +959 758762205 သို့ 24 နာရီ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

We are ready to help your health and available to discuss any issues you may have. If you would like to contact us, please call our 24-hour Hotline Number +959 758762205 .

SHWE THET LON
“We Care About Your Health”💙🩺

ဆီးအရောင်ပြောင်းလဲခြင်းအကြောင်းသိကောင်းဖွယ်ရာNotice about Urine Color Change 👨🏻‍⚕️☎️လူကြီးမင်းတို့ ကျန်းမာရေးနှင့်ပတ်သက်...
17/10/2025

ဆီးအရောင်ပြောင်းလဲခြင်းအကြောင်းသိကောင်းဖွယ်ရာ
Notice about Urine Color Change

👨🏻‍⚕️☎️လူကြီးမင်းတို့ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကျွန်ုပ်တို့နှင့်အတူ တိုင်ပင်နိုင်ကြောင်း နှင့် ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့ကျန်းမာရေးအတွက် ကူညီပေးရန် အသင့်ရှိပြီး ဆက်သွယ်လိုပါက Hotline Number +959 758762205 သို့ 24 နာရီ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

We are ready to help your health and available to discuss any issues you may have. If you would like to contact us, please call our 24-hour Hotline Number +959 758762205 .

SHWE THET LON
“We Care About Your Health”💙🩺

လူကြီးမင်းတို့အတွက် ကျန်းမာရေးဆိုင်ရာဗဟုသုတများ ၊ ဆောင်းပါးများ နှင့် အသိပညာပေးအကြောင်းအရာများအား အလွယ်တကူသိရှိဖို့ရန်  ...
16/10/2025

လူကြီးမင်းတို့အတွက် ကျန်းမာရေးဆိုင်ရာဗဟုသုတများ ၊ ဆောင်းပါးများ နှင့် အသိပညာပေးအကြောင်းအရာများအား အလွယ်တကူသိရှိဖို့ရန် “ရွှေသက်လုံ” ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဆေးဘက်ဆိုင်ရာ၀န်ဆောင်မှု ရဲ့ TIKTOK အကောင့်အား Followထားရုံဖြင့် သိရှိနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပေးအပ်ပါသည်။

👨🏻‍⚕️☎️လူကြီးမင်းတို့ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကျွန်ုပ်တို့နှင့်အတူ တိုင်ပင်နိုင်ကြောင်း...
16/10/2025

👨🏻‍⚕️☎️လူကြီးမင်းတို့ ကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကျွန်ုပ်တို့နှင့်အတူ တိုင်ပင်နိုင်ကြောင်း နှင့် ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့ကျန်းမာရေးအတွက် ကူညီပေးရန် အသင့်ရှိပြီး ဆက်သွယ်လိုပါက Hotline Number +959 758762205 သို့ 24 နာရီ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

We are ready to help your health and available to discuss any issues you may have. If you would like to contact us, please call our 24-hour Hotline Number +959 758762205 .

SHWE THET LON
“We Care About Your Health”💙🩺

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Thet Lon Health Care & Medical Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram