Medic Journey

Medic Journey Bringing the world to your wellness.

နိုင်ငံကြီးလေးနိုင်ငံက နာမည်ကြီးဆေးရုံကြီးတွေမှာ အဆင့်မြင့်စက်ကိရိယာ၊ ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေနဲ့ ကုသလိုသူတိုင်းကိုအခမဲ့ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးနေတာ Medic Journey ပါ🏥
Medic Journey ရဲ့ အခမဲ့ဝန်ဆောင်မှုတွေဆိုတာ
🆓Medic Journey နဲ့ချိတ်ဆက်ထားတဲ့ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံကြီးတွေက ထိပ်တန်းဆေးရုံကြီးတွေမှာ သွားရောက်ကုသလိုသူတိုင်း ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင်လာရောက်ပြီးဖြစ်စေ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ခြင်း
🆓မြန်မာနိုင်ငံမှ မထွက်ခွာမီ လိုအပ်သောဆေးစစ်ချက်များ စီစဉ်ပေးခြင်း
🆓ခန့်မှန်းခြေကုန်ကျစရိတ် တွက်ချက်ပေးခြင်း
🆓နိုင်ငံဝင်ခွင့်ဗီဇာ လျှောက်ထားပေးခြင်း
🆓လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း
🆓ဆေးရုံနှင့် အနီးဆုံးဖြစ်ပြီး အဆင်ပြေသည့် တည်းခိုခန်းကို ရွေးချယ်စီစဉ်ပေးခြင်း
🆓သွားလာရေးလွယ်ကူစေရန် ကားစီစဉ်ပေးခြင်း
🆓ဆရာဝန်ကြီးများနှင့် တွေ့ဆုံသည့်အခါ ဘာသာစကားအခက်အခဲ အဆင်ပြေစေရန် အတွေ့အကြုံရှိ ဘာသာပြန်တစ်ဦး ထားရှိပေးခြင်း နှင့်
🆓Aftercare Service ဖြစ်သည့် နိုင်ငံခြား‌ဆေးရုံကြီးတွင် ကုသပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် လူနာများ၏ လိုအပ်‌သော ဆေးစစ်ချက်များကို ဆရာဝန်ကြီးများထံ ပို့ပေးပြီး ညွှန်ကြားမှုများရယူပေးခြင်း တို့ပဲဖြစ်ပါတယ်။

😱 သင့်ရဲ့ အသည်းကို တိတ်တဆိတ်ခြိမ်းခြောက်နေတဲ့ "ကင်ဆာ" ကို သင်သိပါရဲ့လား။ 💔🛑 အသည်းကင်ဆာ (Liver Cancer) ဆိုတာ တကယ်တော့... ...
28/03/2026

😱 သင့်ရဲ့ အသည်းကို တိတ်တဆိတ်ခြိမ်းခြောက်နေတဲ့ "ကင်ဆာ" ကို သင်သိပါရဲ့လား။ 💔

🛑 အသည်းကင်ဆာ (Liver Cancer) ဆိုတာ တကယ်တော့... သင့်ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး ဓာတ်ခွဲခန်းကြီးကို ဝင်ရောက်ဖျက်ဆီးနေတဲ့ ရန်သူပါပဲ!

💁🏻‍♀️ ကျနော်တို့ရဲ့ အသည်းဆိုတာ သွေးသန့်စင်ပေးတယ်၊ အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်၊ အာဟာရတွေကို စီမံခန့်ခွဲပေးတဲ့ အင်မတန်အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။

📌 ဒါပေမဲ့ တစ်ခါတစ်ရံမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ အသည်းထဲမှာ ထိန်းချုပ်မရဘဲ ပွားများလာပြီး အကျိတ်အဖြစ် ကြီးထွားလာနိုင်ပါတယ်။ အဲ့ဒါကိုပဲ အသည်းကင်ဆာ လို့ခေါ်တာပါ။

🚨 ဘာကြောင့် စိုးရိမ်ရတာလဲ။
အသည်းကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ “လက္ခဏာပြခဲ” တာကြောင့် လူအများစုဟာ ရောဂါကို နောက်ကျမှ သိရှိကြရပါတယ်။ ဒါဟာ ကုသမှုကို ပိုမိုခက်ခဲစေပြီး အသက်အန္တရာယ်ကို ပိုပြီး ခြိမ်းခြောက်စေတဲ့အကြောင်းပါပဲ။

💁🏻‍♀️ ဘယ်သူတွေ ပိုသတိထားသင့်လဲ။

✅ အသည်းရောင်အသားဝါ B (သို့) C ပိုး (Chronic Hepatitis B or C) ရှိသူများ။
✅ အသည်းအဆီဖုံးခြင်းကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း (Cirrhosis) ရောဂါရှိသူများ။
✅ အရက် အလွန်အကျွံ သောက်သုံး သူများ။
✅ မျိုးရိုးထဲတွင် အသည်းကင်ဆာဖြစ်ဖူးသူများ။

💡 အသည်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ။
အသည်းကင်ဆာကို ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။
(၁) ကာကွယ်ဆေးထိုးပါ - အသည်းရောင် B ပိုး ကာကွယ်ဆေးကို ထိုးပါ။
(၂) စစ်ဆေးမှုမှန်မှန်လုပ်ပါ - အထူးသဖြင့် အသည်းခြောက်ရှိသူတွေဟာ အသည်းရဲ့ Ultrasound၊ Fibro Scan နဲ့ သွေးစစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။
(၃) ကျန်းမာသော လူနေမှုပုံစံ - အရက်လျှော့သောက်ပါ၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပြီး ကိုယ်အလေးချိန်ကို ထိန်းချုပ်ပါ။

💁🏻‍♀️ သင့်ရဲ့ အသည်းဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါ။ ရောဂါလက္ခဏာကို မစောင့်ဘဲ အသည်းအထူးကုတွေနဲ့ တိုင်ပင်ပြီး ကြိုတင်ကာကွယ်စစ်ဆေးမှုတွေ လုပ်ဆောင်ပါ။

👉 သင့်မိတ်ဆွေတွေကိုလည်း သူတို့ရဲ့ အသည်းကျန်းမာရေးအတွက် အရေးကြီးတဲ့ ဒီအချက်အလက်တွေကို သိစေရန်အတွက် ဝေမျှပေးဖို့ အကြံပြုလိုက်ပါရစေ။

📌 နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု
#အသည်းကင်ဆာ #အသည်းကျန်းမာရေး #ကျန်းမာရေးဗဟုသုတ ်းအထူးကု

🌟 ကင်ဆာဝေဒနာရှင်များအတွက် အစာလည်းဆေး/ဆေးလည်းအစာကင်ဆာရောဂါ ခံစားနေရသူများအတွက် အာဟာရ (Nutrition) သည် ဆေးဝါးကုသမှုကဲ့သို့ပ...
27/03/2026

🌟 ကင်ဆာဝေဒနာရှင်များအတွက် အစာလည်းဆေး/ဆေးလည်းအစာ
ကင်ဆာရောဂါ ခံစားနေရသူများအတွက် အာဟာရ (Nutrition) သည် ဆေးဝါးကုသမှုကဲ့သို့ပင် အရေးကြီးပါသည်။
မှန်ကန်သော စားသောက်မှုပုံစံသည် ခန္ဓာကိုယ်ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို၊ ဆေးကုသမှုကြောင့်ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကိုလည်း ကြံ့ကြံ့ခံနိုင်ရည်ရှိစေပါသည်။
လူနာများအတွက် အသင့်တော်ဆုံးနှင့် အားအင်ဖြစ်စေမည့် အာဟာရဆိုင်ရာ လမ်းညွှန်ချက်များကို အောက်ပါအတိုင်း အသေးစိတ် ဖော်ပြပေးလိုက်ရပါတယ်။
________________________________________
၁။ အသားဓာတ် (Protein) - တစ်သျှူးများ ပြန်လည်တည်ဆောက်ရန်
ကင်ဆာဆဲလ်များကြောင့် ပျက်စီးသွားသော တစ်သျှူးများကို ပြန်လည်ပြုပြင်ရန်နှင့် ကြွက်သားများ မဆုံးရှုံးစေရန် အသားဓာတ် ကြွယ်ဝစွာ စားပေးရပါမည်။
• စားသုံးသင့်သည်များ: ကြက်သား၊ ဘဲသား (အရေခွံဖယ်ပြီး)၊ လတ်ဆတ်သော ငါးမျိုးစုံ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး (ပဲပြား၊ ပဲနို့)၊ နို့နှင့် နို့ထွက်ပစ္စည်းများ။
• မှတ်ချက်: ပြုပြင်ဖန်တီးထားသော အသားများ (ဝက်အူချောင်း၊ အကင်) ကို ရှောင်ကြဉ်ပါ။
၂။ ဗီတာမင်နှင့် သတ္တုဓာတ် (Antioxidants) - ကိုယ်ခံအားအတွက်
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုများကို လျှော့ချပေးပါသည်။
• ဟင်းသီးဟင်းရွက်: ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ကန်စွန်းဥ၊ မုန်လာဥနီနှင့် အစိမ်းရင့်ရောင်ရှိသော အရွက်များ။
• သစ်သီး: ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီးနှင့် ဘယ်ရီသီး (Berries) အမျိုးမျိုး။ (သကြားလုံးဝ မပါသော သစ်သီးဖျော်ရည်များလည်း တိုက်ကျွေးနိုင်ပါသည်)
၃။ ကစီဓာတ် (Carbohydrates) - အားအင်ရရှိရန်
လူနာ မောပန်းနွမ်းနယ်မှုကို သက်သာစေရန်အတွက် စွမ်းအင်ပေးသော အစားအစာများ လိုအပ်သည်။
• စားသုံးသင့်သည်များ: ဆန်လုံးညို၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံ (Oats)၊ ပြောင်းဖူးနှင့် ကန်စွန်းဥ။
• ရှောင်ရန်: သကြားအလွန်အကျွံပါသော မုန့်များ၊ အချိုရည်များကို တတ်နိုင်သမျှ လျှော့ချပါ။
၄။ ကျန်းမာရေးနှင့်ညီညွတ်သော အဆီ (Healthy Fats)
• စားသုံးသင့်သည်များ: သစ်ကြားသီး၊ မြေပဲ၊ အစေ့အဆန်များ၊ ထောပတ်သီးနှင့် သံလွင်ဆီ။ ၎င်းတို့သည် ခန္ဓာကိုယ်အတွက် လိုအပ်သော ကယ်လိုရီနှင့် ဦးနှောက်လုပ်ဆောင်ချက်ကို အထောက်အကူပြုပေးနိုင်ပါသည်။
________________________________________
💡 စားသောက်မှုဆိုင်ရာ အကြံပြုချက်များ (Tips for Patients)
၁။ နည်းနည်းနှင့် အကြိမ်ကြိမ် စားပါ: အစားအသောက် ပျက်ခြင်း၊ အန်ချင်စိတ်ဖြစ်ခြင်းများ ရှိနိုင်သဖြင့် တစ်ခါတည်း အများကြီး စားမည့်အစား တစ်နေ့လျှင် (၅) ကြိမ်မှ (၆) ကြိမ်အထိ နည်းနည်းချင်း ခွဲစားပါ။
၂။ အရည်များများသောက်ပါ: ခန္ဓာကိုယ် ရေဓာတ်မခမ်းခြောက်စေရန် ရေ၊ သစ်သီးစစ်စစ်ဖျော်ရည် နှင့် စွပ်ပြုတ်ရည်များကို တစ်နေ့ပတ်လုံး အလျဉ်းသင့်သလို သောက်ပေးပါ။
၃။ သန့်ရှင်းမှု အထူးဂရုစိုက်ပါ: ကိုယ်ခံအားနည်းနေချိန်ဖြစ်၍ အစားအစာများကို သေချာဆေးကြောရန်နှင့် ကျက်အောင်ချက်ပြုတ်ရန် အလွန်အရေးကြီးပါသည်။ အစိမ်းစားခြင်းကို ခေတ္တရှောင်ပါ။
၄။ အရသာရှိအောင် ချက်ပြုတ်စားသောက်ပါ: ဆေးကုသမှုကြောင့် အစားအသောက် အရသာမရှိဖြစ်နေပါက သံပရာသီးညှစ်ခြင်း သို့မဟုတ် ဟင်းခတ်အမွှေးအကြိုင် (ချင်း၊ ကြက်သွန်ဖြူ) တို့ကို အသုံးပြု၍ ခံတွင်းလိုက်အောင် ပြင်ဆင်စားသုံးနိုင်ပါသည်။
________________________________________
အရေးကြီးသော မှတ်ချက်: ကင်ဆာအမျိုးအစားနှင့် လူနာ၏ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အာဟာရ လိုအပ်ချက် ကွဲပြားနိုင်သောကြောင့် ကုသမှုပေးနေသည့် ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့် အသေးစိတ် တိုင်ပင်ဆင်ခြင်သင့်ပါသည်။
ဤအာဟာရလမ်းညွှန်ချက်များကို အခြေခံပြီး လူနာများအတွက် နေ့စဉ် အာဟာရဇယား (Meal Plan) များအကြံပြုဆွေးနွေးလိုပါက (သို့မဟုတ်) ကုသမှုနဲ့ပတ်သက်ပြီး ဆက်လက်သိရှိလိုတာရှိရင်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်!

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

အူမကြီးကင်ဆာ (Colon Cancer) ကို ကျော်လွှားနိုင်ဖို့... မျှော်လင့်ချက်အလင်းရောင် ရှိနေဆဲပါ 🌟"ကင်ဆာ" ဆိုတဲ့ စကားလုံးဟာ ကြာ...
26/03/2026

အူမကြီးကင်ဆာ (Colon Cancer) ကို ကျော်လွှားနိုင်ဖို့... မျှော်လင့်ချက်အလင်းရောင် ရှိနေဆဲပါ 🌟
"ကင်ဆာ" ဆိုတဲ့ စကားလုံးဟာ ကြားလိုက်ရသူတိုင်းအတွက် ထိတ်လန့်စရာကောင်းပေမယ့်၊ ဒီနေ့ခေတ် ဆေးပညာလောကမှာ အူမကြီးကင်ဆာ (Ca Colon) ဟာ စောစီးစွာသိရှိပြီး ထိရောက်စွာ ကုသမယ်ဆိုရင် ပြန်လည်ကျန်းမာလာဖို့ အခွင့်အလမ်း အကောင်းဆုံးသော ကင်ဆာရောဂါတစ်ခု ဖြစ်နေပါပြီ။
ရောဂါဝေဒနာ ခံစားနေရသူများနဲ့ မိသားစုဝင်များအတွက် သိထားသင့်တဲ့ ခေတ်မီကုသမှု နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။
🛡️ အူမကြီးကင်ဆာကို ဘယ်လိုကုသကြသလဲ?
ရောဂါအဆင့် (Stage) ပေါ်မူတည်ပြီး အကောင်းဆုံး ကုသမှုတွေကို ပေါင်းစပ်အသုံးပြုကြပါတယ် -
(၁) Surgery (ခွဲစိတ်ကုသခြင်း): ရောဂါရှိတဲ့ အစိတ်အပိုင်းကို ဖယ်ရှားခြင်းဖြစ်ပြီး အဆင့်စောပါက ရောဂါအရှင်းပျောက်ကင်းဖို့ အထိရောက်ဆုံး နည်းလမ်းပါ။
(၂) Chemotherapy (ဆေးသွင်းကုသခြင်း): ကင်ဆာဆဲလ်တွေ ပျံ့နှံ့မသွားအောင်နဲ့ ကျန်ရှိနေတဲ့ ဆဲလ်တွေကို သတ်ပစ်ဖို့အတွက် အသုံးပြုပါတယ်။
(၃) Targeted Therapy (ပစ်မှတ်ထားကုသခြင်း): ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို တိုက်ရိုက်တားဆီးပေးတဲ့ ခေတ်မီ ဆေးဝါးများဖြင့် ကုသခြင်းဖြစ်လို့ ဘေးထွက်ဆိုးကျိုး နည်းပါးပါတယ်။
(၄) Immunotherapy: ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ပြန်လည်တိုက်ထုတ်စေတဲ့ နောက်ဆုံးပေါ် နည်းပညာဖြစ်ပါတယ်။
________________________________________
✈️ နိုင်ငံခြားမှာ အကောင်းဆုံး ကုသမှု ခံယူချင်ပါသလား?
အဆင့်မြင့် နည်းပညာတွေ၊ ကျွမ်းကျင်လှတဲ့ အထူးကု ဆရာဝန်ကြီးတွေနဲ့ စနစ်တကျ ကုသမှုခံယူဖို့ အိန္ဒိယ၊ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတကာ အဆင့်မီ ဆေးရုံကြီးတွေဆီ သွားရောက်လိုသူများအတွက် Medic Journey က အမြဲအသင့်ရှိနေပါတယ်။
ဘာကြောင့် Medic Journey ကို ရွေးချယ်သင့်သလဲ? ✅ မိမိရောဂါနဲ့ အကိုက်ညီဆုံး ဆေးရုံနဲ့ အထူးကုဆရာဝန်ကြီးများကို ရွေးချယ်ပေးခြင်း။ ✅ ဆေးကုသမှု ကုန်ကျစရိတ် ခန့်မှန်းခြေ (Cost Estimate) များကို ကြိုတင် စုံစမ်းပေးခြင်း။ ✅ ဗီဇာ၊ လေယာဉ်လက်မှတ်နဲ့ တည်းခိုနေထိုင်ရေး အစအဆုံး ကူညီပေးခြင်း။ ✅ ဆေးရုံချိန်းဆိုမှု (Appointment) များကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးခြင်း။
"ကျန်းမာရေးဟာ ငွေကြေးထက် အဖိုးတန်သလို၊ မှန်ကန်တဲ့ လမ်းညွှန်မှုကလည်း အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်"
စိတ်ပူပန်မှုတွေကို လျှော့ချပြီး အကောင်းဆုံးသော ကုသမှုရလဒ်တွေ ရရှိဖို့အတွက် Medic Journey မှာ အခမဲ့ လာရောက်ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

DAVINCI ခွဲစိတ်စက်ရုပ်ကြီးကို ခွဲစိတ်ခန်းအတွင်းတွင် အသေးစိတ်လေ့လာခွင့်ရခဲ့ခြင်း💁အိန္ဒိယနိုင်ငံ၊ ကာလက္ကတားမြို့ရှိ Fortis...
26/03/2026

DAVINCI ခွဲစိတ်စက်ရုပ်ကြီးကို ခွဲစိတ်ခန်းအတွင်းတွင် အသေးစိတ်လေ့လာခွင့်ရခဲ့ခြင်း

💁အိန္ဒိယနိုင်ငံ၊ ကာလက္ကတားမြို့ရှိ Fortis အထူးကုဆေးရုံကြီးတွင် အသုံးပြုလျက်ရှိသော နောက်ဆုံးပေါ် DAVINCI ခွဲစိတ်စက်ရုပ်ကြီးကို Medic Journey ၏ CEO ဒေါက်တာမေမြတ်ဇော်နှင့်တကွ ဒေါက်တာရဲမင်းလှိုင်တို့မှ လူနာအမှန်တကယ်ခွဲစိတ်နေစဉ်အတွင်း

📌 စက်ရုပ်အသုံးပြုခွဲစိတ်ရန် ပြင်ဆင်နေပုံများ
📌မည်သို့မည်ပုံခွဲစိတ်ပုံများကို

အသေးစိတ် အတွင်းကျကျ လေ့လာခွင့်ရရှိခဲ့ပါသည်။

🙏စက်ကြီးအကြောင်းနှင့် စက်ရုပ်အသုံးပြုခွဲစိတ်ကုသခြင်း၏ အားသာချက်၊ အားနည်းချက်များကို Fortis ဆေးရုံကြီး၏ ဒါရိုက်တာဆရာကြီး ဒေါက်တာ Dr. Udipta Ray မှ ကိုယ်တိုင်ခွဲစိတ်ရင်း အသေးစိတ် ရှင်းလင်းပြသပေးခဲ့ပါသည်။

🙏 ယခုလို ဝင်ရောက်လေ့လာခွင့်ပေးခဲ့ပါသော ဆေးရုံတာဝန်ရှိသူများနှင့်တကွ အထူးကုဆရာဝန်ကြီးအား Medic Journey မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

❤ Medic Journey မိသားစုဝင်များအတွက် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ခွဲစိတ်ခန်းအတွင်း ရိုက်ကူးခဲ့သော မှတ်တမ်း Video များကို မကြာမီ ဝေမျှပေးသွားမှာဖြစ်တာကြောင့် Medic Journey ၏ page များကို Follow လေးလုပ်သွားဖို့ တောင်းဆိုလိုက်ပါရစေ 🙏🙏🙏

📌 နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက
☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068
သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”
🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ခြားဆေးကုသခြင်းဝန်ဆောင်မှု

🚨သတိပြုစရာ အစားအသောက်နှင့် ကင်ဆာရောဂါ🙏ယခုလို ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဝေမျှပေးသွားမှာဖြစ်လို့ ကျနော်တို...
25/03/2026

🚨သတိပြုစရာ အစားအသောက်နှင့် ကင်ဆာရောဂါ

🙏ယခုလို ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဝေမျှပေးသွားမှာဖြစ်လို့ ကျနော်တို့ရဲ့ page များဖြစ်တဲ့

📌 Medic Journey
ရွှေမြန်မာ - နိုင်ငံခြားဆေးရုံများ ဝန်ဆောင်မှု

Page များကို Follow လေးလုပ်ခဲ့ပေးပါဦးနော်။

"သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး"

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

🍽️ သင်နေ့တိုင်းစားနေတဲ့ အစားအစာထဲမှာ "ကင်ဆာ" ပုန်းခိုနေသလား? 🕵️‍♀️

ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အရာတွေထဲမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတာတွေ ရှိသလို၊ ရေရှည်မှာ "ကင်ဆာ" ဖြစ်ပွားမှုကို အားပေးတဲ့ အစားအစာတွေလည်း ပါဝင်နေတတ်ပါတယ်။ ဘယ်အရာတွေကို အထူးသတိထားရမလဲဆိုတာ ကြည့်လိုက်ရအောင်။

🥓 ၁။ ပြုပြင်ထားသော အသားများ (Processed Meat)
ဝက်အူချောင်း၊ အကင်များ၊ အသားတု နဲ့ စည်သွပ်ဗူးထဲက အသားတွေကို WHO က အုပ်စု (၁) ကင်ဆာဖြစ်စေနိုင်သောပစ္စည်း (Group 1 Carcinogen) အဖြစ် သတ်မှတ်ထားပါတယ်။ ဒါဟာ ဆေးလိပ်သောက်တာနဲ့ အဆင့်တူသတ်မှတ်ထားတာမျိုးပါ။ ၎င်းထဲမှာပါတဲ့ Preservatives (တာရှည်ခံဆေး) တွေက အစာအိမ်နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

🍖 ၂။ အပူချိန်လွန်ကဲစွာ ချက်ပြုတ်ထားသော အစားအစာများ

အသားတွေကို မီးပြင်းပြင်းနဲ့ ကင်တာ (BBQ)၊ အရမ်းတူးအောင် ကြော်တာတွေကနေ Heterocyclic amines (HCAs) နဲ့ Polycyclic aromatic hydrocarbons (PAHs) ဆိုတဲ့ ဓာတ်ပစ္စည်းတွေ ထွက်လာပါတယ်။ ဒါတွေက DNA ကို ပျက်စီးစေနိုင်ပါတယ်။

🥤 ၃။ သကြားဓာတ်လွန်ကဲခြင်းနှင့် ပြုပြင်ထားသော ကစီဓာတ်

သကြားအများကြီးပါတဲ့ အချိုရည်တွေ၊ မုန့်တွေက ကင်ဆာကို တိုက်ရိုက်မဖြစ်စေပေမဲ့ "အဝလွန်ခြင်း" ကို ဖြစ်စေပါတယ်။ အဝလွန်တာဟာ ကင်ဆာအမျိုးအစား (၁၃) မျိုးလောက်နဲ့ ဆက်စပ်နေတာကြောင့် အချိုလျှော့ဖို့ လိုအပ်ပါတယ်နော်။

🍶 ၄။ အရက်သေစာ (Alcohol)

အရက်ဟာ ခန္ဓာကိုယ်ထဲရောက်ရင် Acetaldehyde ဆိုတဲ့ အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားပြီး ဆဲလ်တွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် အသည်း၊ ရင်သားနဲ့ အစာရေမျိုပြွန် ကင်ဆာတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

💡 ကြောက်စရာကြီးလို့ပဲ မတွေးပါနဲ့!

အဓိကက "ချင့်ချိန်စားသုံးခြင်း" ပါပဲ။ တစ်ခါတလေ စားတာက ပြဿနာမရှိပေမဲ့ အလေ့အထလို နေ့တိုင်းစားနေရင်တော့ သတိထားရပါမယ်။

✅ ဘာတွေ ပိုစားပေးမလဲ?

* Antioxidants ကြွယ်ဝတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ။
* အမျှင်ဓာတ် (Fiber) များတဲ့ အစားအစာတွေ။
* အသားကင်စားရင် မည်းတူးနေတဲ့ အစိတ်အပိုင်းတွေကို ဖယ်စားပါ။
သင့်ရဲ့ ကျန်းမာရေးက သင်ရွေးချယ်တဲ့
"အစားအသောက်" ပေါ်မှာ မူတည်နေပါတယ်။

ဒီနေ့ကစပြီး ကျန်းမာရေးနဲ့ညီညွတ်တာလေးတွေ ပိုရွေးချယ်စားသောက်ကြရအောင်နော်❤️

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

အိန္ဒိယနိုင်ငံ ဂရိတ်ဒါးနွိုက်ဒါ (Greater Noida) တွင် ကျင်းပပြုလုပ်ခဲ့သော8th Advantage of Health Care India 2026 organize...
25/03/2026

အိန္ဒိယနိုင်ငံ ဂရိတ်ဒါးနွိုက်ဒါ (Greater Noida) တွင် ကျင်းပပြုလုပ်ခဲ့သော
8th Advantage of Health Care India 2026 organized by FICCI ပွဲသို့ တက်ရောက်ခဲ့သည့်
Medic Journey အဖွဲ့သားများနှင့်အတူ နိုင်ငံတကာမှ တာဝန်ရှိသူများနှင့် ဆွေးနွေးတွေ့ဆုံနိုင်ခဲ့သောအမှတ်တရဓာတ်ပုံများ (အပိုင်း ၂)

🙏မြန်မာနိုင်ငံမှ မိဘပြည်သူများအတွက် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရေးအတွက် Medic Journey မှ စဉ်ဆက်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း
ဂုဏ်ယူစွာဖြင့် အသိပေးဝေမျှအပ်ပါသည်။

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068
သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

🥳 Health Quiz ဖြေရင်း မုန့်ဖိုး 30,000 လက်ဆောင်ယူကြမယ် 🎉“Medic Journey” မှ ကျန်းမာရေးဗဟုသုတအနေနဲ့ Health Quiz လေးတွေကို ...
25/03/2026

🥳 Health Quiz ဖြေရင်း မုန့်ဖိုး 30,000 လက်ဆောင်ယူကြမယ် 🎉

“Medic Journey” မှ ကျန်းမာရေးဗဟုသုတအနေနဲ့ Health Quiz လေးတွေကို အပတ်စဉ် တင်ဆက်ပေးသွားပါမယ်နော် 💙

ဒီတစ်ပတ်ရဲ့ မေးခွန်းလေးဖြစ်တဲ့

👉 “အသည်းရောင်အသားဝါရောဂါပိုး ဘယ်နှမျိုးရှိသလဲ?”

ဆိုတဲ့ မေးခွန်းအဖြေလေးကို Comment မှာ မန့်ပြီးဖြေပေးပါနော်။

🚨သတ်မှတ်ချက်လေးတွေကတော့

✅ အဖြေမှန်ရပါ့မယ်။

✅ Medic Journey page နဲ့
👉 ရွှေမြန်မာ - နိုင်ငံခြားဆေးရုံများ ဝန်ဆောင်မှု Facebook Page များကို Follow ပြုလုပ်ထားသူဖြစ်ရပါ့မယ်။

✅ယခု Post ကို သူငယ်ချင်း (3) ယောက်ကို Tag တွဲပြီး Public ဖြင့် Share ပေးရပါ့မယ်နော် ✨

💁‍♀️ မန့်ထားတဲ့ Comment အဖြေများကို နောက်အပတ်ထဲမှာ အောက်ပါ 👇

Medic Journey Viber Channel မှာ ကြေညာပေးသွားမှာဖြစ်တာကြောင့် Channel လေးကိုလည်း Join ထားကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ🙏

Viber Channel Link - Join Medic Journey Healthcare on Viber https://invite.viber.com/?g2=AQB%2B0S1clpbX%2BlETH5EC%2BrS7wnVUFSgLAu7kAxEuaMrm%2ByY1QSRo0epVst%2BqTHxv

🎯 အဖြေလည်းမှန်…
Post ကိုလည်း Share ထားပြီး…
Page နှင့် Viber Channel တွေကိုလည်း Join ထားတဲ့သူတွေထဲက (1) ယောက်ကို မဲနှိုက်ရွေးချယ်ပြီး
💸 ဖုန်းဘေလ် / Kpay / Wave – 30,000 Ks ကျပ်တိတိ ကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ် 🎁

“ကျန်းမာရေးအတွက် အားထားယုံကြည်ရာ Medic Journey ပါ”

☎️ Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

24/03/2026

🚨 ကျောက်ကပ်အစားထိုးကုသတာ စိုးရိမ်ဖို့မလိုတော့ပါ။

✅ကျောက်ကပ်အစားထိုးကုသထားတာ (၁) နှစ်နဲ့ (၅) လရှိပြီ။

✅မှတ်မှတ်ရရဆိုလို့ ချောင်းဆိုးတာလေး (၂) ခါလားဖြစ်ဘူးတယ်။

✅အမြဲသောက်ရမယ့်ဆေးတွေလည်း အဆင်ပြေတယ် ဆရာမတို့ဆီကပဲလှမ်းမှာတာပါ။

✅အဆင်မပြေတာတွေကိုလည်း အဆင်ပြေအောင် ညှိနှိုင်းပေးတယ်၊ ဆောင်ရွက်ပေးတယ်။

✅ပြောလိုက်တာနဲ့ အချိန်မကြာဘူး၊ ‌ဆောင်ရွက်ပေးတာ။

✅ကုသချင်သူတွေကိုလည်း ပြောပြပေးတယ်၊ ဝေမျှပေးတယ်။

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု #ကျောက်ကပ်အစားထိုး

အိန္ဒိယနိုင်ငံ ဂရိတ်ဒါးနွိုက်ဒါ (Greater Noida) တွင် ကျင်းပပြုလုပ်ခဲ့သော 8th Advantage of Health Care India 2026 organiz...
24/03/2026

အိန္ဒိယနိုင်ငံ ဂရိတ်ဒါးနွိုက်ဒါ (Greater Noida) တွင် ကျင်းပပြုလုပ်ခဲ့သော 8th Advantage of Health Care India 2026 organized by FICCI ပွဲသို့ တက်ရောက်ခဲ့သည့် Medic Journey အဖွဲ့သားများနှင့်အတူ နိုင်ငံတကာမှ တာဝန်ရှိသူများနှင့် ဆွေးနွေးတွေ့ဆုံနိုင်ခဲ့ခြင်း

အမှတ်တရဓာတ်ပုံများ (အပိုင်း ၁)

🙏မြန်မာနိုင်ငံမှ မိဘပြည်သူများအတွက် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရေးအတွက် Medic Journey မှ စဉ်ဆက်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးဝေမျှအပ်ပါသည်။

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

MrsPhyo ကျေးဇူး အများကြီးတင်ရှိပါတယ်ညီမရေပို့လိုက်တဲ့ မေတ္တာစာလေးတွေ ကောင်းမွန်စွာရရှိပါတယ်။ဒေါက်တာမေMay Myat
24/03/2026

MrsPhyo ကျေးဇူး အများကြီးတင်ရှိပါတယ်ညီမရေ
ပို့လိုက်တဲ့ မေတ္တာစာလေးတွေ ကောင်းမွန်စွာရရှိပါတယ်။

ဒေါက်တာမေ
May Myat

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”📌 ဘယ်နေရာမှာပဲရှိရှိ၊ ဘယ် App ပဲသုံးသုံး ကျန်းမာရေးအတွက်ဆို Medic Journey ကို သတိရလ...
23/03/2026

“သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”

📌 ဘယ်နေရာမှာပဲရှိရှိ၊ ဘယ် App ပဲသုံးသုံး ကျန်းမာရေးအတွက်ဆို Medic Journey ကို သတိရလိုက်ပါ

✅ ကျန်းမာရေးကိစ္စ လိုအပ်ချက်မှန်သမျှ Facebook, Viber, Telegram, WhatsApp, TikTok, YouTube ဘယ် platform မှာမဆို ဆက်သွယ်လိုက်တာနဲ့ Medic Journey က သင့်အတွက် အမြဲ standby ဖြစ်နေမှာပါ

✈️ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ သင့်ကျန်းမာရေးအတွက် လိုအပ်သမျှကို
အချိန်မရွေး ကူညီပေးဖို့Medic Journey မှအသင့်ရှိနေပါတယ်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

💪🏻  ခက်ခဲနက်နဲတဲ့ ရောဂါမျိုးစုံကို ပြည်ပနိုင်ငံများတွင် အဆင့်မြင့်နည်းပညာများဖြင့် ခွဲစိတ်ကုသနိုင်ရန် Medic Journey အနေန...
22/03/2026

💪🏻 ခက်ခဲနက်နဲတဲ့ ရောဂါမျိုးစုံကို ပြည်ပနိုင်ငံများတွင် အဆင့်မြင့်နည်းပညာများဖြင့် ခွဲစိတ်ကုသနိုင်ရန် Medic Journey အနေနဲ့ ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနိုင်ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။✨

အထူးသဖြင့် ခက်ခဲသည့် ခွဲစိတ်ကုသမှုများကို ကြံ့ကြံ့ခံပြီး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြတဲ့ လူနာရှင်များအတွက်လည်း ကျွန်မတို့ Medic Journey အနေနဲ့ အထူး
ပင်ဂုဏ်ယူမိပါတယ် 💪

ကျွန်မတို့ရဲ့ ဝန်ဆောင်မှုများအပေါ် အပြည့်အဝ ယုံကြည်ပြီး စိတ်ကျေနပ်မှုဖြင့် လက်တွဲပေးခဲ့ကြသော လူနာရှင်တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် 🤝

လူကြီးမင်းတို့၏ ယုံကြည်မှုကို တန်ဖိုးထားပြီး
ပိုမိုကောင်းမွန်တဲ့ ပြည်ပဆေးကုသမှု ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် Medic Journey Team အမြဲအဆင်သင့်ရှိနေပါတယ်။ 🙏

📌 နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက

☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068

သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”

🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။


#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု

Address

တိုက် (3/A)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
Yangon
11131

Alerts

Be the first to know and let us send you an email when Medic Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medic Journey:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram