Mon Myat Telemedicine

Mon Myat Telemedicine Telecommunication about Health

အသည်းကျန်းမာရေး
04/09/2024

အသည်းကျန်းမာရေး

#အသည်းကျန်းမာရေးကောင်အောင်ဘယ်လိုနေထိုင်စားသောက်ရမလဲဆရာ ❓


အသည်း က
✳️ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် (Metabolism) တွေမှာ အဓိကနေရာက ပါဝင်သလို
✳️ အစာချေအဖွဲ့အစည်း ရဲ့ ဥက္ကဌလို့ ပြောလို့ရပါတယ်
✳️ ခန္ဓာကိုယ်ထဲရောက်လာတဲ့ ဆေး ၊ အရက် ၊ ဓာတုပစ္စည်း ၊ ဆိုးဆေး အဆိပ်အတောက် မှန်သမျှကို ဖျက်ဆီးပေးတဲ့နေရာလည်းဖြစ်ပါတယ်
✳️ သွေးခဲဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေထုတ်လုပ်ပေးသလို သွေးနီဥတည်ဆောက်ဖို့ hormone လည်းထုတ်ပေးပါတယ်
✳️ Vitamin D တည်ဆောက်မှုမှာ တစိတ်တပိုင်းပါဝင်ပါတယ် ပြောရရင် အသည်းရဲ့အရေးပါပုံက မဆုံးနိုင်အောင်များလွန်းလှပါတယ်။
အဲ့လောက် အသုံးဝင်အရေးပါတဲ့အသည်းကို ဖျက်ဆီးနေတာက ကျွန်တော်တို့ကိုယ်တိုင်ပါပဲ
😢 အဆီတွေ အချိုတွေ အပါအဝင် အစားအသောက်တွေတရားလွန်စားတယ်
😢 အရက် Party drugs - မူးယစ်ဆေး တွေသုံးစွဲတယ်
😢 fast foods, canned foods, preserved foods တွေစားတယ်
😢 စိတ်ဖိစီးမှုတွေများတယ်
😢 အနားယူရမယ့် အိပ်ချိန်ကို အချိန်မှန်မအိပ်ဘူး
😢 အဆီပိုတွေသိမ်းပြီး အလုပ်လုပ်နေတဲ့ အသည်းကိုပါ အသည်းဝတုတ် - fatty Liver ဖြစ်စေတယ် အဲ့လိုကနေ အသည်းအဆီဖုံး အသည်းရောင် အသည်းခြောက် အသည်းကင်ဆာတွေပါ ဖြစ်လာနိုင်ပါတယ်။

အဲ့ဒါကြောင့် အသည်းကျန်းမာရေးကောင်းအောင် ဘာလုပ်ရမလဲ ဆိုရင် အတိုဆုံးအဖြေက အခုလုပ်နေတာရဲ့ ပြောင်းပြန်သာနေပါ လို့ ဖြေရမှာပါပဲ

✳️ အသည်း ဝန်မပိရအောင်
- အစားအသောက်ကို ပုံမှန်ပဲစားပါ
(တရားလွန်စားတာ ၊ အတင်းအကြပ်အစားဖြတ်ပြီး ကိုယ်အလေးချိိန်လျှော့တာ တွေရှောင်ရပါမယ်)
- ကြာရှည်ခံဓာတုပစ္စည်းတွေ ဆိုးဆေးတွေ ရှောင်ပါ
- အချိုတွေ အဆီတွေ လျှော့စားသင့်ပြီး
- ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံ များများစားပါ
- ရေများများသောက်ပါ
- စိတ်ဖိစီးမှုလျှော့ပါ
- အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေး ဝ ဝ အိပ်ပါ
- အရက် beer Wine ဆေးလိပ် အကုန်ဖြတ်ပါ
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ (Gym သွားဖို့ အချိန်ကိုမရှိတာပါ လို့ ဆင်ခြေပေးတတ်ကြပါတယ် 👉 မနက်စာစားပြီး ၁၀ မိနစ် နေ့လည်စာစားပြီး ၁၀ မိနစ် ညစာစားပြီး ၁၀ မိနစ် လမ်းလျှောက်လိုက်ပါ)

အသည်း နှင့် ပတ်သက်တဲ့ ကျွန်တော်ရေးထားတဲ့ ဆောင်းပါးလေးတွေ စုထားပေးပါတယ်

1. အသည်းခြောက်ခြင်း

https://www.facebook.com/104993831383029/posts/448085050407237/?d=n

2. အသည်းအဆီဖုံးခြင်း

https://www.facebook.com/104993831383029/posts/373097861239290/?d=n

3. သည်းချေကျောက်

https://www.facebook.com/104993831383029/posts/127923892423356/

4. ရေဖျင်းစွဲစေသောအကြောင်းရင်းများ

https://www.facebook.com/104993831383029/posts/446857993863276/?d=n

5. အသည်းကြီးခြင်း

https://www.facebook.com/104993831383029/posts/452997326582676/?d=n

6. အသည်းရောင်ခြင်း

https://www.facebook.com/104993831383029/posts/455681859647556/?d=n

7. သည်းချေအိတ်ခွဲစိိတ်မှုခံယူပြီးဆောင်ရန်/ရှောင်ရန်

https://www.facebook.com/100058278781320/posts/522753773010578/?d=n

8. အသည်းအဆီဖုံးခြင်း၏နောက်ဆက်တွဲရောဂါများ

https://www.facebook.com/100058278781320/posts/631681155451172/?mibextid=cr9u03

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
09:00 pm/04.09.24
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

YPP 2024
14/08/2024

YPP 2024

Interested in a career with the UN? 🇺🇳

The Young Professionals Programme (YPP) is a recruitment initiative for highly qualified young people.

Applications for the 2024 YPP exams are open until 28 September 2024.

https://careers.un.org/young-professionals-programme

မသိမဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း (မတ်လ၊ ၂၀၂၃ ခုနှစ်) အဓိကအချက်အလက်များ ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက် (၅) နှစ်အော...
18/03/2023

မသိမဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း (မတ်လ၊ ၂၀၂၃ ခုနှစ်)

အဓိကအချက်အလက်များ

ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက် (၅) နှစ်အောက် ကလေး သေဆုံးမှုများအနက် ဒုတိယအများဆုံး သေဆုံးမှု အကြောင်းရင်းဖြစ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကာကွယ်၍ ရသကဲ့သို့ ကုသ၍လည်း ရပေသည်။
နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက် (၅) နှစ်အောက် ကလေးပေါင်း (၅၂၅,၀၀၀) ခန့် သေဆုံးနေရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအများစုကို သန့်ရှင်းသော သောက်သုံးရေ သောက်သုံးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းစွာပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။
နှစ်စဉ် ကမ္ဘာတစ်ဝန်းရှိကလေးများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုပေါင်း (၁.၇) သန်းခန့် ရှိသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက် (၅) နှစ်အောက် ကလေးများတွင် အာဟာရချို့တဲ့မှုဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရက်ပေါင်းများစွာ ကြာနိုင်ပြီး အသက်ရှင်ကျန်းမာရန်အရေးကြီးသော ရေနှင့် ဓာတ်ဆားဓာတ်များ ခန္ဓာကိုယ်မှ လျော့နည်းဆုံးရှုံးမှုကို ဖြစ်စေသည်။ အာဟာရချို့တဲ့သောကလေးများ၊ ကိုယ်ခံအားလျော့နည်းသော ကလေးများနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများသည် အသက်ဆုံးရှုံးနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုသည်မှာ ပုံမှန်ထက် ဝမ်းပျော့ပျော့ (သို့မဟုတ်) ဝမ်းအရည် တစ်နေ့ (၃) ကြိမ် (သို့မဟုတ်) (၃) ကြိမ်အထက် ဝမ်းသွားခြင်းကို ဆိုလိုသည်။ (လူတစ်ယောက် ပုံမှန် ဝမ်းသွားနေကျအကြိမ်ထက် ပို၍ ဝမ်းသွားခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်း ဖြစ်သည်။) ဝမ်းအရည်မဟုတ်ဘဲ ဝမ်း ခဏခဏ သွားခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါ မဟုတ်သကဲ့သို့ မိခင်နို့တိုက်ကျွေးနေသော ကလေးများ ဝမ်းပျစ်ပျစ် ပျော့ပျော့သွားခြင်းသည်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဟု မသတ်မှတ်ပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းသည် အူလမ်းကြောင်းတွင်း ပိုးဝင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးအမျိုးမျိုးကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေသောပိုးသည် မသန့်ရှင်းသောအစားအစာ (သို့မဟုတ်) ရေ တို့မှ ကူးစက်ပြန့်ပွားနိုင်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ အမျိုးအစား (၃) မျိုး

(၁) ရုတ်တရက် ဆန်ဆေးရည်ကဲ့သို့ ဝမ်းအရည်သွားသော ဝမ်းပျက်ဝမ်းလျှောရောဂါ - နာရီပေါင်းများစွာ (သို့မဟုတ်) ရက်ပေါင်းများစွာ ကြာနိုင်သည်။ (ကာလဝမ်းရောဂါသည် ဤအမျိုးအစားတွင် ပါဝင်သည်)
(၂) ရုတ်တရက် သွေးဝမ်းသွားသော ဝမ်းပျက်ဝမ်းလျှောရောဂါ - ဝမ်းကိုက်ရောဂါဟုလည်း ခေါ်သည်။
(၃) ကာလကြာ ရက်ရှည် ဝမ်းပျက်ဝမ်းလျှောရောဂါ - ၁၄ ရက် နှင့်အထက် ဝမ်းလျှောခြင်း ဖြစ်သည်။

ရေဓာတ်ခန်းခြောက်ခြင်း

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခြင်းကြောင့် ပြင်းထန်ဆိုးရွားသည့် ခြိမ်းခြောက်မှု အန္တရာယ်မှာ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်သည်။ ဝမ်းတစ်ကြိမ်လျှောတိုင်း ဝမ်းအရည်၊ အန်ဖတ်၊ ချွေး၊ ဆီးနှင့် အသက်ရှုခြင်းတို့မှတစ်ဆင့် ရေနှင့် ခန္ဓာကိုယ်တွင်း လိုအပ်သော ဓာတ်သတ္တုများ (ဆိုဒီယမ်၊ ကလိုရိုဒ်၊ ပိုတက်ဆီယမ်နှင့် ဘိုင်ကာဗွန်နိတ်) ဆုံးရှုံးသွားသည်။ ဤကဲ့သို့ ရေနှင့် ဓာတ်သတ္တု ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းခြင်း မပြုလုပ်ပါက ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်ပွားသည်။

ရေဓာတ်ခန်းခြောက်ခြင်း အဆင့် (၃) ဆင့်

(၁) ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း (အောက်ဖော်ပြပါ လက္ခဏာများအနက် အနည်းဆုံး (၂) ခု ရှိရမည်)

နုံးခွေခြင်း၊ သတိလစ်မေ့မြောခြင်း
မျက်တွင်းချိုင့်ခြင်း
ရေမသောက်နိုင်ခြင်း (သို့မဟုတ်) ရေကောင်းစွာ မသောက်နိုင်ခြင်း
အရေပြားခြောက်သွေ့၍ ဆွဲဆန့်နိုင်/ကျုံ့နိုင်အား အလွန်နှေးသွားခြင်း (၂ စက္ကန့်နှင့် အထက်ကြာ)

(၂) အတော်အသင့် ရေဓာတ်ခန်းခြောက်ခြင်း (အောက်ဖော်ပြပါ လက္ခဏာများအနက် အနည်းဆုံး (၂) ခုနှင့်အထက် ရှိရမည်)

ဂနာမငြိမ်၊ ကယောင်ကတမ်းဖြစ်ခြင်း
မျက်တွင်းချိုင့်ခြင်း
ရေ အငမ်းမရ သောက်ခြင်း၊ ရေဆာခြင်း

(၃) ရေဓာတ်ခန်းခြောက်မှု မရှိခြင်း

အထက်ပါ ပြင်းထန် (သို့မဟုတ်) အတော်အသင့် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ မရှိပါက ရေဓာတ်ခန်းခြောက်မှု မရှိဟု ဆိုနိုင်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများ

ရောဂါပိုး ကူးစက်ခြင်း

ဝမ်းပျက်ဝမ်းလျှောခြင်းသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးကောင်များမှ ကူးစက်ဖြစ်ပွားသော ရောဂါလက္ခဏာတစ်ခု ဖြစ်ပြီး အများစုမှာ မစင်များမှတစ်ဆင့် သောက်ရေ၊ သုံးရေ မသန့်ရှင်းမှု ဖြစ်ကာ ကူးစက်ပြန့်ပွားသည်။ ယင်လုံအိမ်သာမလုံလောက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းနှင့် သန့်ရှင်းသော သောက်သုံးရေ မရှိခြင်း၊ ချက်ပြုတ်ရေးနှင့် သန့်ရှင်းရေးတို့တွင် အသုံးပြုသောရေသည် ဘေးအန္တရာယ်မကင်းခြင်း စသည့် အခြေအနေများတွင် ရောဂါပိုး ကူးစက်ပြန့်ပွားမှု ပိုမိုဖြစ်ပွားသည်။ ရိုတာဗိုင်းရပ်စ် (Rotavirus) နှင့် E. coli (Escherichia coli) တို့သည် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ရောဂါလက္ခဏာ အတော်အသင့်မှ ပြင်းထန် အခြေအနေအထိ ဖြစ်ပွားစေသော ဝမ်းပျက်ဝမ်းလျှောရောဂါ အများဆုံး ဖြစ်ပွားစေသော ပိုးမွှားများ ဖြစ်သည်။ ခရစ်တိုစပိုရီးဒီးယမ်း (cryptosporidium) နှင့် ရှီဂဲလား (shigella) အစရှိသော ပိုးမျိုးစိတ်များသည်လည်း အရေးကြီးသော ရောဂါပိုးမွှားများ ဖြစ်သည်။ နေရာဒေသအလိုက် ရောဂါပိုး ကူးစက်ပြန့်ပွားသော ပုံစံများကိုလည်း ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။

အာဟာရချို့တဲ့ခြင်း

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးရသော ကလေးများသည် အာဟာရချို့တဲ့မှု ရောဂါနောက်ခံ ရှိလေ့ရှိကြပြီး ဤအာဟာရချို့တဲ့မှုကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားမှုကို ပိုမို ထိခိုက်ခံစားရသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် အကြိမ်တိုင်းသည် ကလေးများ၏ အာဟာရချို့တဲ့မှုကို ပို၍ ဆိုးရွားစေသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းသည် (၅) နှစ်အောက် ကလေးများတွင် အာဟာရချို့တဲ့မှုဖြစ်ပွားစေသော အဓိကအကြောင်းရင်း ဖြစ်သည်။

ပင်မအကြောင်းအရင်း

မိလ္လာစနစ်၊ မိလ္လာပိုက်၊ မိလ္လာကန်နှင့် သန့်စင်ခန်း (အိမ်သာ) တို့မှ လူ့မစင်များ ရောက်ရှိညစ်ညမ်းသွားသော သောက်သုံးရေက အဓိကအကြောင်းအရင်းဖြစ်သည်။ တိရိစ္ဆာန်တို့၏ အညစ်အကြေးများတွင်လည်း ဝမ်းလျှောဝမ်းပျက်ဖြစ်စေသော သေးငယ်သည့် ရောဂါပိုးများ ပါဝင်နေနိုင်သည်။

အခြားအကြောင်းအရင်းများ

ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်း လူတစ်ဦးမှ တစ်ဦး ကူးစက်နိုင်သည်။ အစားအစာများကို သန့်သန့်ရှင်းရှင်း ချက်ပြုတ်ပြင်ဆင်ခြင်း (သို့မဟုတ်) သိမ်းဆည်းခြင်း မရှိပါက အစားအစာများသည်လည်း ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားစေသော အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်လာသည်။ သောက်ရေ၊ သုံးရေများကို သန့်သန့်ရှင်းရှင်း ဘေးကင်းစွာ သိုလှောင်သိမ်းဆည်းခြင်း၊ သုံးစွဲခြင်း မရှိပါက ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနိုင်ခြေ များသည်။ မသန့်ရှင်းသော၊ ညစ်ညမ်းသော ရေထဲမှ ရရှိသော ငါးနှင့် ပင်လယ်စာများသည်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေသည်။

ကာကွယ်ခြင်းနှင့် ကုသခြင်း

ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် အဓိက နည်းလမ်းများမှာ

သန့်ရှင်းသော သောက်သုံးရေကို လက်လှမ်းမီရရှိခြင်း
သန့်ရှင်းသော ယင်လုံအိမ်သာ အသုံးပြုခြင်း
လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း
ကလေး အသက် (၆) လ အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း
တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အစားအစာ သန့်ရှင်းမှု ရှိခြင်း
ရောဂါပိုးများ ကူးစက်ပုံကို ကျန်းမာရေးအသိပညာပေးခြင်း
ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခြင်း

ဝမ်းပျက်ဝမ်းလျှောရောဂါကို ကုသရန် အဓိကနည်းလမ်းများမှာ

ဓာတ်ဆား (ORS) ဖျော်ရည်ဖြင့် ရေဓာတ်ပြန်လည်ဖြည့််ပေးခြင်း

ORS ဓာတ်ဆားသည် ရေသန့်၊ ဆား နှင့် သကြားတို့ကို အချိုးညီညီ ပေါင်းစပ်ထားသော အရာဖြစ်သည်။ ကုန်ကျစရိတ်သက်သာသည်။ ဓာတ်ဆားကို အူသိမ်မှ စုပ်ယူပြီး ဝမ်းသွားခြင်းမှ ဆုံးရှုံးသွားသော ရေ နှင့် သတ္တုဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးသည်။

ဇင့်စ်ဆေးပြား ဖြည့်စွက်သောက်ခြင်း

ဇင့်စ်ဆေးပြားသည် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် အကြိမ် နှင့် ကြာချိန်ကို (၂၅%) ထိ လျှော့ချပေးပြီး ဝမ်းသွားသော ပမာဏကိုလည်း (၃၀%) လျော့ကျစေသည်။

သွေးကြောတွင်း အရည်များသွင်းခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်ပေးခြင်း

ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း (သို့မဟုတ်) သွေးလန့်ကာ သတိလစ်မေ့မြောခြင်းတို့ ဖြစ်လျှင် လိုအပ်ပါမည်။

အာဟာရပြည့်ဝသော အစားအစာများ

အာဟာရချို့တဲ့ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း နှစ်ခု၏ တစ်ခုနှင့် တစ်ခု မှီတည်ကာ အဆိုးကျော့သံသရာ လည်နေခြင်းကို အာဟာရပြည့်ဝသော အစားအစာများစားသုံးခြင်းဖြင့် ဖြတ်တောက်တားဆီးနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဥ် အချိန်အတွင်း မိခင်နို့ တိုက်ကျွေးခြင်းနှင့် သက်သာလာသည့်အချိန်တွင် အာဟာရပြည့်ဝသော အစားအစာများ ကျွေးခြင်း (ကလေးအသက် (၆) လတွင်း ဖြစ်ပါက မိခင်နို့ကိုသာ တိုက်ကျွေးရန်) များကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။

ဝမ်းပျက်ဝမ်းလျှော ကြာရှည်စွာ ဖြစ်နေပါက (သို့မဟုတ်) ဝမ်းသွားသည့်အခါ သွေးပါလာပါက (သို့မဟုတ်) ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ဖြစ်ပေါ်လာပါက ကျွမ်းကျင်သော ကျန်းမာရေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ကုသရပါမည်။

Source: World Health Organization (WHO)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

အော်တစ်ဇင် အကြောင်းသိကောင်းစရာ
28/05/2022

အော်တစ်ဇင် အကြောင်းသိကောင်းစရာ

အော်တစ်ဇင်ဆိုတာဘာလဲ?
~~~~~~~~~~~~~~~~
ရေးသားသူ- မေသင်း

အော်တစ်ဇင်ဆိုတာ လူတစ်ဦးတစ်ယောက်၏ ဘဝတစ်လျှောက်လုံး၌ စွမ်းဆောင်ရည်အချို့တွင် ဖွံ့ဖြိုးမှုများချို့ယွင်းနေသော အခြေအနေတစ်မျိုး ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Autism Spectrum Disorder (ASD) လို့ခေါ်ပါတယ်။

အော်တစ်ဇင်တစ်ဦးနဲ့တစ်ဦးလက္ခဏာများ ထပ်တူထပ်မျှ မတူညီကြပါ။ သို့သော်
📌 လူမှုဆက်ဆံရေး၊
📌 ပြောဆိုဆက်ဆံရေး၊
📌 စိတ်ဝင်စားမှု၊
📌 အပြုအမူတို့တွင် ချို့ယွင်းမှုများ ရှိနေကြတာချင်းတော့ တူညီကြပါတယ်။

အော်တစ်ဇင်လက္ခဏာ ရှိနေသော ကလေး တစ်ယောက်ရဲ့ ချို့ယွင်းချက်များအား ၎င်းတို့၏ အသက် ၃နှစ်နောက်ပိုင်းမှသာ သိသိသာသာတွေ့ရှိရတတ်ပါတယ်။ တကယ်တော့ အော်တစ်ဇင် လက္ခဏာများဟာ အသက်၃နှစ်မတိုင်မီကတည်းက ရှိနှင့်နေပြီးသားပင်ဖြစ်ပါတယ်။ မိဘများအနေနဲ့ သတိမမူမိတာလည်း ဖြစ်နိုင်သလို ကလေးရဲ့ အော်တစ်ဇင်လက္ခဏာ များကလည်း သိသိသာသာ မပြသေးတာလည်း ဖြစ်နိုင်ပါတယ်။

အင်္ဂလန်နိုင်ငံမှာတော့ ကလေးအယောက် (၁၀၀)မွေးတိုင်း အော်တစ်ဇင်ကလေး တစ်ယောက် ပါလေ့ရှိတယ်လို့ ခန့်မှန်းသိရှိရပါတယ်။ ယောက်ျားလေးများသည် မိန်းခလေးများထက် အော်တစ်ဇင်ဖြစ်ပွားမှု များကြောင်းလည်း လေ့လာသိရှိရပါတယ်။

အော်တစ်ဇင်ကို ပျောက်ကင်းအောင် ကုသ၍ရသောနည်းလမ်း မရှိသေးပါ။ သို့သော်

1️⃣ Speech and Language Theraphy
စကားသံနဲ့ဘာသာစကားအတွက် လေ့ကျင့်ရေးကုထုံး၊

2️⃣ Occupational Therapy
အနုစိပ်လှုပ်ရှားမှုနှင့် တစ်ကိုယ်ရည်ကိစ္စရပ်များကို လေ့ကျင့်ပေးသည့်ကုထုံး၊

3️⃣ Educational Support ပညာရေးဆိုင်ရာထောက်ပံ့ပေးမှု (တစ်နည်းအားဖြင့်) Special Education (ကလေး၏သင်ယူနိုင်မှု စွမ်းရည်အပေါ် မူတည်၍ အတွေ့အကြုံရှိသူ ဆရာ/ဆရာမများ၊ ကျွမ်းကျင်သူပညာရှင်၏ ကြီးကြပ်မှုဖြင့် အထူးသင်ကြားပေးရသော ပညာရေး)၊

4️⃣ Physiotherapy သက်ဆိုင်ရာ
အကြောအဆစ် ကျွမ်းကျင်ပညာရှင်များက ကလေး၏လိုအပ်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများအား စနစ်တကျ ပြုလုပ်ပေးခြင်း

စသည့်နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးကာ ပိုမိုတိုးတက်ကောင်းမွန်လာအောင်တော့ ကူညီပေးနိုင်ပါတယ်။

အော်တစ်ဇင်ရဲ့လက္ခဏာကဘာတွေလဲ?
~~~~~~~~~~~~~~~~~~~~~~~~

📌 အော်တစ်ဇင်၏ အထင်ရှားဆုံး လက္ခဏာရပ်မှာ လူမှုဆက်ဆံရေး နယ်ပယ်နှင့် ပြောဆို/ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တို့၌ များစွာအခက်အခဲရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ အော်တစ်ဇင်တစ်ဦးဟာ ၎င်းတို့ တစ်ယောက်တည်း အထီးကျန်စွာနေတတ်ပြီး နှုတ်ဖြင့်ပြောဆိုဆက်ဆံရာတွင် အခက်အခဲရှိခြင်း၊ လူအများနားလည်သော ကိုယ်ဟန်အမူအရာများကို နားမလည်ခြင်း၊ မျက်နှာအမူအရာ၊ အသံနေအသံထားတို့ကို နားမလည်ခြင်း၊ မိမိလိုအပ်ချက်ကို ထုတ်ဖော် ပြောဆိုရန်ခက်ခဲခြင်း၊ သံယောင်လိုက်ပြောတတ်ခြင်း၊စကားလုံးတစ်ခုခုကို ထပ်ခါတလဲလဲ ပြောဆိုတတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

📌 နို့စို့အရွယ် အစောပိုင်းကာလများတွင်မူ​ အော်တစ်ဇင် ကလေးတစ်ယောက်ဟာ ပုံမှန်ကလေးတစ်ယောက်ကဲ့သို့ ဝူးဝူးဝါးဝါး အသံကလေးများပင် မပေးတတ်ခြင်း၊ သို့မဟုတ် ဗိုက်ဆာလျင်ဖြစ်စေ၊ အိပ်ချင်လျင်ဖြစ်စေ၊ အနှီးသေးစို၍ မနေတတ်သည့်အခါဖြစ်စေ မိခင် သို့မဟုတ် အနားတွင်ရှိသူတစ်ဦးဦးအား အသံတစ်ခုခုပေးခြင်းမျိုး မရှိတတ်ပါ။

📌 မျက်လုံးချင်းဆုံ၍ မကြည့်ပါ။

📌 အရွယ်တူကလေး အချင်းချင်းအားစိတ်ဝင်စားမှု လုံးဝမရှိပါ။ အတူတူလည်းမကစားပါ။

📌 အရွယ်တူချင်းကစားဖို့ လုံးဝ စိတ်မဝင်စားဘဲ မိမိထက်ကြီးသော/ငယ်သောသူတို့ အနားသို့သာ ချဉ်းကပ်သွားလေ့ရှိပါတယ်။ (ကျမသားလေးရဲ့ အတွေ့အကြုံအရ ပြောပြရမယ်ဆိုရင် အော်တစ်ဇင်ကလေးတွေဟာ သူတို့ကို ပိုမိုချစ်ခင်ယုယတဲ့သူ၊ သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံပေးတတ်သူတို့ကိုသာ ရွေးချယ်၍ ချဉ်းကပ်လေ့ရှိပါတယ်။)

📌 များသောအားဖြင့် တစ်ယောက်တည်း အထီးကျန်စွာ ကစားရသည်ကို ပိုမိုနှစ်သက်လေ့ရှိပါတယ်။

📌 သူတို့ဟာ အခြားသူတို့ရဲ့ စိတ်ခံစားမှုများအား မျက်နှာအမူအရာ၊ အသံနေအထားတို့ကို မြင်ရုံကြားရုံနဲ့ နားမလည်ရုံမျှမက သူတို့ရဲ့ စိတ်ခံစားမှုကိုလည်း လူအများနားလည်အောင် နှုတ်ဖြင့်လည်း မပြောဆိုနိုင်ပါ။ မိမိ၏စိတ်ခံစားမှုများကိုလည်း မျက်နှာအမူအရာ၊ ခြေဟန်လက်ဟန်တို့ဖြင့် မှန်ကန်စွာ မပြုလုပ်ပြတတ်ပါ။ ဘာသာစကားဖွံ့ဖြိုးမှုမှာလည်း လွန်စွာမှ နှောင့်နှေးလေ့ရှိပါတယ်။

📌 အော်တစ်ဇင် ကလေးအချို့သည် နေ့စဉ်ပြုလုပ်နေကျ ကိစ္စရပ်များအား အချိန်ဇယားအတိုင်းအတိအကျ ပြုမူနေထိုင်ရခြင်းကို ပိုမိုနှစ်သက်ကြပါတယ်။ အကယ်၍ အချိန်ဇယားအတိုင်းမဟုတ်ဘဲ အနည်းငယ် လွဲချော်သွားသည်နှင့်တစ်ပြိုင်နက် အလွန်ဂျီကျ
သောင်းကျန်းတတ်ပါတယ်။

📌 အချို့ကလည်း စိတ်လှုပ်ရှားလွန်းသည့်အခါဖြစ်စေ၊ စိတ်ဆိုးသည့်အခါဖြစ်စေ၊ စိတ်ထိခိုက် ဝမ်းနည်းသည့်အခါဖြစ်စေ သူတို့ရဲ့ လက်ဖဝါးလေးများကို ဆုပ်လိုက်ဖြန့်လိုက် အကြိမ်ကြိမ်ပြုလုပ်လေ့ရှိပါတယ်။

📌 အချို့ကလည်း သူတို့ရဲ့လက်ချောင်းလေးများအား အမျိုးမျိုးလှုပ်ရှား ဆော့ကစားနေရခြင်းကို အလွန်နှစ်သက်ကြပါတယ်။

📌 အချို့ကလည်း ခြေဖျားထောက်လျှောက်ခြင်း၊

📌 မိမိခန္ဓာကိုယ်ကို ပတ်ခြာလည်လှည့်နေတတ်ခြင်း၊ ကစားစရာ သို့မဟုတ် ပစ္စည်းတစ်ခုခုကို လှည့်နေတတ်ခြင်း၊

📌 မီးခလုတ် သို့မဟုတ် ရေပိုက်ခေါင်း သို့မဟုတ် တံခါးအား ဖွင့်လိုက် ပိတ်လိုက် ခဏခဏပြုလုပ်တတ်ခြင်း၊

📌 ပစ္စည်းလေးတွေ/ကစားစရာလေးတွေကို ညီနေအောင် မကြာခဏစီနေတတ်ခြင်း၊

📌 မိမိတို့ဦးခေါင်းဖြင့် နံရံ/ကြမ်းပြင်/ထိုင်ခုံနောက်မှီစသည့် တစ်ခုခုအား ဒုန်းခနဲမြည်အောင် မကြာခဏဆောင့်တတ်ခြင်း၊

📌 ရေခွက်တစ်ခုမှ တစ်ခုအတွင်းသို့ လက်ဖက်ရည်ဖျော်ဆရာ တစ်ယောက်ကဲ့သို့ ရေများလောင်းထည့်ရသည်ကို အလွန်နှစ်သက်သဘောကျခြင်း၊

📌 မိမိအသားကိုဖြစ်စေ၊ အင်္ကျီကော်လာစကိုဖြစ်စေ၊ ပစ္စည်းတစ်ခုခုကိုဖြစ်စေ အမြဲကိုက်နေတတ်ခြင်း၊ ရန်လိုသည့်အခါတိုင်း/ စိတ်လှုပ်ရှားလွန်းသည့်အခါတိုင်းတွင်လည်း တစ်ခုခုအားကိုက်နေတတ်ခြင်း၊

📌 မိမိနာမည်အားခေါ်သည့်အခါဖြစ်စေ၊ မိမိအား အခြာတစ်ယောက်ယောက်က စကားလာပြောသည့်အခါဖြစ်စေ မည်သည့်တုံ့ပြန်မှုမျှ မရှိခြင်း၊

📌 မျက်လုံးခြင်းဆုံမိလျင် ချက်ချင်း
ရှောင်လွဲတတ်ခြင်း၊ မျက်လုံးချင်း လုံးဝကိုပင် မဆုံလိုခြင်း၊ ပြောဆိုဆက်ဆံမှုမရှိခြင်း၊

📌 အစားအသောက်စားသောက်ခြင်း/အဝတ်အစားဝတ်ခြင်း/အထိအတွေ့ခံစားမှုတို့၌ အခက်အခဲများစွာရှိခြင်း စသည့် လက္ခဏာများလည်းရှိနေတတ်ပါတယ်။

အခု ရေးသားတင်ပြသော ပို့စ်လေးအား
မိဘတိုင်း၊ မိဘဖြစ်လာမည့်သူတိုင်း၊ လူတိုင်းလူတိုင်း မဖြစ်မနေဖတ်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ ကြိုတင်သိရှိထားခြင်းဖြင့် မိမိကလေးမှမဟုတ်၊ မိမိတူ/တူမလေးများ၊ မိမိတပည့်လေးများ၊ မိမိပတ်ဝန်းကျင်ရှိ ကလေးများ၌ အော်တစ်ဇင် လက္ခဏာများရှိနေပါက မိမိတို့အနေနဲ့ ဦးစွာသတိပြုမိနိုင်မှာ ဖြစ်ပါတယ်။ သို့မှသာ ကလေးတို့အတွက် လိုအပ်သော လေ့ကျင့်သင်ကြားမှုများအား စောလျင်စွာသိရှိဆောင်ရွက်ပေးခြင်း Early Intervention ကို အချိန်မီပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထို့ပြင် မိမိတို့ပတ်ဝန်းကျင်ကျင်ရှိအော်တစ်ဇင်ကလေးငယ်များ အပေါ်တွင်လည်းကောင်း၊ ပုံမှန်ထက်ပို၍ စိတ်ရော လူရော ပင်ပန်းကြရရှာသည့် ၎င်းတို့၏ မိဘများအပေါ်တွင်လည်းကောင်း ပိုမို နားလည် စာနာမှုများရရှိစေနိုင်ဖို့လည်း များစွာမျှော်လင့်မိပါတယ်။




References -

https://www.google.com.mm/url?sa=t&source=web&rct=j&url=https://www.nhs.uk/conditions/autism/&ved=2ahUKEwinndfA-YvdAhWXXysKHVbiDh0QFjABegQICxAE&usg=AOvVaw1jmhfARPbIzI7q3hUklSFb

မှတ်ချက်-

ဒီရက်ထဲမှာ Cb ကနေ အမေးအများဆုံး မေးခွန်းမို့ ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ။ Cb ကနေ ဖြေပေးတာတော့ အကြမ်းဖျင်းလောက်ပဲ ပြောပြလို့ရတဲ့အတွက် မပြည့်စုံမှာစိုးလို့ပါရှင်။

အပူဒါဏ်အန္တရာယ်
28/04/2022

အပူဒါဏ်အန္တရာယ်

Address

Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Mon Myat Telemedicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram