One Q Gummy

One Q Gummy ကျန်းမာသွက်လက် ဉာဏ်ထက်မြက်ဖို့ One Q Gummy

"အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ မမောမပန်း ကြိုးစားခဲ့ကြတဲ့ လက်ချောင်းလေးတွေနဲ့ အတွေးအခေါ်တွေ ရှိနေပါတယ်။ ကိုယ်စီရဲ့ ...
01/05/2026

"အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ မမောမပန်း ကြိုးစားခဲ့ကြတဲ့ လက်ချောင်းလေးတွေနဲ့ အတွေးအခေါ်တွေ ရှိနေပါတယ်။ ကိုယ်စီရဲ့ တန်ဖိုးရှိတဲ့ လုပ်အားတွေကြောင့် ဒီနေ့ခေတ်ကြီးက ပိုမိုလှပနေတာပါ။ အလုပ်သမားနေ့မှာ ထိုက်တန်တဲ့ အနားယူခြင်းနဲ့အတူ စိတ်သစ်လူသစ် ခွန်အားသစ်တွေ ရရှိပါစေ။"

#အလုပ်သမားနေ့

နေပူရှိန်ပြင်းတဲ့ နွေရာသီမှာ ကလေးတွေ အစားပျက်တာ၊ နုံးချည့်နေတာဟာ မေမေတို့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုတစ်ခုပါ။ အာဟာရ...
28/04/2026

နေပူရှိန်ပြင်းတဲ့ နွေရာသီမှာ ကလေးတွေ အစားပျက်တာ၊ နုံးချည့်နေတာဟာ မေမေတို့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုတစ်ခုပါ။ အာဟာရမပြည့်ဝရင် ကိုယ်ခံအားကျပြီး ဖျားနာဖို့ ပိုလွယ်ကူတတ်ပါတယ်။

ဒါကြောင့် သားသားမီးမီးတို့ အစာစားချင်စိတ်ကို ပြန်လည်နှိုးကြားပေးဖို့ One IQ Wellness Emulsion Lysine & Multivitamins က ကူညီပေးပါရစေ။

One IQ Wellness Emulsion Lysine & Multivitamins မှာ

Lysine ပါဝင်မှု: ကလေးငယ်တွေရဲ့ အစာစားချင်စိတ်ကို သိသိသာသာ တိုးတက်ကောင်းမွန်စေပါတယ်။

Multivitamins အစုံအလင်: ဗီတာမင်ချို့တဲ့ခြင်းကြောင့်ဖြစ်သော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ဘက်စုံ ကျန်းမာဖွံ့ ဖြိုး တိုးတက်စေပါတယ်။

#မေမေတို့လက်စွဲ #ကလေးအာဟာရ

ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ အသက် ၅ နှစ်မတိုင်ခင်မှာ ၉၀% အထိ လျင်မြန်စွာ ဖွံ့ဖြိုးတာကြောင့် ဒီအချိန်မှာ Omega 3 လိုအပ်ချက်က ...
24/04/2026

ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ အသက် ၅ နှစ်မတိုင်ခင်မှာ ၉၀% အထိ လျင်မြန်စွာ ဖွံ့ဖြိုးတာကြောင့် ဒီအချိန်မှာ Omega 3 လိုအပ်ချက်က အင်မတန် အရေးကြီးပါတယ်ရှင်။

ကလေးတို့ရဲ့ ဉာဏ်ရည်ကို ထက်မြက်စေမယ့် လျှို့ဝှက်ချက် - Omega 3 🧠✨

မေမေတို့ရေ... ကလေးတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတွေဟာ သူတို့ရရှိတဲ့ အာဟာရဓာတ်ပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာ သိပါသလား? အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တာကတော့ Omega 3 (DHA & EPA) ပဲ ဖြစ်ပါတယ်။

ဦးနှောက်နဲ့ ဉာဏ်ရည်အတွက် Omega 3 က ဘာတွေလုပ်ပေးလဲ?

💡 မှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း: ဦးနှောက်ဆဲလ်တွေကြား ဆက်သွယ်မှုကို မြန်ဆန်စေလို့ သင်ကြားသမျှကို မှတ်မိလွယ်စေပါတယ်။
💡 အာရုံစူးစိုက်မှု မြင့်မားစေခြင်း: စာသင်ချိန်မှာဖြစ်စေ၊ အလုပ်တစ်ခုခုလုပ်ရင်ဖြစ်စေ အာရုံစူးစိုက်မှု အားကောင်းလာအောင် ကူညီပေးပါတယ်။
💡 မျက်စိကျန်းမာရေး: ဦးနှောက်နဲ့တင်မကဘဲ အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက်လည်း Omega 3 က အထောက်အကူပြုပါတယ်။

ဒါပေမဲ့ Omega 3 ကို ခန္ဓာကိုယ်က အလိုအလျောက် မထုတ်လုပ်နိုင်တာကြောင့် ငါးနဲ့ အစေ့အဆန်တွေဆီကနေ ရရှိနိုင်သလို၊ အစားရွေးတဲ့ ကလေးတို့အတွက်တော့ အရသာရှိတဲ့ ဖြည့်စွက်စာလေးတွေနဲ့ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်နော်။ 🐟🥦

ကလေးတို့ ဉာဏ်ရည်ထက်မြက်ဖို့ One Q Gummy နဲ့ ဖြည့်စွက်လိုက်ပါ 🌟

ငါးညှီနံ့ကြောင့် Omega 3 ကျွေးရခက်နေတဲ့ မေမေတို့အတွက် One Q က ထုတ်လုပ်ထားတဲ့ အရသာရှိတဲ့ ရွေးချယ်စရာ (၂) မျိုး ရှိပါတယ်ရှင်။

🔵 One Q Gummy Omega 3 (အပြာရောင်ဘူး)
သစ်သီးအရသာနဲ့ Gummy လေးဖြစ်လို့ ကလေးတို့ အပျော်တမ်း ဝါးစားရင်း မှတ်ဉာဏ်နဲ့ ဉာဏ်ရည်ကို တိုးတက်စေမှာပါ။ ငါးညှီနံ့ လုံးဝမရှိဘဲ စားရတာ ပျော်စရာကောင်းနေမှာနော်။

🟣 One Q Wellness Emulsion Omega 3, Calcium & Vitamin D (အရည်)
ဉာဏ်ရည်ထက်မြက်စေရုံတင်မကဘဲ အရိုးအဆစ်သန်မာပြီး ကျန်းမာသွက်လက်စေဖို့ပါ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Emulsion လေးပါ။ အာဟာရဓာတ် စုပ်ယူမှု အားကောင်းလို့ ဖွံ့ဖြိုးမှုမြန်ချင်တဲ့ ကလေးတို့အတွက် အထူးသင့်တော်ပါတယ်။

✅ ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ အခြေခံအုတ်မြစ်ကို One Q နဲ့အတူ ဒီနေ့ပဲ စတင်တည်ဆောက်လိုက်ရအောင်။

"၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံ...
17/04/2026

"၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ ဘေးဥပဒ်အန္တရာယ်ကင်းစင်ကာ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်််််််ပါတယ်ရှင်..

#နှစ်သစ်ကူးဆုတောင်း

💦 သင်္ကြန်ရေကစားပြီးနောက် ကလေးငယ်တွေအတွက် သတိထားစရာလေးတွေ ရှိပါတယ်ဖေဖေမေမေတို့ရေ..သင်္ကြန်ကို မပျော်ရတာကြာပြီဖြစ်တဲ့ ဘေဘ...
14/04/2026

💦 သင်္ကြန်ရေကစားပြီးနောက် ကလေးငယ်တွေအတွက် သတိထားစရာလေးတွေ ရှိပါတယ်ဖေဖေမေမေတို့ရေ..

သင်္ကြန်ကို မပျော်ရတာကြာပြီဖြစ်တဲ့ ဘေဘီတွေကို ဒီနှစ်သင်္ကြန်တော့ လွတ်လွတ်လပ်လပ် ပျော်စေချင်ပါတယ်ဆိုရင် ဒါလေးတွေ သတိထားပေးရင် ရပါပြီ။

သင်္ကြန်တွင်းမှာ ကလေးတွေက ရေစိုလိုက်၊ နေပူထဲထွက်လိုက်နဲ့ အချိန်အကြာကြီး ကစားတတ်ကြတာကြောင့် အောက်ပါဝေဒနာတွေ ခံစားရတတ်ပါတယ်။

☀️ အအေးမိခြင်းနှင့် ဖျားနာခြင်း (အပူရှပ်ခြင်း) :
ရေရှည် ရေစိုခံခြင်းကြောင့် ကိုယ်ပူခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းတို့ စတင်ဖြစ်ပွားနိုင်ပါတယ်။

☀️ အရေပြားယားယံခြင်း:
မသန့်ရှင်းတဲ့ရေတွေနဲ့ ထိတွေ့မိတဲ့အခါ ကလေးငယ်တွေရဲ့ နုနယ်တဲ့ အရေပြားမှာ အနီဖုထွက်တာ၊ ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။

☀️ ပင်ပန်းနွမ်းနယ်ခြင်း:
နေပူဒဏ်ကြောင့် ရေဓာတ်ခန်းခြောက်တာနဲ့ ကိုယ်ခံအား ကျဆင်းပြီး ကလေးက မှိုင်နေတာ၊ အစားပျက်တာမျိုးတွေ ကြုံရနိုင်ပါတယ်။

☀️ ဗိုက်အောင့်၊ ဝမ်းပျက်ခြင်း:
ရေကစားရင်း မသန့်ရှင်းတဲ့ ရေတွေ ပါးစပ်ထဲဝင်မိရာကတစ်ဆင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

✨ ကလေးတို့ရဲ့ ကိုယ်ခံအားအတွက် One Q Gummy with Zinc & Vitamins

သင်္ကြန်ရေကစားပြီးရင် ကလေးငယ်တွေ လန်းဆန်းနေစေဖို့နဲ့ ဖျားနာမှုကင်းဝေးဖို့ဆိုရင် ကိုယ်ခံအားစနစ် (Immune System) ကောင်းမွန်နေဖို့ အရေးကြီးဆုံးပါပဲ။

One Q Gummy with Zinc & Vitamins က ဘာကြောင့် ကလေးတို့အတွက် လိုအပ်တာလဲ?

☀️ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း:
Zinc (ဇင့်) ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားကို အဓိက ထောက်ပံ့ပေးတာကြောင့် အအေးမိ၊ နှာစေ့ဖြစ်ခြင်းကို လျှော့ချပေးပါတယ်။

☀️ အနာကျက်မြန်စေခြင်း:
ကစားရင်းဖြစ်တတ်တဲ့ ရှနာ၊ ပွန်းပဲ့နာတွေကို မြန်မြန်သက်သာစေပါတယ်။

☀️ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေခြင်း:
ရေကစားပြီး ပင်ပန်းလို့ အစားပျက်နေတဲ့ ကလေးငယ်တွေကို အစားပြန်ဝင်စေပြီး ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

☀️ စားရလွယ်ကူခြင်း:
ဆေးတိုက်ရခက်တဲ့ မေမေတို့အတွက် အသီးအရသာ Gummy လေးဖြစ်လို့ ကလေးတွေက နှစ်သက်စွာ စားသုံးနိုင်မှာပါ။

💡 မေမေတို့အတွက် အကြံပြုချက်

ကလေးငယ်တွေ သင်္ကြန်ရေကစားပြီး ပြန်လာတဲ့အခါ ရေနွေးနွေးလေးနဲ့ ချက်ချင်း ရေချိုးပေးပြီး ခေါင်းခြောက်အောင် သုတ်ပေးပါ။ ပြီးနောက် ကိုယ်ခံအားအတွက် One Q Gummy with Zinc & Vitamins လေးကို ပုံမှန်ကျွေးပေးခြင်းဖြင့် အပူရှပ်ခြင်း၊ ပင်ပန်းနွမ်းချခြင်းဒဏ်ကနေ ကာကွယ်ပေးလိုက်ပါရှင်။

"ပျော်ရွှင်စရာ သင်္ကြန်ကာလလေးမှာ ကလေးတိုင်း ကျန်းမာလန်းဆန်းနေဖို့ One Q က အမြဲရှိနေမှာပါ" 🎡🍓☀️

ဘေဘီတို့အတွက်ကျန်းမာပျော်ရွှင်တဲ့ သင်္ကြန်ပွဲတော်လေး ဖြစ်ပါစေနော်မေမေဖေဖေတို့လည်း မြန်မာနှစ်သစ်ကူးအခါသမယကစလို့ စီးပွားလာ...
12/04/2026

ဘေဘီတို့အတွက်ကျန်းမာပျော်ရွှင်တဲ့ သင်္ကြန်ပွဲတော်လေး ဖြစ်ပါစေနော်

မေမေဖေဖေတို့လည်း မြန်မာနှစ်သစ်ကူးအခါသမယကစလို့ စီးပွားလာဘ်လာဘများတိုးတက်ကြပါစေလို့...

#သင်္ကြန်ပွဲတော်

နေပူထဲသွားဆော့ပြီး ပြန်လာရင်ဖြစ်ဖြစ်၊ အပြင်ကပြန်လာရင်ဖြစ်ဖြစ်၊ အခန်းတွင်းအောင်းနေပြီး အခန်းပြင်ထွက်လာရင်ဖြစ်ဖြစ် ကလေးက ခ...
10/04/2026

နေပူထဲသွားဆော့ပြီး ပြန်လာရင်ဖြစ်ဖြစ်၊ အပြင်ကပြန်လာရင်ဖြစ်ဖြစ်၊ အခန်းတွင်းအောင်းနေပြီး အခန်းပြင်ထွက်လာရင်ဖြစ်ဖြစ် ကလေးက ခေါင်းမူးတယ် ပြောနေပါသလား? ☀️😵‍💫

နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်က ရေဓာတ်နဲ့ သတ္တုဓာတ်တွေ ဆုံးရှုံးရုံတင်မကဘဲ ကိုယ်ခံအားစနစ် (Immune System) ကလည်း အလုပ်ပိုလုပ်ရပါတယ်။

ဗီတာမင်တွေက ကိုယ်ခံအားကို ဘယ်လိုထောက်ပံ့ပေးလဲ?
✅ Vitamin C: ဆဲလ်တွေကို ပျက်စီးမှုကနေ ကာကွယ်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်။
✅ Vitamin D: အရိုးအဆစ်သန်မာစေရုံတင်မကဘဲ ပြင်ပပိုးမွှားတွေ ရန်ကနေ ကာကွယ်ဖို့ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
✅ Zinc (ဇင့်): ခန္ဓာကိုယ်ရဲ့ ခုခံအားဆဲလ်တွေကို တက်ကြွစေပြီး ဖျားနာမှုကို မြန်မြန်ဆန်ဆန် သက်သာစေပါတယ်။

ဒါကြောင့် ဒီလိုနွေပူပူမှာ ကလေးတို့ အားအင်ပြည့်ဝပြီး လန်းဆန်းနေဖို့ဆိုရင် အာဟာရပြည့်ဝတဲ့ အစားအစာတွေအပြင် လိုအပ်တဲ့ ဗီတာမင်တွေကိုလည်း ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်မေမေတို့ရေ။

ကလေးတို့ရဲ့ ကျန်းမာရေးအတွက် မေမေတို့ ယုံကြည်စိတ်ချရတဲ့ "One Q Gummy"လေးတွေထဲက အခုလို ရာသီဥတုမျိုးမှာ အသင့်တော်ဆုံး One Q လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်နော် -

🌟 One Q Gummy Zinc & Vitamins

ဖျားနာတုပ်ကွေးကင်းဝေးပြီး ကိုယ်ခံအားအကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးပါတယ်။ နေပူထဲထွက်လို့ ဖျားမှာ စိတ်ပူရတဲ့ ကလေးတို့အတွက် အကောင်းဆုံးပါ။

🌟 One Q Gummy Cordyceps, Lysine & Vitamin C

အပူကြောင့် အစာစားချင်စိတ် လျော့နည်းနေတဲ့ ကလေးတွေအတွက် အစာစားချင်စိတ် ဖြစ်ပေါ်စေပြီး ကိုယ်ခံအားကို မြင့်မားစေပါတယ်။

🌟 One Q Wellness Emulsion with Lysine & Multivitamins (အရည်)
ဘက်စုံကျန်းမာဖွံ့ဖြိုးဖို့အတွက် ဗီတာမင်အစုံအလင် ပါဝင်တဲ့အပြင် စတော်ဘယ်ရီအရသာမို့ ကလေးတို့ အကြိုက်တွေ့မှာ အသေအချာပါပဲ။

ဒီနွေရာသီမှာ ကလေးတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းမာနေဖို့ One Q Gummy လေးတွေကို ဆောင်ထားလိုက်ရအောင်နော်။ 🏠💖

မေမေတို့ရေ... တစ်နေ့မှာတော့ ကိုယ့်ကလေးတွေရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို မြင်ချင်ကြတာ တူတူပါပဲ။ဉာဏ်လည်း ကောင်းရမယ်၊ သွက...
06/04/2026

မေမေတို့ရေ... တစ်နေ့မှာတော့ ကိုယ့်ကလေးတွေရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို မြင်ချင်ကြတာ တူတူပါပဲ။
ဉာဏ်လည်း ကောင်းရမယ်၊ သွက်လက်ထက်မြက်နေတဲ့ကလေးလေးတွေလည်း ဖြစ်ရမယ်ဆိုရင် လိုအပ်တဲ့ အာဟာရလည်း ပြည့်၀နေဖို့ အရေးကြီးသလို ကလေးငယ်တွေရဲ့ သင်ယူမှုစွမ်းရည် မြင့်မားဖို့ဆိုရင် ခန္ဓာကိုယ်ကျန်းမာရုံတင်မကဘဲ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုကလည်း အရေးကြီးပါတယ်နော်။ 🧠✨

One Q Gummy (Omega 3) မှာဆိုရင်...
✅ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေတဲ့ DHA & EPA ပါဝင်လို့ မှတ်ဉာဏ်ကို ပိုမိုထက်မြက်စေပါတယ်။

✅ ကလေးတွေအကြိုက် Gummy ပုံစံလေးမို့ ဆေးတိုက်ရခက်တဲ့ အခက်အခဲကို ဖြေရှင်းပေးပါတယ်။

ချစ်ရတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် ဒီနေ့ပဲ One Q Gummy ကို ရွေးချယ်လိုက်ပါ! 🌟

📲 အသေးစိတ်သိရှိလိုပါက - 09 42010 0008 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မိသားစုဝင်အားလုံး ကျန်းမာပျော်ရွှင်ကြပါစေနော်။အထူးသဖြင့် ကလေးတို့အတွက် One Q Wellness Emulsion with Lysine & Multivitami...
01/04/2026

မိသားစုဝင်အားလုံး ကျန်းမာပျော်ရွှင်ကြပါစေနော်။
အထူးသဖြင့် ကလေးတို့အတွက် One Q Wellness Emulsion with Lysine & Multivitamins ရှိရင် ဘက်စုံကျန်းမာဖွံ့ဖြိုးမှုအတွက် စိတ်အေးရပြီမို့ ခုကစပြီး Try ကြည့်နော်...

31/03/2026

သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် One Q Gummy with Zinc

ကလေးတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ ခုခံအားကောင်းပြီး ထက်မြက်ကျန်းမာနေဖို့ဆိုတာ Zinc (ဇင့်) ဓာတ်က အဓိကကျပါတယ်။ One Q Gummy with Zinc ဟာဆိုရင် -

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း: ဖျားနာမှုကို အလွယ်တကူ မဖြစ်စေဘဲ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်စွမ်း ရှိစေပါတယ်။

စားသောက်မှုပုံစံကို ကောင်းမွန်စေခြင်း: အစားဂျေးများတဲ့ ကလေးတွေအတွက် အစားအသတ် ပိုမှန်စေပြီး ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အကူပြုပါတယ်။

မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု: သင်ယူလေ့လာရာမှာ ပိုမိုထက်မြက်ပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။
🛒 မှာယူလိုပါက...
Viber Channel : https://shorturl.at/aVDC9
page Messenger : m.me/113444974716367
Tel : 09 420 10000 8

တွေကနေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။


#ကလေးအားဆေး

ကလေးတစ်ယောက်ကို လိမ္မာယဉ်ကျေးပြီး စိတ်ထားကောင်းမွန်သူဖြစ်အောင် ပြုစုပျိုးထောင်ရာမှာ မိဘရဲ့ နမူနာပြသမှုနဲ့ စိတ်ရှည်သည်းခံ...
29/03/2026

ကလေးတစ်ယောက်ကို လိမ္မာယဉ်ကျေးပြီး စိတ်ထားကောင်းမွန်သူဖြစ်အောင် ပြုစုပျိုးထောင်ရာမှာ မိဘရဲ့ နမူနာပြသမှုနဲ့ စိတ်ရှည်သည်းခံမှုက အဓိကကျပါတယ်။ လက်တွေ့ကျင့်သုံးနိုင်တဲ့ နည်းလမ်းကောင်းအချို့ကို မင်မင်က မျှဝေပေးချင်ပါတယ် -

၁။ စံပြနမူနာဖြစ်ပါစေ (Lead by Example)
ကလေးတွေဟာ မိဘရဲ့ ပြောစကားထက် လုပ်ရပ်ကို ပိုပြီးအတုယူတတ်ကြပါတယ်။

မိမိကိုယ်တိုင်က အိမ်သားအချင်းချင်းအပေါ်မှာဖြစ်စေ၊ တပါးသူအပေါ်မှာဖြစ်စေ "ကျေးဇူးတင်ပါတယ်"၊ "တောင်းပန်ပါတယ်"၊ "ရပါတယ်" ဆိုတဲ့ စကားလုံးလေးတွေကို စနစ်တကျ သုံးနှုန်းပြပါ။

လူကြီးမိဘတွေကို ရိုသေတာ၊ စကားကို နူးညံ့စွာပြောဆိုတာတွေကို ကလေးရှေ့မှာ လက်တွေ့လုပ်ဆောင်ပြခြင်းက အကောင်းဆုံး သင်ကြားမှုပါ။

၂။ စည်းကမ်းကို နားလည်အောင် ရှင်းပြပါ

"ဒါကို မလုပ်နဲ့" လို့ အမိန့်ပေးတာထက် "ဘာကြောင့် မလုပ်သင့်တာလဲ" ဆိုတဲ့ အကျိုးအကြောင်းကို ကလေးနားလည်တဲ့ စကားလုံးနဲ့ ရှင်းပြပေးပါ။

ဥပမာ- လူကြီးစကားပြောနေချိန် ကြားဖြတ်မပြောသင့်တာဟာ တစ်ဖက်လူကို အလေးထားရာရောက်ကြောင်း ရှင်းပြတာမျိုးပါ။

မှန်ကန်တဲ့ အပြုအမူနဲ့ မှားယွင်းတဲ့ အပြုအမူကြားက ခြားနားချက်ကို သေချာပြောပြထားပါ။

၃။ အကောင်းမြင်စိတ်ကို မြှင့်တင်ပေးပါ (Positive Reinforcement)
ကလေးက လိမ္မာတဲ့အပြုအမူလေးတစ်ခု လုပ်လိုက်တိုင်းမှာ ချက်ချင်း ချီးမွမ်းပေးဖို့ မမေ့ပါနဲ့။

"ဒီနေ့ သား/သမီးက အရုပ်လေးတွေကို သေချာသိမ်းတာ တော်လိုက်တာ" စသဖြင့် အသေးအဖွဲလေးကအစ အသိအမှတ်ပြုပေးခြင်းက ကလေးကို နောက်နောင်မှာလည်း ဒီလိုကောင်းမွန်တဲ့အလုပ်မျိုး ထပ်လုပ်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။

၄။ စာနာနားလည်မှုကို သင်ကြားပေးပါ (Empathy)
တစ်ပါးသူရဲ့ ခံစားချက်ကို စာနာတတ်ဖို့ သင်ပေးတာဟာ ယဉ်ကျေးမှုရဲ့ အခြေခံပါ။

"ငါ့နေရာမှာ သူသာဆိုရင် ဘယ်လိုခံစားရမလဲ" ဆိုတဲ့ အတွေးမျိုး ဝင်လာအောင် မေးခွန်းလေးတွေနဲ့ လေ့ကျင့်ပေးပါ။

ဝေမျှတတ်တဲ့ အလေ့အကျင့် (Sharing) ကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးပါ။

၅။ စိတ်ခံစားချက်ကို ထိန်းချုပ်တတ်အောင် ကူညီပါ
ကလေးတွေ စိတ်ဆိုးတဲ့အခါ ဒါမှမဟုတ် တစ်ခုခုကို ဇွတ်တောင်းဆိုတဲ့အခါ အော်ဟစ်ဆုံးမတာထက် စိတ်အေးအေးထားဖို့ အရင်သင်ပေးပါ။

သူတို့ဘာကြောင့် စိတ်တိုနေရလဲဆိုတာကို နားထောင်ပေးပြီး စိတ်တည်ငြိမ်သွားမှသာ မှား၊ မှန်ကို ဆွေးနွေးပါ။

တကယ်လို့ One Q Gummy ချစ်သူ ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတွေ အသက်အရွယ်အလိုက် ပိုပြီးအသေးစိတ်ကျတဲ့ အကြံဉာဏ်မျိုးလေးတွေ သိချင်ရင်လည်း မန့်မှာ မေးနိုင်ပါတယ်နော်။

ဘေဘီလေးတို့ရဲ့ ဦးနှောက်မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဖြည့်စွက်အာဟာရ ကျွေးချင်တယ်ဆိုရင် One Q Gummy မှာ One Q Gummy with Omega 3 နဲ့ One Q Wellness Emulsion Omega 3, Calcium & Vitamin D ဆိုပြီး ရှိပါတယ်နော်။

#လိမ္မာယဉ်ကျေးတဲ့ဘေဘီလေးတို့ပြုစုပျိုးထောင်နည်း #ကျန်းမာသွက်လက်ဉာဏ်ထက်မြက်စေဖို့

ကလေးတွေရဲ့ အရိုးကျန်းမာရေးအတွက် ဗီတာမင် D က မရှိမဖြစ်ပါ။ ===၁။ ဗီတာမင် D ၏ အဓိက အခန်းကဏ္ဍ (Functions of Vitamin D)ဗီတာမင...
26/03/2026

ကလေးတွေရဲ့ အရိုးကျန်းမာရေးအတွက် ဗီတာမင် D က မရှိမဖြစ်ပါ။
===
၁။ ဗီတာမင် D ၏ အဓိက အခန်းကဏ္ဍ (Functions of Vitamin D)
ဗီတာမင် D ဟာ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း တစ်ခုလို လုပ်ဆောင်ပါတယ်။

ကယ်လ်စီယမ် စုပ်ယူမှု: အူလမ်းကြောင်းကနေ ကယ်လ်စီယမ်ကို စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ ဗီတာမင် D မရှိရင် ခန္ဓာကိုယ်က စားသမျှ အစားအသောက်ထဲက ကယ်လ်စီယမ်ကို ၁၀% မှ ၁၅% ခန့်သာ စုပ်ယူနိုင်ပါတယ်။

အရိုးကျန်းမာရေး: အရိုးသစ်တွေ ဖြစ်ပေါ်ဖို့နဲ့ အရိုးတွေ ပြန်လည် တည်ဆောက်ဖို့ (Bone remodeling) အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

အခြားအကျိုးကျေးဇူးများ: ရောင်ရမ်းမှု လျှော့ချခြင်း (Reduction of inflammation)၊ ဆဲလ်များ ကြီးထွားမှုကို ထိန်းညှိခြင်း၊ ကြွက်သား လုပ်ဆောင်ချက်နဲ့ ကိုယ်ခံအားစနစ် (Immune function) အတွက်ပါ အရေးပါပါတယ်။

၂။ ဗီတာမင် D ရရှိနိုင်သော အရင်းအမြစ်များ
ငါးအဆီ (Fatty Fish): ဆယ်လ်မွန် (Salmon)၊ တူနာ (Tuna) နဲ့ ငါးသေတ္တာငါးတွေဟာ အကောင်းဆုံး သဘာဝ အရင်းအမြစ်တွေပါ။

ငါးကြီးဆီ (Cod Liver Oil): ဗီတာမင် D ပမာဏ အလွန်များပြားစွာ ပါဝင်ပါတယ်။

ဖြည့်စွက်ထားသော အစားအစာများ (Fortified Foods): အမေရိကန်နဲ့ နိုင်ငံတကာမှာတော့ နွားနို့၊ နို့ထွက်ပစ္စည်း၊ ကောက်နှံစာ (Cereal) နဲ့ လိမ္မော်ရည်တွေမှာ ဗီတာမင် D ထပ်မံဖြည့်စွက်ပြီး ရောင်းချလေ့ရှိပါတယ်။

နေရောင်ခြည် (Sunlight): ခရမ်းလွန်ရောင်ခြည် (UVB) က အရေပြားထဲက ဓာတ်ပစ္စည်းကို ဗီတာမင် D အဖြစ် ပြောင်းလဲပေးပါတယ်။ ဒါပေမဲ့ တိမ်ဖုံးခြင်း၊ အသားအရေ ညိုခြင်းနဲ့ နေလောင်ကာခရင်မ် (Sunscreen) သုံးခြင်းတို့က ဗီတာမင် D ထုတ်လုပ်မှုကို လျော့နည်းစေနိုင်ပါတယ်။

၃။ တစ်နေ့တာ လိုအပ်သော ပမာဏ (Recommended Amounts - RDAs)
NIH ရဲ့ သတ်မှတ်ချက်အရ နေ့စဉ် လိုအပ်ချက် (International Units - IU ဖြင့်) မှာ-

မွေးကင်းစမှ ၁၂ လအထိ: 400 IU

အသက် ၁ နှစ်မှ ၇၀ နှစ်အထိ: 600 IU

အသက် ၇၀ ကျော်: 800 IU
(ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များအတွက်လည်း 600 IU သတ်မှတ်ထားပါတယ်။)

၄။ ဗီတာမင် D ချို့တဲ့နိုင်ခြေ ရှိသူများ (Groups at Risk)
နို့စို့ကလေးငယ်များ: မိခင်နို့တွင် ဗီတာမင် D ပါဝင်မှု နည်းပါးတတ်သဖြင့် ဖြည့်စွက်တိုက်ကျွေးရန် လိုအပ်တတ်ပါတယ်။

သက်ကြီးရွယ်အိုများ: အသက်ကြီးလာသည်နှင့်အမျှ အရေပြားက ဗီတာမင် D ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာပါတယ်။

အသားညိုသူများ: အရေပြားရှိ မယ်လနင် (Melanin) ဓာတ်က နေရောင်ခြည်မှ ဗီတာမင် D ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

အဆီစုပ်ယူမှု အားနည်းသူများ: အသည်းရောဂါ၊ Cystic fibrosis သို့မဟုတ် Crohn’s ရောဂါရှိသူများ။

နေရောင်ခြည်နှင့် ထိတွေ့မှု အလွန်နည်းသူများ။

အထူးသဖြင့် ကလေးတွေအတွက်ဆိုရင် အရိုးကျန်းမာရေး အတွက် ဗီတာမင် D က မရှိမဖြစ်ပါ။ နေရောင်ခြည် ပုံမှန်ပေးဖို့နဲ့ အစားအသောက်မှာ ငါး၊ ဥအမျိုးမျိုး ထည့်ကျွေးဖို့ မမေ့ပါနဲ့ရှင်။
ဒါ့အပြင် One Q Gummy Calcium & Vitamin D မှာ ကလေးတို့အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေပါဝင်တာမို့ မေမေတို့အနေနနဲ့ ဖြည့်စွက်အာဟာရအနေနဲ့ တိုက်ကျွေးမယ်ဆိုရင် ရွေးချယ်ဝယ်ယူနိုင်ပါကြောင်း...


Address

Yangon
11071

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:00

Telephone

+959420100008

Website

Alerts

Be the first to know and let us send you an email when One Q Gummy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to One Q Gummy:

Share