WE Connect 997

WE Connect 997 Guidelines for Animal Healthcare, Knowledge Sharing and Online Consultation

15/02/2026

ဒီရက်ပိုင်းတွေ Cb မကြည့်အားလို့ပါ။
ဆေးခန်းလိပ်စာတွေ Pin post မှာ ရှာကြည့်ပါနော်

ဆေးခန်းလိပ်စာ အသစ်မှာ ၃၀၃(ခ)/၃၀၄(က) မဂ်လာလမ်း၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ပါ ခင်ဗျာ။
15/02/2026

ဆေးခန်းလိပ်စာ အသစ်မှာ ၃၀၃(ခ)/၃၀၄(က) မဂ်လာလမ်း
၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ပါ ခင်ဗျာ။

January ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ

ဆေးခန်းနေရာပြောင်းရွှေ့နေတာမို့

ဆေးခန်းပိတ်ပါတယ်ခင်ဗျ။

7 ရက်နေ့မှာ ပြန်ဖွင့်ပါမယ်ခင်ဗျာ။

ဆေးခန်းလိပ်စာအသစ်မှာ

၃၀၃(ခ)/၃၀၄(က) မဂ်လာလမ်း
၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ပါ ခင်ဗျာ။

လေးစားအပ်ပါသော ဆရာ/ ဆရာမတို့ရှင့်Oct 18/19, 2022ကတည်းက ကျွန်မကိုယ်တိုင် ရှာဖွေစုဆောင်းထားတဲ့  ဆေးခန်းလိပ်စာတွေနဲ့အတူ လက်...
05/07/2025

လေးစားအပ်ပါသော ဆရာ/ ဆရာမတို့ရှင့်
Oct 18/19, 2022ကတည်းက ကျွန်မကိုယ်တိုင် ရှာဖွေစုဆောင်းထားတဲ့ ဆေးခန်းလိပ်စာတွေနဲ့အတူ လက်လှမ်းမှီသလောက် ဆရာဝန်နာမည်တွေ ရေးသားဖော်ပြထားတဲ့ Ygn/Mdy Post လေးတွေက Like / Share ဖြင့် တိချစ်သူတွေအတွက် အဆင်ပြေတဲ့ Post တစ်ခု ဖြစ်ခဲ့ပါတယ်။

မြို့နယ်တစ်ခုချင်းစီရဲ့Postတိုင်း မှာ တချို့ဆေးခန်းလိပ်စာပြောင်းခြင်း/ ဆရာဝန်အပြောင်းအလဲရှိခြင်းနှင့်အတူ မှားယွင်းမှု တစ်စုံတစ်ရာရှိခဲ့ပါက သက်ဆိုင်ရာ Postတွေ မှာပဲ ပြန်လည် Edit လိုပါသောကြောင့် ဆရာ/ဆရာမတို့ရဲ့ Clinic Updated Info တွေကို WE Connect 997 ရဲ့ Page Messenger သို့ ပေးပို့နိုင်ပါတယ်ရှင့်။

ထပ်မံရျ်အကြံပေးချက်များရှိပါကလည်း ပေးပို့နိုင်ပါတယ်ရှင့်။

2025 Updated Pet Clinics in Yangon ရန်ကုန်မြို့ တိရစ္ဆာန် ဆေးကုခန်းများ1) 🏥 AMSC( Animal Medical and Surgical Center) 10...
03/03/2025

2025 Updated Pet Clinics in Yangon
ရန်ကုန်မြို့ တိရစ္ဆာန် ဆေးကုခန်းများ

1) 🏥 AMSC( Animal Medical and Surgical Center)
1091/ A, Thanthumar Road, 5 Quarter, South Okkalapa Tsp, Ygn.
Dr.William Min/Dr.Hnin Oo Wai /Dr.Thura Naing

2) 🏥 Royal Vet Clinic
အမှတ် ( ၂၈၇) ၊ ရွှေဂုံတိုင်လမ်း ၊ ဗဟန်း ၊ ရန်ကုန်
Dr.Myat Oo

3) 🏥 Mingalar Veterinary Clinic
No.(24), 152nd Street, Top of Baho Street, Tamwe Township, Yangon, Myanmar.
Dr.Kyaw Zay Ya

4) 🏥 Phyo Veterinary Surgery
Building C, Zaw Ti Ka Housing Room, No 001 ( Ground floor) , Lay Daung Kan St, Thin Gan Kyun Tsp, Yangon

5) 🏥 Pyay Veterinary Clinic
471 C, Pyay Road, Ward 8, Kamayut Tsp, Facing Pyay & Tagaung Hall, Yangon

6) 🏥 Baho Vet Animal Health
No A 29, Thazin ( 1) street, FMI City, Hlaing Thar Yar Tsp, Yangon

7) 🏥 Aung Veterinarian
Yangon industrial Park (Zaykabar) , Mingaladon , Ygn

Dr Zaw
သမိုင်းကုလားကျောင်းမှတ်တိုင်အနီး
မနက် ၉ ခွဲမှ ည ၇ ခွဲထိ ပိတ်ရက်မရှိဖွင့်ပါတယ်
Dr Zaw Ye Naing
09442650771

ကောင်းကောင်းစံ ဆေးခန်း
လှိုင်သာယာ မီးခွက်စျေး စာသင်ကျောင်းဘေးလမ်း
မနက် ၈ ခွဲမှ ည ၇ ခွဲထိ ပိတ်ရက်မရှိဖွင့်ပါတယ်
Dr Chan Aye Kyaw
09442442961 ( crd to Ma Khaing Lae Soe)🤍

8)🏥 Happy Paws Vet Clinic
အမှတ် ( ၉၀) မြေညီထပ် ၊ ၈ ရပ်ကွက် ၊ နဝရတ် ၁၀ လမ်းထိပ်၊ နဝရတ်လမ်းမကြီးပေါ်၊ ကမာကြည်တံတားအနီး၊ သာကေတ၊ ရန်ကုန်
Dr.Hsu Mon Than/Dr.Hnin Ei Wai
09446092463

ကျီးပင်လမ်း|မြို့မအရှေ့ရပ်ကွက် | မြို့မစျေးအနီး သန်လျင်
Dr.Hsu Mon Than /Dr.Naw Thinzar Htoo
09254455618/09651571717

9) 🏥 Life+ Vet Clinic
Clinic ( 1) သုဓမ္မာလမ်းမကြီး ၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဣန္ဒာမှတ်တိုင်)
Clinic ( 2) အမှတ် ( ၁၂၆၄) ၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဗိုလ်ဗထူးအိမ်ယာရှေ့၊ ၄၃ ရပ်ကွက် ၊ မြောက်ဒဂုံ
Dr.Khant Zaw Aung

10) 🏥 မင်း တိရစ္ဆာန် ဆေးကုခန်း
မင်္ဂလာလမ်း၊ ဧရာဝင်လမ်း ၊ စမ်းချောင်း
Dr.Ye Zaw Han
095014606

11 ) Dr Smile တိရစ္ဆာန်ဆေးကုခန်း
အမှတ် (၈၇) ၊ အထက်ဗဟိုလမ်း၊ သမိုင်းမုဒိတာအိမ်ယာ(၁) အနီး၊ (၂)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
Dr.Saw Zayar Naing
09 406 469 644

12 ) Aung Thukha Veterinary Clinic
အမှတ် (၁၁၃၃/ခ) မြေညီထပ်၊ သုမနလမ်းမ၊ မာန်ပြေလမ်းဆုံထိပ်(ရွှေကံကော်ဆိုင်အရှေ့) ၊ (၂)တောင်ရပ်ကွက်၊ သာကေတ မြို့နယ် ၊ ရန်ကုန်မြို့။

13 ) Aung Veterinary Clinic
အမှတ် 463 လှိုင်မြစ်လမ်း အင်းစိန်မြို့နယ် ရန်ကုန်
အောင်ဇေယျကြိုးတံတားမတက်ခင် ဦးပုမုန့်တိုက်ဘေး
09 250 292 151

14 ) Central Yangon တိရစ္ဆာန် ဆေးကုခန်း
ကျိုက္ကဆံအိမ်ရာ(တိုက်/၂)၊ ကျိုုက္ကဆံလမ်းမပေါ် ၊ ArYu ဆေးရုံ နှင့်တာမွေစျေးဟောင်းမှတ်တိုင်အနီး၊တာမွေမြို့နယ်၊ရန်ကုန်။
Dr.Htet Thura / Dr.Lae Tharaphe Lwin
09761228210

15 )

16 ) 🏥 ဝေဇယန္တာ ဆေးခန်း
ဝေဇယန္တာလမ်းမ။ ပါရမီညောင်ပင်
မီးပွိုင့်အနီး။တောင်ဥက္ကလာ။
ph:09 250153081
Dr.Kyaw Lwin

17 ) 🏥 မြိတ္တ တိရစ္ဆာန်ဆေးကုခန်း
အမှတ် ( ၁၄၂)၊ အခန်း ၃ ၊ သံသုမာလမ်းမကြီး၊ သုဝဏ္ဏ၊ သင်္ယန်းကျွန်း
Dr.Ba Myint / Dr.Thidar Aye/Dr.Amy Soe
09450007088/ 095078360

18 ) 🏥 ဧရာဝတီ တိရစ္ဆာန်ဆေးကုခန်း
အမှတ် ၁၀၅၁ ၊ ပြည်ထောင်စုလမ်း ၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
Dr.Kyaw Min Htun
095085069

19 ) 🏥 Vets For Pets - Vet Clinic
No 27, Myaung Mya Street, Sanchaung Tsp, Ygn
09 250882718

20 ) 🏥 Pet Lover Vet Clinic
မြောက်ဒဂုံ ၊ ပင်လုံလမ်းမကြီးပေါ်၊ CB Bank အနီး
Dr.Hsu Lei Yee Tun
09954795651

21 ) 🏥 Moe Ma Kha Vet Clinic
အမှတ် ( ၄၁)၊ မြေညီ ၊ မိုးမခလမ်း ၊ စမ်းချောင်းမြို့နယ်
095373150

22 ) 🏥 ကြာညိုပန်း Vet Clinic

သုမင်္ဂလာလမ်း ၊ တောင်ဥက္ကလာရဲစခန်းရှေ့၊ စာတိုက်မှတ်တိုင်၊ တောင်ဥက္ကလာ
01572863

အမှတ်(၁၂၅)၊လေးဒေါင့်ကန်လမ်း၊ဆ/ကရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်။
phone-09445843995

ကြာညိုပန်း(သမိန်ဗရမ်း)
အမှတ်(၁၁၄)၊မြေညီထပ်၊သမိန်ဗရမ်းလမ်း၊ တာမွေ(ခ)ကြီးရပ်ကွက်၊ တာမွေမြို့နယ်

23 ) 🏥 ခိုင်ရွှေဝါ တိရစ္ဆာန် ဆေးကုခန်း
ခိုင်ရွှေဝါလမ်း၊ သာကေတ၊
095056648

24 ) 🏥 လှိုင်ဘွားအောင် တိရစ္ဆာန်ဆေးကုခန်း
တပင်ရွှေထီးလမ်း ၊ အရှေ့ဒဂုံ
Dr.Htin Aung
09421050273

25 ) 🏥 My Pet Vet Clinic
လှည်းတန်း ၊ ရွာမကျောင်းလမ်း၊
09448017644

26 ) 🏥 Royal Asia
No ( 297) ၊ သံသုမာလမ်း ၊ ဘေလီတံတားအနီး ၊ တောင်ဥက္ကလာ

27 ) 🏥 MAY Vet Clinic
Bldg ( 17/2) , Mar Ta Li St, Hlaing Myint Mo Housing, Kan Road, Hlaing Tsp, Yangon

28 ) Forever Veterinary Surgery
🏥 ဆေးခန်း(၁)-တိုက်(၂)၊အခန်း(၅)၊(၃)ရပ်ကွက်၊လှိုင်မြို့နယ်၊ဘုရင့်နောင်လမ်းမကြီး၊ဘူတာရုံလမ်းမှတ်တိုင်အနီး။095402360,
09965402360,
09765402360

🏥 ဆေခန်း(၂)-အမှတ်(၆၆)၊ဗဟိုလ်လမ်း၊လှည်းတန်း ခိုင်ရွှေဝါ မှတ်တိုင်အနီး၊(၃)ရပ်ကွက်၊ကမာရွတ်မြို့နယ်
09789105554,
09798658919
09266184455

🏥 ဆေးခန်း(၃)- အမှတ်၉၆၉၊ မြေညီထပ်၊ ရှုခင်းသာလမ်း၊ ခိုင်ရွှေဝါနှင့် ဓမ္မာရုံမှတ်တိုင်ကြား၊ (၁၀) တောင်ရပ်ကွက်၊ သာကေတမြို့နယ်၊ရန်ကုန်။
09-752-46-3389
09-752-47-3389
09-989-336-216

🏥 ဆေးခန်း(၄)-အမှတ်(၁၆၆/၄)၊ရေစက်မှတ်တိုင်အနီး၊သံသုမာလမ်းမကြီး၊၂၄ရပ်ကွက်၊သုဝဏ္ဏ၊ သဃ်န်းကျွန်းမြို့နယ်၊
09-798-842-524
09-973-796-912
09-771-596-557

🏥 ဆေးခန်း(၅)-တိုက်အမှတ်(တိုက်အမှတ်၅၃၄/က)၊၄တောင်ရပ်ကွက်၊မြင်တော်သာလမ်းနှင့် ယမုံနာလမ်းထောင့်(ဒေါပုံ)၊၃ဂိတ်ဟောင်းမှတ်တိုင်အနီး၊
09-766 800 515,
09-79 2020 865
09-942 636 042

29 ) 🏥 ပုဏ္ဏမီသစ္စာ တိရစ္ဆာန် ဆေးကုခန်း
အမှတ် ( ၆၈၅) ၊ သစ္စာလမ်း ၊ ( ၆ ) ရပ်ကွက် ၊ တောင်ဥက္ကလာ ၊ ရန်ကုန်
09764564720

30 ) 🏥 24 hours Vet Clinic
No ( 1118) ၊ ရာဇသူရ ၁၅ လမ်း ၊ ၇ ရပ်ကွက် ၊ တောင်ဥက္ကလာ
095067990

31. 🏥 PET WORLD
No ( 224) ၊ ငုဝါလမ်း ၊ ဆင်မင်းရပ်ကွက် ၊ အလုံ

အမှတ် (11)/ တောင်မြင်းပြိုင်ကွင်းလမ်း/ တာမွေ
09 446444654
Dr.Mya Thet San

32. 🏥 Pet Care Center Yangon
Bawga St, 9 mile, Mayangone Tsp, Myanmar
09450593999

33. 🏥 Paing Phyo Veterinary Clinic
Room No106, Bldg. 1, Myaing Hay Wun Housing, Ye Baw Houng St., Mayangone .Tsp, Yangon
Ph no 01-642237

34. 🏥 Dr 72 Animal Health Consultation Center
အမှတ် ၉ ကျိုက်ဝိုင်းဘုရားလမ်း၊သမိုင်းလမ်းဆုံမှတ်တိုင်အနီး၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
09969867312

Clinic ( 2 ) တိုက် ၆၆ ၊ မြေညီ၊ ဘုရားလမ်း ၊ ဦးအေး ( ၂ ) လမ်းထိပ် ၊ လှိုင်မြို့နယ် ၊ ရန်ကုန်

Clinic ( 3 ) ( ၇၂)ပြည်လမ်း ၊ ကျောင်းကြီးလမ်းထိပ် ၊ လေထီး ( ၁၆) မှတ်တိုင်အနီး ၊ မှော်ဘီမြို့ ၊ ရန်ကုန်
Dr.Khun Thura

** Dr 72 ရဲ့ဆေးခန်းခွဲတချို့ပိတ်ထားသည်ဟု သိရသဖြင့် ကြိုတင်ဖုန်းဆက်မေးပါရန်

35. 🏥 Moe Veterinary Clinic
အမှတ် ၅၁၊ မင်းရဲကျော်စွာလမ်း ဗဟို အမျိုးသမီး ဆေးရုံရှေ့ အလုံမြို့နယ်
Dr Khin San Maw

36. 🏥 City Vet Clinic
Clinic Hours - 8:30Am - 5:30 Pm ( Monday Close)
Adress - 12/ka, Htan Pin Kone 2 St, Phoe Myay Ward, Thanlyin
09955748685
Dr Si Si Aye Ko
နေရာပြောင်းရွေ့ထားသည်ဟု သိရ ( မသေချာပါသဖြင့်) ကြိုတင် ဖုန်းဆက်မေးပါရန်

37. 🏥 DC တိရစ္ဆာန် ဆေးကုခန်း
အမှတ် ( ၁၅၆) ၊ စံပြ ( ၄ ) လမ်း ၊ စံပြရပ်ကွက် ၊ သင်္ယန်းကျွန်း
09250012160

38. 🏥 Dr THz ( Pet Clinic and Pet Accessories )
အမှတ် ၂၁၆, ၅/၁ ရပ်ကွက် , ​ရွှေလမ်း, ​ရွှေပြည်သာမြို့နယ် ။
Dr Than Htaik Zaw

39. 🏥 သမုဒယ တိရစ္ဆာန်ဆေးကုခန်း
အမှတ် 21/A ၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ ရာပြည့်စျေးအနီး၊ တာမွေ
Dr Chit Su Htwe

40. 🏥 Happy Vet Clinic
အမှတ် ၂၁/၄ ၊ ပုဂံလမ်း ၊ ရွှေပေါက်ကံမြို့သစ်
Dr Aung Ko Lin

41. 🏥 7 One Veterinary Clinic
No ( 146) သုမင်္ဂလာလမ်း ၊ တောင်ဥက္ကလာ

အမှတ် 26/ လှော်ကားလမ်းမကြီး / 24 ရပ်ကွက် / တောင်ဒဂုံ

အမှတ် 172/ ပင်လုံလမ်းမကြီး/ 32 ရပ်ကွက် /ဆက်သွယ်ရေးမှတ်တိုင်အနီး/ မြောက်ဒဂုံ

Dr.Hnin Pwint Hlaing/ Dr.Khaing Mi Mi Lwin/ Dr.Cherry / Dr.Sithu Min

42. 🏥Hein Veterinary Clinic
သန်လျင်ချဥ်းကပ်လမ်း၊ ၁၀၈တောင်ဘုရားမှတ်တိုင်အနီး၊သာကေတမြို့နယ်။
Ph: 09 969836595, 09 73017787

43. 🏥 Su Veterinary Clinic
အမှတ်-၅၁၉/က+ခ၊(၁၃)ရပ်ကွက်၊ ​ကောလိယ(၂၃)လမ်း​၊​တောင်ဥက္ကလာပမြို့နယ်

44. 🏥Dr.အောင်စိုး
အမှတ်၄၃၇ နွယ်နီ ၁၃ လမ်း
မြောက်ဥက္ကလာ
Ph- 09-420098530

45. 🏥 Dr Pet. Pet Health Care Center
အမှတ် (၄) ၊ ( ၃) ရပ်ကွက် ၊ အေးရိပ်မွန်လမ်း ၊ လှိုင်မြို့နယ် ၊ ရန်ကုန်

46. 🏥 အဝေရာ တိရစ္ဆာန်ဆေးကုခန်း
အမှတ် ၂၁၊ ယမုံနာလမ်း ၊ ဒေါပုံမြို့နယ်၊ ရန်ကုန်။
09458569690

47. 🏥 My Pet တိရစ္ဆာန်ဆေးကုခန်း
လှည်းတန်း၊ ရွာမကျောင်းလမ်း၊ 09448017644

48. 🏥 Companion Animal Medical Centre
အမှတ် ၄၁၂/B ၊ ဗညားဒလလမ်း၊ ဗျိုင်းကွက်ရပ်ကွက်၊တာမွေ၊ 0933078557

49. 🏥 Dr.Khin Hnin Win
အမှတ် ၂၁၆/၃၊ အရှေ့ ရန်ကင်းရန်ရှင်းလမ်း
0943029417

50. 🏥 Dr Mo Veterinary Clinic and Pet Accessories
ဗဟိုလမ်း၊ သိရီမြိုင်၊ လှိုင်မြို့နယ်၊ ရန်ကုန်
09986649667

51. 🏥 အလုံ
အမှတ် ၇၄ ဧရာဝတီလမ်း
ဆင်မင်းလမ်းနဲ့ အလုံလမ်းကြား
ဌာနာရပ်ကွက် အလုံ
Ph- 09-448045571; 09-795563774

52. 🏥 Dr.အေးမင်း
အမှတ်၇ သဇင်လမ်း ပုဇွန်တောင်
Ph-09-5133208

53. 🏥 Dr.ဘိုသံမဏိ
အမှတ်၄၇၄ ဘုရင့်နောင်လမ်း
ရွာမBusကားမှတ်တိုင်အနီး အင်းစိန်
Ph-01-647163 ; 09-30023970

54. 🏥 ချယ်ရီ
အမှတ်၃၄၈ ပထမထပ် ကုန်သည်လမ်း
ဗိုလ်တထောင်

55. 🏥 Companion Animal Medical Centre
အမှတ် ၄၁၂/B ဗညားဒလလမ်း
ဗျိုင်းကွက် ရပ်ကွက် တာမွေ
Ph-09-33078557

56. 🏥 Department of Veterinary &
Slaughter House
လေးထပ် ဆိပ်ကမ်းသာလမ်း
ကျောက်တံတားမြို့နယ်
Ph-01-377165; 01-241786

57. 🏥 Garfield
အမှတ် ၁၁ ဧရာလမ်း ညရပ်ကွက်
မြောက်ဥက္ကလာ
Ph-09-49221149 ; 09-972602444

58. 🏥 Green Light
အမှတ် ၅၈ ဦးရေခဲလမ်း မရမ်းကုန်း
Ph- 09-261199445

59. 🏥 လှိုင်
အမှတ်၂၃၆ ရဲကူးဘူတာရုံလမ်း
မရမ်းကုန်း
Ph-01-657106; 09-795523655

60. 🏥 Dr.Kan
အမှတ် ၆၀ A ၆မိုင်ခွဲ ပြည်လမ်း ရန်ကုန်
(ကျောင့်ကွေ့မှတ်တိုင်နီး)
Ph- 01538649

61. 🏥 အောင်
အမှတ် ၃၃ C မိုးကောင်းလမ်းနှင့်ဘောက်ထော်ဘူတာရုံလမ်း
မှတ်တမ်းရုံးမှတ်တိုင်အရှေ့ ရန်ကင်း
Ph- 095117870

62. 🏥 ဒေါက်တာခင်နှင်းဝင်း
အမှတ် ၂၁၆/၃ အရှေ့ရန်ကင်း
ရန်ရှင်းလမ်း
Ph- 0943029417

63. 🏥 ကရုဏာ
တိုက် ၁၄ မြေညီခန်း ပုညဝတ္တနလမ်း
(အသောက လမ်းနဲ့ ကျောကပ်) တာမွေမြို့နယ်
Ph- 0973054226 09252582459

64. 🏥 Kwa Saw
အမှတ် ၁၄ G ဘူတာရုံလမ်း နံ့သာကုန်း အင်းစိန်
Ph- 01641590

65. 🏥 ချောကလျာ
အမှတ် B3 အနောက်ကြို့ကုန်း အင်းစိန်လမ်းမကြီး
Ph- 01723604

66. 🏥 ချောကလျာ ၂
၁၁ B သာယာကုန်းလမ်း အင်းစိန်
Ph- 642520 723604 095172613

67. 🏥 ချောကလျာ ၃
၃/၄ သာယာကုန်းလမ်း နံ့သာကုန်း
ရပ်ကွက်
ဘီအိုစီကွေ့ ဓာတ်ဆီဆိုင်အနီး အင်းစိန်
Ph- 095172613

68. 🏥 ဆွေမွန်
အခန်း၁၀၄ တိုက်၄ အောင်ချမ်းသာအိမ်ရာ
အရှေ့ရွှေဂုံတိုင်လမ်း ဗဟန်း
Ph- 01554100 (254)

69. 🏥 မြန်မာတိရစ္ဆာန်ကုသရေးနှင့်
မွေးမြူရေး ရုံးခွဲ
အာလိင်ငါးဆင့်ဘုရားအနီး အင်းစိန်
Ph- 01640205 01572509

70. 🏥 KS Animal Health Centre
၁၄ G အင်းစိန်ဘူတာရုံလမ်း နံ့သာကုန်းရပ်ကွက်
Ph- 01641590

71. 🏥 ကောင်း
F/77 ရွှေစံပယ် ၆လမ်း FMI City
လှိုင်သာယာ
Ph- 01-637133

72. 🏥 လှိုင်
တိုက် ၃၇ အခန်းအမှတ် ၀၀၃
အောင်ဇေယျ အိမ်ရာ အင်းစိန်
Ph- 09-73232772

73. 🏥 ထက်
အမှတ်၁၃၀ ဗိုလ်ချုပ်အောင်ဆန်းလမ်း
ရွှေလမ်းထောင့် ၅ရပ်ကွက်
ရွှေပြည်သာ
Ph-09-31286638; 09-261412440

74. 🏥 အင်ကြင်းစု
တိုက် ၄၁ အခန်း F/1 E လမ်း
မဟာမြိုင် အိမ်ရာ မြောက်ဒဂုံ

75. 🏥 Fuji
အောင်မင်္ဂလာလမ်း၊ကျောက်မြောင်းအရှေ့ရပ်ကွက်၊ တာမွေမြို့နယ်

76. 🏥 ကံ့ကော်
အမှတ် 8/A တတိယထပ် ၁၅၅လမ်း
(က/ဂငယ်)တာမွေကြီးရပ်ကွက် တာမွေ
Ph-01-545726

77. 🏥 ကောင်းကျော်စွာ
အမှတ် ၇၁ ကျောင်းကြီးလမ်း
စျေးကြီးအရှေ့ ရပ်ကွက်
ကြည့်မြင်တိုင်
Ph-01-510545 ; 01-517454

78. 🏥 Dr.ကျော်ဝင်း
တိုက် 332 အခန်း ၁ ရန်အေးလမ်း၂
၅ရပ်ကွက် ရန်ကင်း
Ph- 01-550212

79. 🏥 မီးအိမ်
အမှတ် ၄ မာလာမြိုင်လမ်း
ဗဟိုလမ်းထောင့် ၁၆ရပ်ကွက် လှိုင်
Ph- 09-421095468

80. 🏥 Dr.နေအောင်
အမှတ် 829 သမာဓိလမ်း
မေတ္တာညွန့်ရပ်ကွက် တာမွေ
Ph- 09-5028399

81. 🏥 ပါရမီ
အခန်း 2/D သုဓမ္မာလမ်း
အမှတ် ၁ ပလတ်စတစ်စက်ရုံအရောင်းခန်းမ
င ရပ်ကွက် မြောက်ဥက္ကလာ
Ph- 09-31052987

82. 🏥 နေဝန်းနီ
အမှတ် ၄ မြို့သစ် ၂လမ်း
ကျောက်မြောင်း အရှေ့ရပ်ကွက်
တာမွေ
Ph- 01-542159; 09-5046962 ;09-5101570

83. 🏥 Dr.တင်တင်ကျော်
Ph- 09-73009392

84. 🏥 Wonder Care
အမှတ် ၂၈ ဘုရင့်နောင်လမ်း
အနမ်းပင်ရပ်ငွက် မင်္ဂလာဒုံ
Ph-09-420039891; 09-43090987

85. 🏥 အောင်ဆေးခန်း
33-c.1,မိုးကောင်းလမ်းနှင့်ဘောက်ထော်
ဘူတာရုံလမ်း။ ရန်ကင်း။
မှတ်တမ်းရုံးမှတ်တိုင်ရှေ့။
Ph; 09 5117870
မနက် 8: 30 am- 11:00
ညနေ 4:00- 7:30 p

ခုရက်ပိုင်းတွေ Cb မှာ အမေးများတဲ့ရန်ကုန်မြို့ရဲ့အကောင်းဆုံးတိဆေးခန်းက ဘာလဲတို့/ မန္တလေးမြို့ရဲ့ အကောင်းဆုံးဆေးခန်းက ဘယ်ဆ...
02/03/2025

ခုရက်ပိုင်းတွေ Cb မှာ အမေးများတဲ့

ရန်ကုန်မြို့ရဲ့အကောင်းဆုံးတိဆေးခန်းက ဘာလဲတို့/ မန္တလေးမြို့ရဲ့ အကောင်းဆုံးဆေးခန်းက ဘယ်ဆေးခန်းလဲတို့ စတဲ့ မေးခွန်းအတွက် အဖြေမရှိလို့ ဆေးခန်းရွေးချယ်တဲ့အခါ အောက်ကအချက်တွေထဲက ကိုယ်နဲ့သင့်တော်အဆင်ပြေမဲ့ အကြောင်းအရာတွေ စဥ်းစားပြီး ရွေးချယ်လို့ရပါတယ်နော်

** ဆရာဝန်ရဲ့ လုပ်သက်အတွေ့ကြုံ

** ဆေးခန်းသုံးပစ္စည်းတွေ အလုံလောက်ထားခြင်းရှိ/မရှိ

** ဆေးရုံဆေးခန်းသုံး ပစ္စည်းQuality( ဆေးခန်းတစ်ခုနဲ့တစ်ခုရဲ့ကုန်ကျစရိတ်ကွာရခြင်း အကြောင်းရင်းပါ)

** ဆေးခန်းတည်နေရာ

** ဝန်ဆောင်မှု

** တိပိုင်ရှင်တစ်ယောက်ချင်းစီရဲ့ ငွေကြေးသုံးစွဲနိုင်မှု

** Valid licensed Vet ဟုတ် မဟုတ် ( ဒီအချက်က ခုနောက်ပိုင်း တိဆရာဝန် တစ်ယောက်ဖြစ်ဖို့ 5နှစ် သို့မဟုတ် 6 နှစ်သင်တန်း တက်မထားဘဲ တချို့သော Chaww တွေက ဆေးကုနေတာတွေ တွေ့နေရလို့ပါ)

** Reviews ရှာဖတ်ကြည့်ခြင်း

ပိုင်ရှင် တစ်ယောက်ချင်းစီရဲ့မတူညီနိုင်တဲ့ စိတ်ကျေနပ်မှုများစွာ ရှိနိုင်တာကြောင့်

စတဲ့အချက်တွေပေါ်မူတည်ပြီးပဲ ကိုယ်နဲ့ကိုက်ညီ အဆင်ပြေတဲ့ ဆေးခန်းရွေးချယ်မှုပြုလုပ်ဖို့ပဲ အကြံပေးချင်ပါတယ်။

အကောင်းဆုံးဆေးခန်းကဘာလဲတို့/ ဘယ်ဆေးခန်းက စျေးသက်သာလဲတို့/ စတဲ့ ထပ်ခါတစ်လဲလဲမေးခွန်းတွေအတွက် ကျွန်မအတွက် အဖြေမရှိလို့ ဒီ Post လေး တင်လိုက်ရတာပါ။


  #အခမဲ့သာကြောဖြတ်
06/11/2024


#အခမဲ့သာကြောဖြတ်

သန္ဓေတားဆေးမထိုးဘဲ အမှန်ကန်ဆုံး သားဆက်ခြားနည်းနှင့် အသင့်တော်ဆုံး အသက်အရွယ်————————————————————————————————အာဝုလေးတွေ မြ...
22/10/2024

သန္ဓေတားဆေးမထိုးဘဲ အမှန်ကန်ဆုံး သားဆက်ခြားနည်းနှင့် အသင့်တော်ဆုံး အသက်အရွယ်
————————————————————————————————

အာဝုလေးတွေ မြောင်လေးတွေးကို သားဆက်ခြားဖို့ လိုအပ်လားဆိုရင် လိုအပ်ပါတယ်။ မှန်ကန်တဲ့ သားဆက်ခြားနည်းဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

သန္ဓေတားဆေးထိုးပြီး သားဆက်ခြားနိုင်ပေမဲ့ ဆေးထိုးခြင်းရဲ့နှောက်ကွယ်မှာ မလိုလားအပ်တဲ့

~ သားအိမ်ပြည်တည်နာဖြစ်ခြင်း၊

~ နို့အုံကင်ဆာ/အကြိတ်ဖြစ်ခြင်း၊

~ ကလေးမမွေးနိုင်ခြင်း၊ မွေးရခက်ခြင်း၊

~ အသေမွေးခြင်း၊

~ ဆီးချိုဖြစ်နိုင်ခြေများခြင်း၊

~ အမွှေးကျွတ်ခြင်း၊

~ အဝလွန်ခြင်း၊

~ အစားများခြင်း၊

~ လှုပ်ရှားမှုနည်းပြီး လေးလံထိုင်းမှိုင်းခြင်း အစရှိတဲ့ ဆိုးကျိုးများစွာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် တားဆေးထိုးခြင်းထက် မှန်ကန်သော သားဆက်ခြားနည်းဖြစ်တဲ့ ခွဲစိတ်ကုသပြီး သားကြောဖြတ်ဖို့ကိုပဲ ရွှေးချယ်သင့်ပါတယ်။

အထီးရော အမပါ သားကြောဖြတ်ခြင်းအားဖြင့်

~ ကျန်းမားပျော်ရွှင်စွာ သက်တမ်းစေ့ နေနိုင်ခြင်း၊

~ ရန်လိုစိတ်လျှော့နည်းခြင်း၊

~ ကင်ဆာဖြစ်နိုင်ခြေ လျှော့နည်းခြင်း၊

~ မိမိတို့ ပတ်ဝန်းကျင်မှာ လေလွင့်ခွေးကြောင်လေးများ လျှော့ကျခြင်းဖြင့် မလိုလားအပ်သော ကူးစက်ရောဂါဖြစ်နိုင်ခြေ ( ဥပမာ - ခွေးရူး) လျှော့ချခြင်း အစရှိတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

သားကြောဖြတ်ခြင်းကို ဘယ်အချိန်မှာ လုပ်သင့်လဲ???
————————————————————————

Puberty လို့ခေါ်တဲ့ ပျိုဖော်ဝင်စအချိန်ကတော့ အသက် 6လ ကနေ 8လ အတွင်းဆို အရွယ်စရောက်ပါတယ်။ ဒီအချိန်မှာ အထီးရော အမမှာပါထွက်တဲ့ estrogen hormone ဟာ ခန္ဓာကိုယ်ရဲ့ အရိုးတည်ဆောက်မှုအတွက် အရေးပါ ပါတယ်။

ခွေးကြီးအမျိုးအစားတွေဖြစ်တဲ့ GR, Rottweiler, Alaskan, Alsation အစရှိတဲ့ ခွေးကြီးမျိုးတွေမှာဆို သူတို့ရဲ့အရိုးအဆစ်သန်မာဖို့အတွက် ဒီဟော်မုန်းရဲ့တာဝန်က အရေးကြီးပါတယ်။ဒါကြောင့် ပျိုဖော်ဝင်စအချိန်မှာ ချက်ခြင်းသားကြောဖြတ်ခြင်းထက် Maturity လို့ခေါ်တဲ့ အရွယ်ရောက်တဲ့အချိန် အသက် တစ်နှစ်ဟာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

တားဆေးထိုးတာထက် ခွဲစိတ်ကုသမှုက ကုန်ကျစရိတ်ပိုများပေမဲ့ ဒီနည်းလမ်းကသာ တိလေးတွေရဲ့ ရေရှည်ကျန်းမာရေးအတွက် အမှန်ကန်ဆုံးနည်းလမ်း ဖြစ်ပါတယ်။

အခမဲ့ သားကြောဖြတ်ပေးတဲ့ အစီစဥ်တစ်ခုတွေ့ထားပါတယ်။

Let's Save The Stray International Myanmar ဆိုတဲ့ Page ကို Like and Following လုပ်ထားခြင်းဖြင့် ဒီအဖွဲ့အစည်းရဲ့ လစဥ်လှုပ်ရှားမှုတွေကို သိရှိနိုင်မှာပါ။ အောက်မှာ fb page link ချပေးထားပါတယ်။

သိရှိလိုသမျှ အဲ့ Page မှာ သွားစုံစမ်းကြည့်ပါ။

https://www.facebook.com/profile.php?id=61550760465195&mibextid=LQQJ4d

မိမိတို့ပတ်ဝန်းကျင်မှ လေလွင့်ခွေးလေးများအား အခမဲ့ သားကြောဖြတ်ပေးဖို့ ဖိတ်ခေါ်ပါတယ်🥳Let's Save The Stray International My...
21/10/2024

မိမိတို့ပတ်ဝန်းကျင်မှ လေလွင့်ခွေးလေးများအား အခမဲ့ သားကြောဖြတ်ပေးဖို့ ဖိတ်ခေါ်ပါတယ်🥳
Let's Save The Stray International Myanmar
Oct 25/26/27

#အခမဲ့သားကြောဖြတ်

တိချစ်သူတိုင်း၊ တိရစ္ဆာန်များနှင့်ထိတွေ့လုပ်ကိုင်သူတိုင်း သိထားသင့်တဲ့ လူကို ကူးစက်စေနိုင်တဲ့ မျိုးပွါးလမ်းကြောင်းဆိုင်ရ...
19/10/2024

တိချစ်သူတိုင်း၊ တိရစ္ဆာန်များနှင့်ထိတွေ့လုပ်ကိုင်သူတိုင်း သိထားသင့်တဲ့ လူကို ကူးစက်စေနိုင်တဲ့ မျိုးပွါးလမ်းကြောင်းဆိုင်ရာ သာလျှောရောဂါနှင့် သတိပြုဆင်ခြင်ရမည့် အချက်များ
—————————————————————————

အားလုံးသိထားသင့်တဲ့ မျိုးပွါးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်မျိုးဖြစ်တဲ့ လူကို ကူးစက်စေနိုင်တဲ့ Brucellosis လို့ခေါ်တဲ့ သာလျှောရောဂါ အကြောင်းကို တိလေးများအား ကိုင်တွယ်တဲ့အခါ သတိထားဆင်ခြင်နိုင်စေရန် ရည်ရွယ်ပြီး ရေးသားဖော်ပြထားပါတယ်။

ဒီသားလျှောရောဂါဟာ အိမ်မွေးခွေးလေးများတင်သာမက ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် အစရှိတဲ့ တိရစ္ဆာန်တွေမှာပါ တွေ့ရပါတယ်။

လူ့သားတွေအတွက် အရေးကြီးသလို စီးပွားရေးအရလည်း ဆုံးရှုံးနိုင်တဲ့ မဖြစ်မနေ သိထားသင့်တဲ့ ရောဂါတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့်မို့ ကူးစက်နိုင်တဲ့ နည်းလမ်းလေးတွေကို အရင်ဆုံးပြောပြပေးပါမယ်။

တိအချင်းချင်း ရောဂါပိုး ကူးစက်နိုင်သော နည်းလမ်းများ
———————————————————————

** ရောဂါပိုးရှိနေတဲ့ အထီးရဲ့ သုတ်ပိုးရည် (semen) သို့မဟုတ် အမအင်္ဂါရည် (Vaginal discharge) နဲ့ ထိတွေ့ခြင်း

** ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန် ရဲ့ခန္ဓာကိုယ်မှ ထွက်သမျှအရည်(ဆီး၊ တံတွေး၊သွေး၊ မျက်ရည်၊ နှာရည်) တို့နှင့် ထိတွေ့ခြင်း

** ရောဂါပိုးကူးစက်ခံထားရတဲ့ အမဆီကနေ သာလျှောပြီး ထွက်လာတဲ့ ကလေးတွေ၊ အချင်းတွေနဲ့ ထိတွေ့ခြင်းတို့မှ တဆင့် တိအချင်းချင်း ကူးစက်ခြင်း

** လေမှတဆင့် ကူးစက်ခြင်း

** ရောဂါပိုးရှိနေသော အထီး သို့မဟုတ် အမ နှင့် သားတင်သားစပ်ခြင်းမှ အဓိက ကူးစက်ခြင်းတို့ဖြစ်တဲ့အတွက် သားတင်သားစပ်လုပ်တဲ့ မွေးမြူရေးသမားများအနေနဲ့ အထူးသတိထားရန် လိုအပ်ပါသည်။

တိရစ္ဆာန်များမှ လူကို ကူးစက်စေနိုင်သော နည်းလမ်းများ
——————————————————————————-

** ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်ရဲ့ ပိုးမသတ်ထားတဲ့ နို့၊ ထောပတ်၊ Cheese များ စားသုံးမိခြင်း

** ချက်ပြုတ်မထားရသေးတဲ့ အသားများမှတဆင့် ကူးစက်ခြင်း

** ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ရဲ့Brucella ရောဂါပိုးဟာ လူရဲ့ထိခိုက်ဒဏ်ရာများမှကူးစက်ခြင်း

** လေမှတဆင့် ကူးစက်ခြင်း

တိရစ္ဆာန်များတွင် Brucella ရောဂါပိုး ကူးစက်
ခံထားရကြောင်း သိရှိနိုင်မည့် ရောဂါလက္ခဏာများ
————————————————————————

အထီးတွေမှာ Brucella ရောဂါပိုး ကူးစက်ခံရပါက

** ဝှေးစေ့များရောင်ရမ်းခြင်း

** အထီးတန်ဆာ၏အရေပြားများ ပွန်းပဲ့ပြဲခြင်း

** ပိုးဝင်ချိန်ကြာသွားပြီဆိုပါက အထီးတန်ဆာများသိမ်သွားခြင်း သို့ ကျုံ့သွားခြင်း စတဲ့ လက္ခဏာများတွေ့နိုင်ပါတယ်။

အမတွေမှာဆိုလျှင်

** သားမအောင်ဖြစ်ခြင်း

** ကိုယ်ဝန်ဆောင်ကာလ၏ နောက်ဆုံးအပတ်တွေမှာသားလျှောခြင်း

** သားလျှောပြီးပါက အမတန်ဆာမှ ၄ ပတ်မှ ၆ ပတ်ထိ အရည်အကျိအချွဲများ ဆက်တိုက် ဆင်းခြင်း

** မွေးဖွားခဲ့လျှင်လည်း ကလေးအသေလေးများမွေးခြင်း

** အားအင်ချိနဲ့သော သောကလေးများမွေးခြင်း

** မွေးပြီးရက်အနည်းငယ်အတွင်း ကလေးများသေခြင်း

အထက်ပါ ရောဂါလက္ခဏာပြတိုင်း သားလျှောရောဂါဟု အမည်တပ်မရပါ။ သို့သော် ထိုလက္ခဏာများတွေ့ပါက နီးစပ်ရာ တိရစ္ဆာန်ဆေးကုခန်းများတွင် လွယ်ကူလျှင်မြန်သော Test kit များဖြင့် သားလျှောရောဂါပိုး ဟုတ် မဟုတ် သွားရောက် စစ်ဆေးသင့်ပါသည်။

လူတွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများ
————————————————————

** အဖျားတက်ခြင်း

** ချမ်းတုန်ခြင်း

** ချွေးထွက်များပြီး အားနည်းခြင်း

** ခေါင်းကိုက်ခြင်း

** အဆစ်အမြစ်နှင့်ကြွက်သားများ နာခြင်း စတဲ့ ရာသီတုပ်ကွေးနဲ့ဆင်တူရိုးမှား လဏ္ခဏာများ ဖြစ်တက်ပါတယ်။

** ကိုယ်ဝန်ဆောင်မိခင်တွေ ဒီရောဂါပိုး ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျနိုင်တာမို့ မိမိတို့အိမ်မှာ အိမ်မွေးခွေးလေးများရှိပါက သတိထားနေထိုင်ရန် လိုအပ်ပါတယ်။

~~ အိမ်မွေးတိရစ္ဆာန်များတွင် Brucella ရောဂါပိုး ကူးစက်ပါက သားကြောဖြတ်ခြင်း၊ သင်းကွပ်ခြင်းများလုပ်ဆောင်ခြင်းဖြင့် လူနှင့်တိအချင်းချင်း ကူးစက်နှုန်းကို လျှော့ချစေနိုင်မှာ ဖြစ်ပါတယ်။

~~ဒါပေမယ့် ဒီရောဂါပိုးဟာ တစ်ခါ ကူးစက်ခံရပြီးပါက ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်ထဲမှာ Career အနေနဲ့ ရောဂါပိုးကို သယ်ဆောင်ထားလို့ အချိန်မရွေး သူ့ရဲ့ပတ်ဝန်းကျင်ကို ဒီရောဂါပိုးက ကူးစက်စေနိုင်ပါတယ်။

မိမိတို့ တိကျန်းမာရေးနှင့်ပတ်သက်သမျှ မေးမြန်းဆွေးနွေးလိုပါက WE Connect 997 ၏ Fb messenger တွင် အခမဲ့ မေးမြန်းဆွေးနွေးလို့ရပါသည်။ အပတ်စဥ် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် ည 11 နာရီမှ 12 နာရီအတွင်း တစ်ရက်လျှင် (5) ယောက်နှုန်းဖြင့်သာ ဆွေးနွေးပေးပါတယ်။

တစ်ယောက်တည်း ဖြေကြားပေးနေရတာ ဖြစ်လို့ ဝင်လာသမျှ Message တွေ မဖြေပေးနိုင်တာကို နားလည်ပေးစေချင်ပါတယ်။

ဆေးခန်းလိပ်စာများနှင့်ပတ်သက်ပြီး Pin Post မှာ ရှာဖွေနိုင်ပါတယ်။

နိုင်ငံခြားကို ပြောင်းရွှေ့နေထိုင်လို့ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းမှာ နေရင်း ရင်ဆိုင်နေရတဲ့အခက်ခဲတွေကြောင့်ပဲ ဖြစ်ဖြစ် ခွေးကြောင်လေးများ မွေးစားမိဘရှာချင်ပါက Page Messenger မှာ လာပြောနိုင်ပါတယ်။ အပတ်စဥ် စနေနေ့တိုင်း Adopt Me Program ကနေ တဆင့် မွေးစားမိဘကူရှာပေးပါ့မယ်။

ထပ်မံအသိပေးချင်တာလေးက WE Connect 997 Page သည် အပြင်တိရစ္ဆာန်ဆေးကုခန်း မဟုတ်ပါ။

ဆေးခန်းလမ်းညွှန်နှင့် တိလေးများရဲ့ကျန်းမာရေးဗဟုသုတများ မျှဝေပေးရန်သာ ရည်ရွယ်ပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when WE Connect 997 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram