Mother's Love clinic & Pharmacy အမေ့မေတ္တာဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Mother's Love clinic & Pharmacy အမေ့မေတ္တာဆေးဆိုင်

Mother's Love clinic & Pharmacy အမေ့မေတ္တာဆေးဆိုင် Medical Sale & Service

15/09/2025

#လူတစ်ဦးမှာရှိသင့်တဲ့ပမာဏများ

#သွေးပေါင်ချိန်
120/80

#သွေးခုန်နှုန်း
60 ~ 100

#ခန္ဓာကိုယ်အပူချိန်
98.2 ~ 100.5 °F ( 36.8 ~ 38 °C)

#အသက်ရှူနှုန်း
တမိနစ်လျှင် 12 ~ 16 ကြိမ်

#ဟေမိုဂလိုဘင် (Hemoglobin)
အမျိုးသား- 13 ~ 18 g/dL
အမျိုးသမီး- 11.5 ~ 16 g/dL

#ကိုလက်စထရော (Cholesterol)
200mg/dLအောက်

#ဆိုဒီယမ် (Sodium)
135 ~ 145 mEq/L

ထရိုင်ဂလစ်ဆရိုက် (Triglycerides)
150 mg/dLအောက်

#ခန္ဓာကိုယ်တွင်း သွေးပမာဏ
5 ~6 လီတာ

#သကြား (သွေးတွင်းဂလူးကို့စ်)
ကလေးများ ။ 70 ~ 130 mg/dL
လူကြီးများ ။ 70 ~ 110 mg/dL
(အစားမစားမှီ) (အစာစားပြီး ၂နာရီအကြာ)

သံဓာတ် (Iron):
8 ~ 15 mg

ယူရစ်အက်စစ် ( Uric Acid )
အမျိုးသား ။ 3.5 ~ 7.0 mg/dl
အမျိုးသမီး။ 2.5 ~ 5.7 mg/dl

သွေးဖြူဥ (White Blood Cells)
4,000 ~ 11,000 cells/μL

သွေးဥမွှာ (Platelets)
150,000 ~ 400,000 cells/μL

သွေးနီဥ (Red Blood Cells)
5.6 ~ 6.0 million cells/μL

ဗီတာမင် D3
20 ~ 50 ng/mL

ကယ်လ်စီယမ် (Calcium)
8.6 ~ 10.3 mg/mL

ဗီတာမင် B12
200 ~ 900 pg/mL

BMI
18.5 ~ 24.9 အတွင်း

နေ့စဉ်ရေသောက်ရမည့်ပမာဏ
၈ခွက်

အိပ်ရေး တည ၇ နာရီမှ ၉ နာရီ

WHO အကြံပြုချက် ကိုယ်လက်လှုပ်ရှားမှုတပါတ် မိနစ် ၁၅၀

ဇော်မိုးအောင်(ကိုရီးယား)

#ကျန်းမာရေးဗဟုသုတရကြပါစေ

14/09/2025

သားအိမ်မှာ ရေအိပ်တည်တာ ၊ဆီးကျောက်တည်တာ ကြောက်စရာမလိုတော့ပါ
******************************

သားအိမ်ရေအိပ်နှင့်ကျောက်ကပ်အတွက် ကျောက်ဖရုံသီး
သားအိမ်မှာ ရေတည်တာခွဲစရာမလိုတော့ပါ။
မိန်းကလေးတစ်ချိူ့မှာ ဖြစ်တတ်တဲ့ သားအိမ် ရေတည်နေရင် ကျောက်ဖရုံသီး တစ်လုံးကို ရေစင်ကြယ်စွာဆေးကြော၍ ညဘက်အိပ်ရာဝင်တဲ့အခါ ဗိုက်နေရာမှာထားပြီး ၃ ရက် မှ ၇ ရက်အတွင်း ဖက်အိပ်ပေးပါ ။

ရက်ပြည့်တာနဲ့ ဒီကျောက်ဖရုံသီးကို ခွဲလိုက်ပါ ။
သားအိမ်မှ ရေတွေဟာ ကျောက်ဖရုံသီးအတွင်းမှ ထွက်လာတာကို မျက် မြင် ကိုယ်တွေ့ ကြုံဖူးပါလိမ့်မယ် ။

ဆီးကျောက်တည်၊ ကျောက်ကပ်ရောင်ရမ်း၊ ဆီးကျိတ်၊ ဆီးရောဂါ မှန်သမျှပျောက်ကင်းတဲ့ ကိုယ်တွေ့ ၊လက်တွေ့ ဆေးနည်းကောင်းလေး
ကိုယ်တိုင်ပျောက်ကင်းသက်သာလို့ မျှဝေပေးပါတယ်။ ကျောက်ဖရုံသီး လက်ငါးလုံးခန့် ၂စိတ်ကို ရေဆေးပါ။

အစေ့များဖယ်ပြီး သခွားခြစ်ဖြင့် ခြစ်ပါ။ သောက်နိုင်ရုံ ရေတစ်ဖန်ခွက် ထည့်၍ blender ကြိတ်စက် ဖြင့်ကြိတ်ပါ။
ပြီးလျှင် ဇကာဖြင့် အရည်စစ်ယူပါ။ ထို့နောက် ရှိန်းခို ငရုတ်ကောင်းစေ့ ၂စေ့စာခန့် ထည့်မွှေပါ။

နံနက်စောစော အစာမစားမီ တခွက် သောက်ပါ။ ရောဂါအလိုက် အနည်းဆုံး တနေ့တခွက် တပါတ်ခန့်သောက်ပေးပါ။
ယူပစ်သလို ပျောက်ပါသည်။ ကိုယ်တွေ့ပျောက်ကင်းသက်သာ၍ မျှဝေခြင်းပါသည်။

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျန်းမာပျော်ရွှင်ကြပါစေ၊၊
#လေးစားစွာဖြင့်မူရင်ရေးသားသူအား
ေးပါသည် 🙏🙏🙏
#ကျန်းမာရေးဗဟုသုများ

#ကျန်းမာရေး

14/09/2025

" ဆီးကျောက်တည်၊ သည်းခြေကျောက်တည် ရောဂါ အမြစ်ပြတ်ဆေးနည်း။ ဒါက Admin ကိုယ်တွေ့ပါ ။

ကိုကျော်စွာတစ်ယောက် ဆီးအရမ်းနာလွန်းလို့ ဇာသပြင်ကနေ ရန်ကုန်သွားပြီး ဓာတ်မှန်ရိုက်တော့ ဆီးကျောက်တည် နေတာတဲ့ ။ သူက အရမ်းနာနေတော့ မနက်ဖြန်ခွဲစိတ်မယ်ဆိုပြီး ရွှာကနေ ပိုက်ဆံ တစ်ခါထဲလှမ်းမှာလိုက်ပါတယ် ။

ဓာတ်မှန်ရိုက်ပြီး ရွှေတံဂုံအရှေ့ဘက်မုဏ် ကျိုက်သီမွန်ကျောင်းမှာပဲ လာတည်းပါတယ် ။ ကျောင်းမှာ နားနေရင်း အဲကျောင်းမှာ ဆွမ်းချက်တဲ့ ကပ်ပိယကြီးနဲ့ စကားပြောရင်း ရောဂါအကြောင်းပြောမိတော့ သူက ဆေးနည်းပေးပါတော့တယ် ။

သူပြောတဲ့အတိုင်း ငါးပြေမ တခါထဲသွားဝယ်ပြီး ကျိုက်သီမွန်ကျောင်းရဲ့ရှေ့ ဟိုဘက်လမ်းက ဘုန်းကြီးကျောင်းမှာ စောင်လျှာသီးပင်တစ်ပင် ရှိတယ် ။ ကျောင်းမုဏ်ဝမှာပဲ စာရေးနေတဲ့ Admin ကိုယ်တိုင်ပဲ အပင်ပေါ်တက်ပြီး ခူးပါတယ် ။

ခူးပြီး ကပ်ပိယျကြီးကိုပဲ ပေးချက်လိုက်ပါတယ် ။

ချက်နည်းကတော့........

ငါးပြေမနဲ့ စောင်းလျားသီး ကို ငါးပြေမ အရရိုးနူးတဲ့အထိ ချက်ရပါတယ် ။ (ဘယ်လိုပဲချက်ချက်ပါ အစပ် အဖြူ)
ငါးပြေမ အရိုးပါ အကုန်စားရပါတယ် ။

ညနေစောင်းတော့ ကပ်ပိယကြီး အဖြူ တစ်အိုးချက်လာပေးတယ် ။ စားတဲ့ထဲမှာ Admin လဲပါတယ် ။ ဒီတိုင်းစားကစာကြတာ ။

စားပြီးအိပ်တော့ မနက်စောစော သုံးနာရီလောက် ကိုကျော်စွာတစ်ယောက် ဆီးအရမ်းနာပြီး သေးပေါက်ချင်တာနဲ့ သေးထပေါက်တာ ဆီးတွေနဲ့ ဖြူဖက်တွေ ရောပါလာတာတွေ့တော့ အရမ်း အံသြသွားတယ် ။ (ကျောက်ကနုသေးတယ်ထင်ပါရဲ့ တစ်ညထဲနဲ့ ကျတယ်)

ဒါနဲ့ မနက်မိုးလင်းတော့ ဆေးရုံကို မသွားခွဲစိတ်တော့ပဲ ကျောင်းမှာနေပြီး အဲလို ငါးရက်လောက်စားပြီး ကျိုက်သီမွန်ကျောင်းမှာ ၁၀ ရက်တည်းပြီး ဇာသပြင်ကို ပြန်လာကြပါတယ် ။

အဲကတည်းကနေပြီး အခုချိန်ထိ ကိုကျော်စွာ ဆီးမအောက်တော့ပါဘူး အကင်းပျောက်သွားပါတယ် ။

ခွဲစိတ်စရာမလို၊ ငွေကုန်ကြေးကျမများပဲနဲ့ အစာလည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ အလွန်အစွမ်းထက်လှသော ဆီးကျောက်၊ သည်းခြေကျောက်တည် ရောဂါပျောက်ဆေးကြီးကို လိုရင်းတိုရှင်းဖြင့် နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် ဖော်ပြပေးလိုက်ပါတယ် ။

ဆေးရုံတကာကုသ သော်လည်းမထူးခြားသော ဆီးကျောက်တည်ခြင်းနှင့် သည်းခြေကျောက်တည်ခြင်းများကို ငါးပြေမ နှင့် စောင်းငါးသီး ရော၍ တစ်ရက် တစ်ခါ ငါးရက်ဆက် ချက်၍ စားပေးခြင်းဖြင့် တည်နေသော ကျောက်များကြေမွှပျက်ဆီးကာ ဆီး၊ ဝမ်းအတွင်း စွန့်ပစ်ရာမှ ဆီးကျောက်၊ သည်းခြေကျောက်တည် ရောဂါကို အမြစ်ပြတ်ကုသနိုင်ပါသည် ။

မိမိပြုသောကံမိမိထံပြန်လာမည် ။
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေ share နိုင်ပါတယ် 🙏🏻

Crd - MON SOUNG

14/09/2025

တော်ပါသေးရဲ့အမေတို့ရဲ့သားလေး အချိန်မှီသွားလို့သာပေါ့...

ကိုယ်တွေ့ကြုံရသော အဖြစ် အပျ၊က် တခုကို ဖတ်မိသူများ သိရှိစေရန် နှင့် ကလေးမိဘများ သတိထားနိုင်ရန် သာရည်ရွယ်ပါသည်။ (မည်သူ့ကိုမှအပြစ်တင်ခြင်းမဟုတ်ပါ)

ဖြစ်စဉ်မှာ သားလေးသည် ၉ ရက်နေ့တွင် ဗိုက်စအောင့်ပါသည်
အိမ်မှ ကလေးထိန်းပြောပြချက်အရ ဝမ်း၊မ၊သွား၊တာ ၃ ရက်ရှိပြီးဟု သိရပါသည်။
၁၀ ရက်နေ့တွင် ခန္ဓာ၊ကိုယ်တွင် အနီဖုအသေးလေးများထွက်လာပြီး ဗို၊က်ဆ၊က်အောင့်သဖြင့် ဆေးရုံတခုသို့သွားပြရာ ဆရာဝန်မှ Allergic ဟုယူဆပြီး 6၊ဆးစတိုက်ပါသည်။
ဗိုက်အောင့်သည် ဝမ်း၊မ၊သွားကြောင်း ပြောပြသော်လည်း Allergic ကြောင့် ဗိုက် အော၊င့်သည်ဟုသာပြောပါသည်။
ညီဆရာဝန်နှင့်တိုင်ပင်ကြည့်ရာ ဝမ်းနှုတ်6၊ဆးကျွေး ဝမ်းချူ ဘောလုံး သုံး ဝမ်းချူ သော်လည်း ဝမ်း မသွားနိုင် သဖြင့် မသက်သာပါ။
၁၁ ရက်နေ့တွင် ဗိုက်ပိုအောင့်လာပြီး တချိန်လုံး အောင့်တယ် အောင့်တယ်ပြောပြီး ငိုနေပါသဖြင့် ညဖက်တွင် အရေးပေါ်ထပ်ပြေးရာ Ultra Sound ရိုက်ပြီး တာဝန်ကျဆရာဝန်မှ အူ၊အတ၊က်မဟုတ် အူ၊မ၊ကျွံ စိုးရိမ်စရာမရှိဟုဆိုကာ Allergic အတွက် လက်မှာ Line ထည့်ပြီး ဘာ၊မီ၊တွန် နှင့် နောက်6၊ဆးတမျိုးထိုးပေးရာ အိပ်ပျော်သွားပါသည်။
၁၂ ရက်နေ့တွင် မသက်သာသဖြင့် ဆေး ရုံ ထပ်သွားပြရာ ပထမနေ့မှ ဆရာဝန်မရှိသဖြင့် အခြားဆရာဝန်မကြီးနှင့် ထပ်ပြ အကျိုးအကြောင်းရှင်းပြရာတွင်လည်း Allergic ဟုသာ ထပ်မံပြောဆိုပြီး ဗိုက်၊အောင့်၊သည့် ကိ.စ္စ.ကို အရေးတယူ မစဉ်းစားပေးပါ။
ထို့ကြောင့် ကလေး ငယ်တုံးကတည်းက ပြနေသည့် ဆရာမကြီး ကို ထိုနေ့တွင်ပင် အခြား ဆေးရုံတခုတွင် ထပ်မံသွားပြခဲ့ရာ တွင်မှ ဝမ်းပျော့ဆေးပေး ဂလစ်စရင်းတောင့်ဖြင့် ဝမ်းချူခိုင်းရာ ညဖက်တွင် ဝမ်းအနည်းငယ်ထွက် သက်သာလာပါသည်။ သို့သော် ခန္ဓာကိုယ်တခုလုံး ပူခြစ်ပြီး ယောင် ရမ်းကာ အဖုအပိန့်ကြီးများထွက်လာပါသည်။
၁၃ ရက်နေ့တွင် ကလေးမသက်သာသဖြင့် ဆရာမကြီးထိုင်သော အခြားဆေးရုံသို့သွားရောက်ပြသပြီး ဘန်ကောက်ခေါ်သွားမည်ဖြစ်ကြောင်း တိုင်ပင်ရာ ရောက်ရင် Allergic သေချာစစ်ခဲ့ရန် မှာကြားပါသည်။
ထို့ကြောင့် ၁၄ ရက်နေ့တွင် ရရာ လေယာဉ်လက်မှတ်ဝယ် ဘန်ကောက်ပြေးခဲ့ပြီး ၁၅ ရက်နေ့တွင် ဘန်ကောက်ဆေးရုံသွားပြရာ သားလေးတကိုယ်လုံးမှာ ရောင်း၊ရမ်း၊နေပြီး လက်ကောက်ဝတ် ခြေကျင်းဝတ်များမှာ အရို၊က်ခံထားရသလို ညိုမည်းနေပြီးဖြစ်ရာ ဆရာဝန်မှ စိတ်ပူပြီး ချက်ချင်းဆေးရုံတက်ခိုင်းပါသည်။ ဗိုက်လည်း အရမ်း၊အောင့်၊သဖြင့် ကလေးမှာ ဆက်တိုက်သာ ငိုနေပါတော့သည်။
ဆေးသွင်းရန် အ၊ပ်၊ထိုး၊ဖို့ကြိုးစားသော်လည်း 6၊သွး၊ကြော၊များ ယောင်နေသဖြင့် ပုံမှန် တာဝန်ကျ Nurse များ မ၊ဖော၊က်ရဲသဖြင့် 6၊သွး ကြော အထူးကျွမ်းကျင် Nurse များ အဖွဲ့လိုက်ဆင်းလာပြီး ၂ နာရီကျော်ခန့် ကြိုးစားမှ Line သွင်းလို့ရခဲ့ပါသည်။
ထိုနေ့ မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိမှာ ကလေးသည် ဆက်တိုက် နာ ကျင် ငိုယိုနေသည်ကိုမြင်ရသည်မှာ ကျွန်ုပ်တို့ မိဘများအတွက်ကတော့ တကယ့်ကို မခံစားနိုင်အောင် စိတ်ဆင်းရဲခဲ့ရပါသည်။

သို့နှင့်........
ဆေးရုံတက်ပြီးပြီးချင်း အရေး၊ပေါ် ဝမ်းချူရာ ၃ မိနစ်ခန့်အကြာ ကလေးမှ အီး၊ပါချင်သည်ဟုပြောသဖြင့် အိမ်သာသွားခိုင်းရာ စမြင်းတုံးကြီးများ အများကြီး ထွက်ကျလာပါသည်။
ဝမ်း၊သွား အပြီး ကလေးမှ ဗိုက်လုံးဝမအောင့် တော့ပါ။
ထို့နောက်တွင်တော့ အယောင် ကျဆေး ဆက်တိုက်သွင်း တဖြည်းဖြည်းကုသရာ ၃ ရက်အကြာ ၁၈ ရက်နေ့မှ ဆေးရုံက ပေးဆင်းပါသည် သောက်ဆေးကို ၃ လ စွဲသောက်ရမည်ဖြစ်ပါသည်။
ဆေးရုံ ၃ ရက် နှင့် သောက်၊ဆေး တပတ်စာ အတွက် ဘတ် ၂ သိန်း ကျော်ကျပါသည်။
ကလေးလည်း လိမ့် နေ အောင် ခံရသလို မိဘများလည်း အထူး စိတ်ညစ်ရပါသည်။
အဓိက ဖြစ်ရသည့်အကြောင်းရင်းမှာ ဝမ်းချုပ်ရာကစပြီး ဗိုက်ထဲတွင် ဝမ်း ကို၊က် ပိုးကဲ့သို့သော ပိုးတမျိုး ပေါ၊က်ကာ ခန္ဓာကိုယ်ကို ဒု က္ခ ပေးသွားသည်ဟု ယူဆရပါသည်။
အချိန်မှီ ကုပေးနိုင်သဖြင့် ကလေး အသ၊က်အ၊န္တ၊ရာယ်မှ လွတ်ကင်းခဲ့ရသော်လည်း မလိုအပ်ပဲ ငွေ ကုန် ကြေး ကျ များစွာ ထိ ခို က်ခဲ့ပါသည်။
ကလေးမိဘများကို အထူးသတိပေးလိုသည်မှာ မိမိကလေး ဝမ်းချုပ်လျှင် မပေါ့ဆပါနှင့် ဝမ်းချူ ဘောလုံးနှင့်အဆင်မပြေလျှင် ယခုပုံတွင်ပြထားသော ဝမ်း ချူဆေး ရည်ပုလင်းအကြီးမျိုးကို သုံးသင့်ပါသည်။
မိမိတို့ရဲ့ ရင်သွေးလေးများကို ကျန်းမာစွာပြုစုပျိုးထောင်နိုင်ပါစေ ကလေးငယ်များလည်း ရောဂါဝေဒနာများကင်းဝေးပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် (Mg Jeffery Sein) 🙏🙏🙏

ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။

10/09/2025

" သင့်ခါးရိုးဆစ် L4 နဲ့ L5 မှာ ပြသနာရှိနေပြီလား ? "
အခုခေတ် ဆေးခန်းလာပြတဲ့ လူနာတွေက ဗဟုသုတ များကြပါတယ်။
တချို့ဆို ဆေးခန်းပြရင် ခါးနာ တယ်လို့ ရိုးရိုး ပြောတာ ထက် ဘယ် အဆစ်မှာ ဘာဖြစ်နေလို့ ဆိုတာ မျိုး ကိုစပြောပါတယ်။
အထူးသဖြင့် L4 နဲ့ L5 ကြားမှာ ဆရာ ဆိုပြီး အစချီ တတ်ကြပါတယ်။
မှန်ပါတယ် Lumbar spine ခါးရိုးဆစ် ၄ နဲ့ ၅ ကြားဟာ ရောဂါအဖြစ် အများဆုံးနေရာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီနေရာဟာ အင်မတန်ရှုပ်ထွေးနေတဲ့ နေရာဖြစ်လို့ပါ။
ခါးရိုးဆစ်ရဲ့ အောက်ဆုံး အဆစ်ဖြစ်နေတာရယ် အရိုးနု၊ အာရုံကြောများ စွာရှိနေတာရယ်အပြင် ခန္ဓာ ကိုယ် အပေါ်ပိုင်းတခုလုံးကို လိုသလို လှည့်ပြောင်း ထိန်းထားရခြင်း စတာတို့ကြောင့် ဒဏ်ရာဖြစ်ဖို့လွယ်ပါတယ်။

L4 နဲ့ L5 ကြားမှာ ဘာရောဂါတွေဖြစ်တတ်သလဲ ?

L4 အဆစ် ရှေ့ကျွံသွားပြီး အာရုံကြောညပ်ကာ ခါးနာခြင်း ခြေသလုံးတင်းခြင်း၊
L4 အဆစ် နဲ့ L5 ကြားက အရိုးနုကျွံသွားပြီး အာရုံကြောညပ်ကာ ခါးနာခြင်း၊ခြေသလုံးတင်းခြင်း၊
L4 နဲ့ L5 ကို ဆက်သွယ်ထား ချိတ်ထားပေးတဲ့ facet joint အရိုးဆစ်ရောင်ခြင်း၊ ခါးနာခြင်း၊
L4 အဆစ်ရောင်ရမ်းခြင်းကြောင့် ထွက်လာတဲ့ ပရိုတင်းများ အာရုံကြော ဆီရောက်ပြီး ဖိမိသဖြင့် ပေါင်တန်းခြင်း၊
L4 L5 အဆစ် ကျီးပေါင်းတက်ကာ အာရုံကြောညပ်ခြင်းကြောင့် ခါးနာ ပေါင်တန်းခြင်း၊
L4 L5 အဆစ် အာရုံကြော အပေါက်ကျဉ်းခြင်းကြောင့် ခါးနာပေါင်တန်းခြင်း၊
L4 L5 အဆစ် ကိုဆက်သွယ်ထိန်းပေးထားသော အရွတ်များလျော့ရဲမှုကြောင့် အဆစ်များ လျော့ရဲပီး မတည်ငြိမ်ရွေ့လျားမှုကြောင့် အာရုံကြော ညပ်ကာ ပေါင်တန်းခြင်း၊
တို့ဖြစ်တတ်သည်။

L4 L5 မှာဖြစ်သော ရောဂါ အများစုကို အစပိုင်းမှာ မခွဲစိတ်ဘဲ ကုသလေ့ရှိပြီး တချို့ တအားနာကျင်ခြင်း၊ အကြောသေခြင်းတို့ ဖြစ်ပါက ခွဲစိတ်ဖို့ လိုအပ်ကောင်းလိုအပ် ပါလိမ့်မည်။
တကယ်တော့ ရောဂါတခုဖြစ်ပြီဆိုလျှင် ကိုယ့်ရဲ့ ခံစားရတဲ့ဝေဒနာ ၊ရောဂါဖြစ်စဉ်၊ ရှေ့က ကုသမှု တို့ကို တိတိကျကျ တဆင့်ချင်း ဆရာဝန်ကို ရှင်းပြသင့်ပါတယ်။ သို့မှသာ ရောဂါ အစစ်အမှန်ကို ရှာဖွေတွေ့ရှိဖို့ လွယ်ကူပါလိမ့်မယ်။
ကြယ်ဖြူဆေးခန်းမှာ မခွဲမစိတ်ပဲ စက်များဖြင့် ကုသမှုပေးပါတယ်။
ကြယ်ဖြူဆေးခန်း နှင့်တိုင်ပင်ပါ။

ကြယ်ဖြူဆေးခန်းတွင် လာရောက်ကုသဖို့အတွက် ဆက်သွယ်လိုပါက
m.me/whitestarphysiotherapy?mibextid=2JQ9oc

******************************

ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....

( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...
Ph No,
☎️ 09260555537
☎️ 09796555537

( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...
Ph No,
☎️ 09796555576
☎️ 09796555586

( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....
Ph No,
☎️ 09785537000

( ကြယ်ဖြူဆေးခန်း ၄ )
လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....
Ph No,
☎️ 09795537000


#ကြယ်ဖြူ

#လည်ပင်းကျီးပေါင်း
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

08/09/2025

ဆီးဖြူသီး- ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ သေးငယ်တဲ့အသီးတစ်လုံး
အချဉ်ဓာတ်နဲ့ ဖန်တဲ့အရသာကြောင့် လူသိများတဲ့ ဆီးဖြူသီးဟာ ကျန်းမာရေးအတွက် အံ့မခန်း အစွမ်းသတ္တိတွေ ရှိနေတယ်ဆိုတာ သင်သိပါသလား။ ဒီအသီးသေးသေးလေးထဲမှာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ အများအပြား ပါဝင်နေပါတယ်။
ကင်ဆာကို ဘယ်လိုကာကွယ်ပေးလဲ။
ဆီးဖြူသီးမှာ ဗီတာမင်စီ (Vitamin C)၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) နဲ့ Tannin တို့လို အစွမ်းထက်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေကို ကြီးထွားမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဆီးဖြူသီးရဲ့ အဓိက အကျိုးကျေးဇူး ၃ ချက်
၁။ နာတာရှည် ရောင်ရမ်းမှုကို လျှော့ချပေးခြင်း
နာတာရှည် ရောင်ရမ်းမှုဟာ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ဆီးဖြူသီးက ဒီရောင်ရမ်းမှုကို လျော့နည်းအောင် ကူညီပေးပါတယ်။
၂။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
ကိုယ်ခံအားစနစ်ကောင်းမှ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ မကောင်းတဲ့ဆဲလ်တွေကို ထိရောက်စွာ တိုက်ထုတ်နိုင်ပါတယ်။
၃။ ဆဲလ်တွေကို ကာကွယ်ပေးခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆဲလ်တွေရဲ့ DNA တွေကို ပျက်စီးမသွားအောင် ကာကွယ်ပေးပြီး ကင်ဆာအကျိတ်ဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ဆီးဖြူသီးမှာပါတဲ့ ဒြပ်ပေါင်းတွေဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အသည်းကင်ဆာတို့လို ကင်ဆာဆဲလ်အချို့ရဲ့ ကြီးထွားမှုကို တားဆီးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
ဆီးဖြူသီးကို ထိထိရောက်ရောက် စားသုံးနည်း
ဆီးဖြူသီးရဲ့ အာနိသင်တွေကို အပြည့်အဝ ရရှိဖို့ နည်းလမ်းမျိုးစုံနဲ့ စားသုံးနိုင်ပါတယ်။
* အစိမ်းလိုက်စားခြင်း- အချဉ်နဲ့အဖန်ကို ကြိုက်နှစ်သက်သူတွေအတွက် တစ်နေ့ကို ၂-၃ လုံးခန့် အစိမ်းလိုက်ဝါးစားနိုင်ပါတယ်။
* ပျားရည်စိမ်ပြီး စားခြင်း- ပျားရည်စိမ်ထားတဲ့ ဆီးဖြူသီးကို သရေစာအဖြစ် စားသုံးနိုင်ပါတယ်။
* အချိုရည်အဖြစ် သောက်သုံးခြင်း- ဆီးဖြူသီးကို ပြုတ်ပြီး မနက်ခင်း ဒါမှမဟုတ် အိပ်ရာမဝင်ခင် သောက်သုံးနိုင်ပါတယ်။
* အမှုန့်ဖျော်သောက်ခြင်း- ဆီးဖြူသီးအခြောက်မှုန့်ကို ရေနွေးနဲ့ဖျော်ပြီး နေ့စဉ် သောက်သုံးနိုင်ပါတယ်။
ဆီးဖြူသီးရဲ့ အခြားအစွမ်းသတ္တိများ
ကင်ဆာကာကွယ်ခြင်းအပြင် ဆီးဖြူသီးမှာ နောက်ထပ် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်။
* အသားအရေနှင့် ဆံပင်ကို အားဖြည့်ပေးခြင်း- အသားအရေကို ကြည်လင်ဝင်းပစေပြီး အရေးအကြောင်းတွေကို လျှော့ချပေးပါတယ်။ ဆံပင်ကျွတ်တာကိုလည်း သက်သာစေပြီး ဆံပင်ကို သန်စွမ်းစေပါတယ်။
* အစာခြေစနစ်ကို ကူညီပေးခြင်း- ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။
* ဆီးချိုနှင့် ကိုလက်စထရောကို ထိန်းချုပ်ပေးခြင်း- သွေးတွင်းသကြားဓာတ်နဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ပါတယ်။
* မျက်စိအမြင်အာရုံကို ကောင်းမွန်စေခြင်း- မျက်စိညောင်းညာမှုကို လျှော့ချပေးပြီး မျက်လုံးကျန်းမာရေးကို ကူညီပေးပါတယ်။
အကျိုးကျေးဇူးတွေ များပြားလှတဲ့ ဆီးဖြူသီးကို သင့်ရဲ့ နေ့စဉ် အစားအစာထဲမှာ ထည့်သွင်းစားသုံးပြီး ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ။

🙏🙏🙏
07/09/2025

🙏🙏🙏

04/09/2025

ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လိုသူတွေအတွက် အကြံပြုနိုင်ပါတယ်

ဒီဂရပ်ဇယားမှာကမ္ဘာအနှံ့လူတွေသေဆုံးကြတဲ့အကြောင်းအရာတွေကိုရာခိုင်နှုန်းအလိုက်ပြထားပါတယ်။ အထိပ်ဆုံးတွင်— • နှလုံးသွေးကြော တ...
04/09/2025

ဒီဂရပ်ဇယားမှာကမ္ဘာအနှံ့လူတွေသေဆုံးကြတဲ့အကြောင်းအရာတွေကိုရာခိုင်နှုန်းအလိုက်ပြထားပါတယ်။ အထိပ်ဆုံးတွင်—
• နှလုံးသွေးကြော တိမ်းရွေ့ရောဂါ (Ischemic Heart Disease) — 16%
• အကြွင်းအကျန် သွေးကြောကင်ဆာ (Stroke) — 11%
• အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သောရောဂါများ (COPD) — 6%

ဆိုပြီး နောက်ကျသောအကြောင်းအရာတွေမှာရောဂါ၊ မတော်တဆမှုများ၊ တုပ်ကွေး၊ TB၊ HIV/AIDS စသဖြင့် ပါဝင်ပါတယ်။

“Others” (19%) ဆိုသည်မှာ အခြားသော အသေးစားအကြောင်းအရာများစုစည်းခြင်းဖြစ်ပါတယ်။
လိုအပ်လျှင် ဒေတာကို မြန်မာဘာသာဖြင့် ဇယားအဖြစ်တင်ပြနိုင်ပါတယ်။ 

ဒီဇယားမှာ မြန်မာဘာသာဖြင့် ကမ္ဘာအနှံ့ လူသေဆုံးမှုများ၏ အကြောင်းအရာများကို ရာခိုင်နှုန်းအလိုက် ဖော်ပြထားပါတယ်။

ဉပမာအားဖြင့်—
• နှလုံးသွေးကြော တိမ်းရွေ့ရောဂါ – ၁၆%
• အကြွင်းအကျန် သွေးကြောကင်ဆာ – ၁၁%
• အသက်ရှုလမ်းကြောင်း ရောဂါ (COPD) – ၆%
• အောက်ပိုင်း အသက်ရှုလမ်းကြောင်း ရောဂါများ – ၅%
• မွေးဖွားစကောင်အခြေအနေများ – ၄%

အခြားသောအကြောင်းအရာများအတွက် “အခြား” ဆိုသောအမျိုးအစားအောက်တွင်စုစည်းဖော်ပြထားပါတယ်။
တခြားလိုအပ်သော အချက်အလက်များလည်း ပြောပေးနိုင်ပါတယ်။ 

04/09/2025

✅ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ
စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ
မသိဘူးဆိုတဲ့သူတွေအတွက်_

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)

> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ်တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )

>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)

> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ

@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )

> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )

> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ်တာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ စစ်ဆေးခြင်း

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV - HIV ပိုးစစ္တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
ကိုင်းတာကို စစ်တာ

(ဗဟုသုတအဖြစ်သာ မျှဝေပါသည်)


Crd_

30/11/2024
29/10/2024

#ရုတ်တရက် #လေဖြတ်ခံရသောလူနာကို #အမြန်ကယ်ဆယ် #ကုသနည်း
---
(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံး၀မဖြစ်နိုင်တော့ပါ။
လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

credit : Myawaddy News

Address

No-21, 146 Street, Ayoegone Quart, Tarmway
Yangon

Alerts

Be the first to know and let us send you an email when Mother's Love clinic & Pharmacy အမေ့မေတ္တာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mother's Love clinic & Pharmacy အမေ့မေတ္တာဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram