Kumudra Mental Health

Kumudra Mental Health "Lin Yaung Chi Oo" mental health hospital was established in 2019. We humbly aim to provide quality affordable health care to those who are in need.

Our mottos:
"Trying to serve better tomorrow"
"Helping you find yourself"
"Helping you be you"

🌿 ဘဝခရီးလမ်းမှာ ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ စိတ်ကျန်းမာရေးကိုလည်း နေ့စဉ်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ရံဖန်ရံခါ ခံစားရတဲ့ ဝမ်း...
06/12/2025

🌿 ဘဝခရီးလမ်းမှာ ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ စိတ်ကျန်းမာရေးကိုလည်း နေ့စဉ်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ရံဖန်ရံခါ ခံစားရတဲ့ ဝမ်းနည်းမှု၊ စိတ်ဖိစီးမှုတွေဟာ သာမန်ဖြစ်နိုင်ပေမယ့်၊ ကြာရှည်လာတဲ့အခါမှာတော့ ပိုမိုနက်ရှိုင်းတဲ့ ဂရုစိုက်မှုမျိုး လိုအပ်လာပါတယ်။

📌 စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းဟာ နေ့စဉ်ဘဝရဲ့ ပျော်ရွှင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်တာမို့…

ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို နားထောင်ရင်း၊ နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းစွာ ဖြတ်သန်းနိုင်ဖို့ ကုမုဒြာက အသင့်ရှိနေပါပြီနော်…✊

“ ကုမုဒြာ စိတ်ကျန်းမာရေးဆေးခန်း “

📌အမှတ် (၅၉၈)၊ (၃၆) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Google Map : https://maps.app.goo.gl/qrTVypCPjzvyAurM9?g_st=ic
ဖုန်းနံပါတ် : 09 440 993 993, 09 406 881 133



စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးလိုပါက ကုမုဒြာစိတ်ကျန်းမာရေးဆေးခန်းရှိနေပါပြီ.. စိတ်ကျန်းမာရေးအထူး...
25/11/2025

စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးလိုပါက ကုမုဒြာစိတ်ကျန်းမာရေးဆေးခန်းရှိနေပါပြီ..

စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ငြိမ်းနန္ဒာအောင် နှင့်ပြသလိုပါက 09 440 993 993, 09 406 881 133 သို့ဆက်သွယ်ပြီး appointment ရယူနိုင်ပါတယ်..

“ ကုမုဒြာ စိတ်ကျန်းမာရေးဆေးခန်း “
📌အမှတ် (၅၉၈)၊ (၃၆) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် : 09 440 993 993, 09 406 881 133



🍀Attention Deficit Hyperactive Disorder ဆိုတဲ့ရောဂါဟာ ဦးနှောက်နှင့်အာရုံကြောဖွံ့ဖြိုးမှုမူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ...
24/11/2025

🍀Attention Deficit Hyperactive Disorder ဆိုတဲ့ရောဂါဟာ ဦးနှောက်နှင့်အာရုံကြောဖွံ့ဖြိုးမှုမူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်ပြီးကလေးဘဝထဲက လက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။

🍀Attention Deficit Hyperactive Disorder ရှိတဲ့ကလေးတွေရဲ့ လက္ခဏာတွေဟာ တစ်ယောက်နှင့်တစ်ယောက်တူညီလေ့မရှိကြပါဘူး။

ယေဘူယျအားဖြင့်....
တနေရာတည်းမှာ ကြာရှည်အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း
ကိစ္စတခုကို ထပ်တလဲလဲပြုလုပ်မိနေခြင်း
တက်ကြွလွယ်ခြင်း
မကြာခဏမေ့လွယ်ခြင်း
ပစ္စည်းများခဏခဏ ပျောက်ခြင်း
အမြဲစိတ်လှုပ်ရှားနေပြီး ပျာယာခက်နေခြင်း
ပေါင်းသင်းဆက်ဆံရေးခက်ခဲခြင်း အစရှိတဲ့ လက္ခဏာများ တွေ့ရတတ်ပါတယ်။

🍀ADHD ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့သေချာမတွေ့ရှိသေးပေမဲ့ မျိုးရိုးဗီဇနှင့်သက်ဆိုင်နိုင်တယ်လို့ လေ့လာသူအချို့က ဆိုကြပါတယ်။ ADHD ဖြစ်နိုင်တဲ့ တခြားအကြောင်းအရာတွေကတော့ ....

ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးအရွယ်မှာ ခဲ(Lead) ဆိပ်သင့်ခြင်း
ကိုယ်ဝန်ဆောင်စဉ် အရက်၊ဆေးလိပ်သောက်ခြင်း
လမစေ့ပဲ မွေးခြင်း
ပေါင်မပြည့်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

🍀သုတေသနပညာရှင်များက အချိုအစားများခြင်း ၊ တီဗွီအကြည့်များခြင်း၊ ၊ ပတ်ဝန်းကျင်အခြေအနေများ၊ မိဘတွေရဲ့ကလေးပြုစုစောင့်ရှောက်မှုနည်းလမ်းများကြောင့် ADHD ဖြစ်နိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိထားတာမျိုးမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့ ဒီအခြေအနေတွေက ADHD ရှိနေတဲ့ကလေးတွေရဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်တာမျိုးတော့ ဖြစ်နိုင်တယ်လို့ပြောကြပါတယ်။

🍀ADHD ရောဂါကို မကုသပဲထားရင်
စကားပြောနောက်ကျခြင်း
ပေါင်းသင်းဆက်ဆံရေး ပိုခက်ခဲလာခြင်း
ကလေးနှင့်ဆက်သွယ်ရန် ခက်ခဲလာခြင်း တို့ ဖြစ်နိုင်ပါတယ်။

🍀ဒါ့ကြောင့် ADHD ရောဂါလို့ သိရှိသည်နှင့်တပြိုင်နက် ကျွမ်းကျင်ဆရာဝန်များ၏ နည်းလမ်းများ၊ မိသားစု ရဲ့ အနီးကပ်ဖေးမစောင့်ရှောက်မှုတွေပြုလုပ်ပေးရန်လိုအပ်ပါတယ်။ သို့မှသာရောဂါလက္ခဏာတွေ တည်ငြိမ်လာပြီး နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်လာအောင်တားနိုင်မှာဖြစ်ပါတယ်။ 😊😊😊

စိတ်ကျန်းမာရေးအတွက် အကူအညီရယူလိုပါက

🏥 ဆေးခန်းလိပ်စာ : အမှတ်- ၅၉၈၊ မဟာဗန္ဓုလလမ်း၊ (၃၆) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် : 09 440993993, 09 406881133

🔰 ကုမုဒြာ စိတ်ကျန်းမာရေး အထူးကုဆေးခန်း ဘဝမှာ အသက်ရှင်နေထိုင်ရတာ အဓိပ္ပာယ်မရှိတော့ဘူး ဘာလုပ်လုပ် မပျော်တော့ဘူး ဝမ်းနည်းစရ...
18/11/2025

🔰 ကုမုဒြာ စိတ်ကျန်းမာရေး အထူးကုဆေးခန်း

ဘဝမှာ အသက်ရှင်နေထိုင်ရတာ အဓိပ္ပာယ်မရှိတော့ဘူး
ဘာလုပ်လုပ် မပျော်တော့ဘူး ဝမ်းနည်းစရာတွေပဲ တွေးမိနေတယ်

✅ ဒီလိုတွေခံစားနေရပြီဆိုရင်တော့ သင် Counselling လုပ်ဖို့လိုအပ်နေပါပြီ

🔴 စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်လာရင် တော်တော်များများက ဆေးခန်းသွားရမှာ ရှက်နေတတ် ကြပါတယ်

ခွဲခြားဆက်ဆံမှုတွေ၊ ဝေဖန်အပြစ်တင်မှုတွေမရှိဘဲ လွတ်လပ်စွာတိုင်ပင်ဆွေးနွေးနိုင်မယ့် နေရာတစ်ခု ကို ရှာဖွေနေတယ်ဆိုရင်တော့ “ကုမုဒြာ” ရှိပါတယ်

ကုမုဒြာ Mental Health Specialist Clinic မှာဆိုရင်…
✅ ကိုယ့်ခံစားချက်ကို ကိုယ်ကိုယ်တိုင်ဖြေရှင်းလာနိုင်ပြီး စိတ်ပေါ့ပါးစွာနဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်

သင်စိတ်ထဲမှာ မွန်းကြပ်နေရသမျှကို စိတ်လုံခြုံမှုရှိစွာနဲ့ ရင်ဖွင့်ပြောဆိုနိုင်အောင်…
✅ ကျွမ်းကျင်ဆရာဝန်ကြီးများ၊ Clinical Psychologistများမှ နွေးထွေးစွာနဲ့ ဆွေးနွေး ကုသပေးသွားမှာ ဖြစ်လို့ ရှက်နေကြောက်နေစရာမလိုဘဲ ရင်ဖွင့်နိုင်ပါတယ်

သင့်ဘက်မှာ သင်တစ်ယောက်ထဲ မဟုတ်တော့ပါဘူး
စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုများအတွက် “ကုမုဒြာ” မှ သင်နဲ့အတူ အမြဲအသင့်ရှိနေပါတယ် 💯

🏥 ဆေးခန်းလိပ်စာ : အမှတ်- ၅၉၈ မဟာဗန္ဓုလလမ်း (၃၆)ရပ်ကွက် မြောက်ဒဂုံမြို့နယ် ၊ရန်ကုန်မြို့
☎ ဖုန်းနံပါတ် : 09440993993. 09 406 881133



ညဖက်အိပ်မပျော်တာတွေ ရက်ဆက်လာတဲ့အခါ.. စိတ်ဖိစီးမှုတွေများလို့ စိတ်ပင်ပန်းလာတဲ့အခါ.. အိပ်ပျော်စေဖို့ အိပ်ဆေးတွေ သုံးမိနေပြ...
16/11/2025

ညဖက်အိပ်မပျော်တာတွေ ရက်ဆက်လာတဲ့အခါ.. စိတ်ဖိစီးမှုတွေများလို့ စိတ်ပင်ပန်းလာတဲ့အခါ.. အိပ်ပျော်စေဖို့ အိပ်ဆေးတွေ သုံးမိနေပြီလား❓❓

ဒီလိုအကျင့်မျိုးရှိနေပြီဆိုရင်တော့ ဆင်ခြင်ဖို့လိုအပ်နေပါပြီနော် .. အိပ်ဆေးရဲ့ နောက်ဆက်တွဲပြသနာတွေက မထင်မှတ်လောက်အောင် ကြောက်စရာကောင်းပါတယ်.. 🚫

☘️အိပ်ဆေးကို ရက်ဆက်သုံးစွဲမိပါများရင် ခန္ဓာကိုယ်မှ ဆေးအာနိသင်ကို ယဥ်ပါးလာတတ်ပါတယ် ။ အိပ်ဆေးယဥ်ပါးလာတဲ့အခါ ဆေးသောက်ပါလျက်နဲ့ ညအိပ်မပျော်တာ ၊ အိပ်ဆေးမှမရှိရင် ညအိပ်မပျော်တာ ၊ မျက်စိကြောင် စိတ်ခြောက်ခြားတာတွေ ဖြစ်လာနိုင်ပါတယ် ။ 💁‍♀️

☘️အိပ်ဆေးဟာ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းကို ပြောင်းလဲပစ်ရုံသာမက ခန္ဓာကိုယ်ရဲ့ ထိတွေ့တုံ့ပြန်နိုင်စွမ်းကိုလည်း သိသိသာသာ ကျဆင်းစေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ မူမမှန်တာ၊ တွေးခေါ်နိုင်မှုစွမ်းရည်ကျဆင်းလာတာတွေ ဖြစ်နိုင်ပါတယ်။

☘️လေ့လာချက်များအရ အိပ်ဆေးအလွန်အကျွံသုံးစွဲသူများမှာ နောက်ဆက်တွဲအနေဖြင့် ဦးနှောက်ကအလုပ်မလုပ်ဘဲ ရုတ်တရက်ရပ်တန့်သွားခြင်း၊ coma ဝင်ပြီး သတိပြန်မရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

☘️ဒါကြောင့် အိပ်ဆေးကို မိမိသဘောဖြင့် မသောက်သုံးဖို့နဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သုံးဖို့လိုအပ်ပါတယ်။ အိပ်ဆေးသောက်သုံးဖို့ လို/မလိုကို ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါ။

“ကုမုဒြာ” မှာ အိပ်ဆေးနှင့် ပတ်သက်သော ပြဿနာများအတွက် counselling ရယူဆွေးနွေး ကုသနိုင်ပါပြီနော်။ ✅

🏥 ဆေးခန်းလိပ်စာ : အမှတ်- ၅၉၈ မဟာဗန္ဓုလလမ်း (၃၆)ရပ်ကွက် မြောက်ဒဂုံမြို့နယ် ၊ရန်ကုန်မြို့
☎ ဖုန်းနံပါတ် : 09440993993. 09 406 881133

ယနေ့ နိုဝင်ဘာ(၁၄)ရက်တွင်ကျရောက်သည့် (၁၀၅)ကြိမ်မြောက် အမျိုးသားနေ့အား ဂုဏ်ပြုအပ်ပါသည် #အမျိုးသားနေ့
14/11/2025

ယနေ့ နိုဝင်ဘာ(၁၄)ရက်တွင်ကျရောက်သည့် (၁၀၅)ကြိမ်မြောက် အမျိုးသားနေ့အား ဂုဏ်ပြုအပ်ပါသည်
#အမျိုးသားနေ့

🍺 ကမ္ဘာတစ်ဝန်းမှာ အရက်သောက်သူ အရေအတွက် တိုးပွားလာသလို အရက်ကိုဖြတ်ရခက်ခဲ လာရာကနေ အရက်စွဲသူ အရေအတွက်လည်း တဖြည်းဖြည်း တိုးလ...
12/11/2025

🍺 ကမ္ဘာတစ်ဝန်းမှာ အရက်သောက်သူ အရေအတွက် တိုးပွားလာသလို အရက်ကိုဖြတ်ရခက်ခဲ လာရာကနေ အရက်စွဲသူ အရေအတွက်လည်း တဖြည်းဖြည်း တိုးလာနေပါတယ်

🔴 အရက်ကိုကြိုက်လို့ပဲသောက်သောက် မကြိုက်ပေမယ့် အဖော်ကောင်းလို့ပဲသောက်သောက် အရက် ကို နေ့စဥ်သောက်မိနေမယ်ဆိုရင် ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်

အရက်နေ့စဥ်သောက်သုံးခြင်းကြောင့် 💁‍♀️
✅ အသည်းခြောက်ခြင်း
✅ အသည်းရောင်ခြင်း
✅ အသည်းကင်ဆာဖြစ်ခြင်း
✅ နှလုံးထိခိုက်စေခြင်း
✅ သွေးတိုးရောဂါဖြစ်ခြင်း
✅ အာရုံကြောအားနည်းခြင်း
✅ ပန်ကရိယယောင်ခြင်း
✅ အရိုးပွခြင်း
✅ အရိုးရောင်ခြင်း
✅ အစာခြေစနစ် ထိခိုက်စေခြင်း
✅ မျိုးပွားစနစ် ထိခိုက်စေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်

💁‍♀️ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဒေါသထွက် ခြင်း၊ ရန်လိုခြင်း၊ အာရုံစူးစိုက်မှုကို လျော့ကျစေခြင်းတို့အပြင် အဆိုးဆုံးအနေနဲ့ သတ်သေချင်စိတ် ပေါက်လာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

🔴 အရက်က ခန္ဓာကိုယ်ထဲဝင်တာနဲ့ ဒီလို အသက်အန္တရာယ်ပါ ထိခိုက်နိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်သလို စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်

ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ လူနေမှု ဘဝကို ပိုင်ဆိုင်နိုင်ဖို့ တတ်နိုင်သလောက် အရက်ကို လျှော့ သောက်သင့်ပြီး ဖြစ်နိုင်ရင် အရက်ကို လုံးဝ မသောက်တာ အကောင်းဆုံးပါပဲ ✅

ကုမုဒြာမှာဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပြဿာနာများအပြင် အရက်စွဲသူများအတွက်လည်း စနစ်တကျ အရက်ဖြတ်ပေးနေတာမို့လို့ အရက်စွဲလို့ အရက်ဖြတ်ချင်တယ်ဆိုရင် ကုမုဒြာဆေးခန်းမှာ ယုံကြည်စိတ်ချစွာ ကုသမှုခံယူနိုင်ပါတယ် 💯

အသေးစိတ်သိရှိလိုပါက…
🏥 ဆေးခန်းလိပ်စာ : အမှတ်- ၅၉၈ မဟာဗန္ဓုလလမ်း ၃၆ ရပ်ကွက် မြောက်ဒဂုံမြို့နယ် ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် : 09440993993, 09 406 881 133 တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်


စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ရောဂါ အကြောင်း သိကောင်းစရာများ -----------------------------------------✅ Schizophre...
10/11/2025

စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ရောဂါ အကြောင်း သိကောင်းစရာများ
-----------------------------------------

✅ Schizophrenia ရောဂါဆိုတာဘာလဲ။

လက်တွေ့မှာ တကယ် မရှိတာတွေကို မြင်နေ၊ ကြားနေ ရခြင်း ၊ တကယ် မဟုတ်တဲ့ အဖြစ်အပျက်များကို အမှန်ဟု ယုံကြည်ခြင်း အစရှိတဲ့ လက္ခဏာများ စုပေါင်းထားတဲ့ စိတ်ရောဂါ တမျိုးကို စိတ်ကစဉ့်ကလျားရောဂါ Schizophrenia ရောဂါ လို့ခေါ်ပါတယ်။

✅စိတ်ကစဉ့်ကလျား ဝေဒနာရှင်တွေ အဓိက ခံစားရတဲ့ ရောဂါ လက္ခဏာတွေကတော့

1. လက်တွေ့မဟုတ်တဲ့ အမြင်အာရုံ၊ အကြားအာရုံများရနေခြင်း (Hallucinations)
2. လက်တွေ့မဟုတ်တဲ့ အဖြစ်အပျက်များကို အမှန်ဟု ယုံကြည်နေခြင်း (Delusions)
3. စကားပြောမူမမှန်ခြင်း
4. ပုံမှန်မဟုတ်သော အပြုအမူများ ပြုလုပ်ခြင်း
5. တကိုယ်ရည် သန့်ရှင်းရေး ၊ လူအများနှင့်ပေါင်းသင်းဆက်ဆံရေး၊နေ့စဉ်ပုံမှန် ပြုလုပ်နေကြ အလုပ်များကို မလုပ်တော့ပဲ တယောက်ထဲ အရယ် အပြုံးမရှိခြင်း။ အစရှိသည့် လက္ခဏာ များ တွေ့ရတတ်ပါတယ်။

✅စိတ်ကစဉ့်ကလျားရောဂါကို ဘယ် အရွယ်မှာ စတင်ခံစားရတတ်ပါသလဲ။

ယေဘူယျအားဖြင့် အမျိုးသားများဟာ အသက် ၂၀ ဝန်းကျင်အရွယ် မှာ ရောဂါလက္ခဏာများ စတင်ခံစားရပြီး
အမျိုးသမီးများ အနေနဲ့ကတော့ အသက် ၂၀နှောင်းပိုင်း နှင့် ၃၀ ဝန်းကျင်မှာ စတင်ခံစားရတယ်လို့ ဆိုကြပါတယ်။

✅စိတ်ကစဉ့်ကလျား ရောဂါဖြစ်စေသော အကြောင်းရင်းများ

စိတ်ကစဉ့်ကလျားရောဂါ ဖြစ်စေသော အကြောင်းရင်းကို ယနေ့ထိတော့သေချာ မသိသေးပါဘူး။
ပညာရှင်တွေရဲ့ လေ့လာချက်တွေအရတော့ .....
1. မျိုးရိုးဗီဇ( Genetics)
2. ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်တွေ ကြောင့် အဓိက ဖြစ်တယ် လို့ ဆိုကြပါတယ်။

✅မျိုးရိုးဗီဇ

1. စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာရှင်တွေရဲ့ ဆွေမျိုးသားချင်းတွေဟာ တခြားလူတွေထက် ရောဂါ ဖြစ်နိုင်ချေ ၁၀ ဆ မြင့်မားပါတယ်။
2. အမွှာ တစ်ယောက်မှာ စိတ်ကစဉ့်ကလျားရောဂါ ခံစားရရင် ကျန်တစ်ယောက်မှာ ရောဂါဖြစ်နိုင်ချိနိ 40% ခန့်ရှိပါတယ်။

✅ပတ်ဝန်းကျင်အခြေအနေများ ( Environmental Factors)

1. ကိုယ်ဝန်ဆောင်နေစဉ် နဲ့ မီးဖွားချိန် မှာ ခလေးက အာဟာရ မပြည့်မှီခြင်း၊ ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသော ဗိုင်းရစ် ပိုးများဝင်ခြင်း၊
2. မူးယစ်ဆေးသုံးစွဲခြင်း၊
3. စိတ်အတက်အကျဖြစ်စေသော ဆေးများသောက်နေရခြင်း အစရှိသည်တို့ကြောင့်လည်း ရောဂါဖြစ်စေနိုင်ပါတယ်။

✅စိတ်ကစဉ့်ကလျားရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

1. မိမိကိုယ်ကို သတ်သေခြင်း (Su***de)
2. သတ်သေရန်ကြံစည်ခြင်း (Suicidal Attempt)
3. စိတ်အစွဲအလမ်းကြီးလွန်းခြင်း (obsessive compulsive disorder)
4. စိတ်ကျရောဂါ ခံစားရခြင်း
5. စွဲလန်းဆေးသော နီကိုတင်း ပါဝင်တဲ့ ဆေးများအလွန်အကျွံ သုံးစွဲခြင်း
6. အာရုံစူးစိုက်နိုင်မှု အားနည်းခြင်း
7. အလုပ်လက်မဲ့ ဖြစ်ခြင်း
8. ပတ်ဝန်းကျင်နှင့် တသီးတသန့်ဖြစ်လာခြင်း
9. ကိစ္စတခုခူရှိပါက တရားခံဟု စွပ်စွဲ ခံရခြင်း တို့ဖြစ်ပါတယ်။


👩‍⚕️ စိတ်ကစဉ့်ကလျား ရောဂါဝေဒနာရှင်တွေကို လူအများစုက ကြောက်စရာလူ၊ ပတ်ဝန်းကျင်ကို အန္တရာယ်ပြုမည့် လူများ အဖြစ် သတ်မှတ်ပြီး ရှောင်ဖယ် ထားတတ်ပါတယ်။ လက်တွေ့မှာတော့ ဒီရောဂါဝေဒနာရှင်တွေဟာ ပတ်ဝန်းကျင်ရဲ့ အကြမ်းဖက်မှုကို ခံနေရသူများသာဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကစဉ့်ကလျား ရောဂါခံစားနေရသူများကို မိသားစု၊ သူငယ်ချင်းများ အနေဖြင့် အကြမ်းဖက်သူများလို မဆက်ဆံပဲ နွေးထွေးစွာ ဆက်ဆံပေးသင့်ပါတယ်။ သို့မှသာ ထိရောက်စွာ ဆေးကုသမှုကို အလျင်အမြန် ခံယူနိုင်မှာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးနှင့်ပတ်သတ်ပြီး အကူအညီရယူလိုပါက

🏥 ဆေးခန်းလိပ်စာ : အမှတ်- ၅၉၈ မဟာဗန္ဓုလလမ်း ၃၆ ရပ်ကွက် မြောက်ဒဂုံမြို့နယ် ရန်ကုန်မြို့။
📞ဖုန်းနံပါတ် : 09 440993993 , 09406881133တို့ကို ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါသည်။



💥 ယနေ့ခေတ်ကာလအရ  လူတိုင်းလိုလို အလုပ်လုပ်မှ ရှင်သန်နိုင်ကြပါတယ်။ ဒါ့ကြောင့်လုပ်ငန်းခွင်အတွင်း  စိတ်ဖိစီးမှု ပြဿနာတွေဟာလည...
05/11/2025

💥 ယနေ့ခေတ်ကာလအရ လူတိုင်းလိုလို အလုပ်လုပ်မှ ရှင်သန်နိုင်ကြပါတယ်။ ဒါ့ကြောင့်လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှု ပြဿနာတွေဟာလည်း ပိုများလာတတ်ကြပါတယ်။

🔴 အလုပ်ခွင်မရောက်မှီ မနက်စောစော အလုပ်မီအောင် ပြင်ဆင်ထဲက စပြီး စိတ်ဖီးစီးမှုများစွာ ကြုံတွေ့ရပါတယ်။
ကလေး ရှိသူဖြစ်ပါက ကလေးအတွက်ပြင်ဆင်ပေးရခြင်း ၊ဟင်းမှီအောင်ချက်ရခြင်း ၊ ဘတ်စ်ကားနောက်ကျမှာ စိုးရိမ်ခြင်း ကားကြပ်တဲ့ဒဏ်ခံရခြင်း အစရှိသဖြင့် အလုပ်မရောက်ခင်ထဲက စိတ်ဖိစီးမှုဒဏ်ကို စတင်ခံစားနေကြရပါတယ်။

🔴 လုပ်ငန်းခွင်မှာလည်း အလုပ်များခြင်း ၊ ဝန်ထမ်းအချင်းချင်း ကတောက်ကဆဖြစ်ခြင်း ၊ အထက်လူကြီး အဆူခံရခြင်း ၊ လူအများနှင့် ဆက်ဆံရသော အလုပ်ဖြစ်ပါက complaints များဖြေရှင်းရခြင်း အစရှိသဖြင့် ပြဿနာ မျိူးစုံ ကြုံတွေ့ရတတ်ပါတယ်။

🔴 ထိုသို့ စိတ်ဖိစီးမှုများလာခြင်းကြောင့် လုပ်ငန်းခွင်မှာသာမက မိသားစုနဲ့ အဆင်မပြေမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု ဒဏ်ကို နှစ်ရှည် ခံစားရပါက နောက်ဆက်တွဲအနေဖြင့် သွေးတိုး၊ နှလုံးရောဂါ ဖြစ်နိုင်ခြေတွေပါ မြင့်မားလာတတ်ပါတယ်။

ဒါဆို စိတ်ဖိစီးမှု လျော့နည်းလာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။ 🤔

1. မနက်အလုပ်မသွားခင် ကြိုတင်ပြင်ဆင်ရမည့်အချိန်ကို မှန်းပြီး စောစော ထနိုင်ရန် အိပ်ယာ စောစောဝင်ပါ။
2. စိတ်ကို အမြဲရှင်းလင်းစွာထားပါ။
3. အလုပ်မှာ အဆင်အပြေ ဖြစ်မှာတွေကို ကြိုတင်တွေးမနေပဲ အဆိုးတွေ ကြိုတွေးတတ်တာကို လျော့ပါ။
4. ဝန်ထမ်းအချင်းချင်း ရန်မဖြစ်အောင် ဂရုစိုက်ပါ။
5. အတင်းအဖျင်းပြောခြင်းရှောင်ပါ ။
6. ဘာသာရေး ၊ နိုင်ငံရေး အစရှိသည့် အမြင်မတူ သဘောထားကွဲပြားနိုင်သည်များကို ဆွေးနွေးခြင်းမျိုးရှောင်ပါ ။
7. မိမိနှင့် အဆင်မပြေသူများနှင့် ဆက်ဆံရမည်ကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ ၊ မဖြစ်မနေဆက်ဆံရမည်ဆိုလျှင် အဆင်ပြေမည့်နည်းလမ်းကို ကြိုတင်ရှာဖွေထားပါ။
8. စိတ်ကို မပျံ့လွင့်စေပဲ တစုတစည်းထဲ ထားပါ ။
9. မိမိအလုပ်စားပွဲကို ရှင်းရှင်းလင်းလင်းထားပါ ။
10. ထိုင်ပြီး အလုပ်လုပ်ရသူဖြစ်ပါက သက်တောင့်သက်သာ ရှိသောထိုင်ခုံနှင့် ထိုင်ပါ ။
11. နေ့လည် ထမင်းစားပြီးချိန် ခဏ လမ်းလျှောက်ပါ ။
12. အလုပ်တွေကို တပြိုင်ထဲ အများကြီး မလုပ်ပဲ တခုပြီးမှ တခုလုပ်ပါ ။
13. အလုပ်တခုခု အောင်မြင်တိုင်း မိမိကိုယ်ကို ဆုချပါ ။
14. အိမ်ပြန်လမ်းမှာ မိမိနှစ်သက်သည့် သီချင်းများ နားထောင်ပါ ။

ကုမုဒြာဆေးခန်းမှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးလိုပေမယ့် မအားလပ်လို့ မလာနိုင်သူများအတွက် Online Consultation လုပ်လို့ရနေပါပြီ။ 👩‍⚕️👨‍⚕️

ကုမုဒြာဆေးခန်းလိပ်စာ : အမှတ် ၅၉၈ မဟာဗန္ဓုလလမ်း ၃၆ ရပ်ကွက် မြောက်ဒဂုံမြို့နယ် ရန်ကုန်မြို့
ဖုန်းနံပါတ် : 09 440993993 09 406881133
တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်


🙏ယနေ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) တန်ဆောင်တိုင်အချိန်အခါသမရမှ...
04/11/2025

🙏ယနေ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) တန်ဆောင်တိုင်အချိန်အခါသမရမှစ၍ ခုနှစ်ရက်သားသမီးအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်စုံနိုင်ပါစေကြောင်း ကျွန်မတို့ရဲ့ ကုမုဒြာ စိတ်ကျန်းမာရေးအထူးကု ဆေးခန်း မိသားစုမှ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ရှင် 🙏🙏🙏
#တန်ဆောင်မုန်းလပြည့်

လင်းရောင်ခြည်ဦး စိတ်ကျန်းမာရေးအထူးကုဆေးရုံ နှင့် ကုမုဒြာစိတ်ကျန်းမာရေးအထူး ဆေးခန်းရှိ ဝန်ထမ်းများမှ ဆရာဝန်ကြီးများ CEO န...
29/10/2025

လင်းရောင်ခြည်ဦး စိတ်ကျန်းမာရေးအထူးကုဆေးရုံ နှင့် ကုမုဒြာစိတ်ကျန်းမာရေးအထူး ဆေးခန်းရှိ ဝန်ထမ်းများမှ ဆရာဝန်ကြီးများ CEO နှင့် အတူ ဆရာ . ဆရာမများ လူကြီးများ အား မြန်မာ့ရိုးရာဓလေ့ထုံစံနဲ့အညီ ဂါဝရပြု ကန်တော့ခဲ့ပါသည်

CEO . ဆရာ/ဆရာမများနှင့်လူကြီးများ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အေးချမ်းပျော်ရွှင်နိုင်ပါစေ🙏🙏🙏

လင်းရောင်ခြည်ဦး စိတ်ကျန်းမာရေးအထူးဆေးရုံ နှင့် ကုမုဒြာ စိတ်ကျန်းမာရေးအထူးကုဆေးခန်းမိသားစုများ မှ လှူဒါန်းသော (၆)ကြိမ်မြေ...
25/10/2025

လင်းရောင်ခြည်ဦး စိတ်ကျန်းမာရေးအထူးဆေးရုံ နှင့် ကုမုဒြာ စိတ်ကျန်းမာရေးအထူးကုဆေးခန်းမိသားစုများ မှ လှူဒါန်းသော (၆)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်အလှူတော်

ပြုပြုသမျှကုသိုလ်များအားလုံး (၇)ရက်သားသမီးအပေါင်းထပ်တူရရှိကြပါစေ 🙏🙏🙏

Address

No. 383, Bo Thone Street And Aung Chan Thar 3 Street, 51th Ward, North Dagon Township
Yangon

Telephone

+959444567811

Website

Alerts

Be the first to know and let us send you an email when Kumudra Mental Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kumudra Mental Health:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram