27/12/2022
ကိုယ်ဝန်ရှိကြောင်းသိဖို့ လက္ခဏာ ၁၀ ခု
===========================
အသိသာအထင်ရှားဆုံး ကိုယ်ဝန်လက္ခဏာ ၁၀ ခုအကြောင်း ပြောပြပေးပါ့မယ်ရှင်... ဖတ်ကြည့်ကြပါဦးနော်...
၁။ ရင်သားတင်းတာ
ကိုယ်ဝန်သည်ဟော်မုန်းတွေက ရင်သားမှာရှိတဲ့ သွေးကြောတွေကို တိုးအောင်လုပ်တတ်လို့ ကိုယ်ဝန်ရှိပြီဆိုရင် ရင်သားတွေ တင်းလာတာတို့ စူးသလိုလို ဖြစ်လာတာတို့ ခံစားရတတ်တယ်.. ကိုယ်ဝန်ရှိစ တစ်ပတ်အတွင်း ဒါမှမဟုတ် တချို့ဆို ရှိရှိချင်း ရက်ပိုင်းအတွင်းတောင် ဒါကို ခံစားရတတ်ပါတယ်...
၂။ အစွန်းအကွက်တွေနဲ့ ကြွက်တက်တာတွေ
ကြွက်တက်သလိုမျိုး အကြောတွေ တင်းလာတာတို့ နောက်ပိုင်း ကိုယ့်ရာသီလာချိန်တွေမှာ ဆီးမှာအရောင်ရင့်လာတာတို့၊ ဘောင်းဘီမှာ အစွန်းအထင်းတွေ ရှိလာတာတို့ဆိုရင်လည်း ကိုယ်ဝန်ရှိတာလားလို့ စစ်ဆေးသင့်တဲ့အချက်တွေပါပဲ...
၃။ နေလို့မကောင်း
ကံကောင်းသူများကတော့ ဒီအဆင့်ကို မဖြစ်ဘဲ ကျော်သွားမှာပါ.. ဒါပေမယ့် မနက်ခင်းတွေမှာ ပျို့အန်တာတွေဘာတွေက ကိုယ်ဝန် ၃၊ ၄ ပတ်လောက်ဆို စလာတတ်ပါတယ်.. morning sickness လို့ ခေါ်တတ်ကြပေမယ့် မနက်ခင်းတွေတင်မဟုတ်ဘူး ညနေတွေ ညတွေမှာလည်း အော့အန်တာမျိုး ရှိတတ်တယ်...
၄။ ရင်သား ရောင်တာ
ကိုယ်ဝန် ၄ ပတ်ကနေ ၆ ပတ်မှာဆိုရင် ရင်သားတွေ ကြီးလာတာ အထိမခံနိုင်တာမျိုး ဖြစ်တတ်တယ်.. ရာသီလာစဉ်မှာ ဖြစ်တတ်တဲ့ဟာမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ.. နာကျင်တာမျိုးတွေဟာ ကိုယ်ဝန် ပထမကာလ (first trimester) တွေမှာ ဖြစ်လေ့ရှိတယ်...
၅။ ပင်ပန်းလွယ်
မောပန်းလွယ်နေတာမျိုး.. ကိုယ်ဝန်ရှိကာစ ကာလတွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ပင်ပန်းလွယ်တာ.. စိတ်လှုပ်ရှားထိခိုက်လွယ်တာ.. ဝမ်းနည်းလွယ်တာ စိတ်ဆိုးလွယ်တာတွေ ဖြစ်တတ်ပါတယ်.. ကိုယ်ဝန်ရဲ့ ပထမနဲ့ တတိယကာလတွေမှာ ဒါတွေဟာ ဖြစ်ကိုဖြစ်မှာပါပဲ...
၆။ မကြာခဏဆီးသွားတာ
အရင်ထက်ပိုပြီး ဆီးသွားနေတာမျိုး ဖြစ်လာလိမ့်မယ်.. ဘာကြောင့်လဲဆိုတော့ ဟော်မုန်းပြောင်းတာ၊ သွေးလည်ပတ်မှုများလာတာနဲ့ ကိုယ့်ရဲ့ ကျောက်ကပ်ဟာ အရင်ထက်အလုပ်ပိုလုပ်တာကြောင့်ပါ.. ဒါပေမယ့် ဆီးသွားချိန်မှာ ရိုးရိုးမဟုတ်ဘဲ ကျင်တာတွေ နာတာတွေ သွေးဆင်းတာတွေရှိရင်တော့ ဆရာဝန်ပြပြီး ဆီးစစ်ကြည့်ဖို့ လိုပါလိမ့်မယ်...
၇။ နို့သီးခေါင်းမည်းလာတာ
အသားအရည်ပြောင်းတယ်ဆိုတာ ကိုယ်ဝန်ရှိတဲ့ကာလတွေမှာ ဖြစ်လေ့ရှိတာပါ.. အသိသာဆုံးကတော့ ရင်သားရဲ့ နို့သီးခေါင်းလေးတွေ ပိုပြီး မည်းလာတာပါပဲ.. ကိုယ်ဝန် ၈ ပတ်လောက်ဆို သိသာပါတယ်.. နို့သီးခေါင်းတစ်ဝိုက်က အဖုကလေးတွေလည်း ပိုပေါ်လာတယ်.. အမှန်တော့ ကိုယ်က မသိလို့သာပါ.. ကိုယ့်ရဲ့ အမျိုးသမီးအင်္ဂါဟာလည်း အရောင်ပြောင်းတာတွေ ရှိလာပါတယ်...
၈။ ချဉ်ခြင်းတပ်တာ နဲ့ အနံ့အပြောင်းအလဲ
ချဉ်ခြင်းတပ်တယ်ဆိုတာကတော့ လူတိုင်းသိတဲ့ ကိုယ်ဝန်လက္ခဏာပေါ့.. သိပ်ကြိုက်ခဲ့တဲ့အစားအစာတွေ မကြိုက်တော့ဘဲ အရင်က မစားတာတွေ စားချင်လာတာတို့ဘာတို့.. တစ်ချို့ကလည်း သိပ်ပြင်းထန်ပြီး ဒါမှ ဒါချည်းပဲ စားနေတာမျိုး၊ ပေါက်ကရတွေကို စားချင်တာမျိုး ရှိတတ်တယ်.. တချို့ကလည်း ဘာရယ်လို့ စားချင်တာမရှိဘဲလည်း ဖြစ်နိုင်ပါတယ်.. အနံ့နဲ့ ပတ်သက်ရင်လည်းအရင်က သဘောကျခဲ့တဲ့ ရေမွှေးကို အနံ့တောင်မခံနိုင်တာမျိုးဖြစ်လာတတ်သလို.. ဆီညှော်နံ့ ဓာတ်ဆီနံ့က စပြီး မသိသာတဲ့ အနံ့သေးသေးလေးတွေကိုတောင် ကိုယ်က ရနေပြီး မခံနိုင်တာမျိုး ဖြစ်တတ်တယ်...
၉။ ရာသီမလာတာ
ဒါတော့ လူတိုင်းသိမှာပါ.. ကိုယ့်ရာသီစက်ဝိုင်းအတိုင်း မမှန်ဘဲ ရက်ကျော်နေတာမျိုးပေါ့.. ဒါပေမယ့် တချို့ ရာသီစက်ဝိုင်း မမှန်တတ်တဲ့ အမျိုးသမီးများအတွက်ကတော့ ခန့်မှန်းရခက်မှာပါပဲ.. ဒါမျိုးဆိုရင်တော့ ရင်သားတင်းတာတွေနဲ့ တခြားအချက်တွေပေါ် မူတည်ပြီး ကိုယ့်မှာ ကိုယ်ဝန်ရှိမရှိ တိုက်ဆိုင် ကြည့်နိုင်ပါတယ်...
၁၀။ အိမ်မှာစစ်ကြည့်တာ
ဆေးဆိုင်တွေမှာ ခုဆိုရင် ကိုယ်ဝန်စစ်ဖို့ ပစ္စည်းလေးတွေ သက်သာလွယ်ကူ ဝယ်လို့ရနေပါပြီ... ကိုယ်တိုင် စစ်ကြည့်လိုက်ပါ... ပစ္စည်းအညွန်းမှာပါတဲ့ နည်းလမ်းတွေအတိုင်း သေချာလုပ်ကြည့်မယ်ဆိုရင် စိတ်ချလက်ချ ယုံကြည်ရတဲ့ အဖြေတွေပါပဲ...
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
#ကိုယ်ဝန်
#ကိုယ်ဝန်ဖျက်ဆေး
viber 09978333120